အချက်အပြုတ်နတ်ဘုရား ( ပုဖန် )...

By Azure5549

73.9K 6.7K 387

လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး More

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 - 860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906- 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990
991 - 995

31 - 35

810 74 2
By Azure5549

အခန်း 31   နောင်တချိန်မှာ စားသုံးသူတွေပိုမိုများပြားလာလိမ့်မယ်

ဆိုင်အတွင်းတွင် အချိန်တခဏမျှ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ဂျိချန်းရွဲ့က ဝှိုက်တီကို အံ့အားတသင့်ကြည့်နေမိသည်။ ဝှိုက်တီ၏ ခွန်အားက သူမျော်လင့်ထားသည်ထက်ပင် ပိုမိုသန်မာနေပေသည်။ ဘုရင်အဆင့်တစ်ယောက်ကို တိုက်ခိုက်ရန် သူ့အတွက် ခက်ခဲနေသေးသော်လည်း ဝှိုက်တီအတွက်က ငှက်ပျောသီးအခွံခွာစားသကဲ့သို့ပင် လွယ်ကူနေပေသည်။

ပုဖန်ဆီသို့ ဓါးသွားရောက်ခါနီးအချိန်တွင်ပင် ပုဖန်၏ အေးဆေးတည်ငြိမ်သော အမူအယာက ပြောင်းလဲသွားခြင်းမရှိသည်ကို တတိယမင်းသားက ပြန်လည်မြင်ယောင်လိုက်သည်။ “သူက… ဒီရုပ်သေးရဲ့ ခွန်အားကို တကယ်ယုံကြည်တာလား…”

ကျန်ရှိနေသော လုပ်ကြံသူများကလဲ ထိတ်လန့်တုန်လှုပ်၍ ကြက်သေသေနေရာမှ သတိပြန်၀င်လာပြီး ခွန်အားကြီးမားသော ရန်သူနှင့် သူတို့ရင်ဆိုင်နေရသည်ကို သဘောပေါက်သွားကြသည်။ ပုဖန်၏ အမိန့်အောက်တွင် ရုပ်သေးရုပ်က လက်သီးနစ်ချက်သာသုံး၍ သူတို့၏ အဖော်ကို သေလုနီးပါး ရိုက်နှက်လိုက်သည်ကို မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်မိနေကြသည်။

“ဒီဆိုင်နဲ့ ပတ်သတ်ပြီးတော့ တစ်ခုခုမှားနေပြီ ဒီဆိုင်မှာ ထူးဆန်းတာ တစ်ခုခုရှိနေတာပဲဖြစ်ရမယ်…” လုက်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ ဝါးဦးထုပ်အောက်မှ မျက်လုံးများက ထိတ်လန့်တုန်လှုပ်မှုကြောင့် တုန်ရီနေပေသည်။

သူတို့၏ လုပ်ကြံမှု ကျရှုံးသွားကြောင်း သံသယရှိစရာပင် မလိုပေ။ လုပ်ကြံသူများအနေဖြင့် လုပ်ကြံမှုမအောင်မြင်ပါက သူတို့၏ လွတ်လမ်းကို ရှာဖွေရန် လိုအပ်ပေသည်။ ထိုကြောင့်သူတို့က ဂျိချန်းရွဲ့ကို လုပ်ကြံမည့်အကြံအစည်ကို စွန့်လွှတ်လိုက်ကြပြီင်္း ဆိ်ုင်၏ တခါးပေါက်ဆီသို့ စတင်ပြေးထွက်လိုက်ကြသည်။ သို့သော်လည်း ဝှိုက်တီ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသော သူတို့အနေဖြင့် အလွယ်တကူ လွတ်မြောက်နိုင်ခြင်းမရှိပေ။ ကြီးမားသော ခွန်အားတစ်ခုက သူတို့ကို ရပ်တန့်သွားစေပြီး ဝှိုက်တီ၏ ရှေ့သို့ ပြန်ဆွဲယူခြင်း ခံလိုက်ရသည်။

၀ှိုက်တီ၏ မျက်၀န်းများက လင်းလက်တောက်ပနေပြီး ထိုသူများကို အတန်းလိုက် ရိုက်ချလိုက်သည်။ ထိုသူများက ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကြလေသည်။ ဝါးဦးထုပ်များက အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ပြီး လုပ်ကြံသူများက အကူအညီမဲ့စွာ ကြမ်းပေါ်တွင် လဲလျောင်းနေကြသည်။

အပြင်ဘက်တွင် မိုးက သည်းထန်စွာ ရွာသွန်းနေဆဲပင်ဖြစ်သည်။မိုးရေများက ကောင်းကင်ပေါ်မှ ရေတခွန်တစ်ခုကဲ့သို့ တစ်ဝေါဝေါ စီးကျနေသည်။ လမ်းကြားထဲရှိ မိုးရေထဲတွင်တော့ အရှက်လုံရုံသာ ၀တ်ဆင်ထားသော ကိုယ်တုံးလုံးနှင့် လူလေးယောက် ရှိနေလေသည်။

အရာအားလုံးပြီးဆုံးသွားပြီးနောက် ဝှိုက်တီက လက်သီးလက်မောင်းတန်း၍ လေထဲသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်ပြီး မီးဖိုချောင်ဖက်သို့ ပြန်လှည့်သွားသည်။ သူ၏ စက်ရုပ်မျက်လုံးလေးများ လင်းလက်နေပြီး ပျော်ရွင်နေပုံပေါက်ပေသည်။ ဂျိချန်းရွဲ့၏ မျက်လုံးများမှ အေးစက်ခက်ထန်မှုများက ပျောက်ကွယ်သွားပြီး နူးညံ့သိမ်မွေ့မှုများက အစားထိုး၀င်ရောက်လာခဲ့သည်။ ဂျိချန်းရွဲ့က ပုဖန်ကိုတစ်ချက်စိုက်ကြည့်၍ အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ ထိုစားဖိုမှုးက မာစတာအဆင့်သာ ရှိနေသေးသော်လည်း ထိုသူကို ဖောက်ထွင်း၍ မမြင်နိုင်ကြောင်းကို သဘောပေါက်လိုက်သည်။

“မင်းဘာမှာမာလဲ…” ပုဖန်က ဂျိချန်းရွဲ့၏ အမူအယာကို ဂရုမစိုက်ပဲ မျက်နှာသေဖြင့် မေးလိုက်သည်။

“ငါ.ငါးမူးပျံဟင်းမှာမယ်…. ဒီနေ့ ပိုင်ရှင်ပုက ငါ့ကိုကူညီလိုက်လို့ ငါအရမ်းကံကောင်းသွားတယ်… ဒါကြောင့် ငါက ပိုင်ရှင်ပုကိ်ု ဂုဏ်ပြုဖို့ ဝိုင်တစ်ခွက်လောက် သောက်ချင်ပေမယ့် ဒီမှာက ဝိုင်မရတော့ ငါးမူးပျံဟင်းမှာဖို့ပဲ တတ်နိုင်တယ်လေ…” တတိယမင်းသား ဂျိချန်းရွဲ့က ပုဖန်ကို ကြည့်၍ ခေါင်းတစ်ညိမ့်ညိမ့်ဖြင့် ပြောလိုက်သည်။

အကယ်၍ ဝှိုက်တီသာ မကူညီခဲ့လျှင် အန္တရယ်ရှိသော အခြေအနေကို သေချာပေါက်ပင် ကြုံတွေ့ရမည် ဖြစ်သည်။ ထိုသူများက အစီအစဉ်မရှိပဲ အင်ပါယာမြို့တော်အတွင်း တိုက်ခိုက်ခဲ့လျှင်ပင် လွယ်ကူလိမ့်မည်မဟုတ်ပေ။

“နောက်ရက်အနည်းငယ်လောက်ဆိုရင် ဝိုင်ကောင်းကောင်းတစ်မျိုးကို ငါရောင်းမှာပါ… ဒါပေမယ့်လဲ ဒီနေ့မဟုတ်တာတော့ အသေအချာပဲ…” ပုဖန်က ပြောဆိုလိုက်ပြီး မီးဖိုချောင်ဖက်သို့ လျောက်သွားနေရင်းမှ ကြောင်အနေသော ကွမ်းရှောင်ယီ၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

“အိုး ဒီမှာ ဝိုင်ရတော့မှာလား…” ဂျိချန်းရွဲ့က မျက်ခုံးပင့်လိုက်ပြီး သူမျက်နှာပေါ်မှအပြုံးက ပိုမိုပီပြင်လာသည်။ သူက မီးဖိုချောင်ဖက်သို့၀င်သွားသော ပုဖန်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။

“ရှောင်ယွီ… ငါအပြင်ခဏသွားလိုက်ဦးမယ် ငါးမူးပျံဟင်းရလာရင် ငါ့အတွက်သေသေချာချာ သိမ်းပေးထားပါဦး…” ဂျိချန်းရွဲ့က ကြောင်အနေသော ရှောင်ယီကို ပြောဆိုလိုက်ပြီး ဆိုင်အပေါက်၀သို့ လျောက်သွားလိုက်သည်။

“အာ… နင်ကဘာလို့အပြင်ကိုသွားမှာလဲ …” ကွမ်းရှောင်ယီက သတိ၀င်လာပြီး လှမ်းမေးလိုက်သော်လည်း ဂျိချန်းရွဲ့က ပြန်မဖြေပဲ ဆိုင်ငယ်လေး၏ အပြင်ဘက်သို့ ထွက်သွားလိုက်သည်။ အပြင်ဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ဂျိချန်းရွဲ့၏ မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သော အပြုံးက ပျောက်ကွယ်သွားခဲ့သည်။ လူသတ်ချင်နေသော ကျောချမ်းစရာ အငွေ့အသက်များက အစားထိုး၀င်ရောက်လာခဲ့သည်။

တတိယမင်းသားက ထီးကိုဖွင့်၍ မိုးမစိုအောင်ဆောင်းထားသော်လဲ သည်းထန်သော မိုးများက သူ၏ ၀တ်ရုံအစွန်းများနှင့် ဖိနပ်ကို စိုစွတ်သွားစေသည်။ လမ်းကြားထဲတွင် လုပ်ကြံသူလေးဦးးက ခက်ခက်ခဲခဲ မတ်တပ်ရပ်နေကြသည်။

သည်းထန်သော မိုးရေစက်များက သူတို့၏မျက်နှာပေါ်သို့ အဆက်မပျက် ကျရောက်နေပြီး မျက်လုံးများကိုပင် ခက်ခက်ခဲခဲ ဖွင့်နေရပေသည်။ ထိုအချိန်တွင် ဆီစိမ်စက္ကူဖြင့် ပြုလုပ်ထားသော ထီးကို ဆောင်းထားသည့် သပ်ရပ်သော ပုံရိပ်တစ်ခုကို မြင်လိုက်ရပြီး သူတို့၏ မျက်၀န်းများက ပြူကျယ်လာခဲ့သည်။

ဂျိချန်းရွဲက ဆိုင်ငယ်လေးထံသို့ ပြန်လျောက်လာပြီးနောက် အတွင်းသို့ရောက်သည်နှင့် နွေးထွေးမှုကို ပြန်လည် ခံစားလိုက်ရသည်။ သူ၏ခန္ဒာကိုယ်မှ အေးစိမ့်မှုများကို ပျောက်ကွယ်စေရန် လက်နှစ်ဖက်ကို ပွတ်၍ လေဖြင့် မှုတ်နေလိုက်သည်။ ၀တ်ရုံပေါ်တွင် တင်ကျန်နေသော မိုးရေစက်အချို့ကို ခါထုတ်လိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးက ပြန်လည်ပေါ်ပေါက်လာသည်။

“ရှောင်ယီ ငါးမူးပျံဟင်းရပြီလား…”  ရှောင်ယီက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး   “ မရသေးဘူး… ဒါပေမယ့်ငါက ဝိုင်ရဲ့ မွှေးရနံံ့တွေက်ိုရနေပြီ မကြာခင်ရတော့မှာပါ…”

ဂျိချန်းရွဲ့က ခေါင်းညိမ့်လိုက်ပြီး သူ၏ ၀တ်ရုံမှ စိုနေသောနေရာများကိုရေညှစ်လိုက်ရာ နီကျင်ကျင်အရည်များ ထွက်ပေါ်လာသည်။ ရှောင်ယီက မေးမြန်းခြင်းမရှိပဲ ထိုနီကျင်ကျင်အရည်များကို စိုက်ကြည့်နေလိုက်သည်။ တတိယမင်းသားကလဲ တစုံတစ်ခုကို စဉ်းစားနေသကဲ့သို့ မျက်လုံးကိုမှိတ်၍ အနားယူနေလိုက်သည်။

အချိန်ခဏကြာပြီးနောက် ပြင်းရှမွှေးကြိုင်သော ဝိုင်ရနံ့များက မီးဖိုချောင်အတွင်းမှ ပျံကနှံ့လာပြီး ဆိုင်အတွင်းရှိ သတ်ဖြတ်ဖြင်း အငွေ့အသက်များကို ဖယ်ရှားပစ်လိုက်လေသည်။ ရှောင်ယီက တုန်တုန်လှုပ်လှုပ်ဖြင့် ငါးမူးပျံဟင်းကိုသယ်ဆောင်လာပြီး မွှေးကြိုင်သော ရနံ့များက လမ်းတစ်လျောက်တွင် ပျံ့လွင့်နေသည်။ မွှေးကြိုင်သော ရနံ့များကို ရှုရှိုက်မိခြင်းမရှိစေရန် သူမ၏နှခေါင်းကို လက်ကိုင်ပဝါနှင့် စီးနှောင်ထားလေသည်။

သူမက ငါးမူးပျံဟင်းကို မျက်နှာမလွဲပဲ စိုက်ကြည့်နေပြီး ဂျိချန်းရွဲ့၏ အရှေ့သို့ ချပေးကာ “အရှင်မင်းသား .. ဒီမှာ မင်းရဲ့ဟင်းပွဲရပါပြီ…” ရှောင်ယီက နှခေါင်းသံနှင့် ပြောလိုက်သည်။

“ဟားဟားဟား.. နောက်ဆုံးတော့ရပြီပေါ့… တကယ်ပဲ ဒီငါးမူးပျံဟင်းကို မြည်းစမ်းကြည့်ချင်နေတာ … ဒီအင်ပါယာမြို့တော်ထဲမှာတော့ ဆိုင်ရှင်ပုရဲ့ အချက်အပြုတ်စကေးကို သဘောအကျဆုံးပဲ…” ဂျိချန်းရွဲ့က ရှောင်ယီ၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး ရယ်မောပြောဆိုလိုက်သည်။

ပုဖန်က မွှေးပျံ့နေသော ထမင်းကြော်ပန်းကန်ကို သယ်ဆောင်၍ မီးဖိုချောင်အတွင်းမှထွက်လာပြီး ဂျိချန်းရွဲ့နှင့် မျက်နှာချင်းဆိုင် စားပွဲခုံတစ်ဖက်တွင် တင်လိုက်ကာ… “ရှောင်ယီ… ဒီမှာ မင်းရဲ့ မနက်စာရပြီ…”

