အချက်အပြုတ်နတ်ဘုရား ( ပုဖန် )...

By Azure5549

72.8K 6.6K 387

လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906- 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990
991 - 995

206 - 210

481 37 1
By Azure5549

အခန်း ၂၀၆  “ကြာပန်းက ဘယ်မှာလဲ…. နင်ငါ့ကိုကတိပေးထားတယ်လေ”

အင်ပါယာမြို့တော်၏ လမ်းမထက်တွင် လမ်းဘေးစျေးသည်များ ပြည့်နှက်လျက်ရှိသည်။ အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါးက အပူငွေ့တထောင်းထောင်း ထနေသော ပေါက်စီကို လက်ထဲတွင် ကိုင်၍ လမ်းလျောက်နေလေသည်။ ထိုဘုန်းတော်ကြီးက လမ်းလျောက်နေစဉ်တွင် ပေါက်ဆီကို ဖဲ့စားနေလေသည်။ ပေါက်ဆီ၏ အပူငွေ့ငွေ့က သူ့ကို မထိခိုက်နိုင်သကဲ့သို့ ဘုန်းတော်ကြီးက တစ်ကိုက်ကိုက်လိုက်လေသည်။ အချဉ်ရည်များ ထွက်ကျလာပြီး အသားနံ့များကလဲ ပတ်ပတ်လည်သို့ လွင့်ပျံသွားလေသည်။

ဘုန်းတော်ကြီးငယ်က လက်ထဲမှ ကုန်သွားသော ပေါက်ဆီထည့်ထားသည့် ဘူးကို လမ်းမပေါ်သို့ ပစ်ချလိုက်ပြီး ဆီကွက်နေသော ပါးစပ်ကို အင်္ကျီစနှင့် ပွတ်သုတ်လိုက်သည်။ ထို့နောက် ခါးတွင် တွဲလောင်းချည်ထားသော ဝိုင်အိုးကို ယူ၍ မော့သောက်လိုက်လေသည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် စိတ်ကျေနက်ဟန်များ ဖြစ်ပေါ်လာလေသည်။

“ဒီအသား… ဒီဝိုင်… ဒါက လက်ရှိဘ၀ပဲ….”

ဘုန်းတော်ကြီးငယ်က ရေရွတ်လိုက်ပြီးနောက် ဖန်ဖန်ဆိုင်ငယ်လေးဆီသို့ ခြေလှမ်းကျဲကြီးများနှင့် တက်ကြွစွာ လျောက်သွားလိုက်လေသည်။ ဘုန်းတော်ကြီးက လမ်းကြားထိပ်သို့ ရောက်ရှိလာသည်နှင့် ရုတ်တရပ် ရပ်တန့်လိုက်ပြီး ဆိုင်ငယ်လေးကို လှမ်းကြည့်လိုက်သည်။ ထိုအရပ်တွင် ရှိနေသော ဆိုင်ငယ်လေးဆီမှာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများ ထွက်ပေါ်နေသည်ကို ခံစားမိလိုက်လေသည်။

ဘုန်းကြီးငယ်က ဝိုင်ကို နောက်တစ်ကျိုက် ထပ်သောက်လိုက်ပြီး သူ၏ မျက်နှာအမူအယာက အနည်းငယ် တင်းမာလာလေသည်။

“ဘယ်လိုတောင် ပေါ့လျော့တဲ့ သူတော်စင်အဆင့် တစ်ယောက်လဲ… သူက အင်ပါယာမြို့တော်ထဲမှာတောင်  အဆင့်တက်နေရဲတယ်…”

ဘုန်းကြီးငယ်က ရယ်မောလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ လက်ရှိအချိန်တွင် အင်ပါယာ မြို့တော်အတွင်း၌ သူတော်စင့်အဆင့်များ မရေမတွက်နိုင်အောင် ပေါများနေလေသည်။ ထို့ကြောင့် သူတော်စင်အဆင့်များ မျက်စိနောက်စရာ ဖြစ်မည်ကို စိုးရိမ်၍ သတိနှင့် လှုပ်ရှားနေကြရသည်။ သတိတစ်ချက် လွတ်သွားသည်နှင့် သူတို့၏ လည်ပင်းပင် ပျောက်သွားနိုင်လေသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်လေ… သူတော်စင်အဆင့်ဆိုလဲ ဂရုစိုက်စရာမှမဟုတ်တာ… ငါ့ရဲ့ တာ၀န်က သတင်းအချက်အလက် နည်းနည်းလောက် ရဖို့အတွက်ပဲလေ… ဟီးဟီး…. ပြီးတော့.. တချိန်တည်းမှာပဲ ဒဏ္ဍာရီလာ ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ကြည့်ရမယ်….”

ဘုန်းကြီးငယ်က ပေါ့ပါးစွာ ရေရွတ်လိုက်ပြီး သူ၏ ခေါင်းပြောင်ပြောင်ကို လက်ဖြင့် တစ်ချက် ပွတ်သပ်လိုက်ပြီး ရှေ့သို့ ဆက်လျောက်သွားလိုက်သည်။

ပုဖန်က မီးဖိုချောင်ထဲသို့ ၀င်၍ ဝိုင်အိုးကို သေချာစွာ သိမ်းလိုက်ပြီး ပြန်ထွက်လာခဲ့သည်။ ဆိုင်ထဲသို့ ပြန်ရောက်လာသည်နှင့် ရင်းနှီးကျွမ်း၀င်နေသော ပုံရိပ်များကို တွေ့လိုက်ရသောကြောင့် အေးခဲတောင့်တင်းသွားလေသည်။

၀ူယွမ်ပိုင်က ပုဖန်ကို တွေ့လိုက်ချိန်တွင် သူမ၏ မျက်၀န်းများ တောက်ပလာလေသည်။

“သေချာပေါက်ကို သူပဲ… ငါတို့ နေရာမှန်ကို ရောက်လာတာပဲ…”

သို့သော် ဝူယွမ်ပိုင်က အဆင့်ချိုးဖျက်တက်ရောက်ခါနီး သူတော်စင်အဆင့် တစ်ယောက်ကို တွေ့လိုက်ရသောကြောင့် အလျင်စလို မလှုပ်ရှားရဲပေ။ သူတော်စင်အဆင့်များ၏ အဆင့်ချိုးဖျက် တက်ရောက်နေချိန်က ဟာသတစ်ခု ဟုတ်မနေပေ။

ရှပ်ရှပ်..

ခြေသံအချို့ ထပ်မံထွက်ပေါ်လာပြီး ဝူယွမ်ပိုင်၏ အနောက် တံခါး၀တွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။

ဂျိချန်းရွဲ့က ဆိုင်၏ အလည်တွင် ထိုင်နေသော အမျိုးသမီးကို ကြည့်လိုက်ပြီးနောက် မျက်၀န်းများ စူးရှသွားလေသည်။ ထိုအမျိုးသမီးက အဆင့်ချိုးဖျက်တက်ရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဒီလို အထိမခံနိုင်တဲ့ အခြေအနေမျိုးမှာတောင် သူက အဆင့်တက်ရဲတာလား…”

လျန်ဖုက စိတ်လှုပ်ရှားစွာဖြင့် ဆိုင်အတွင်းသို့ ကြည့်လိုက်လေသည်။ ဧကရာဇ်ချန်းဖန်နှင့် နောက်ဆုံးတစ်ကြိမ် ရောက်လာပြီးချိန်မှ စ၍ ဆိုင်ဘက်သို့ တစ်ကြိမ်မျှပင် ခြေဦးလှည့်နိုင်ခြင်း မရှိခဲ့ပေ။ သူက နွေးထွေးသော လေထုကို ရုတ်တရက် ခံစားလိုက်ရပြီး အကူအညီ မဲ့စွာဖြင့် အမှတ်တရ ဟောင်းများကို တွေးတောမိသွားလေသည်။

နီယန့်၏ ခန္ဒာကိုယ်မှ စွမ်းအင်များက တိုးပွားနေရာမှ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။ သူမ၏ အစစ်အမှန် စွမ်းအင်များတိုးတက်နေမှုက သူတော်စင်အဆင့် အထွတ်အထိပ်သို့ ရောက်လာပြီးနောက် စစ်နတ်ဘုရားအဆင့်သို့ မချိုးဖျက်နိုင်မိပင် ရပ်တန့်သွားလေသည်။ စွမ်းအင်တိုးတက်နေမှုများ ရပ်တန့်သွားသောကြောင့် သူမက အကူအညီ မဲ့စွာနှင့် ရပ်တန့်လိုက်ရလေသည်။

၀ိုင်တစ်ခွက်သောက်ပြီးနောက် နီယန့်၏ နားထဲတွင် သိမြင်မှုများ တီးတိုးကြားနေရပြီး စျန်၀င်စားလုနီးပါး အခြေအနေသို့ ရောက်ရှိသွားလေသည်။ ထိုသို့ ဖြစ်နိုင်သည့် အခြေအနေက အလွန်နည်းပါးလှပြီး နီယန်က သူတော်စင်အဆင့် အထွတ်အထိပ်သို့သာ အဆင့်မြင့်တင်နိုင်ခဲ့သည်။ စစ်နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ရန်မှာ အလွန်ခက်ခဲလှပေသည်။

ဆိုင်အတွင်းတွင် စုစည်းနေသော စွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် နီယန်က မတ်တပ်ရပ်လိုက်ပြီး ခါးကို ဆန့်လိုက်လေသည်။ သူမ၏ လှပသော ခန္ဒာကိုယ်က များစွာသော မျက်၀န်းများကို ဆွဲဆောင်လိုက်နိုင်လေသည်။

“မမိုက်ပါဘူး… ပိုင်ရှင်ပု.. နင့်ရဲ့ဝိုင်က တော်တော်လေးကို ကောင်းတယ်ဆိုပေမယ့်… ငါအဆင့်ချိုးဖျက်တက်ရောက်တဲ့နေရာမှာ ကူညီနိုင်ဖို့တော့ တော်တော်လေးကို ဝေးကွာနေသေးတယ်…  သဘာ၀ရဲ့ အတားအဆီးဖြစ်တဲ့ နောက်ဆုံးတစ်လွှာကို လုံး၀ မဖျက်ဆီးနိုင်လိုက်ဘူး…”

နီယန်၏ အသံက တိတ်ဆိတ်နေသော ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။ သို့သော် သူမက စိတ်ပျက်လက်ပျက် ဖြစ်မနေပဲ ရွှင်မြူးနေလေသည်။ သူမက စစ်နတ်ဘုရားအဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်ခြင်း မရှိသော်လည်း သူမ၏ သိုင်းအဆင့်က မြင့်မားလာခဲ့သည်သာ ဖြစ်သည်။

“ပိုင်ရှင်ပု… မတွေ့ရတာကြာပြီနော်…  ဘယ်လိုအခြေအနေရှိလဲ … စီးပွားရေးရော တော်တော်လေးမှ  ကောင်းမွန်ရဲ့လား….”

ဂျိချန်းရွဲ့က လျောက်၀င်လာလိုက်ပြီး ပုဖန်ကို နှုတ်ဆက်၍ ရယ်မောပြောဆိုလိုက်သည်။

ပုဖန်က အံ့အားသင့်စွာနှင့် ဂျိချန်းရွဲ့ကို ကြည့်လိုက်လေသည်။ အလုပ်များလှသော ဂျိချန်းရွဲ့က သူ့ဆိုင်သို့ ရောက်လာသည်ကို အံ့အားသင့်နေလေသည်။

“ဘယ်လိုဖြစ်တာလဲ… သူက ဧကရာဇ်မဟုတ်ဘူးလား…”

“စီးပွားရေးက ကောင်းပါတယ်…” ပုဖန်က တည်ငြိမ်စွာနှင့် ပြန်ပြောလိုက်သည်။

၀ူယွမ်ပိုင်က ပုဖန်နှင့် သူမ ပြောဆိုနေသည်ကို ၀င်ရောက်နှောက်ယှက်လိုက်သော လူငယ်ကို စိုက်ကြည့်လိုက်သည်။  သူတို့၏ ပြောစကားများအရ မိတ်ဆွေဟောင်းများ ဖြစ်နိုင်လေသည်။

“ပိုင်ရှင်ပုရဲ့ စားသောက်ဆိုင်ထဲမှာတော့ အစားအသောက်တွေရဲက ရနံ့နဲ့ အမြဲတမ်းကိုမွှေးပျံ့နေတာပဲ….” ဂျိချန်းရွဲ့က ပြောလိုက်သည်။

“မနေ့ညက ပိုင်ရှင်ပု ထုတ်လုပ်လိုက်တဲ့ ဝိုင်ရဲ့ ရနံ့က တော်တော်လေးကို နံမည်ကြီးနေတယ်… ဝိုင်ရဲ့ မွှေးရနံ့တွေက အင်ပါယာ မြို့တော်တစ်၀က်ကိုတောင် ဖုံးလွှမ်းသွားတယ်ဆိုတော့ လူတွေ တော်တော်အံ့အား သင့်နေကြမယ်ဆိုတာကို ငါပြောရဲတယ်… ဘယ်လိုဝိုင်မျိုးကိုထုတ်လုပ်လိုက်တာလဲ ဆိုတာကိုတောင် စဉ်းစားလို့ မရတော့ဘူး… ဘယ်လို အရသာရှိတယ်ဆိုတာကို ဒီသခင်လေးက မြည်းစမ်းခွင့် ရနိုင်မလား…..”

ပုဖန်က ဂျိချန်းရွဲ့ကို ကြည့်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။

“မင်းက အရမ်းနောက်ကျနေပြီ… ဒီနေ့အတွက် ဝိုင်က ရောင်းလို့ ကုန်သွားပြီ ထပ်ရောင်းစရာ မရှိတော့ဘူး… အခြားတစ်ခုခုပဲ မှာတော့…”

“ရောင်းကုန်သွားပြီ…”

ဂျိချန်းရွဲ့က မေးကို ပွတ်၍ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်လေသည်။ ပုဖန်၏ ဆိုင်တွင် ရောင်း၀ယ်ဖောက်ကားပုံက အခြားဆိုင်များနှင့် ကွဲပြားခြားနားပေသည်။ ပုဖန်၏ ဆိုင်တွင် နောက်ဆုံးသောက်ခဲ့သည့် အချိန်က ကြာမြင့်လှပြီ ဖြစ်သောကြောင့် ဆိုင်၏ စည်းမျဉ်းများကို မေ့လုနီးနီး ဖြစ်နေလေသည်။

“ဒါက ဒီသခင်လေးရဲ့ အမှားပါပဲ… ဒီလိုဆိုမှတော့… ငါ့ကို အေးခဲကျောက်စိမ်း နှလုံးသားဝိုင်နဲ့ အနီရောင်အသားနှပ်ပဲ ပေးပါ….”

ပုဖန်၏ ဆိုင်မှ အနီရောင်အသားနှပ်က အင်ပါယာ မြို့တော် တစ်ခုလုံးတွင် အကောင်းဆုံးပင် ဖြစ်သည်။

ပုဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး ချက်ပြုတ်ရန် အတွက် မီးဖိုချောင်ထဲသို့ သွားရန် ပြင်လိုက်လေသည်။ သို့သော် သူ၏ အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသောကြောင့် ခေါင်းလှည့်ကြည့်လိုက်လေသည်။

၀ူယွမ်ပိုင်က ပုဖန်အနီးသို့ လျောက်လာပြီး နဖူးကြောများ တွန့်ကွေးလာသည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး ပြောလိုက်လေသည်။

“ပုဖန် နင်က ငါ့ကိုမေ့သွားမယ်လို့ မထင်ဘူး….”

