" မြတ်သော ဘာဖြစ်လို့လဲ။ "
နောက်တစ်ချိန်အတွက် စာအုပ်ကို ထုတ်နေရင်းမှ သောက ညာဘက်ပါးလေးကို ကိုင်ကာ ပြောသည်။
" သွားနာနေတာ။ "
အဝေးသင်စာမေးပွဲမဖြေခင် တက်ရတဲ့နေရာမှာ သောက သူငယ်ချင်းတွေနှင့်အတူ ထိုင်ဖြစ်သည်။မန္တလေးက အဝေးသင် ပထမနှစ်တက်ကတည်းက ခင်တဲ့ သူငယ်ချင်းတွေမို့ အခြားသူငယ်ချင်းအသစ်တွေ မလိုပေ။
" သွားကိုက်ပျောက်ဆေး သောက်မလား။ သွားဝယ်ပေးမယ်။"
နောက်တစ်ချိန်ဝင်မည့် ဆရာမကို စောင့်ရင်းမို့ ငါးမိနစ်လောက်ပဲ အချိန်ရတာကြောင့် သောက ခေါင်းရမ်းပြသည်။ ဆေးသွားဝယ်ပြီး နောက်ကျရင် ဆရာမက ဆူမှာပင်။
" ရပါတယ် ... တအားပူတာဖြစ်ဖြစ်၊ တအားအေးတာဖြစ်ဖြစ် စားရင် ဖြစ်တတ်တယ်။ သုံးနာရီလောက်ကြာရင် သက်သာသွားရော။ စကား တအားလာမပြောနဲ့။ စကားပြန်ဖြေရတာ သွားပိုနာတယ်။ "
သွားနာရင် ပါးတွေပါ ကိုက်လာတတ်တာ ဖြစ်သည်။ မြတ်သူက သူ့ကျောပိုးအိတ်ထဲက အကိုက်အခဲ ပျောက်ဆေးကို ထုတ်ပြီး သောကိုပေးသည်။
" ဒါ အရင်သောက်ထားလိုက်။ ဒီဆေးတွေက ခေါင်းကိုက်ရင် သောက်ရတာပေမယ့် အကိုက်အခဲပျောက်ဆေးမို့ ကျန်တာတွေလည်း နည်းနည်း သက်သာတယ်။ "
" အင်း "
အိမ်မှာဆို ဒေါ်ခင်သန်းနွယ်၊ ဒေါ်မြတ်နန်းနွယ်နှင့် မဟော်တို့က အမြဲဂရုစိုက်ပေးကြတော့ အိမ်က လူတွေနဲ့ နည်းနည်းဝေးတာနဲ့ မဆင်မခြင်တွေစားပြီး သော သွားကိုက်နေပြီ။
" ဒီပန်းချီဆရာ ဆွဲတဲ့ပန်းချီတွေ အရမ်းကြိုက်တာ။ မန္တလေးမှာ ပန်းချီပြခန်း ဖွင့်မယ်ဆိုတော့ ရှယ်ပဲ။ ခဏခဏ သွားကြည့်မယ်။ ပန်းချီဆရာက လူကိုယ်တိုင်လည်း တအားချောတာ။ ငါ့Type။ "
ဆရာမ မလာခင်လေး မြတ်သူ၏ ရည်းစားဖြစ်သူ သော၏ သူငယ်ချင်းလည်းဖြစ်တဲ့ မွန်မွန်ကျော်က ဖုန်းသုံးရင်းမှ Instagramက Postကို ကြည့်ကာ ပြောလာသည်။ သောက ပါးလေးကို လက်တစ်ဖက်က ကိုင်ထားရင်းမှ ကြည့်လိုက်တော့ ထင်သည့် အတိုင်း မဟော်ပင်။
" သူချောတာ နင်က ဘယ်လိုသိလဲ။ "
" Instagramမှာ ပုံတစ်ပုံ တင်ဖူးတယ်။ အဲနေ့မှာပဲ တော်တော်လေး နာမည်ကြီးသွားလို့ မှတ်မိနေတာ။ နောက်တော့ အနုပညာကို လူကြောင့် အားပေးတာမျိုး မလိုချင်လို့ထင်တယ်။ ဖျက်သွားတာ။ အဲဒီပုံ ငါ့ထဲမှာရှိတယ် ပြမယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကပုံ။ "
မွန်မွန်ကျော်က ဘေးက သူ့ရည်းစားမြတ်သူမှ အားမနာဘဲ မဟော်၏ ချောကြောင်းကို ချီးကျူးနေကာ ဖုန်းထဲမှ ရှာပြီး သောကိုပြသည်။ဆံပင် အလယ်ခွဲနဲ့ မဟော်က နက်စွေးနေတာတွေချည်း ဝတ်ထားကာ Long Coatထပ်ဝတ်ထားသည့်ပုံဖြစ်သည်။
" မြင်လား ... နင်ကြိုက်တဲ့ပုံစံမျိုး။ ကြိုက်လား။ "
သောက ပုံကိုသေချာကြည့်ပြီးမှ ပြုံးကာ ပြောလိုက်သည်။
" ကြိုက်တာပေါ့။ ငါ့ရဲ့ ယောကျ်ားပဲဟာ။ "
