အခန်း ၄၅၆
တိုက်ခိုက်မှုနှင့်တုန်လှုပ်မှု...
"မီရှ ငါတို့ အာရုံခံမိတာ ဒီနေရာလား..."
သွေးနီရောင် ဝတ်စုံဝတ်ဆင်ထားသည့် သူက သူ့ဘေးနားမှ လူကို တည်ငြိမ်အေးဆေးစွာဖြင့် လှမ်းပြောလိုက်သည်။သူတို့က ကျွန်းတစ်ခုပေါ်ရှိ တောင်ထိပ်၌ ရပ်နေကြသည်။ထိုတောင်၏ အလယ်က ဟောင်းလောင်းပေါက်ကြီး ဖြစ်နေပြီး အထဲ၌ ကျောက်ရေပူများ ပွက်ပွက်ဆူနေသည်။
ထိုကျောက်ရေပူများမှ ထွက်လာသော အခိုးအငွေ့များက ကောင်းကင်ပေါ်သို့ လွင့်တက်နေပြီး သိပ်သည်းထူထပ်လှသော အနက်ရောင်အခိုးအငွေ့အစိုင်အခဲကို ဖြစ်ပေါ်စေသည်။
မီရှ၏ အကြည့်များက စူးရှ နက်ရှိုင်းလှသည်။သူက အနက်ရောင် အခိုးအငွေ့များကို ဖြတ်ပြီး ကျောက်ရေပူအတွင်းထဲ၌ မည်သည့်အရာ ရှိနေသည်ကို ထိုးဖောက်မြင်နေရသကဲ့သို့ပင် ထင်ရသည်။
"ဟုတ်တယ်...ဒီနေရာပဲ ...ငါရှုရမျှော်စင်ရဲ့ အော်ရာကို အာရုံခံမိတယ်..."
မီရှ၏ အသံက စိတ်လှုပ်ရှားမှုများပျော်ဝင်နေပြီး ခန္ဓာကိုယ်ပင် အနည်းငယ်တုန်ယင်နေသည်။မီရှ၏ အဖြေကို ကြားသည်နှင့် ဘေးနားမှလူလည်း စိတ်လှုပ်ရှားလာသည်။ရှုရမျှော်စင်က သူတို့ ရှေးဟောင်းရှုရမြို့တော်၏ အမှတ်အသားတစ်ခုပင်ဖြစ်သည်။
အကယ်၍ သူတို့၏ ရှုရမျှော်စင်သာ ကျိုးပဲ့သွားခြင်းမရှိပါက သူ့၏ အစိတ်အပိုင်းများက ကုန်းမြေတိုက်ကြီး၏ နေရာဒေသအသီးသီးသို့ ပြန့်ကျဲသွားလိမ့်မည်မဟုတ်ပေ။
၄င်း၏ အင်အားက အလွန်ပင် ထူးခြားလှသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ကျော်ကြားလှသည့် ပုန်းကွယ်နဂါး တော်ဝင်အဖွဲ့အစည်းနှင့်ပင် ယှဉ်နိုင်လေသည်။
ရှုရမျှော်စင်ပျောက်ဆုံးသွားပြီးနောက် ရှေးဟောင်းရှုရမြို့တော်ကို ပထမတန်းစားဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်နိုင်သေးသော်လည်း ထိပ်တန်းဂ်ိုဏ်းကြီးတစ်ခုအဖြစ် မသတ်မှတ်နိုင်တော့ပေ။ထိုကိစ္စရပ်က ဂိုဏ်းအတွင်းရှိသော ကျွမ်းကျင် ပညာရှင်ပေါင်းများစွာကို ပူဆွေးနောင်တရစေခဲ့သည်။
ထိုဖြစ်ရပ်က လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ထို့အပြင် ထိုရှုရမျှော်စင် အပိုင်းအစတစ်ခုကိုလည်း သူတို့ဂိုဏ်းမှ တပည့်တစ်ယောက်က ခိုးယူသွားခဲ့လေသည်။
ရှေးဟောင်းရှုရမြို့တော်အတွက် ကြီးမားသည့် အရှက်ကွဲမှုပင် ဖြစ်ပြီး လုံးဝ ခွင့်မလွှတ်နိုင်စရာပင်ဖြစ်သည်။ဒီတစ်ကြိမ်၌ သူတို့က ရှုရမျှော်စင်ကို လိုက်ရှာပြီး ပြန်၍ သယ်ဆောင်သွားရမည်ဖြစ်သည်။
ယခု တည်နေရာကိုအာရုံခံမိလေရာ မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေပါမည်နည်း။
"ဒီမှာ ကျောက်ရေပူတွေ စီးဆင်းနေတာဆိုတော့ ငါတို့ အဲ့ဒီထဲကို တိုက်ရိုက်ခုန်ဆင်းလိုက်ရင် အဆင်ပြေပါ့မလား..."
"ဒါက ကျောက်ရေပူလေးပဲလေ ဘာမှ ကြောက်စရာမလိုဘူး...ပြီးတော့ အဲ့ဒီကျောက်ရေပူအောက်မှာ ရှုရမျှော်စင်ကို ထိန်းချုပ်ဖို့ တစ်စုံတစ်ယောက်ရှိတယ်လို့ ငါခံစားရတယ် ...ငါတို့ မြန်မြန်လုပ်ရမယ် အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင် ရှေးဟောင်းရှုရ မြို့တော်က မဟုတ်တဲ့ လူတစ်ယောက်က ရှုရမျှော်စင်ကို ထိန်းချုပ်သွားနိုင်လိမ့်မယ်...အဲ့ဒီလိုသာဆိုရင်တော့ ငါတို့ ရှုရမြို့တော်အတွက် အိပ်မက်ဆိုးဖြစ်သွားလိမ့်မယ်..."
မီရှက စကားဆုံးသည်နှင့် ကျောက်ရေပူထဲသို့ ခုန်ဆင်းသွားလိုက်သည်။
ဗွမ်း....
မီရှက အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ပြီး သူ့၏ အရေပြားခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံ ထားလိုက်ပြီး ကျောက်ရေပူထဲ တဖြေးဖြေးနစ်မြှုပ်သွားလေသည်။ဘေး၌ ရပ်ကျန်နေခဲ့သော တစ်ယောက်ကလည်း သက်ပြင်းချလိုက်ပြီး မီရှနောက်မှ ခုန်ဆင်းသွားလိုက်သည်။
.....
သွေးများ ပြန့်ကျဲသွားသည်။နောက်ထပ် သိုင်းပညာရှင်တစ်ယောက် နန်ကုန်းရွှမ်ဟယ်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြန်သည်။ထိုသူစီမှ စီးဆင်းလာသော သွေးများက မြေပြင်ပေါ်၌ အိုင်ငယ်တစ်ခုပင် ဖြစ်နေပေသည်။နန်ကုန်းရွှမ်ဟယ်က ရက်စက်ကြမ်းကြုတ်သော အကြည့်များဖြင့် တခြားသူများကို ဝေ့ဝဲကြည့်လိုက်သည်။
အတားအဆီးတစ်ခုသာ ချိုးဖျက်ထားသည့် ပညာရှင်များက သူ့၏ နတ်ဆိုးလက်သည်းချီသစ်ပင်ကို လာရောက်လုယူရဲပေသည်။သူတို့ အသက်ရှင်ရတာ ပင်ပန်းနေပြီထင်သည်။
"သူတို့က ငါနန်ကုန်းရွှမ်ဟယ်ကို ကြောင်အိုကြီးလို့ ထင်နေတာလား...."
နန်ကုန်းရွှမ်ဟယ်၏ ခန္ဓကိုယ်မှ သတ်ဖြတ်ခြင်းအငွေ့အသက်များက သိပ်သည်းစွာ ထွက်ပေါ်လာပြန်သည်။သူကဆက်လက်၍ အညှာတာမဲ့စွာသတ်ဖြတ်နေသည်။သူ့၏ အပြုအမူက ကျန်နေသည့် ပညာရှင်များကို ကြောက်ရွံ့သွားစေသည်။ကျန်နေသည့် အနည်းငယ်သော သိုင်းပညာရှင်များက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည်။သူတို့၏ မျက်ဝန်းများထဲ၌လည်း စ်ိုးရိမ်ပူပန်မှုများ ပြည့်နှက်နေ၏။
သူတို့က နန်ကုန်းရွှမ်ဟယ်ကိုသာ သတိထားနေရခြင်းမဟုတ်ပဲ တစ်ယောက်ကိုတစ်ယောက်လည်း သတိထားနေရပေသည်။သူတို့အားလုံး၏ အမူအရာက တူညီနေပြီး တိုက်ခိုက်မှုကို ရပ်တန့် လိုက်ကြသည်။လေထုထဲ၌လည်း စိတ်ဝိညာဉ်အနှစ်သာရအငွေ့အသက်များ ပို၍ သိပ်သည်းလာလေပြီ။
မကြာခင်အချိန်အတိုအတွင်းမှာပင် နတ်ဆိုးလက်သည်းချီသစ်ပင်မှ သစ်သီးက မြေပြင်ပေါ်သို့ ပြုတ်ကျတော့မည်။အားလုံး၏ အကြည့်များက လောဘများဖြင့် တောက်ပြောင်လာသည်။နန်ကုန်းရွှမ်ဟယ်၏ မျက်ဝန်းများကလည်း ကျွတ်ထွက်မတက်ပင် ပြူးကျယ်နေလေသည်။
သူတို့လို အဂ္ဂိရတ်ပညာရှင်များအတွက် ထူးကဲ့သည့် သက်စောင့်ဆေးများကို သန့်စင်ရန်က အလွန်ပင်ခက်ခဲလှသည်။ထပ်လောင်းပြောရမည်ဆိုလျှင် ထိုထူးကဲသည့် သက်စောင့်ဆေးများ ဖော်ရန်အတွက် ပါဝင်ပစ္စည်းများကို ရှာဖွေရသည်က ပို၍ပင် ခက်ခဲလေသည်။
ထို့ကြောင့် အဆင့် ၄ စိတ်ဝိညာဉ် သက်စောင့်ဆေးကို သန့်စင်ရန်အတွက်ဆိုလျှင် ပါဝင်ပစ္စည်းများကို ရှာဖွေရန်က အလွန်တရာပင် ခက်ခဲနေလေသည်။ဒီသစ်သီးကိုရလိုက်လျှင် ဆေးကောင်းကင်မြို့တော်သို့ ကောင်းကင်တမျှပင် မြင့်မားလှသည့် စျေးနှုန်းဖြင့် ရောင်းချနိုင်ပေမည်။
ဒီသစ်သီးက ကောင်းကင်ဆေးမြို့တော်နှင့် တောက်ပ ကောင်းကင်မြို့တော်တို့အတွက် ပင်လျှင် အလွန်ရှာဖွေရန် ခက်ခဲသည့် ပစည်းဖြစ်သည်။
ကောင်းကင်ဘုံအဆင့် ပစ္စည်ူများနှင့် ကမ္ဘာအဆင့်ရတနားများက အလွန်ပင် ရှားပါးပြီး ရှာဖွေရန်ခက်လှသည်။
ခပ်ဝေးဝေးတွင်ရပ်နေသော ပုဖန်က အနည်းငယ်မျှပင် လှုပ်ရှားမှုမလုပ်ပဲ သူတို့အားလုံးကို ကြည့်နေသည်။ထိုသစ်သီးကို အနည်းငယ်စိတ်ဝင်စားခြင်းမျိုးပင် မဟုတ်ပဲ တကယ့်ကို အလေးအနက် စ်ိတ်ဝင်စားနေပေသည်။
ကောင်းကင်ဘုံအဆင့် နတ်မင်းစွေ့စွေ့ခုန်စွပ်ပြုတ်ကို ချက်ဖို့ လိုအပ်ပေသည်။ထို့ကြောင့် နတ်ဘုရားအဆင့် စိတ်ဝိညာဉ် ဆေးပင်များကို မည်သည့်နည်းနှင့်မှ လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။သို့သော်လည်း ဗရမ်းဗတာ ကသောင်းကနင်း တိုက်ခိုက်မှုများထဲ ပါဝင်ရမည်ကိုတော့ သူစိတ်မဝင်စားပေ။
နန်ကုန်းဝူချယ်က သူ့ ဘေးပတ်ပတ်လည်၌ရှိနေသော သိုင်းပညာရှင်များကို ခြိမ်းခြောက်နိုင်လိုက်ပြီဟု ယုံကြည်လေသည်။ထို့နောက် သူ့၏ အကြည့်များက ပုဖန်ရှိရာဆီသို့ ကျရောက်သွားသည်။ထိုကောင်စုတ်လေးကို သူသတ်ချင်သည်မှာကြာခဲ့ပေပြီ။
ယခုလို ရှားပါးသည့်အခွင့်အရေးမျိုးကို သူလက်လွတ်ခံလိမ့်မည်မဟုတ်ပေ။သစ်သီးရင့်မှည့်လာဖို့ အချိန်အနည်းငယ်လိုသေးလေရာ ယခုအချိန်၌ ထိုကောင်စုတ်လေးကို သွား၍ သတ်ရပေမည်။နန်ကုန်းရွှမ်ဟယ်၏ အော်ရာများက ပို၍ တိုးပွားလာပြီး သူ့၏ သတ်ဖြတ်ခြင်းအငွေ့အသက်များအားလုံးက ပုဖန်စီသို့ စုပြုံ ကျရောက်သွားသည်။
သဲများနှင့် ကျောက်ခဲများအားလုံး ကွဲကြေပြန့်ကျဲသွားပြီး ကျွန်းကြီးတစ်ခုလုံးပင် လှုပ်ခါလာသည်ဟု ထင်ရသည်။နန်ကုန်းရွှမ်ဟယ်၏ အော်ရာများ မြင့်တက်လာသည်နှင့် တစ်ပြိုင်နက် သူ့နောက်ကျောဘက်၌ရှိနေသော သံကြိုးနှစ်ခုကလည်း တစ်ခုနှင့်တစ်ခု ရိုက်ခတ်ကာအေးစက်လှသော ကြောက်မက်ဖွယ်ရာ တချွမ်ချွမ်အသံများကို အဆက်မပြတ် ထုတ်လွင့်နေလေသည်။
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ မျက်ဝန်းထဲ၌လည်း အေးစက်လှသည့် အလင်းတစ်ချက် ဖျက်ခနဲ လက်သွားသည်။ဒီ ခွေးအိုကြီးက သေချင်နေပေပြီ။
ဝှိုက်တီ၏ မျက်ဝန်းများက ခရမ်းရောင်တောက်ပလာ၏။
ဝှစ်...
ဝှိုက်တီ၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်လာသည်။ဝှိုက်တီ ရှေ့သ်ို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် နန်ကုန်းရွှမ်ဟယ်ဆီသို့ ဦးတည်လိုက်သည်။ပုဖန်တန်ခိုးရှင်အဆင့်ကို ချိုးဖောက်ပြီးကတည်းက ဝှိုက်တီ၏ တိုက်ပွဲစွမ်းရည်များက ပ်ိုမိုမြင့်တက်လာခဲ့သည်။အဆင့် ၂ ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့်ကို တိုက်ခိုက်ရန် သူအလုံအလောက် သန်မာနေပေပြီ။
နန်ကုန်းရွှမ်ဟယ်၏ အကြည့်များက ရေခဲတမျှ အေးစက်လာပြီး သူ့၏ လက်ဖဝါးကို မြှောက်လိုက်သည်။သူ့၏ မြှောက်လိုက်သော လက်ဖဝါးမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီးနောက် ဝှိုက်တီဆီသို့ တိုက်ခိုက်မှု တစ်ခုပြုလုပ်လိုက်သည်။
သူတို့ နှစ်ယောက်၏ တိုက်ပွဲကို ကြည့်၍ ပတ်ဝန်းကျင်၌ရှိနေသော သိုင်းပညာရှင်များအားလုံးက လှောင်ပြောင်ဟန်ပြုံးလိုက်သည်။သူတို့ နန်ကုန်းရွှမ်ဟယ်ကို မုန်းတီးကြသလို ဒီနေရာသို့ ဦးဆောင်ခေါ်လာသည့် ပုဖန်ပေါ်၌လည်း အမြင်ကောင်းမရှိပေ။ပုဖန်ကြောင့်သာမဟုတ်လျှင် သူတို့နန်ကုန်းရွှမ်ဟယ်နှင့် တွေ့ပြီး ထိုကဲ့သို့ ခါးသီးလှသည့် တိုက်ပွဲကို ဆင်နွှဲရမည်မဟုတ်ပေ။
ထို့အပြင်ပုဖန်၏ လက်ထဲ၌ သလင်းကျောက်အရင်းအမြစ်လည်းရှိနေပေသေးသည်။ထိုသလင်းကျောက်အရင်းအမြစ်ထဲ၌ သေချာပေါက် တန်ဖိုးရှိသည့် ရတနာ ပါဝင်နေပေလိမ့်မည်။
ပြင်းထန်လှသောပေါက်ကွဲသံများ ထွက်လာပြီးနောက် လေပြင်းများက ပတ်ဝန်းကျင်တစ်ခွင်ကို ရိုက်ခတ်သွားသည်။
ထိုလေပြင်းတစ်ချက်က နန်ကုန်းရွှမ်ဟယ်၏ ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်သလိုမျိုး အနောက်သို့ လွင့်စင်သွားသသည်။သူသူ့၏ မျက်ဝန်းများကျဉ်းမြောင်းသွားပြီး လေအေးတစ်ချက်ရှုရှိုက်လိုက်မိသည်။သူမြေပြင်ပေါ်သို့ ပြင်းထန်းစွာ ပြုတ်ကျသွားပြီး နှစ်ပတ်သုံးပတ်ခန့် လိမ့်သွားပြီးမှ ရပ်တန့်သွားလေသည်။
"ဒီရုပ်သေးက ဘာလဲ..."