ပုဖန်က ဝူယွမ်ပိုင်က မျက်နှာသေနှင့် ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ငါက နင့်ကို မမေ့ပါဘူး… နင်တကယ်ရောက်လာမယ်လို့ မထင်ထားတာ တစ်ခုပဲ…”

“နင်က ငါ့အပေါ်ကြာစိအကြွေးရှိနေတယ်လေ… သေခြာပေါက်လာရမှာပေါ့…. ဒါမှလဲ ငါ သူတော်စင်အဆင့်ကို မြန်မြန် တက်ရောက်နိုင်မှာ…” ဝူယွမ်ပိုင်က အလေးအနက် ပြောလိုက်သည်။

“ဟမ်… ကြာပန်း…” ပုဖန်၏ အမူအယာက ဖြူဖျော့သွားလေသည်။

ကြာပန်းအကြောင်းကို ပြန်သတိရသွားပြီးနောက် ပုဖန်က မျက်လုံးပုတ်ခတ် ပုတ်ခတ်နှင့် ဝူယွမ်ပိုင်ကို ကြည့်လိုက်လေသည်။

ပုဖန်၏ အမူအယာက ဝူယွမ်ပိုင်၏ မျက်နှာကို အရောင်အမျိုးမျိုး ပြောင်းသွားစေသည်။

“ဖြစ်နိုင်တာက ဒီလူက ကြာစိကို ဖျက်စီးပစ်လိုက်ပြီလား… ကြာစိက အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင်လေ… ဘယ်လြို့ဖစ်လို့ ဒီလို ဖြုန်းတီးပစ်ရတာလဲ…”

၀ူယွမ်ပိုင်က တွေးတောလိုက်ပြီးနောက် ပုဖန်ကို လက်ညိုးထိုး၍ ပြောလိုက်သည်။

“နင်…. နင်.. ကြာစိကို ဖျက်စီးပစ်လိုက်တယ်ပေါ့….”

“ဖျက်စီးပစ်လိုက်တာမဟုတ်ပါဘူး… အဲဒါတွေ အကုန်လုံးကို သုံးလိုက်မိတာလေး တစ်ခုပါပဲ…” ပုဖန်က ခပ်တည်တည်နှင့် အေးစက်စွာ ပြောလိုက်သည်။

သူက ဝူယွမ်ပိုင်ကို ကြည့်နေရာမှ အချို့အကြောင်းအရာများကို ပြန်လည်စဉ်းစားမိသွားသည်။

“အခုတစ်လတောင် ရှိနေပြီ.. မြွေလူသားတွေ ဘာလို့ ရောက်မလာသေးတာလဲ… သူက အသက်ဆက်ရှင်ချင်ရင်.. ငါ့ဆိုင်က သက်စောင့်ဟင်းပွဲကို လိုအပ်တယ်လေ… သူတို့ ရောက်မလာဘူးဆိုတော့… လမ်းခရီးမှာ မမျှော်လင့်တဲ့ ပြသနာတွေနဲ့ တွေ့နေလို့လား…”

သာမာန်အခြေအနေဆိုပါက သူတို့ ရောက်လာနိုင်ပြီဖြစ်သည်။သို့သော် ရောက်မလာခဲ့သောကြောင့် မြွေလူသားတို့က ပြသနာတစ်ခုခု ကြုံတွေ့နေရသောကြောင့် ဖြစ်နိုင်လေသည်။ ပုဖန်က တိတ်ဆိတ်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“နင်က ကြာစေ့တွေကို ဘယ်လိုအသုံးပြုလိုက်တာလဲ… ငါ့ရဲ့အဆင့်ချိုးဖျက်ဖို့ အတွက်ကရော… အဲဒီကြာစိတွေကို ဘယ်မှာသုံးလိုက်တာလဲ ဆိုတာကို အခုပြော…”

၀ူယွမ်ပိုင်၏ မျက်နှာက ပုပ်သိုးနေလေသည်။ သူမက အင်ပါယာမြို့တော်သို့ ရောက်ရှိလာခဲ့သော်လည်း ထိုငတိက ကြာပန်းများ အားလုံးကို အသုံးပြုပြီး ဖြစ်နေလေသည်။

“ဝိုင်ချက်လိုက်တယ်… ဘာမှမကျန်တော့ဘူး…” ပုဖန်က ပြန်ဖြေလိုက်သည်။

“ဝိုင်ချက်လိုက်တယ်… ဟုတ်လား… ကြာစိအကုန်လုံးကို ဝိုင်ချက်ဖို့သုံးလိုက်တာ… နေဦး…” ဝူယွမ်ပိုင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပုဖန်ကို မျက်လုံးပြူး၍ စိုက်ကြည့်လိုက်သည်။

“ဒီလူက ဝိုင်ချက်လိုက်တယ်လို့ ပြောလိုက်တာလား… ဒါက အင်ပါယာမြို့တော် တစ်၀က်လောက်ကို လွှမ်းခြုံသွားတဲ့ ဝိုင်ရနံ့ ဖြစ်နိုင်လောက်လား.. အဆင့်ခုနစ် စိတ်ဝိဥာဉ်ဆေးပင်ကို ဝိုင်ချက်လိုက်တယ်ပေါ့… အကိုကြီး အဲလောက်ကြီး အသုံးအဖြုန်းမကြီးလို့ ရမလား…”

၀ူယွမ်ပိုင်၏ စိတ်ထဲတွင် ရုတ်တရက် နာကျင်လာပြီး အသက်ရှူ ရပ်မတက်ပင် ခံစားလိုက်ရလေသည်။

“ဒါဆိုလဲ အဲဒီဝိုင်ဘယ်မှာလဲ.. ငါ့ကို ဝိုင်ပေးမြည်း .. အဲဒီမှာကျန်သေးတဲ့ အာနီသင်တွေက အကျိုးသက်ရောက်ကောင်း သက်ရောက်နိုင်တယ်….”

၀ူယွမ်ပိုင်က နောက်ဆုံးမျှော်လင့်ချက်ကို ဆုတ်ကိုင်ထားပြီး မျက်နှာငယ်လေးနှင့် မေးလိုက်သည်။

“အိုး… အဲဒီဝိုင်က ဒီနေ့အတွက် ရောင်းကုန်သွားပြီ.. ကျေးဇူးပြုပြီး မနက်ဖြန်ကျမှ ပြန်လာခဲ့ပါ…” ပုဖန်က ဝူယွမ်ပိုင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

၀ူယွမ်ပိုင်က အလွန်အမင်း ဒေါသထွက်လာပြီး ပုဖန်၏ မျက်နှာကို ဖြတ်ကန်ချင်စိတ် ပေါက်နေလေသည်။

အပြင်ဘက်တွင် ခြေသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး လူရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထိုသူတို့၏ အရှိန်အဝါများက အားကောင်းလှပြီး အင်ပါယာမြို့တော်အတွင်းမှ သူတော်စင် အဆင့်များ၏ အာရုံကိုပင် ဆွဲဆောင်နိုင်သွားလေသည်။

....

အခန်း ၂၀၇  “ပိုင်ရှင်ပု.. မြွေအမျိုးသမီးကို သိလား…”

“ဒီနေ့အတွက် ဝိုင်နည်းနည်းလေးတောင် မကျန်တော့ဘူးလား…”

၀ူယွမ်ပိုင်က ပူဆွေးနေဟန်နှင့် ပုဖန်ကို စိုက်ကြည့်လိုက်သည်။ သူမက အလွန်အမင်း စိတ်ဓါတ်ကျနေသော်လည်း အသုံးမ၀င်တော့ပေ။

“ဆိုင်ထဲမှာ အစားကောင်း ကြိုက်သူတွေအတွက် စားသောက်ဖွယ်ရာတွေ အများကြီး ရှိပါတယ်.. မင်းတစ်ခုခုကို အော်ဒါမှာချင်ရင် ဒီကလေးမလေးကို ပြောလိုက်…” ပုဖန်က ရှောင်ယီ၏ ခေါင်းကို ငြင်သာစွာ ပုတ်၍ သူ၏ ဟင်းပွဲများကို ကြော်ညာလိုက်သည်။

ဂျိချန်းရွဲ့က ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်နှင့် နီးသည့် နေရာတစ်ခုကို ရွေချယ်၍ ထိုင်လိုက်လေသည်။ ထို့နောက် ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်အနီးသို့ လျောက်သွားလိုက်လေသည်။

ဆန်းကျယ်လှသော စိတ်ဝိဥာဉ် လှိုင်းများနှင့် လတ်ဆတ်လှသော စွမ်းအင်များ ပတ်၀န်းကျင်တွင် ပျံ့နှံ့နေသည်ကို ခံစားလိုက်ရလေသည်။ ဂျိချန်းရွဲ့က လက်နှစ်ဖက်ကို နောက်ပစ်၍ ငါးလမ်းကြောင်းသိမြင်မှု သစ်သီပင်ကို သေချာစွာအကဲခတ်နေလေသည်။

ဆိုင်ငယ်လေး၏ အပြင်ဘက်မှ ပုန်းကွယ်နေကြသော စစ်သည်တော်များနှင့် ထိုးဖောက်လာသော စွမ်းအင်များက တဖြည်းဖြည်း ပြန်လည်ရုတ်သိမ်းသွာသည်။ သူတော်စင်အဆင့်များအားလုံးက ဖြစ်ပွားလာသော ကိစ္စရပ်များက ငါးလမ်းကြောင့်သိမြင်မှု သစ်သီးကြောင့်မဟုတ်မှန်း သိသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။ ယခုအချိန်တွင် ငါးလမ်းကြောင်းသိမြင်မှု သစ်းသီးပင်က မရင့်မှည့်လာသေးသောကြောင့် အခြား ကိစ္စရပ်များတွင် သူတို့က ပါ၀င်ပတ်သတ်လိုခြင်း မရှိပေ။

၀ူယွမ်ပိုင်က ဟင်းပွဲအချို့မှာယူလိုက်လေသည်။ ဟင်းပွဲများ၏ စျေးနှုန်းကြောင့် မျိုကျရန်ပင် ခက်ခဲလှသော်လည်း တိမ်ဖြူစံအိမ်၏ သခင်လေးတစ်ယောက်အနေနှင့် ယခုထက်တိုင် ဆိုင်ထဲတွင် ရှိနေသော အာကာသအာနန်ဂိုဏ်းမှ လူကို ကြောက်ရွံ့နေလေသည်။ ထို့ကြောင့် သူမက ပြသနာရှာရဲခြင်း မရှိပေ။ သူမက ကြာပန်းကို မရနိုင်တော့သောကြောင့် ဝူယွမ်ပိုင်၏ ဗိုက်ထဲတွင် အစားအစာများအစား ဒေါသများနှင့်  ပြည့်နှက်နေလေသည်။

နီယန်က ရီဇီလင်းနှင့်အတူ ဆိုင်ထဲမှ ထွက်ခွာသွားပြီး တည်းခိုခန်းသို့ အလျင်အမြန် ပြန်လာလိုက်သည်။ သူမက တိုးတက်လာသော စွမ်းအင်များကို အသားကျအောင် ပြုလုပ်လိုနေလေသည်။ ရီဇီလင်းက နီယန့်ကို အဖော်လိုက်ခဲ့ပေးခြင်းသာ ဖြစ်လေသည်။

ဆိုင်ထဲတွင် ပြန်လည်တိတ်ဆိတ်သွားလေသည်။ တန်းစီနေသော လူအုပ်ကြီးက ဝိုင်မရတော့သောကြောင့် ပြန်သွာကြလေသည်။ ကွမ်းညီအကို သုံးယောက်က အိမ်သို့ အလျင်အမြန် လျောက်လှမ်းနေကြလေသည်။ မမျှော်လင့်ပဲ ရရှိလာသော အကျိုးအမြတ်များကို သူတို့၏ ဖခင်ကို ပြောပြရန် ဆန္ဒပြင်းပြနေကြလေသည်။

မွှေးပျံ့သော ရနံ့များက မီးဖိုချောင်ဘက်မှ ထွက်ပေါ်လာလေသည်။ ရင်းနှီကျွမ်း၀င်နေသော မွှေးရနံ့များက ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို အကဲခတ်နေသော ဂျိချန်းရွဲ့၏ နှလုံးသားကို ဆွဲဆောင်သွားလေသည်။

“ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်က ပိုပြီးတော့ တိုးတက်လာတာပဲ… ဟင်းပွဲရဲ့ ရနံ့တွေက ပိုပြီး ဆွဲဆောင်မှု ပြင်းထန်လာတယ်…” ဂျိချန်းရွဲ့က အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီး ပြောဆိုလိုက်သည်။

လျန်ဖုက လက်ချောင်းလေးများကို ပူးထားပြီး ထိုင်ခုံတွင် ၀င်ထိုင်လိုက်လေသည်။ သူ၏ မျက်နှာက ယခုထက်တိုင် ပူဆွေးသောက ရောက်နေဆဲပင် ဖြစ်သည်။ ဤဆိုင်ထဲတွင် ဧကရာဇ်မင်းမြတ်၏ နောက်ဆုံးပုံရိပ်များ ကျန်ရှိနေလေသည်။ ရင်းနှီးကျွမ်း၀င်နေသော အမှတ်တရ မြင်ကွင်းများကို ဖယ်ရှားရန်အတွက် သူ၏ လက်ချောင်းလေးများကို ဝေ့ရမ်းလိုက်လေသည်။

ဂျိချန်းရွဲ့က လျန်ဖုကို အကူအညီ မဲ့စွာနှင့် စိုက်ကြည့်နေလေသည်။

မီးဖိုချောင်ဘက်ဆီမှ မွှေးပျံ့လှသော ရနံ့များက ပို၍ ပြင်းထန်လာပြီး ကွမ်းရှောင်ယီက အနီရောင်အသားနှပ်ကို တက်ကြွစွာနှင့် သယ်ဆောင်လာပြီး ဂျိချန်းရွဲ့၏ ရှေ့တွင် ချပေးလိုက်သည်။ ပုဖန်ကလဲ အေးခဲကျောက်စိမ်း နှလုံးသား ဝိုင်အိုးကို ဂျိချန်းရွဲ့၏ ရှေ့တွင် ချပေးလိုက်လေသည်။

ဂျိချန်းရွဲ့၏ မျက်၀န်းများက တောက်ပသွားပြီး နှုတ်ခမ်းတစ်ချက် သပ်လိုက်လေသည်။ သူက ပုဖန်၏ ဟင်းပွဲများကို နောက်ဆုံးစားသောက်ခဲ့ချိန်က ကြာမြင့်လှပြီ ဖြစ်သောကြောင့် ဆာလောင်လာလေသည်။

“မွှေးလိုက်တာ…”