လုပ်ကြံသတ်ဖြတ်မှုကြောင့် အကြောက်မပြေသေးသော ရှောင်ယီက ချက်ခြင်းပင် တည်ငြိမ်သွားကာ ခုံပေါ်တွင် အလောတစ်ကြီး ၀င်ထိုင်၍ ထမင်းကြော်ပန်းကန်ကို စတင်စားသောက်တော့သည်။ ဂျိချန်းရွဲ့ကစနစ်တကျနှင့် အေးအေးလူလူ စားသောက်နေလေသည်။  “ဆိုင်ရှင်ပု… မင်းတစ်ကယ်ပဲတော်၀င်နန်းတော်မှာ စားဖိုမှုးလုပ်ဖို့ကို စိတ်မ၀င်စားဘူးလား… မင်းရဲ့အချက်အပြုတ်စွမ်းရည်နဲ့ဆို သိပ်မကြာခင်မှာပဲ တော်၀င်စားဖိုဆောင်ရဲ့ စာဖိုမှုးခေါင်းဆောင် ဖြစ်လာမယ်ဆိုတာ ငါကျိန်းသေ ပြောရဲတယ်…” ဂျိချန်းရွဲ့က ပုဖန်ကို ဆွဲဆောင်ပြောဆိုလိုက်သည်။

“တစ်စုံတစ်ယောက်ရဲ့ စားဖိုမှုးလုပ်ရမှာကို ငါက နည်းနည်းလေးမှ စိတ်မ၀င်စားဘူး… တစ်ကယ်လ်ို့ ဘုရင်မင်းမြတ်က ငါ့ရဲ့ဟင်းပွဲတွေကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တောင် တစ်ခြားသူတွေလို ဒီဆိုင်ကိုလာပြီးတော့ တန်းစီစနစ်နဲ့ပဲ မြည်းစမ်းရလိမ့်မယ်… ” ပုဖန်က  အနဲငယ်မျှပင် ဟန်ဆောင်ခြင်းမရှိပဲ ယတိပြတ် ငြင်းဆိုလိုက်သည်။

“ပိုင်ရှင်ပုရဲ့ စွမ်းရည်နဲ့ဆို ဒီလိုဆိုင်သေးသေးလေးနဲ့ ရောင်းနေတာက အရည်အချင်းတွေကို ဖြုန်းတီးပစ်နေသလိုပဲ တကယ်လို့ မင်းသာ တော်၀င်စားဖိုဆောင်ကို လာမယ်ဆိုရင် မင်းရဲ့ အရည်အချင်းတွေကို ပိုပြီးပေါ်လွင်အောင် ပြသနိုင်မှာပဲ…” ဂျိချန်းရွဲ့က သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။

"ငါကဒီလမ်းကြားထဲမှာနေပြီး ငါ့ရဲ့အချက်အပြုတ်စွမ်းရည်တွေကို မပြသနိုင်ဘူးလို့ ဘယ်သူပြောတာလဲ … မကြာခင်မှာပဲ ငါ့ရဲ့ဆိုင်မှာ စားသုံးသူတွေနဲ့ ပြည့်နှက်သည်ကားလာမယ်ဆိုတာကို ငါယုံကြည်တယ်…"  ပုဖန်က ယုံကြည်မှုရှိရှိနှင့် ခိုင်ခိုင်မာမာ ပြန်လည်ပြောဆိုလိုက်သည်။

ဂျိချန်းရွဲ့က ပုဖန်ပြောသည်ကို ကြားလိုက်ရသောအခါ အနည်းငယ် တုန်လှုပ်သွားပြီး  “ဒါမဖြစ်နိုင်ဘူး… ဟင်းပွဲတွေရဲ့ စျေးနှုန်းကို ကြည့်လိုက်ဦး ဒိစျေးနှုန်းတွေကိ်ု သာမာန်သူတွေဘယ်လိုမှ တတ်နိုင်မှာမဟုတ်ဘူး…”

“စျေးနှုန်းတွေကြောင့်မဟုတ်ဘူး… အမှန်က ငါ့ရဲ့ဟင်းပွဲတွေကိ်ု သူတို့ မစားသုံးနိုင်တာ… ဒါက ငါ့ဟင်းပွဲတွေက ဘာလို့တန်ဖိုးရှိနေရလဲဆိုတာပဲ… မင်းနားလည်လား…” ပုဖန်က ခပ်ရှင်းရှင်းပင် ပြန်ပြောလိုက်သည်။

“ဒီဆိုင်မှာ ရနိုင်တဲ့ ရိုးရိုးဥထမင်းကြော် ဒါမှမဟုတ် အဆင့်မြင့်ထမင်းကြော် ငါးမူးပျံဟင်း ဒါမှမဟုတ် ငါးခေါင်းတို့ဟူးစွပ်ပြုတ် ဘယ်လိုဟင်းပွဲမှာမဆို အရမ်းကို ဖမ်းဆီးရခက်ခဲတဲ့ လိပ်ပြာသားရဲတွေရဲ့ စွမ်းအင်တွေ ဝိဥာဉ်ကို အားဖြည့်ပေးတဲ့ ဆေးဘက်၀င်အပင်တွေ ပါ၀င်နေတယ်… ဒီဟင်းပွဲ တွေမှာ ဆေးဘက်၀င်ပစ္စည်းတွေ အများအပြားပါ၀ငါနေတယ်ဆိုတာ ယုံကြည်ဖို့တောင်ခက်ခဲတယ်… ဝိဥာဉ်ကို အားဖြည့်ပေးတဲ့ ဆေးဘက်၀င်အပင်ဆိုတာက သက်စောင့်ဆေးထုတ်လုပ်ရာမှာပဲ သုံးကြတာမဟုတ်လား…” ပုဖန်က ရှည်လျားစွာ ရှင်းပြလိုက်သည်။

ပုဖန်၏ ဟင်းပွဲတစ်ပွဲစီတိုင်းတွင် ဝိဉာဉ်စွမ်းအင် အမြောက်အများပါ၀င်နေပြီး စားသုံးလိုက်သည်နှင့် သက်စောင့်ဆေးသားလိုက်သကဲ့သို့ ဝိဉာဉ်စွမ်းအင်များကို တိုးတက်စေနိုင်မည်ဖြစ်သည်။

ထိုစကားကိုကြားလိုက်ရသောအခါ ဂျိချန်းရွဲ့က အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားပြီး    “ဒါကတစ်ကယ်ပဲလား……”

ဘုရင်အဆင့်သို့ရောက်ရှိပြီးနောက် အဆင့်သေးတစ်ခုတက်ရန်အတွက်ပင် ဝိဉာဉ်စွမ်းအင်အမြောက်အများလိုအပ်ပေသည်။ ယခုအခါ ပုဖန်၏ ဟင်းပွဲများကို လာရောက်စားသောက်လိုက်သည်နှင့် အဆင့်တက်ရန် လိုအပ်သော ဝိဉာဉ်စွမ်းအင်များကို ကူညီဖြည့်ဆည်း ပေးနိုင်ပေသည်။

ပုဖန်၏ ဟင်းပွဲများကိုစားသုံးနိုင်ရန် စွမ်းအင်အဆင့်သက်မှတ်ချက်လိုအပ်သည်ဟု ကြားခဲ့စဉ်က ထိုဟင်းပွဲများမှ အကျိုးသက်ရောက်မှုက ဘုရင်အဆင့်သို့ ရောက်ရှိနေသော သူ့အတွက် အကျိုးမရှိနိုင်ဟု  ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် စစ်သည်တော်အဆင့်နှင့် ဝိဉာဉ်တင် အဆင့်တို့လောက် အကျိုးသက်ရောက်မှု မရှိသော်လည်း သူ့အပ်ါတွင် အကျိုးသက်ရောက်နေဆဲပင် ဖြစ်သည်။

“ငါမင်းကိုပြောဖို့တစ်ခုကျန်နေသေးတယ် နောင်တချိန်မှာ ငါ့ဆိုင်မှာရနိုင်တဲ့ ဟင်းပွဲတွေက ဒီထက်ပိုများလာဦးမှာ ပီးတော့ သူတို့မှာပါ၀င်တဲ့ ပါ၀င်လာမယ့် လိပ်ပြာသားရဲအသားတွေနဲ့ ဆေးဘက်၀င်ပစ္စည်းတွေက ပိုပြီးအရည်အသွေးမြင့်မားလာမှာပဲ …” ပုဖန်က ခပ်ဖြည်းဖြည်းခြင်ပြောလိုက်သည်။

“နေက်ဆိုရင် အရမ်းကိုကောင်းမွန်တဲ့ န၀မအဆင့် လိပ်ပြာသားရဲရဲ့ အသားတောင်မှ ပါကောင်း ပါလာလိမ့်မယ်…” ပုဖန်က ဆက်လက်ပြောဆိုလိုက်လေသည်။

“န၀မအဆင့် လိပ်ပြာသားရဲရဲ့အသားလား…”  ဂျိချန်းရွဲ့၏နှုတ်ခမ်းထောင့်လေးများက တွန့်ကွေးသွားပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများပြည့်နှက်လျက် ပုဖန်ကို ကြောင်ကြည့်နေမိသည်။ အစောပိုင်းမှ ဖြစ်ပျက်ခဲ့သည်များကြောင့် မဟုတ်လျှင် ပုဖန်ကို အလွန်လေကြီးသူတစ်ယောက်အဖြစ်သာ မြင်မိမည်ဖြစ်ပေသည်။

@@@@@@@@

အခန်း 32 ကျော်ကြားလာသော ပုဖန်၏ ဆိုင်ငယ်ကလေး

န၀မအဆင့် လ်ိပ်ပြာသားရဲဆိုသည်မှာ အထွတ်အထိပ်အဆင့်ပင် ဖြစ်သည်။ လေအလင်းအင်ပါယာ တစ်ခုလုံးတွင်  အင်အားအကြီးဆုံးပုဂ္ဂိုလ်မှာ စစ်သေနာပတိချုပ် ရှောင်မန်ဖြစ်သည်။ စစ်သေနာပတိချုပ် ရှောင်မန်ပင်လျှင် သတ္တမအဆင့် (သူတော်စင်အဆင့် )တွင်သာ ရှိနေသေးသည်။

မြို့တော်၏ လမ်းတစ်ခုအတွင်းရှိ သေးငယ်သော စားသောက်ဆိုင်တစ်ခု၏ ပိုင်ရှင်ဖြစ်သော မာစတာအဆင့်သာရှိနေသေးသည့် ပုဖန်က န၀မအဆင့် လိပ်ပြာသားရဲအသားပင် နောင်တစ်ချိန်တွင် ရနိုင်မည်ဟု ပြောဆိုနိုင်သည်မှာ အလွန်အမင်းအံ့အားသင့်ဖွယ် ကောင်းနေပေသည်။  ဂျိချန်းရွဲ့က န၀မအဆင့် လိပ်ပြာသားရဲ၏ သန်မာမှုကို မသိရှိနိုင်သော်လည်း ထိုအရာက စစ်သေနာပတိချုပ်ရှောင်မန်ပင် ယှဉ်ပြိုင်နိုင်သော အရာမဟုတ်သည်ကို သိရှိနေသည်။

န၀မအဆင့်လိပ်ပြာသားရဲ တစ်ကောင်ကစစ်သေနာပတိချုပ် ရှောင်မန်ကဲ့သို့ သူတော်ဆင်အဆင့် ဒါဇင်အနည်းမျှနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။ ရှောင်မန်က အနီးအနားရှိ ဂိုဏ်းငယ်များမှ ရာဂဏန်းမျှရှိသော လူများကိုအလွယ်တကူရင်ဆိုင်နိုင်ပေသည်။ ထိုသို့သောခွန်အားရှိသည့် သူတော်စင်အဆင့် လေးငါးယောက်သာ ရှိလျှင် အင်ပါယာမြို့ကို အလွယ်တကူ ဖျက်စီးနိုင်ပေသည်။

“ပိုင်ရှင်ပုက တစ်ကယ်ကိုနောက်ပြောင်တတ်တာပဲ .. နေရာတော်တော်များများကို ဒီမင်းသားကရောက်ဖူးပေမယ့် န၀မအဆင့် လိပ်ပြာသားရဲအကြောင်းကို မကြားဖူးဘူး…”  ဂျိချန်းရွဲ့က ငါးမူးပျံဟင်းကို လက်စသတ်စားသောက်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပုဖန်ကို ပြောဆိုလိုက်သည်။

“လိပ်ပြာသားရဲတွေရဲ့ အဆင့်မြင့်လေ သူတိုအသားမှာပါ၀င်တဲ့ အရည်အသွေးကမြင့်လေပဲ .. ဒါက သဘာ၀သက်မှတ်ချက်အရပဲ.. အဆင့်မြင့်ပစ္စည်းတွေမှာ အဆင့်မြင့်အရည်အသွေးတွေပါ၀င်နေမှာပဲ .. တစ်ကယ်လို့ မင်းမှာသာ အရည်အသွေးမြင့်တဲ့ အသားတွေ အစားအသောက်တွေရှိမယ်ဆိုရင် ဒီကိုယူလာနိုင်တယ် ငါက အဲဒါတွေကို မင်းအတွက်ချက်ပြုတ်ပေးနိုင်တယ်…” စနစ်မှ အဆင့်တက်ပြီးနောက် စားသုံးသူများယူဆောင်လာသော ပစ္စည်းများကို ချက်ပြုတ်ပေးနိုင်ကြောင်း အသိပေးထားသောကြာင့် ဂျိချန်းရွဲ့ကို ပုဖန်က ပြောဆိုလိုက်သည်။

“အိုး… ငါ့မှာအရည်အသွေးမြင့်တဲ့ ချက်ပြုတ်စရာပစ္စည်းတွေ ရှိတယ်ဆိုရင် ဒီကိုယူလာလို့ရတယ်ပေါ့…” ဂျိချန်းရွဲ့၏ မျက်၀န်းများက လင်းလက်သွားပြီး စိတ်၀င်တစားဖြင့် ပြန်ပြောလိုက်သည်။

အပြင်ဘက်တွင် သည်းကြီးမည်းကြီးရွာသွန်းနေသောမိုးက ရပ်တန့်သွားပြီဖြစ်သည်။ နက်မှောင်နေသော တိမ်တိုက်များက တစ်ဖြည်းဖြည်း လွင့်ပါးသွားပြီး နူးညံ့နွေးထွေးသောနေရောင်ခြည်က ပေါ်ထွက်လာခဲ့သည်။ ဂျိချန်းရွဲ့က သူ၏ အိတ်ငယ်အတွင်းမှ သလင်းကျောက်အတုံးနှစ်ဆယ်ကို ထုတ်ယူ၍ ပုဖန်ကို ကမ်းပေးလိုက်သည်။

ထိုက်နောက် တတိယမင်းသားက ထမင်းကြော်ကို အလောတကြီး စားသောက်နေသော ကွမ်းရှောင်ယီ၏ ခေါင်းကို အသာအယာ ပွတ်သတ်လိုက်ပြီး ဆိုင်အ၀င်၀တွင် ထောင်ထားသောထီးကိုယူ၍ ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။ မိုးရွာပြီးနောက် လမ်းကြားထဲမှ အချို့နေရာများတွင် ရေများက တင်ကျန်နေဆဲဖြစ်ပြီး နံရံပေါ်မှ ရေညှိစိမ်းလေးများက စိုစွတ်နေပြီး ရေစက်များက တစ်စက်စက် စီးကျနေသည်။

ခွေးနက်ကြီးက ပျင်းရိစွာသမ်းဝြေပီး အပေါက်၀အနီးတွင် လဲလျောင်းနေဆဲပင်ဖြစ်သည်။ သူ၏အမွေးများက မိုးရွာသွားသော်လည်း စိုစွတ်မနေပဲ နူးညံ့ပျော့ပြောင်းနေဆဲပင်ဖြစ်သည်။

