376 - 380

384 27 4
                                    

အခန်း ၃၇၆
ဘလက်ကီ၏ သာယာမှုစတင်ခြင်း

"ဘာကိစ္စလဲ......"

အသက်လတ်ပိုင်းလူကြီးက ဖြေးညှင်းစွာ  မျက်လုံးဖွင့်လိုက်ချိန်၌ သူ့မျက်လုံးမှ အလင်းရောင်များ ဖြာထွက်လာသည်။

အကြည့်တစ်ချက်ကပင် ပေကုန်းမင်ကို ကြောက်လန့်တကြားဖြစ်စေသည်။ ထိုအကြည့်က သူ့တစ်ကိုယ်လုံး‌ကိုဖောက်ထွက်သွားမလိုပင် ခံစားမိသည်။

ခေါင်းဆောင်ဖန်း က မဟာဂိုဏ်းမှ အကျွမ်းကျင်ဆုံးသော စွမ်းအင်ရှင်အဖြစ် စေလွှတ်ခြင်းခံခဲ့ရပြီး ပေကုန်းမင်တပ်ဖွဲ့၏ အကြီးအကဲဖြစ်သည်။သူ၏ စွမ်းအင်ကျင့်ကြံစဉ်သည် ပေကုန်းမင်ထက် ပိုမိုအဆင့်မြင့်သဖြင့် ပေကုန်းမင်မှ သူ့အား မျက်လုံးခြင်းပင်ယှဉ်မကြည့်ရဲပေ။

"ခေါင်းဆောင်ဖန်း ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို လေ့ကျင့်ရေးကွင်းထဲမှာတွေ့ခဲ့တယ်......."

ပေကုန်းမင်က သူခံစားခဲ့ရသည့် မကျေမနပ်ခံစားချက်များကို ပြန်သတိရသွားပြီး ခါးသီးသော ခံစားချက်များပင် တဖန်ပြန်လည်ခံစားမိလာသည်။

သူ၏စွမ်းအင်အဆင့်နှင့်ပြန်လည် လက်စားချေရန်မဖြစ်နိုင်သေးပေ။ထို့အပြင် ကောင်းကင်ကမ္ဘာမြေမီးတောက်ကျောက်ကို ယူဆောင်ခဲ့သည် ကောင်လေးသည် အစွမ်းထက်သော သံစက်ရုပ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ထိုသံစက်ရုပ်က တစ်ပြိုက်နက်တည်းပင် တန်ခိုးရှင်ငါးဦးဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော အစွမ်းရှိလေ၏။

အကယ်၍ သူသာ တန်ခိုးရှင်တစ်ယောက်ထဲကိုရင်ဆိုင် တိုက်ခိုက်ရပါက ထိုတန်ခိုးရှင်အား မွစာကြဲသည့်အထိ တိုက်ခိုက်နိုင်ပေလိမ့်မည်။

ပေကုန်းမင်က  သက်ပြင်းချကာ မီးတောက်အကြောင်းကို တင်ပြလိုက်သည်။

ပေကုန်းမင်၏ တင်ပြသံကြားပြီးနောက် ခေါင်းဆောင်ဖန်း၏ မျက်လုံးအရောင်တောက်သွားသည်။

သူမျက်လုံးက ထက်ရှသွားကာ အရာရာကိုထိုးဖောက်ခွဲနိုင်သည့်အထိ ဖြစ်နေသည်။

ထိုအကြည့်ကြောင့် ပေကုန်းမင် အသက်ပင်ပြင်းပြင်းမရှုရဲတော့ချေ။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now