56 - 60

608 64 1
                                    

အခန်း ၅၆ မပြုံးနဲ့ ငါစိတ်တိုလာရင် မင်းကို အပြင်ပစ်ထုတ်လိုက်မယ်

ရှောင်ယု၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ အဆက်မပြတ် စီးကျနေပြီး ချောမောလှပသော မျက်နှာက အနည်းငယ်ကြောက်စရာကောင်းနေပေသည်။ သို့သော်လည်း သူက ပုဖန်ကို အားတင်းပြုံးပြ၍ ပြောဆိုလိုက်သည်။

“ပိုင်ရှင်ပု မင်းရဲ့ဆိုင်ထဲမှာ ပြသနာဖြစ်မယ်ဆိုရင် မင်းက၀င်ပြီး ဖြန်ဖြေပေးမှာမဟုတ်လား…”

ဟွန်းချွမ်သွမ့်၏ မျက်နှာက စက္ကူတစ်စကဲ့သို့ ဖြူဖျော့နေပြီး အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးနေသည့် ရှောင်ယုကို ကြည့်၍ တွေးလိုက်မိသည်။

“ဒီအရူးကောင်က ခေါင်းကိုများထိသွားတာလား… ဘယ်လိုတောင်အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ… အပြင်မှာ သူတော်စင်အဆင့် နှစ်ယောက်တောင်ရှိနေတာလေ… အဲဒါကိ်ုတောင် ဒီစားသောက်ဆိုင်ငယ်လေးက ပိုင်ရှင်ကို အကူအညီတောင်းဖို့တွေးနေတာလား….”

“မင်းရူးနေတာလား… ဒီလူကအခုမှ တိုက်ခိုက်သူအဆင့်ပဲရှိသေးတယ်…. သူကငါတို့ကို ကူညီနိုင်လိမ့်မယ်လို့ ထင်နေတာလား…” ဟွန်းချွမ်သွမ့်က စိတ်ပျက်လက်ပျက် ခေါင်းရမ်း၍ ပြောလိုက်ပေသည်။ ယခုအချိန်တွင် ဂိုဏ်းကြီးကိုးခုလုံးက အကြီးအကျယ် နစ်နာဆုံးရှုံးသွားပြီဖြစ်သည်။ ဂိုဏ်းများအားလုံးမှ ကျွမ်းကျင်သူတစ်၀က်ကျော်ခန့်က   အသတ်ခံလိုက်ရသောပေသည်။ ဂျိချန်းကန်၏ အစီအစဉ်က သူတို့မျော်လင့်ထားသည်ထက်ပင် ကြောက်မက်ဖွယ်ကောင်းနေပေသည်။

“ပါးစပ်ပိတ်ထား… မင်းရဲ့ သောက်သုံးမကျတဲ့လက်အောက်ငယ်သားတွေက သူတို့ကိုယ်သူတို့ မထုတ်ဖော်လိုက်ရင် ငါတို့ရဲ့အကြံအစည်ကု ဒီလိုရလာဒ်မျိုးနဲ့ ပြီးဆုံးသွားမှမဟုတ်ဘူး… အခုငါတို့ရဲ့အကြံအစည်ကျဆုံးသွားတဲ့ကိစ္စကို မင်းတို့ ဝိဉာဉ်တစ္တေဂိုဏ်းက တာ၀န်ယူရလိမ့်မယ်…”

“မင်းအခုအသက်ဆက်ရှင်ချင်သေးတယ်ဆိုရင် ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေလိုက်… ဒီစားသောက်ဆိုင်က မင်းထင်နေသလိုမျိုး မရိုးရှင်းနေဘူး….”

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now