ထိုရုပ်သေးက အဆင့် ၂ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့်ပညာရှင်ကိုပင် တကယ်တိုက်ခိုက်နိုင်နေပေသည်။
"ဒါ ဘယ်လိုတောင် ထူးခြားဆန်းကြယ်တဲ့ အရာလဲ ... ဟိုလူရမ်းကားကောင်လေးက ရုပ်သေးဂိုဏ်းရဲ့ အဆင့်မြင့်အဖွဲ့ဝင်လား..."
သို့ဆသ်ာလည်း ထိုအချက်က မဖြစ်နိုင်ပေ။ရုပ်သေးဂိုဏ်းမှ လူများက အလွန်ပင် မဲမှောင်နေပြီး သူတို့၏ အမူအရာများက တခြားသူများနှင့် ကွဲပြားခြားနားနေကာ ထိုကောင်လေး ကဲ့သို့ မဟုတ်ပေ။
ထို့အပြင် သူရှေ့မှ သံတောင်ရုပ်သေးက ရုပ်သေးဂိုဏ်းမှ ရုပ်သေးများနှင့် လုံးဝ ကွဲပြားနေသည်။ဝှိုက်တီ၏ ခန္ဓာကိုယ်ပေါ်မှ အစီအရင်က အလင်းများစတင်တောက်ပလာသည်။သူ့၏နောက်ကျောမှ တောင်ပံတစ်စုံကလည်း တချွမ်ချွမ်အသံများနှင့်အတူ ပြန့်ကားလာသည်။
ဝှိုက်တီ ထုတ်ဖော်လိုက်သော အော်ရာများက အလွန်ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် တခြားပညာရှင်များ၏ မျက်နာအမူအရာက စိုးရိမ်တကြီးဖြစ်သွားသည်။အထူးသဖြင့် နန်ကုန်းရွှမ်ဟယ်ဖြစ်သည်။
ထိုရုပ်သေး၏ တိုက်ခိုက်မှု စွမ်းအင်များက ယခုကဲ့သို့ အားကောင်းနေပါလျှင် သူ့၏ လက်ထဲမှနေ၍ နတ်ဆိုးလက်သည်းချီသစ်ပင်၏ သစ်သီးကို လုယူသွားနိုင်ပေသည်။
"သေစမ်း..."
ထိုလူရမ်းကားကောင်လေး၏ အကြံအစည်များက အောင်မြင်လုနီးပါးဖြစ်နေပေသည်။နန်ကုန်းရွှမ်ဟယ် အလွန် ဒေါသထွက်လာသလို ကြောက်ရွံ့မှုများလည်း ဖြစ်တည်လာသည်။သူထိုကောင်စုတ်လေး၏ အကြံအစည်များကို စောစောစီးစီးရှာဖွေတွေ့ရှိခဲ့သည်က ကံကောင်းလှသည်။
ရုတ်တရက် ကောင်းကင်နှင့် ကမ္ဘာမြေ၏ စိတ်ဝိညာဉ် စွမ်းအားများ မြင့်တက်လာသည်။ကျယ်လောင်သော မြည်ဟီးသံများဖြစ်ပေါ်လာပြီး နတ်ဆိုးလက်သည်း ချီသစ်သီးက ပြင်းထန်စွာ လှုပ်ရမ်းလာသည်။
အချိန်ခဏမျှ လှုပ်ခါနေပြီးနောက် တောက်ပသည့် အလင်းရောင်လေးများ ထုတ်လွင့်လာ၏ ထို့နောက်ကြွေကျလာလေသည်။
ပတ်ဝန်းကျင်၌ ရှိနေသော ပညာရှင်များအားလုံး၏ အော်ရာကလည်းရှိန်ထိုးမြင့်တက်လာသည်။သူတို့က ထိုသစ်သီးကို စူးစိုက်ကြည့်နေပြီး သူတို့၏ နှလုံးသားထဲ၌ မီးတောက်များ တောက်လောင်သလို ခံစားလိုက်ရသည်။
ဝှစ်...
သူတို့အားလုံးအလျှင်စလို လှုပ်ရှားလိုက်ကြသည်။အားလုံးက နတ်ဆိုးလက်သည်း ချီသစ်သီးရှိရာဆီသို့ ပြေးဝင်သွားသည်။သစ်သီးက တစ်လုံးတည်ရှိလေရာ သူတို့အားလုံး တိုက်ခိုက်ယူရပေမည်။
ဝှ်ိုက်တီလည်း တိုက်ပွဲထဲ ဝင်ပါလာသည်။နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်များအားလုံး အလင်းရောင်လေးများ တောက်ပနေသည့် သစ်သီးရှိရာဆီ ပြေးဝင်သွားသည့် မြင်ကွင်းက အလွန်ထိတ်လန့် တုန်လှုပ်စရာကောင်းလှ၏။
သို့သော်လည်း တစ်ခြားသူများကဲ့သို့ မဟုတ်ပဲ ပုဖန်က ထိုအချိန်၌ ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားလိုက်ရသည်။သူ ခပ်လှမ်းလှမ်းမှ ပင်လယ်ပြင်စီသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာက ဒေါသတကြီးဟိန်းဟောက်သံလိုမ်ျိုးထွက်ပေါ်နေပြီး ရေနဂါးတစ်ကောင်ဖြတ်သန်းသွားသကဲ့သို့ လှိုင်းလုံးများ မြင့်တက်နေလေသည်။
"ဘာတြွေဖစ်နေတာလဲ...ဘယ်လိုဖြစ်လို့ ပင်လယ်ပြင်မှာ အဲ့ဒီလောက်လှ်ိုင်းကြမ်းနေတာလဲ..."
ယခင်အေးဆေးငြိမ်သက်နေသော အခြေအနေနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ယခုလက်ရှိ၌ အဆုံးအစမဲ့ ပင်လယ်ပြင်ထဲ ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခု ပေါ်ထွက်လာသကဲ့သို့ပင် ဖြစ်နေသည်။
နတ်ဘုရားနယ်ပယ်ပညာရှင်များအားလုံးက နတ်ဆိုးလက်သည်းချီသစ်သီးအတွက်သာ အသဲအသန်တိုက်ခိုက်နေကြလေရာ ပင်လယ်ပြင်ထဲမှ ထူးဆန်းသောပြောင်းလဲမှုများကို သတိမထားမိကြပေ။
ပုဖန် အနည်းငယ်စ်ိတ်မသက်မသာမှုနှင့် စိုးရိမ်ပူပန်မှုများကို ခံစားနေရသည်။ထိုခံစားချက်များက မည်သည့်အတွက် ဖြစ်ပေါ်လာမှန်းသူမသိပေ။ရုတ်တရက် ပုဖန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။သူမျက်မှောင်ကြုတ်၍ အဝေးတစ်နေရာဆီသို့ စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
လှိုင်းလုံးများကြားမှ ကြီးမားလှသော အနက်ရောင် ရှေးဟောင်း သင်္ဘောတစ်စင်းထွက်ပေါ်လာလေသည်။မြင့်မားလှသော လှ်ိုင်းလုံးကြီးများ ဖုံးလွှမ်းနေသော်လည်း ထိုအနက်ရောင် သင်္ဘောက ငြိမ်သက်နေတုန်းပင်ဖြစ်သည်။
သင်္ဘောက လှိုင်းလုံးများကို ထိုးခွဲ၍ အရှေ့သို့ တဖြေးဖြေးချင်းရွက်လွင့်လာပေသည်။ထိုအနက်ရောင် ရှေးသင်္ဘောကြီးစီမှကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများလည်း လွင့်ပြန့်နေသည်။သင်္ဘောဖြတ်သန်းလာသည့် နေရာတိုင်းက အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။သင်္ဘော၏ ရွက်တိုင်က လေအရှိန်ကြောင့် တဖျက်ဖျက်တုန်ခါသံများ ထုတ်လွင့်နေသည်။
ရုတ်တရက် သူ့၏ အရေပြားအောက်မှ စူးရှနာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ထို့အပြင် သူ့၏ ခန္ဓာကိုယ်တွင်ရှိသော သွေးများက စတင်၍ ပွက်ပွက်ဆူလာသလို ခံစားနေရသည်။
သွေးများက သူ့၏ အရေပြားကိုထိုးဖောက်၍ ထွက်ချင်နေပုံပေါ်သည်။မြေပြင်မှနေ၍ မြောက်များလှစွာသော သွေးအမျှင်တန်းလေးများ မြင့်တက်လာပြီး ရှေးဟောင်းအနက်ရောင် သင်္ဘောကြီးစီသို့ ပျံသန်းသွားလေသည်။
သွေးအမျှင်တန်းများက သင်္ဘောစီသို့ ရောက်သည်နှင့် အထဲသို့ စိမ့်မဝင်သွားခင် အရင်ဆုံး စုစည်းပေါင်းစပ်သွားလေသည်။ထိုမြင်ကွင်းက အနက်ရောင်သင်္ဘောကြီးကို ပို၍ မကောင်းဆိုးဝါးဆန်စေသည်။
ထိုအနက်ရောင်သင်္ဘောစိုက်ကပ်လာသည်နှင့် နတ်ဆိုးလက်သည်းချီသစ်သီးဆီမှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။အစစ်အမှန်စွမ်းအင်များက လေမုန်တိုင်းတစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ထိုပုံစံက ကောင်းကင်တစ်ခုလုံးကိုပင် တိုက်စားပစ်တော့မည့်ပုံပေါ်သည်။
........
အခန်း ၄၅၇
ငရဲကမ္ဘာမှ...အနက်ရောင်ဆံနွယ်ရှည်...
ကျွီ...
သံတံခါးကို နောက်တစ်ကြိမ်ပြန်လည်ဖွင့်လိုက်သောကြောင့် အရင်ကကဲ့သို့ပင် မြည်သံတစ်ခုထွက်ပေါ်လာသည်။နန်ကုန်းဝူချယ် အသက်ရှုရပ်မတက်ပင် ခံစားနေရသည်။သို့သော်လည်း တံခါးပွင့်သွားပြီး အလင်းရောင်လေးဝင်ရောက်လာသည်နှင့် ပြန်လည်၍ ခွန်အားများ ရရှိလာသည်။
ရုတ်တရက် သူထိုလှောင်အိမ်လိုနေရာမျိုးထဲမှ ထွက်ပြေးရန် ကြံရွယ်လိုက်သည်။သို့သော် သူ့၏ ခန္ဓာကိုယ်က ရွေ့လျားခြင်းမရှိပေ။သူ့၏ ခွန်များပြန်လည်ရရှိလာသော်လည်း သူလှုပ်ရှားနိုင်ခြင်းမရှ်ိသေးပေ။တောင်တစ်တောင်လို ဖိအားများ သူ့အပေါ်သို့ သက်ရောက်လာပြန်ပြီး သူအလုအယက် အသက်ရှုရန် ကြိုးစားလိုက်ရသည်။
နန်ကုန်းဝူချယ်၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး ကမန်းကတန်းဖင်ထိုင်ချလိုက်ကာ တွားသွားရန် ကြိုးစားလိုက်သည်။
ထိုအချိန်၌ ရေခဲတမျှအေးစက်ရှုပ်ထွေးနေသော ဆံစများက သူ့၏ လည်ပင်းကို လာထိသလို ခံစားလိုက်ရ၏။သူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ချက်ချင်းခေါင်းလှည့်ကြည့်လိုက်ရာ ရေခဲတမျှ အေးစက်လှသော အကြည့်ဖြင့် စိုက်ကြည့်နေသည့် မျက်နာတစ်ခုကို မြင်လိုက်ရ၏။ထိုမျက်နာက အမူအရာကင်းမဲ့နေပြီး အကြည့်များက အေးစိမ့်လှသည်။
အနက်ရောင်ဆံပင်ရှည်များက လိုက်ကာတစ်ခုသဖွယ် ဖြာကျနေပြီး သူမ၏ အသားအရည်က သွေးမရှိဟု ထင်ရလောက်အောင် ဖြူဖျော့နေလေသည်။နန်ကုန်းဝူချယ် အော်ငိုချင်စိတ်ပင်ပောက်သွားသည်။
"ဒီအမျိုးသမီးက ဘာလို့သူနောက် လိုက်နေတာလဲ...သူက ချောမောနေလို့လား..."
သူတကယ့်ကို ငိုချချင်နေသော်လည်း မျက်ရည်ထွက်မလာပေ။သူ ရပ်တန့်လိုက်ပြီးနောက် အသက်ပင်ရဲရဲမရှုရဲပဲ ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။သူ့၏ အကြည့်များက ထ်ိုအမျိုးသမီး၏ အနက်ရောင်မျက်ဝန်းများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ၌ သူမက ပါးစပ်ကို ဖွင့်ဟလိုက်ပြီး လျှာဖျားလေးထုတ်၍ နှုတ်ခမ်းသပ်လိုက်သည်။
"မင်းဘာလုပ်ဖို့လဲ..."
နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်ထသွားသည်။သူ ရှိသမျှအားကုန်သုံး၍ ထိုစကားများကို အော်ပြောလိုက်သည်။သို့သော် ထိုအမျိုးသမီးက သူ့စကားများကို ဂရုမစိုက်ပေ။သူမ၏ လျှာဖျားက သူ့၏ မျက်နာကိုလာထိလေသည်။အေးစက်လှသော ရေခဲတုံးတစ်တုံး နန်ကုန်းဝူချယ်၏ မျက်နာပေါ် ဖြတ်သွားသလို ခံစားလိုက်ရသည်။
နန်ကုန်းဝူချယ် အံ့အားသင့်သွားသည်။သူအလွန်အမင်းစွံ့အသွားပြီး ခံစားချက်များ အတွေးများ ရှုပ်ထွေးသွားလေသည်။
"သူအခု အတင်းအဓမ္မအနမ်းခံလိုက်ရတာလား...ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ...မင်းရဲ့ စိတ်ထားနဲ့ အပြုအမူက အေးစက်နေတယ်မဟုတ်ဘူးလား..."
ထိုအမျိုးသမီး၏ အနက်ရောင်အမျှင်တန်းတစ်ချို့ ထွက်ပေါ်လာပြီးနောက် နန်ကုန်းဝူချယ်၏ အရေပြားထဲ စိမ့်ဝင်သွားကာ သူ့၏ ခန္ဓာကိုယ်ကို တင်းကျပ်သွားစေသည်။အချိန်အတော်ကြာပြီးနောက် သူမက မတ်တပ်ထရပ်လိုက်သည်။သူမ၏ ခြေဖဝါးက ကြမ်းပြင်မှနေ၍ တဖြေးဖြေးမြင့်တက်လာပြီး လျှပ်စီးတန်းကဲ့သို့ အလျှင်နှုန်းဖြင့် ပြေးထွက်သွားလေသည်။
သူမ ထွက်သွားပြီးသည်နှင့် အခန်းတံခါးက ပြန်လည်ပိတ်ကျသွားလေသည်။နန်ကုန်းဝူချယ်၏ မျက်နာ၌ စိတ်ပျက်မှုများ ပြည့်နှက်နေသည်။သူ ထိုနေရာမှာပင် လဲလျောင်းနေပြီး တိတ်တဆိတ် ငိုကြွေးနေမိ၏။
"သူမက ဘာလုပ်ချင်နေတာလဲ..."
.....
