51 - 55

639 61 2
                                    

အခန်း 51 ငါကချက်လို့ပြောရင် သွားချက်လိုက် …

ဆောင်းဦးရာသီဖြစ်သောကြောင့် အေးစိမ့်နေသည့်အပြင် နှင်းမိုးကလဲ တစိမ့်စိမ့်ရွာသွန်းနေပေသည်။ လမ်းကြားလေး၏ထိပ်တွင် ဓါးရှည်ကိုကျောတွင် လွယ်၍ မိုးကာအင်္ကျီ၀တ်ဆင်ထားပြီး ဝါးဦးထုတ်ဆောင်းထားသည့်  ပုံရိပ်တစ်ခု  ပေါ်ထွက်လာပြီး  ဆိုင်ငယ်လေးထံ တဖြည်းဖြည်းချင်း လျောက်လာလေသည်။

ထိုသူက အနည်းငယ်တုန်လှုပ်သွားဟန်နှင့် လမ်းကြားလေး၏ အလယ်ခန့်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ ဝါးဦးထုတ်မှ ချထားသည့် အမဲရောင် ပိတ်ပါးအစလေးက ရှောင်ယု၏ မျက်နှာကို ကွယ်ထားသောကြောင့် သူ၏ မျက်နှာအမူအယာကို သေသေချာချာ မြင်တွေ့နိုင်ခြင်းမရှိပေ။ သူက ဆိုင်နှင့် အနည်းငယ်အကွာတွင် ရပ်တန့်နေလိုက်ပြီး သူ၏ နောက်ကျောမှ ဓါးရှည်ကို ဆွဲထုတ်လိုက်လေသည်။

ရွပ်… ရွပ်… ရွပ် ….

လေးကြိုးဆွဲသံများနှင့် မြားပစ်သံများက ပတ်၀န်းကျင်တွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။ လမ်းကြားထဲတွင် ရပ်နေသော ရှောင်ယုထံသို့ ပတ်ပတ်လည်မှ မြားများ ၀င်ရောက်လာခဲ့သည်။ ဓါးရှည်မှ ထက်မြသည့် အလင်းတန်းတစ်ခုပေါ်ထွက်လာပြီး မှိုင်းညို့နေသည့် ကောင်းကင်ကိုပင် ထက်ခြမ်းခွဲလိုက်မည်ကဲ့သို့ တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။ ရှောင်ယု၏ ခန္ဒာကိုယ်မှလည်း ဓါးရှည်နှင့် တူညီသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့ပေသည်။ ရှောင်ယုထံသို့ ပျံသန်းလာသော မြားများအားလုံးက မိုးရေစက်များကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။

ဓါးအလင်းကွယ်ပျောက်သွားသည်နှင့် လမ်းကြားလေး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် စွမ်းအင်အရှိန်အဝါများ ပြင်းထန်စွာ ထုတ်ဖော်ထားသည့် လူဆယ့်နှစ်ယောက်က ရှောင်ယုကို မြားဖြင့် ချိန်ထားသည်ကို တွေ့လိုက်ရသည်။

“ရှောင်မိသားစုရဲ့ ကျားအစောင့်တပ်ဖွဲ့ပါလား…”  ရှောင်ယု၏ ကွဲအက်အက်အသံက လေနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

ရှောင်မန်က စိတ်လှုပ်ရှားမှုကို ချိုးနှိမ်လိုက်ပြီး သူ၏သမီးကို  ကိ်ုယ်တိုင်ကိုယ်ကျ စွပ်ပြုတ်တိုက်ကြွေးလိုက်သည်။  သူ၏ ပခုံးပေါ်ရှိ လေးလံနေသော ၀န်ထုပ်၀န်ပိုးများ လျော့ကျသွားသည်ဟု ခံစားနေရပြီး စိတ်သက်သာရရနေပြီဖြစ်သည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now