အင်ပါယာနန်းတော်အတွင်းတွင် အဆောက်အဦးများကို စနစ်တကျ ဆောက်လုပ်ထားပြီး သံချပ်ကာ၀တ်တပ်သားများက နိုးနိုးကြားကြား ကင်းလှည့်နေကြပေသည်။ တပ်သားများအတွင်းတွင် အားအနည်းဆုံးသူပင်တတိယအဆင့် ( တိုက်ခိုက်သူအဆင့်) ဖြစ်ပြီး  အားအကြီးဆုံးသူကတော့ ပဉ္စမအဆင့် (ဘုရင်အဆင့်) ဖြစ်သည်။

ဂျိချန်းရွဲ့က နန်တော်သို့ ပြန်ရောက်လာခဲ့သည်။ ကင်းလှည့်နေသော အစောင့်များက ဂျိချန်းရွဲ့ကို မြင်သောအခါ ရိုသေလေးစားစွာဖြင့် ဦးညွတ် နှုတ်ဆက်လိုက်ကြသည်။ တတိယမင်းသားကလည်း အစောင့်များကိုခေါင်းညိမ့်အသိအမှတ်ပြု၍ ၀င်ပေါက်ကို ဖြတ်သန်းကာ ကျယ်ပြန့်သော ရင်ပြင်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုရင်ပြင်ကျယ်တွင် ထူးဆန်းသော သားရဲကောင်သဏ္ဍာန် ကျောက်တိုင်ခြောက်ခုရှိနေပြီး ရှားပါးရတနာများစွာကို မြုတ်နှံထားသည်။

ဂျိချန်းရွဲ့က နက်နဲ့သည့်ကောင်းကင်ဘုံ၀င်ပေါက်ရှေ့တွင် ရပ်တန့်လိုက်ပြီး မြေကွက်လပ်ကို ရှုပ်ထွေးသော အမူအယာနှင့် စိုက်ကြည့်နေမိသည်။ ထို့နောက် မိုးရွာပြီးနောက် ထွက်ပေါ်လာသည့်  သန့်ရှင်းလတ်ဆတ်သော မြေသင်းနံ့ကို အားပါးတရ ရှုရှိုက်လိုက်သည်။

ထိုကောင်းကင်ဘုံ ၀င်ပေါက်ကို၀င်ရောက်လပြီး အင်ပါယာမင်းမြတ်၏ နန်းဆောင်ကြီးကို ကျော်ဖြတ်လာပြီးနောက် ရွှေရောင်အုတ်များ အနီရောင်သဲများနှင့် ဆောက်လုပ်ထားသော အိမ်ရှေ့စံမင်းသား၏ နန်းဆောင်သို့ ရောက်ရှိလာသည်။

“အရှင်မင်းသား ငါတိုစုံစမ်းခိုင်းလိုက်တဲ့ သူတွေရဲ့ ပြောကြားချက်အရ လုပ်ကြံသူတွေက တတိယမင်းသားကို အင်ပါယာမြို့တော်ထဲက စားသောက်ဆိုင်တစ်ခုမှာ လုပ်ကြံခဲ့တယ်လို့ သိရပါတယ်…” မုတ်ဆိတ်ရှည်များနှင့် လူလတ်ပိုင်း တစ်ယောက်က လက်ထဲတွင် စာလိပ်တစ်ခုကို ကိုင်ဆောင်ထားပြီး ခုံပ်ါတွင် ထိုင်နေသော အိမ်ရှေ့စံမင်းသားကို  အစီအရင်ခံလိုက်သည်။

ထိုလူငယ်က နဂါးတစ်ကောင်ပုံရိပ်ပါသော ရွှေဝါရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် ခရမ်းအကြည်ရောင်သရဖူကို ဆောင်းထားသည်။  သူ၏ မျက်ခုံးများက  ထက်မြတ်သောဓါးတစ်စင်းကဲ့သို့ ခပ်ချွန်ချွန်သဏ္ဍာန် ရှိနေသည်။ သူ၏မျက်နှာကို ခြုံငုံကြည့်လိုက်လျှင် နတ်ဆိုးတစ်ကောင်၏ ပုံရိပ် ထင်ဟပ်နေပြီး ခံ့ငြားထည်ဝါသောအရှိန်အဝါက ပေါ်ထွက်နေသည်။

“အိုး… ဒါဆိုသူသေပီလား…”  ထိုလူငယ်က ဂျိချန်းရွဲ့၏ကံကြမာကို ခပ်ရှင်းရှင်းပင် မေးလိုက်သည်။ “တတိယမင်းသားက ငါတို့နိုင်ငံရဲ့ အပြင်ဘက် စစ်မြေပြင်မှာ အချိန်အကြာကြီး နေခဲ့တာလေ လုပ်ကြံသူတွေက သူ့့ကို လွယ်လွယ်နဲ့ ဘယ်လိုသတ်နိုင်မှာလဲ….” သက်လတ်ပိုင်းအရွယ် လူကြီးက မုတ်ဆိတ်ကို သပ်၍ ပြန်ပြောလိုက်သည်။

“လုပ်ကြံသူတွေက တတိယမင်းသားကိုတောင် လုပ်ကြံရဲတယ်ဆိုတော့ သူတို့က အနည်းဆုံး ဘုရင်အဆင့်ပဲဖြစ်ရမယ်… ဒါဆိုရင် တတိယမင်းသားလဲ ဒဏ်ရာရသွားသင့်တယ် တစ်ကယ်လို့ သူသာဒဏ်ရာရသွားမယ်ဆိုရင် အင်ပါယာမြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားပြီး ခမည်းတော်လည်း မကြာခင်သိသွားလိမ့်မယ်… ဒီလိုဆိုရင် အခြေအနေတွေက ငြိမ်းချမ်းတော့မှာမဟုတ်ဘူး…” အိမ်ရှေ့စံမင်းသားက သူ၏မျက်လုံးကိုဖွင့်လိုက်ပြီး နက်ရှိုင်းစွာ တွေးတောနေလိုက်သည်။

“တတိယမင်းသားက လုံး၀ကို ဒဏ်ရာမရသွားဘူး… ဒီအခြေအနေကလဲ တော်တော့် ကိုထူးဆန်းနေတယ် အင်အားကြီးတဲ့ တစ်စုံတစ်ယောက်က သူ့ ကိုကူညီပေးနေတာများလား…” လူလတ်ပိုင်းအရွယ် လူကြီးက သူ၏ မုတ်ဆိတ်မွှေးကို သပ်၍ စဉ်းစားနေသကဲ့သို့ ပြောဆိုလိုက်သည်။

“ရှုရှီ ဒီရက်ပိုင်းမှာ တတိယမင်းသားက လမ်းကြားလေးထဲက စားသောက်ဆိုင်ကို နေ့တိုင်းလိုလို သွားနေတာမဟုတ်လား အဲဒီဆိုင်မှာ တစ်ခုခုထူးခြားတာရှိနေတာလား ဆိုတာ စုံစမ်းဖို့ တစ်ယောက်ယောက် လွှတ်ထားသေးလား…” အိမ်ရှေ့စံမင်းသားက မေးမြန်းလိုက်သည်။

“အိမ်ရှေ့စံမင်းသား… ဒီဆိုင်က တစ်ကယ်ပဲ ထူးဆန်းတဲ့အရာတွေရှိနေတယ်….”

“ဟမ်… ဘယ်လိုမျိုးထူးဆန်းတာလဲ… “

“အင်ပါယာမြိုကတော်ထဲမှာလူတွေပြောနေကြတဲ့ ကောလဟာလ အရတော့ ဒီဆိုင်က ကလိမ်ကကျစ်လုပ်တတ်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ပဲ… သူ့ဆိုင်မှာ ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်ဆယ်တုံးနဲ့ ရောင်းတယ် လက်လုပ်ခေါက်ဆွဲတစ်ပွဲကို ရွှေဒင်္ဂါးပြား တစ်ရာတောင်ပေးရတယ် စျေးအကြီးဆုံးဟင်းလျာဖြစ်တဲ့ ငါးမူးပျံဟင်းဆိုရင် သလင်းကျောက်တုံးနှစ်ဆယ်တောင် ပေးရတယ်…  မသိရင် ဟင်းတွေက ကောင်းကင်ဘုံက ရောက်လာတဲ့ နတ်သုဒ္စါတွေအတိုင်းပဲ…”  ရှုရှီက သူကြားထားသမျှကို ပြန်ပြောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအယာများဖြစ်ပေါ်နေသည်။

“အင်း ဒါကအမှန်ဆိုရင်တော့ ဒီဟင်းပွဲတွေရဲ့စျေးနှုန်းက ကောင်းကင်ဘုံက ကျလာတဲ့ အရာတွေလိုမျိုး မြင့်မားနေတာပဲ ဒါပေမယ့်လဲ တတိယမင်းသားက ဘာလို့ဒီအကျင့်ပျက်စားသောက်ဆိုင်ကို နှစ်သက်နေမှာလဲ အဲဒီမှာ တစ်ခြားသူတွေမသိတဲ့ ထူးဆန်းတဲ့အကြောင်းအရာတစ်ခုတော့ ရှိကိုရှိရမယ်… ရှုရှီ အဲဒီစားသောက်ဆိုင်ကို သွားဖို့ နည်းလမ်းရှာလိုက်ပါ…”  အိမ်ရှေ့စံမင်းသားက ပြောဆိုလိုက်သည်။

“စစ်သေနာပတိချုပ်ရှောင်မန်က နောက်နှစ်ရက်လောက်နေရင် လေအလင်းအင်ပါယာကို အောင်မြင်မှုတွေနဲ့ ပြန်လာတော့မှာ … သူ့ရဲ့ခွန်အားက တစ်ကယ်ကို မယုံနိုင်လောက်စရာပဲ သူက ပုန်ကန်ထကြွနေတဲ့ ဂိုဏ်းလေးတွေနဲ့ အနက်ရောင်နန်းတော်ကို သုတ်သင်နိုင်ခဲ့ပြီး ခေါင်းဆောင်ခြောက်ယောက်ကိုပါ ဖမ်းဆီးနိုင်ခဲ့သေးတယ် … အဲဒီဂိုဏ်းငယ်လေးတွေက တော်တော်ထိခိုက်သွားတော့မှာပဲ ဒါက လေအလင်းအင်ပါယာရဲ့ အောင်မြင်မှုတစ်ခုပဲ….” အိမ်ရှေ့စံမင်းသားက သက်ပြင်းချ၍ မတ်တပ်ရပ်လိုက်ပြီး သူ၏နန်းဆောင်အတွင်းတွင် လမ်းလျှောက်နေလိုက်သည်။

“ငါ့ရဲ့သရဖူကို ဆက်ထိန်းထားခြင်တာပဲဖြစ်ဖြစ် နိုင်ငံသရဖူကို လိုချင်တာပဲဖြစ်ဖြစ် စစ်သေနာပတိချုပ် ရှောင်မန်ရဲ့ ထောက်ခံချက်ရမှဖြစ်မယ်… လွန်ခဲ့တဲ့နှစ်အနည်းငယ်က စပြီးတော့ ဂိုဏ်းငယ်လေးတွေက စတင်ပုန်ကန်လာကြတော့ ဘုရင်မင်းမြတ်က ရှောင်မန်ကို အဲဒီဂိုဏ်းငယ်လေးတွေကို နှိမ်နင်းဖိုစေလွှတ်လိုက်တယ် … ကြောက်ရမှာတစ်ခုက စစ်သေနာပတိချုပ်ရှောင်မန်ကို သူတို့ဘက်က ဆူးတစ်ခုလိုသတ်မှတ်ထားမှာကိုပဲ…  သူက သူပုန်အမြောက်အများကို ဖမ်းပြီး အင်ပါယာမြို့တော်ထဲကိုစေလွှတ်ခဲ့သေးတယ် .. ပီးတော့ ငါ့ရဲ့ သူလျိုတေပြောကြားချက်အရ ဒီရက်ပိုင်းမှာ လမ်းမှန်ဂိုဏ်းကြီးငါးခုနဲ့ သူပုန်ဂိုဏ်း သုံးခုက ခေါင်းဆောင်တွေက အင်ပါယာမြို့တော်ထဲကို စိမ့်၀င်ရောက်ရှိနေကြပြီ….” အိမ်ရှေ့စံမင်းသားက တွေးတောနေလိုက်သည်။

“မငြိမ်သက်မှု… မငြိမ်သက်မှုတွေရှိနေတာကောင်းတယ်… ဒါက ငါ့ရဲ့ ဒုတိယညီအကို စဉ်းစားနေတဲ့အပိုင်းပဲ.. ဒါကြောင့်လဲ သူက တတိယမင်းသားကိုလုပ်ကြံမို့စီစဉ်နိုင်တာပဲ ဒါပေမယ့် တတိယမင်းသားက ဒဏ်ရာတစ်ခုမှမရပဲ ပြန်လာနိုင်လိမ့်မယ်လို့ မထင်ထားလိုက်ဘူး….” အိမ်ရှေ့စံမင်းသားက ရုတ်တရက်ပြောဆိုလိုက်သည်။

ရှုရှီက ကြောင်အမှင်သက်သွားသော်လည်း ဘာမှ ၀င်ရောက်ပြောဆိုခြင်းမရှိပေ။ သူကအကြံပေးအရာရှိမျှသာ ဖြစ်သည်။ သူ၏အကြံဥာဏ်ကို လိုအပ်သည့်အချိန်နှင့် ပြောသင့်သည့်အချိန်တွင်သာ ပြောပြီး ကျန်အချိန်များတွင် တိတ်တဆိတ်နေထိုင်ခြင်းက သူ၏အသက်ကို ကယ်တင်ရာ ရောက်ပေသည်။

“အခုလိုလဲကောင်းပါတယ်… ငါကတတိယမင်းသားရဲ့အကြောင်းကိုသိပြီးသားပဲ ငါစိုးရိန်တာက ဒုတိယမင်းသားအကြောင်းပဲ… ဒီလုပ်ကြံမှုဖြစ်စဉ်မှာ တစ်ခုခုထူးဆန်းတာ ဖြစ်ပွားသွားခဲ့နိုင်တယ်  မင်းတစ်ယောက်ယောက်ကို လွှတ်ပြီးစုံစမ်းလိုက် …. မဟုတ်ဘူး မင်းကိုယ်တိုင် အဲဒီကလိမ်ကကျစ်ကျတဲ့စာသောက်ဆိုင်ကို သွားပြီး စုံစမ်းခဲ့လိုက် ထူးခြားတာတစ်ခုခုကို သိရလိမ့်မယ်လို့မျော်လင့်ရတာပဲ….” အိမ်ရှေ့စံမင်းသာက အမိန့်ပေးလိုက်ပြီးနောက် ရှုရှီက လက်သီးဆုတ်ဂါရဝြပုကာ ထွက်ခွာသွားခဲ့သည်။

ဘုရင်ယု၏စံအိမ်အတွင်းတွင် ဒုတိယမင်းသား ဂျိချန်းယုက သူ၏ လက်ထဲရှိ စာကို လုံးချေဖျက်စီးလိုက်ပြီး.  “ဒီစားသောက်ဆိုင်သေးသေးလေးက ငါ့အလုပ်မှာ၀င်ရဲတယ်… အဲဒီမှာဘယ်လိုလူတွေ ပုန်းအောင်းနေတာလဲဆိုတာကို သွားကြည့်ဖို့လိုနေပြီထင်တယ်… ဒီလူတွေကများ ငါ့ရဲ့ ဘုရင်အဆင့်လုပ်ကြံသူလေးယောက်ကို သတ်ဖြတ်ရဲတယ်…”  သူကဒေါသတကြီး ပြောဆိုလိုက်သည်။