" ဘာကြီး "
" အင်း ... ငါနဲ့လက်ထပ်ထားတယ်ဆိုတာသူ။ နယ်ဝေးမလို့ နင်တို့ကို အားနာလို့ မဖိတ်ဖြစ်တာ။ "
" မဟုတ်ဘဲနဲ့။ "
မွန်မွန်ကျော်က မယုံသင်္ကာဖြင့် သော၏ မျက်နှာကို သေချာလိုက်ကြည့်နေသည်။မြတ်သူကပါ အသွင်တူစွာ သောကို ကြည့်နေပြန်သည်။ သောက ရုပ်တည်ကြီးနဲ့ နောက်တတ်လို့ မယုံကြပေ။
" တကယ်ပြောတာ ... အပြန်ကျရင်လာကြိုမှာ။ အဲဒီကျမှ ကြည့်။ "
" ဒီလောက်လန်းတဲ့သူက နင့်လို အပေအတေ အရိုင်းအစိုင်းကို ဘယ်ကဘယ်လိုများ ... "
" ဒါတော့ နင်တို့ အမြင်လေ။ သူ့အမြင်ကျတော့ ငါက နုနုဥဥ အဖိုးတန် ရွှေကြုပ်လေးလို ဖြစ်နေတော့ သည်းသည်းကို လှုပ်လို့။ "
သော၏ စကားကို သူငယ်ချင်း နှစ်ယောက်လုံးက အော့အန်ပြကြသည်။ သောက သွားကိုက်နေသည့်ဘက်က ပါးလေးကို ကိုင်ထားရင်းမှ ပြန်ပြောဖို့ပေမယ့် ဆရာမ လာနေပြီမို့ ပါးစပ်ကလေး ပြန်ပိတ်သွားသည်။
........................
တစ်နာရီ နားချိန်ရောက်တော့ သောက အနားမှ ဆိုင်က ချောကလတ်ချောင်းနှင့်အသားညှပ်ပေါင်မုန့်သာ ဝယ်စားလိုက်သည်။ သောက အပြင်ထွက်မစားတော့ သူငယ်ချင်းတွေလည်း သောနှင့်အတူသာ ပုံစံတူ ဝယ်စားဖြစ်သည်။
" အခုလာမယ့်အချိန်က ဒေါ်သန်းသန်းဌေးနော်။ "
မြတ်သူက ပြောလိုက်တော့ သောရော မွန်မွန်ကျော်ပါ စာအုပ်စစ်ကြသည်။ဒေါ်သန်းသန်းဌေးတော့ ကြောက်ကြသည်။
" အေး ... သွားပြီ။ သူ့စာအုပ်ပါမလာဘူး။ နံနက်က စာကြည့်ရင်း အခန်းထဲမှာ မေ့ထားခဲ့တာ။ သူ့ပါးစပ်တော့ ကြောက်တယ်။ ငါ ဒီအချိန်မတက်ဘဲ ပြန်တော့မယ်။ "
သောက ကျောပိုးအိတ်လေး ကောက်လွယ်နေတုန်း မဟော့်ဆီက ဖုန်းလာနေတာမို့ ဖုန်းကိုင်လိုက်သည်။
"အင်း ... ကိုကို ပြော။ ''
' ဘယ်အချိန် အဲဒီကို လာကြိုပေးရမှာလဲ။ ကိုယ်အခု ဦးမြတ်ထွန်းတို့အိမ်ကို ရောက်နေပြီ။ '
သောက တစ်ဖက်သာ လွယ်ရသေးသည့် ကျောပိုးအိတ်ကြိုးလေးကို ပြန်ဖြုတ်လိုက်သည်။
" ကိုကို ... သော ပြောမယ်။ သော အခန်းထဲက အိပ်ယာပေါ် ဒါမှမဟုတ် စာကြည့်စားပွဲပေါ် အဲဒါမှ မဟုတ်သေးရင် အဝတ်ဗီရိုထဲမှာ ထားခဲ့လားမသိဘူး။ Major စာအုပ် ကျန်ခဲ့လို့။ လာပို့ပေးပါ့လား။ ပြီးရင် တခါတည်း သောကိုစောင့်ကြိုသွားလေ။ တစ်ချိန်ပဲ ကျန်တော့တာ။ "
'မြတ်သောဆုပန်တို့က စာမေးပွဲနီးနေတာတောင် စာအုပ်မေ့လို့ ကောင်းတုန်းနော်။ ယူလာခဲ့ပေးမယ်။ '
မဟော်က ဖုန်းချသွားပြီ ဖြစ်သည်။သောက မုန့်စားရင်း မဟော့်ကို ထိုင်စောင့်နေသည်။မဟော် ရောက်နေပြီ ဖြစ်ကြောင်း ဖုန်းဆက်လာမှ အပြင်ထွက်ယူသည်။ စပ်စပ်စုစုနဲ့ မွန်မွန်ကျော်က ကပ်ပါလာသေးသည်။
သောက မဟော့်ကို လက်ပြလိုက်ကာ လမ်းတစ်ဖက်ကို ကူးလာတော့ မဟော်က စာအုပ်ကို ကိုင်ထားရင်းမှ ရပ်စောင့်နေသည်။ လမ်းပြောင်းပြန် ကားမောင်းလို့ မရတာမို့ ဒီဘက်ကသာ စောင့်နေရသည်။