သဘောင်္ပော်မှ အမျိုးသမီး၏ အေးစက်လှသော အကြည့်များကြောင့် ပုဖန်စိတ်ထဲ ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်လာသည်။နောက်ဆုံးတော့ ကြောက်ရွံ့ရခြင်း၏ အရင်းအမြစ်ကို သူရှာတွေ့သွားလေပြီ။သူမက အလွန်ကြောက်စရာကောင်းလှသည်။
အနက်ရောင်သင်္ဘောကြီးက အရှေ့သို့ ဆက်လက်၍ ရွေ့လျားလာသည်။ထိုသင်္ဘောအတွက် လမ်းကြောင်းဖွင့်ပေးသော လှိုင်းများက ကျွန်းကိုစတင်၍ ဖုံးလွှမ်းလာလေ၏။ဆံပင်အနက်နှင့် အမျိုးသမီးက သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေသည်။သူမစီမှ ဖြာထွက်နေသော အော်ရာများကလည်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်း၏။
ဝှိုက်တီက ချက်ချင်းပင် ပုဖန် ဘေးနားသ်ို့ ပြန်ရောက်လာခဲ့သည်။
အမျိုးသမီးဆီမှ အော်ရာများ ပြန့်နှံလာသည်နှင့် ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့၌ရှိသော ခွန်အားများအားလုံးကို စုစည်းထားပြီး ထိုအမျိုးသမီးကို ကြည့်နေလိုက်သည်။အိပ်နေသော ပုစွန်ပိစိကလည်း သူ့၏ ခန္ဓာကိုယ်ကို တွန့်ကွေးလိုက်သည်။
"ဟား...ဟား...ဟား...ဟား...ငါရပြီကွ..."
နတ်ဆိုးလက်သည်းချီသစ်သီးကိုရရှိသွားသော နတ်ဘုရားအဆင့် ပညာရှင်က ဝမ်းသာအားရဖြင့် ဟစ်အော်လိုက်သည်။သူပျော်ရွှင်စွာဖြင့်ပင် ခုန်ပေါက်နေလေ၏။သို့သော်လည်း တခြားသူများ၏ ထူးဆန်းသော အမူအရာကို သတိပြုမိသွားပြီး သူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။
နန်ကုန်းရွှမ်ဟယ်က အစောပိုင်းတည်းကပင် သူ့၏ အော်ရာများကို သိမ်းဆည်းပြီး အဝေး၌ ပုန်းအောင်းနေလေသည်။သူက ထိုအနက်ရောင်သင်္ဘောကြီးကို ကြောက်ရွံ့စွာကြည့်နေပြီး အသက်ပင် ရဲရဲမရှုရဲပေ။သူ့၏ နှလုံးသားကလည်း ပြင်းထန်စွာ ခုန်လှုပ်နေသည်။
"ဒါ ငရဲကမ္ဘာသင်္ဘောပဲ...တကယ့်ကို ငရဲကမ္ဘာသင်္ဘောပဲ..."
သူ့၏ နှလုံးသားက ရေခဲတွင်းနက်ကြီးထဲ နစ်မြှုပ်သွားသလိုပင် ခံစားလိုက်မိသည်။လျှို့ဝှက်နယ်မြေထဲ၌ ကြောက်စရာအကောင်းဆုံး တစ်ခုတည်းသောအရာမှာ ငရဲကမ္ဘာသင်္ဘောပင်ဖြစ်သည်။
လျှို့ဝှက်နယ်မြေထဲမှ မည်သူပင်ဖြစ်ပါစေ သူတို့ ငရဲကမ္ဘာသင်္ဘောထဲသို့ ဝင်ရောက်သွားလိုက်သည်နှင့် သူတို့၏ သေခြင်းတရားက မဝေးတော့ဘူးဖြစ်သည်။ထိုအကြောင်းကို နဂါးမြို့ဟောင်းတိုက်ကြီးမှ လူများအားလုံး သိကြသည်။ငရဲကမ္ဘာသင်္ဘောထဲကို ဝင်သွားပြီးနောက် ပြန်လည် ထွက်လာနိုင်သည့်လူဟူ၍ အနည်းစုသာရှိသေးသည်။
လျှို့ဝှက်နယ်မြေတစ်ခုစီတိုင်း၌ ငရဲကမ္ဘာသင်္ဘောရှိသည်။သို့သော် တစ်ချိန်တည်းမှာပင် မည်သည့် လျှို့ဝှက်နယ်မြေမှာမှ ငရဲကမ္ဘာသင်္ဘောမရှိဟုလည်းထင်ရပေသည်။
ထိုငရဲကမ္ဘာသင်္ဘောကိုတွေ့လိုက်ရသောအခါ၌ နန်ကုန်းရွမ်ဟယ် သတိလစ်လု မတက်ပင်ဖြစ်နေမိသည်။ထိုအမျိုးသမီး သူ့ကို သတိမထားမိစေရန်အတွက် သူ့၏ အော်ရာများကို သေချာစွာသိမ်းဆည်းလိုက်သည်။သူမသေချင်သေးပေ။
နတ်ဆိုးလက်သည်းချီသစ်သီးကို ရခဲ့သောကြောင့် အားပါးတရ ရယ်မောနေသူမျက်ဝန်းများက ပြူးကျယ်လာသည်။
အရှေ့သို့ တဖြေးဖြေးရွက်လွှင့်လာသော အနက်ရောင် သင်္ဘောက လေထဲသို့ ပျံတက်သွားပြီး မျောလွင့်နေ၏။
အမျိုးသမီး၏ အေးစက်လှသော အကြည့်များက သစ်သီးရသွားသည့် သူဆီသို့ ရောက်ရှ်ိလာပြီး ပါးစပ်ဖျားမှ စကားလုံးတစ်လုံးကို ရွတ်ဆိုလိုက်သည်။ထို့နောက်သူ့၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး မြေပြင်ပေါ်၌ သွေးအိုင်တစ်ခုဖြစ်သွားလေသည်။ဒီဘေးဆိုးမှ မည်သူမှ မလွတ်မြောက်နိုင်ပေ။အားလုံး သေရပေလိမ့်မည်။
နန်ကုန်းရွှမ်ဟယ်က အော်ဟစ်လိုက်သည်။ပတ်ဝန်းကျင်၌ ရှိနေသော သူများလည်းထိုအသံကြောင့် လန့်ဖြန့်သတိဝင်သွား၏ ။ထို့နောက် အခြားတစ်ဖက်စီသို့ ထွက်ပြေးလိုက်ကြသည်။မည်သူမှ မသေချင်ကြသေးပေ။ခါးထိအောင်ရှည်သော အမျိုးသမီး၏ ဆံနွယ်များက ရေဘဝဲလက်များကဲ့သို့ပင် ဖြန့်ကျက်လွင့်မျောနေသည်။
ဖောက်...ဖောက်...ဖောက်...ဖောက်...
မြောက်များလှစွာသော သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာကွဲသွားပြီး သွေးအိုင်ငယ်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။နန်ကုန်းရွှမ်ဟယ်၏ အော်ရများက မြင့်တက်လာပြီး သူ့နောက်ကျောဘက်ရှိ သံကြိုးနှစ်ချောင်းက ပြင်းထန်စွာ လှုပ်ရမ်းလာလေသည်။
သူ ထိုကပ်ဘေးဆိုးမှ လွတ်မြောက်ရန် အားတင်းတောင့်ထံထားသောကြောင့်သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။သို့သော် သူ့၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ဆုတ်ဖြဲခြင်းတော့ မခံလိုက်ရပေ။သူ အလွန်အမင်းတုန်လှုပ်နေပြီး အနောက်သို့ အနည်းငယ်မျှပင်လှမ်းမကြည့်တော့ပဲ အဝေးသို့ ပျံသန်းထွက်ပြေးသွားလိုက်သည်။
ပုဖန်၏ သွေးများ ဆူပွက်နေသလို ခံစားလိုက်မိသည်။ထိုသွေးများက သူ့၏ အရေပြားမှာပင် ဖောက်ထွင်း ထွက်ပေါ်ချင်နေသည်။ပုဖန်၏ နှလုံးသားက တုန်ယင်နေသည်။သူသက်ပြင်းရှည် တစ်ချက်မှုတ်ထုတ်လိုက်သည်။ထိုအမျိုးသမီးက အလွန်ကြောက်စရာကောင်းလှသည်။
သို့သော်လည်း သူ့၏ သွေးများက ဆူပွက်ပြီးနောက် လျှင်မြန်စွာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ပုဖန်အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ပြီး လေထဲ၌ မျောလွင့်နေသော ထိုအနက်ရောင် သင်္ဘောကိုကြည့်လိုက်သည်။
ထိုဆံပင်ရှည်နှင့် အမျိုးသမီးကလည်းထူးဆန်းအံ့သြဖွယ်ကောင်းသည်။သူမ၏ အနင်ရောင်မျက်ဝန်းများကပုဖန်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေလေ၏။ထိုအမျိုးသမီးဆီမှ အကြည့်များကြောင့် သူ့ကိုယ်သူ အဝတ်အစားဗလာဖြင် ရပ်နေသည်ဟုပင် ခံစားမိလေသည်။
"အဲ့ဒါက နင်ပဲ ... သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရကို ငါ့ဆီကို ပေးလိုက်..."
ကြောက်မက်ဖွယ်ရာ အသံတစ်ခု သူ့၏ စိတ်ထဲ၌ ထွက်ပေါ်လာသောကြောင့် ပုဖန် ထိတ်လန့်တုန်လှုပ်သွားမိသည်။ကျွန်းတစ်ခုလုံး တစ်စစီပြိုကွဲသွားသလို ကျယ်လောင်သော အသံနှင့်အတူ တိုက်ခိုက်မှုတစ်ခု သူ့ရှိရာဆီသို့ ဦးတည်လာနေသည်ကို ပုဖန် ခံစားလ်ိုက်မိသည်။
ဝှိုက်တီ၏ မျက်ဝန်းများက ဖျက်ခနဲ တောက်ပသွားသည်။သူ ပုဖန်ရှေ့မှ ကာကွယ်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း ထိုအမျိုးသမီး၏ လက်ညှိုးကလေး ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် သူ မြေပြင်ပေါ် လဲကျသွားပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ပေ။
"ငါ့ဆီက်ိုပေး..."
ထိုအမျိုးသမီး၏ အသံက ပို၍မာကြောလာပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပါဝင်နေလေသည်။အနက်ရောင်အလင်းတန်းများကဲ့သို့သော သူမဆီမှနေ၍ မီးလျှံနက် အလုံးလေးများ ထွက်ပေါ်လာသည်။
ထိုမီးလျှံများက ပုဖန်ဆီသို့ မျောလွင့်လာပြီး သူ့ကို ဝါးမြိုရန် ကြိုးစားလိုက်သည်။ပုဖန်၏ နှလုံးသားက တင်းကျပ်သွားသည်။သူ ရွှေရောင်မီးတောက်တစ်ခုကို ပါးစပ်အပြည့် မှုတ်ထုတ်လိုက်လေသည်။သူ့၏ ရွှေရောင်မီးတောက်က ကောင်းကင်ပေါ်သို့ မြှင့်တက်သွားသည်။သို့သော် မီးလျှံနတ်များ၏ ဖိနှိမ့်ခြင်းကို ခံလိုက်ရလေသည်။
"ဒါ ဘယ်လို မီးတောက်အမျိုးအစားလဲ..."
ပုဖန် အံ့အားသင့်သွားသည်။သူ့၏ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဖိနှိမ့်နိုင်သည့် မီးလျှံမျိုး ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
"နင် အဲ့ဒါကို မပေးဘူးဆိုရင်တော့ သေလိုက်တော့..."
ထိုအမျိုးသမီး၏ နဖူးထက်၌ သေးငယ်လှသော အရာလေး တစ်ခုပေါ်လာပြီး အော်ရာများ ထုတ်လွင့်လာသည်။ထိုမှ ပေါက်ကွဲထွက်လာသော အော်ရာများက ပုဖန်၏ နှလုံးသားကို တင်းကျပ်သွားစေသည်။
ဝီ
စနစ်ဆီမှ အနည်းငယ် အသံ ထွက်ပေါ်လာပြီးနောက် ပုဖန်၏ နားထဲ၌ ဆူညံသည့်ဝီခေါ်သံတစ်ခုကို ကြားလိုက်ရပြီး ခွေးငပျင်း၏ သန်းဝေသည့်အသံကိုပါ ကြားလိုက်ရသည်။
"ဒီရင်းနှီးနေတဲ့ အော်ရာက ဘာလဲ..."
"ပုဖန်ကောင်လေး မင်းရဲ့ သခင်ခွေးက ခဏလေးပဲ အိပ်ရသေးတယ် ...ဒါကို မင်းက ငရဲကမ္ဘာက တစ်ယောက်ယောက်ကို သွားပြီး ရန်စထားပြီးပြီလား ..."
ခန့်ထည်သော်လည်း နူးညံ့လှသည့် အသံတစ်ခုထွက်ပေါ်လာသည်။
..........
အခန်း.၄၅၈
မင်းက ဒီခွေးဘုရင်ကို လူလည်ကျလိုက်တာပဲ...
ကျောက်ရေပူများက ဘေးဘက်သို့ လွင့်စင်သွားသည်။အချိန်ခဏမျှ ကျဆင်းနေပြီးနောက် သူ့၏ ခန္ဓာကိုယ်က မာကြောသည့် မျက်နာပြင်နှင့် ထိတွေ့သွားကြောင်း မီရှခံစားလိုက်ရသည်။
ဒီတစ်ကြိမ်၌ ချော်ရည်ပူများကို ဖြတ်သန်းစဉ်ကလို ပူလောင်သည့် ခံစားချက်မျိုး မခံစားရပေ။ထိုအစား အေးစက်မှု အနည်းငယ်ကိုပင် ခံစားလိုက်ရသေးသည်။လေထဲ၌ ပြန့်နှံ့နေသော သွေးနံ့များက သူ့၏ နှာခေါင်းပေါက်ထဲသို့ တိုးဝင်လာသည်။
သူ့၏ ခန္ဓာကိုယ်မှ အရိုးအဆစ်များက ပိုကျယ်ပြန့်လာသလို ထင်ရပြီး စိတ်လှုပ်ရှားသည့် ခံစားချက်တစ်ခုက သူ့ကိုလွှမ်းခြုံလာလေသည်။သူဝတ်ထားသည့် သွေးနီရောင်ဝတ်စုံက ပို၍ တောက်ပြောင်လာပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်လာသည်။ထိုဝတ်ရုံမှ သွေးများ စီးကျနေသလိုပင်ထင်ရသည်။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ဆီမှ သွေးများ စီးဆင်းကျနေပုံပေါ်နေ၏။သူတို့နှစ်ယောက်လုံး တိတ်ဆိတ်စွာဖြင့်ပင် ဆက်လျှောက်လာခဲ့သည်။မီရှက မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲမှ စွမ်းအင်လှိုင်းများ ညွှန်ပြနေသည့် နေရာသို့သာ ဦးတည်လိုက်သည်။
သူ့၏ ရှေ့မှ အဆုံးအစမဲ့ ဧရိယာတစ်ခွင်လုံးက သွေးနီရောင်သာ လွှမ်းခြုံနေပြီး သူအရှေ့သို့ တိုးလာလေ စိတ်လှုပ်ရှားမှုများ ပို၍ ပြင်းထန်လာလေပင်ဖြစ်သည်။
"ငါတို့ရောက်တော့မယ်...ငါတို့ မကြာခင်မှာပဲ ရောက်တော့မယ် ..."
မီရှက တီးတိုးရေရွတ်လိုက်သောကြောင့် သူနောက်မှလိုက်ပါလာသောသူက မျက်မှောင်ကြုတ်လိုက်မိ၏။အရှေ့ကို တစ်လှမ်းလှမ်းလိုက်တိုင်း သူတို့ရှေ့မှရှိနေသော တွေ့ကြုံနေသည့် အရာရာများက ပြောင်းလဲသွားသည်ဟု ခံစားနေရသည်။
ရုတ်တရက် သူတို့၏ ရှေ့၌ ပျက်စီးယိုယွင်းနေသော သွေးနီရောင်မျှော်စင်တစ်ခုပေါ်လာသည်။ထိုမျှော်စင်၌ ရှုပ်ထွေးလှသည့် လမ်းကြောင်းများနှင့် အက်ကွဲကြောင်းများ ပြည့်နှက်နေသည်။သွေးနီရောင် လိုင်းကြောင်းကလေးများမှလည်း ထူးခြားဆန်းကြယ်လှသော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွင့်နေ၏။
"အဲ့ဒါ ရှုရမျှော်စင်မဟုတ်လား..."
