306 - 310

359 36 1
                                    

အခန်း ၃၀၆ “အသားစွပ်ပြုတ် ပူပူလေး...”
ပုဖန်က ခဏမျှ တန့်သွားပြီးနောက် နီယန်လက်ထဲမှာ အလျင်အမြန် ရုန်းထွက်လိုက်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားမှု မရှိသလိုမျိုး သူမ၏ မျက်နှာကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ခဏစောင့်အုန်း"
ပုဖန်က ပန်းကန်လုံးကိုယူ၍ အိုးနှုတ်ခမ်းစပ်အနားသို့ ချဉ်းကပ်လိုက်သည်။ထို့နောက် စွပ်ပြုတ်ရည်နှင့် အသားဖတ်အချို့ကို ခပ်ယူလိုက်လေ၏ ဒယ်အိုးထဲတွင် သားရဲကိုးမျိုး၏ အသားများ ပါဝင်နေပြီ ဖြစ်သောကြောင့် ပုဖန် ပင်လျှင်ပင် မည်သည့်အသားမှန်း ခွဲခြား၍ မရတော့ပဲ နီယန်အတွက် ကြုံရာအသားကိုသာ ရွေးခပ်ပေးလိုက်သည်။
နီယန်က နှုတ်ခမ်းပါးလေးများကို လျှာဖြင့်သပ်လိုက်ရင်း ပုဖန် လက်ထဲမှ ကြွေပန်းကန်လုံးကို ယူလိုက်သည်။ သူမက ပန်းကန်လုံးကို နှာခေါင်းနားတိုးကပ်၍ အနံ့ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်သည်။
မွှေးပျံ့သင်းကြိုင်လှသည့် ရနံ့များက နှာခေါင်း ပေါက်များထဲသို့ တိုးဝင်သွားပြီး သူမ၏ အမူအယာက ပြောင်းလဲသွားသည်။
"သူရဲ့ မွှေးရနံ့က လုံးဝ ပျောက်ကွယ်မသွားဘူး တကယ်ကိုပဲ မွှေးပျံ့တယ် ဒီစိတ်ဝိညာဉ် သားရဲရဲ့အသားတွေကို ချက်ပြုတ်ပြီးတဲ့နောက်မှာ သူရဲ့ မွှေးရနဲ့က တမူထူးခြားတယ် အဆင့်ခုနစ် သားရဲကိုးမျိုးရဲ့ အသားကို ပေါင်းစပ်လိုက်တဲ့ ဒီဟင်းရည်ရဲ့ အရသာက ကမ္ဘာပေါ်မှာရှိတဲ့ လူအားလုံး မေ့နိုင်လောက်မှာမဟုတ်ဘူး"
နီယန်က ဟင်းပွဲကို မမြည်းကြည့်ရသေးသော်လည်း ပုဖန်ကို ချီးကျူးလိုက်သည်။ သူမက မချီးကျူးပဲ မနေနိုင်တော့ပေ။ဒီဟင်းပွဲတွင် ပါဝင်သော ပါဝင်ပစ္စည်းများနှင့် စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်သည့် အရည်အချည်းကပင် အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နီယန်က ကြွေဇွန်းဖြင့် ဟင်းရည်တစ်ဇွန်းခပ်ယူလိုက်သည်။သို့သော်သူမက  ချက်ချင်းမသောက်သေးပဲ ဇွန်းကို မျက်စိနှင့်တစ်တန်းတည်းဖြစ်အောင် မြှောက်ကြည့်လိုက်၏ ဟင်းရည်မှ ထွက်နေသော အရောင်လေးများက ထိပ်တွင် သက်တံ့ရောင်ကဲ့သို့ အရောင်ပြေးနေပေသည်။
ဝေ့ဝဲ ထွက်ပေါ်လာသော ဟင်းရနံ့ကြောင့် သူမ၏ နှုတ်ခမ်းပါးလေးကိုပင်  တတိတိကိုက်လိုက်မိသည်။ ထို့နောက် သူမက ဟင်းရည်ဇွန်းကို ချက်ချင်းပဲ ပါးစပ်တွင်းသို့ လောင်းထည့်လိုက်သည်။