တတိယမင်းသားလုပ်ကြံခံရပြီး နောက်တစ်နာရီအကြာတွင် မြို့တော်အတွင်း လွမ်းမိုးမှုရှိသော စံအိမ်များက သိရှိသွားကြသည်။ အင်ပါယာမြို့တော်အတွင်းတွင် မင်းသားတစ်ယောက်ကို လုပ်ကြသည်မှာ သေးငယ်သော ကိစ္စတစ်ခုဟုတ်မနေပေ။

အင်ပါယာမြိုကတော်အတွင်းတွင် တတိယမင်းသားလုပ်ကြံခံရသော သတင်းနှင့်အတူပုဖန်၏ ဆိုင်ငယ်လေးကလဲ ကျော်ကြားလျှက်၇ှိသည်။ လူအများက ဥထမင်းကြော်တစ်ပွဲကို သလင်းကျောက်ဆယ်တုံးဖြင့် ရောင်းချသော လမ်းကြားထဲမှ ဆိုင်ငယ်လေးကို စိတ်၀င်စားနေကြသည်။

ဂိုဏ်အဖွဲ့အစည်းများနှင့် စံအိမ်များမှ လမ်းကြားထဲရှိဆိုင်ငယ်လေးထံသို့ စုံစမ်းရန် သူတို့၏ လူများကို စတင်စေလွှတ်နေကြပြီဖြစ်သည်။

ထိုအချိန်တွင် အင်ပါယာမြို့တော်ထဲတွင် သူ၏ဆိုင်က ရေပန်းစားနေသည့် အကြောင်းနှင့် လူအများအပြားက သူ၏ဆိုင်ကို စိတ်၀င်တစားနှင့် လာနေကြသည်ကို မသိရှိသေးသော ပုဖန်က ဆိုင်အ၀င်၀ရှိ ခုံတစ်ခုပေါ်တွင် ထုံးစံအတိုင်းခွေခေါက်၍ ထိုင်နေပေသည်။ နွေးထွေးသော နေရောင်ခြည်က သူ၏ခန္ဒာကိုယ်ပေါ်သို့ ဖြာကျနေပြီး သူက သက်တောင့်သက်သာနှင့် နေပူစာလှုံနေပေသည်။

@@@@@@@

အခန်း 33  မင်းကို နာမည်ပျက်စာရင်းထဲထည့်လိုက်ပြီ

“ပုဖန်ရဲ့ဆိုင်ငယ်လေးကနေ ကြိုဆိုပါတယ် အစားအသောက်စာရင်းကိုနံရံပေါ်မှာချိတ်ဆွဲထားပါတယ်…. မှာချင်တာကို ဆုံးဖြတ်ပီးသွားပြီဆိုရင် ငါ့ကိုပြောပါ…” ရှုရှီက ဆိုင်အတွင်းသို့၀င်ရောက်လိုက်သည်နှင့် ချစ်စဖွယ်ကောင်းသော ကလေးမလေးတစ်ယောက်က သူ့ကို နှုတ်ဆက်လိုက်သည်ကို တွေ့မြင်လိုက်ရသည်။

“ဒီကလေးမလေးက ကွမ်းမိသားစုက အသည်းကျော်လေးမဟုတ်လား…” ရှုရှီအံံ့အားသင့်သွားပြီး မျက်ခုံးပင့်လိုက်မိသည်။ သူ၏ သတင်းပေးက ဆိုင်အတွင်းတွင် ကွမ်းမိန်းကလေးရှိနေကြောင်း သတင်းပို့ထားသော်လည်း သူကိုယ်တိုင်မြင်လိုက်ရသောအခါ အံ့သြမှုကို မထိန်းချုပ်နိုင်လိုက်ပေ။

“ကွမ်းမိသားစုရဲ့ မင်းသမီးလေးလဲဖြစ် နတ်ဆိုးမလေးလဲဖြစ်တဲ့ ဒီကလေးမက ဒီဆိုင်မှာဘာလို့ စားပွဲထိုးလာလုပ်နေရတာလဲ… သူမဦးနှောက်များပျက်သွားတာလား…” ထိုအချိန်တွင် အပေါက်၀တွင် ထိုင်နေသော ငယ်ရွယ်နုပျိုသည့်ကောင်လေးတစ်ယောက်က ပျင်းရိပျင်းတွဲဖြင့် ထရပ်လိုက်ပြီး မီးဖိုချောင်ဆီသို့ လျောက်သွားလိုက်သည်။

“ဒါက ဒီဆိုင်ရဲ့ပိုင်ရှင်ပဲဖြစ်ရမယ် .. သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အခုမှ မာစတာအဆင့်ပဲရှိသေးတယ် ဒါကဘယ်လိ်ုလုပ်ဖြစ်နိုင်မှာလဲ သူကမာစတာအဆင့်နဲ့ ဘုရင်အဆင့် လုပ်ကြံသူလေးယောက်ကို ဘယ်လိုသတ်လိုက်တာလဲ အမှန်တကယ်ဆို သူက အင်ပါယာအဆင့်လောက်အနည်းဆုံး ရှိနေသင့်တာ…” ရှုရှီက သူ၏ လှပရှည်လျားသော မုတ်ဆိတ်များကို သပ်၍ တွေးတောနေပြီး ပုဖန်၏ နောက်ကျောကို စိုက်ကြည့်နေမိသည်။

“ဟေး… ဘာမှာမှာလဲ…” ကွမ်းရှောင်ယီက မပျော်မရွှင်ဖြစ်သွားပြီး မေးမြန်းလိုက်သည်။ ထိုသူက သူမကဲ့သို့ လှပပြီး ချစ်စရာကောင်းသော ကလေးမလေးကို ဂရုမစိုက်ပဲ စိတ်ပုတ်သူဌေးကို စိုက်ကြည့်နေလေသည်။ “ဒီလိုမျိုးချစ်စရာကောင်းတဲ့ ကောင်မလေးထက် စိတ်ပုတ်သူဌေးက ဆွဲဆောင်အားပိုကောင်းနေတာလား…”

ရှုရှီက ရှက်ရွံ့စွာဖြင့် ကို့ယို့ကားယား ပြုံးလိုက်ပြီး သူမဘက်သို့လှည့်လိုက်သည်။ ထို့နောက် နံရံပေါ်ရှိ မီနူးကိုမြင်လိုက်သောအခါ သူ၏မျက်၀န်းများက ပြူးကျယ်လာခဲ့သည်။

“ကောလဟာလတွေက တစ်ကယ်ကိုမှန်တာပဲ.. အင်ပါယာမြို့တော်ထဲက နာပါတ်တစ် ကလိမ်ကကျစ်ဆိုင်ဆိုတဲ့ နာမည်နဲ့ တစ်ကယ်ကို လိုက်ဖက်တယ်…” ရှုရှီက လေအေးများကိုတစ်ဝြကီးရှူရှိုက်လိုက်ပြီး ရေရွတ်လိုက်သည်။ သူက အိမ်ရှေ့စံမင်းသား၏ အမိန့်ကြောင့် ထိုဆိုင်ကို စုံစမ်းရန် ရောက်ရှိလာခဲ့သော်လည်း သာမာန်မဟုတ်သော စျေးနှုန်းများကို မြင်တွေ့လိုက်ရခြင်းက သူ့ကို အနည်းငယ်တွေဝေသွားစေသည်။

“ငါ့က်ို ငါးခေါင်းတို့ဟူးစွပ်ပြုတ်တစ်ပွဲပေး ..” ရှုရှီကလည်း ဆင်းရဲချို့တဲ့သူတစ်ယောက် မဟုတ်သောကြောင့် သူအကြိုက်ဆုံး အစားအသောက်ဖြစ်သည့် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို ရွေးချယ်မှာယူလိုက်သည်။

“ခဏလောက်စောင့်…” ကွမ်းရှောင်ယီက နှခေါင်းရှုံ့၍ပြောဆိုလိုက်ပြီး မီးဖိုချောင်ဖက်သို့ ဆောင့်ဆောင့် အောင့်အောင့်နှင့် ထွက်သွားလိုက်သည်။ သူမထက် သူမ၏ စိတ်ပုတ်သူဌေးကို ပိုမိုစိတ်၀င်စားနေသော ထိုလူကြီးကို သဘောကျခြင်းမရှိပေ။

ရှုရှီက စားပွဲခုံတစ်ခုတွင်၀င်ထိုင်လိုက်သည်။ ဆိုင်၏အကျယ်အ၀န်းက ကျဉ်းမြောင်းသောကြောင့် အတွင်းတွင် စားပွဲခုံ လေးခုသာရှိနေပေသည်။ ဆိုင်အတွင်းတွင်နွေးထွေးပြီး သက်တောင့်သက်သာဖြစ်စေသော ခံစားမှုကို ပေးစွမ်းနိုင်သည်။ အပြင်အဆင်က သန့်ရှင်းသပ်ရပ်နေပြီး ပတ်၀န်းကျင်က တိတ်ဆိတ်ငြိမ်သက် နေသောကြောင့် စားသုံးသူကို စိတ်အနှာက်အယှက်မဖြစ်စေပဲ စိတ်ကျေနပ်မှုကို ပေးစွမ်းပေးနိုင်သည်။

ရှပ်..ရှပ်..ရှပ် အပြင်ဘက်မှ ခြေသံအချို့ကို ကြားလိုက်ရပြီးနောက် လူတစ်ယောက်က ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။

“ရှုရှီ…”  ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသောကြောင့် ရှုရှီက အပေါက်ဘက်သို့ လှည့်ကြည့်လိ်ုက်သောအခါ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။

“တရားသူကြီးစုပါလား … ဒီမှာတွေ့ရမယ်လို့ မထင်ထားမိဘူး…” ရှုရှီက အနည်းငယ်အံ့အားသင့်သွားပြီး မတ်တပ်ရပ်၍ လက်သီးဆုတ်ကာ အနည်းငယ်ဦးညွတ်၍ ပြောလိုက်သည်။ ထိုသူက အင်ပါယာမြို့တော်တရားရုံး၏ တရားသူကြီးတစ်ယောက်ဖြစ်ပြီး ထိုသို့အဆင့်အတန်းမြင့်မားသူက ဆိုင်ငယ်လေးထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လိမ့်မည်ဟု ထင်မှတ်ထားမိခြင်းမရှိပေ။

လေအလင်းအင်ပါယာက စစ်အုပ်ချုပ်ရေးနိုင်ငံတစ်ခုဖြစ်သော်လည်း အရပ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ အမတ်များလည်း ရှိနေပေသည်။ ထိုကဲ့သို့ စစ်အုပ်ချုပ်ရေးနှင့် အရပ်ဘက်အုပ်ချုပ်ရေးကို မျှမျှတတ ကျင့်သုံးအုပ်ချုပ်သောကြောင့် သာယာဝပြောသော နိုင်ငံတစ်ခု ဖြစ်လာပေလိမ့်မည်။

စုယွမ်ကျင်းက သူရှေ့တွင် ရှိနေသော မုတ်ဆိတ်များနှင့် အိမ်ရှေ့စံမင်းသား၏ အကြံပေးအရာရှိဖြစ်သော ရှုရှီကို ကောင်းကောင်းသိပေသည်။ စုယွမ်ကျင်းနှင့် ရှုရှီတို့က အလွန်ရင်းနှီးကြသူများမဟုတ်သောကြောင့် နှုတ်ဆက်လိုက်ပြီးသည်နှင့် စုယွမ်ကျင်းက အခြားစားပွဲဝိုင်းတစ်ခုတွင် ထိုင်၍ ဥထမင်းကြော်တစ်ပွဲကို မှာယူလိုက်သည်။

ပုဖန်က မီးဖိုချောင်အတွင်းတွင် အလုပ်ရှုပ်လျက်ရှိပေသည်။ “ဒီနေ့ ငါ့ဆိုင်ကို စားသုံးသူအသစ်တွေ ရောက်လာတာပဲ… တော်တော်ကိုထူးဆန်းတယ်… တစ်ယောက်ယောက်ကများ ငါ့ကို ကူညီပြီး အင်ပါယာမြို့တော်ထဲမှာ စာသောက်ဆိုင်အကြောင်းကို ကြေညာပေးနေတာလား…”

ပုဖန်က ထိုအကြောင်းကိုတွေးနေသော်လည်း သူ၏ လက်များက အဆက်မပြတ် လှုပ်ရှားလျက်ရှိသည်။ သူက တတ်ိယအဆင့် ငွေရောင်မိုးကြိုးငါးတစ်ကောင်ကို ယူ၍ အကြေးခွံချွတ်၊ ၀မ်းတွင်းသားများကို ထုတ်၍ ရေဆေးလိုက်ပြီး ခေါင်းကို ဖြတ်ထုတ်လိုက်သည်။

ပုဖန်က အေးခဲထားသော အခန်းငယ်အတွင်းမှ သလင်းကြည်ရောင် တို့ဟူးများကို ထုတ်ယူလိုက်ပြီး ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို စတင်ချက်ပြုတ်လိုက်သည်။ ပုဖန်က ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုမီးအေးအေးနှင့် ချက်ပြုတ်နေစဉ်တွင် လက်သီးဆုတ်အရွယ်ရှိသော ဥတစ်လုံးကို ထုတ်ယူလိုက်သည်။

မီးဖိုချောင်ထဲတွင် ဟင်းပွဲပြင်ဆင်နေချိန်တွင် ဆိုင်အတွင်း၌ စားသုံးသူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

“ငါ့ကို ဥထမင်းကြော်တစ်ပွဲပေး..”

“ဒီကိုလက်လုပ်ခေါက်ဆွဲတစ်ပွဲပေးပါ .. ပြီးတော့မြန်မြန်လေးလုပ်ပေးပါ…”

“ငါကတော့ ငါးမူးပျံဟင်းတစ်ပွဲ အော်ဒါမှာမယ်ဟေ့…”

ဆိုင်ငယ်လေးအတွင်းတွင် စားသုံးသူများ၏ တစ်ယောက်တစ်ပေါက်အသံများကို နားထောင်နေပြီး ကွမ်းရှောင်ယီက အနည်းငယ် ဆွံ့အမင်သက်နေပေသည်။ “ဘယ်အချိန်ကစပြီးတော့ ဒီလောက်ကျော်ကြားသွားတာလဲ…”

သူမက ဒါဇင်အနည်းငယ်မျှရှိသော စားသုံးသူများကို ရေတွက်လိုက်ပြီး “အိုး… ဒါက တစ်ကယ်ကိုအံ့သြဖို့ကောင်းတာပဲ… လွန်ခဲ့တဲ့ရက်အနည်းငယ်က အခြေအနေနဲ့ အခုက လုံး၀ကို ကွဲပြားသွားပြီပဲ…”

“ခဏလောက်နားထောင်ကြပါဦး … ခဏလောက်ငြိမ်ငြိမ်လေးနေပေးကြပါ… ဒီမှာဘူတွေကအရမ်းများနေတော့ တန်းစီပေး ကြပါ…” ကွမ်းရှောင်ယီက ခပ်ကျယ်ကျယ်လေး အော်ပြောလိုက်သည်။ ဆိုင်ငယ်လေးထဲတွင် လူများပြည့်ကျပ်ညှပ်နေသောကြောင့် စိတ်မသက်မသာဖြစ်မှုကိုပင် ခံစားလိုက်ရသည်။ သူမက ဆိုင်အတွင်းတွင် နေရာလွတ်ရရန်အတွက် ထိုသူများကို တန်းစီစနစ်ဖြင့် ဟင်းပွဲမှာယူကြရန် လှုံ့ဆော်လိုက်သည်။