မီရှက တီးတိုးရေရွတ်လိုက်သည်။ရှုရမျှော်စင်က ကျိုးပဲ့သွားပြီဖြစ်ကြောင်း မီရှသိပေသည်။သို့သော်လည်းသူ့၏ အရှေ့၌ ပေါ်လာသည့် အသွင်အပြင်ကို ကြည့်၍ အကောင်းတိုင်းရှိနေသည်ဟုပင် ခံစားနေရသည်။
မျှော်စင်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်စွမ်းအင်များကိုဖိနှိမ့်ထားပြီးနောက် လှုံ့ဆော်ပေးနေပေသည်။မျှော်စင်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်ထဲရ်ှအစစ်အမှန်စွမ်းအင်များကို ဖိနှိမ့်ထားပြီးနောက် လှုံ့ဆော်ပေးနေသေးသည်။
ရှုရမျှော်စင်က ရှေးဟောင်းရှုရမြို့တော်မှ ကျွမ်းကျင်ပညာရှင်အပေါ်၌ ဖိနှိမ့်နိုင်သည့် အကျိုးသက်ရောက်မှုမျိုးရှိသည်။
ထိုသွေးနီရောင် ရှုရမျှော်စင်၏ ပြတင်းပေါက်တစ်ခု၌ လူတစ်ယောက်ရပ်နေသည်ကို သတိပြုမိသွားသောကြောင့် မီရှ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။
ထိုလူ၏ ခန္ဓာကိုယ်က တောင့်တင်းသန်မာလှသည်။သူ့၏ ပုခုံးပေါ်သို့ ပြေလျော့ကျနေသော သွေးနီရောင်ဆံပင်များကလည်း လေအရှိန်ဖြင့် တဖျက်ဖျက်လွင့်ခါနေသည်။ထိုလူ၏ အေးစက်ပြီး အကြင်နာမဲ့လှသော အကြည့်များက သူတို့နှစ်ယောက်ကို စိုက်ကြည့်နေလေသည်။
....
"ပုဖန် ကောင်လေး...မင်းရဲ့သခင်ခွေးက ခဏလေးပဲ အိပ်ရသေးတယ်...ဒါတောင်မှ မင်းက ငရဲကမ္ဘာကတစ်ယောက်ယောက်ကို သွားပြီးတော့ ရန်စထားပြီးပြီ အခါတိုင်းလိုပဲ မင်း အေးအေးဆေးဆေးကစားနေလို့ မရဘူးလား...ဟုတ်လား..."
ပုဖန်၏ စိတ်ထဲ၌ အမျိုးသားတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ထိုအသံကို ကြားလိုက်ရသည်နှင့် ပုဖန်၏ မျက်ဝန်းများ တောက်ပသွားသည်။ထိုအသံက ခွေးငပျင်းဘလက်ကီ၏ အသံဖြစ်သည်။နောက်ဆုံးတော့ ခွေးဝတုတ်က နှိုးထလာခဲ့ပေပြီ။
ဘလက်ကီက ပုံရိပ်ယောင်စိတ်ဝိညာဉ် နယ်မြေ၌ မည်သည့်အရာမှန်းမသိသည့် အရာတစ်ခုကို စားခဲ့ပြီးနောက် သူအင်ပါရီယာမြို့တော်သို့ ပြန်ရောက်သည့်အချိန်ထိပင် အိပ်ပျော်နေခဲ့သည်။
ခွေးငပျင်းက အိပ်စက်နေသည်မှာ တော်တော်ကြာသွားခဲ့ပြီဖြစ်ပြီး ယခုတော့ နှိုးထလာပေပြီ။ထို့အပြင် ဘလက်ကီက ငရဲကမ္ဘာနှင့်လည်း ရင်းနီးနေပုံရသည်။
လေထဲတွင် မျောလွင့်နေသော ငရဲကမ္ဘာသင်္ဘောမှ ကြောက်မက်ဖွယ်ရာအော်ရာများကို ထုတ်လွင့်နေတုန်းဖြစ်သည်။ဝှိုက်တီ၏ ခန္ဓာကိုယ်က တောက်ပလာသည်။သူ့၏ ဝတ်ရုံပေါ်မှ အစီအရင်များက တဖျက်ဖျက်လက်လာ၏။ထိုအမျိုးသမီး၏ ဖိအားအောက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
ပုစွန်ပိစိကမူ အခ်ျိန်အတိုအတွင်း နှ်ိုးထမလာသေးမည့်ပုံပေါ်သည်။အဘယ့်ကြောင့်ဆိုသော် သူ့၏ အမွှေးရှည်နှစ်ချောင်းက လှုပ်ရမ်းနေသည်ဆိုသော်လည်း အနည်းငယ်မျှ ရောင်ရောင်လေးမျှသာဖြစ်သည်။
"ငရဲကမ္ဘာသင်္ဘောက ငရဲကမ္ဘာကနေလာတာ အဲ့ဒီအမျိုးသမီးကလည်း ငရဲကမ္ဘာကပဲ ...သူမနဲ့ ရင်ဆိုင်ရမှာတော့ မလွယ်ဘူးထင်တယ်..."
ဘလက်ကီက ပြောလိုက်သည်။သူ့၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များ အရှိန်ဖြင့် စတင်လည်ပတ်လာသည်ကို ပုဖန်ခံစားလိုက်မိသည်။ထို့နောက် သူ့၏ ခေါင်းပေါ်၌ အလင်းအစက်အစက်အပျောက်အငယ်လေးများ တဖြေးဖြေးစုစည်းလာသည်။ထိုထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာ၏။ထိုပုံရိပ်က ခွေးဘုရင်ဘလက်ကီပင် ဖြစ်သည်။
အမျိုးသမီး၏ လေမှာလွင့်ဝဲနေသည့် ဆံနွယ်များက မြောက်များလှစွာသောမြှားများကဲ့သို့ အဘက်ဘက်သို့ ဦးတည်လွင့်ထွက်သွားသည်။သူမ၏ နဖူးပေါ်ရှိ အက်ကွဲရာသေးသေးလေးမှလည်း တတိယမျက်လုံးတစ်ခု ထွက်ပေါ်လာသလ်ို ထင်ရ၏။
နန်ကုန်းရွှမ်ဟယ်ကအဝေးသို့ လျှင်မြန်စွာ ထွက်ပြေးသွားပြီးနောက် မုန်တိုင်းထန်သော ပင်လယ်ပြင်ထဲသို့ အလျှင်စလို တိုးဝင်သွားသည်။သူ့၏ အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်သုံးစွဲပြီး ထိုအနက်ရောင်သင်္ဘောနှင့် ဝေးနိုင်သမျှ ဝေးအောင် လှည့်မကြည့်စတမ်းပြေးနေလေသည်။သူပြေးရပေမည်။မဟုတ်လျှင် သူသေရလိမ့်မည်။
ထိူအမျိုးသမီးကို ကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။သူမ၏ အော်ရာများက လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်တော့မယောင် ထင်ရသည်။ထိုခံစားချက်က အဆင့် ၃ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့် ပညာရှင်ပင်လျှင် သူမနှင့် ရင်မဆိုင်နိုင်ဟု ထင်မိသည်။
သူတို့ထဲ၌ သူမနှင့်အဆင့်တူသည့် သူမရှိပေ။ထိုငရဲကမ္ဘာသင်္ဘောက တကယ့်ကို ကပ်ဆိုးသင်္ဘောဖြစ်သည်။မမျှော်လင့်ထားစွာပင် သူက ထိုသင်္ဘောနှင့် တွေ့ကြုံခဲ့ရ၏။
ဒီတစ်ကြိမ်၌ ပုဖန်စိုးရိမ်သောကကို ခံစားနေရပေသည်။သူမည်မျှကြာမှ လွတ်မြောက်နိုင်မည်ကို မသိသေးပေ။
သို့သော်လည်း သူတကယ့်ကို မသေချင်သေးပေ။ထိုအမျိုးသမီး၏ အေးစက်လှသော မျက်ဝန်းများက ပုဖန်ကိုသာ မလွှဲတမ်း စိုက်ကြည့်နေကာ သတ်ဖြတ်ခြင်း အငွေ့အသက်များကလည်း မြင့်တက်လာသည်။
သူမ၏ နဖူးပေါ်၌လည်း ဒေါင်လိုက် မျက်လုံးတစ်လုံးပေါ်လာသည်။ထို့နောက် ထိုမျက်လုံးမှ အလင်းရောင်တန်းများ ပစ်လွှတ်လာလေသည်။ထိုအလင်းတန်းက လေဟာနယ်ကိုပင် ပျက်စီးသွားစေပြီး ပုဖန်ရှိရာဆီသို့ ရောက်ရှိလာလေသည်။
စိတ်ဝိညာဉ်ရှိသည်ဟုထင်ရသော အနက်ရောင်မီးလျှံများက လေထဲ၌ ပေါ့ပါးစွာမျောလွင့်နေ၏။သူ့၏ ကြမ်းတမ်းခြင်းတစ်သောင်း မီးတောက်ကလည်း ထိုမီးလျှံနက်၏ ဖိနှိမ့်ခြင်းကို ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။သူ ထိုအမျိုးသမီးကို ခုခံတွန်းလှန်နိုင်စွမ်းလုံးဝ မရှိပေ။
ထိုအချိန်၌ သူ့၏ ခေါင်းပေါ်၌ ရှိနေသော အရိပ်က ဖြေးဖြေးချင်း ထရပ်လာသည်။ဘလက်ကီ၏ အမှတ်အသားတစ်ခုဖြစ်နေသော ကြောင်ခြေလှမ်းများနှင့် ဖြစ်သည်။ခွေးတစ်ကောင်၏ ပုံရိပ်က ကြောင်တစ်ကောင်ကဲ့သို့ သွားလာနေသည်။သခင်ခွေးက ယခင်အတိုင်း သိမ်မွေ့နေတုန်းပင်ဖြစ်သည်။
ဝှစ်....
အလင်းတန်းက ပုဖန်ဆီသို့ ရောက်လာသည်နှင့် ခွေးဘုရင်က သူ့၏ရှေ့၌ ဝင်ရပ်လိုက်ပြီး သေးငယ်လှသော လက်ဖဝါးလေးကို မြှောက်လိုက်သည်။
ဘန်း....
အလင်းတန်းက လေထဲလမ်းတစ်ဝက်၌ပင် ရပ်တန့်သွားပြီး ခွေးဘုရင်၏ ရိုက်ချခြင်းကို ခံလိုက်ရသည်။ကျွန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ထက်ခြမ်းကွဲလုနီးပါးပင်ဖြစ်သွားသည်။
မြောက်များလှစွာသော ကျောက်တုံးများကွဲကြေသွားပြီး ပင်လယ်ထဲပြုတ်ကျသွားသောကြောင့် ကြောက်မက်ဖွယ်ရာ လှိုင်းလုံးများ မြင့်တက်လာသည်။မြေပြင်က အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။
ငရဲကမ္ဘာသင်္ဘော၏ နက်မှောင်နေသော ရွက်တိုင်ကလည်း ပြင်းထန်သောလေကြမ်းများကြောင့် တဖျက်ဖျက်ခါယမ်းနေ၏အမျိုးသမီး၏ အနက်ရောင်ဆံပင်များက လေ၌ အကြမ်းပတမ်း လွင့်ခါနေသော်လည်း သူမ၏ သွေးမရှိသည့်မျက်နာက မတုန်မလှုပ်ရှိနေတုန်းပင်ဖြစ်သည်။ပုဖန်ကလည်း သူမကို မျက်နာသေဖြင့်သာ စိုက်ကြည့်နေသည်။
ပြင်းထန်လှသော လေလှိုင်းများက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း သူ့အပေါ်၌ လုံးဝ သက်ရောက်မှု မရှိပေ။ထိပ်တိုက်တွေ့ဆုံမှုမှ အလင်းတန်းများ ဖြာထွက်လာပြီးနောက် ဖုန်မှုန်များနှင့်အရာအားလုံးက အဝေးသို့ လွင့်စင်ပပျောက်သွားသည်။
ထိပ်တိုက်တွေ့ဆုံမှုမှ အလင်းတန်းများ ဖြာထွက်လာပြီးနောက် ဖုန်မှုန့်များနှင့်အရာအားလုံးက အဝေးသို့ လွင့်စင်ပပျောက်သွားသည်။ခွေးဘုရင်၏ ပုံရိပ်က သူ့၏ လက်ဖဝါးလေးကို မြှောက်၍ အေးဆေးစွာ ရပ်နေတုန်းပင်ဖြစ်သည်။
"လျှို့ဝှက်နယ်မြေထဲကို ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ ငရဲကမ္ဘာကအမျိုးသမီးလေး မင်းမှာ ငါတို့ကို မကျေနပ်တာရှိတယ်ဆိုရင်လည်း သေသေချာချာလေး ဆွေးနွေးပြောဆိုကြတာပေါ့ ...တိုက်ခိုက်တာကိုရပ်ကြစို့..."
ခွေးဘုရင်၏ ပုံရိပ်မှ တည်ငြိမ်အေးဆေးလှသော အသံထွက်ပေါ်လာသည်။ခွေးဘုရင်၏ စကားများကို ကြားသည်နှင့် အမျိုးသမီး၏ အသက်ဝိညာဉ်ကင်းမဲ့နေသော မျက်ဝန်းများက အနည်းငယ်တောက်ပသည့် အရိပ်အယောင်မျိုးဖြစ်သွသည်။
"ရှင်...ရှင်က ကျွန်မကို ဘယ်လိုလုပ်သိတာလဲ...ရှင်ဘယ်သူလဲ..."
သူမ၏ အေးစက်လှသော အသံက အနည်းငယ်ကွဲအက်နေသည်။
"ငါ မင်းကို သိတယ်...ဒါပေမယ့် ငါဘယ်သူလဲဆိုတာကိုတော့မပြောန်ိုင်ဘူး...စိတ်မပူပါနဲ့ ဒီခွေးဘုရင်က မင်းကို မျက်နာသာ နည်းနည်းပေးပါ့မယ်...ငါ ငရဲကမ္ဘာကိုပြန်ရောက်တဲ့အခါကျရင် မင်းသက်ညှာမှုရဖို့အတွက် ဆွေးနွေးပေးမယ်..."
ဘလက်ကီ၏ စကားကို ကြားသည်နှင့် ပုဖန်မျက်ဖြူလှန်လိုက်မိသည်။ထိုခွေးဝတုတ်က အရှက်မဲ့သည်ဟုပင် ခံစားမိလေသည်။
"မင်းဘယ်သူလဲဆိုတာတောင် သူကမသိဘူးလေ...အဲ့ဒါကို မင်းက ဘာကို မျက်နာသာပေးမယ်လဲ..."
အမျိုးသမီး၏ နဖူးပေါ်မှ အက်ကွဲရာလေးက ပြန်လည် ပိတ်သွားပြီး သူမ၏ အေးစက်လှသော မျက်နာပေါ်၌ စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်လေးများ ကျန်ခဲ့သည်။သူမက ခွေးဘုရင်၏ ပုံရိပ်ကို နက်နင်ရှိုင်းရှိုင်းစိုက်ကြည့်နေသည်။ကြည့်ရသည်မှာ သူမတစ်စုံတစ်ခုကို စဉ်းစားနေပုံပေါ်သည်။
ထို့နောက် သူမ၏ အသက်ဝိညာဉ်ကင်းမဲ့နေသော မျက်ဝန်းများထဲ၌ စိုးရိမ်မှုနှင့် အံ့သြမှု အရိပ်အယောင်မျိုး ပေါ်လာသည်။
"အဲ့ဒါက ရှင်လား..."
ခွေးဘုရင်က သူ့၏ လက်ဖဝါးလေးကို မြှောက်ပြီး ခေါင်းညိတ်ပြလိုက်၏။ငရဲကမ္ဘာမှအမျိုးသမီးက မည်သည့်စကားမှ ထပ်မပြောတော့ပေ။
သူမက သင်္ဘောအတွင်းပိုင်းသို့ ပြန်လှည့်ဝင်သွားသည်။သင်္ဘောအခန်း၏တံခါးက ပွင့်ဟလာပြီး အထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
"သူတို့ခိုးသွားတဲ့ သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရတွေက ငါသိမ်းထားခဲ့တာ...ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ သူတို့ကို မျက်နာသာပေးလိုက်မယ်...ရှင်ခုဏက ပြောခဲ့တာတွေသာမမေ့ပါနဲ့..."
အမျိုးသမီး၏ အသံက လေပြေကြားထဲ၌ ပဲ့တင်ရပ်နေသည်။ထို့နောက် ရိုင်းစိုင်းကြမ်းတမ်းနေသော ပင်လယ်ပြင်က တစ်ဖန်ပြန်၍ အေးငြိမ်းသွားလေပြီ။ပုဖန်၏ မျက်ဝန်းများက ပြူးကျယ်လေသည်။
ဒါက...
