406 - 410

315 31 3
                                    

အခန်း ၄၀၆
လျှာကဝေအခင်းအကျင်း

"စနစ် ဒါက.... လျှာကဝေ အခင်းအကျင်းလို့ခေါ်တယ်ဆိုတာ သေချာရဲ့လား...?''

ပုဖန်က စားပွဲပေါ်တင်ထားသော စပ်ပြဲလန် ခေါက်ဆွဲ ကိုးပွဲကို မျက်နှာသေဖြင့် စူးစိုက် ကြည့်နေသည်။ နှုတ်ခမ်း ထောင့်စွန်းလေး များကကွေးတက်သွားပြီး စနစ်ကိုမေးလိုက်သည်။

သူအဆင့်ရှစ် စစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပြီး နောက် ဆုအနေဖြင့် စပ်ပြဲလန်ခေါက်ဆွဲ ကိုသာရရှိခဲ့ချင်းမဟုတ်ပဲ လျှာကဝေ အခင်းအကျင်းကိုပါ ရရှိခဲ့ခြင်းဖြစ်သည်။

သူက မှော်အစီအရင်များဖြင့် အကြိမ်ပေါင်းများစွာ ထိတွေ့မှုရှိပြီးနောက် ထိုမှော်အစီအရင်ကို စိမ်းသက်ခြင်း မရှိပေ။ နဂါးခေါင်း ကပ်ဘေးအစီအရင်နှင့် မဟာမြွေလူသား မြို့တော်မှ အမြှောက်ဆန် မှော်အစီအရင် နှစ်ခုလုံးက သူ့ကို နက်နက်ရှိုင်းရှိုင်းသဘောကျ စေသည်။

လျှာကဝေ အခင်းအကျင်းဟုခေါ်သော စားပွဲပေါ် တင်ထားသည့် ခေါက်ဆွဲပန်းကန် ကိုးခုက မည်သည်မှ ဖြစ်မလာပေ။ ပန်းကန်လုံး ကိုးခုမှ အငွေ့လေးများ တထောင်းထောင်းနှင့် မွှေးရနံ့များ တစ်ခန်းလုံး ပြည့်နေသည်မှ လွဲ၍ တခြားမည်သည့် ကိစ္စမျှ ဖြစ်မလာပေ။ ဒါက ဘယ်နေရာမှ မှော်အစီအရင်နှင့်မတူပေ။

"ဒီအစီအရင်က မဖွဲ့တည်ရသေးဘူး... ဟုတ်တယ်မလား...?''
ပုဖန်က စနစ်ကို မေးလိုက်သည်။

"ပိုင်ရှင် လျှာကဝေ အခင်းအကျင်းကို ဘယ်လို ဖွဲ့တည်ရမလဲဆိုတာ ပြောပြပြီးသွားပါပြီ...အစီအရင်ရဲ့ အဆစ်ငယ်လေးတွေကို ကိုယ့်ဘာကို ရှာဖွေပြီး စိတ်စွမ်းအင် ဘယ်လို ဆက်သွယ်ရမလဲဆိုတာကို ပိုင်ရှင်ဘာသာ သင်ယူပါ..."

စနစ်က ရှင်းလင်းစွာ ပြန်ဖြေကြားလိုက်သည်။

"ငါ့ဘာငါ ရှာဖွေရမယ်...? မှော်အစီအရင် အဆစ်ငယ်လေးတွေ ဘယ်လိုချိတ်ဆက်ထားတယ်ဆိုတာကို ငါ့ဘာငါ ရှာဖွေရမယ်... ဟုတ်လား..."

စနစ်၏ အဖြေကြောင့် ပုဖန်လုံးဝ စွံ့အ သွားသည်။ စနစ်က သူ့ကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေသည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now