ဂျိချန်းရွဲ့က ဟင်းပွဲများအနီးသို့ ကပ်၍ အနံ့ခံလိုက်ပြီး ပျော်ရွှင်စွာနှင့် မှတ်ချက်ချလိုက်သည်။ မွှေးပျံ့လှသော အနီရောင် အသားနှပ်၏ ရနံ့က စိတ်ဆိုးစွာဖြင့် ထိုင်နေသော ဝူယွမ်ပိုင်ကိုပင် ဆွဲဆောင်သွားလေသည်။

ဂျိချန်းရွဲ့က မွှေးရနံ့နှင့် အပူငွေ့များ တထောင်းထောင်း ထနေပြီး ဆီများ ရွှဲအိနေသော အသားတစ်ဖက်ကို ပါးစပ်ထဲသို့ ကောက်ထည့်လိုက်လေသည်။ အသားကို ဝါးလိုက်သည်နှင့် နူးညံ့လှသော အသားနှင့် သွားများ ထိတွေကမှုကြောင့် အံသြဖွယ်ရာ ကောင်းလှသော အရသာများ ထွက်ပေါ်လာလေသည်။ အနီရောင် အသားနှပ်နှင့် အေးခဲကျောက်စိမ်း နှလုံးသားဝိုင်က သူ၏ ဗိုက်ထဲသို့ ရောက်လာသည်နှင့် ရွှင်လန်းတက်ကြွလာလေသည်။

ပုဖန်က ဂျိချန်းရွဲ့၏ တက်ကြွနေသော အမူအယာကို ကြည့်၍ မီးဖိုချောင်ထဲသို့ ပြန်လှည့်၀င်သွားလိုက်လေသည်။

အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော ဘုန်းကြီးငယ်တစ်ပါးက လမ်းကြားလေးထဲသို့ ခပ်ပြုံးပြုံးနှင့် ၀င်လာလေသည်။ သူက ဆိုင်ငယ်လေး၏ ရှေ့တွင်လဲလျောင်းအိပ်စက်နေသော ခွေးနက်ကြီး တစ်ကောင်ကို တွေ့လိုက်ရလေသည်။ သူ၏ မျက်၀န်းများက ချက်ချင်းပင် တောက်ပြောင်လာပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေသည်။

“၀၀ဖြိုးဖြိုး ခွေးလေးတစ်ကောင်ပါလား… တော်တော်အရသာရှိမယ့်ပုံပဲ…”

ဘလက်ကီက သူ၏ ကျောရိုးတစ်လျောက်တွင် စိမ့်တက်သွားသည်ကို ခံစားလိုက်ရသောကြောင့် မျက်လုံးလှန်ကြည့်လိုက်ရာ လောဘတကြီး စိုက်ကြည့်နေသော ဘုန်းကြီးငယ်တစ်ပါးကို တွေ့လိုက်ရလေသည်။

“ဘာ… ဘာလဲ… ဒီအကြည့်က ဘာလဲဟ…”

ခွေးနက်ကြီးက ထိုသူ၏ မျက်လုံးများကို ပြန်ကြည့်လိုက်လေသည်။ သူက ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်၏ အာသာငမ်းငမ် စားသောက်လိုဟန်နှင့် စိုက်ကြည့်သည်ကို ခံလိုက်ရခြင် ဖြစ်သည်။

“ဘာလဲ…. ဒီဂတုံးက သေချင်နေတာလား….”

ဘုန်းကြီးငယ်က သူ၏ ခေါင်းပြောင်ပြောင်ကို ပွတ်သပ်လိုက်ပြီး သူ၏ ပါးစုံများ မြောက်တက်သွားသည်အထိ အားရပါးရ ပြုံးလိုက်လေသည်။

“အနီရောင်ခွေးသားနှပ်… အရသာရှိလိုက်မယ့်ဖြစ်ချင်း… ဒီလို ၀တုတ်တုတ် ခွေးက အင်ပါယာ မြို့တော်ထဲမှာ တွေ့ဖိုမလွယ်ဘူး… ကိစ္စမရှိဘူး….” ငါအရင်ဆုံး မြွေခွေးအိုကြီး ကျောက်မူရှန် ခိုင်းလိုက်တာကို အရင်လုပ်လိုက်မယ်… သူက နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ဘလက်ကီကို သနားဟန်နှင့် ကြည့်၍ ဆိုင်ထဲသို့ ၀င်သွားလေသည်။

“ဒီခေါင်းပြောင်ပြောင်နဲ့ ငတုံးကောင်က ဘာတွေ ကြံစည်နေတာလဲ… သူက ငါ့ကိုဘာလို့ သနားသလို ကြည့်တာလဲ…” ဘလက်ကီက ကြောင်အ မှင်သက်သွားလေသည်။

ဘလက်ကီက မျက်လုံးတစ်ချက်လှန်လိုက်ပြီး ပျင်းရိစွာနှင့် ပြန်အိပ်လိုက်လေသည်။

“အသား… အသားရဲ့ မွှေးရနံ့…”

ဘုန်းကြီးငယ်က ဆိုင်ထဲသို့ ရောက်လာသည်နှင့် သူ၏ မျက်လုံးများက ပို၍ လင်းလက်တောက်ပလာလေသည်။

“ဒါက အသားရနံ့… ဒါက ဝိုင်နံ့… ဒီဆိုင်လေးက မဆိုးဘူးပဲ…”

ဘုန်းကြီးငယ်က နူးညံ့မွှေးပျံ့လှသော အနီရောင် အသားနှပ်ကို စားနေသော ဂျိချန်းရွဲ့ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် တောက်ပစိုအိနေသော ရွှေဝါရောင် အသားပေါင်းဖက်ထုပ် စားနေသော ဝူယွမ်ပိုင်ကို ဆက်ကြည့်လိုက်လေသည်။ ထို့နောက် သူက ကူရာမဲ့စွာနှင့် တံတွေးတစ်လုပ်မြိုချလိုက်လေသည်။ မွှေးကြိုင်သင်းပျံ့လှသော ရနံ့များက သူ၏ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးနေလေသည်။ သူက ဗိုက်ကို တင်းကားအောင် ပေါက်ဆီများ စားခဲ့သည်ကို သူက မေ့လျော့သွားလေသည်။

“ဒါ.. ဒါက မြေခွေးအိုကြီး ကျောက်မူရှန် သွားခိုင်းလိုက်တဲ့ နေရာရော ဟုတ်ရဲ့လား…”

“မင်း ဘာမှာချင်တာလဲ… မီနူးက အနောက်မှာပါ… မှာချင်တာ ရှိရင် ငါ့ကို ပြောပါ…” ကွမ်းရှောင်ယီက ဆိုင်ထဲသို့ ၀င်ရောက်လာသော ထူးဆန်းသည့် ဘုန်းကြီးငယ်ကိုပြောလိုက်သည်။

ဘုန်းကြီးငယ်က သတိပြန်၀င်လာပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ မတန်တဆ စျေးနှုန်းများက နှုတ်ခမ်းများကို မဲ့ရွဲ့လိုက်သည်။

“ကျေးဇူးပြုပြီး ဒီဘုန်းတော်ကြီးကို ၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲနဲ့ အေးခဲကျောက်စိမ်း နှလုံးသားဝိုင် တစ်အိုး ပေးပါ…” ဘုန်းကြီးငယ်က နှိမ့်ချဟန်နှင့် ကွမ်းရှောင်ယီကို ပြန်ပြောလိုက်သည်။

ကွမ်းရှောင်ယီက ကြောင်အသွားသည်။

“ဘယ်အချိန်တုန်းက ဘုန်းတော်ကြီးတွေက အသားစားခွင့် ဝိုင်သောက်ခွင့် ရသွာတာလဲ…ဒီဖြောင့်မတ် တည်ကြည်ပုံရတဲ့ ဘုန်းကြီးငယ်က ဘာလို့ အသားနဲ့ ဝိုင်ကို မှာရတာလဲ…”

“၀က်နံရိုးချိုချဉ်ကြော်တစ်ပွဲနဲ့ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်တစ်အိုး.. ဟုတ်လား..” ကွမ်းရှောင်ယီက ပြန်၍ မေးခွန်းထုတ်လိုက်သည်။

“ဟုတ်ပါတယ်… တကာမလေး… အသားနဲ့ ဝိုင်တွေက ငါတို့ရဲ့ အူလမ်းကြောင်းကို ဖြတ်သန်းသွားတာနဲ့ ငါတို့က အမှတ်သညာနဲ့ စားသောက်ပါတယ်.. ငါတို့ရဲ့ နှလုံးသားထဲမှာ တရားရှိနေသရွေ့ ငါတို့ သောက်ချင်တာကို သောက်လို့ စားလို့ ရပါတယ်…” ဘုန်းကြီးငယ်က လက်အုပ်ချီလိုက်ပြီး ရိုးသားဟန်နှင့် ပြန်ပြောလိုက်သည်။

“ဒါဆိ်ုရင်လဲ ခဏလောက် စောင့်ပေးပါ…” ကွမ်းရှောင်ယီက အံ့သြဟန်နှင့် ပြန်ပြောလိုက်သည်။

“ဒကာမလေး ဒီဘုန်းတော်ကြီးမှာ တောင်းဆိုစရာတစ်ခု ရှိပါတယ်… ဒီဆိုင်ရဲ့ ပိုင်ရှင်နဲ့ တွေ့လို့ရမလား….”

ဘုန်းကြီးငယ်က အသာအယာ ပြောလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် မသင်္ကာဖွယ် အရိပ်အယောင် အနည်းငယ်မျှပင် ရှိမနေချေ။

“နင်က စိတ်ပုပ်သူဌေးနဲ့ တွေ့ချင်တာလား.. ခဏလောက်စောင့်လို့ရမလား… အခု သူမအားသေးဘူး…” ကွမ်းရှောင်ယီက မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည်။ ဘုန်းကြီးငယ်ကို ကြည့်ရသည်မှာ သူမ၏ စိတ်ထဲတွင် တစ်ခုခု ထူးဆန်းနေလေသည်။

ဘုန်းကြီးငယ်က အလျှင်လိုခြင်း မရှိပဲ နေရာတစ်နေရာတွင် ၀င်ထိုင်လိုက်လေသည်။

ကွမ်းရှောင်ယီက မီးဖိုချောင်အနီးသို့ လျောက်လာလိုက်ပြီး ပုဖန်ကို ပြောလိုက်လေသည်။

“ဒီ၀က်နံရိုးချိုချဉ်ကြော်နဲ့ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်ကို ဘုန်းကြီးပါးက မှာတာ…” ကွမ်းရှောင်ယီက အသံကို နှိမ့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ပြီးတော့ သူက စိတ်ပုပ်သူဌေးကို တွေ့ချင်လို့တဲ့…”

“ငါ့ကိုတွေ့ချင်တယ်…”

ပုဖန်က တခဏမျှ ကြောင်သွားပြီး ဟင်းပွဲများကို ပြတင်းပေါက်ဘောင်ပေါ်သို့ တင်ပေးလိုက်လေသည်။ ကွမ်းရှောင်ယီက ဟင်းပွဲများကို ဝူယွမ်ပိုင်၏ ရှေ့သို့ ချပေးလိုက်လေသည်။ ထိုနှစ်ယောက်က ဟင်းပွဲအများအပြား မှာယူထားပြီး ပန်းကန်ထဲ မျက်နှာ၀င်မတက် စားသောက်နေလေသည်။ သူတို့က ပုဖန်၏ ဟင်းပွဲများ အလွန်ကောင်းမွန်နေမည်ဟု မမျှော်လင့်ထားကြချေ။

ပုဖန်က မွှေးကြိုင်လှသော ၀က်နံရိုးချိုချဉ်ကြော်နှင့် အေးခဲကျောက်စိမ်း နှလုံးသားဝိုင်ကို ကိုင်၍ ဘုန်းကြီးငယ်ထံသို့ လျောက်သွားလိုက်သည်။ ဘုန်းကြီးငယ်ကို ပုဖန်က စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ကာ လက်အုပ်ချီ၍ ပြောလိုက်သည်။

“ဒီမှာမင်းရဲ့ ဝိုင်နဲ့ ၀က်နံရိုးချိုချဉ်ကြော် ကောင်းကောင်းဆုံးဆောင်ပါ..”

ပုဖန်က ပြောလိုက်ပြီးနောက် တည်ငြိမ်အေးချမ်းပုံရသည့် ဘုန်းကြီးငယ်ကို သင်္ကာမကင်း ကြည့်လိုက်သည်။

ဘုန်းကြီးငယ်က မတ်တပ်ထရပ်လိုက်ပြီး သာမာန်မျှ ပြုံး၍ ပြောလိုက်သည်။

“ငါက ကြီးကျယ်မြင့်မြတ်လှတဲ့ ပိုင်ရှင်ပုရဲ့ အကြောင်းတွေကို အများကြီး ကြားခဲ့ဖူးပါတယ်.. ဒီနိမ့်ကျတဲ့ ဘုန်းတော်ကြီး ရှန့်တဲက လေးစားမိတာကြောင့် အလည်လာခဲ့တာပါ…”

ပုဖန်က ဘုန်းကြီးငယ်ကို စိုက်ကြည့်နေလေသည်။ သူက မျက်နှာသေဖြင့်ပင် ဆက်လက် စိုက်ကြည့်နေလေသည်။

ဘုန်ကြီးငယ်က သူ၏ ခေါင်းပြောင်ပြောင်ကို ပွတ်သပ်လိုက်ပြီး ကြိတ်ရယ်လိုက်သည်။ထို့နောက်

“ပိုင်ရှင်ပုရဲ့ ဟင်းချက်စွမ်းရည်က အထင်ကြီးစရာပါပဲ… ဒီမွှေးရနံ့တွေက ဒီဘုန်းတော်ကြီးကို အပြည့်အ၀ကို ဆွဲဆောင်နိုင်ပါပေတယ်… ဒါပေမယ့်… ဒီဘုန်းတော်ကြီး လာရတဲ့ ရည်ရွယ်ချက်က ပိုင်ရှင်ပုကို မေးခွန့်တချို့ မေးစရာရှိလို့ပါ…”

“ဆက်ပြော….” ပုဖန်က အေးစက်စက် တုန့်ပြန်လိုက်သည်။

ဘုန်းတော်ကြီး၏ မျက်နှာက လေးနက်သွားပြီး လက်အုပ်ချီ၍ ပုဖန်ကို အနည်းငယ် ဦးညွှတ်လိုက်သည်။

“ဘုန်းတော်ကြီးတွေရဲ့ ရင်ထဲမှာ ဂရုဏာနဲ့ သနားကြင်နာတတ်တဲ့ နှလုံးသားရှိပါတယ်… ဒီဘုန်းတော်ကြီးက လမ်းမတစ်ခုကို ဖြတ်လာတုန်းက မြွေအမျိုးသမီးငယ် တစ်ယောက်ကို တွေ့ခဲ့တယ်.. လူတစ်ယောက်ကို သေခြင်းတရားကနေ ကယ်တင်တာက ဘုရားရှင်အတွက် ဘုံခုနစ်ဆင့် အဆောက်အဦး ဆောက်လုက်ပေးတာထက် ပိုပြီး ကောင်းမွန်တယ်… အဲဒါကြောင့် ဒီဘုန်းတော်ကြီးက သူမကို ကယ်ဖို့ ကြိုးစားခဲ့တယ်…”

“ဒါပေမယ့်လဲ သူမရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်လို့ ငါမရောက်ခင်မှာပဲ မေ့လဲကျသွားခဲ့တယ်… သူမေ့မလဲကျခင် ပိုင်ရှင်ပုရဲ့ နံမည်ကို အော်ခေါ်နေတယ်.. ဒါကြောင့် အဲဒီမြွေအမျိုးသမီးကို ပိုင်ရှင်ပုများ သိမလားလို့ ဒီဘုန်းတော်ကြီးက လာမေးပေးတာပါ…”

....

