806 - 810

228 15 0
                                    

အပိုင်း ၈၀၆
အဝတ်ချွတ်ချု

လေပြင်းထန်စွာ တိုက်ခတ်နေခြင်းကလည်း ထောင်တျဲ့စားသောက်ဆိုင်ရှေ့ရှိကျော်ကြားမှုအပူလုံးကြီးကိုမှုတ်ထုတ်မပေးနိုင်ပါချေ။

  ဆိုင်ရှေ့တွင်စီတန်းနေသောလူတန်းရှည်ကြီးသည် လူတိုင်း၏သိချင်စိတ်အားမီးစပျိုးပေးနေလေသည်။

ချူချန်းရှန်က ရှက်ရွံ့ဖွယ်ကြော်ငြာစာတန်းများဖြင့်ပြည့်နေသည့်ဘုတ်ပြားတစ်ခုကိုကိုင်ထားပြီး သူ၏သွင်ပြင်ကညိုးငယ်လို့နေသည်။

ထိုအခိုက်အတန့်တွင် ဝေးကွာသောနေရာတစ်ခုမှ ပုံရိပ်တစ်ချို့ကရှေ့သို့လျှောက်လှမ်းလာနေသည်။

ထိုသူများမှာ သန့်စင်နယ်မြေမှတပည့်များနှင့် သူတို့နှင့်ရင်းနှီးသော အစားကြူးတောင်ကြားရှိကျင့်ကြံသူအချို့ဖြစ်ချေသည်။သန့်စင်နယ်မြေများစွာမှ အစားကြူးတောင်ကြားသို့တိုက်ရိုက်ပို့ဆက်သွယ်ပေးသော နေရာလွှဲပြောင်းအစီအရင်များရှိလာချိန်မှစ၍  သန့်စင်နယ်မြေများရှိကျင့်ကြံသူတို့သည် အစားကြူးတောင်ကြားသို့ အစားကောင်းတစ်နပ်စားရန်မကြာခဏဆိုသလိုလာရောက်ကြလေ့ရှိသည်။

အစားကြူးတောင်ကြား၏ဝင်ငွေသည်လည်းပဲ ထိုသန့်စင်နယ်မြေရှိတပည့်များအပေါ်မူတည်နေတော့သည်ပေ။

အချိန်အတော်အကြာ လူတန်းရှည်ကြီးအတွင်းတွန်းလိုက်တိုက်လိုက်ဖြင့်တန်းစီနေရသည့်အတွက်လူအများကစိတ်မရှည်ဖြစ်လာကြသည်။သို့သော်မည်သို့မျှအထွန့်မတက်ဝံ့ကြပေ..

သန့်စင်နယ်မြေမှကျင့်ကြံသူများသည် ထိတ်လန့်ကြောက်မက်ဖွယ်တိုက်ခိုက်မှုအတွေ့အကြုံများနှင့်အစားကြူးတောင်ကြားအတွင်းများစွာဆုံးရှုံးခဲ့ကြရဖူးလေသည်။သို့သော်လည်း အစားကြူးတောင်ကြားရှိကျင့်ကြံသူများ၏အဆိုများအရ ထိုသန့်စင်နယ်မြေရှိကျင့်ကြံသူများသည် သတိထားရန်လိုအပ်သော အဖွဲ့အစည်းတစ်ခုဖြစ်နေဆဲဟူ၍ပင်။

ထို့ကြောင့်  အနှီမောက်မာသောကျင့်ကြံသူများ ဟိုဟိုသည်သည်ထောင်လွှားနေသည်ကိုမြင်နေရသည့်တိုင် သူတို့၏မကျေနပ်ချက်များကိုချုပ်တည်းထားရန်သာတတ်နိုင်ပေသည်။ လူတန်းကြားမှဖယ်ထုတ်ခံလိုက်ရသည့်သူများက ဒေါသထွက်သည့်တိုင် တုံ့ပြန်ဖို့ရာမစွမ်းသာကြချေ။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now