ဟင်းရည်၏ အပူချိန်က သူမထင်ထားသကဲ့သို့ ပူလောင်ခြင်း မရှိပဲ နွေးထွေးပြီး အလွန်သင့်တော်လေ၏ ဟင်းရည်၏ အပူချိန်က ဇွန်းပေါ်တွင် မြင်နေရသည့် အသွင်အပြင်နှင့်ပင် မတူညီပေ။
ဟင်းရည်ကို သောက်လိုက်သည်နှင့် နီယန်၏ မျက်ဝန်းများက စုကျုံ့သွားသည်။သူမမျိုချလိုက်သည်နှင့် တစ်ပြိုင်နက် လည်ချောင်းတစ်လျှောက် လှုံ့ဆော်ပေးလိုက်သလို ထူးခြား ခြားနားသည့် အတွေ့အကြုံကို ခံစားလိုက်ရသည်။
ပုဖန်၏ အစစ်အမှန်စွမ်းအင် အသုံးပြုသည့် ချက်ပြုတ်ခြင်း နည်းလမ်းဖြင့် ချက်ပြုတ်ထားသောကြောင့် ထိုဟင်းရည်ထဲတွင် ပါဝင်နေသော စိတ်ဝိညာဉ်စွမ်းအင်များကို မတွေးတက်နိုင်အောင်ပေ ရှိနေသည်။
သို့သော်လည်း ထ်ိုဟင်းရည်ထဲတွင် အဆင့်၇ စိတ်ဝိညာဉ်သားရဲ ကိုးမျိုး၏ စွမ်းရည်များ ပူပေါင်း ပါဝင်နေသော်လည်း နီယန်က ပုဖန်၏ လက်ရာကို ခံစားမိလိုက်သည်။ ထိုဟင်းရည်က ဖန်ဖန်ဆိုင်ငယ်လေးတွင်ရှိသော ငါးခေါင်းတို့ဟူး စွပ်ပြုတ်၏ အရသာနှင့် တူညီနေပေသည်။ တို့ဟူးစွပ်ပြုတ်က သူ၏ အရသာကို ထိန်းသိမ်ထားပြီး ပါးစပ်ထဲရောက်သည့်အခါမှသာ မွှေးရနံ့များက ဗုံးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
သို့သော်လည်း ဒီတစ်ကြိမ်တွင်မူ ဟင်းရည်ထဲတွင် ပါဝင်သည့် စိတ်ဝိညာဉ်စွမ်းအားများက ရနံ့ဗုံးကဲ့သို့ ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။ ထိုစွမ်းအင်များကြောင့် နီယန်က ကောင်းကင်ပေါ်သို့ ဆန်တက်တော့မလို ခံစားမိလိုက်သောကြောင့် တုန်လှုပ်သွားမိသည်။
မယုံနိုင်စရာကောင်းလှအောင် အရသာရှိလှသောကြောင့် နီယန်က မျက်လုံးဝိုင်းလေးများဖြင့် ပုဖန်ကို သတိလက်လွတ်စိုက်ကြည့်နေမိသည်။
ထို့နောက်သူမက သဘောတကျဖြင့် ထပ်ခါတလဲလဲ ခောင်းငြိမ့်လိုက်မိသည်။
"အသားကိုလည်း မြည်းကြည့်ပါအုန်း" ပုဖန်ကပြောလိုက်သည်။
နီယန်က ဖြူ၍ နီမြန်းသော အသားဖတ်တစ်ဖတ်ကို ကောက်ယူလိုက်သည်။အဆီပါသော သားရဲ၏အသားက အလွန်ပင် ကောင်းမွန်လှပြီး မျက်နှာပြင်ပေါ်ရှိ  သွေးကြောလေးများကပင် တုန်ခါနေခါ အနုပညာရှင်တစ်ယောက်၏ ပန်းချီကားကို ဆွဲခွဲလိုက်သကဲ့သို့ပင် သူမမျက်လုံးထဲ ထင်မြင်မိသည်။
"ဒါက ဘာအသားလဲ"
နီယန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