" ဝီရိယအကျိုး စောစောနိုး၊သူခိုး တုတ်နဲ့ပစ်ကတော့လာပါပြီ။ လေးချိန်ပဲ ပါတဲ့အတန်းချိန်တောင် တစ်ချိန်စာ စာအုပ်က ကျန်ခဲ့သေးတယ်။ သန့်စင်ခန်းထဲက ဘေစင်ပေါ်က တွေ့လာတာ ရော့။ "
မဟော်က ပြောလိုက်တော့ သော၏ ပြုံးနေတဲ့ မျက်နှာလေးက တည်သွားသည်။ ပြီးနောက် ဘောက်ဆတ်ဆတ်နဲ့ မဟော့်လက်ထဲက စာအုပ်ကိုဆွဲယူသည်။
" သည်းသည်းလှုပ်နော် အဟီး။ "
မွန်မွန်ကျော်က သောကြားရုံသာ ပြောပြီး စ, လိုက်တော့ သောက မဟော့်ကို ကြည့်ပြီး ဟွန့်ခနဲ မဲ့သွားသည်။
"ကျားကြောက်လို့ ဆင်ကြီးကိုး၊ဆင်ကြီး ကျားထက်ဆိုး ဖြစ်နေတာ။ဒေါ်သန်းသန်းဌေးရဲ့ သားလို့ ပြောရင် ယုံတယ်။ သူကပိုဆူနေတာ။ "
မဟော်က သောကိုကြည့်ကာ နှုတ်ခမ်းလှုပ်ရုံသာ ပြုံးလိုက်သည်။
" အတန်းနောက်ကျနေမယ် သွားတော့။ ဒီနားကပဲ စောင့်နေမယ်။ "
" ပြီးရော ... ဒေါ်သန်းသန်းဌေး Male Version "
မဟော်က မွန်မွန်ကျော့်ကို သော၏ သူငယ်ချင်းမို့ လူမှုရေးအရ ပြုံးပြလိုက်သည်။ မွန်မွန်ကျော်က မဟော့်ကို လှည့်တကြည့်ကြည့်ဖြင့် ပြုံးနေရင်း အပြင်မှာ ဘယ်လိုတောင် ပိုချောကြောင်း၊ အရပ်ကြီးက မိုက်ကြောင်း စသဖြင့် သောကို ပြောပြချီးကျူးနေသည်။
.................................
" တစ်ခုခု စားချင်သေးလား။ "
သောက ခေါင်းရမ်းပြသည်။ သွားနာနေတာမို့ တကယ်လည်း မစားချင်ပေ။
" အရင်တစ်ခေါက်က Hotelပဲ သွားလိုက်မယ်နော်။အဲဒီ Hotelက တော်တော်လေး သန့်တယ်။ အစားအသောက်လည်း ကောင်းတယ်။ "
" အင်း "
ဆိုင်ရော၊ ပန်းချီပြခန်းရောနဲ့ပါ အလုပ်ရှုပ်နေတာမို့ မဟော်က နှစ်ပတ်တစ်ခါပဲ သောဆီလာတွေ့သည်။လာသည့် အခါလည်း ဦးမြတ်ထွန်းတို့ အိမ်ကို အလည်ဝင်ရုံလောက်ပဲ ဖြစ်ကာ သောနှင့်အတူ Hotelမှာသာနေသည်။နှစ်ညအိပ်ပြီး နောက်တစ်ရက်မှ မဟော်က အိမ်ပြန်တာဖြစ်သည်။
" ခုနတုန်းက သော သူငယ်ချင်းက ကိုယ့်ကိုကြည့်ပြီး သောကို ဘာတွေ ပြောနေတာလဲ။"
မုန့်ဝယ်တုန်းက ဝယ်ထားသည့် ငုံ့ဆေးပြားကို သောက သွားကိုက်နေသည့် ပါးတစ်ဖက်မှာ ငုံထားရင်းမှ မဟော့်ကိုကြည့်သည်။ အဆူခံရတာကို ပြန်သတိရတော့ ချက်ချင်းပင် ပြောသည်။
" ကိုကိုက Antiqueကြီးတဲ့။ အဝတ်အစား ဝတ်တဲ့ပုံစံကလည်း လူကြီးဆန်တယ်တဲ့။ သောက သောတို့နှစ်ယောက်ရဲ့ ဓါတ်ပုံတွေ ပြထားတော့ အမြဲတမ်း ဒီစတိုင်လ်ချည်းပဲ ဝတ်နေတာလားတဲ့။ သောက ချစ်စရာအရမ်းကောင်းတာမို့ ကိုကိုနဲ့ မလိုက်ဘူးတဲ့ သိပြီလား။ "
အားရပါးရပြောလိုက်တော့ သော၏ ပါးလေးက ပိုနာလာသည်မို့ လက်လေးဖြင့် ဖိထားရသည်။ မဟော်က သော၏ မျက်နှာလေးကို တစ်ချက် ခေါင်းငဲ့ကြည့်ပြီးမှ တွေးစရာ ရသွားသလိုဖြင့် လမ်းဘက်ကိုပဲ ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပဲ ကားမောင်းသွားသည်။