အခန် ၂၀၈ “ကြီးကျယ် မြင့်မြတ်လှသော ဂူဗိမ္မာန်မှ ဘုရင်ခံယု”

ဘုန်းကြီးငယ်က လက်အုပ်ချီထားပြီး သူ၏ အမူအယာက အလွန်နူးညံ့သိမ်မွေ့နေကာ ကြင်နာတတ်သော အပြုံးတစ်ခု ပြုံထားလေသည်။ သူက ခပ်ပြုံးပြုံးနှင့် ပုဖန်ကို စိုက်ကြည့်နေသော်လည်း သူ၏ အကြည့်များက ဓါးတစ်လက်ကဲ့သို့ စူးရှထက်မြိနေလေသည်။

“မြွေအမျိုးသမီး…”

ပုဖန်က စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း ဘုန်းကြီးငယ်၏ အကြည့်စူးစူးများအောက်တွင် အမူအယာ မပျက်စေရန် ဂရုစိုက်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်… ငါသိတယ်…”

ပုဖန်၏ အဖြေက အေးဆေးတည်ငြိမ်နေပြီး စိတ်လှုပ်ရှားဟန်ပင် မရှိချေ။ သူက ဆိုင်သို့ မြွေလူသားများ ရောက်မလာသောကြောင့် အံ့အားသင့်နေသော်လည်း အဖြစ်မှန်က လမ်းခရီးတွင် မြွေလူသားများက အန္တရာယ်နှင့် တွေ့ကြုံနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ထိုအခြေအနေက အံ့သြစရာတစ်ခု မဟုတ်တော့ပေ။ အင်ပါယာမြို့တော်က အန္တရာယ်များကြားတွင် ကျရောက်နေပြီး ယမနေ့ညက သူ၏ ဆိုင်သို့ ရောက်ရှိလားသော လူအုပ်သည်ပင် ထိပ်သီး သူတော်စင် အဆင့်များ ဖြစ်ကြသည်။

မြွေလူသားများက ထူးခြားဆန်းပြားသော မျိုးနွယ်စု ဖြစ်သောကြောင့် လူသားများ နေထိုင်ရာသို့ ရောက်လာလျင် အန္တရာယ် ကြုံတွေ့ရမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ပုဖန်က ဘုန်းကြီးငယ်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။

“အဲဒီတော့… မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ…”

ဘုန်းကြီးငယ်က သူ၏ မေးခွန်းကို ပုဖန်က အတည်ပြုပေးလိုက်သောကြောင့် ကျေနပ်သွားသော်လည်း ပုဖန် ပြန်မေးလိုက်သော မေးခွန်းကြောင့် စိတ်ရှုပ်ထွေး သွားလေသည်။ မြွေလူသားများကို မြေခွေးအိုကြီး ကျောက်မူရှန်က ဖမ်းထားသောကြောင့် သူက မည်သို့ ပြန်ပြောရမည်မှန်း မသိတော့ပေ။

“မင်းက သူတို့ကို မကူညီနိုင်ဘူးဆိုရင် သူတို့ကို ဒီခေါ်လာခဲ့လိုက်လေ…” ပုဖန်က ဘုန်းကြီးငယ်၏ ခေါင်းပြောင်ပြောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

ထို့နောက် မီးဖိုချောင်ထဲသို့ ပြန်၀င်သွားလိုက်လေသည်။ မြွေလူသားများကို သူ့ဆိုင်သို့ ရောက်လာလျှင် ကူညီပေးမည်ဟု ကတိပေးခဲ့ဖူးလေသည်။ သို့သော် လမ်းခရီးတွင် အန္တရာယ်တွေ့နေခြင်းက သူ့တွင် တာ၀န်ရှိသည်ဟု မခံစားရပေ။

ဘုန်းတော်ကြီးက သူ၏ ခေါင်းပြောင်ပြောင်ကို တစ်ချက်ပွတ်လိုက်ပြီး သရော်ဟန်နှင့် ပြုံးလိုက်လေသည်။ ပုဖန်၏ မေးခွန်းကို မဖြေပဲ ကျောက်မူရှန်အတွက် ထားလိုက်လေသည်။ ထို့နောက် စားပွဲပေါ်မှ ၀က်နံရိုးချိုချဉ်ကြော်ကို လှမ်းကြည့်လိုက်သည်။ လိမ္မော်ရောင်တောက်နေသော ၀က်နံရိုးချိုချဉ်ကြော်က သူ၏ စားချင်စိတ်ကို ဆွဲဆောင်နေလေသည်။ လမ်းတစ်လျောက် ပေါက်ဆီစားခဲ့သောကြောင့် ပြည့်ကားနေသော ဗိုက်အတွင်းမှ ဆာလောင်မှုကြောင့် အသံများ ဆူညံစွာ ထွက်ပေါ်နေလေသည်။

သူက တူကို ကောက်ယူလိုက်ပြီး စားပွဲတွင် အနည်းငယ်စောင့်လိုက်သည်။ ထို့နောက် ၀က်နံရိုးချိုချဉ်ကြော်တစ်ဖက်ကို ကောက်ယူလိုက်လေသည်။ တူက နံရိုးဖက်ကို ထိတွေ့သွားသည်နှင့် နွေဦးရာသီသို့ ရုတ်တရက် ရောက်ရှိလာသည်ဟု ခံစားလိုက်ရသည်။

ဘုန်းကြီးငယ်က နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး ၀က်နံရိုးချိုချဉ်ကြော်မှ အချိုရည်အချို့ကို လျှာပေါ်သို့ တင်လိုက်လေသည်။ ကောင်းမွန်လှသော အရသာကြောင့်သူ၏ မျက်၀န်းများ လင်းလက်လာလေသည်။ ၀က်နံရိုးကြော်တစ်ခုလုံး သူ၏ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ဘုန်းကြီးငယ်၏ မျက်၀န်းများက ပို၍ တောက်ပလာလေသည်။ မွှေးကြိုင်သင်းပျံ့သော ရနံ့များက လွင့်ပျံနေပြီး သူ၏ ပါးစပ်တစ်ခုလုံးတွင် နူးညံ့မှု အသား၏ အရည်ရွှမ်းမှုများနှင့် ပြည့်နှက်သွားလေသည်။

“အရမ်း…အရမ်းကို အရသာရှိတယ်…”

ဘုန်းကြီးငယ်က ဆက်၍ ဝါးနေပြီး သူ၏ မျက်၀န်းများက ပြူးကျယ်လာကာ ထူးဆန်းစွာ ရယ်လိုက်လေသည်။

“ဒီအသားရဲ့ အရသာက သေလောက်အောင်ကို အရသာရှိတယ်… ဂလု…”

၀က်နံရိုးတစ်ချောင်းလုံးကို မျိုချလိုက်ပြီးနောက် သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်နေသော အသား၏ မွှေးရနံ့များက သူ့ကို မူးယစ်ပျော်၀င်နေစေသည်။

အသားစားသော ဘုန်းကြီးတစ်ပါး အနေနှင့် အလွန်အကြူး အသားကို နှစ်သက်မှုက အခြားသူများ၏ အမြင်တွင် တမူထူးဆန်းနေလေသည်။ သူက အသားအမျိုးမျိုးကို စားခဲ့ဖူးလေသည်။ ထိုသို့ စားရခြင်း၏ အကြီးမားဆုံး အကြောင်းပြချက်မှာ သူရှင်သန်နေထိုင်ခဲ့သော အဆုံးအစမဲ့ ကျယ်၀န်းလှသော နယ်မြေတွင် အပင်များနှင့် စိတ်ဝိဥာဉ်သစ်သီးများ လုံး၀မရှိပဲ ဝိဥာဉ်သားရဲများသာ အလွန်ပေါများသောကြောင့် ဖြစ်သည်။

ထိုနေရာတွင် ရှင်သန်နေထိုင်နိုင်ရန် သားရဲများ၏ လတ်ဆတ်သော အသားစိမ်းကို စားခဲ့ရပြီး သွေးကို သောက်ခဲ့ရသည်။ ထိုသားရဲတို့၏ အသားများက ချီးကျူးရန်ပင် မထိုက်တန်ပေ။ ထိုနေရာမှ ထွက်ခွာလာပြီးနောက် ဘုန်းတော်ကြီး ရှန့်တဲက အသားစားရသည်ကို ဆက်လက်မက်မော ခုံမင်နေပြီး ကမ္ဘာပေါ်မှ အရသာရှိသော အသားဟင်းများကို ရှာဖွေစားသောက်နိုင်ရန် ကျိန်ဆိုခဲ့သည်။

ဘုန်းတော်ကြီး ရှန့်တဲက ကြွေခွက်ထဲသို့ ဝိုင်ငှဲ့လိုက်သည်။ နွေဦးစမ်းရည်ကဲ့သို့ ကြည်လင်နေသော ဝိုင်များက ခွက်ထဲသို့ စီးဆင်းလာသည်နှင့် ဝိုင်နံ့များက အသား၏ မွှေးရနံ့များနှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်သွားလေသည်။ ရှန့်တဲက မထိန်းချုပ်နိုင်တော့ပဲ အနည်းငယ် အော်လိုက်မိသည်။

ခပ်လှမ်လှမ်းတွင် ထိုင်နေသော ကွမ်းရှောင်ယီက အသားစားလိုက် ဝိုင်သောက်လိုက်ဖြင့် အလုပ်ရှုပ်နေသော ဘုန်းကြီးငယ်ကို အကဲခတ်နေလေသည်။ ထိုဘုန်းကြီးငယ်ကို ကြည့်၍ သူမ၏ အခြေခ့ အသိအမြင်များက မှားယွင်းနေသည်ဟု ခံစားနေရလေသည်။

“စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတာက ဘုန်းတော်ကြီးတွေဆိုတာ… ဝိုင်တို့ အသားတို့ကို မစားရဘူးလေ…. အဲဒါ မဟုတ်ဘူးလား..” ကွမ်းရှောင်ယီက မဲ့ရွဲ့နေလေသည်။

ပါးစပ်အဆီကွက်နေသော ဘုန်းတော်ကြီး ရှန့်တဲက စာအုပ်ထဲတွင် ရေးသားထားသော သမားရိုးကျ ဘုန်းတော်ကြီးများနှင့် အနည်းငယ်မျှပင် တူညီခြင်းမရှိပေ။ ထိုအရေးအသားများက မုသားများသာ ဖြစ်နိုင်လေသည်။

ဘုန်းကြီးငယ်ကခြေထောက်ကို လွဲ၍ စားပွဲခုံတန်းပေါ်သို့ တင်လိုက်လေသည်။ ထို့နောက် ခြေထောက်တလှုပ်လှုပ်နှင့် ၀က်နံရိုးချိုချဉ်ကြော်ကို စားနေလေသည်။ သူက ကွမ်းရှောင်ယီ၏ အကြည့်များကို သတိပြုမိဟန်နှင့် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။

ကွမ်းရှောင်ယီက မကျေမနပ်နှင့် ဟမ့်ခနဲ အသံပြုလိုက်ပြီး အကြည့်လွှဲလိုက်လေသည်။

ဂျိချန်းရွဲ့က ဟင်းပွဲများကို စားသောက်ပြီးဆီးသွားသောကြောင့် တူကို ချထားလိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေလေသည်။ သူက ပိုင်ရှင်ပု၏ အရသာရှိလှသော စားသောက်ဖွယ်ရာများကို မစားရသည်မှာ ကြာပြီဖြစ်သောကြောင့် သူက ကျေနပ်နေလေသည်။

“ဦးလေးလျန်… သွားကြရအောင်….” ဂျိချန်းရွဲ့က သူ၏ ဘေးတွင် ဥထမင်းကြော်စားနေသော လျန်ဖုကို ပြောလိုက်သည်။

လျန်ဖုက သူ၏ လက်ချောင်းလေးများကို ဝေ့ရမ်း၍ မတ်တပ်ထရပ်လိုက်သောလည်း အမှတ်တရများနှင့် ပြည့်နှက်နေသော ဆိုင်ငယ်လေးထဲမှ ထွက်ခွာသွားရန် တွန့်ဆုတ်နေလေသည်။ ဧကရာဇ်တစ်ပါး ဖြစ်သော ဂျိချန်းရွဲ့က နန်းတော်မှ ကြာရှည်စွာ ထွက်ခွာ၍ မရပေ။

ဂျိချန်းရွဲ့က သူတော်စင်အဆင့်များ လိုချင်တပ်မက်နေသော ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို ခံစားကြည့်ရှုရန်နှင့် ပုဖန်အသစ်ထုတ်လိုက်သော ဝိုင်ကို မြည်းစမ်းရန် ဖြစ်သည်။ သို့သော် ကံမကောင်းစွာနှင့် သူက ဝိုင်ကို မြည်းစမ်းရန် အခွင့်မကြုံလိုက်ပေ။ ထို့ကြောင့် အနည်းငယ် ရှက်ရွံ့နေသော်လည်း ပုဖန်၏ လက်ရာ ဟင်းပွဲများကို စားလိုက်ရသောကြောင့် စိတ်ကျေနပ်နေလေသည်။

ဂျိချန်းရွဲ့တို့ ပြန်လည်ထွက်ခွာသွားချိန်တွင်ပင် ဝူယွမ်ပိုင်တို့က ဆက်လက်စားသောက်နေကြဆဲပင် ဖြစ်သည်။ သူတို့က များပြားလှသော ဟင်းပွဲများကို မှာယူထားပြီး ခေါင်းမဖော်တမ်း စားသောက်နေကြလေသည်။

…….

