731 - 735

190 18 2
                                    

အခန်း ၇၃၁
ပုဖန်၏လျို့ဝှက်ချက်ပြုတ်နည်း...

သောင်းချီသော စွမ်းအင်လှိုင်းလေးများလွင့်လူနေသည်။အပူငွေ့များက တဖြေးဖြေးစုပ်ယူခံလိုက်ရသည်။စုစည်းလာသော စွမ်းအင်များက အသားထဲသို့ စိမ့်ဝင်သွား၏။

အသားကို ပန်းကန်ပြားပေါ်၌ ပြင်ဆင်ပြီးနောက် ဟယ်ရီက အပေါ်မှနေ၍ နုတ်နုတ်စင်းထားသော စိတ်ဝိညာဉ်ဆေးပင်တစ်ချို့ကို ဖြူးလိုက်သည်။ထို့နောက် အပူငွေ့တထောင်းထောင်းထနေသော ဟင်းရည်ပျစ်ပျစ်ကို ခပ်ယူလိုက်ပြီး အပေါ်မှစမ်းလိုက်၏

ရွဲ ရွဲ ရွဲ...

ဟင်းရည်စမ်းလိုက်သည်နှင့် အသားတုံးလေးက သက်ရှိထင်ရှားရှိနေသလိုများထင်ရလေသည်။

"ကောင်းကင်တုန်ခါတောင်ဖြတ်အသား...ပြီးသွားပြီ.."

ဟယ်ရီက သူ့၏ အဆီပြင်များ တုန်ခါအောင်ပင်ရယ်မောလိုက်သည်။သူ့၏ မျက်ဝန်းကျဉ်းကျဉ်းများကလည်း အလင်းများဖြာထွက်နေလေသည်။နီညိုရောင်သန်းသည့် စွပ်ပြုတ်ရည်ထဲ နစ်မြှုပ်နေသော နီမြန်းမြန်းအသားပါသည့် ပန်းကန်ကို ကိုင်ထားသည်။

စက်ဝိုင်းခြမ်းကဲ့သို့ တောက်ပနေသလို ထင်ရသည့် အသားပိုင်းကို ကြည့်ရသည်မှာပင် တမျိုးထူးဆန်းနေလေသည်။အပူတငွေ့ငွေ့ထွက်နေသည့် ဟင်းရည်ပျစ်ပျစ်က ပန်းကန်၏ ဘေးဘက်စီသို့ တဖြေးဖြေးစီးဆင်းနေသည်။၎င်းက မီးတောင်ဆီမှ ပေါက်ကွဲထွက်ပေါ်လာသော ချော်ရည်များကဲ့သို့ပင် ခံစားရစေသည်။

အသားစားနတ်ဆိုး ဟယ်ရီက သူ့၏ဟင်းပွဲကို ပထမဦးဆုံး ပြင်ဆင်ပြီးသွားသူဖြစ်သောကြောင့် လူတွေအားလုံး အံ့သြတကြီးဖြင့် အားပေးကြလေသည်။အဆင့် ၅ စားဖိုမှူးအဖြစ် တကယ်ကို ထိုက်တန်ပေသည်။သူပြုလုပ်သော ဟင်းပွဲက အကြည့်တစ်ချက်ဖြင့်ပင် စွဲမက်သွားစေသည်။

အခြားတစ်ဘက်တွင်မူ ပုဖန်က သူ့၏ အလုပ်ကိုသာအာရုံစိုက်ထားသည်။သူ နှုတ်ခမ်းများတင်းတင်းစေ့ထား၏ မီးတောက်ကို မှုတ်ထုတ်လိုက်ပြီးနောက် မဟူရာ လိပ်ခုံးဒယ်အိုးကို အပူပေးလိုက်သည်။ဒယ်အိုးအတွင်းပိုင်းက ချက်ချင်းပင် ပူနွေးလာလေသည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now