သူ ထူးဆန်းသည့် အမူအရာနှင့် ငရဲကမ္ဘာသင်္ဘောကို စူးစိုက်ကြည့်နေ၏။
အကယ်၍ သူသာမမှားဘူးဆိုလျှင် ထိုသင်္ဘောအတွင်းထဲ၌ ရုန်းကန်နေသည့် တစ်စုံတစ်ယောက်ရှိနေပေသည်။ထိုလူ၏ မျက်နာကလည်းသူနှင့် ရင်းနီးနေပေ၏။
"နန်ကုန်းဝူချယ် ...ဒီလူပြက်က ငရဲကမ္ဘာသင်္ဘောထဲကို ဘာသွားလုပ်တာလဲ...သူကအမျိုးသမီးရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး သူမရဲ့ ခင်ပွန်းဖြစ်လာဖို့ ဖိအားပေးခံရတာလား..."
ပုဖန်၏ စိတ်ထဲ၌ မရေရာသောအတွေးများဖြင့် ပြည့်သွားသည်။သူချွေးထွက်မတက်စဉ်းစားလိုက်သော်လည်းမည်သည့်အကြံဉာဏ်မှမရခဲ့ပေ။ထို့အပြင် ငရဲကမ္ဘာသင်္ဘောကလည်းမြူခိုးများကြား ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"ကောင်းပြီလေ...ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြောင်းကိုလည်း ဘယ်သူကဂရုစိုက်လို့လဲ..."
"သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရ...ပုဖန် ကောင်လေး မင်းသူ့ဆီက သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရကို ခိုးခဲ့တာလား...အဲ့ဒာတကယ်တော့..."
ခွေးဘုရင်က ကျယ်လောင်စွာ မေးလ်ိုက်သည်နှင့် ပုဖန် ချက် ချင်းခေါင်းညိတ်ပြလ်ိုက်သည်။
"အဲ့ဒါ ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ မင်းသိရဲ့လား...သလင်းကျောက်ပေါင်းများစွာထဲမှာမှ တစ်ခုပဲရှိနိုင်တာ...ကြည့်ရတာတော့ ငါသူမအပေါ်မှာ အကြွေးကြီးကြီးတင်သွားပြီ..."
ခွေးဘုရင်ကို ကြည့်ရသည်မှာ စိတ်အနှောင့်အယှက်ဖြစ်နေပုံပေါ်သည်။
"ကောင်လေး မင်းပြန်ရောက်တဲ့အခါကျရင် ငါ့အတွက် တစ်နေ့ကို နံရိုးချိုချဉ်ကြော် သုံးပွဲလုပ်ပေးရမယ်...မလုပ်ပေးဘူးဆိုရင် မင်းကိုငါ ကိုက်ပစ်မယ်..."
"ကောင်းပြီ သဘောတူတယ်..."
ပုဖန်က ခပ်တည်တည်ပင်ပြန်ပြောလိုက်သည်။ထို့နောက်သူက သိုလှောင်နယ်မြေထဲမှ ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။ထိုပုလင်းမှ မွှေးရနံ့သင်းသင်းလေးများ ဝေ့ဝဲလာပေသည်။
"အဲ့ဒီအမျိုးသမီးက ဒီဟာကိုသလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရလို့ခေါ်တာ ဟုတ်တယ်မဟုတ်လား..."
ပုဖန်က ဘလက်ကီ၏ ရှေ့၌ ပုလင်းက်ို လှုပ်ခါပြပြီးမေးလိုက်သည်။ထိုပုလင်းကို မြင်လိုက်သည်နှင့် ခွေးဘုရင်၏ အမွှေးများပင် ထောင်ထသွားသည်။
"ပုဖန် ကောင်လေး မင်းက ဒီခွေးဘုရင်ကို လှည့်ဖျားလိုက်တာပဲ...သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရတွေက ဒီဘူးတစ်ဘူး အပြည့်ကြီးလား...သူမက မင်းကို သတ်သွားရင်တောင် ငါမအံ့သြတော့ဘူး...တကယ်လို့ ငါသာဆိုရင်တော့ မင်းကို ကမ္ဘာဆုံးတဲ့ထိအောင်လိုက်ဖမ်းမှာ ..."
ခွေးဘုရင်၏အသံပင် အနည်းငယ် တုန်ယင်နေသည်။ခွေးဘုရင် အခ်ျိန်ကြာကြာအိပ်ပျော်သွားခြင်းက သလင်းကျောက်အရင်းအမြစ်ခရမ်းအနှစ်သာရကိုသောက်သုံးခဲ့ခြင်းကြောင့်ဖြစ်သည်။သို့သော်လည်း သူသောက်သုံးခဲ့သည်က အစက်အနည်းငယ်သာ ဖြစ်သည်။ပုဖန်လက်ထဲမှ ပုလင်းနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။
ခွေးဘုရင်၏ ပုံရိပ်မှ အလင်းများ ဖြာထွက်လာပြီးနောက် စတင်၍ လည်ပတ်လာကာ အလင်းစက်လေးများက တဖြေးဖြေးလွင့်စင်ပျောက်ကွယ်သွားလေသည်။
"စိတ်ပုပ်ကောင်စုတ်လေး...ဒီခွေးဘုရင်ကိုစောင့်နေဦး...ခွေးဘုရင်က မင်းဆီကိုချက်ချင်းလာခဲ့မယ်...ငါ့အတွက် သလင်းကျောက်အရင်းအမြစ် အနှစ်သာရက်ို ချန်ထားပေးဦး..."
ထိုအသံက အလင်းစက်များနှင့်အတူတပါတည်းပြန်လည် ပျောက်ကွယ်သွားလေပြီ။ထို့နောက် ပတ်ဝန်းကျင်တစ်ခွင်လုံး ပြန်လည်ငြိမ်သက်အေးဆေးသွားသည်။
ကျွန်းတစ်ခုလုံးက တကယ့်ကို ဖရိုဖရဲဖြစ်နေသည်။နတ်ဆိုးလက်သည်းချီသစ်သီး ကျနေသည့်နေရာက ပုဖန်နှင့် နီးကပ်နေ၏။သူ ကြောင်အမ်းအမ်းပင်ဖြစ်နေမိသည်။ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်ပြီးနောက် သစ်သီးကို ကောက်ယူလိုက်သည်။
"ဒီလိုနဲ့ပဲ သူရသွားပြီလား..."
အားစိုက်ထုတ်မှုပင်မရှိပဲ တကယ့်ကို လွယ်ကူလွန်းလှသည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများပင် ကော့တက်သွားလေသည်။သူသစ်သီးကို သိုလှောင်နယ်မြေထဲ ပြန်လည် သိမ်းဆည်းလိုက်သည်။မည်သည့်နည်းနှင့်ပင်ရရ နတ်ဘုရားနယ်ပယ် အဆင့် ပစ္စည်းဖြစ်သောကြောင့် တော်တော်လေး စိတ်ကျေနပ်နေမိသည်။
ဝှိုက်တီက မြေပြင်ပေါ်မှ ပြန်လည် ကုန်းထလာသည်။သူ့၏ မျက်ဝန်းများက ခရမ်းရောင်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ပုခုံးပေါ်မှ ပုစွန်ပိစိကလည်း နှိုးထလာပြီဖြစ်၏။သူ့၏ မျက်ဝန်းများကိုလည်လိုက်ပြီး ပုဖန်ကို စိုက်ကြည့်လိုက်သည်။
ဝုန်း...
ရုတ်တရက် ကျွန်းတစ်ခုလုံး လှုပ်ခါသွားသည်။ပုဖန်၏ နှလုံးသားထဲ၌ သူကြောက်ရွံ့မှုများ မြင့်တက်သွားပြီး ခပ်လှမ်းလှမ်းနေရာဆီသို့ လှမ်းကြည့်လိုက်မိသည်။ပင်လယ်လှိုင်းများစီမှ မီးတောက်အကြီးကြီးတစ်ခုနှင့်အတူ ကြီးမားလှသည့် တိမ်သဏ္ဍာန်အခိုးအငွေ့များ မြင့်တက်လာလေသည်။ထူးခြားမှု တစ်ခုခုဖြစ်နေပုံပေါ်သည်။
အမ်...
ပုဖန် အံ့အားသင့်သွားသည်။မီးတောက်များ ထွက်ပေါ်လာသည့်နေရာမှစွမ်းအင်လှိုင်းများ ပြန့်နှံ့လာသည်။ထို့နောက် ထိုနေရာမှ သွေးနီရောင်ရှိသော ကြီးမားသည့် မျှော်စင်ကြီးတစ်ခု ပေါ်ထွက်လာ၏။
ထိုအရာပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် တိမ်ပင်လယ် လျှို့ဝှက်နယ်မြေထဲ၌ မြောက်များလှသော ထူးခြားဆန်းကြယ်သည့် အော်ရာများ ပေါက်ကွဲသွားလေသည်။
........
အခန်း ၄၅၉
စားကောင်းသောက်ဖွယ်ကျွန်း...
ကြီးမားလှသော သွေးနီရောင်မျှော်စင်၏ ပုံရိပ်က ကောင်းကင်ယံအမြင့်ထိ ထိုးတက်သွားလေသည်။
ထိုမြင်ကွင်းကို အားလုံး မျက်မြင်ကြုံတွေ့လိုက်ရသည်။
ထိုသွေးနီရောင်မျှော်စင်မှ ထုတ်လွင့်နေသော စွမ်းအင်လှိုင်းများကလည်း အလွန်ပြင်းထန်လှသည်။လူများအားလုံး၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအားများပင် ကြမ်းကြမ်းတမ်းတမ်းလှည့်ပတ်နေသည်ဟု ခံစားနေရသည်။
ထိုမျှော်စင်မှ ထုတ်လွင့်နေသည့် အော်ရာများက ထူးခြားဆန်းကြယ်လှကြောင်းကိုလည်း သူတို့ခံစားနိုင်သည်။မြောက်များလှစွာသော အင်အားများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် သံကြိုးများ တစ်ခုနှင့်တစ်ခု ရိုက်ခတ်သံကလည်း လျှို့ဝှက်နယ်မြေတစ်ခုလုံးပင် တုန်ခါမြည်ဟီးနေသည်။
နတ်ဘုရားနယ်ပယ်အဆင့် မည်သူမှ ထိုအရာကို လျစ်လျူမရှုထားနိုင်တော့ပေ။
ကျောက်တုံးဝါများဖြင့် ပြည့်နှက်နေသည့် ကျွန်းတစ်ကျွန်း၌...
လူတစ်ယောက်၏ ကျောဘက်၌ သံကြိုးနှစ်ချောင်းလွှဲယမ်းနေသည် နတ်ဆိုးဆန်လှသည့် ထိုသူက နှုတ်ခမ်းရဲရဲများကို လျှာဖြင့် သပ်လိုက်သည်။
စိမ်းလန်းစိုပြေနေသော ကျွန်းတစ်ခုပေါ်၌ ...
ကျောဘက်၌ ကြီးမားလှသည့် သံသေတ္တာကိုလွယ်ထားပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သူနှစ်ယောက်ရပ်နေသည်။ထိုသူနှစ်ယောက်က မိုးပေါ်မှ ကြီးမားလှသော သွေးနီရောင်မျှော်စင်ကို မော့ကြည့်လိုက်၏။
သူတို့နှစ်ယောက်၏ နောက်ကျောဘက်မှ သံကြိုးများကလည်း ကျယ်လောင်လှသော အသံများထွက်ပေါ်လာသည်။ထို့နောက်ထိုသူနှစ်ယောက်က သွေးနီရောင် မျှော်စင်ရှိရာဆီသို့ အရှိန်ဖြင့် ဦးတည်သွားလိုက်သည်။
မဟာဂိုဏ်းမှ ရဲ့ချန် ၊ လေမိုးကြိုးမျှော်စင်ဂိုဏ်းမှ ရှောင်ချမ်းယွင်တို့ကလည်း ထိုနေရာသို့ ထွက်ခွာလာကြသည်။
ကြီးမားလှသော သွေးနီရောင်မျှော်စင်ပေါ်ထွက်လာမှုက အမှောင်ထုထဲ၌ အလင်းအိမ်ငယ်လေးတစ်လုံး ထွက်ပေါ်လာသလိုမျိုး သိုင်းပညာရှင်တိုင်း၏ အာရုံကို ဖမ်းစားသွားလေသည်။သူတို့အားလုံး ထိုနေရာဆီသို့ အလျှင်စလို ဦးတည်လာနေကြသည်။
အဆင့်၁ ဆင့်သာ ချိုးဖျက်ထားသည့် မသေမျိုးခန္ဓာပညာရှင်ဖြစ်စေ ၊ အဆင့် သုံးဆင့်မျှ ချိုးဖျက်ထားသည့် မသေမျိုးခန္ဓာပညာရှင် ဖြစ်စေ သူတို့ရှိနေရာ မြောက်များလှစွာ သော ကျွန်းငယ်များမှနေ၍ ထိုနေရာဆီသို့ အလျှင်စလိုလာနေကြသည်။
သို့သော်လည်း ထိုကြီးမားလှသော မျှော်စင်၏ ပုံရိပ်က လျှင်မြန်စွာ ပေါ်ထွက်လာပြီးနောက် လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသည်။အချိန်က တိုတောင်းလှသောကြောင့် မည်သည့်ကျွမ်းကျင်ပညာရှင်မှ မမှီလိုက်ပေ။
မည်သို့ပင်ဆိုစေကာမူ ထိုမျှော်စင်က ပျောက်ဆုံးသွားပြီဖြစ်သော်လည်း သူတို့အားလုံး ခြေရာခံ၍ လိုက်လို့ရပြီဖြစ်သည်။သူတို့ မျှော်စင်ထွက်ပေါ်လာသည့် နေရာကိုသာ ဆက်လက်၍ ဦးတည်သွားနေကြသည်။
တိမ်ပင်လယ် လျှို့ဝှက်နယ်မြေထဲ၌ ရှိနေသော ကျွမ်းကျင်ပညာရှင်တိုင်းက တစ်ချိန်တည်းမှာပင် တစ်နေရာတည်းသို့ ဦးတည်သွားနေကြလေသည်။ထိုသွေးနီရောင် မျှော်စင်၏ အော်ရာများက အလွန်ပင် စွမ်းအားကြီးလှသည်။ထို့ကြောင့်ပင် အားလုံး၏ သိချင်စိတ်များကိုနှိုးဆော်လိုက်သလိုဖြစ်သွားသည်။
ထိုနေရာ၌ မတော်တဆကံကောင်းမှုများ ရနိုင်သည် ဟူသော မျှော်လင့်ချက်မျိုးဖြင့် ဦးတည်သွားနေကြသူများလည်းရှိသည်။သူတို့ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာခြင်းကပင် ကံကောင်းမှုများကို ရှာဖွေရန်မဟုတ်သည်လော။ ထို့ကြောင့် မည်သူမှ ဒီအတိုင်းပျောက်ကွယ်သွားခိုင်းလိမ့်မည်မဟုတ်ပေ။
ပုဖန်က လှေငယ်၏ ကြမ်းပြင်ကို ဖိနင်းလိုက်သည်။ပင်လယ်ရေပြင်၌ သူ့အတွက် လမ်းကြောင်းဖွင့်လိုက်ပြီး ကျွန်းရှိရာဆီသို့ ဦးတည်သွားလိုက်သည်။နတ်လှေငယ်ကို စီးနင်းထားသော မြောက်များလှစွာသည့် ပညာရှင်များကလည်း ပုဖန်၏ ဘေး၌ ပေါ်လာသည်။ထ်ိုလူများက ပုဖန်ကို ကြည့်ရုံသာကြည့်ပြီး လုံးဝ ဂရုမစိုက်ကြတော့ပေ။
ပုဖန်က နန်ကုန်းရွှမ်ဟယ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။နန်ကုန်းရွှမ်ဟယ်ကလည်းပုဖန်ကို အံ့အားသင့်သင့် အထိတ်တလန့်ဖြင့်ကြည့်လိုက်၏။ပုဖန် ယခုထိတိုင်အောင် အသက်ရှင်နေသေးသည်ကို တွေ့လိုင်ရသောကြောင့် သူ တကယ်ကို အံ့အားသင့်သွားပေသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူ ငရဲ ကမ္ဘာသင်္ဘောနဲ့တွေ့ဆုံခဲ့ရတာတောင်မှ ဘာဒဏ်ရာမှ ရမလာဘူးလား...င ရဲကမ္ဘာသင်္ဘောရဲ့ ကပ်ဆိုးကျိန်စာက သူ့အပေါ်မသက်ရောက်ဘူးလား..."