အင်ပါယာမြို့တော်၏ ကြီးကျယ်ခမ်းနားလှသော ဂူဗိမ္မာန်အနီးတွင် နှင်းစက်လေးများက နူးညံ့စွာ ကျဆင်းနေလေသည်။ အေးစက်လှသော လေပြေလေညှင်းလေးများ တိုက်ခတ်နေပြီး သစ်ရွက်ချင်း ပွတ်တိုက်ရာမှ ထွက်ပေါ်နေသော အသံတိုးတိုများက လွင့်ပျံနေလေသည်။

ကြီးကျယ်ခမ်းနားလှသော ဂူဗိမ္မာန်က မြင့်မားမတ်စောက်သော တောင်ထိပ်ပေါ်တွင် ရှိနေလေသည်။ နွေဦးရာသီ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုနေရာတွင် နှင်းများ ကျဆင်းနေဆဲဖြစ်ပြီး အင်ပါယာမြို့ထဲတွင်ထက် ပို၍ အေးခဲနေလေသည်။

တဲအိမ်လေးတစ်လုံးအတွင်းမှ သာမာန်ပိတ်ချော၀တ်စုံကို ၀တ်ဆင်ထားသော လူတစ်ယောက် ထွက်လာလေသည်။ ထိုသူက ကြီးကျယ်ခမ်းနားလှသော ဂူဗိမ္မာန်များ ရှိရာသို့ လျှင်မြန်စွာ လျောက်လှမ်းနေလေသည်။ ထိုနေရာတွင် မရေမတွက်နိုင်သော ကဗ္ဗည်းတိုင်များ ရှိနေပြီး ထိုသူက ထိုကဗ္ဗည်းတိုင်များပေါ်သို့ ကျနေသော သစ်ရွက်များကို တံမျက်စည်းနှင့် လှည်းကျင်းနေလေသည်။

သူတံမျက်စည်း လှည်းနေချိန်တွင် သချိုင်းဂူအတွင်းမှ တုန်ခါသံ အချို့နှင့်အတူ နမိတ်မကောင်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

“ကျွတ်ကျွတ်ကျွတ်… တချိန်က မျိုးဆက်သစ်တွေထဲမှာ ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ ဘုရင်ခံယုက နဂါးပလ္လင်လုပွဲမှာ ရှုံးနိမ့်သွားပြီး ဒီလိုနိမ့်ကျတဲ့ အခြေအနေကို ရောက်နေတာလား...”

“တချိန်က သူ့ရဲ့ ရွှေရောင်နေ့ရက်တွေကလည်း ပျောက်ကွယ်သွားပြီလေ…. အိုး… ကြည့်စမ်းပါဦး… ဘယ်လောက်တောင် သနားဖို့ ကောင်းလိုက်လဲ….”

အေးဆေးငြိမ်သက်နေသော ဂူဗိမ္မာန်အတွင်းမှ ကျယ်လောင်သော ရယ်သံတစ်ခုနှင့်အတူ ခြေသံများ ထွက်ပေါ်လာလေသည်။

တံမျက်စည်းကိုင်ထားသူ၏ ခန္ဒာကိုယ်က တောင့်တင်းသွားပြီး သူ့ကို လှောင်ရယ်နေသူကို မျက်စိမှေးစင်း၍ ကြည့်လိုက်လေသည်။ သူ၏ အကြည့်စူးစူးများက မီးခိုးရောင်ဖြစ်နေပြီး သူ၏ မျက်နှာက လူသေကဲ့သို့ အမူအယာ မဲ့နေလေသည်။

အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသော ကျောက်ရူကျီက လက်နောက်ပစ်၍ ရပ်နေလေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် အစောင့်နှစ်ယောက် ရှိနေလေသည်။ ထိုနှစ်ယောက်၏ မျက်နှာများကို ဖုံးကွယ်ထားသောကြောင့် အလွယ်တကူ ခွဲခြားနိုင်ခြင်း မရှိပေ။ ကြောက်စရာကောင်းလောက်အောင် သန်မာလှသော ထိုနှစ်ယောက်က ဂူဗိမ္မာန်မှ အစောင့်များကို သတ်ဖြတ်ပြီး ဖြစ်နိုင်ပေသည်။

ကျောက်ရူကျီက ဂူဗိမ္မာန်၏ ၀င်ပေါက်တွင် ခြေလှမ်းကျဲများနှင့် လျောက်နေလေသည်။ အပြင်လူတစ်ယောက်အနေနှင့် အင်ပါယာမြို့တော်၏ အထွတ်အမြတ်ထားရာ ဂူဗိမ္မာန်ထဲသို့ ၀င်ရောက်ရဲခြင်း မရှိပေ။ ထိုဂူဗိမ္မာန်ထဲသို့ ၀င်ရောက်ခြင်းဖြင့် ဖြစ်လာနိုင်သော အကျိုးဆက်များကို သူက သိရှိထားခြင်းမရှိပေ။

ဂျိချန်းယုက ကျောက်ရူကျီကို အကဲခတ်လိုက်ပြီး သစ်ရွက်ခြောက်များကို ဆက်လှည်းနေလေသည်။ သူ၏ လှုပ်ရှားမှုများက အသက်ကြီးပိုင်းတစ်ယောက်ကဲ့သို့ နှေးကွေးနေပြီး တချိန်က ရဲရင့်တက်ကြွလှသော ဘုရင်ခံယု၏ အပြုအမူအများ ပျောက်ကွယ်နေလေသည်။

“မြင့်မြတ်လှတဲ့ ဘုရင်ခံယုက ဘဝတစ်လျောက်လုံး ဒီဂူဗိမ္မာန်ထဲမှာပဲ ပိတ်မိနေချင်ရဲ့လား… အခု ဂျိချန်းရွဲ့က ပလ္လင်ပေါ်မှာ အေးအေးသာသာ ထိုင်နေတာကို တွေးကြည့်လိုက်စမ်းပါ… မင်းဒေါသမထွက်ဘူးလား…” ကျောက်ရူကျီက မုန်းတီးနေဟန်နှင့် စိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“ဘယ်လိုကြောင့် မင်းက ဒီလိုဖြစ်သွားတာလဲ… ဂျိချန်းရွဲ့က ပလ္လင်ပေါ်မှာ အေးအေးသက်သာ ထိုင်နေတဲ့အချိန်မှာ မင်းက ဒီနေရာမှာ ဂူဗိမ္မာန်ကို ခွေးတစ်ကောင်လို စောင့်ကြပ်နေရတယ်… ဘာလို့ သူဖြစ်ရတာလဲ…”

ဂျိချန်းယုက လှည့်ကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ဂျိချန်းရွဲ့ကို ဆန့်ကျင်စရာ ဘာအကြောင်းများ ရှိသေးလို့လဲ … အရာအားလုံးက ပြီးဆုံးသွားပြီ… ခမည်းတော်က သူ့ကိုရွေးချယ်လိုက်တယ်.. ဒါက ငါ့ကို … ရှုံးနိမ့်စေတာပဲ…”

“အရှုံးသမားတစ်ယောက်လား… ဒါက ငါ့စိတ်ထဲမှာရှိတဲ့ ဘုရင်ခံယု မဟုတ်ဘူး…” ကျောက်ရူကျီက လှောင်ပြောင်လိုက်သည်။

ဂျိချန်းယုက ခေါင်းခါရမ်းလိုက်ပြီး ကျောက်ရူကျီကို မသိကျိုးကျွံပြု၍ နောက်ထပ်ကဗ္ဗည်းတိုင်တစ်ခုကို ကူးပြောင်းလိုက်သည်။ ထိုကဗ္ဗည်းတိုင်က ဧကရာဇ်ဂျိချန်းဖန်၏ ကဗည်းတိုင်ဖြစ်ပြီး အခြားဧကရာဇ်များ၏ ကဗ္ဗည်းတိုင်များနှင့် မတူညီပဲ ဟောင်းနွမ်းစုတ်ပြတ်နေလေသည်။

ဂျိချန်းယုက ခေါင်းကို ငုံ့ချလိုက်ပြီး သူ၏ခေါင်းကို ကွယ်ထားလိုက်ကာ သစ်ရွက်ကြွေများကို ဆက်လက် လှည်းကျင်းနေလိုက်သည်။

“ဂျိချန်းယု… ငါ ကျောက်ရူကျီက ဒီနေ့မင်းကို ပြော စရာရှိလို့ လာခဲ့တာ… လျန်ဖုက အခု အင်ပါယာမြို့တော်ထဲ ရောက်နေတယ်… မင်းကရော.. ဘယ်တော့မှ မြို့တော်ထဲကို ပေါ်ပေါ်တင်တင် ထွက်နိုင်မှာလဲ… မင်းက မထွက်ခွာချင်ရင်တော့ ငါလဲ ပြောစရာမရှိတော့ဘူး… မင်းက ရှုံးနိမ့်မှုကို လက်မခံနိုင်ဘူးဆိုရင် ငါနဲ့ငါ့အဖေ ကျောက်မူရှန်က မင်းလိုအပ်တာတွေကို ထောက်ပံ့ပေးမယ်…”

ကျောက်ရူကျီက ပြောဆိုလိုက်ပြီး ဆက်မေးလိုက်သည်။

“အဲဒီတော့ မင်းရဲ့ ရွေးချယ်မှုက ဘယ်လိုလဲ…”

တိုက်ခတ်နေသော ဆောင်းလေညှင်းများထဲတွင် နှင်းမှုန်လေးများ ဝေ့၀ဲပါ၀င်နေလေသည်။ နှင်းမှုန်လေးများက ကျောက်ရူကျီပေါ်သို့ ကျဆင်းလာသော်လည်း သူ၏ ခန္ဒာကိုယ်မှ အပူချိန်ကြောင့် ရေစက်လေးများအဖြစ် ပြောင်းလဲသွားလေသည်။

ကျောက်ရူကျီက ဂူဗိမ္မာန်ထဲမှ ပုံရိပ်ကို စောင့်ကြည့်နေလေသည်။ ဘုရင်ခံယုက အရှုံးပေးလိုက်မည်မဟုတ်ဟု သူက ယုံကြည်နေလေသည်။ တံမျက်စည်းကိုင်ထားသော ပုံရိပ်က တဖြည်းဖြည်း ထွက်ခွာလာလေသည်။ သူ၏ မျက်၀န်းများက မီးခိုးရောင် ဖြစ်နေသော်လည်း ထိုမီးခိုရောင်များကြားတွင် မျှော်လင့်ချက်များ လောင်ကျွမ်းနေလေသည်။

“ကျောက်မူရှန်… ဒီမြေခွေးအိုကြီးက တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ…”

ဂျိချန်းယုက ပြောဆိုလိုက်ပြီး သူ့လက်ထဲမှ တံမျက်စည်းကို ပခုံးပေါ်သို့ တင်လိုက်ပြီး ဆံပင်စည်းထားသော သိုးမွှေးစကို ဆွဲဖြည်ချလိုက်ရာ ဆံပင်များ ပြေလျော့ကျလာလေသည်။

ကျောက်ရူကျီက သူ့ကို နှုတ်ခမ်းများ တွန့်ကွေး၍ စိုက်ကြည့်နေလေသည်။.

…….

ညအချိန်တွင် ကောင်းကင်ထက်၌ လခြမ်းကွေးလေး နှစ်ခုကို ချိတ်ဆွဲထားလေသည်။

အင်ပါယာမြို့တော်အတွင်းမှ ခြံ၀န်းတစ်ခုထဲတွင် ကျောက်မူရှန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေလေသည်။ သူ၏ အမူအယာက နူးညံ့သိမ်မွေ့နေပြီး ခန္ဒာကိုယ်မှ ထွက်ရှိနေသော စွမ်းအင်များက စမ်းချောင်းတစ်ခုထဲတွင် စီးဆင်းနေသော ရေများကဲ့သို့ အတက်အကျ ဖြစ်နေလေသည်။

အရက်မူးနေဟန်ရှိသော ပုံရိပ်တစ်ခုက ခြံ၀န်းထဲသို့ ရုတ်တရက် ရောက်ရှိလာပြီး သူ့ဆီမှ လေချဉ်တက်သံ အချိုပင် ကြားနေရလေသည်။

ကျောက်မူရှန်က နဖူးကျော်များ တွန့်ကွေးသည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး ထုံပုံရိပ်ကို စိုက်ကြည့်လိုက်သည်။

“ရှန့်တဲ… မင်းသောက်လာပြန်ပြီလား… ဆည်းကပ်သူတွေက အရက်မသောက်သင့်ဘူး… ဒါကိ်ု မင်းက ပိုပိုပြီး ဆိုးဝါးလာတယ်…”

“ဟီးဟီး.. အကြီးအကဲ… ဆည်းကပ်သူတွေက ဘာလို့အရက်မသောက်ရဘူးလို့ အကြီးအကဲပြောရတဲ့ အကြောင်းရင်းကို ဒီရှန့်တဲက သိပါတယ်… ဒီဝိုင်နဲ့ အသားက အူလမ်းကြောင်းထဲရောက်သွားတာနဲ့ ဒီဘုန်းကြီးက ဇိမ်ယူခြင်လာတယ်…”  ရှန့်တဲက အရက်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ထားလိုက်တော့… မင်းဘယ်လောက်သောက်သောက် ငါဂရုမစိုက်ဘူး… အဲဒါတွေကလည်း ကြာကြာခံမှာမဟုတ်ဘူး…” ကျောက်မူရှန်က မျက်မှောင်ကြုံ့လိုက်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

သူ့ရှေ့တွင် မဟာယာန ကျွန်းမှ အခြားဘုန်းတော်ကြီး တစ်ပါးဖြစ်ပါက ကျောက်မူရှန်က ရိုက်နှက်ဆုံးမလိုက်မည်ဖြစ်သည်။ သို့သော် ရှန့်တဲက..

ဟင်း…

“ဟီးဟီး… အကြီးအကဲ… အကြီးအကဲပြောထားတာတွေကို ရှန့်တဲက မမေ့ပါဘူး… ပိုင်ရှင်ပုက မြွေလူသားကို သိတယ်တဲ့..” ရှန့်တဲ၏ မျက်၀န်းများက မူးဝေနေသော်လည်း ယိုင်ထိုးနေခြင်းမရှိပဲ တည့်မတ်စွာ ရပ်နိုင်လေသည်။

ထို့နောက် သူက သစ်ပင်ကို မှီလိုက်ပြီး ဆက်ပြောလိုက်သည်။

“အဲဒီပိုင်ရှင်ပုက….ငါက သူတို့ကို သိတော့ရော ဘာဖြစ်လဲတဲ့… ကျွန်တော် ဘာဆက်လုပ်ရမလဲ…”

ကျောက်မူရှန်၏ မျက်နှာက လှုပ်ရှားသွားပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“ငါသူတို့ကို သိတော့ဘာဖြစ်လဲ… အဲလိုဆိုတော့… သူတို့ကို မသိတာထက်.. လုပ်ရကိုင်က ပိုလွယ်သွားတာပေါ့… ပုဖန် ပုဖန်… ဒီအဖိုးကြီးက သူတို့ သေတာကို မင်းလက်ပိုက်ကြည့်နေနိုင်လာဆိုတာကို မြင်ချင်သေးတယ်… ဟားဟားဟား……”

.....

အခန်း ၂၀၉ “နဂါးသွေးထမင်း ဒွန်ဘူရီ...”