ပုဖန်က အိုးကြီးတစ်အိုးထဲတွင် အသားစုံကိုးမျိုးကို ပေါင်းစုံချက်ပြုတ်ထားခြင်း ဖြစ်သောကြောင့် ထိုအသားဖတ်က မည်သည့်သားရဲ၏ အသားမှန်း သူမ မခွဲခြားနိုင်တော့ပေ။
ပုဖန်က မျက်ခုံးပင့်လိုက်သည်။သူက ဟင်းပွဲကို မြည်းကြည့်ခြင်း မရှိသော်လည်း အသားဖတ်ကို ကြည့်ရုံဖြင့် မည်သည့်သားရဲ၏ အသားမှန်း သိပေသည်။
"ဒါက အဆင့်၇ သားရဲ ရှေးဟောင်းတောင်လိပ်ရဲ့ အသား" ပုဖန်က ပြန်ပြောလိုက်သည်။
"အဆင့်၇ သားရဲ ရှေးဟောင်းတောင်လိပ်ရဲ့ အသား"
နီယန်က ခပ်ဖွဖွ ရေရွတ်လိုက်ပြီးနောက် အသားဖတ်ကို သူမ၏ ပါးစပ်ထဲ ထည့်လိုက်ပြီး ပါးလေးများဖောင်းတက်လာသည်အထိ ဝါးလိုက်သည်။ အသားကိုဝါးနေရင်းဖြင့် နီယန်၏ မျက်ဝန်းများက တဖြေးဖြေး တောက်ပလာသည်။
"အရမ်းအရသာရှိတယ် အရမ်းကို ဝါးလို့ကောင်းတယ်"
နီယန်က သဘောတကျဖြင့် ဝန်ခံပြောဆိုလိုက်သည်။အသားဖတ်က သူမပါးစပ်ထဲ ကျဆင်းသွားသည်နှင့် လည်ချောင်းတစ်လျှောက် စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်ကို ခံစားလိုက်ရသည်။
ထို့ပြင် အသားဖတ်ကို ဝါးရသည်မှာလည်း မခက်ခဲလှပေ။တကယ်တမ်းပြောရမည်ဆိုလျှင် အဆင့်၇ သားရဲများ၏ အသားက သူတို့၏ ထူးခြားသည့် အစွမ်းသတ္တိများကြောင့် ကြွက်သားများက တင်းမာနေလေ့ရှိသည်။
ထို့ကြောင့် ကြည့်ရသည်မှာ ရင့်ထော်နေပြီး အသားဖတ်လေး သေးသေးကိုပင် ကျေညက်အောင်ဝါးရန် အလွန်ခက်ခဲလှသည်။ထိုကဲ့သို့သော အသားမျိုးက ဟင်းပွဲ၏ အရသာကို ကောင်းမွန်မှုကို ထိခိုက်ပျက်စီးစေလိမ့်မည်။
သို့သော်လည်း ယခု ရှေးဟောင်းတောင်လိပ် အသားကတော့ ကြည့်ရသည်မှာ ရင့်ထော်ပုံရသော်လည်း မာကျွတ်ပြီး အလွန်ဝါးရလွယ်သည်။
နီယန်က အရသာရှိလှသော ကံကြမ္မာအိုးဟင်းပွဲကို စိတ်အားထက်သန်စွာ စားသောက်နေသည့် အချိန်တွင် လူအုပ်ကြီးက ဟင်းပွဲရရန်အတွက် အလုအယက်ပင် သွား၍ တိုက်ခိုက်နေကြသည်။
သို့သော်လည်း ပုဖန် ချက်ပြုတ်ထားသည်က လံလောက်သည်ထက်ပင် ပိုမိုသောကြောင့် အားလုံးက တစ်ပွဲစီရရှိကြသည်။ထိုဟင်းပွဲကို ရှားပါးလှသော ကံကြမ္မာအိုးဟင်းဟု အမည်ပေးရခြင်းမှာ ပါဝင်သော အသားများက အဆင့်၇ စိတ်ဝိညာဉ် သားရဲအသားများ ဖြစ်သောကြောင့် ဖြစ်သည်။
အဆင့်၇ သားရဲအတွင်း၌ ပါဝင်သည့် စိတ်ဝိညာဉ်စွမ်းအားများက သန်မာလှပြီး သာမန်လူတစ်ယောက်အဖို့ ထိန်းချုပ်ရန် အလွန်ခက်ခဲလှသည်။ ပုံမှန်အားဖြင့် ထိုဟင်းပွဲကို တတိယအဆင့် တိုက်ခိုက်သူအဆင့်ထက် ရှိသောသူများသည်သာ မြည်းကြည့်နိုင်စွမ်းရှိသည်။