လက်ရှိ၌ နန်ကုန်းရွှမ်ဟယ်၏ အော်ရာများက အားနည်းဖျော့တော့နေပြီး သူ့၏ အမူအရာကလည်း တော်တော်လေးဆိုးရွားနေသည်။သူ ပုဖန်အသက်ရှင်လျက်ရှိနေသေးသည်က်ို တွေ့ပြီးနောက် သူ့အမူအရာက ပို၍ပင် ဆိုးရွားလာလေသည်။
သို့သော်လည်း သူက ယခုအချိန်တွင် ပြဿနာမရှာပေ။သူသူ့၏နတ်လှေငယ်ကိုသာ ထိန်းချုပ်လိုက်ပြီးနောက် အရှေ့မှာရှ်ိနေသော ကျွန်းအကြီးဆီသို့ သူများထက်အရင်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။
ထိုကျွန်းက ယခုလက်ရှိ၌ သူတို့တွေ့ဘူးသမျှထဲမှ အကြီးမားဆုံး ဖြစ်ပေလိမ့်မည်။သူ့၏ မျက်နာပြင်ဧရိယာက အလွန်ကျယ်ပြန့်လှ၏။ကမ်းရိုးတန်းကလည်း ရှည်လျားပြီးမြင့်မားလှ၏။
ဘန်း...ဘန်း...
သိုင်းပညာရှင်များ၏ အစစ်အမှန်စွမ်းအားများက မြင့်တက်လာပြီးနောက် နတ်လှေငယ်ကို ကျွန်းရှိရာဆီသို့ ဆွဲယူလိုက်သည်။ဒီနေရာ၌ ရှိနေကြသူအားလုံးက နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်များဖြစ်သည်။ထို့ကြောင့် မြင့်မားမှုက သူတို့ကို တားဆီးနိုင်စွမ်းမရှိပေ။
သူတို့အားလုံး လေထဲသို့ ပျံတက်လိုက်သည်။လေထုကို အရှိန်ဖြင့် ဖြတ်သန်းသွားသည့်အသံများက အဆက်မပြတ်ဆူညံစွာ ထွက်ပေါ်နေသည်။သူတို့ ကျွန်းပေါ်သို့ ရောက်ပြီး မကြာခင်မှာပင် ပုဖန်ကလည်း ဝှိုက်တီကိုခေါ်ဆောင်၍ ကျွန်းပေါ်သို့ တက်ခဲ့သည်။
သူ ကျွန်းပေါ်သို့ ခြေချလိုက်သည်နှင့် သိပ်သည်းကြွယ်ဝလှသော မွှေးရနံ့များကို ရရှိလိုက်သည်။ကျွန်းပေါ်၌ ထူးခြားဆန်းကြယ်သည့် အသီးများဖြင့် ပြည့်နှက်နေသည်။အသီးတစ်ခုချင်းစီက အလွန်ထူးခြားလှသောအသွင်အပြင်ရှိ၏။အသီးတစ်ခုချင်းစီကလည်း ကောင်းစွာ ဖုတ်ထားသော ပေါင်မုန့်ကဲ့သို့ အငွေ့လေးများကို ထုတ်လွင့်နေသေးသည်။
သစ်သီးများက မုန့်အပွသားဖြင့် ပြုလုပ်ထားသကဲ့သို့ ပေါင်မုန့်နှင့်အလွန်တူသည်။ပုဖန်က ထိုအသီးများကြောင့် ငေးမောတွေဝေနေမိသည်။သူ စားကောင်းသောက်ဖွယ်များရှိသည့် ကျွန်းသို့ ဝင်ရောက်လာသလိုပင်ခံစားလိုက်မိ၏။
"သစ်ပင်တွေကနေ စားကောင်းသောက်ဖွယ်တွေသီးနေတာလား..."
ပုဖန်က ပေါင်မုန့်နှင့်တူသော သစ်သီးတစ်လုံးကို ဆွတ်ယူလိုက်သည်။ထိုသစ်သီးက သူ့လက်ထဲ၌ အနည်းငယ်ပူနေသေးကြောင်း ခံစားမိလိုက်၏။ထိုသစ်သီးက ပထမပေါင်မုန့်နှင့် တူပြီး သူဖဲ့လိုက်သည့်အခါ၌ အားလူးဖုတ်ပူပူလေးနှင့်တူ၏။
အပူငွေ့ ၊ချိုမြသော မွှေးရနံ့နှင့် သစ်သီးရည်လေးများ စီးထွက်လာသည်။အရသာက တကယ့်ကို ကောင်းမွန်လှသည်။၄င်းက တကယ့်ကို သဘာဝရအသာစစ်စစ်ဖြစ်သည်။
ထိုသစ်သီးက တော်တော်လေးကိုလည်း ထူးခြားဆန်းကြယ်လှ၏။ပုဖန် အံ့အားသင့်သင့်ပင်ဖြစ်နေမိသည်။ဒီကျွန်းပေါ်၌ မြောက်များလှစွာသော သစ်ပင်အမျိုးအစားအမျိုးမျိုးရှိနေပြီး များပြားလှသော စိတ်ဝိညာဉ်သားရဲများလည်းရှိနေကြသည်။
ကျွန်းထဲသို့ သိုင်းပညာရှင်များစွာ ရောက်ရှိလာသောကြောင့် ထိုသားရဲများက တောင်ပံများဖြန့်ကား၍ အဝေးသို့ပျံသန်းသွားကြသည်။ထိုကျွန်းက အလွန်တရာပင် လှပသည်ဟု ဆိုနိုင်သော်လည်း မည်သူမှ ထိုအလှအပကို ရပ်တန့်မခံစားကြပေ။
သူတို့အားလုံးက သွေးနီရောင်မျှော်စင်ကိုရှာရန်သာ အလျှင်လိုနေကြသည်။သူတို့၏ မတော်တဆကံကောင်းလာနိုင်သည့် ကံကြမ္မာကိုရှာဖွေရပေမည်။
တခြားတစ်ဘက်တွင်မူ ပုဖန်က ချက်ပြုတ်ရန်အတွက် ပါဝင်ပစ္စည်းများကိုသာ ရှာဖွေနေသည်။ဒီကျွန်းကြီးက သူ့အတွက် ဖန်တီးထားသည်ဟုပင် ထင်ရသည်။ပုဖန်က ထိုကျွန်းပေါ်သို့ စိတ်လှုပ်ရှား စွာဖြင့် လျောက်သွားလိုက်သည်။
ကျွန်းပေါ်၌ သစ်ပင်အမျိုးအစားပေါင်းစွာပြည့်နှက်နေပြီး တစ်ချို့က ပုဖန်လုံးဝပင် မမြင်ဖူးသည့် မျိုးစိတ်များဖြစ်သည်။ပုဖန်၏ အရင်ကမ္ဘာမှ အုန်းပင်နှင့်တူနေသည့် သစ်ပင်တစ်ချို့လည်းရှိနေသည်။
သို့သော် ထိုသစ်ပင်၌ အုန်းသီးမသီးပဲ မွှေးပျံ့ပြီး အပူငွေ့လေးများ ထွက်နေသည့် အဖြူရောင်ပေါင်မုန့်ချပ်သာသီးနေလေသည်။မြေပြင်ကို ခြေဖျားဖြင့် အသာလေးထောက်လိုက်ပြီး လေထုထဲသို့ တဖြေးဖြေးချင်း ပျံတက်လိုက်သည်။ထို့နောက် ထိုပေါင်မုန့်ဖြူကိုဆက်ခနဲ ဆွဲယူလိုက်လေသည်။
ထိုပေါင်မုန့်က အလွန်နူးညံ့သည်။သူတစ်ကိုက်ကိုက်ကြည့်လိုက်ရာ ပူနွေးနေဆဲဖြစ်ကြောင်းကို သိလိုက်ရသည်။ယခုမှ ဖုတ်ထားသည်ဟုပင်ထင်ရ၏။သို့သော်လည်း မည်သည့်အရသာမှမရှိပေ။
ပုဖန် အနည်းငယ်ကိုက်စားပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ထိုပေါင်မုန့်က ပူပူနွေးနွေးနှင့် အနံ့လေးမွှေးပျံ့နေသော်လည်း အရသာ လုံးဝ ကင်းနေသည်။သူ့အကြိုက်မဟုတ်ပေ။
ထို့ကြောင့် သူဆက်၍ လျှောက်လာခဲ့သည်။လမ်းခရီး၌ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် သစ်သီးအချို့ကိုလည်း ဆွတ်ယူခဲ့သေးသည်။
မြေပြင်ပေါ်၌ ပေါက်ရောက်နေသော သစ်သီးအချို့လည်းရှိနေသည် ။ပုဖန် ထိုသစ်သီးကို မြည်းစမ်းကြည့်ပြီးနောက် အသားကင်အရသာနှင့် တူကြောင်း တွေ့လိုက်ရသည်။ထိုသစ်သီးကလည်း အပူငွေ့လေးများ ထုတ်လွင့်နေဆဲပင်ဖြစ်သည်။
ကျွန်းပေါ်ရှိ သစ်သီးများအားလုံးက ထူးခြားသည့် သွင်ပြင်လက္ခဏာကို အားလုံး မျှသုံးစွဲထားသလိုပင် ထင်ရ၏။ရုတ်တရက် ပုဖန် ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။အငွေ့များထွက်နေသော ဝဝတုတ်တုတ်တောဝက်တစ်ကောင်က သူ့ကို ဖြတ်ကျော်သွားသည်။ထိုတောဝက်ဝတုတ်၏ ကျောက နီရဲသည်အထိ မီးကင်ထားခံရပုံပင်ပေါ်နေသည်။
သူ့၏ နောက်ကျောပေါ်၌ မီးတောက်တစ်ချို့လည်းရှိနေသေးသည်။နှာခေါင်းမှလည်းအပူငွေ့များထွက်နေသည်။သူ့ကိုကြည့်ရသည်မှာ အကျည်းတန်လှ၏။ပုဖန်၏ မျက်ဝန်းများတောက်ပသွားသည်။သူထိုဝက်ကို သေချာမလေ့လာခင် ဒယ်အိုးနှင့် သတိမေ့အောင် ရိုက်ချလိုက်သည်။
ထို့နောက် ထိုတောဝက်ဝတုတ်၏ နောက်ကျောမှ ကင်ထားသည့်အပိုင်းကို ဂရုတစိုက်ဖြင့် သေချာစွာလှီးဖြတ်လိုက်သည်။အသားက တော်တော်လေး ခြောက်နေ၏။အဆီ (သို့မဟုတ်) ဆော့စ် ဘာမှမရှိပေ။သို့သော်လည်း အရသာကကောင်းမွန်လှ၏။
ထိုအသက်ရှင်နေဆဲဖြစ်သော တောဝက်၏ နောက်ကျော၌ ကင်ထားသည့် အသားက ပြန်လည် အစားထိုး ဖြည့်တင်းသွားသည်။
တကယ့်ကို ထူးဆန်းအံ့သြဖွယ်ရာကောင်းလှသည်။
ပုဖန်က နောက်ထပ်တစ်ကိုက်ထပ်ကိုက်လိုက်သည်။အရသာက တကယ့်တောဝက်သားအစစ်၏ အရသာနှင့်တူသည်ကိုလည်း သတိပြုမိလိုက်သည်။သို့သော်လည်း အသားက မာကြောတောင့်တင်းသည်အထိ ကင်ခံထားရပေသည်။
ထို့ကြောင့် သူ ဆက်လက်၍ လျှောက်လာခဲ့သည်။ထူးဆန်းသည့် သစ်သီးအချို့ကိုလည်း ဆက်၍ သိမ်းဆည်းလာခဲ့သလို သူတွေ့ကြုံခဲ့သည့် တောဝက်ဝတုတ်လေးများကိုလည်း သတိမေ့အောင်ရိုက်ပြီး နောက်ကျောမှ ကင်ထားပြီးသား အသားကိုလည်း လှီးဖြတ်ယူလာခဲ့သည်။
ထိုတောဝက်၏ နောက်ကျောမှ ကင်ထားပြီးသားအသားက ခုန်နိုင်စွမ်းရှိနေပြီး ထွက်ပြေးလွှတ်မြောက်ရန် ကြိုးစားနေတုန်းပင်ဖြစ်သည်။
ပုဖန်နှင့် အနည်းငယ်လှမ်းသော နေရာတစ်ခု၌ စိတ်ဝိညာဉ် မြက်များကိုစားနေသော သိုးငပျင်းတစ်အုပ်ရှိ၏။
ထိုစိတ်ဝိညာဉ်မြက်များပေါ်၌ ဖုံးလွှမ်းနေသည့် စိတ်ဝိညာဉ်စွမ်းအင်က ကြွယ်ဝလှသောကြောင့် ရှုရှိုက်လိုက်သည်နှင့် လန်းဆန်းသွားစေသည်။ထိုသိုးအုပ်၏အသားကလည်း ရွှေရောင်ဖျော့ဖျော့သန်းနေပြီး မျက်စိမလွှဲနိုင်အောင် လှပ လှသည်။
ထိုသိုးသားက သေချာပေါက် ထူးကဲကောင်းမွန်သည် ပါဝင်ပစ္စည်းဖြစ်ရပေမည်။ထိုသိုးအုပ်ကို သူမြင်လိုက်သည်နှင့် ပုဖန်၏ နှလုံးသားက ပြင်းထန်စွာပင် ခုန်လှုပ်လာသည်။သူက ကောင်းကင်ဘုံသို့ ရောက်လာသလိုပင် ခံစားမိသည်။
ပါဝင်ပစ္စည်းများနှင့် ပြည့်နှက်နေသည့် ကျွန်းကြီးကို မြင်နေရသောကြောင့် သူ လုံးဝ မထိန်းချုပ်နိုင်တော့ပဲ စိတ်လှုပ်ရှားနေမိ၏။
ကျွန်းအတွင်းပိုင်းသို့ အလျှင်စလို ပြေးဝင်သွားကြသော ပညာရှင်များက လမ်းပျောက်နေကြပေပြီ။သူတို့ ကြီးမားလှသည့် သွေးနီရောင်မျှော်စင်ကို ရှာမတွေပေ။
"သိပ်မကြာသေးခင်ကတောင် ရှိသေးတယ်မဟုတ်ဘူးလား..."
သူတို့အားလုံးက အာရုံကြောများပင် နာကျင်လာသည်အထိ ကျွန်းတစ်ခုလုံးကို မွှေနှောက်ပြီး သွေးနီရောင်မျှော်စင်ကို ရှာဖွေနေလေသည်။
ပုဖန်က ထိုသူများနှင့် ကွဲပြားခြားနားစွာပင် ပါဝင်ပစ္စည်းများကိုသာ အေးအေးဆေးဆေး လိုက်လံစုဆောင်းနေသည်။
ထိုပါဝင်ပစ္စည်းများက အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်များ ၊ အဆင်မြင့် စိတ်ဝိညာဉ် သားရဲများနှင့် နတ်ဝိဇ္ဇာဆေးဝါးများ မဟုတ်သော်လည်း သဘာဝမှ ဖြစ်လာသည့် ပါဝင်ပစ္စည်းများကို သူ အလွန်စိတ်ဝင်စားနေဆဲပင်ဖြစ်သည်။
ပုဖန်က ကျွန်းပေါ်၌ အညိုရောင် အသီးအသေးလေးများစွာ သီးနေသည့် သစ်ပင်တစ်ပင်ကို တွေ့လိုက်သည်။သူ ထိုအသီးလေးကို ကောက်ယူကြည့်လိုက်သောအခါ၌ ချောကလက်နှင့်တူသည့် သစ်သီးဖြစ်နေသည်ကို သိလိုက်ရသည်။
သူ ထိုသစ်သီးကို ဖိကြည့်လိုက်ရာ အလွန်ပင် နူးညံ့ပျော့ပျောင်းသည်ကို တွေ့လိုက်ရ၏။အရသာကို တကယ်မြည်းကြည့်လိုက်ရာ တကယ့်ချောကလက်ကဲ့သို့ပင် အရသာခါးသက်ပြီး ချိုမြမြပင်ဖြစ်နေသည်။
ဒါက တကယ့်ကို စားကောင်းသောက်ဖွယ်ကျွန်းပင်ဖြစ်သည်။ဒီကျွန်းက မိခင်သဘာဝတရားကြီးက ဖန်တီးထားသော ထူးခြားအံ့သြဖွယ်ရာတစ်ခုဖြစ်မှန်း သူသေချာပေသည်။
ပုဖန်၏ စိတ်ထဲ၌ ကျေနပ်မှုများ ဆက်လက် တိုးပွားနေချိန်တွင် ကံကောင်းမည့် အခွင့်အရေးကိုလာရှာသော တခြားပညာရှင်များကမူ အလွန်စိတ်ဓာတ်ကျနေကြ၏။
သူတို့ရောက်ရှိနေသည့် ကျွန်းက မည်သည့်ကျွန်းမျိုးဖြစ်သည်ကို လုံးဝ သတိမထားမိကြပေ။သူတို့က ကံကြမ္မာကောင်းများရရှိလာရန်အတွက်သာ သွေးနီရောင်မျှော်စင်ကို သဲကြီးမဲကြီး ရှာဖွေနေကြသည်။
ထန်း...