" ရေပန်းက ရေအားမကောင်းလို့ သော ကြည့်ကြည့်မလို့နော် ကိုကို။ "
သောက ကုတင်ပေါ် ထိုင်နေသည့် မဟော့်ကို ပြောပြီးမှ ဘေစင်ဘေးကနေ တက်ကာ ကြည့်သည်။ အရင်တစ်ခေါက် ငှက်ကလေးကို ကယ်ရင်း မဟော် လန့်သွားသည်အထိ ဖြစ်ပြီးကတည်းက သောက သူလုပ်ချင်တာရှိရင် မဟော့်ကို လာပြောတတ်သည်။
" ကိုယ်ကြည့်ပေးမယ်။ "
မဟော်က ပြောလိုက်တော့ သောက ပြန်ဆင်းသည်။
" ကိုကို အရင်တစ်ခေါက်က ဘာလို့ အဲဒီလောက် လန့်သွားခဲ့တာလဲ။ သောက အဲဒီလို လုပ်မယ့်သူမှ မဟုတ်တာ။ "
မဟော်က ရေပန်းကို ခါလိုက်ပြီးမှ ပြန်ဆင်းလာရင်း သောကို ပြောသည်။
" စိတ်လှုပ်ရှားနေတဲ့ အချိန်လေကွာ။ စိုးရိမ်စိတ်တစ်ခုတည်းပဲ ရှိတာ။ အကျိုးသင့် အကြောင်းသင့် မတွေးနိုင်တော့ဘူး။ ပင်ကိုယ် အသိစိတ်က လွတ်သွားတာ။ မင်းကို ချစ်တဲ့စိတ်နဲ့ စိုးရိမ်သောကစိတ်ပဲရှိလို့ ဘာမှမတွေးနိုင်တာ။ "
သောက မဟော်၏ ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ပြီး မဟော်၏ ရင်ဘတ်ပေါ် မျက်နှာလေး ကပ်ထားရင်း ပြောသည်။
" နောက်ဆို ကိုကို အဲဒီလို အရမ်းမတွေးနဲ့နော်။ ကိုကို့ကို ကြည့်ပြီး မောလို့။ ကျွန်တော်က စိတ်ဆိုးလည်း ခဏပဲ။ မချော့ဘဲထားလည်း သူ့ဘာသာ ပြေသွားရော။ အမှတ်မရှိတာပေါ့နော်။အဲဒါကြောင့် ကျွန်တော့်အတွက်နဲ့ တအားစိတ်မပင်ပန်းစေနဲ့။ကိုကိုက အခုဆူရင် အခုစိတ်ဆိုးပြီး နေ့မကူးဘဲ ပျောက်သွားတာ။သဘောထားကြီးတယ်ရယ်။ ယောကျ်ားပီသတယ်မလား။ "
သောက မဟော် အဲဒီနေ့က အရူးလို ဖြစ်သွားတာကို စိတ်မကောင်းဖြစ်နေဟန် တတွတ်တွတ်နဲ့ ရှင်းပြလာသည်။မဟော်က ရယ်လိုက်ပြီး သောကို ပြန်ပြီး သိုင်းဖက်ထားရင်း ပြောသည်။
" သိတယ်လေ။ ဒေါ်ဒေါ် ပြောသလိုပေါ့။ သောလိုဟာမျိုးလေးက အောက်ပိုင်းမီးလောင်နေရင်တောင် အပေါ်က အရယ်ပျက်မှာ မဟုတ်ဘူးတဲ့။ ရေချိုးမှာမလား ... ချိုးတော့။ ညစာ မှာထားပေးမယ်။ "
" အင်း "
မဟော်က ညစာအတွက် ဖုန်းဆက်မှာလိုက်သည်။ ပြီးနောက် ကျောပိုးအိတ်ထဲ ထင်သလို ထိုးထည့်ထားသည့် သော၏ စာအုပ်တွေကို အစဥ်လိုက်လေး ထပ်ပေးထားသည်။ သောက အဝတ်အစားလဲပြီးမှ ရေချိုးခန်းထဲက ထွက်လာကာ မဟော်၏ ခြေထောက်နှစ်ဖက်ကြားမှာ နေရာယူပြီး ကြမ်းပေါ်ထိုင်ကာ ပခုံးပေါ်တင်ထားသည့် တဘက်ကို မဟော့်ကို ပေးသည်။
မဟော်က သော၏ ခေါင်းကို ရေစင်အောင် သုတ်ပေးသည်။
" အင်္ဂလိပ်စာကို လက်ရေးဆက် ရေးတာလား။ "
သောအကြမ်းရေးထားသည့် စာအုပ်မှာ ပုံမှန်အတိုင်း မရေးဘဲ လက်ရေးဆက် ရေးထားတာမို့ မဟော်က မေးလိုက်သည်။သင်တန်းတက်တုန်းက သောက ပုံမှန်လိုသာ ရေးတာ မဟော်သိသည်။