အင်ပါယာမြို့တော်၏ လမ်းကြားလေးထဲတွင် သိမ်မွှေးလှသော အလင်းတန်းများက မှောင်မဲနေသော လမ်းကြားလေးထဲတွင် ထွက်ပေါ်လာလေသည်။ ဖန်ဖန်ဆိုင်ငယ်လေ၏ ရှေ့တွက် ဘလက်ကီက ငြိမ်သက်စွာ လဲလျောင်းနေပြီး အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေလေသည်။

ဆိုင်ငယ်လေး၏ တံခါးများကလဲ တင်းတင်းစေ့ပိတ်ထားလေသည်။ မီးဖိုချောင်ဘက်ဆီမှ ဓါးနှင့် စဉ့်နှီင်္တုံးထိတွေသံများ စည်းချက်ကျကျ ထွက်ပေါ်နေလေသည်။

သူ၏ လက်ထဲမှ မုန်လာဥကို စည်းချက်ကျကျ လှီးဖြတ်နေသောကြောင့် ပုဖန်၏ လက်ချောင်းများမှ ရေစက်များက လွင့်ပျံနေလေသည်။ သူ၏ လက်ထဲမှ ဓါးနှင့် စဉ့်နှီတုံးပေါ်မှ မုန်လာဥကို စည်းချက်ကျကျ လှီးဖြတ်နေလေသည်။ ပုဖန်က သူ၏စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုခြင်း မရှိပဲ အမြဲမပြတ် လိုက်နာခဲ့လေသည်။ သူ၏ အဖြတ်အတောက် စွမ်းရည် တိုးတက်လာခြင်းက သက်သေပင် ဖြစ်သည်။

ပုဖန်က နောက်ဆုံးမုန်လာဥကို ဖြတ်တောက်လိုက်ပြီးနောက် ဓါးကို ဆေးကျောသန့်စင်လိုက်ပြီး သိမ်းဆည်းလိုက်လေသည်။ ထို့နောက် အကြောတစ်ချက် ဆန့်လိုက်ပြီး နှုတ်ခမ်းကို လက်ဝါးဖြင့် ပိတ်၍ သမ်းဝေလိုက်သည်။ ပုဖန်က အချိန်ရသည်နှင့် ဖြတ်တောက်ခြင်း နည်းစနစ်ကို လေ့ကျင့်နေလေ့ရှိသည်။

ဆန်းကျယ်သော ကမ္ဘာထဲတွင် ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်ချင်နေသော သူ့အနေနှင့် လေ့ကျင့်မှုကို ပျင်းရိနေ၍ မရပေ။ စားဖိုမှုးများ တတ်မြောက်အပ်သော ပညာအားလုံးကို ကျွမ်းကျင်နိူင်ရန် သူက အမြဲမပြတ် လေ့ကျင့်နေရန် လိုအပ်ပေသည်။

ပုဖန်က လက်မှ ရေစက်များကို သုတ်လိုက်ချိန်တွင် သူ၏ အေးစက်နေသော မျက်၀န်းများက တောက်ပသွားလေသည်။

“ယာယီတာ၀န် ပြီးဆုံးသွားလို့ ဆုကို ထုတ်ပြန်ပေးလိုက်ပါတယ်.. ဒီတာ၀န်အတွက် ရတဲ့ ဆုက နဂါးသွေးဆန်ဖြစ်နဲ့ စွမ်းအင် တိုးတက်မှု ဆယ်ရာခိုင်နှုန်း… လုပ်ဆောင်မှု ကောင်းကောင်းနဲ့ ပြီးမြောက်သွားပါတယ်…”

ပုဖန်၏ စိတ်ထဲတွင် ပျော်ရွှင်နေပြီး နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်လေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့် တိုးတက်မှုက နှေးကွေးခြင်းမရှိပေ။ အခြားသူများနှင့် ယှဉ်လိုက်ပါက သူ၏ ကျင့်ကြံနှုန်းက လေတိုက်သကဲ့သို့ မြန်ဆန်နေလေသည်။

ပုဖန်က သူ၏ စွမ်းအင်အဆင့်ကို ဂရုစိုက်နေခြင်းမှာ တိုက်ခိုက်မှု စွမ်းရည်အတွက် မဟုတ်ပေ။ သူ၏ အဆင့်ချိုးဖျက်တက်ရောက်ရသည့် ရည်ရွယ်ချက်မှာ အစစ်အမှန် စွမ်းအင်များ သုံး၍ ချက်ပြုတ်ရသော ဟင်းလျာများကို ချက်ပြုတ်နိုင်ရန်သာ ဖြစ်သည်။ ယခုလက်ရှိသူ၏ ကျင့်ကြံခြင်းအဆင့်က ဘုရင်အဆင့် ဖြစ်သော်လည်း စွမ်းအင်သုံး၍ ချက်ပြုတ်ပြီးနောက် အလွန်ပင်ပန်း နွမ်းနယ်သွားလေ့ရှိသည်။

လက်ရှိအချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်အရ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို အချိန်ကြာမြင့်စွာ အသုံးမပြုနိုင်သေးပေ။ ပါ၀င်ပစ္စည်းများ ရှာဖွေချိန်တွင် စွမ်းအင်ကုန်ခမ်းသွားပြီး ရွှေနဂါးအရိုးဓါးက အနက်ရောင် ပြန်လည်ပြောင်းလဲသွားသည့် မြင်ကွင်းကို ပြန်တွေးမိလိုက်တိုင်း ရှက်ရွံ့နေသကဲ့သို့ ခံစားရလေသည်။

စနစ်မှ ရရှိသည့် ဆုများကို ထုတ်ပြန်ပေးထားပြီး ဖြစ်သောကြောင့် ပုဖန်က ပြုံးလိုက်မိသည်။ ထို့နောက် စနစ်၏ ညွှန်ကြားချက်အရ ကြောင်အိမ်ဗီဒို အပုလေးကို ဖွင့်လိုက်ပြီး ကြွေအိ်ုးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအိုးက အလွန်လေးလံသောကြောင့် ပုဖန်က အံ့အားသင့်သွားလေသည်။ ထိုအိုးထဲတွက် နဂါးသွေးဆန် ထည့်ထားကြောင်း သူက သိရှိနေလေသည်။

ပုဖန်က ကြွေအိုးကို စားပွဲပေါ်တွင် တင်၍ အဖုံးဖွင့်လိုက်သည်နှင့် အနည်းငယ် စူးရှသော ဆန်၏ ရနံ့က ထွက်ပေါ်လာလေသည်။ ထိုရနံ့က ဆိုးရွားခြင်းမဟုတ်ပဲ ရှူရှိုက်မိသူကို ပို၍ ရှူရှိုက်မိစေရန် ဆွဲဆောင်နေခြင်း ဖြစ်သည်။ ပုဖန်၏ မျက်၀န်းများက တောက်ပသွားပြီး အိုးထဲမှ ဆန်များကို လက်ဖြင့် ခပ်ယူ၍ ကြည့်ရှုလိုက်သည်။

ထိုဆန်မှ အနီရောင် အရိပ်များ ဖြာထွက်နေလေသည်။ ပထမအကြိမ် ကြည့်လိုက်ချိန်တွင် မှောင်မိုက်သော ခံစားမှုကို ပေးစွမ်းသော်လည်း နောက်တစ်ကြိမ်တွင် ဆန်မှ အနီရောင် အလင်းတန်းများ ဖြာထွက်လာလေသည်။

“ဒီတော့… ဒါက နဂါးသွေးဆန်ပေါ့…. ကြည့်ရတာတော့ တော်တော်လေးကို တန်ဖိုးရှိမယ့် ပုံပဲ…”

ပုဖန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဆန်စိကို လက်ချောင်းဖြင့် ညှပ်ယူ၍ အနီးကပ် ကြည့်ရှုလိုက်သည်။

“နဂါးသွေးဆန်ကို အဆင့်ခုနစ် စိတ်ဝိဥာဉ်သားရဲ မြွေနဂါးသွေးနဲ့ အာဟာရပေးပြီး စိုက်ပျိုးထားပါတယ်.. စပါးပင်တွေက မြွေနဂါးသွေးတွေကို အပြည့်အ၀ စုပ်ယူပြီးတာနဲ့ စပါးတွေကို ရိပ်သိမ်းလိုက်ပါတယ်… ဆန်စေ့တစ်စေ့တိုင်းက လုံး၀န်းပြီး နီညိုရောင် အရောင်သွေးနဲ့ စွမ်းအင်တွေလဲ ကြွယ်၀တယ်…”

“ခြုံငုံပြီး ပြောရမယ်ဆိုရင် ဒီဆန်က ထူးခြားတဲ့ ပါ၀င်ပစ္စည်းတစ်မျိုးပါပဲ…” စနစ်က ရှင်းပြလိုက်လေသည်။

ပုဖန်က ထိုစကားကို ကြားပြီးနောက် နဂါးသွေးဆန်ကို စိုက်ပျိုးရာတွင် အစစ်အမှန် နဂါးသွေးကို အသုံးမပြုပဲ မြွေနဂါး၏ သွေးကို သုံးထားသောကြောင့် နှမြောစရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။ ထိုပါ၀င်ပစ္စည်းက အခြားပစ္စည်းများနှင့် ထူးထူးခြားခြား ကွဲထွက်နေလေသည်။ သို့သော် ပုဖန်က ထိုဆန်ကို စိတ်ပျက်သွားခြင်း မရှိပေ။ စနစ်မှ ထောက်ပံ့ပေးထားသော အဆင့်ခုနစ် ပါ၀င်ပစ္စည်းများက အကောင်းဆုံးပင် ဖြစ်သည်။

ပုဖန်၏ စွမ်းဆောင်နိုင်စွမ်းက အကန့်အသတ် ရှိနေလေသည်။ သူသာ စွမ်းအင်အဆင့် မြင့်တက်လာပါက ပို၍ အဆင့်မြင့်သာ ပါ၀င်ပစ္စည်းများကို ရလာနိုင်ပေလိမ့်မည်။ ပုဖန်က မေးကို ပွတ်၍ နဂါးသွေးဆန် ထည့်ထားသော အိုးကို စူးစိုက်ကြည့်နေလိုက်သည်။ စနစ်က နဂါးသွေးဆန်ကို ချက်ပြုတ်နိုင်မည့် နည်းလမ်းများကို ပြောပြထားခြင်းမရှိပေ။ ထိုဆန်ကို ချက်ပြုတ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရမည် ဖြစ်သည်။

ပုဖန်က နဂါးသွေးဆန် လက်တစ်ဆုတ်ကို ကောက်ယူလိုက်သည်။ လုံး၀န်းချောမွေ့သော ဆန်စိလေးများက သူ၏ လက်ချောင်းများကြားမှ အိုးထဲသို့ ကျဆင်းနေလေသည်။ စိတ်ဝိဥာဉ် လှိုင်းများက လက်ဖဝါးကို ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရပြီး ပုဖန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ ဆန်ကို ချက်ပြုတ်သည့် နည်းလမ်းများစွာ ရှိနေပေသည်။ ဥပမာအနေနှင့် ဥထမင်ကြော်ကို ဆန်ကို အခြေခံ၍ ချက်ပြုတ်ထားသည့် စားသောက်ဖွယ်ရာ တစ်မျိုးပင် ဖြစ်သည်။

ဥထမင်းကြော် ချက်ပြုတ်သည့် နည်းလမ်းကို လေ့ကျင့်ချက်ပြုတ်ရန်မှာ လွယ်ကူလေသည်။ စားဖိုမှုးတစ်ယောက် အနေနှင့် ဥထမင်းကြော်ကို ချက်ပြုတ်ရန် လေ့လာရာတွင် ရက်အနည်းငယ်မျှနှင့် တက်မြောက်နိုင်ပေသည်။ သို့သော် ကျွမ်းကျင်သော အဆင့်သို့ ရောက်ရှိရန်က ခက်ခဲလှပေသည်။ ပုဖန်က နဂါးသွေးဆန်ကို အသုံးပြု၍ ဥထမင်းကြော် ချက်ပြုတ်ရန် မတွေးထားပေ။ ဥထမင်းကြော်က အဆင့်နိမ့်၍ မဟုတ်ပဲ နဂါးသွေးဆန်နှင့် လိုက်ဖက်မည့် ဥကို မရှာနိုင်သောကြောင့် ဖြစ်သည်။

ဥထမင်းကြော်ချက်ပြုတ်ရာတွင် ဆန်က အရေးပါလှကြောင်း မငြင်းနိုင်သော်လည်း ဥ၏ အရည်အသွေးကလည်း အရေးပါလေသည်။ ပုဖန်က နဂါးသွေးဆန် ခွက်တစ်၀က်ခန့်ကို ကြွေပန်းကန်လုံးထဲသို့ ထည့်လိုက်ပြီး စွမ်းအင်များနှင့် ပြည့်နှက်နေသော နွေဦးစမ်းရည်ကို အသုံးပြု၍ ဆန်ကို ဆေးကျောလိုက်သည်။ ခဏအကြာတွင် ရေများက ဆေးဆိုးထားသကဲ့သို့ အနီရောင် ပြောင်းလဲသွားပြီး နဂါးသွေးဆန်စိလေးများက တောက်ပြောင်ချောမွေ့လာလေသည်။

ထို့နောက် ဆန်ဆေးရည်များကို စိမ်းလမ်းနေသော ငါးလမ်းကြောင်းသိမြင်မှု သစ်သီးပင်ကို သွားလောင်းလိုက်လေသည်။ သစ်ပင်လေးက ဆန်ဆေးရည်မှ အာဟာရများ ရရှိနိုင်လေသည်။ ပုဖန်က မီးဖိုချောင်ထဲသို့ ပြန်၀င်လာလိုက်ပြီး ဆန်များကို ပေါင်းအိုးထဲထည့်၍ ပေါင်းအိုးကို သတ္တုအိုးအတွင်းတွင် စတင်ချက်ပြုတ်လိုက်သည်။

ချက်ပြုတ်နေသည်ကို စောင့်နေချိန်တွင် အခြားဟင်းပွဲကို ပြင်ဆင်ရန် စတင်လိုက်သည်။ ပုဖန်က အဆီများသော ခရီးသွားနွားနဂါး၏ အသားကို ထုတ်ယူလိုက်ပြီး သူ၏ လက်ထဲတွင် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါး ထွက်ပေါ်လာသေလည်။ ပုဖန်က ဓါးကို အနည်းငယ် ဝှေ့ရမ်းလိုက်ပြီး ခရီးသွားနွားနဂါး၏ အသားကို ဖြတ်တောက်လိုက်သည်။

ပုဖန်က ဒယ်အိုးကို အပူပေး၍ ဆီများ လောင်းထည့်လိုက်လေသည်။ ဟင်းခတ်အမွှေးအကြိုင်များဖြင့် သေချာစွာနယ်ထားသော အသားမှ အသားနံများ ထွက်ပေါ်နေလေသည်။ ပုဖန်က ခရီးသွားနွားနဂါး၏ အသားကို ဒယ်အိုးထဲသို့ ထည့်လိုက်ပြီး အစစ်အမှန် စွမ်းအင်များကို ထုတ်ဖော်လိုက်ကာ အိုးကို ဖုံးလွှမ်းထားလိုက်သည်။

တခဏမျှ မွှေလိုက်ပြီးနောက် အသားဆီမှ မီးတောက်များ ထွက်ပေါ်လာပြီး ဆီများက အိုးအနှံ့ လွင့်စင်သွားလေသည်။ ဆိုင်ငယ်လေးထဲတွင် သတ္တုအိုးနှင့် ယောက်မတို့ ထိခတ်သံများ ထွက်ပေးနေလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် အသားမှ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာပြီး ဆိုင်ငယ်လေးထဲမှ လေထုထဲတွင် ပြည့်နှက်သွားလေသည်။