ပုဖန်က ကျွန်းတစ်ခုလုံးကို လှည့်ပတ်သွားလာပြီးနောက် မြောက်များလှစွာသော ပါဝင်ပစ္စည်းများကို စုဆောင်းခဲ့သည်။ထို့နောက် သူ့၏ မဟူရာလိပ်ခုံးဒယ်အိုးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်လေရာ အနည်းငယ် တုန်ခါသွား၏။
သွေးနီရောင်မျှော်စင်ကို ရှာမတွေ့၍ အနည်းငယ်စိတ်ပျက်မောပန်းနေကြသော သိုင်းပညာရှင်များအားလုံးက ပုဖန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။သူ့အလုပ်သူလုပ်နေသော ပုဖန်ကို ကြည့်ပြီး သူတို့မျက်နာအမူအရာများက ထူးဆန်းသွားသည်
"အဲ့ဒီကောင်လေးက ဘာလုပ်နေတာလဲ...သူကကျွန်းပေါ်မှာ ချက်ပြုတ်ဖို့လုပ်နေတာလား...ဦးနှောက်မှကောင်းသေးရဲ့လား..."
"ငါတို့အားလုံး လျှို့ဝှက်နယ်မြေထဲ ဝင်လာကြတာက ကံကောင်းမှုတွေကို ရှာဖွေဖို့လေ ဟင်းပွဲတွေ ချက်ပြုတ်ဖို့မှ မဟုတ်တာ..."
"တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်...အဲ့ဒီကောင်လေးက စားဖိုမှူးလား...သူ့ကို ရင်းနီးနေသလိုပဲ..."
ပုဖန်၏ အကြောင်းကို ကြားဖူးသူ များစွာရှိလေသည်။သို့သော် မြူကောင်းကင်မြို့၌ပင် သူ့ကို မြင်ဖူးသူက အနည်းငယ်သာရှိ၏။နန်ကုန်းမိသားစုကြောင့် သူ့နာမည်ကို လူအများ ကြားဖူးနေပြီး စားဖိုမှူး တစ်ယောက် လျှို့ဝှက်နယ်မြေထဲဝင်လာသည်ကို သိရှိနေကြသည်။သို့သော်လည်း ထိုစားဖိုမှုးက သူတို့ရှေ့မှာပင် ချက်ပြုတ်မည်ကိုတော့ တခါမှ မတွေးခဲ့ဖူးပေ။
ထိုမြင်ကွင်းက တကယ့်ကို ရယ်စရာကောင်းသည်။
သို့သော်လည်း ပုဖန်က ထိုသူတို့ကို ဂရုမစိုက်နေပေ။ပုံမှန်ထက် ထူးခြားသည့် သဘာဝပစ္စည်းများကို ရှာဖွေရရှိခဲ့သောကြောင့် သူချက်ပြုတ်ရန် စိတ်လှုပ်ရှားတက်ကြွနေသည်။
ပုဖန်၏ လက်ထဲ၌ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားပေါ်လာသည်။ပတ်ဝန်းကျင်မှ လှောင်ပြောင်ဟန်အကြည့်များကို လုံးဝ လျစ်လျုရှုလိုက်ပြီး သူ့လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။အနည်းငယ်တောက်ပနေသော သိုးကို သူစတင်ကိုင်တွယ်ပေမည်။ထိုသိုးက ငြိမ်သက်နေပြီး လှုပ်ရှားရုန်းကန်မှုမရှိပေ။
ထိုသိုးသားကို ဖြတ်တောက်ရန်အတွက် သူ ဓားစက်ဆယ့်သုံးကွက် အရှင်သခင် နည်းလမ်းကို အသုံးပြုစရာမလိုပေ။ကြယ်ပျံဖြတ်တောက်ခြင်း နည်းပညာကိုသာ အသုံးပြု၍ အပိုင်းတစ်ခုဖြတ်တောက်လိုက်၏။သူ မဟူရာလိပ်ခုံးဒယ်အိုးကို သုံးလိုက်ပြီး တောဝက်သားမှ မွှေးပျံ့သည့် စွပ်ပြုတ်ရည် ထုတ်ယူရန် ပြင်ဆင်လိုက်သည်။
သူ လှီးဖြတ်ပြီးသား သိုးအရိုးများကိုလည်း အိုးထဲသို့ ထည့်လိုက်သည်။အချိန်ခဏမျှကြာပြီးနောက် ဒယ်အိုးဆီမှ အပူငွေ့လေးများ ထွက်ပေါ်လာလေပြီ။သူက ဒယ်အိုးထဲမှ မွှေးရနံ့လေးများ ထွက်ပေါ်နေသော သိုးသားကို ကျွမ်းကျင်စွာ ဆယ်ယူလိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်သည်။
ထို့နောက် စွပ်ပြုတ်ရည်ကို အနည်းငယ်ဆီအိနေသော အသားပေါ်၌ စမ်းလိုက်သည်။မွှေးရနံ့များက အထင်သေးလှောင်ပြောင်စွာဖြင့် ကြည့်နေသော သူများ၏ အစားစားချင်စိတ်ကို နှိုးဆော်လိုက်လေသည်။
........
အခန်း.၄၆၀
ဘယ်လက်က စွပ်ပြုတ်ပွဲကိုင်...ညာလက်က ပေါင်မုန့်ကိုင်...ရှလွတ်...
မီရှ၏ အမူအရာက ဆိုးရွားသွားသည်။သူ ဒူးထောက်ကျအောင်ဖိအားပေးခံလိုက်ရပြီးနောက် သွေးတစ်လုတ်အန်လိုက်ရ၏။သူက ကြောက်ရွံ့တုန်လှုပ်သော အကြည့်များဖြင့် ခပ်လှမ်းလှမ်းတွင်ရပ်နေသောသူကို ကြည့်လိုက်သည်။ထ်ိုသူက မျှော်စင်၏ ထိပ်၌ ရပ်နေပြီး သူ့၏ ပတ်ဝန်းကျင်တွင်လည်း သွေးနီရောင်များ တောက်ပနေလေသည်။
"ခင်ဗျားက ရှုရမျှော်စင်ကို သန့်စင်လိုက်တာလား...ခင်ဗျားဘယ်သူလဲ...ခင်ဗျားက ကျုပ်တို့ ရှေးဟောင်းရှုရမြို့တော်ရဲ့ ရှုရမျှော်စင်ကို တကယ်ပဲ ထိရဲတယ်ပေါ့..."
မီရှ၏ ရင်ဘတ်တွင် ကြီးမားလှသော အပေါက်တစ်ခုရှိလေသည်။ထိုအပေါက်မှ သွေးများ အရှိန်ဖြင့် စီးထွက်လာသည်။ထိုသွေးများက ရှုရမျှော်စင်ဆီသို့ ဦးတည်သွားပြီးနောက် ထိုလူ၏ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းလိုက်သည်။
"ရှေးဟောင်းရှုရ မြို့တော်... ရယ်စရာပဲ ဒီရှုရမျှော်စင်ကို လျှို့ဝှက်နယ်မြေထဲမှာပဲ ငါ့ရဲ့ကံကောင်းမှုကြောင့် ငါရှာတွေ့ခဲ့တာ ဒါတောင်မှ မင်းတို့က ငါဆီမှ လာခိုးပြီးတော့ ငါ့ကို အပြစ်တင်နေတယ်ပေါ့...ဘယ်လောက်တောင် ဆီလျော်မှုမရှိလိုက်လဲ..."
ထိုသူပြောလိုက်သည်က ညှင်သာသော်လည်း အသံကမူ တင်းမာနေသည်။သူ့၏ အကြည့်များကလည်း ထိုးဖောက်တော့မတက် စူးရှနေလေ၏။ထိုသူက အဆင့်အတန်းမြင့်သောသူ (သို့မဟုတ်) သြဇာညေင်းသည့် အဆင့်ရှိသူ တစ်ဦးဖြစ်ပေလိမ့်မည်။သူမီရှကို ကြည့်နေသည့် အကြည့်များက လူသေတစ်ယောက်ကို ကြည့်နေသည့် အကြည့်များနှင့် ဆင်တူလှပေသည်။ထိုသူကြောင့်ပင် မီရှ၏ နှလုံးသားက တုန်ယင်သွားသည်။
မီရှက အလွန်သန်မာလှသည်။သူက အဆင့် ၃ ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာပညာရှင်ဖြစ်၏။သူ့၏ လက်ရှိ စွမ်းအင်အဆင့်အရ လျှို့ဝှက်နယ်မြေထဲတွင် သူ့ကို အနိုင်ယူနိုင်မည့်သူ တစ်ဦးမှမရှိဘူးဖြစ်သည်။တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်ပင်လျှင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ပေ။
ထို့ကြောင့်လည်း လျှို့ဝှက်နယ်မြေထဲမှ ရှုရမျှော်စင်က်ို ယူရန်အတွက် သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေခြင်းဖြစ်သည်။သို့သော်လည်း ရှုရမျှော်စင်ကို ရှာဖွေတွေ့ရှိသည့်တိုင်အောင် သူနှင့်အတူ ပြန်ယူသွားနိုင်ခြင်းမရှိဟုတော့ မထင်ထားခဲ့မိပေ။
သူ့၏ အဖော်ကလည်း ထိုသူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပေပြီ။သူ့ခန္ဓာကိုယ်ထဲမှ သွေးနှင့် စွမ်းအင်များအားလုံး ခြောက်ခမ်းသွားအောင် ထိုသူက စုပ်ယူလိုက်သည်။
သူက နတ်ဆိုးဖြစ်မှာ သေချာပေသည်။မီရှက သွေးနီရောင်လွှမ်းနေသော ထိုသူကိုကြည့်၍ တစ်စုံတစ်ခု တွေးမိသွားပြီး ရှုရမျှော်စင်တွင် ရေးထိုးထားသော ဒဏ္ဍာရီလာ ကျင့်ကြံမှု နည်းလမ်းအကြောင်းကို သတ်ိရသွားသည်။
ထိုကျင့်ကြံမှုနည်းလမ်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သွေးအစုအဝေးများအဖြစ်သို့ ပြောင်းလိုက်ရုံဖြင့် ကြီးမားသည့် စွမ်းအင်ကို ရရှိလိမ့်မည်။သို့သော်လည်း ထိုကျင့်ကြံမှုနည်းလမ်းက လူသားများအတွက် မသင့်တော်ပေ။ထိုနည်းလမ်းက အသူရာနတ်ဆိုးများအတွက် နည်းလမ်းဖြစ်သည်။အကယ်၍ လူတစ်ယောက်ကသာ ကျင့်ကြံခဲ့လျှင် ထိုသူသည် မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပေလိမ့်မည်။
"ငါအရမ်းသွေးဆာနေတယ်...သွေးအများကြီး...အခုငါ လတ်ဆတ်တဲ့ သွေးနံ့လေးတွေကို ရနေတယ် ..."
ထိုသွေးလွှမ်းလူသားက ပြောလိုက်သည်။လောဘတကြီးဖြစ်နသည့် ထိုသူ၏ အသံက မီရှကို တုန်ယင်သွားစေသည်။
ထိုသူက တကယ့်ကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပေပြီ။
"ငါမင်းကို မသတ်ဘူး...မကြာခင် ဒီကျွန်းကိုရောက်လာတဲ့သူတွေအားလုံးကို သတ်ပေးမယ်ဆိုရင် ငါမင်းကို လွှတ်မြောက်ခွင့်ပေးမယ်...ငါသူတို့ရဲ့ သွေးကို လိုအပ်တယ်..."
သွေးလွှမ်းလူသား၏ မျက်ဝန်းထဲ၌ သိပ်သည်းလှသော အလင်းရောင်တစ်ချက်လက်သွားသည်။ထို့နောက် သွေးအမျှင်တန်းများ ပေါ်ထွက်လာပြီး မီရှ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွား၏ ထိုသွေးမျှင်များက မီရှ၏ အရေပြားကို ထိုးဖောက်ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်ကို အဆုံးမရှိသည့် နာကျင်ခြင်းယူဆောင်လာပေးလေ၏။
အချိန်အတော်ကြာပြီးနောက် မီရှက အသိစိတ်လွတ်စွာဖြင့် ထရပ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်မှလည်း အားကောင်းသန်မာလှသော အော်ရာများကို ထုတ်လွင့်နေ၏။ထို့နောက် သူလှည့်ထွက်သွားလိုက်ရာ သံကြိုးသံ တချွမ်ချွမ်ထွက်ပေါ်လာလေသည်။
မျှော်စင်၏ ထိပ်တွင်ရပ်နေသော ထိုလူက မီရှပုံရိပ်ပျောက်ကွယ်သွားသည်ထိ ကြည့်နေပြီးနောက် ခပ်ရှရှအသံဖြင့် ရယ်မောလိုက်၏။သူခြေထောက်အောက်မှသွေးနီရောင်မျှော်စင်က အနီရောင်အလင်းတန်းများဖြင့် မြင့်တက်လာပြီး စတင်လည်ပတ်လာသည်။
မျှော်စင်ပေါ်မှနေ၍ ကြည့်လိုက်ရာ အောက်ခြေ၌ ကြီးမားလှသော အနီရောင်ဥကြီးတစ်လုံးကို တွေ့လိုက်ရသည်။ထိုဥကြီးမှ ထူးဆန်းလှသော စွမ်းရည်များ စီးဆင်းထွက်လာပြီး ရှုရမျှော်စင်ထဲသို့ စီးဝင်နေ၏။
"ဖီးနစ်ဥ...ရှုရ မျှော်စင်က ဖီးနစ်ဥရဲ့ အနှစ်သာရတွေအကုန်လုံးကို စုပ်ယူပြီးသွားတာနဲ့ စိတ်ဝိညာဉ်မျှော်စင် တစ်ခုအဖြစ်ကနေ ပြီးတော့ တကယ့်အစစ်အမှန်နတ်ဘုရားလက်နက်အဖြစ်ပြောင်းလဲသွားလိမ့မယ်...အဲ့ဒီလိုဖြစ်ပြီဆိုတာနဲ့ ရှုရမျှော်စင်က ဒီသောက်သုံးမကျတဲ့ နေရာကနေထွက်ခွာဖို့အတွက် အသုံးဝင်လာလိမ့်မယ်..."
ရှူး....ရွှတ်...
ပတ်ဝန်းကျင်၌ရှိနေသော သိုင်းပညာရှင်များက မထိန်းချုပ်နိုင်ပဲ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ရှုရှိုက်နေကြသည်။သူတို့၏ အကြည့်များက ကြီးမားသည့် ပန်းကန်လုံးတစ် လုံးကိုကိုင်၍ အငမ်းမရ စားသောက်နေသော ပုဖန်က်ိုသာ မ လွှဲတမ်းကြည့်နေကြ၏။
သူ့၏ စားစရာကို ပျော်ပျော်ရွှင်စားနေသည့် ပုဖန်ပုံကိုကြည့်ပြီး သူတို့စိတ်များပင် အသ်ိလက်လွတ်ဖြစ်နေပေသည်။အကြိမ်အနည်းငယ်ခန့် ဆူပွက်အောင် ချက်ပြုတ်ပြီးသည့်နောက်မှာတော့ ရွှေရောင်သိုးသားက အလွန်ပင် နူးညံ့ပျော့ပျောင်းပြီး ဝါးလို့ကောင်းလှသည်။
အသားပြုတ်ရည်၏ အရသာကလည်း အနေတော်ဖြစ်သည်။ထို့အပြင် သူက ပူစပ်စပ်ငရုတ်ရည်ကို ဇွန်းသေးလေးတစ်ဇွန်းစာမျှ ထည့်လိုက်သည့်အခါ၌ အရသာက ပို၍ပင်ကောင်းမွန်သွားသည်။
သို့သော်လည်း ပုဖန်က ထိုစွပ်ပြုတ်ရည်များကို တိုက်ရိုက်မသောက်လိုက်ခြင်းအတွက် အားလုံးအံ့အားသင့်သွားသည်။သူက အစောပိုင်းက သစ်ပင်မှ သူခူးလာခဲ့သော ပေါင်မုန့်ချပ်လေးကို စွပ်ပြုတ်ရည်ထဲ နစ်လိုက်သည်။
"အဲ့ဒီလ်ိုမျိုးစားတော့ အရသာရှိပါ့မလား..."