" အဲဒါ ... ဟိုဟာ ... စာလုံးပေါင်းတွေ သေချာမကျက်ချင်လို့။စာလုံးပေါင်း မှားနေရင်တောင် စာစစ်တဲ့ ဆရာမ ဖတ်မရအောင် လက်ရေးဆက်နဲ့ သေချာလုံးရေးထားတာ။ "
သောက ရယ်သံတစ်ဝက်ဖြင့် ပြောလာတော့ မဟော်က အူယားလာတာမို့ သော၏ ခေါင်းလုံးလုံးလေးက ဆံပင်တွေကို ရေသုတ်ပေးရင်းမှ တဘက်ဖြင့် ဆွဲဖွသည်။
" တစ်ကိုယ်လုံး ဥာဏ်ချည်းပဲနော်။ "
" ကိုကိုကျောင်းတက်တုန်းက မလုပ်ဖူးဘူးလား။ သောဆို ကျက်ထားတဲ့ စာမေ့သွားလည်း အဲဒီနေရာကို ကွက်လပ်ကြီး ဘယ်တော့မှ ချန်မထားဘူး။ချန်ထားရင် အဲဒီကွက်လပ်ပေါက်ကြီးအတွက် အမှတ် လျော့ကိုလျော့ရမှာလေ။ သောက သောရတဲ့နေရာကနေ ဆက်ရေးလိုက်တာ။ အပုဒ်ပြည့်လိုပဲ။ "
" မင်းသာ ကျောင်းဆရာ ဖြစ်ရင် တပည့်တွေလည်း မလွယ်ဘူး။ "
သောက လည်တိုင်လေး လှည့်ကာ ကြည့်ရင်း ပြောသည်။
" သောကလည်း ဝါသနာ မပါပါဘူး။ LCCIတက်ထားတာပဲ။ ကျောင်းပြီးရင် အန်တီခင်သန်းနွယ်ကို ကူလုပ်ပေးမှာ။ အန်တီက အရမ်းပင်ပန်းတာ။ ကိုကိုနဲ့ မတွေ့ခင်က ကျောင်းပြီးရင် ဦးလေးကို ကူလုပ်ပေးဖို့ပေမယ့် အခု မမက ကူပေးမှာမို့ ကျွန်တော်က အန်တီခင်သန်းနွယ်ကိုပဲ အလုပ် ကူလုပ်ပေးတော့မှာ။ "
" ကောင်းပါပြီ။ ဂျပန်စာ သင်တန်းက ထပ်တက်ဦးမှာလား။ "
" တက်မှာ။ သော ဝါသနာပါတာ။ သူနဲ့ ပတ်သတ်တဲ့အလုပ် မလုပ်ဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ။ တက်ထားတော့ အသုံးဝင်မှာပါ။ လုပ်ငန်းပိုင်း အသုံးမချဖြစ်သေးရင်တောင် အနည်းဆုံးတော့ ကိုယ့်ထက် မြင့်တဲ့ ကိုယ်မကျေနပ်တဲ့သူကို ဂျပန်လို ဆဲတတ်တာပေါ့။ "
မဟော်က သော၏ ခေါင်းလေးကို ရေသုတ်ပေးနေရင်းမှ လက်က ရပ်သွားသည်။
" အခုတလော ကိုယ်ဆူတိုင်း ကိုယ့်ကို အဲဒီလို ဆဲနေတာမလား။ ဟုတ်တယ်မလား သော။"
သောက ခေါင်းအတင်းရမ်းပြသည်။ တကယ်တော့ မဟော့်ကို မကျေနပ်ရင် သော အဲဒီလို ဆဲဖူးသည်။
" ကိုယ်တော့ ခံလိုက်ရပြီပဲ။ "
သောက မဟော့်ဘက် လူပါ လှည့်လာပြီးမှ တိုးတိုးလေး ဝန်ခံသည်။
" ဟင့်အင်း ... ဟိုလိုကြီး ညစ်ညစ်ပက်ပက်မဆဲပါဘူး။ ဆဲရင်တောင် ချစ်စရာ အကောင်လေးတွေနဲ့ပဲ နှိုင်းဆဲတာပါ။ ခွေးသားလေးလောက်ပဲ ဆဲတာပါ။"
မဟော်က သော၏ နှာခေါင်းထိပ်ဖျား လုံးလုံးလေးကို ဆွဲစိပ်လိုက်သည်။
" စိတ်မဆိုးပါနဲ့။ နောက်ဆို မဆဲတော့ပါဘူး။ "
မဟော်က မဖြေဘဲ ကြည့်နေတော့ သောက မဟော့် ဒူးပေါ် လက်လေးတစ်ဖက်တင်ပြီး မဟော့်ကို မော့ကြည့်ကာ အားရပါးရ ရှင်းပြသည်။
