986 - 990

181 16 0
                                    

အခန်း ၉၈၆
အတုမရှိခွေးဘုရင်... လက်ဖဝါးတစ်ဖက်တည်းဖြင့် တစ်ဖွဲ့လုံးကို အမြစ်ပြတ် သုတ်သင်ခြင်း

ကျယ်လောင်သော ဟောင်သံသည် လူအများစုကို ကြောက်လန့်သွားစေပြီး အချို့မှာ ဘောင်းဘီထဲ ရှူးထွက်ကျကုန်သည်။

ကြည့်ရှု့သူများ ခွေးဟောင်သံကို ကြားသောအခါ ခြေထောက်များ ဂျယ်လီကဲ့သို့ ပျော့ခွေသွားသည်။ သူတို့၏ ပြိုင်ဘက်သည် ခွေးမဟုတ်ပဲ ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေနိုင်သော အစွမ်းရှိသည့် ကြောက်မက်ဖွယ် ရှေးဟောင်းသားရဲတစ်ကောင်ဟု ခံစားမိသွားကြသည်။

အချို့လူများ၏ ခြေထောက်မှာ လုံးဝ ပျော့ခွေသွားပြီး မျက်နှာတွင် ကြောက်လန့်နေသော အမူအရာများဖြင့် မြေပြင်ပေါ်သို့ ခွေလဲကျကုန်သည်။

အချို့မှာ တစ်ကိုယ်လုံးတုန်ယင်နေပြီး ထိုနေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ မလှုပ်မယှက် ရှိနေကြသည်။

သာမန်ခွေးတစ်ကောင်က ထိုသို့ကြောက်မက်ဖွယ်ဘက်ခြမ်းကို ပြသလိမ့်မည်ဟု သူတို့အားလုံး မထင်ထားကြပေ။

သူကို ခွေးဆိုပြီး သတ်မှတ်လို့ မရတော့ဘူးလေ...

ခွေးတစ်ကောင်၏ အရေခွံခြုံထားသော ရက်စက်ကြမ်းကြုတ်သည့် နဂါးတစ်ကောင်ပင် ဖြစ်လိမ့်မည်။

ခွေးဘုရင်၏ ဟောင်သံကြားပြီးနောက် ကြည့်ရှု့သူများ ငွေသံချပ်ကာဝတ်အစောင့်များကို ပိုမိုစိတ်အားထက်သန်စွာ အားပေးလာကြသည်။

သူတို့၏ မျက်လုံးထဲတွင် ထိုငွေသံချပ်ကာနှင့် လူများသည် နတ်ဆိုးကို ဖယ်ရှား‌ပေးကြမည့် လူများဖြစ်သည်။

ခွေးနက်မှ ထွက်လာသော ပေါက်ကွဲစေသည့် ဟောင်သံသည်  ဒဏ္ဍာရီထဲမှ နတ်ဆိုးတစ်ကောင်ဟု ထင်ရစေသည် ။ ငွေသံချပ်ကာနှင့် အစောင့်များက နှိမ်နင်းသင့်သော နတ်ဆိုးတစ်ကောင်ဖြစ်သည်။

ပရိသတ်အားလုံး တရားမျှတမှုကို ကိုယ်စားပြုသော ငွေသံချပ်ကာ အစောင့်များ ထိပ်ဆုံးသို့ရောက်ရန် မျှော်လင့်သည်မှာ သဘာဝပင်ဖြစ်သည်။

အမှန်တကယ်တွင် အကောင်းနှင့် အဆိုးကြားတွင် ပြတ်သားသည့် မျဉ်းကြောင်း မရှိပေ။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now