ကြည့်ရှုနေသော သူများအားလုံးက ဇဝေဇဝါဖြင့် တွေးတောနေကြသည်။သို့သော်လည်း ထိုအရသာက ကောင်းမွန် မမွန်ကို ပုဖန်သာလျှင် သိပေလိမ့်မည်။
ထိုသစ်ပင်မှ ပေါင်မုန့်သားက အရသာမရှိသော်လည်းစွပ်ပြုတ်ထဲ နစ်လိုက်သောအခါ၌ အလွန်ပင်အရသာရှိသွား၏။
အသားစွပ်ပြုတ်ရည်ထဲ ကြာကြာနစ်ထားလေ ပို၍ ကောင်းမွန်လေလေပင်ဖြစ်သည်။စွပ်ပြုတ်ရည်ထဲနစ်ပြီးနောက် ပေါင်မုန့်သားထဲသို့ စွပ်ပြုတ်၏ ကြွယ်ဝလှသော အရသာများအကုန် စိမ့်ဝင်သွားပြီး သူ့၏ ကိုယ်ပိုင်အရသာအဖြစ်သို့ ပြောင်းလဲသွားသည်။
အလွန်ပင် ထူးကဲသောအရသာရှိ၏။အသားဖတ်လေးများကိုလည်း စွပ်ပြုတ်ရည်ထဲ ကြာကြာနစ်ထားသောကြောင့် သူ့၏ အရသာကကြွယ်ဝ ကောင်းမွန်လှသည်။ထို့အပြင် ပူစပ်စပ်ငရုတ်ရည်နှင့် ပေါင်းစပ်လိုက်သည့်အခါ၌ အရသာကို ထပ်ဆင့်တိုးပွားသွားစေသည်။
ဒီပါဝင်ပစ္စည်းများကို တွေ့သောအခါ၌ ပုဖန် ထိုကဲ့သို့ ဟင်းပွဲမျိုး တွေးမိသွားခြင်း ဖြစ်သည်။သူအရင်ကမ္ဘာမှာတုန်းက ဒီဟင်းပွဲကို သိုးသားဟင်းသီးဟင်းရွက်နှပ်ဟုခေါ်သည်။
သူ့ကိုငေးမောကြည့်ရှုနေသူများ၏ အကြည့်အောက်မှာတင်ပုဖန်က သူ့စားစရာများကို ပျော်ပျော်ကြီးစားသောက်နေလေသည်။သခင်ရွှမ်ပေ၏။ ဘေး၌ရပ်နေသော ယန်မိန်ကျီကလည်း ပုဖန်ကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်နေသည်။ပုဖန် အသားကို ဆူညံစွာ စားနေပုံက သူမ၏ စားချင်စိတ်များကို နှိုးဆွနေပေသည်။
ပုဖန်၏ အချက်အပြုတ်စွမ်းရည် မည်မျှပင်ကောင်းကြောင်း သူမရှင်းရှင်းလင်းလင်းသိပေသည်။ထို့အပြင် ပုဖန်က သူအစားစားနေသည့်ပုံက ဘယ်လောက်ပျော်ရွှင်နေသည်ကို မြင်သောအခါ၌ ပို၍ပင် စားချင်စိတ်ဖြစ်လာမိသည်။
မဟာသခင်ရွှမ်ပေက ပုဖန်ချက်ပြုတ်သည့်အချိန်၌ သူအာရုံစူးစိုက်၍ ကြည့်ရှုခဲ့သည်။ချက်ပြုတ်စဉ်က ပုဖန် ပါဝင်ပစ္စည်းများ၏ စိတ်ဝိညာဉ် စွမ်းအင်ကို ဖိနှိမ့်ထားပြီးနောက် အိုးအတွင်းရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ညီညွှတ်မျှတ သမသွားအောင် သူ့၏ အစစ်အမှန်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသည်ကို တွေ့လိုက်သည်။ထိုစွမ်းရည်က အဂ္ဂိရတ်ပညာရှင်များပင်လျှင် ရရှိရန်ခက်ခဲသည့် ကျွမ်းကျင်မှုမျိုး ဖြစ်သည်။
"ဒီကောင်လေးရဲ့ အဂ္ဂိရတ်ပညာပါရမီက တော်တော်လေး ထူးခြားတယ်..."
မယာသခင်ရွှမ်ပေ၏ မျက်ဝန်းထဲ၌ သဘောကျမှုများပြည့်နှက်နေသည်။သူ ပုဖန်နှင့် စကားစမြည်ပြောပြီး ကြီးကျယ်မြင့်မြတ်သော အဂ္ဂိရတ်ပညာလမ်းကြောင်းကို မိတ်ဆက်ပေးရမည်ဟု တွေးလိုက်သည်။
ယန်မိန်ကျီက ပုဖန်ဆီသို့ လျှောက်သွားလိုက်ပြီး သူ့ဘေး၌ ပျော်ရွှင်စွာ ထိုင်ချလိုက်သည်။ထို့နောက် သူမအတွက် စွပ်ပြုတ်တစ်ပွဲတောင်းလိုက်သည်။
ပုဖန်က သူ့ပန်းကန်လုံးထဲမှ စွပ်ပြုတ်များကို တစ်စက်မှမကျန်အောင် သောက်လိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်ထဲ တော်တော်လေးနွေးထွေးနေကြောင်း ခံစားမိလိုက်သည်။ရွှေရောင်သိုးသားက ထူးကဲသည့် ပါဝင်ပစ္စည်းတစ်ခုပင်ဖြစ်၏။
ပုဖန်က ပန်းကန်လုံး တစ်ခုထဲသို့ စွပ်ပြုတ်ရည်များခပ်ထည့်လိုက်ပြီးနောက် စိုအိ တောက်ပြောင်နေသော သိုးသားတစ်ဖက်ကိုယူ၍ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။သိုးသားများကို ရေပူပူထဲတွင် တစ်ကြိမ်ထက်မက ချက်ပြုတ်ထားသောကြောင့် အသားက တကယ့်ကို နူးအိနေသည်။ပုဖန်က ပန်းကန်လုံးကို ယန်မိန်ကျီထံသို့ ကမ်းပေးလိုက်သည်။
ထ်ို ထွားထွားကြိုင်းကြိုင်းအမျိုးသမီးက ပုဖန်ဆီမှ ပေါင်မုန့်တစ်ခုပါယူလိုက်ပြီးနောက် တစ်နေရာသို့ ပျော်ပျော်ရွှင်ရွှင်ပင် ပြေးသွားလိုက်ကာ သူမ၏ အစားအစာကို စားလိုက်သည်။
ပုဖန် အစားစားပြီးနောက် တစ်စုံတစ်ရာကို စိတ်ရှုပ်ထွေးစွာဖြင့် တွေးတောနေမိသည်။
"ဘာလို့ ဒီကျွန်းပေါ်မှာ စားကောင်းသောက်ဖွယ်တွေရှိနေတာလဲ...ထူးဆန်းပြီး အရည်အသွေးမြင့်တဲ့ ပါဝင်ပစ္စည်းတွေ ဘယ်လိုကြောင့် ဒီကျွန်းပေါ်မှာ ပေါက်ရောက်နေတာလဲ...ပြီးတော့....
တောဝက်သားကင်လိုမျိုး ရွှေရောင်သိုးသားလိုမျိုး...ထို့အပြင် ထူးဆန်းသည်များကလည်း ရှိနေသေးသည်..ပေါင်မုန့်ချပ်သစ်သီး...ပေါင်မုန့်လုံးသစ်သီးနှင့် ချောကလက်သစ်သီး စသည်ဖြင့်....."
ထိုအရာများ တည်ရှိနေမှုက တကယ့်ကို ယုတ္တ်ိမရှိဟုထင်ရသည်။ပါဝင်ပစ္စည်းများအားလုံး၌ တူညီနေသည့် စွမ်းအင်များပါဝင်နေသည်ကိုလည်း ပုဖန်ခံစားမိသည်။
"ဆိုတော့ ဒီပါဝင်ပစ္စည်းတွေရဲ့ နောက်က စွမ်းအင်ပြောင်းလဲမှုရှိလား...အဲ့ဒီစွမ်းအင်တွေကကော ဘယ်ကလာတာလဲ..."
ပုဖန်က ထိုပါဝင်ပစ္စည်းများအားလုံး၏ မူလဇစ်မြစ်ကို သိချင်နေမိသည်။ရိုးရိုးသားသားပြောရလျှင် သူပါဝင်ပစ္စည်းများ၏ မူလဇစ်မြစ်သာ မဟုတ်ပဲ သူတို့၏ ကိုယ်ပိုင်စွမ်းအင်များအကြောင်းကိုပါ သ်ိချင်နေသည်။
စွမ်းအင်ပါဝင်နေမှုက ထိုပါဝင်ပစ္စည်းများကို ထူးခြားသည့် အခြေအနေတစ်ခုသို့ ပြောင်းလဲသွားစေသည်။ထို့ကြောင့် စွမ်းအင်အရင်းအမြစ်က ပို၍ပင် အဆင့်မြင့်သည့်ပါဝင်ပစ္စည်းဖြစ်ပေလိမ့်မည်။
ပုဖန်က အရသာကောင်းများကို ရူးရူးမူးမူး ကြိုက်နှစ်သက်တက်သော လူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် ပါဝင်ပစ္စည်းများ၏ ကောင်းနေသမျှ ထိုအရာများအားလုံးကို ချစ်ခင်နှစ်သက်ပေလိမ့်မည်။
"အရမ်းအရသာရှိတယ်..."
ယန်မိန်ကျီ၏ မျက်ဝန်းလေးများက ဝိုင်းစက်နေသည်။သိုးသားကကောင်းမွန်လွန်းသောကြောင့် သူမ၏ လျှာကိုပင် မြိုချမိမတက်ဖြစ်နေမိသည်။
သိုးသားဟင်းရည်နှင့် ပေါင်မုန့်ချပ်ကို ပူးပေါင်းပြီး စားလိုက်ခြင်းက အရသာကို တစ်သက်မမေ့နိုင်သည့် အရသာဖြစ်သွားစေသည်။
ပတ်ဝန်းကျင်ရှိ လူများအားလုံးက ယန်မိန်ကျီ အားရပါးရ စားသောက်နေသည့်ပုံကို သိချင်စိတ်ပြင်းပြစွာဖြင့် စူးစူးရဲရဲ ကြည့်နေကြသည်။
"အဲ့ဒါက အရသာရှိတာလား..."
သိုင်းပညာရှင်များအားလုံးက ထိုဟင်းပွဲကို စားသောက်ချင်နေကြသည်။သို့သော်လည်း သူတို့က ဝန်ခံရန်ရှက်ရွံ့နေကြ၏။
မဟာဂိုဏ်းမှ ရဲ့ချန်ကလည်း သူ့၏ ဂုဏ်သိက္ခာကိုသာ ရှေ့တန်းတင် ထိန်းသိမ်းထားလေသည်။ရုပ်သေးဂိုဏ်းမှ သူများကလည်း နည်းနည်းမှ လှုပ်ရှားရန် ဆန္ဒရှိပုံမပေါ်ပေ။
သူ့၏ ဆံပင်ကို ကစားနေသော မုချန်းဖုန်ကလည်း ထောင်လွှားစွာနှာခေါင်းရှုံ့လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။
တစ်ခြားတစ်ဖက်၌မူ ရှောင်ချမ်းယွင်က ပြုံးရွှင်စွာဖြင့်ပင် ပုဖန်ဆီ လျှောက်သွားလိုက်ပြီး သိုးသားစွပ်ပြုတ်တစ်ပွဲလောက်တောင်းလိုက်သည်။
ပုဖန်က သူ့၏ တောင်းဆိုမှုကို မငြင်းပယ်လိုက်ပေ။အိုးထဲ၌လည်း သိုးသားစွပ်ပြုတ်များကျန်နေသေးသည့်အပြင် သူတစ်ယောက်တည်းလည်း ကုန်အောင် စားနိုင်ခြင်းမရှိတော့ပေ။
ရှောင်ချမ်းယွင်က သူ့လက်ထဲမှ ပန်းကန်လုံးကိုကြည့်၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။အသား၏ မွှေးရနံ့လေးများက သူ့နှာခေါင်းကို ကြီးစိုးနေသောကြောင့် တံတွေးတစ်လုတ်ပင် မြိုချလိုက်၏။
သူက ပုဖန် စားသည့် နည်းလမ်းအတိုင်း တုပလိုက်ပြီး ပေါင်မုန့်ချပ်ကို သစ်ပင်မှ ခူးဆွတ်လိုက်သည်။ထို့နောက် ဟင်းရည်ထဲ ခဏမျှ စိမ်ထားလိုက်၏။ထို့နောက် စွပ်ပြုတ်နှင့်ပေါင်မုန့်ကို အားရပါးရစားသုံးလိုက်လေသည်။
ဟမ်...
ရှောင်ချမ်ယွင်၏ မျက်ဝန်းများက အံ့အားသင့်မှုနှင့် ပြူးကျယ်သွားသည်။အလွန်အရသာရှိလွန်းလှ၏။
"ဒီအရသာက အရသာမျိုးစုံအဆာခံဆေးလုံးတောင် မယှဉ်ပြိုင်နိုင်ဘူး မဟုတ်လား..."
ပတ်ဝန်းကျင်ရှိ သူများကလည်း အနည်းငယ် ဆူဆူပူပူ ဖြစ်လာသည်။ထိုဟင်းပွဲက အလွန်အရသာရှိပုံပေါ်သည်။လေမိုးကြိုးမျှော်စင်ဂိုဏ်းတောင်မှ စားလျှင် သူတို့ ဘာကြောင့်မစားရမည်နည်း။ဟင်းပွဲက တကယ့်ကိုပဲ အရသာရှိကောင်းရှိနိုင်ပေသည်။
ထို့နောက်....အိုးထဲ၌ ကျန်နေသော သိုးသားစွပ်ပြုတ်အားလုံးကို ကျန်သူများအား အညီအမျှ ခွဲဝေပေးလိုက်သည်။ထိုလူများက စွပ်ပြုတ်ပန်းကန်ကို ရပြီးသည်နှင့် ပေါင်မုန့်ချပ် သစ်ပင်ဆီပြေး၍ ပေါင်မုန့်ချပ်များ သွားဆွတ်ကြလေသည်။
ကျွန်းတစ်ခုလုံး၏ ပတ်ဝန်းကျင်က ယခင်တင်းကျပ်နေသော လေထုမှ ယခု ထူးဆန်းသော အခြေအနေဖြစ်သို့ ပြောင်းလဲသွားလေသည်။သိုင်းပညာရှင်များက သူတို့၏ ဘယ်ဘက်လက်ထဲ၌ ပန်းကန်လုံးကို ကိုင်ထားပြီး ညာဘက်လက်၌ ပေါင်မုန့်ချပ်ကို ကိုင်ထားသည်။ထို့နောက် မြေပြင်ပေါ်၌ထိုင်ချပြီး သူတို့၏ အစားအစာကို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆူဆူညံညံ စားသောက်နေကြလေသည်။
.......
သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူတစ်ယောက်က ကျောက်ရေပူ တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာသည်။ကျောက်ရေပူများဖြင့် ဖွဲ့တည်ထားသော ကျောက်မွန်းစတားကြီးများစွာကလည်း သူ့နောက်မှ လိုက်ပါလာသည်။
မီရှ၏ မျက်နာအမူအရာက ရှုပ်ထွေးနေသည်။သူ့ခန္ဓာကိုယ်ထဲ စီးဆင်းနေသော သွေးများမှ စူးရှသော နာကျင်မှုတစ်ခုကိုလည်း ခံစားနေရသည်။သူက သွေးလွှမ်းလူသား၏ ထိန်းချုပ်ခြင်းကို ခံနေရသည်။ရှုရမျှော်စင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်က ရှေးဟောင်းရှုရမြို့တော်မှ သူများကို အလွယ်တကူပင် ထိန်းချုပ်နိုင်သည်။
"သတ်ဖြတ်ပွဲ စကြစို့..."
မီရှက ထိုအရာက်ို ဆန့်ကျင်ချင်သော်လည်း တကယ်တမ်းတွင် သူ ထိုသတ်ဖြတ်ခြင်းအငွေ့အသက်များကို လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။သူက မီးတောင်ထဲမှ လျှင်မြန်စွာပင် ထွက်လိုက်သည်။ထို့နောက် သူတစ်စုံတစ်ခုအာရုံခံမိသည့် အရပ်သို့ ဦးတည်သွားလိုက်သည်။
မီရှ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော အော်ရာများက အလွန်အားကောင်းလှသည်။သူက လေထဲ၌ ဂုဏ်ယူဝင့်ကြွားစွာရပ်လိုက်ပြီး အောက်ခြေရှိ ပညာရှင်များအားလုံးကို ငုံ့ကြည့်လိုက်သည်။
ထ်ိုခဏ၌ သူ့၏ သတ်ဖြတ်ခြင်းအငွေ့အသက်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းသွားသည်။
"သောက်ကျိုးနဲ... အဲ့ဒါ သူတို့ ဘာလုပ်နေကြတာလဲ..."
ဒီတပတ်အတွက် ၈ပိုင်း တင်ပေးလိုက်ပါတယ် နောက်အပတ်သောကြာမှ ပြန်တွေ့ကြပါမယ်...