396 - 400

315 23 1
                                    

အခန်း ၃၉၆
ပုစွန်ဘိုးဘေးကြီးဘယ်မှာလဲ...

ဆွစ်......

ဥမင်လှိုဏ်ခေါင်းအမိုးမှ သလင်းကျောက်များ ပြိုကျလာပြီး အပျက်အစီးပုံများကြားထဲမှ လူတစ်ယောက်က တွားသွား၍ ထွက်လာသည်။သူ့၏ ဆံပင်နှင့်မျက်နာက ပေပွညစ်ပတ်လျက်ရှိသည်။သူကိုကြည့်ရသည်မှာအတော်လေး ကြည့်ရဆိုးလှ၏။

အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ မျက်ဝန်းများက ဒေါသကြောင့် တောက်ပြောင်နေသည်။သူက ခွေးတစ်ကောင်၏ လက်ဝါးရိုက်ချက်ဖြင့် လွင့်ထွက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာသော ခွေးတစ်ကောင်က နတ်ဘုရားနယ်ပယ် အဆင့်ခွန်အားရှိလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း ထိုခွေးက နတ်ဘုရားနယ်ပယ်အဆင့် ခွေးတစ်ကောင် ဖြစ်နေသည်ဆိုလျှင်တောင်မှ ပုစွန်ဘိုးဘေးကြီးကိုရှာမည့်သူ့ကို လာရောက်ပိတ်ပင်၍ မရနိုင်ပေ။

ထိပ်တန်း ကျိုင်းပုစွန်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။သူ့၏ ပါးစပ်မှ ထူးခြားဆန်းပြားသော အသံလှိုင်းများ ထွက်ပေါ်လာ၏။ထိုအသံလှိုင်းများက လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်လိုက်သလိုမျိုးပတ်ဝန်းပျင် တစ်ခွင်၌  ရိုက်ခတ်ပဲ့တင် ထပ်နေသည်။

ဘန်း. ......

ထိုခဏ၌ အဏဝာမျိုးစိတ်ပညာရှင်၏ ခန္ဓာကိုယ်မှ မသေမျိုးခန္ဓာအဆင့် စွမ်းအားများ ဖြာထွက်လာသည်။ထိုပြင်းထန်လှသော ဖိအားကြောင့် မြေပြင်ပေါ်ရှိ ကျောက်တုံးများပင်လျှင် ကွဲကြေသွား၏။ရလဒ်အနေဖြင့် ကျောက်တုံးကျောက်စနများ လေထဲ၌ မျောလွင့်နေသည့် မြင်ကွင်းကိုပင် မြင်လိုက်ရသည်။

ခရက်ရှ်.....

အဏ္ဏဝါမျိုးစိတ်ပညာရှင်၏ နောက်ကျော၌ ဆူးတောင်တစ်စုံရှိသည်။ထို ဆူးတောင်များက ပြန့်ကားလာပြီး သူ့၏ ခန္ဓာကိုယ်ကလည်းလျှင်မြန်စွာကြီးထွားလာသည်။

အချိန်ခဏအတွင်းမှာပင် မြေပြင်ပေါ်မှာရှိနေသည့် ထိပ်တန်းကျိုင်းပုစွန်က ဧရာမ မွန်းစတားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့၏ ခန္ဓာကိုယ်၌ ဖွံ့ထွားလှသော ကြွက်သားများနှင့် ပြည့်နှက်နေသည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now