“တန်းစီရမယ်..ဟုတ်လား… ကောင်မလေး ငါဘယ်သူလဲ နင်သိလား… ငါက သခင်ကြီးကျန်းရဲ့အိမ်တော်က အိမ်တော်ထိန်းပဲ မင်းကငါ့ကို တန်းစီခိုင်းရဲသေးလား… မြန်မြန်လေးလုပ်… မင်းရဲ့သူဌေးကို ငါ့ရဲ့ဟင်းပွဲကို အရင်ချက်ဖို့ သွားပြောလိုက်…”

သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မပျော်မရွင်ဖြစ်သွားပြီး ကွမ်းရှောင်ယီကို ဆူငေါက်လိုက်သည်။

“မင်းက သခင်ကြီးကျန်းအိမ်က အိမ်တော်ထိန်းဆိုတော့ကော ဘာဖြစ်လဲ… ကလေးမလေး.. ငါဘယ်သူလဲဆိုတာကို မင်းသိလား… ငါကဘာသာရေးအဖွဲ့အစည်းရဲ့ အကြီးအကဲအိမ်က အိမ်တော်ထိန်းပဲ…”

“မင်းက ဘာသာရေးအဖွဲ့အစည်းရဲ့ အကြီးအကဲအိမ်က အိမ်တော်ထိန်းဆိုတော့ကော ဘာဖြစ်သေးလဲ ငါက ဘုရင်မုရဲ့ သက်တော်စောင့်ပဲ …” နောက်တစ်ယောက်က သဘောကျစွာ ၀င်ပြောလိုက်သည်။

ကွမ်းရှောင်ယီက စားသုံးသူများ စကားနိုင်လု အငြင်းပွားနေသည်ကို တိတ်တဆိတ် ရပ်ကြည့်နေလိုက်သည်။ ထိုသူများ၏ အရေးကြီးပုဂ္ဂိုလ်များကဲ့သို့ ပြုမူနေကြသည်သော ဟန်ပန်များက သူတို့၏ မျက်နှာပေါ်တွင် ပေါ်လွင်နေပေသည်။ အင်ပါယာမြို့တော်အတွင်းရှိ အရာရှိ အရာခံများ၏ အိမ်တော်ထိန်း ၊ အစေခံများက လမ်းကြားထဲရှိ ဆိုင်ငယ်လေးထံသို့ တစ်စုတစ်ဝေးဖြင့် ရောက်ရှိနေကြသည်ကို အံ့အားသင့်သွားသော်လည်း သူတို့၏ ဟန်ထုတ်နေမှုများက ကွမ်းရှောင်ယီကို စိတ်အနှောက်အယှက်အလွန်အမင်း ဖြစ်ပေါ်စေသည်။

ရှုရှီကထိုသူများနောက်တွင် တိတ်တဆိတ်ထိုင်နေပြီး ငြင်းခုန်နေကြသူများကို ကြည့်၍ ရယ်ချင်ပက်ကျိဖြင့် စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းလိုက်မိသည်။ သူက ထိုသူများ ရောက်ရှိလာသော အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိနေပေသည်။ ထိုလူစုက စားပွဲထိုးမိန်းကလေးက မည်သူမည်ဝါဆိုတာကို မသိရှိပဲ တန်းမစီချင်ကြသောကြောင့် သူတို့၏ နောက်ခံကို အပြိုင်အဆိုင် ထုတ်ပြော၍ ငြင်းခုန်နေကြသည်မှာ ရယ်ချင်ဖွယ်ရာပင် ဖြစ်နေပေသည်။

ဆိုင်တွင်ရှိနေသော လူအုပ်ထဲတွင် စာပွဲထိုးလုပ်နေသော ကွမ်းရှောင်ယီ၏ နောက်ခံက ကြောက်စရာအကောင်းဆုံး ဖြစ်နေပေသည်။ သို့သော် သူက ငြင်းခုန်နေသော လူစုကို သတိပေးစကားမပြောပဲ တိတ်တဆိတ်သာ ထိုင်နေပေသည်။

ခဏအကြာတွင် မွှေးပျံ့သော ရနံ့များက မီးဖိုချောင်ဖက်မှ တစ်ရစ်ဝဲ၀ဲဖြင့် ထွက်ပေါ်လာသည်။ ထိုရနံ့က လူစု၏ပါးကို ပိုးချည်မျှင်ဖြင့် ဖြတ်ရိုက်လိုက်သကဲ့သို့ ရဲရဲနီသွားစေသည်။ ဆိုင်ခန်းအတွင်းတွင် ရှ်ိနေသော လူစုက မှင်သက်ကြောင်အသွားပြီး မွှေရနံ့များကိ်ု အလုအယက်ရှူသွင်းလိုက်ကြသည်။

စုယွမ်ကျင်းနှင့် ရှုရှီတို့နှစ်ယောက်လည်း မျက်ခုံးပင့်လိုက်မိကြသည်။ “ဒီရနံ့ .. ဒီရနံ့က အရမ်းကိုမွှေးပျံ့လွန်းတယ်… ဒါကြောင့်လဲ သူ့ရဲ့ စျေးနှုန်းက အရမ်းကို မြင့်နေတာလား…”

ပုဖန်က ထမင်းကြော်ပန်းကန်ကို ကိုင်၍ မီးဖိုခန်းအတွင်းမှ ထွက်လာသောအခါ စားသောက်ခန်းအတွင်းရှိ လူအုပ်ကြီးကိုမြင်တွေ့လိုက်ရပြီး ခေတ္တမျှ မှင်သက်သွားခဲ့သည်။ တခဏအကြာတွင် သူက သက်ပြင်းချလိုက်ပြီး အဖြစ်မှန်ကို လက်ခံလိုက်ရသည်။ “ငါ့ဆိုင်က တစ်ဖြည်းဖြည်းနဲ့ နာမည်ကျော်ကြားလာပြီပဲ…”

တခဏမျှ မှင်သက်သွားသော်လည်း သူ၏အမူအယာက နဂိုမျက်နှာသေအဖြစ်သို့ ပြောင်းလဲသွားသည်။ “ဒီမှာရှိတဲ့သူတွေ ခဏလောက်နားထောင်ကြပါ… ဆိုင်မှာက စားသောက်စရာတွေကိ်ု တန်းစီစနစ်နဲ့ မှာယူရမယ် စားသုံးသူတစ်ယောက်က ဟင်းပွဲတစ်ပွဲကိ်ု တစ်ကြိမ်ပဲမှာယူခွင့်ရှိတယ်… ဟင်းပွဲတွေကို အပြင်ကို ယူဆောင်သွားခွင့်မရှိဘူး… ဒီစည်းကမ်းချက်တွေကိ်ု လိုက်နာခြင်းမရှိတဲ့သူတွေကို နာမည်ပျက်စာရင်းထဲထည့်ပြီး အဲဒီလူတွေကို ဘယ်တော့မှ ရောင်းချမှာမဟုတ်တော့ဘူး…” ပုဖန်က ခပ်ရှင်းရှင်းပင်ပြောဆိုလိုက်သည်။ သူ၏အသံက မကျယ်သော်လည်း ဆူညံနေသော လူအုပ်ကြီးကို ဖုံးလွမ်းသွားသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးက ကြွပ်စီကြွပ်စီနှင့် ပြန်လည်ဆူညံလာကြသည်။ ထိုသူများက စားသောက်ဆိုင်ငယ်လေးကို စုံစမ်းနိုင်ရန် သူတို့၏ သခင်များက စေလွတ်လိုက်ခြင်းဖြစ်သည်။ သူတို့က ပြင်ပတွင် အခြားသူများကိုအနိုင်ကျင့်ရန် သူတို့သခင်များ၏ အရှိန်အဝါကို အသုံးပြုလေ့ ရှိကြသောကြောင့် စားသောက်ဆိုင်ငယ်လေး၏ များပြားလှသော စည်းမျဉ်းစည်းကမ်းများက သူတို့ကို မကျေမနပ်ဖြစ်စေပြီး ဆူညံပွက်လောရိုက်နေပေသည်။

ပုဖန်က ဥထမင်းကြော်ပန်းကန်ကို စုယွမ်ကျင်း၏ ရှေ့တွင် ချပေးလိုက်ပြီး “ဒီမှာ မင်းရဲ့ဥထမင်းကြော် ကောင်းကောင်းသုံးဆောင်ပါ…” ဟုပြောဆိုလိုက်သည်။

စုယွမ်ကျင်းက ထမင်းကြော်၏ ဆွဲဆောင်မှုကြောင့် မျက်လုံးမလွဲနိုင်ပဲ ပုဖန်၏ စကားကို ခေါင်းတစ်ချက်ငြိမ့်၍ လျစ်လျူရှုလိုက်သည်။

“တိတ်တိတ်နေကြ… ဆူဆူညံညံတွေလုပ်မနေကြနဲ့…” ပုဖန်က မျက်မှောင်ကျုံ့၍ ခပ်ကျယ်ကျယ်အော်လိုက်သည်။

“ဘာ… ဘာပြောလိုက်တယ်… ကောင်စုတ်လေး.. မင်းကမင်းရဲ့ကံကောင်းမှုတွေကို ကုန်ဆုံးသွားစေချင်နေတာလား… ငါဒီမှာလာစားတယ် ဆိုတာက မင်းကို မျက်နှာသာပေးလိုက်တာပဲ … ငါကသူဌေးကြီးကျန်းရဲ့အိမ်တော်က အိမ်တော်ထိန်းတစ်ယောက်ပဲ... မင်းအပြစ်ပြုလို့ ရတဲ့သူတစ်ယောက်မဟုတ်ဘူး…” လူလတ်ပိုင်းအရွယ်တစ်ယောက်က ပုဖန်ကိုလက်ညိုးထိုး၍ ဒေါသတကြီး ပြောဆိုလိုက်သည်။

တစ်ခြားသူများကလည်း ပုဖန်ကို လက်ညိုးတစ်ထိုးထိုးဖြင့် ကျိန်ဆဲနေကြပြီး ဆိုင်ငယ်လေးက ပြန်၍ ဆူညံပွက်လောရိုက်သွားပြန်သည်။

ကွမ်းရှောင်ယီက မျက်လုံးလှန်ကြည့်လိုက်ပြီး ပုဖန်၏ တည်ငြိမ်သော မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအယာကို တွေ့မြင်လိုက်သောကြောင့် သူမက တိတ်တဆိတ်ဖြင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုသူများက သူတို့ကိုယ်သူတို့ နန်းတော်ကြီးမှ လာသကဲ့သို့ မောက်မောက်မာမာ ပြုမူနေကြပြီး စိတ်ကြီး၀င်နေကြပေသည်။ “စိတ်ပုတ်သူဌေးရဲ့ဆိုင်ထဲမှာ ဒီလိုအပြုအမူမျိုး လာလုပ်မှတော့….”

အသံအချို့ကို ကြားလိုက်ရပြီးနောက် မီးဖိုချောင်အတွင်းမှ ဝှိုက်တီ၏ မျက်လုံးများက တောက်ပလင်းလက်လာပြီး အပြင်သို့ထွက်လာလေသည်။

“အိုး… မင်းမှာ သံစက်ရုပ်တစ်ခုရှိနေလို့ ငါတို့ကို ဖိနှိပ်လို့ရမယ်လို့ထင်နေတာလား… မင်းရဲ့ယုံကြည်မှုတွေက ဘယ်ကရောက်လာတာလဲ…”

လုစုထဲမှ တစ်ယောက်က ပုဖန်၏ နောက်တွင် ထွက်ပေါ်လာသော စက်ရုပ်ကို မြင်လိုက်ရပြီးနောက် လှောင်ပြောင်၍ ပုတ်ခတ်ပြောဆိုလိုက်သည်။ သူက ထိုကဲ့သို့သော စက်ရုပ်အများအပြားကိုမြင်ဖူးခဲ့ပြီး ထိုစက်ရုပ်များက အမှိုက်တစ်ခုကဲ့သို့သော ခွန်အားသာ၇ှိနေပေသည်။

ပုဖန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူဌေးကျန်း၏ အိမ်တော်ထိန်ကို လက်ညိုးထိုးလိုက်ကာ “ကောင်းပြီလေ… မင်းကိုနာမည်ပျက်စာရင်းထဲထည့်လိုက်ပြီ…”

@@@@@@@@

အခန်း 34   မင်းထပ်ပြီး စျေးမြင့်ပေးနေဦးမယ်ဆိုရင် ငါမင်းကို ရိုက်ရလိမ့်မယ်

“မင်းကငါ့ကို နာမည်ပျက်စာရင်းထဲထည့်မယ်…. မင်းလိုနိမ့်ကျတဲ့စားဖိုမှုးတစ်ယောက်ကလား…” သူဌေးကျန်း၏ အိမ်တော်ထိန်းက ပုဖန်၏ အမူအယာကို ကြည့်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူကမျက်ရည်များထွက်သည်အထိ အတောမသတ်နိုင်ပဲ ရယ်မောနေလိုက်သည်။

အခြားသူများက ပုဖန်ကို ၀င်ရောက်ကူညီခြင်းမရှိပဲ အထင်တသေးမျက်၀န်းများဖြင့် ဝိုင်းကြည့်နေကြသည်။

“ဒီလူငယ်လေးက ရူးနေတာလား… သူဘယ်သူနဲ့စကားပြောနေတာလဲဆိုတာရော သိရဲ့လား ဒါက သူဌေးကျန်းရဲ့အိမ်တော်က အိမ်တော်ထိန်းလေ…”

သူဌေးကျန်းက အင်ပါယာမြို့တော်အတွင်းတွင် ထင်ရှားကျော်ကြားသူဖြစ်ပြီး သူ၏ အိမ်တော်ထိန်ကိုလဲ အများစုက သိရှိကြပေသည်။ လမ်းကြားထဲက စားသောက်ဆိုင် သေးသေးလေးမှ  ချက်ပြုတ်သူတစ်ယောက်က သူဌေးကျန်း၏ အိမ်တော်ထိန်းကို နာမည်ပျက်စာရင်း သွင်းလိုက်မည်ဟု ပြောဆိုလိုက်ခြင်းမှာ သူတို့ကြားဖူးသမျှ စကားလုံးများတွင် အရယ်ရဆုံးပျက်လုံးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။

“ငါ့အတွက်တော့ မင်းရဲ့ စားသောက်ဆိုင်သေးသေးလေးကို ဖြိုချဖျက်စီးလိုက်ဖို့ ဆိုတာလက်ဖျောက်တီးလိုက်ရသလိုပဲ … အရမ်းလွယ်ကူတယ်… ငါက မင်းကိုမျက်နှာသာပေးပြီး ဒီနေရာမှာစားဖို့ရောက်လာတာကို မင်းက ပျော်ပျော်ကြီး ၀န်ဆောင်မှုပေးနေရမှာ… အခုလိုမျိုး ငါ့ရဲ့ရှေ့မှာ မထီမဲ့မြင်လုပ်ဖို့အတွက် မင်းကိုဘယ်သူကများ သတ္တိတွေပေးလိုက်တာလဲ…”  သူဌေးကြီးကျန်း၏ အိမ်တော်ထိန်းက မာန်ချီ၍လက်ကို ပိုက်ကာ နှခေါင်းရှုံ့လိုက်သည်။ ပုဖန်က ထိုသူကို မျက်နှာသေဖြင့် သူရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်နေလေသည်။

“အိမ်တော်ထိန်း … ဒါက ဘယ်လောက်များ ကြီးကျယ်နေလို့လဲ…  ငါက မင်းသားတစ်ပါးကိုတောင်ငြင်းဆန်ခဲ့တာကွ… မင်းပြောကြည့်လိုက်လေ ငါက အိမ်တော်ထိန်းတစ်ယောက်ကို ဂရုစိုက်နေမယ်ထင်လား…”