" ဝိပသနာ တရားမှာ မကြားဖူးဘူးလား။ အသံမှာ စိတ်ဆိုးစရာ မပါဘူးတဲ့။ စိတ်ဆိုးတယ်ဆိုတာ ကိုယ့်စိတ်က ဖြစ်တာတဲ့။ သော အရင်ကတည်းက ဆဲနေတာ ကိုကိုနားမလည်တော့ ကိုကို ဘာမှမဖြစ်ဘူးလေ။ဟော ... မြင်လား ... စိတ်ဆိုးစရာမပါဘူး။အခု ဗမာ စကားနားမလည်တဲ့ လူတစ်ယောက်ကို ဗမာလို ထိုင်ဆဲနေလည်း သူကစိတ်ဆိုးမှာ မဟုတ်ဘူး။ စကားထဲမှာ တကယ်သာ စိတ်ဆိုးစရာပါရင် ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် စိတ်ဆိုးရမှာလေ။အဲဒါကြောင့် စကားသံမှာ စိတ်ဆိုးစရာမပါဘူး။ နှလုံးသွင်းမှားလို့ စိတ်ဆိုးတယ်ဆိုတာ ဖြစ်လာတာ။ "
သောက မဟော်၏ နှလုံးသားနေရာလေးကို လက်နဲ့တစ်ချက်ဖိလိုက်ပြီး ပြောသည်။
" နှလုံးသွင်းမှန်အောင် လေ့ကျင့်ဦး။ "
" မင်းကို ကိုယ် ဆူတော့ မင်းကျ ဘာလို့ အသံမှာ စိတ်ဆိုးစရာမပါဘူးလို့ နှလုံးမသွင်းဘဲ ကိုယ့်ကို ပြန်ဆဲလဲ။ "
သောက ရယ်ပြပြီး ထွက်ပြေးဖို့ လုပ်နေတာမို့ မဟော်က သော၏ ခါးမှ ချုပ်ထားကာ အိပ်ယာပေါ် ကန့်လန့်လှဲချလိုက်ပြီး အပေါ်မှ ဖိချုပ်ထားသည်။
" ဖြေလေ ... ဖြေ ... "
မဟော်က သော၏ ခါးကို လက်နှစ်ဖက်လုံးဖြင့် တို့ထိကာ ပြောတော့ သောက ရုန်းနေရင်းမှ ရယ်နေသည်။
" နောက်မဆဲတော့ဘူးလို့။ "
.............................
" ကိုကို့ရဲ့ English Accentက ကောင်းလွန်းနေတယ်။ အဲဒီလိုဆိုရင် သောက ဘယ်လိုလုပ်ပြီး စာရတော့မှာလဲ။ "
မဟော်က လက်တစ်ဖက်ကို ခေါင်းခုထားပြီး လက်တစ်ဖက်က သော၏ သမိုင်းMajor စာအုပ်ကိုင်ကာ အိပ်ယာပေါ်လှဲရင်း စာဖတ်ပြနေသည်။သောက မဟော်၏ ပခုံးပေါ် မေးစေ့လေး တင်ထားပြီး မျက်လုံးမှိတ်ကာ နားထောင်ရင်းမှ ပြောနေတာမို့ မဟော်က ပြန်ဖြေသည်။
" ကိုယ် ဖြည်းဖြည်းချင်း ဖတ်ပြနေတယ်လေကွာ။ "
ပြန်သက်သာသွားသည့် သွားက အစားစားပြီးမှ ပြန်နာလာတာမို့ သော စာကျက်လို့ အဆင်မပြေတော့ပေ။သောက နားထဲမှာ စွဲနေမှ စာရသည့်လူမျိုးမို့ မဟော်က ဖတ်ပြနေရသည်။
" English Accentက ကောင်းလွန်းနေတာ။ အချို့နေရာတွေ နားမရှင်းဘူး။ အသံထွက်ကို သောထွက်သလိုပဲ ထွက်။ တစ်ခေါက်ဖတ်ပြမယ်။ အဲဒီအတိုင်းပဲ ထွက်နော်။ "
သောက မဟော့်လက်ထဲက စာအုပ်ကို ဆွဲယူပြီး သူ တစ်ခေါက်ရွတ်ပြသည်။ သော ထွက်သည့် အသံထွက်တွေက တချို့နေရာတွေ မှားပေမယ့် စာလုံးပေါင်းရေးရင် စာလုံးပေါင်းမမှားမည့် အသံထွက်နည်းတွေပင်။
" ထူးထူးဆန်းဆန်းတွေ သောရာ။ နားလည်တဲ့သူ ကြားသွားရင် မရှက်ဘူးလား။ "
" မရှက်ပါဘူး။ အသံထွက်အမှန်သိသားပဲ။ရေးကျက်ဖို့ အချိန်မမီလို့ စာမေးပွဲခန်းထဲ ချရေးရင် အစတောင် ဖော်မရမှာစိုးလို့ တည့်ထွက်တာလေ။ သိပ်အများကြီးလည်း မဟုတ်ပါဘူး။လုပ်ပါ ... သော စာမေးပွဲက အရေးကြီးနေတာ။ "
" အင်း ... ဆယ်ခေါက်ပဲ ဖတ်ပြမှာနော်။ "
" အင်းအင်း "
မဟော်က စာအုပ်ကိုင်ထားတဲ့ လက်ကို ကြွလိုက်ပြီး သောကို ဖက်လိုက်ပြီးမှ သောကို စာထပ်ဖတ်ပြသည်။သောက သေချာအာရုံစိုက်ကာ နားထောင်သည်။ သောက တကယ်ဥာဏ်ကောင်းသည်။ရလည်း ရလွယ်သည်။