ထို့နောက် ပုဖန်က ပြောင်းဖူးမှုန့်အနည်းငယ်ကို ရေဖျော်၍ အိုးထဲသို့လောင်းထည့်လိုက်လေသည်။ တောက်ပနေသော ခရီးသွားနွားနဂါး၏ အသားက ရှဲခနဲ အသံထွက်လာပြီး တုန်ခါနေလေသည်။ ပုဖန်က အိုးအဖုံးကို ပြန်ဖုံးထားလိုက်သည်။ ဒီတစ်ကြိမ်တွင် သူကခရီးသွားနွားနဂါး အသားနှပ်ကို မြည်းကြည့်ရမည်ဖြစ်သည်။

စောင့်ဆိုင်းနေချိန်တွင် ပုဖန်က စက်ဝိုင်းပုံ ပန်းကန်တစ်ခုကို ယူလိုက်ပြီး မုန်လာဥတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို လှည့်လိုက်ပြီး မုန်လာဥကို လှပသော ပန်းပွင့်ပုံသဏ္ဍာန် ဖြစ်ပေါ်လာစေလေသည်။ ပုဖန်က အသားလွှာထွင်းထုခြင်း နည်းပညာကို အသုံးပြု၍ ပန်းပွင့်ပုံ လှီးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူက စက်ဝိုင်းပုံ ပန်းကန်ပြားထဲသို့ ပန်းပွင့်ကို တင်ထားလိုက်ပြီး မွှေးရနံ့များ ထွက်ပေါ်နေသော ထမင်းအိုး အနီးသို့ သွားလိုက်လေသည်။ အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် ပူပြင်သော ရေနွေးငွေ့များထွက်ပေါ်လာပြီး ကြွယ်ဝသော စွမ်းအင်များနှင့် သိပ်သည်းလှသော စွမ်းအင်များက ရေနွေးငွေ့များနှင့် အတူ လွင့်ပျံလာလေသည်။

ရေနွေးငွေ့များကို ရှူရှိုက်မိလိုက်သည်နှင့် ပုဖန်က ရနံ့ထဲတွင် နစ်မြောသွားလေသည်။ စွမ်းအင်ကြွယ်ဝသော မွှေးရနံ့များက ခန္ဒာကိုယ်ထဲ ဖြတ်သန်းသွားပြီး အေးမြမှုကို ခံစားလိုက်ရလေသည်။ ပုဖန်က ကောင်းမွန်စွာ ချက်ပြုတ်ထားသော နဂါးသွေးထမင်းကို ဇွန်းကြီးတစ်ဇွန်းနှင့် ခပ်ယူလိုက်ပြီး စက်ဝိုင်းပုံ ပန်းကန်ထဲသို့ ထည့်လိုက်သည်။ ပန်းကန်တစ်၀က်ခန့် ပြည့်နေသော နီမြန်းစိုပြေသော ထမင်းများမှ ထွက်ပေါ်နေသည့် ချိုမြသည့် မွှေးရနံ့က ပုဖန်၏ စားချင်စိတ်ကို ဆွဲဆောင်နေလေသည်။

ပုဖန်က ထမင်းအိုးအနီးမှ ဒယ်အိုးထံသို့ ပြန်လာလိုက်သည်။ ဒယ်အိုးအဖုံးကို ဖွင့်လိုက်ရာ မွှေးပျံ့လှသော ရနံ့များနှင့် အပူငွေ့များက ပေါက်ကွဲသွားသော ဗုံးတစ်လုံးကဲ့သို့ လွင့်ပျံလာလေသည်။ ဒယ်အိုးအတွင်းတွင် ပြစ်နှစ်သော ဟင်းအနှစ်များက ဆူပွက်နေပြီး ခရီးသွားနွားနဂါး အသားပေါ်တွင် ဖုံးလွှမ်းနေလေသည်။

ပုဖန်က ဒယ်အိုးကို ကျွမ်းကျင်စွာ လှည့်လိုက်ပြီး အသားတစ်ဇွန်းကို ခပ်လိုက်သည်။ ခရီးသွားနွားနဂါး၏ အသားကို နဂါးသွေးထမင်း၏ ဘေးတွင် ပုံလိုက်သည်။ မွှေးပျံ့လှသော ရနံ့နှစ်ခုက ရောနှောသွားပြီး လိုက်ဖက်ညီစွာ ပေါင်းစပ်နေလေသည်။ ပုဖန်က ပြစ်နှစ်သော ဟင်းအနှစ်တစ်ဇွန်း ထပ်ခပ်လိုက်ပြီး ထမင်းနှင့် ဟင်းပေါ်တွင် ဆမ်းလိုက်လေသည်။

မီးအလင်းရောင်အောက်တွင် အပူငွေ့လေးများ ထွက်ပေါ်နေသော ဟင်းအနှစ်က တောက်ပြောင်နေလေသည်။ ပြစ်နှစ်နေသော ဟင်းအနှစ်က အသားနှင့် ထမင်းထဲသို့ တဖြည်းဖြည်း စိမ့်း၀င်သွားပြီး မွှေးရနံ့များ ပို၍ ပြင်းထန်လာလေသည်။

ပုဖန်က လက်ဖျောက်တစ်ချက်တီးလိုက်တာ နှုတ်ခမ်းများကို တွန့်လိုက်လေသည်။ နောက်ဆုံးတွင် ရိုးရှင်းသော်လည်း ပြင်ဆင်ရန် ခက်ခဲသော ဟင်းပွဲက ပြီးပြည့်စုံသွားပြီဖြစ်သည်။

“နဂါးသွေး အသားဒွန်ဘူရီ… ချက်ပြုတ်ပြီးပြီ….”

( ဘာသာပြန်သူ၏ ရှင်းလင်းချက်….

1. ပြောင်းဖူးမှုန့် … ကော်မှုန့်ကို ပြောတာပါ… ပြောင်းဖူးမှုန့် အာလူးမှုန့် ပီလောပီနံမှုန့် အမျိုးအစားတွေ အများကြီး ရှိပါတယ်…

2. ဒွန်ဘူရီ… ဂျပန်အစားအစာတစ်မျိုးပါ… ထမင်းပေါ်မှာ ကြက် ငါး တစ်ခုခုတင်ပြီး အနှစ်ဆမ်း စားရတာ…

......

အခန်း ၂၁၀ “အဲဒီကို စောစောသွား မဟုတ်ရင် တန်းစီနေရမယ်…”

အင်ပါယာနန်တော်အတွင်းမှ အဓိကခန်းမကြီးထဲတွင် နဂါး၀တ်ရုံကို ၀တ်ဆင်ထားသော ဂျိချန်းရွဲ့က မျက်လုံးများ မှေးစင်းထားပြီး တက်ကြွပျော်ရွှင်နေဟန်နှင့် ခန်းမထဲသို့ ၀င်လာခဲ့သည်။ နောက်ဆုံးတွင် သူတောင့်တနေသော ပိုင်ရှင်ပု၏ လက်ရာကို စားခဲ့ရသောကြောင့် စိတ်ကျေနပ်နေလေသည်။ သူက လေထဲတွင် လမ်းလျောက်နေရသကဲ့သို့ ခံစားနေရလေသည်။

ခန်းမထဲမှ မိန်းမစိုးများက ဂျိချန်းရွဲ့ အမူအယာကြောင့် နှုတ်ခမ်းကို လက်ဖြင့်ကာ၍ ပြုံးလိုက်မိကြလေသည်။

ဂျိချန်းရွဲ့က ဧကရာဇ်မင်း ဖြစ်လာချိန်မှ စ၍ အခြားသူများ၏ လေးစားမှုများ ရရှိနိုင်ရန် သူ၏ ဂုဏ်သိက္ခများကို အလေးအနက် ထားခဲ့သည့် သို့သော် သူ၏ ယနေ့အပြုအမူများက ရှားရှားပါးပါး ဖြစ်နေသောကြောင့် ရယ်ရန် ခဲယဉ်းလှသော မိန်းမစိုးများပင် စိတ်မထိန်းနိုင်ပဲ ရယ်မောလိုက်ခြင်း ဖြစ်သည်။

ဂျိချန်းရွဲ့က ခန်းမထဲမှ လေထုက အနည်းငယ် ပြောင်းလဲနေသည်ကို ခံစားလိုက်ရသောကြောင့် ဝေ့၀ဲကြည့်လိုက်ရာ ပြုံးစိစိ ဖြစ်နေသော မိန်းမစိုးများကို တွေ့လိုက်ရလေသည်။သူက သေချာစွာ ပြန်စဉ်းစားလိုက်ရာ သူ၏ အပြုအမူများက ရယ်ရွှင်ဖွယ် ဖြစ်နေသည်ကို သဘောပေါက်လိုက်လေသည်။ ဂျိချန်းရွဲ့၏ အမူအယာက ကို့ယို့ကားယား ဖြစ်သွားပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။ သူ၏ မျက်နှာက တင်းမာနေပြီး မိန်းမစိုးများကို ကြည့်လိုက်လေသည်။

“မင်းတို့က ဘာကို ရယ်နေကြတာလဲ.. ငါကိုယ်တော် ထမင်းစားပြီးတော့ လေ့ကျင့်ခန်းလုပ်တာကို မမြင်ဘူးကြဘူးလား…”

မိန်းမစိုးများက ပြည်လည်လျောက်တင်ခြင်း မပြုပဲ ခေါင်းကို ငုံ့၍ ပြုံးစိစိ ဖြစ်နေကြလေသည်။ဂျိချန်းရွဲ့လည်း သူ့ကိုယ်သူ ရယ်ချင်လာလေသည်။ သူ၏ စိတ်အခြေအနေက အလွန်ကောင်းမွန်နေလေသည်။ သူက ပလ္လင်တော်သို့ လျောက်သွားလိုက်ပြီး နဂါး၀တ်ရုံစကို သိမ်း၍ ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်လိုက်လေသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက နန်းတော်ထဲသို့ အလင်း၏ လျှင်မြန်မှုနှုန်းနှင့် ၀င်ရောက်လာပြီး ဂျိချန်းရွဲ့ ရှေ့တွင် ဒူးထောက်လိုက်သည်။

ဂျိချန်းရွဲ့က အနည်းငယ် ထိတ်လန့်သွားပြီး တံတွေးများပင် သီးသွားလေသည်။

အဟွတ်… အဟွတ်…

“သတင်းပို့ပါတယ်… အရှင်မင်းမြတ်… ကြီးကျယ်မြင့်မြတ်လှတဲ့ ဂူဗိမ္မာန်မှာ အပြောင်းအလဲတချို့ ဖြစ်သွားပြီး ဂျိချန်းယုကို ရှာမတွေ့တော့ပါဘူး…”

ခန်းမထဲတွင် ဒူးထောက်နေသော သတင်းပို့သူက အဖြစ်အပျက်များကို လေးလေးနက်နက် လျောက်တင်လိုက်သည်။

ဘာ…

ဂျိချန်းရွဲ့၏ ပျော်ရွှင်နေသော အမူအယာက တမဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။ ဂျိချန်းယုကို ဧကရာဇ်ချန်းဖန်က သူ၏ ဂူဗိမ္မာန်ကို စောင့်ရှောက်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မည်သည့် ခွင့်ပြုချက်မျှ မရှိပဲ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဂျိချန်းယု၏ သိုင်းအဆင့်ကို ချိတ်ပိတ်ထားသောကြောင့် ထိုနေရာမှ ထွက်ပြေးလွတ်မြောက်နိုင်သည့် အစွမ်းအစ မရှိပေ။

ထိုအချိန်တွင် လျန်ဖုက ခန်းမထဲသို့ ၀င်ရောက်လာပြီး သူ၏ လက်များကို ဝှေ့ရမ်း၍ တည်ကြည်စွာ ပြောလိုက်သည်။

“ငါရက်နည်းနည်းလောက် ထွက်ခွာလာတာနဲ့… ဂျိချန်းယုက လွတ်မြောက်သွားတယ်… ဒီကိစ္စက ကြိုတင်ကြံစည်ထားတာပဲ ဖြစ်ရမယ်…”

ဂျိချန်းရွဲ့က နဖူးကြောများ တွန့်သည်အထိ မျက်မှောင်ကြုံ့ထားလိုက်ပြီး သူ၏ ၀တ်ရုံစကို လုံးချေနေလေသည်။ ဂျိချန်းရွဲ့၏ အကျင့်က အလွန်ခံစားလွယ်လေသည်။ သူက အင်ပါယာမြို့တော်၏ ထိခိုက်လွယ်သော အခြေအနေကြောင့် လျန်ဖုကို ခေါ်ထုတ်ခဲ့သော်လည်း ထိုသို့ ဆိုးဝါးသွားမည်ဟု မထင်မှတ်ထားခဲ့ချေ။

“ကြီးကျယ်မြင့်မြတ်လှတဲ့ ဂူဗိမ္မာန်က ထွက်ခွာသွားတယ်ဆိုတော့.. အရင် ဧကရာဇ်ဟောင်းရဲ့ အမိန့်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်တာပဲ.. ဘုရင်ခံယုက ပုန်ကန်မှုကို ကျရှုံးခဲ့ပြီးပြီး သူ့ဘာသာ ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်ဘူး…”

“တကယ်လို့ ငါသာ သူ့ကို ရှာတွေ့မယ်ဆိုရင် အရင် ဧကရာဇ်မင်းရဲ့ဂုဏ်သိက္ခာကို ပြန်လည်ယူဆောင်လာရမယ်…” လျန်ဖုက အင်္ကျီလက်စကို ဝေ့ရမ်းလိုက်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။

ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

“ဘုရင်ခံယုက ကြီးကျယ်မြင့်မြတ်တဲ့ ဂူဗိမ္မာန်က ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတော့ ပလ္လင်တော်အတွက် တစ်ကျော့ပြန်လာချင်နေတာလား… ဖခမည်းတော်က နဂါးခေါင်းနှစ်ဆင့် ကပ်ဘေးမှော်အစီအရင်ကို အသုံးပြုပြီး သူ့ရဲ့ ကျင့်ကြံမှုကို စည်းခတ်ထားခဲ့တယ်… အဲဒီစည်းကို သာမာန် သူတော်စင်အဆင့်တွေတောင် ချိုးဖျက်နိုင်စွမ်း မရှိဘူး… သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့.. ဘယ်လိုလုပ်ပြီးတော့….”

“ငါက မင်းဘ၀တစ်ခုလုံးကို ခမည်းတော်အတွက် သုံးစွဲမယ်လို့ ထင်ထားခဲ့တာ… မင်းဆုံးဖြတ်ချက် အမှားတွေ မလုပ်မိဖို့ပဲ မျှော်လင့်ပါတယ်…” ဂျိချန်းရွဲ့က လက်သီးတင်းတင်း ဆုတ်၍ ရေရွတ်လိုက်သည်။

…….