သို့သော်လည်း ပုဖန်က ထိုဟင်းပွဲထဲတွင် စိတ်ဝိညာဉ် ဟင်းသီးဟင်းရွက် အမြောက်အများကို အသုံးပြုထားသည့်အပြင် သူ၏ကိုယ်ပိုင်နည်းလမ်းဖြစ်သာ အစစ်မှန်စွမ်းအားဖြင့် ချက်ပြုတ်ခြင်း နည်းလမ်းကိုသာ အသုံးပြုထားခဲ့သည်။
သူက ဟင်းပွဲကို ချက်ပြုတ်နေစဉ်တွင် အစစ်အမှန်စွမ်းအားများကို သေချာစွာ ထိန်းကျောင်းထားခဲ့သည်။ထို့ကြောင့် ဟင်းပွဲအတွင်းမှ ပြင်းထန်လှသည့် စိတ်ဝိညာဉ် စွမ်းအင်များက ငြိမ်ကျသွားပြီး ပို၍ ညှင်သာသွားခဲသည်။ထို့ကြောင့်ပင် လူအားလုံး မြည်းစမ်းနိုင်ခြင်း ဖြစ်သည်။
တတိယတပ်ဖွဲ့အတွင်းတွ် တိုက်ခိုက်သူအဆင့် အမျိုးမျိုးရှိသော သူများ ပါဝင်နေခြင်းကြောင့် ထိုအချက်က အလွန်အရေးကြီးပေသည်။
တစ်ချို့သော စစ်သည်တော်များက တိုက်ခိုက်သူအဆင့်ကို အောင်မြင် ကျော်ဖြတ်ပြီးပြီး ဖြစ်သော်လည်း တစ်ချို့မှ အောင်မြင်မှု မရရှိကြသေးပေ။ ခြုံ၍ ပြောရလျှင် ထိုဟင်းပွဲကို တတိယတပ်ဖွဲ့တွင် ပါဝင်သော စစ်သည်တော်များအတွက် ချက်ပြုတ်ခြင်း ဖြစ်လေရာ သဘာဝကျစွာပင် လူအားလုံးစားသုံးနိုင်သင့်ပေသည်။
အချိန်ကြာမြင့်စွာ ချက်ပြုတ်ခဲ့ပြီးသည့်နောက် ဆူးဆင်ရိုင်း၏ အသားက တို့ဟူးနှင့် များစွာ မကွာခြားတော့ပေ။သို့သော်လည်း တို့ဟူးနှင့် နှိုင်းယှဉ်လိုက်လျှင်တော့ အသားက ပို၍ မွှေးပျံ့ပြီး ခန္ဓာကိုယ်၏ စွမ်းအင်များအတွင် ပိုအထောက်အကူ ပြုလေသည်။
ဆူးဆင်ရိုင်း၏ အသားကို စားသုံးခဲ့သော စစ်သည်တော်များက သူတို့၏ ခန္ဓာကိုယ်ကို မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ ခံစားမိပြီး သူတို့၏ အစစ်အမှန်စွမ်းအင်များက လျှင်မြန်လှသော အရှိန်ဖြင့် လှည့်ပတ်လာသည်။
ထိုကဲ့သို့သေု အခြေအနေများက အဆက်မပြတ်ဖြစ်ပွားနေလေ၏။အသားများကို ဒယ်အိုးကြီးကိုးလုံးဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်သောကြောင့် တတိဟတပ်ဖွဲ့မှ စစ်သည်တော်များက လုံလောက်စွာပင် စားသုံးနိုင်ခဲ့ကြသည်။ ထို့အပြင် ပထမတပ်ဖွဲ့နှင့် ဒုတိယတပ်ဖွဲ့မှ စစ်သည်တော်များကလည်း အလုအယက်ဖြင့် ပြေးလွှားလာပြီး တစ်ပွဲစာလောက် တောင်းခံခဲ့ကြသည်။
