661 - 665

238 21 0
                                    

အခန်း ၆၆၁
ဆည်းဆာကန်ထက်ဝယ်... လှေငယ်တစင်းနဲ့ငါးမျှားမယ်....

မြေကမ္ဘာ ရုပ်ဆိုးငါးသည် သူ့၏ နာမည်အတိုင်း ရုပ်ဆိုးလွန်းလှသည်။  သူ့၏ ခန္ဓာကိုယ်သည် ကြွက်နို့များ ပြင်းထန်ချွန်ထက်သော ကျောရိုးများဖြင့် ပြည့်နှက်နေလေသည်။  သူ အသက်ရှုလိုက်တိုင်း သူ့၏ ပါးစပ်ထဲတွင် ပြည့်နေသော အရည်များက စိမ့်ထွက်နေလေသည်။

ပုဖန် သည် ငါးကို အနီးကပ်စစ်ဆေးကြည့်လိုက်ပြီးနောက်  မျက်ခုံး ပင့်လိုက်လေသည်။ထိုငါးသည် ရုပ်ဆိုးလွန်းလှသောကြောင့် မည်သူမှ စားချင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုငါးသည် ကောင်းကင်ဝါးမျိုဝိညာဉ်စက်ငါးအတွက် ငါးစာဖြစ်နေသောကြောင့် ၎င်းကို လိုအပ်ပေလိမ့်မည်။

ပုဖန် သည် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လှည့်ပတ်လိုက်ပြီးနောက် ရုပ်ဆိုးသောငါးကို အလျင်အမြန် ဖြတ်တောက်လိုက်သည်။ 

"သိပ်မဆိုးပါဘူး...  ဒီငါးက သူ့အရင်ကမ္ဘာထဲက ငါးတွေနဲ့တူတယ်..."

ငါးသည် ရုပ်ဆိုးသော်လည်း ၎င်း၏အသားသည် အလွန်နူးညံ့သည်။ အနံ့ကလည်း မွှေးလွှန်းလှသည်။ငါး၏အသားနှင့်အရည်အသွေးသည်အလွန်ကောင်းမွန်ပြီး အမှန်တကယ် ကောင်းမွန်သောအစားအစာတစ်ခုဖြစ်လာပေလိမ့်မည်။

ပုဖန်သည် ငါးမျှားချိတ်၏ ထိပ်တွင် အသားအပိုင်းအစကို ချည်ထားခဲ့ပြီးနောက် အသက်တစ်ချက် ညင်သာစွာ ရှူထုတ်လိုက်သည်။  နောက်ဆုံးတော့ သူ ကြိုတင်ပြင်ဆင်ထားမှုများ ပြီးသွားလေပြီ။

ပုဖန်သည် ငါးမျှားတံနှင့် ကျန်ငါးစာတို့ကို သူ့ပခုံးပေါ်တင်လိုက်ပြီး ဆည်းဆာရေကန်ဆီသို့ ပြန်သွားခဲ့သည်။ကောင်းကင်သည် တဖြည်းဖြည်း မဲမှောင်လာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာပြီး ဘယ်အချိန် တိတ်မယ်ဆိုတာ မသိရှိနိုင်ပေ။

ပုဖန် ငါးမျှားတံကိုကိုင်ကာ ကျယ်ပြောလှပြီး လှိုင်းထန်နေသော ရေကန်ကြီးကို မျက်နာချင်းဆိုင်လိုက်သည်။ သူ့၏ ဆံပင်ရှည်နဲ့ အမွေးအတောင်ပါတဲ့ ၀တ်ရုံက လေထဲတွင် လွင့်မျောနေလေသည်။ သို့သော်လည်း ပုဖန်၏ ခန္ဓာကိုယ်သည် ရေမစိုခဲ့ပေ။မိုးရေစက်များသည် သူ့အပေါ်သို့ မဆင်းသက်မီ မမြင်နိုင်သော စွမ်းအားများကြောင့် ရပ်တန့်သွားလေသည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now