ပုဖန်က ခွန်းတုန့်ပြန်လိုက်ပြီးနောက်အချိန်ဆိုင်းမနေပဲ ဝှိုက်တီ၏ ကိုယ်ကို လက်ဖြင့်ပုတ်လိုက်သည်။ ကွမ်းရှောင်ယီ၏ မျက်၀န်းလေးများက တစ်လက်လက် တောက်ပနေပြီး ဝှိုက်တီ၏ တိုက်ခိုက်မှုကို ထပ်မံမြင်တွေ့ရမည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားပျော်ရွင်နေလေသည်။

၀ှိုက်တီ၏ မျက်လုံးများက ရုတ်တရက်အနီရောင်တောက်ပလာပြီး…. “ပြသနာကောင် မင်းကို တစ်ခြားသူတွေ သင်ခန်းစာရစေဖို့အတွက် မင်းရဲ့အ၀တ်အစားတွေကိုချွတ်ပြီး အပြင်ကို ပစ်ထုတ်ရလိမ့်မယ်…” … သူဌေးကျန်း၏ အိမ်တော်ထိန်းက ရုတ်တရက်ကြားလိုက်ရသောကြောင့် အံ့အားသင့်သွားပြီး  သူ၏နားကိုလက်ဖြင့် အုပ်ကိုင်လိုက်ကာ…

“ဘာ… မင်းဘာပြောလိုက်တယ်… ဘယ်သူ့ကိုချွတ်ပစ်မယ်…”

၀ှိုက်တီ၏ ခေါင်းက တစ်ဖြည်းဖြည်းလှည့်လာကာ အိမ်တော်ထိန်းကိုစိုက်ကြည့်လိုက်ပြီး သူ၏လက်ကလည်း ထိုသူကို ဖမ်းဆုတ်ကိုင်လိုက်သည်။

ဟမ့်… သူဌေးကျန်း၏ အိမ်တော်ထိန်းက အေးစက်စက် နှခေါင်းရှုံ့လိုက်ပြီး… သူ့လိုတတိယအဆင့်( တိုက်ခိုက်သူ )တစ်ယောက်အနေဖြင့် အနိမ့်ဆုံးအခြေခံစွမ်းရည်ပင် မရှိနိုင်သော အမှိုက်သရိုက်များကို ကြောက်ရွံ့နေလိမ့်မည်မဟုတ်ပေ…

“မင်းရဲ့သံအ၇ိုးတွေကို ချိုးပြီး အပိုင်းအစတွေဖြစ်အောင် ငါဖျက်စီးပြမယ်… ကြည့်နေ…”

အိမ်တော်ထိန်းက သူ၏ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန်စွမ်းရည်များကိုစုစည်းကာကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး ဝှိုက်တီ၏ လက်မောင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အိမ်တော်ထိန်း၏ ပြင်းထန်သောရိုက်ချက်က ဝှိုက်တီ၏လက်မောင်းပေါ်သို့ တိုက်ရိုက်ကျရောက်သွားသော်လည်း ထူးခြားမှုတစ်စုံတစ်ရာမျှ ဖြစ်ပေါ်လာခြင်းမရှိပေ…

“ဘယ်လို… သေစမ်း… ဒါကဘယ်လိုဖြစ်သွားတာလဲ…”

သူကအံ့သြတစ်ကြီးဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများနှင့် အကြည့်ချင်းစုံသွားပြီး ခန္ဒာကိုယ်တစ်ခုလုံးတောင့်တင်းသွားသည်။ ဝှိုက်တီက ယင်ကောင်တစ်ကောင်ကို ရိုက်လိုက်သကဲ့သို့ ရိုက်ချက်တစ်ချက်မျှဖြင့် အိမ်တော်ထိန်းကို မြေပြင်ပေါ်သို့ လဲကျသွားစေလိုက်သည်။

စုစည်းထားသော အစစ်အမှန်စွမ်းအင်များက ဝှိုက်တီ၏ ရိုက်ချက်တစ်ချက်မျှဖြင့် ပြိုကွဲပျက်စီးသွားကြသည်။ ထို့နောက် အ၀တ်စုတ်ဖြဲသံများ ထွက်ပေါ်လာပြီး အိမ်တော်ထိန်း၏ ခန္ဒာကိုယ်ပေါ်တွင် အရှက်လုံရုံမျှ ဖုံးအုပ်ထားသော နံငယ်ပိုင်းလေးတစ်ခုသာ ကျန်ရစ်ခဲ့ပေတော့သည်။

ဆိုင်ငယ်လေးအတွင်းရှိ လူများက မှင်သက်စွာ ကြည့်ရှုနေစဉ်တွင် အိမ်တော်ထိန်း၏ ခန္ဒာကိုယ်က လေထဲတွင် လွင့်ပျံသွားသောကြောင့် သူတို့၏ ခန္ဒာကိုယ်များပင် ထိန်းမရနိုင်အောင်ဖြစ်သွားကြသည်။

ကျောက်ရူကျီက ဆိုင်၀သို့ရောက်လျင်ရောက်ခြင်း ဆိုင်အတွင်းမှ လွင့်ပျံလာသော လူတစ်ယောက်က သူ၏ ခြေထောက်နားသို့ ရောက်၇ှိလာခဲ့သည်။ ထိုဆိုင်သို့ လာသည့်အချိန်တိုင်းတွင် ဆိုင်အတွင်းမှ လွင့်ပျံလာသော လူများနှင့် အမြဲတစ်စေ ကြုံတွေ့နေရသောကြာင့် ဆိုင်အတွင်းရှိအခြေအနေကို ခန့်မှန်းနိုင်လိုက်သည်။

“ငါနောက်တစ်ခါထပ်ပြောမယ်… တန်းစီကြပါ.. ဆူဆူညံညံတွေသိပ်မလုပ်နဲ့ စည်းကမ်းချက်တွေကို လိုက်မနာဘူးးဆိုရင် နာမည်ပျက်စာရင်းထဲ အထည့်ခံရမယ်…”  ပုဖန်က ခပ်ရှင်းရှင်းပြောလိုက်ပြီး ငြိမ်သက်နေသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကာ မီးဖိုချောင်အတွင်း ပြန်လည်၀င်ရောက်သွားလိုက်သည်။

ကွမ်းရှောင်ယီက သူမ၏ လက်သေးသေးလေးကို ကျစ်ကျစ်ပါအောင်ဆုတ်၍ တီးတိုးရေရွတ်လိုက်မိသည်။

“ဝါး… ငါ့ရဲ့စိတ်ပုတ်သူဌေးက တစ်ကယ်ကို အထင်ကြီးစရာကောင်းတာပဲ…”

ကျောက်ရူကျိက  ၀တ်စလစ်ဖြင့် ပစ်ထုတ်ခံခဲ့ရသည်ကို ပြန်တွေးမိသွားကာ ကြောက်ရွံ့တုန်လှုပ်သွားသည်။ ထို့ကြောင့် သူကအလှည့်ကျော်ခြင်းမရှိပဲ တန်းစီနေကြပြီဖြစ်သောလူတန်းကြီး၏ နောက်တွင် ၀င်၍ တန်းစီလိုက်သည်။

လက်ဝဲ၀န်ကြီးကျောက်မိုရှန်က တတိယမင်းသားလုပ်ကြံခံရသည်ကို စုံစမ်းရန်အတွက် သူ၏သားဖြစ်သူ ကျောက်ရူကျိကို စာသောက်ဆိုင်ငယ်လေးထံသို့ စေလွတ်လိုက်ခြင်းဖြစ်သည်။ ကျောက်ရူကျိက အကြောက်အကန် ငြင်းသေးသော်လည်း သူ၏ဖခင်က ပဉ္စမအဆင့် ဝိဉာဉ်စုစည်းဆေးလုံးကို ဆုအဖြစ်ပေးမည်ဟု ပြောလိုက်သောအခါမှ အရှက်မဲ့စွာ လက်ခံလိုက်လေသည်။

ရှုရှီက ဝှိုက်တီကို အလေးအနက်စိုက်ကြည့်နေလေသည်။ သူက ဘုရင်အဆင့်တစ်ယောက်ဖြစ်သော်လည်း  ဖိအားအနည်းငယ်ကိုခံစားနေရဆဲပင်ဖြစ်သည်။

“ဒီစက်ရုပ်က သိပ်မရိုးရှင်းဘူးပဲ…”

တရားသူကြီးချုပ် စုယွမ်ကျင်းက ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ..”ဒီစားသောက်ဆိုင်လေးရဲ့ လျို့ဝှက်ထားတဲ့ ကျွမ်းကျင်သူက ဒီစက်ရုပ်ပဲဖြစ်ရမယ်…”

သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်၍ ပြုံးလိုက်ပြီးနောက် ခေါင်းကိုငုံ့ကာ သူတို့၏ အစားအသောက်များကို  ပြန်လည်စားသောက်နေလိုက်ကြသည်။ ဝှိုက်တီထွက်ပေါ်လာပြီးနောက် အိမ်တော်ကြီးများရှိ အစေခံများက ငြိမ်သက်ကျိုးနွံသွားကြပြီဖြစ်သည်။ သူဌေးကျန်း၏ အိမ်တော်ထိန်းက သူတို့အကြားတွင် သန်မာသူတစ်ယောက်ဖြစ်သော်လည်း ဝှိုက်တီက အလွယ်တကူ အကျီင်္ချွတ်ခြင်းကို ခံလိုက်ရပေသည်။

သူတို့က အနှောက်အယှက်ပြုလုပ်ရန် ကြိုးစားခဲ့မည်ဆိုလျှင် သူဌေးကျန်း၏ အိမ်တော်ထိန်းကဲ့သို့ အ၀တ်ဗလာဖြင့် အိမ်သို့ ပြန်ရနိုင်ပေသည်။ ထို့ကြောင့် သူတို့က ကျိုးကျိုးနွံံနွံနှင့်သာ နေလိုက်ကြသည်။ ကွမ်းရှောင်ယီက ထိုသူများကို အထင်သေးစွား ကြည့်လိုက်ပြီးနောက် ထိုသူများမှာယူသည့်ဟင်းပွဲများကို မှတ်၍ ပုဖန်ထံသို့ သွားရောပြောကြားလိုက်သည်။

ရှုရှီနှင့် စုယွမ်ကျင်းတို့နှစ်ယောက်လုံးက ဟင်းပွဲများကို စားသောက်လိုက်ပြီးနောက် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကြသည်။ ယခုအခါ ဟင်းပွဲများ စျေးကြီးရသည့် အကြောင်းအရင်းကို သိရှိသွားကြပြီဖြစ်သည်။ ဟင်းပွဲများ၏ အရသာက အင်ပါယာနန်းတော်မှ စားဖိုမှုး၏လက်ရာထက်ပင် ပိုမိုကောင်းမွန်နေပြီး ဟင်းပွဲများကိုစားသုံးပြီးနောက် နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခုက သူတို့၏ ခန္ဒာကိုယ်အတွင်းလှည့်ပတ်နေပြီး စွမ်းအင်တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ ထိုအရာက ထူးခြားသော အကြောင်းပြချက်တစ်ခုဖြစ်နိုင်ပေသည်။

သူတို့နှစ်ယောက် စားသောက်ဆိုင်မှ ထွက်ခွာလိုက်သည်နှင့် လူတန်း၏ ရှေ့ဆုံးတွင် တန်းဆီနေသူများက သူတို့နေရာတွင် အလျင်အမြန် ၀င်ထိုင်လိုက်ကြသည်။ ပုဖန်၏ ဟင်းချက်နှုန်းက အလွန်မြန်ဆန်သောကြောင့် သူတို့က အချိန်များစွာစောင့်ဆိုင်းရန် မလိုပေ။ ပုဖန်၏ ဟင်းပွဲများကို စားသုံးဖူးပြီးသည်နှင့် ဟင်းပွဲ၏ အရသာအောက်တွင် နစ်မျောကျရှုံးသွား၇မည်ဖြစ်သည်။

ကျောက်ရူကျိက ဆိုင်ငယ်လေးအတွင်းတွင် ပျံ့လွင့်နေသော မွှေးရနံ့များကို ရှုရှုက်လိုက်ပြီး စာသုံးပြီး၍ ထွက်သွားသော စားသောက်သူများကိုကြည့်၍ သူ၏ စာသောက်ချင်စိတ်က ပို၍ မြင့်တက်လာလေသည်။

သူက စားသောက်ဆိုင်ငယ်လေးထံ တတိယအကြိမ်ရောက်ရှိလာခြင်းဖြစ်သော်လည်း အရသာကိုပင် မြည်းစမ်းခဲ့ရဖူးချင်း မရှိပေ။ယခုအကြိမ်တွင် ကောင်းမွန်သော အရသာကို မြည်းစမ်းနိုင်ရန် မျော်လင့်နေပေသည်။ ထိုအချိန်တွင် စားသုံးသူတစ်ယောက်က ထွက်ခွာသွားသောကြောင့် ကျောက်ရူကျိ၏ မျက်နှာက ရွင်လန်း၀မ်းမြောက်သွားပြီး ကွမ်းရှောင်ယီ၏ အရှေ့သို့ ကြွကြွရွရွလျောက်သွားလိုက်သည်။

“အိုး… ဒါက သခင်လေးကျောက်မဟုတ်လား…” ကွမ်းရှောင်ယီက နှုတ်ဆက်စကားပြောလိုက်သော်လည်း မျက်နှာက စူပုတ်နေပေသည်။ထိုအမူအယာက ကျောက်ရူကျိကို သူမ ကောင်းကောင်းသိကြောင်း ထင်ရှားနေပေသည်။

“ ကွမ်းမိသားစုရဲ့ မင်းသမီးလေးက ဒီလိုနိမ့်ကျတဲ့နေရာမျိုးမှာစားပွဲထိုးလာလုပ်နေတာလား … ဒါကမင်းရဲ့အရည်ချင်းတွေကို ဖြုန်းတီးလိုက်တာပဲ.. နှမျောစရာကောင်းလိုက်တာ… ကျွတ်ကျွတ်ကျွတ်..  ငါ့ကို ငါးမူးပျံဟင်းတစ်ပွဲပေး…”

ကျောက်ရူကျိက မီနူးကို တစ်ချက်ကြည့်လိုက်ပြီး မှာယူလိုက်သည်။ သူက စျေးအကြီးဆုံးဟင်းပွဲကိုသာ စားသောက်မည်ဖြစ်သည်။

“ ငါ့ဟာငါ ဘာပဲလုပ်လုပ် နင့်အလုပ်မဟုတ်ဘူး…” ကွမ်းရှောင်ယီက နှခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။

ထို့နောက် သူမက မှာထားသည်များကိုပြောရန်အတွက် ပုဖန်ရှိနေသော မီးဖိုချောင်ရှိရာသို့ လျောက်သွားလိုက်သည်။ သို့သော်လည်း သူမ မီးဖိုချောင်သို့ မရောက်ခင်ပင် ပုဖန်က မီးဖိုချောင်အတွင်းမှထွက်လာပြီး …

“ဒီနေ့စားသောက်ဆိုင်ပိတ်ချိန်ရောက်ပီဖြစ်လို့ မစားရသေးတဲ့သူတွေက မနက်ဖြန်ဆိုင်ဖွင့်ချိန်ပြန်လာလိုက်ကြပါ….” ပုဖန်က ရိုးရိုးရှင်းရှင်းပင်ပြောဆိုလိုက်သည်။

ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ တန်းစီနေကြသော လူရှစ်ယောက်ခန့်က မကျေမနပ်ဖြင့် ဆူပူကြတော့သည်။

“ငါတို့စောင့်နေတာ တော်တော်ကြာနေပြီလေ… အခုချိန်ကျမှ မင်းက ဟင်းမချက်တော့ဘူး ဆိုင်ပိတ်ပြီလို့ ပြောလိုက်လို့ရလား…”