ရှားပါးလှသော ကံကြမ္မာအိုးဟင်းပွဲကို စားသုံးခဲ့ရသော စစ်သည်တော်များက သူတို့၏ ခန္ဓာကိုယ် တဖန် မွေးဖွားလာသလိုပင် ခံစားလိုက်ရသည်။သူတို့၏ စွမ်းအင်ရေဝဲထဲ၌ အစစ်အမှန်စွမ်းအားများက ထပ်ခါတလဲလဲ လှည့်ပတ်နေသည်။ သူတို့၏ ခန္ဓာကိုယ်ထဲ၌လည်း နွေးထွေးသည့်ခံစားမှုများက ရစ်ဝဲနေလေ။ထို ပူပြင်းလှသည့် စွမ်းအင်များက နောက်ထပ် တစ်ဖန် မွေးဖွားလာမှုအတွက် လမ်းပြနေသကဲ့သ်ို့ပင် ရှိလေသည်။
တတိယတပ်ဖွဲ့မှ စစ်သည်တော်များက အလွန်များပြားလှသော်လည်း ဒုတိယတပ်ဖွဲ့ထက် အရေအတွက် နည်းနေပေသေးသည်။အတွေ့အကြုံများစွာ ရှိလှသော လူတစ်ချို့က အဆင့်ချိုးဖောက် တက်ရောက်ရာတွင် အောင်မြင်မှု များရရှိခဲ့သည်။ သူတို့၏ လက်ရှိကျင့်ကြံစွမ်းအင်အဆင့်က အထောက်အကူ ပြုရန် တိုက်ပွဲများ တိုက်ခိုက်ခဲ့ရသော သန်မာမှုကလည်း သူတို့၏ စိတ်အခြေအနေကို အလွန်အထောက်အကူပြုသည်။
ဟင်းပွဲတစ်ပွဲက တတိယတပ်ဖွဲ့တစ်ခုလုံး၏ အရည်အသွေးကို အဆင့်တစ်ခုထိ တိုးမြှင့်စေခဲ့သည်။ယခုအချိန်၌ သူတို့ကို ပထမတပ်ဖွဲ့နှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းမှု တစ်ခုမှ မရှိတော့ပေ။ အနောက်ပိုင်း ဆန်းကြယ်မြို့တော်၏ မြို့သခင်ဖြစ်သူ ခုန်းယောင်ပင်လျှင် စားကောင်းသောက်ဖွယ်များနှင့် ရင်ဆိုင်လိုက်ချိန်တွင် တည်ငြိမ်နိုင်စွမ်းမရှိတော့ပေ။
သူက ပန်းကန်လုံးအပြည့် ခပ်ယူလိုက်ပြီးနောက် စတင်၍ စားသောက်လိုက်သည်။သူပို၍ စားလေလေ ပို၍ အံ့အားသင့်လေလေဖြစ်သည်။နောက်ဆုံး၌ သူက လေတစ်ဝကြီး ရှူရှိုက်လိုက်မိသည်။
ခုန်းရွှမ်ကလည်း ပန်းကန်လုံး တစ်လုံး ခပ်စားခပ်ယူ၍ သောက်လိုက်သည်။သူက သူတော်စင် အဆင့်တစ်ယောက်ပင် ဖြစ်သော်လည်း ယခုအချိန်တွင် ဟင်းရည်သောက်ပြီးသည့်အချိန်၌ အဆင့်ချိုးဖောက် တက်ရောင်နိုင်ရန် နီးကပ်လာခဲ့သည်။
ထိုအရာက တကယ်ကို မယုံန်ိုင်စရာ ကောင်းလှသည်။
"ဒါက တကယ့် ဟင်းပွဲကော ဟုတ်ရဲ့လား"
ထန်းယင်ကလည်း ပန်းကန်လုံး တစ်လုံးစာ ခပ်ယူလိုက်သည်။သူက ပုဖန်၏ ဟင်းပွဲများကို အမြဲတစေပင် ယုံကြည်စိတ်ချမှု ရှိသည်။ထို့ကြောင့်ပင် စိတ်အားထက်သန်စွာပင် ဟင်းရည်ကို သောက်လိုက်သည်။သူ ဟင်းရည်သောက်ပြီးသွားသည်နှင့် နောက်ထပ်တစ်ပန်းကန် ထပ်လိုချင်သွားသည်။
ပုဖန်က သူ၏ မူလနေရာ၌ပင် ရပ်နေပြီး မျက်မှောင် ကြုတ်ခါ မေးစေ့ကို ပွတ်နေသည်။သူ၏ အမူအရာကြောင့် အနားပတ်ဝန်းကျင်၌ ရှိနေသော သူများက သူအတွေးများကို အနှောင့်အယှက်မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း နေကြသည်။
