471 - 475

255 28 5
                                    

အခန်း ၄၇၁
သူ ကိုယ်ပေါင်ကိုယ်လှန်ထောင်းမှာ မဟုတ်ဘူး

သူမ စားခဲ့ဖူးသည့် ထမင်းကြော်က အရသာခံ အာရုံကြောများအားလုံးကို စိမ့်သွားစေပြီး ခန္ဓာကိုယ်ထဲသို့ အားတစ်ခုစီးဆင်းသွားကာ အလွန်အံ့သြလောက်စရာကျေနပ်နှစ်သိမ့်မှုကို ခံစားခဲ့ရသည်။သူ ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်းကို သူမ မယုံသင်္ကာပင်ဖြစ်ခဲ့ရသည်။ထို့ကြောင့်ပင် သူမက ပုဖန်၏ ထမင်းကြော်ကို နောက်ထပ်တစ်ကြိမ် ထပ်မံ မြည်းစမ်းလိုနေခြင်းဖြစ်သည်။

ငရဲကမ္ဘာအမျိုးသမီးက စိတ်မရှည်မှုစိုးရိမ်မှုများဖြင့် ပူပန်နေစဉ်မှာပင် ပုဖန်ကလည်း တွေ့ကြုံနေရသည့် အခြေအနေကြောင့် ခေါင်းကိုက်နေပေသည်။ထမင်းကြော်တစ်ပွဲ မပြုလုပ်ပေးလိုခြင်းမဟုတ်ပဲ သူ့၌ ပါဝင်ပစ္စည်းများ ရှိမနေခြင်းသာဖြစ်သည်။

သူ့၌ နဂါးသွေးဆန်များရှိနေသေးသည်။သို့သော်လည်း နဂါးသွေးဆန်တစ်မျိုးတည်းဖြင့် နဂါးသွေးထမင်းကြော်၏ အရသာအပြည့်အဝကို ဖော်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။သွေးသရဖူသာ မပါပါက အရသာက လုံးဝ ကွဲပြားခြားနားသွားပေလိမ့်မည်။

တကယ်တမ်းပြောရမည်ဆိုလျှင် နဂါးသွေးဆန် တစ်မျိုးတည်းဖြင့်လည်း အရသာရှိလှသော ထမင်းကြော်တစ်ပွဲဖြစ်အောင် သူပြုလုပ်နိုင်ပေသည်။သို့သော်လည်း သွေးသရဖူမပါသော ထမင်းကြော်က အမျိုးသမီးအတွက် စိတ်ဝိညာဉ်အနှစ်သာရစွမ်းအင်များ လုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။

စားသုံးသူများကို ပြီးပြည့်စုံသည့် စိတ်ကျေနပ်မှုမျိုး မပေးနိုင်ခြင်းက စားဖ်ိုမှူး တစ်ယောက်အတွက် အလွန်ရှက်ရွံ့ဖွယ်ကောင်းသည့် အရှက်ကွဲမှုမျိုးပင်ဖြစ်သည်။ပုဖန်က သူ့ကိုယ်သူ ထိုကဲ့သို့ ဟင်းပွဲမျိုးပြုလုပ်ရန် ခွင့်ပြုမပေးနိုင်ပေ။

ငရဲကမ္ဘာအမျိုးသမီး၏ မျက်ဝန်းနက်နက်လေးများက ပုဖန်ကို မလွှဲတမ်း စိုက်ကြည့်နေသည်။ထိုအကြည့်ကြောင့် ပုဖန်တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များပင် ထောင်ထသွားလေသည်။အဘယ့်ကြောင့်ဆိုသော် သူမ၏ မျက်ဝန်းအကြည့်လေးများက စင်ကြယ်ပြီး မျှော်လင့်ချက်များ ပြည့်ဝနေသောကြောင့်ဖြစ်သည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now