“ပိုင်ရှင်ပု မင်းငါ့တို့ကို ဒီလိုလုပ်တာတော့ မကောင်းပါဘူး… အခုချိန်ကလဲ အစောကြီးရှိသေးတယ် ဆိုင်ပိတ်ချိန်မဟုတ်သေးဘူး.. အစောကြီးရှိသေးတယ်… ငါတို့မင်းရဲ့ဟင်းပွဲတွေကို မြည်းကြည့်ချင်သေးတယ်… ဆက်ပြီးတော့ ချက်ပြုတ်ပေးပါဦး…”

ပုဖန်က တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံနေကြသော လူစုကို မျက်နှာမသာမယာနှင့် တစ်ချက်ကြည့်လိုက်ပြီး … “ငါနောက်တစ်ခေါက်ထပ်ပြောမယ်… ဒီနေ့တော့ဆိုင်ပိတ်ပြီ… မင်းတို့စားချင်တယ်ဆို နောက်နေ့မှ လာခဲ့ကြ….အိုး ပီးတော့ ပြောရဦးမယ် .. မင်းတို့ ဆူဆူညံညံတွေ ထပ်မလုပ်နဲ့တော့….” ပုဖန်က မျက်နှာသေဖြင့် အေးစက်စက် ပြောလိုက်သည်။

သူ၏နောက်တွင် မျက်လုံးများအနီရောင်တောက်ပနေသော ဝှိုက်တီက ရောက်ရှိလာပြီး ဆူဆူညံညံပြုလုပ်နေသော လူအုပ်ကြီးကို စိုက်ကြည့်နေလေသည်။ ချက်ချင်းပင် ဆူညံနေသောလူအုပ်ကြီးက အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

၀ှိုက်တီက စိုက်ကြည့်နေသောကြောင့် သူတို့က တံတွေးကိုပင် ခက်ခက်ခဲခဲမျိုချနေရသည်။ သူတို့၏ ခေါင်းထဲတွင် သူ့တို့၏ အရှင်သခင်ကို ပြန်လည်တင်ပြနိုင်ရန် စကားလုံးများကို ရွေးချယ်၍ ထွက်သွားရန်ပင် ဆုံးဖြတ်လိုက်ကြသည်။

ကျောက်ရူကျိက သူ၏ရင်ဘက်ကို မြားအစင်းပေါင်းမြောက်များစွား ထိမှန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

“သေစမ်း… ဒီဆိုင်ပိတ်ချိန်ဆိုတာကြီးက ရောက်ပီတဲ့လား… မင်းအရမ်းအချိန်မတိကျလို့မရဘူးလား ပိုင်ရှင်ပု ငါမင်းကို ငါးဆပေးပါ့မယ် ငါအော်ဒါမှာပါရစေ…” ကျောက်ရူကျိက ပုဖန်ကို ဆွဲဆောင်ပြောဆိုလိုက်သည်။

“မရဘူး… ငါပင်ပန်းနေပြီး … မင်းအရင်ကလဲ ဒီလိုမျိုးလုပ်ဖို့ ကြိုးစားပြီးပြီမဟုတ်လား…” ပုဖန်က ခပ်တည်တည်ပဲ ပြန်ပြောလိုက်သည်။

“ပိုင်ရှင်ပု စည်းမျဉ်းစည်းကမ်းဆိုတာ လူတွေက သတ်မှတ်တာပါ… ငါ .. ဆယ်ဆ ဆယ်ဆပေးပါ့မယ်… ဒီနေ့တော့မင်းရဲ့ဟင်းပွဲကို စားကို စားရမှ ဖြစ်မှာမို့ပါ…”  ကျောက်ရူကျိက ပုဖန်ကို အံ့သြတစ်ကြီး ကြည့်နေပြီး အံကျိတ်၍ ပြောလိုက်သည်.။

“မရဘူး… ငါလက်မခံဘူး…” ပုဖန်က ကျောက်ရူကျိကို ငြင်းလိုက်ရသောကြောင့် သူ၏နှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

“မင်းရဲ့စျေးကို ထပ်မမြင့်နဲ့တော့ ထပ်မြင့်နေမယ်ဆိုရင်  ငါမင်းကို ရိုက်ရလိမ့်မယ်…”

ကျောက်ရူကျိက အလွန်အမင်းစိတ်ဓါတ်ကျသွားပြီး သွေးအန်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။ သူက ပုဖန်ကို ဒေါသတစ်ကြီး အော်ဟစ်ကြိမ်းမောင်း၍ စားသောက်ဆိုင်အတွင်းမှ ထွက်ခွာသွားလေသည်။

ကွမ်းရှောင်ယီ၏ မျက်နှာက ကျေနပ်မှုနှင့် တောက်ပနေလေသည်။ သူမက ပုဖန်ကို လောဘကြီးသူ အကျင့်ပျက်သူအဖြစ် အမြဲလိုလို မြင်နေခဲ့ခြင်းဖြစ်သည်။ ထိုမျှအထိစည်းကမ်းလိုက်နာလိမ့်မည်ဟု တွေးထင်ခဲ့ခြင်းမရှိပေ။

“ စိတ်ပုတ်သူဌေး မင်းဒီလိုလူတစ်ယောက်ကို မျက်နှာမထောက်ပဲငြင်းလိုက်တာ အရမ်းကိုကောင်းမွန်တာပဲ” ကွမ်းရှောင်ယီက လက်မထောင်ပြလိုက်ပြီး ပုဖန်ကို ချီးကြူးပြောဆိုလိုက်သည်။

“ဟားဟားဟား…” ပုဖန်က စိတလိုလက်ရဖြင့် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်လေသည်။

နောက်ရက်များတွင် ပုဖန်၏ ဆိုင်ငယ်လေးအတွင်း အမြဲလိုလို လူစည်ကားနေပြီး စားသုံးသူအသစ်များက နေ့စဉ် တိုးပွားလာကြသည်။ ရှုရှီနှင့် စုယွမ်ကျင်းတို့က လည်း နေ့စဉ်လာရောက်စားသောက်ကြပြီး ပုဖန်ချက်ပြုတ်ထားသော ကောင်းမွန်သည့် အရသာတွင် ရုန်းမထွက်နိုင်ပဲ နစ်မြုတ်နေလေသည်။

ရှောင်မောင်နှမနှင့် တတိယမင်းသားဂျိချန်းရွဲ့တို့က ထိုရက်များတွင် ရောက်ရှိလာခြင်းမရှိပေ။ ပုဖန်က အနည်းငယ်အံ့အားသင့်နေသော်လည်း အာရုံထားမိခြင်းမရှိပေ။ တတိယမြောက်နေ့တွင် ထိုသူသုံးယောက်က ရောက်ရှိလာခဲ့သည်။ ထိုနေ့က အင်ပါယာမြို့တော်အတွက် အရေးကြီးသော နေ့ရက်တစ်ရက်ဖြစ်ပေသည်။

အင်ပါယာမြို့တော်နယ်နမိတ်အပြင်ဘက်ရှိ ထကြွပုန်ကန်သူများကိုနှိမ်နင်းခဲ့ပြီး အင်ပါယာ၏ နံပါတ်တစ်ပညာရှင် စစ်သေနာပတိချုပ်ရှောင်မိန်က အောင်ပွဲနှင့်အတူပြန်လာခဲ့ပြီဖြစ်သည်။ သူက ပုန်ကန်သူများနှင့် အနက်ရောက်နန်းတော်မှ ခေါင်းဆောင်ခြောက်ဦးကို ဖမ်းဆီူလာနိုင်ပြီး ထိုသူများကို သုံ့ပန်းအဖြစ် အင်ပါယာမြို့တော်သို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။ ထို့ကြောင့် အင်ပါယာမြို့တော်ရှိဂိတ်တံခါးများကို ကျယ်၀န်းစွာ ဖွင့်လှစ်ထားလေသည်။

@@@@@@@@

အခန်း35 အေးခဲကျောက်စိမ်းနှလုံးသားဝိုင်အိုးကိုဖွင့်ပြီ

အင်ပါယာမြို့တော်အတွင်းရှိ အဓိကလမ်းမကြီးပေါ်တွင် သံချပ်ကာ၀တ်ထားသော စစ်သည်များက လမ်းတစ်ဖက်တစ်ချက်တွင် ရှိနေသော လူအုပ်ကြီးကို ရှင်းလင်းနေရပေသည်။ လူအုပ်ကြီးက စုပြုံနေပြီး ဆူညံပွက်လောရိုက်နေသောကြောင့် တိုက်ပွဲဖြစ်နေသည်ဟုပင် ထင်မှတ်နိုင်သေည်။ လူအုပ်ကြီးက စိတ်၀င်စားမှု ၊ မျော်လင့်ချက်အပြည့်တို့ဖြင့် ဂိတ်တံခါးဆီသို့ အာရုံစူးစိုက်ကြည်ရှုနေကြပေသည်။

ဆောင်းဦးရာသီဖြစ်သည့်အလျောက် တိုက်ခတ်နေသော လေများက အေးစိမ့်နေပြီး အင်ပါယာမြို့တော်အတွင်းကြွေကျနေသော သစ်ရွက်များက လေနှင့်အတူလွှင့်ပါနေကြသည်။ ထိုအချိန်တွင် မြို့တော်အတွင်းသို့ ပထမဦးဆုံးစစ်သည်တော်အုပ်စုက ၀င်ရောက်လာလေသည်။ ရာချီသော စစ်သည်တော်အုပ်စုကြီးက သွေးရောင်အလံများကို ကိုင်ဆောင်ထားပြီး ၀င်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဆူညံနေသောလုအုပ်ကြီးကလဲံ မီးကိုရေနှင့် ငြိမ်းသက်လိုက်သကဲ့သို့ ငြိမ်သက်သွားလေတော့သည်။

သံချပ်ကာ၀တ် စစ်သည်များက ငြ်ိမ်သက်စွာ ချီတက်လာသော်လည်း သူတို့၏လှုပ်ရှားမှုကြောင့် ထွက်ပေါ်လာသော အသံလှိုင်းများက အင်ပါယာမြို့တော်ကို အတော်အသင့်လှုပ်ခတ်သွားစေသည်။ ထိုတပ်ဖွဲ့ကို အနီရောင်မြင်းစီးထားသည့် လူလတ်ပိုင်းအရွယ်လူကြီးက ဦးဆောင်ထားလေသည်။ ထိုသူ၏ အပြင်အဆင်က ခန့်ညားလှပြီး သူ၏အကြည့်က ဓါးတစ်ချောင်းကဲ့သို့ စူးရှထက်မြက်နေပေသည်။ မျက်နှာချင်းဆိုင်ကြည့်မိသူတိုင်းကိုကြောက်ရွံ့တုန်လှုပ်စေနိုင်သည်။

ထိုသူက လေအလင်းအင်ပါယာ၏ နာပါတ်တစ်ပညာရှင် စစ်သေနာပတိချုပ်ရှောင်မန်ပင်ဖြစ်သည်။ တပ်ဖွဲ့အတွင်းတွင် ကျဉ်းမြောင်းရှည်လျားသော သံမဏိစစ်ရထား ခြောက်စီးပါလာခဲ့ပြီး ထိုထဲတွင် လက်ရဖမ်းဆီးလာသော ပုန်ကန်သူခေါင်းဆောင်များနှင့် အနက်ရောင်နန်းတော်မှ ခေါင်းဆောင်အချို့ပါရှိသည်။

စစ်ရထားများ၏ အပြင်ဘက်တွင် သွေးများဖြင့် ပေကျံနေပြီး လေထုထဲသို့သွေးနံ့များက ပျံ့နှံ့နေသောကြောင့် စိတ်မသက်မသာဖြစ်မှုကိုပင် ခံစားနေရစေသည်။ စစ်ရထားများအတွင်းတွင် ဖမ်းဆီးခံထားရသော သုံ့ပန်းများက ခေါင်းကို ငုံ့ထားကြသော်လည်း မြင်လိုက်ရမည်နှင့် မည်သူမည်ဝါမှန်း အတပ်သိနိုင်ပေသည်။ ထိုသူများက သက်ဆိုင်ရာ ခေါင်းဆောင်များဖြစ်ကြပြီး တစ်ဦးချင်းစီက ဆဌမအဆင့် ( အင်ပါယာအဆင့် )သို့ရောက်ရှိနေကြပေသည်။

ထိုသူများက သက်ဆိုင်ရာ ဂိုဏ်းဂဏများတွင် ခေါင်းဆောင်များဖြစ်ကြပြီး အလွန်သန်မာကြသော်လည်း ယခုအခါ စစ်သေနာပတိချုပ်ရှောင်မန်၏ အကျဉ်းသားများအဖြစ် အင်ပါယာမြို့တော်အတွင်း ရောက်ရှိနေကြပြီဖြစ်သည်။

စစ်ရထားနှင့် လမ်းမထိခိုက်ရာမှ ထွက်လာသော အသံများကအလွန်ဆူညံနေပြီး တခဏမျှတိတ်ဆိတ်သွားကြသော လူအုပ်ကြီးကလည်း သီချင်းများကို ကျယ်လောင်စွာ အော်ဟစ်သီဆိုနေကြပြီး အောင်ပွဲနှင် ပြန်ရောက်လာသော စစ်သားများကို ၀မ်းမြောက်၀မ်းသာ ကြိုဆိုနေကြပေသည်။

လုအုပ်ကြီးက သူတို့ကိုယ်တိုင်အနိုင်တိုက်ခိုက်လာသကဲ့သို့ ဂုဏ်ယူနေကြသော်လည်း စစ်သည်များက တည်ငြိမ်စွာဖြင့် နန်းတော်ဆီသို့ ချီတက်နေကြဆဲပင်ဖြစ်သည်။ ခံ့ညားထည်ဝါလှသော အဆောက်အဦးရှိရာ နန်းတော်ရှေ့ရင်ပြင်တွင် နန်းစောင့်တပ်သားများက တန်းစီနေကြပြီး သံပြိုင်အော်ဟစ်လိုက်ကြသည်။

“စစ်သေနာပတိချုပ်ရှောင် အောင်ပွဲတွေနဲ့အတူ ပြန်ရောက်လာတာကို ၀မ်းမြောက်၀မ်းသာ ကြိုဆိုပါတယ်…….”

နန်းတော်ရင်ပြင်ရှေ့ရှိ စင်မြင့်ပေါ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ယောက်က နဂါး၀တ်ရုံကို ၀တ်ဆင်ထားပြီး ၀င်ရောက်လာသော စစ်သည်တော်များကို ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ကြည့်၍ သူ၏မျက်နှာပေါ်တွင် ကျေနပ်ပြုံးတစ်ခုက တွဲခိုနေပေသည်။ ထိုသက်ကြီးပိုင်းအမျိုးသားနှင့် မနီးမဝေးတွင် အိမ်ရှေ့စံမင်းသားက ၀တ်စုံပြည့် ၀တ်ဆင်ထားပြီး တည်ငြိမ်စွာဖြင့် မတ်တပ်ရပ်နေသည်။ သူ၏ ညာဘက်တွင် ဘုရင်ယု ဒုတိယမင်းသား ဂျိချန်းယုနှင့် တတိယမင်းသား ဂျိချန်းရွဲ့တ်ိုက အစဉ်အတိုင်း ရပ်နေကြသည်။

စစ်သေနာပတိချုပ်ရှောင်မန်က သူ၏ သံခမောက်ကို ချွတ်လိုက်ပြီး စင်မြင့်ပေါ်သို့ တစ်လှမ်းခြင်း လှမ်းတက်လိုက်ကာ ဧကရာဇ်ရှေ့မှောက်၌ ဒူးတစ်ဖက်ထောက်၍ လက်သီးဆုတ် အရိုအသေပေးလိုက်သည်။

“ကြီးကျယ်မြင့်မြတ်သော အင်ပါယာမင်းမြတ် အရှင့်ရဲ့ကျွန်က အမိန့်တော်အတိုင်း နတ်ဆိုးနန်းတော်က လူပေါင်းတစ်သောင်းကျော်ကို သုတ်သင်ခဲ့ပြီး တတိယတန်း (တိုက်ခိုက်သူ) အဆင့် တစ်ရာကျော်ကိုလည်း ဖယ်ရှားသုတ်သင်ခဲ့ပါတယ်… ပြီးတော့ သူတို့ခေါင်းဆောင်ခြောက်ယောက်ကို ဖမ်းဆီးနိုင်ပြီး အရှင့်ရဲ့ဘုန်းတော်ကြောင့် အောင်ပွဲတွေနဲ့ ုပြန်လာနိုင်ခဲ့ပါပြီ….”