ရှားပါးလှသော ကံကြမ္မာအိုးဟင်းပွဲကြောင့် လူတိုင်းက ပုဖန်အပေါ် ပို၍ လေးစားလာကြသည်။လျှင်မြန်စွာပင် ပုဖန်၏ တွန့်ချိုးထားသော မျက်ခုံးများ ပြေလျော့သွားပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားသည်။
စနစ်က ရှားပါးလှသော ကံကြမ္မာအိုး ဟင်းပွဲကို အသိအမှတ်ပြုလိုက်သောကြောင့် သူစိတ်လှုပ်ရှားနေမိသည်။ဒါက သူ၏ တတိယမြောက် ဟင်းပွဲ အသိအမှတ်ပြု ခံရခြင်း ဖြစ်သည်။သူကစနစ်က ပေးအပ်ထားသော မစ်ရှင်ကို ပြီးမြောက်သွားလေပြီ ပုဖန်က သူ၏ ပါးကို ပုတ်လိုက်ပြီး သက်ပြင်း တစ်ချက်မှုတ်ထုတ်လိုက်သည်။
သူလည်း စွပ်ပြုတ်တစ်ပန်းကန်လုံး သွားခပ်လိုက်ပြီး မီးခြင်္သေ့ အသားဖတ်လေးကို ကောက်ယူလိုက်သည်။ထိုအသားဖတ်က လတ်ဆတ်ပြီး အလွန်နူးညံ့လှသည်။အသားကို ကောင်းမွန်စွာ ချက်ပြုတ်ထားပြီ ဖြစ်သော်လည်း မချက်သေးခင်ကကဲ့သို့ပင် အသားပေါ်ရှိ သွေးကြော လှိုင်းလေးများကို မြင်နေရပေသည်။
ထို့အပြင် မီးခြင်္သေ့၏ အသားကို ချက်ပြုတ်ထားပြီးသည့်နောက် တစ်ခြားအသားများထက်ပင် ပို၍ အရသာရှိနေပေသည်။အဘယ့်ကြောင့် ဆိုသော် ပုဖန်က ချက်ပြုတ်သည့်နေရာတွင် မီးခြင်္သေ့၏ အသားကို အိုးအောက်ခြေ၌ ထည့်ထားခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့် မီးခြင်္သေ့အသားက အချိန်ကြာမြင့်စွာ ချက်ပြုတ်ထားသလို ဖြစ်ပြီး ပို၍ အရသာရှိနေခြင်းဖြစ်သည်။သူက အသားကို ကိုက်ဝါးလိုက်ပြီး ဟင်းရည်တစ်ငုံ သောက်လိုက်သည်။ထိုအတိုင်းပင် အဆက်မပြတ်စားနေမိ၏။
ပုဖန်က သက်တောင့်သက်သာ ရှိနေပြီး မမျှော်လင့်ထားသော စိတ်ကျေနပ်မှု တစ်ချို့ကိုပါ ခံစားရလေသည်။
လက်ရှိအချိန်၌ အနောက်ပိုင်း ဆန်းကြယ်မြို့တော်၏ အပြင်ဘက် မြင်ကွင်းက အလွန် ဆူညံနေသည်။ မြို့တံတိုင်းပေါ်ရှိ စစ်သည်တော်များက စစ်စခန်းများရှိရာဆီသို့ လှမ်းကြည့်နေကြသည်။
လူအများက စားကောင်းသောက်ဖွယ်များ စားသောက်ပြီး ပျော်ရွှင်နေသည့် အသံများကို သူတို့ အတိုင်းသား ကြားနေရပေသည်။ဒါက အလွန်ပင် ရက်စက်လွန်းလှသည်။
အခြားသူများက စားကောင်းသောက်ဖွယ်များ ပျော်ရွှင်စွာ စားသောက်နေသည့် အချိန်တွင် သူတို့က အေးစက်လှသည့် မြို့တံတိုင်းပေါ်တွင် ကင်းလှည့်နေရသည်။
“သူတို့လည်း အခြားသူများနှင့် အတူတကွ ပူနွေးသော စွပ်ပြုတ်ရည်ကို သောက်သုံး၍ အရသာရှိလှသော အသားများကို စားသုံးရလျှင် ဘယ်လောက်များ ကောင်းလိုက်မလဲ …”