" Memory Save "
မဟော်က ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ သော၏ နဖူးအလယ်မှာရှိသော မှဲ့နက်လေးကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွလေး နမ်းသည်။
" အိပ်တော့ သော။ "
" အင်း ... ကိုကိုရောပဲ။ "
မဟော်က အဲကွန်းလေကို လျော့လိုက်ပြီး ကျောပေးအိပ်သွားသော သောကို အနောက်မှ သိုင်းဖက်ထားသည်။သောက မဟော့်လက်လေးကို ပြန်ကိုင်ထားပြီး မဟော့် လက်က နာရီလေးကို လက်နဲ့ကစားနေသည်။ သွားကိုက်ပျောက်ဆေး သောက်ထားသည့်အရှိန်ဖြင့် သောက ခဏလေးအတွင်း အိပ်ပျော်သွားသည်။
ဆက်ရန်
Zawgyi
" ျမတ္ေသာ ဘာျဖစ္လို႔လဲ။ "
ေနာက္တစ္ခ်ိန္အတြက္ စာအုပ္ကို ထုတ္ေနရင္းမွ ေသာက ညာဘက္ပါးေလးကို ကိုင္ကာ ေျပာသည္။
" သြားနာေနတာ။ "
အေဝးသင္စာေမးပြဲမေျဖခင္ တက္ရတဲ့ေနရာမွာ ေသာက သူငယ္ခ်င္းေတြႏွင့္အတူ ထိုင္ျဖစ္သည္။မႏၲေလးက အေဝးသင္ ပထမႏွစ္တက္ကတည္းက ခင္တဲ့ သူငယ္ခ်င္းေတြမို႔ အျခားသူငယ္ခ်င္းအသစ္ေတြ မလိုေပ။
" သြားကိုက္ေပ်ာက္ေဆး ေသာက္မလား။ သြားဝယ္ေပးမယ္။"
ေနာက္တစ္ခ်ိန္ဝင္မည့္ ဆရာမကို ေစာင့္ရင္းမို႔ ငါးမိနစ္ေလာက္ပဲ အခ်ိန္ရတာေၾကာင့္ ေသာက ေခါင္းရမ္းျပသည္။ ေဆးသြားဝယ္ၿပီး ေနာက္က်ရင္ ဆရာမက ဆူမွာပင္။
" ရပါတယ္ ... တအားပူတာျဖစ္ျဖစ္၊ တအားေအးတာျဖစ္ျဖစ္ စားရင္ ျဖစ္တတ္တယ္။ သုံးနာရီေလာက္ၾကာရင္ သက္သာသြားေရာ။ စကား တအားလာမေျပာနဲ႕။ စကားျပန္ေျဖရတာ သြားပိုနာတယ္။ "
သြားနာရင္ ပါးေတြပါ ကိုက္လာတတ္တာ ျဖစ္သည္။ ျမတ္သူက သူ႕ေက်ာပိုးအိတ္ထဲက အကိုက္အခဲ ေပ်ာက္ေဆးကို ထုတ္ၿပီး ေသာကိုေပးသည္။
" ဒါ အရင္ေသာက္ထားလိုက္။ ဒီေဆးေတြက ေခါင္းကိုက္ရင္ ေသာက္ရတာေပမယ့္ အကိုက္အခဲေပ်ာက္ေဆးမို႔ က်န္တာေတြလည္း နည္းနည္း သက္သာတယ္။ "
" အင္း "
အိမ္မွာဆို ေဒၚခင္သန္းႏြယ္၊ ေဒၚျမတ္နန္းႏြယ္ႏွင့္ မေဟာ္တို႔က အၿမဲဂ႐ုစိုက္ေပးၾကေတာ့ အိမ္က လူေတြနဲ႕ နည္းနည္းေဝးတာနဲ႕ မဆင္မျခင္ေတြစားၿပီး ေသာ သြားကိုက္ေနၿပီ။
" ဒီပန္းခ်ီဆရာ ဆြဲတဲ့ပန္းခ်ီေတြ အရမ္းႀကိဳက္တာ။ မႏၲေလးမွာ ပန္းခ်ီျပခန္း ဖြင့္မယ္ဆိုေတာ့ ရွယ္ပဲ။ ခဏခဏ သြားၾကည့္မယ္။ ပန္းခ်ီဆရာက လူကိုယ္တိုင္လည္း တအားေခ်ာတာ။ ငါ့Type။ "
ဆရာမ မလာခင္ေလး ျမတ္သူ၏ ရည္းစားျဖစ္သူ ေသာ၏ သူငယ္ခ်င္းလည္းျဖစ္တဲ့ မြန္မြန္ေက်ာ္က ဖုန္းသုံးရင္းမွ Instagramက Postကို ၾကည့္ကာ ေျပာလာသည္။ ေသာက ပါးေလးကို လက္တစ္ဖက္က ကိုင္ထားရင္းမွ ၾကည့္လိုက္ေတာ့ ထင္သည့္ အတိုင္း မေဟာ္ပင္။
" သူေခ်ာတာ နင္က ဘယ္လိုသိလဲ။ "