“ကောင်းတယ် ကောင်းတယ်… အရမ်းကိုကောင်းမွန်တယ်….. သူရဲကောင်း… သင်က လေအလင်းအင်ပါယာရဲ့ နံပါတ်တစ် ကျွမ်းကျင်သူ ပီသပါပေတယ်… သင်ရှိနေသရွေ့ အင်ပါယာနန်းတော်ကို ဘယ်သူကမှ ထိခိုင်အောင်လုပ်ဝံ့မှာ မဟုတ်တော့ဘူး…” ဧကရာဇ် ဂျိချန်းဖန်က ရီရီမောမောနှင့် ချီးမွမ်းပြောဆိုလိုက်သည်။ ထိုနောက် လူတိုင်းလိုလိုက လိုအပ်သည်များကို အလျှင်အမြန်လုပ်ဆောင်လိုက်ကြပြး ကြိုဆိုခြင်းအခန်းအနားကို အဆုံးသတ်လိုက်ကြသည်။

“အခုကြိုဆိုပွဲပြီးပြီဆိုတော့ ပျော်ပွဲရွင်ပွဲကျင်းပမယ့် နန်းဆောင်ရင်ပြင်ကိုသွားရမယ့်အချိန်ကျရောက်နေပါပြီ…” ကုန်းကုန်းတစ်ယောက်၏ အော်ဟစ်ကြေညာသံက စူးရှကျယ်လောင်စွာဖြင့် နန်းတော်တစ်ခုလုံးကို ဖုံးလွမ်းသွားလေသည်။

ပုဖန်က ငိုက်မြည်းနေသော သူ၏မျက်လုံးများကို ကြိုးစားပမ်းစားဖွင့်လိုက်ရသည်။ ဘယ်နေရာကမှန်းမသိ ပေါ်ထွက်လာသောစူးရှသည့် အသံကြောင့် သူက အိပ်ယာမှ စောစီးစွာ နိုးနေခဲ့ခြင်းဖြစ်သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် နေ့စဉ်လုပ်နေကြအတိုင်း လေ့ကျင့်ချက်ပြုတ်ရန် မိးဖိုချောင်အတွင်းသို့ ၀င်ရောက်သွားလိုက်သည်။

ဟင်းပွဲများကို လေ့ကျင့်ချက်ပြုတ်ပြီးနောက် အပေါက်၀တွင် ထိုင်စောင့်နေပြီဖြစ်သည့် ခွေးနက်ကြီးကို အစာကြွေးလိုက်သည်။ မတ်တပ်ရပ်၍ အစားအစာများကို အလောတကြီး စားသောက်နေသော ဘလက်ကီကိုကြည့်၍ ထူးဆန်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

“ငါက ဒီခွေးကို ဘုရင်တစ်ပါးလိုမျိုး ပြုစုစောင့်ရှောက်နေရတာလား….”

လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားပြီးနောက် ပုဖန်က တစ်ချက်သမ်းဝေလိုက်ကာ ခုံတစ်ခုံကိုဆွဲယူ၍ ထိုင်ချလိုက်ပြီး စားသုံးသူများရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။ သို့သော် နာရီအနည်းငယ်ကြာသည်အထိ စားသုံးသူတစ်ယောက်မျှရောက်လာခြင်းမရှိသောကြောင့် သူကအနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“အန်… လွန်ခဲ့တဲ့ နှစ်ရက်က ကျိတ်ကျိတ်တိုးနေတဲ့ စားသုံးသူတွေက အခုဘယ်ကိုရောက်သွားကြတာလဲ…..”

“ဒီနေ့တော့ ထူးဆန်းတာ တစ်ခုခုဖြစ်နေပြီနဲ့တူတယ်… ဘာလို့များဒီအချိန်ထိတောင် စားသုံးသူတစ်ယောက်မှရောက်မလာကြသေးတာလဲ … ခါတိုင်းနေ့တွေဆိုရင် ဒီအချိန်မှာ ဖက်တီးဂျင်တို့အဖွဲ့က စားသောက်ပြီး ငွေတောင်ချေနေကြပြီ…”

“ပြီးတော့ ကလေးမလေးလဲ အခုထက်ထိ အလုပ်မလာသေးပါလား… မနေ့ကညနေက ညစာစားပြီးထဲက ပျောက်သွားလိုက်တာ တစ်ခုခုများဖြစ်နေလို့လား…” ပုဖန်က အချိန်ခဏမျှမတ်တပ်ရပ်နေပြီး မီးဖိုချောင်ဘက်သို့ ပြန်လှည့်သွားလိုက်သည်။ ထိုအချိန်တွင် သူက ကလေးမလေးခွင့်တိုင်ခဲ့သည်ကို သတိရသွားလိုက်သည်။

“အော် … မနေ့က ရှောင်…. ဘာဖြစ်တယ်ဆိုလား… လူတစ်ယောက်က ဒီနေ့ အင်ပါယာမြို့တော်ကို ပြန်ရောက်မှာမို့ ခွင့်တိုင်သွားတာပဲ…”

သို့သော် စားသုံးသူများ ရောက်ရှိလာခြင်းမရှိသည်ကို သူက တွေးမရနိုင်အောင်ပင် ဖြစ်နေပေသည်။

သူ၏ ဆိုင်တွင် စားသောက်နေကြသော စားသုံးသူများက အဆင့်အတန်းမြင့်မားသူများ ဖြစ်သည့်အလျောက် စစ်သေနာပတိချုပ်ရှောင်မန်ကို ဂုဏ်ပြုကြိုဆိုရန် ဧကရာဇ်က ဖိတ်ခေါ်ထားသောကြောင့် ကြိုဆိုပွဲအခမ်းအနားသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ ဖက်တီးဂျင်နှင့် လူစုများကလည်း လူကုံထံမိသားစုဖြစ်သောကြောင့် ကြိုဆိုပွဲအခမ်းအနားသို့ ရောက်ရှိနေကြပေသည်။ ထို့ကြောင့် သူ၏ဆိုင်သို့ ရောက်မလာကြသည်မှာ သဘာ၀ကျပေသည်။

ပုဖန်က သဘာ၀နှင့် လိုက်လျောညီထွေအောင် ဖန်တီးထားသည့် ဗီဒိုအကြီးစားတစ်ခုမှ သူ၏ခါးတစ်၀က်ခန့် ကြီးမားသော မြေအိုးကိုထုတ်ယူလိုက်ပြီး မီးဖိုချောင်အလည်တွင် ချလိုက်သည်။

“ ဝိုင်ကောင်းကောင်းရဖို့ သုံးရက်ပဲ စောင့်ရမယ်လို့ စနစ်ကပြောထားတယ်… ဒီနေ့ ဝိုင်နှပ်ထားတာ သုံးရက်ပြည့်ပြီဆိုတော့ စမ်းသပ်စစ်ဆေးကြည့်တာပေါ့…”

ပြုလုပ်ထားသော အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ညအခါမှသာ ထုတ်ယူရန် စီစဉ်ထားခဲ့သော်လည်း ဆိုင်အတွင်းတွင် စားသုံးသူတစ်ယောက်မျှမရှိပဲ အားနေသောကြောင့် ထုတ်ယူရန် ဆုံးဖြတ်လိုက်သည်။

စနစ်မှ အဆင်သင့်ပေးထားသော မြေကရားသုံးလုံးကို ဝိုင်ဖြည့်ရန်အတွက် ဝိုင်အိုးကို ဖုံးအုပ်ထားသည့် ပိတ်ပါးကိုလှပ်လိုက်သည်။ ပိတ်ပါးကို လှပ်လိုက်သည်နှင့် ဝိုင်မှ အငွေ့အသက်များနှင့် ရနံ့က ပုဖန်၏မျက်နှာကို ရိုက်ခတ်သွားပြီး မျက်နှာတစ်ခုလုံးကို အနီဖျော့ဖျော့ သမ်းသွားစေသည်။

“ဒီဝိုင်ရဲ့ ရနံ့ က ပြင်းတယ်ဆိုပေမယ့် နှခေါင်းကို မသက်မသာ ဖြစ်စေတဲ့ အနံ့စူးရှတာမျိုး မရှိဘူး.. သူ့ရဲ့အငွေ့အသက်ကလည်း ပြင်းထန်ပေမယ့် မခံမရပ်နိုင်လောက်အောင်မဟုတ်ဘူး…” ပုဖန်က ဝိုင်ကို အကဲခတ်လိုက်ပြီး ကျေနပ်၀မ်းမြောက်နေပေသည်။

ပုဖန်က ပြင်ဆင်ထားသော ကရားငယ်လေးအတွင်းသို့ ဝိုင်ကို ခပ်၍ လောင်းထည့်လိုက်သည်။ ဝိုင်၏ ပင်ကိုယ်အရောင်က ကြည်လင်သန့်ရှင်းနေပြီး အညစ်အကြေးအနည်းငယ်မျှပင် မမြင်ရပေ။ လှုပ်ကြည့်လိုက်သောအခါ ဝါလဲ့လဲ့အရောင်ကို မြင်ရသလို ဖြစ်နေပေသည်။

“ဒါက… နည်းလမ်း ကိုးသွယ်နဲ့ ထုတ်လုပ်ထားတဲ့ ဝိုင်က မျော်လင့်ထားတဲ့အတိုင်း တစ်ကယ်ကို ကောင်းမွန်တာပဲ … ဒီဝိုင်က အေးခဲကျောက်စိမ်းနှလုံးသားဆိုတဲ့ နာမည်နဲ့ တစ်ကယ်ကို လိုက်ဖက်ပေတယ်….”

ပုဖန်က ဝိုင်ကရားကိုသူ၏ နှခေါင်းအနီးကပ်၍ အသက်ပြင်းပြင်း ရှုရှိုက်လိုက်သောအခါ ကြွယ်ဝသော မွှေးရနံ့များက သူ၏ နှခေါင်းအတွင်း တစ်ရှိန်ထိုး တိုး၀င်သွားပြီး မူးယစ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ထို့နောက် သူက အဖြူနှင့် အပြာ ရောစပ်ထားသော ဝိုင်ခွက်အတွင်း ဝိုင်ကို ဂရုတစိုက်ဖြင့် ဖြည်းညင်းစွာလောင်းထည့်လိုက်သည်။ စီးကျလာသော ဝိုင်အရောင်နှင့် ကြွေခွက်နှင့် ထိ၍ ထွက်ပေါ်လာသော အသံက သာယာနာပျော်ဖွယ် ကြည့်ရှုချင်စရာ မြင်ကွင်းတစ်ရပ်ပင် ဖြစ်နေတော့သည်။

သူက စိတ်လှုပ်ရှားစွာဖြင့် ဝိုင်ခွက်ကို မယူလိုက်ကာ မြည်းစမ်းလိုက်သည်။ ဝိုင်က သူ၏ပါးစပ်အတွင်းမှ လည်ချောင်းသို့ ဖြတ်သန်းစီးဆင်းသွားသည်နှင့် အေးစိမ့်မှုက်ိုခံစားလိုက်ရသည်။ တခဏအတွင်းမှာပင် သူ၏အစာအိမ်အတွင်း မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် တခဏအကြာတွင် အေးစိမ့်မှုကို တဖန်ပြန်လည်ခံစားလိုက်ရသည်။ အေးစိမ့်မှုနှင့် မီးတောက်တို့၏ ပူလောင်မှုက တစ်လှည့်စီ ဖြစ်ပေါ်နေပေသည်။

“ဝိုင်ကောင်းကောင်းဆိုတာ ဒါမျိုးကိုပြောတာပဲ …” ပုဖန်၏ နှခမ်းထောင့်စွန်းများက ကျေနပ်မှုကြောင့် တွန့်ကွေးနေပြီး မျက်၀န်းများက တောက်ပနေကြသည်။ ထိုနောက်သူက ရွှင်လန်း၀မ်းမြောက်မှု အပြည့်ဖြင့် ဝိုင်ခွက်ကိုနမ်းလိုက်သည်။

သူက ဝိုင်နှင့် ပတ်သတ်၍ များများစားစား မသိသော်လည်း သူသိခဲ့သည့် ဝိုင်များအားလုံးတွင် အကောင်းဆုံးဖြစ်သည်ဟုခံစားနေရသည်။ အရသာက အလွန်ကောင်းမွန်သော်လည်း နောက်ဆက်တွဲအကျိုးဆက်က သူ့အတွက် အလွန်ပြင်းထန်ပေသည်။ ကိုးသွယ်သော နည်းလမ်းဖြင့် ချက်လုပ်ထားသော ဝိုင်ဖြစ်သည့်အတွက် အရသာက ပြင်းထန်မည်မှာ သဘာ၀ပင်ဖြစ်သည်။

သူက ဆက်သောက်လိ်ုက်ပြီးနောက် ပုဖန်က မြေကရားသုံးခုကို ဝိုင်အပြည့်ဖြည့်၍ အဖုံးဖုံးလိုက်ပြီး အနီရောင်စက္ကူပေါ်တွင် ရေခဲဟုရေး၍ ကပ်ထားလိုက်သည်။ ပုဖန်က ဝိုင်အိုးသုံးခုကို သူသောက်နိုင်ရန် သိမ်းထားလိုက်ပြီးနောက် ကျန်သည့် ဝိုင်အိုးများကို ဗီဒိုအကြီးစားထဲသို့ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် သူက ပျော်ရွင်မြူးထူးစွာဖြင့် စားသောက်ခန်းဘက်ဆီသို့ ပြန်ထွက်လာခဲ့သည်။

မီးဖိုချောင်အတွင်းမှ ထွက်လာသည်နှင့် အနက်ရောင်၀တ်စုံ၀တ်ဆင်ထားပြီး ဝါးဦးထုပ်ဆောင်းထားကာ နောက်ကျောတွင် အနက်ရောက်အ၀တ်စများဖြင့် ပတ်ထားသော ဓါးရှည်တစ်ချောင်းကို လွယ်ထားသည့် လူတစ်ယောက်က ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုသူ့ထံမှ တောင့်တ ငတ်မွတ်နေသော ပြာတာတာအသံတစ်ခုထွက်ပေါ်လာပြီး သူ့ကို လှမ်းမေးလိုက်သည်။

“ဆိုင်ရှင် … မင်းဆိုင်မှာ ဝိုင်ကောင်းကောင်းလေးများ မရနိုင်ဘူးလား….”

Continue Reading

You'll Also Like

82.4K 4.8K 107
သရဲဆရာဝန္ (part _2)
342K 34K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
405K 59.9K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
207K 14K 55
Jeon Jungkook x Kim Taehyung