မြို့အတွင်းဘက် မြို့တံတိုင်း၏ အောက်ခြေ၌ အရိပ်များက မြို့တံတိုင်းအနားသို့ ချည်းကပ်လာကြသည်။ထိုသူများက စစ်သူကြီး မိုလင်း၏ လက်ရွေးစင်တပ်ဖွဲ့မှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
မြို့တံတိုင်းက အလွန်ပင် မြင့်မားလှသော်လည်း ထိုသူများက အားစိုက်ထုတ်မှုပင် မရှိပဲ တွယ်တက်လာကြသည်။ထိုသူများက အိမ်မြှောင်ကဲ့သို့ပင် ခိုးကြောင် ခိုးဝှက်ပင် မြို့တံတိုင်းပေါ်သို့ အလျင်အမြန် တွယ်တက်လာကြသည်။
မြို့တံတိုင်းပေါ်တွင် ရှိနေသော အစောင့်စစ်သည်က စစ်စခန်းဆီမှ အကြည့်လွှဲလိုက်သည့် အချိန်တွင် သူ၏ အရှေ့၌ လူရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။ထိုအစောင့်က ဒေါသတကြီးဖြင့် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
သို့သော်လည်း ပို၍ လျှင်မြန်သော ဓားချက်တစ်ချက်က အစောင့်၏ လည်ပင်းပေါ်သို့ ရောက်ရှိသွားသည်။တိုက်ခိုက်သံများ ဆူညံစွာဟထွက်ပေါ်လာလေသည်။
မြို့တံတိုင်းပေါ်ကို တွယ်တက်လာကြသော ပုံရိပ်များက စက္ကန့်ပိုင်းအတွင်းမှာပင် မြို့တံတိုင်းပေါ်ရှိ အစောင့်များနှင့် အနီးကပ်တိုက်ခိုက်နေကြသည်။ မြှား၏ တိုက်ခိုက်မှုများက ပို၍ အင်အားကြီးမားလှသည်။ကျွမ်းကျင်သူများ အဖို့ သာမန်အစောင့်တစ်ယောက်ကို လှုပ်ရှားမှု အနည်းငယ်အတွင်းမှာပင် ဇီဝှိန် ခြွေနိုင်ပေသည်။
"ဒေါင် ဒေါင် ဒေါင် "
မြို့အတွင်းဘက် မြို့တံတိုင်းအောက်ခြေမှနေ၍ အချက်ပေး ခေါင်းလောင်းသံက ဆူညံစွာ ထွက်ပေါ်လာသည်။ထိုခေါင်းလောင်းသံအရ မြို့ကို ရန်သူများ ဝင်ရောက်စီးနင်းပြီး ဖြစ်ကြောင်း သံသယရှိစရာပင် မလိုအပ်တော့ပေ။
မြို့တံတိုင်းပေါ်မှ အစောင့်များကို သတ်ဖြတ်နေကြသော ကျွမ်းကျင်သူများက မြို့အတွင်းဘက် မြို့တံတိုင်းအောက်ခြေသို့ လျှင်မြန်စွာ ပြေးဆင်းလာကြသည်။သူတို့၏ ရည်ရွယ်ချက်က မြို့တံခါးကို ဖွင့်လှစ်ရန်ပင် ဖြစ်သည်။
အနောက်ပိုင်း ဆန်းကြယ်မြို့တော်၏ ပထမတပ်ဖွဲ့မှ စစ်သည်တော်များက ရန်သူများကို ပြန်လည် တုံ့ပြန် တိုက်ခိုက်လိုက်ကြသည်။အစောပိုင်း အချိန်တွင် သူတို့က မြို့တံခါးကို ဂရုတစိုက် ကြည့်နေခြင်း မရှိသော်လည်း ရန်သူများ တိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ပြန်လည် တုံ့ပြန်နိုင်စွမ်း ရှိကြသည်။
မကြာခင်မှာပင် မြို့တံခါးအနီး၌ ရှူပ်ထွေးလှသော တိုက်ပွဲများ ဖြစ်ပွားလာသည်။
ဘုန်း ဘုန်း ဘုန်း.......