ပုဖန်က ပန်ကန်ပြားဝိုင်းကို သယ်ဆောင်၍ မီးဖိုချောင်ထဲမှ ထွက်လာပြီး စားပွဲခုံပေါ်တွင် တင်ထားလိုက်သည်။ လက်ကို ဆေးကြောပြီးနောက် ခုံပေါ်တွင် စိတ်ထားထက်သန်စွာ ၀င်ထိုင်လိုက်လေသည်။

ပန်းကန်ပြားက အတော်အသင့် ကြီးမားပြီး နဂါးသွေးဆန်နှင့် ချက်လုပ်ထားသော ဒွန်ဘူရီထည့်ထားလေသည်။

နဂါးသွေးအသား ဒွန်ဘူရီကို နဂါးသွေးဆန်နှင့် အဆင့်ခုနစ် ခရီးသွားနွားနဂါး၏ နူးညံ့သော အသားတို့နှင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။ ထိုပါ၀င်ပစ္စည်းများကပင် အာရုံစိုက်ရန် လုံလောက်နေပြီဖြစ်သည်။ အသား၏ မွှေးရနံ့နှင့် ဆန်၏ မွှေးရနံ့များ ပေါင်းစပ်နေသော အပူငွေ့လေးများက ထောင်းထောင်းထနေလေသည်။

ပုဖန်က ကြွေဇွန်းကို ကောက်ယူလိုက်ပြီး နဂါးသွေးဆန် ဒွန်ဘူရီကို တစ်ဇွန်း ခပ်ယူလိုက်သည်။ ထမင်းစိများက လုံး၀န်းချောမွေ့နေပြီး အနီရောင်ဖျော့ဖျော့ သမ်းနေလေသည်။ နဂါးသွေးဆန်ကို မြွေနဂါး၏ သွေးဖြင့် စိုက်ပျိုးထားသော်လည်း နူးအိနေပြီး မနှစ်မြို့ဖွယ် ရနံ့များ ကင်းစင်နေလေသည်။

မွှေးရနံ့များက နှလုံးသားထဲသို့ ဖြတ်သန်းသွားသော နို့စမ်းချောင်းတစ်ခုကဲ့သို့ ချိုမြနေပြီး လန်းဆန်းမှုကို ခံစားရစေသည်။ ပုဖန်က ထမင်းဇွန်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ အနည်းငယ် ကိုက်ဝါးလိုက်သည်နှင့် ဆန်စိလေးများက ကွဲထွက်သွားပြီး သွားနှင့် လျှာကြားသို့ ကျရောက်သွားလေသည်။ နဂါးသွေးဆန်က သာမာန်ထမင်းစိများထက် အနည်းငယ် ပို၍ လေးပင်ပြီး ထူးခြားသော အရသာရှိလေသည်။

ကြွယ်၀လှသော စိတ်ဝိဥာဉ် အနှစ်သာရများက ပေါက်ကွဲထွက်လာပြီး သူ၏ ပါးစပ်နှင့် ခန္ဒာကိုယ်တစ်ခုလုံးကို ဆေးကြောလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုဆန်မှ စွမ်းအင်များက သွေးသရဖူ ရွံ့နက် စပါးအုံးမြွေ၏ သွေးအမာက်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ကောင်းမွန်လှကြောင်း ၀န်ခံရမည်ဖြစ်သည်။

ထို့နောက် ပုဖန်က ခရီးသွားနွားနဂါး၏ အသားနှင့် ဟင်းအနှစ်ကို တစ်ဇွန်း ခပ်လိုက်လေသည်။ ဟင်းအနှစ်က ပြစ်နှစ်လှပြီး ပါးစပ်ထဲမှ ထမင်းနှင့် ရောနှောပေါင်စပ်သွာလေသည်။ ထမင်းနှင့် အသားတို့၏ အရသာက လျှာဖြားမှတဆင့် အာရုံကြောများအထိ စီးဆင်းသွားလေသည်။

မယုံကြည့်နိုင်ဖွယ် အပူငွေ့များက ပုဖန်၏ ပါးစပ်ထဲမှ ထွက်လာလေသည်။ သို့သော် ထိုပူပြင်းသော အာရုံခံစားမှုကြောင့် ဒွန်ဘူရီကို စားရသည်မှာ နှစ်သက်ဖွယ် ဖြစ်လာလေသည်။ ပူစပ်ပူလောင်နှင့် ကြွယ်၀လှသော မွှေးရနံ့များက ခံတွင်းတစ်ခုလုံးတွင် ပြည့်နှက်နေလေသည်။

မျိုချလိုက်ချင်သော်လည်း မမျိုချရဲသော ခံစားချက်တစ်ခုက ဤကမ္ဘာကြီးထဲတွင် ထွက်ပေါ်လာခဲ့လေသည်။

ပုဖန်က လေထဲတွင် လမ်းလျောက်နေရသကဲ့သို့သော ခံစားချက်ထဲတွင် နစ်မြုတ်နေလေသည်။ ထိုခံစားချက်က အလွန်အံ့သြဖွယ်ရာဖြစ်နေပြီး ပျော်ရွှင်နေမိလေသည်။ ပုဖန်က ပါးစပ်ထဲမှ အသားနှင့် ထမင်းကို မျိုချလိုက်ချိန်တွင် စိတ်ကျေနပ်မှုနှင့် လန်းဆန်းမှုက သူ့ခန္ဒာကိုယ်ထဲမှ အရိုးများကို ပွင့်ထွက်သွားစေလေသည်။

“ကောင်း.. ကောင်းလိုက်တာ…”

ပုဖန်က အပူငွေ့တစ်ချို့ကိုမှုတ်ထုတ်လိုက်လေသည်။ နဂါးသွေးထမင်း တစ်ဇွန်းကို စားသောက်ပြီးနောက် သူက စိတ်သက်သာရာ ရသွားလေသည်။ ပုဖန်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး ပူစပ်ပူလောင် ဖြစ်မှုကြောင့် လျှာက ထုံနေသည်ကို ခံစားလိုက်ရလေသည်။

“ဒီအတိုင်းဆိုရင် ခရီးသွားနွားနဂါးရဲ့ ဟင်းအနှစ်က ငြုပ်ကောင်းထက်တောင် ပိုကောင်းနေတာပဲ…”

ပုဖန်က တီးတိုးရေရွတ်လိုက်ပြီး နောက်ထက် ထမင်းတစ်ဇွန်း ခပ်စားလိုက်လေသည်။ သို့သော် ပုဖန်က အစပ်ကို အလွန်ကြိုက်နှစ်သက်သူတစ်ယောက် မဟုတ်ပေ။ ငြုပ်သီး ငြုပ်ကောင်းမှုန့် သုံးခြင်းက ဟင်းလျှာ၏ အရသာကို ပို၍ ကောင်းမွန်စေသော်လည်း သူ၏ ဟင်းပွဲအများစုက အစပ်ချက်ထားခြင်း မဟုတ်ပေ။

“အင်း…  အခုက စပြီးတော့ နောက်ဆိုရင် ဧည့်သည်တွေရဲ့ အကြံပြုချက်အပေါ် အခြေခံပြီး အပြောင်းအလဲတွေ လုပ်ရမယ်…” ပုဖန်က နှုတ်ခမ်းတွန့်၍ ရေရွတ်လိုက်သည်။ စနစ်၏ သိုလှောင်နေရာထဲတွင် သူသိမ်းဆည်းထားသော ငြုပ်ကောင်းမှုန့်များ ရှိနေလေသည်။

ပုဖန်က ခပ်ကြာကြာ မစဉ်းစားတော့ပဲ နဂါးသွေးအသားဒွန်ဘူရီိကို ဆက်လက် စားသောက်နေလေသည်။ သူ၏ အမူအယာက ကျေနပ်နှစ်သိမ့်နေပြီး တစ်ခါတစ်ခါတွင် ပါးစပ်ကို ဟ၍ အပူငွေ့များ မှုတ်ထုတ်နေလေသည်။ သူက ပျော်ရွှင်မြူးထူးနေလေသည်။ အစားကောင်းကြိုက်သူတစ်ယောက် ဖြစ်သောကြောင့် ကောင်းမွန်သော အစားအသောက်များကို တွေ့သည်နှင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

ပုဖန်က ဒွန်ဘူရီ တစ်ပွဲကို ကုန်အောင် စားသောက်ပြီးနောက် သူ၏ နှဖူးနှင့် လည်ပင်းတို့တွင် ချွေးများနှင့် ရွှဲနစ်နေလေသည်။ သူက နေရာမှ ရွှေ့ရမည်ကိုပင် ပျင်းရိနေသောကြောင့် ပြည့်အင့်နေသော ဗိုက်လေးကို ခပ်သာသာ ပွတ်လိုက်ပြီး ထိုင်ခုံပေါ်တွင် တိတ်တဆိတ် ထိုင်နေလိုက်လေသည်။

အချိန်ကြာမြင့်စွာ အနားယူလိုက်ပြီးမှ ထိုင်ခုံမှ ထရပ်လိုက်ပြီး စားပွဲကို သန့်ရှင်းရေးလုပ်၍ မီးဖိုချောင်အတွင်း ၀င်သွားလိုက်လေသည်။

ဤဟင်းပွဲကို ဟင်းပွဲအသစ်အဖြစ် သတ်မှတ်နိုင်ပြီး ပုဖန်ကိုယ်တိုင်ပင် အလွန်သဘောကျနေလေသည်။

အာဟာရနှင့် အရသာရှိသော နဂါးသွေးအသားဒွန်ဘူရီ…

ပုဖန်က မီးဖိုချောင်ထဲတွင် ဆေးကြောသိမ်းဆည်းပြီးနောက် အကြောဆန့်၍ သမ်းဝေလိုက်သည်။ ထို့နောက် အပေါ်ထပ်သို့ တက်သွားလိုက်ကာ ရေနွေးနွေးနှင့် ရေချိုးလိုက်ပြီး အိပ်ယာပေါ်သို့ လှဲချလိုက်လေသည်။ ထို့နောက်မျက်လုံးများကို မှိတ်လိုက်လေသည်။ နှလုံးသားကို စားသောက်ခြင်းဖြင့် အားဖြည့်လိုက်ပြီးနောက် ခန္ဒာကိုယ်ကို အိပ်စက်ခြင်းဖြင့် အားပြန်ဖြည့်ရမည်ဖြစ်သည်။

နောက်တစ်နေ့ မနက်ခင်းတွင် နေမင်းက တွားသွားထွက်လာပြီး တောက်ပသော အလင်းရောင်များ ထုတ်လွှတ်၍ ကမ္ဘာမြေ တစ်ခွင်ကို ရောင်ခြည်နွေးနွေးနှင့် ဖုံးလွှမ်းထားလေသည်။

ဖန်ဖန်ဆိုင်ငယ်လေး တည်ရှိရာ လမ်းကြားလေးထဲတွင် တစ်နေ့တာအတွက် စီးပွားရေးလုပ်ငန်း စတင်ရန် ဆိုင်တံခါးကို ဖွင့်လှစ်လိုက်ပြီးနောက် အိပ်မှုံစုံမွှား မျက်လုံးများနှင့် ပုဖန်က ပေါ်ထွက်လာလေသည်။ သူ၏ လက်ချောင်းသွယ်သွယ်လေးများက မွှေးပျံ့လှသော ၀က်နံရိုးချိုချဉ်ကြော် ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ်ကို ကိုင်ထားလေသည်။

ပုဖန်က ဘလက်ကီ၏ ရှေ့တွင် ၀က်နံရိုးချိုချဉ်ကြော်ပန်းကန်ကို ချပေးလိုက်ပြီးနောက် ဘလက်ကီ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။ ထို့နောက် သမ်းဝေလိုက်ပြီး ထိုင်ခုံတစ်ခုံကို ယူ၍ ဆိုင်ရှေ့တွင် ထိုင်လိုက်ပြီး အေးမြသော လေပြေလေညှင်းကိုခံစားနေလေသည်။

အင်ပါယာမြို့တော်၏ လမ်းမထက်တွင် စျေးသည်များက သူတို့၏ ဆိုင်ခန်းများကို ဖွင့်လှစ်နေကြလေသည်။

ဝေါယာဉ်သယ်လာသော အနက်ရောင်၀တ် လူတစ်စုက လမ်းကြားလေး၏ အ၀င်၀သို့ ရောက်ရှိလာလေသည်။ ထိုဝေါယာဉ် ရှေ့တွင် ပုံရိပ်တစ်ခု ရှိနေလေသည်။ ထိုသူက အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာကို အနက်ရောင်ပိတ်ပါးနှင့် ဖုံးကွယ်ထားလေသည်။ သူ၏ ပုံသဏ္ဍာန် အမှန်ကို ဖုံးကွယ်ထားလိုကြောင်း ထင်ရှားနေလေသည်။

သို့သာ် သူ၏ တောက်ပနေသော ခေါင်းနှင့် အမာရွတ်အချို့ကို မြင်နေရသောကြောင့် ပုဖန်က စက္ကန့်ပိုင်းအတွင်း သူ့ကို မှတ်မိသွားနိုင်ပေသည်။ ထိုဘုန်းကြီးငယ်က ဝေါယာဉ်၏ လိုက်ကာစကို ဆွဲဖယ်လိုက်ပြီး ပုံရိပ်တစ်ခုကို ဆွဲထုတ်လိုက်သည်။

“သေသင့်တဲ့ကောင်… ကျောက်မူရှန်က ငါ့ကိုကောင်းကောင်းမအိပ်ခိုင်းပဲ စောစောစီးစီး တာ၀န်ပေးလိုက်တာ မင်းကြောင့်ပဲ…”

ထိုဘုန်းကြီးက နှုတ်ခမ်းတွန့်၍ မဲ့လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ သူ့လက်ထဲမှ ပုံရိပ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ထိုပုံရိပ်၏ ရှည်လျှားလှသော မြွေအမြှီးကို ဆောင့်နင်းလိုက်ပြီး ခန္ဒာကိုယ်ကို ငုံ့ကိုင်း၍ ပြောလိုက်သည်။

“ဒီမှာ မြွေလူသား သေသေချာချာနားထောင်… မင်းက မင်းရဲ့ အပေါင်းအဖော်တွေကို ကယ်တင်ချင်ရင် ပိုင်ရှင်ပုကို သွားရှာလိုက်…. ဒီဘုန်းကြီးက ကောင်းမွန်တဲ့ အကြံတွေ မပေးဘူးလို့တော့ မပြောနဲ့နော်…”

မြေပြင်ပေါ်မှ အားနီက နာကျင်မှုကြောင့် တွန့်လိမ်နေပြီး ဒေါသတကြီးနှင့် ထိုခေါင်းပြောင်ကို မော့ကြည့်လိုက်သည်။

“အဲဒီကို စောစောရောက်အောင်သွား… ဒီလိုမှမဟုတ်ရင် တန်းစီနေရလိမ့်မယ်…”

ဘုန်းကြီးငယ်က ခေါင်းပြောင်ပြောင်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် ဝေါယာဉ်ကို ပြန်သယ်ဆောင်စေ၍ ထွက်သွားလေတော့သည်။

နောက်တွင် ကျန်ခဲ့သော အားနီက ဒေါသအပြည့်နှင့် အံကြိတ်လိုက်မိသည်။

Continue Reading

You'll Also Like

40.2K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
31.9K 3K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
243K 42.6K 78
ဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ
56.2K 4.7K 200
နတ်ဘုရားကမ္ဘာမိတ်ဆက် အချိန်ခရီးသွားခေတ်မှာ လူသားတွေဟာ တယ်လီပို့နည်းပညာကို တီတွင်နိုင်ခဲ့တယ်။ ဒါပေမဲ့ တယ်လီပို့နည်းပညာနဲ့ တကယ်တမ်း အချိန်ခရီးသွားခဲ့တဲ...