16 - 20

729 68 5
                                    

အခန်း ၁၆
ကိုယ်လုံးတီးနဲ့ လမ်းလျောက်တာက နောက်ဆုံးပေါ်ဖက်ရှင်လား?

ပုံမှန်တိုင်းဆိုရင်...

ကျောက်ရူကျီ က သူအဖေရဲ့ အရိပ်အောက်မှာ ရှင်သန် မနေထိုင်လိုတာကြောင့် လက်ဝဲအမတ်ကြီးရဲ့ သားဖြစ်ကြောင်းကို ဘယ်တော့မှ ထုတ်မပြောပဲ သိုသိုသိပ်သိပ် နေလေ့ရှိသည်။

တိတိကျကျ ပြောရမယ်ဆိုရင်တော့ သူဟာ အတွေးအမြင်ဝါဒီသမားဖြစ်ပြီးတော့ ဆန်းချီရှန်း ကဲ့သို့ ငပွေးတစ်ကောင်သက်သက်မဟုတ်ပေ။

သူမျော်လင့်ထားတာက တစ်နေ့ကျရင် လူတွေက သူကိုလက်ဝဲအမတ်ကြီးရဲ့သားတစ်ယောက်ဆိုတဲ့အစား သူနာမည်ကိုသာအသိအမှတ်ပြုမှုကို မျော်လင့်ထားခဲ့တာဖြစ်၏။

ဒါကြောင့်လဲ သူ ၅နှစ်သား အရွယ်ထဲက သိုင်းပညာကိုစတင်သင်ယူခဲ့သည်။ အသက် ၉နှစ် အရွယ်မှာ ကဗျာစာပေတွေကို စတင်သင်ယူခဲ့ပြီး... သူ အသက်၁၅နှစ်ရောက်တဲ့ အခါမှာတော့ သူကျောင်းရာပေါင်းများစွာကပညာတွေနဲ့ ရင်းနှီးနေပြီဖြစ်၏။

သူက သေနဂ်ဗျူဟာကျွမ်းကျင်တဲ့ မာစတာတစ်ယောက် ဖြစ်လာချင်တာကြောင့် အသိပညာများစွာကို သူကြိုးစား ဆည်းပူးခဲ့သည်။

ဒီနှစ်တွေထဲမှာ သူအောင်မြင်မှုကြီးကြီးမားမားတော့ မရသေးပေမဲ့လည်း သူ့နာမည်က တဖြည်းဖြည်းချင်းကျော်ကြားလာပြီး အင်ပါယာမြို့တော်မှာရှိတဲ့ လူတွေက  သတိထားမိလာတဲ့အတွက် သူကြိုးစားမှုတွေက အချင်းနှီးတော့ ဖြစ်မသွားခဲ့ပေ။

.........

ဖက်တီးဂျင်က ကျောက်စိမ်းတွင်းများစွာကိုပိုင်ပြီး ချမ်းသာကြွယ်၀သူဖြစ်သည့်အလျောက် အရာရှိများစွာနဲ့ လည်း အဆက်သွယ်ရှိ၏။ ထုိ့ကြောင့် ကျောက်ရူကျီ ၏ အကြောင်းကို တစ်ခြားလူများစွာထက် သူကပိုသိပေသည်။

ကျောက်ရူကျီက ပဉ္စမအဆင့် (ဘုရင်အဆင့်) တစ်ယောက်ကိုသတ်ရန်အတွက်ပင် ဗျူဟာရေးဆွဲနိုင်ခဲ့ပြီး ရက်စက်တတ်သူတစ်ယောက်လဲဖြစ်သည်။

"သခင်လေး ကျောက်က အရင်မှာချင်တယ်ဆိုလည်း မှာခိုင်းလိုက်ပါ"

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now