အနောက်ပိုင်း ဆန်းကြယ်မြို့တော်၏ အိုဟောင်းလှပြီ ဖြစ်ဆသာ မြို့တံခါးက ကြီးမားလှသော သားရဲတစ်ကောင် ဝင်၍ တိုးနေသကဲ့သို့ပင် လှုပ်ခါနေ၏။ မြို့တံခါး၏ အပြင်ဘက်၌ ပုံရိပ်သုံးရုပ်က လေထဲတွင် ပျံဝဲနေသည်။ထိုထဲမှ တစ်ဦးက သူ၏လက်သီးကို မြှောက်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် များပြားလှသော စွမ်းအင်များက စုစည်းလာပြီး ကြီးမားလှသော လက်သီးပုံစံ ရောင်ပြန်ဟပ်လာခါ မြို့တံခါးကို ပြင်းပြင်းထန်ထန် ထိုးနှက်ချလိုက်သည်။
တတိယမြောက် လက်သီးချက် အရောက်၌ မြို့တံခါးက ပြိုပျက် ပွင့်သွားလေသည်။
အနောက်ပိုင်းဆန်းကြယ် မြို့တော် အတွင်း၌ စစ်ပွဲကြွေးကြော်သံများနှင့် သတ်ဖြတ်ရာမှာ ထွက်ပေါ်လာသော အော်ဟစ်သံများနှင့် ဆူညံ ပွက်လော ရိုက်သွားပြီး စားသောက်ပွဲ ပြီးစီးခါစ စစ်သည်တော်များကလည်း အားအင် ပြည့်ဝတက်ကြွစွာဖြင့် ရှိနေကြသည်။
အနောက်ပိုင်းဆန်းကြယ်မြို့တော်၏ မြို့သခင် ခုန်းယောင်နှင့် စစ်သူကြီး ခုန်းရွှမ်တို့၏ အမူအရာက လျှင်မြန်စွာပင် ပြောင်းလဲသွားသည်။ သူတ်ို့နှစ်ယောက်က မြို့တံခါး ရှိရာဆီသို့ ချက်ချင်းပင် ပြေးထွက်သွားကြလေ၏။
ဒယ်အိုးအကြီး၏ ဘေးတွင် ထိုင်နေသော နီယန်က ပူလောင်လှသော စွပ်ပြုတ်ကို ပျော်ရွှင်စွာပင် သောက်၍ နူးအိလှသော အသားဖတ်လေးများကို စားသောက်နေပေသည်။သူမက အော်ဟစ်ကြွေးကြော်သံများနှင့် သတ်ဖြတ်သည့် အသံများကို သိသာစွာပင် လျစ်လျူ ရှူထားလေသည်။
သို့သော်လည်း ပုဖန်က မြို့တံခါးရှိရာဆီသို့ သင်္ကာမကင်းဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ထိုနေရာ၌ တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများက မီးပွားများကဲ့သို့ ဆက်လက် ဖြစ်ပွားနေပေသည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now