" Instagramမွာ ပုံတစ္ပုံ တင္ဖူးတယ္။ အဲေန႕မွာပဲ ေတာ္ေတာ္ေလး နာမည္ႀကီးသြားလို႔ မွတ္မိေနတာ။ ေနာက္ေတာ့ အႏုပညာကို လူေၾကာင့္ အားေပးတာမ်ိဳး မလိုခ်င္လို႔ထင္တယ္။ ဖ်က္သြားတာ။ အဲဒီပုံ ငါ့ထဲမွာရွိတယ္ ျပမယ္။ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္ကပုံ။ "
မြန္မြန္ေက်ာ္က ေဘးက သူ႕ရည္းစားျမတ္သူမွ အားမနာဘဲ မေဟာ္၏ ေခ်ာေၾကာင္းကို ခ်ီးက်ဴးေနကာ ဖုန္းထဲမွ ရွာၿပီး ေသာကိုျပသည္။ဆံပင္ အလယ္ခြဲနဲ႕ မေဟာ္က နက္ေစြးေနတာေတြခ်ည္း ဝတ္ထားကာ Long Coatထပ္ဝတ္ထားသည့္ပုံျဖစ္သည္။
" ျမင္လား ... နင္ႀကိဳက္တဲ့ပုံစံမ်ိဳး။ ႀကိဳက္လား။ "
ေသာက ပုံကိုေသခ်ာၾကည့္ၿပီးမွ ၿပဳံးကာ ေျပာလိုက္သည္။
" ႀကိဳက္တာေပါ့။ ငါ့ရဲ႕ ေယာက်္ားပဲဟာ။ "
" ဘာႀကီး "
" အင္း ... ငါနဲ႕လက္ထပ္ထားတယ္ဆိုတာသူ။ နယ္ေဝးမလို႔ နင္တို႔ကို အားနာလို႔ မဖိတ္ျဖစ္တာ။ "
" မဟုတ္ဘဲနဲ႕။ "
မြန္မြန္ေက်ာ္က မယုံသကၤာျဖင့္ ေသာ၏ မ်က္ႏွာကို ေသခ်ာလိုက္ၾကည့္ေနသည္။ျမတ္သူကပါ အသြင္တူစြာ ေသာကို ၾကည့္ေနျပန္သည္။ ေသာက ႐ုပ္တည္ႀကီးနဲ႕ ေနာက္တတ္လို႔ မယုံၾကေပ။
" တကယ္ေျပာတာ ... အျပန္က်ရင္လာႀကိဳမွာ။ အဲဒီက်မွ ၾကည့္။ "
" ဒီေလာက္လန္းတဲ့သူက နင့္လို အေပအေတ အရိုင္းအစိုင္းကို ဘယ္ကဘယ္လိုမ်ား ... "
" ဒါေတာ့ နင္တို႔ အျမင္ေလ။ သူ႕အျမင္က်ေတာ့ ငါက ႏုႏုဥဥ အဖိုးတန္ ေ႐ႊၾကဳပ္ေလးလို ျဖစ္ေနေတာ့ သည္းသည္းကို လႈပ္လို႔။ "
ေသာ၏ စကားကို သူငယ္ခ်င္း ႏွစ္ေယာက္လုံးက ေအာ့အန္ျပၾကသည္။ ေသာက သြားကိုက္ေနသည့္ဘက္က ပါးေလးကို ကိုင္ထားရင္းမွ ျပန္ေျပာဖို႔ေပမယ့္ ဆရာမ လာေနၿပီမို႔ ပါးစပ္ကေလး ျပန္ပိတ္သြားသည္။
........................
တစ္နာရီ နားခ်ိန္ေရာက္ေတာ့ ေသာက အနားမွ ဆိုင္က ေခ်ာကလတ္ေခ်ာင္းႏွင့္အသားညွပ္ေပါင္မုန့္သာ ဝယ္စားလိုက္သည္။ ေသာက အျပင္ထြက္မစားေတာ့ သူငယ္ခ်င္းေတြလည္း ေသာႏွင့္အတူသာ ပုံစံတူ ဝယ္စားျဖစ္သည္။
" အခုလာမယ့္အခ်ိန္က ေဒၚသန္းသန္းေဌးေနာ္။ "
ျမတ္သူက ေျပာလိုက္ေတာ့ ေသာေရာ မြန္မြန္ေက်ာ္ပါ စာအုပ္စစ္ၾကသည္။ေဒၚသန္းသန္းေဌးေတာ့ ေၾကာက္ၾကသည္။
" ေအး ... သြားၿပီ။ သူ႕စာအုပ္ပါမလာဘူး။ နံနက္က စာၾကည့္ရင္း အခန္းထဲမွာ ေမ့ထားခဲ့တာ။ သူ႕ပါးစပ္ေတာ့ ေၾကာက္တယ္။ ငါ ဒီအခ်ိန္မတက္ဘဲ ျပန္ေတာ့မယ္။ "
ေသာက ေက်ာပိုးအိတ္ေလး ေကာက္လြယ္ေနတုန္း မေဟာ့္ဆီက ဖုန္းလာေနတာမို႔ ဖုန္းကိုင္လိုက္သည္။
"အင္း ... ကိုကို ေျပာ။ ''
' ဘယ္အခ်ိန္ အဲဒီကို လာႀကိဳေပးရမွာလဲ။ ကိုယ္အခု ဦးျမတ္ထြန္းတို႔အိမ္ကို ေရာက္ေနၿပီ။ '
ေသာက တစ္ဖက္သာ လြယ္ရေသးသည့္ ေက်ာပိုးအိတ္ႀကိဳးေလးကို ျပန္ျဖဳတ္လိုက္သည္။
" ကိုကို ... ေသာ ေျပာမယ္။ ေသာ အခန္းထဲက အိပ္ယာေပၚ ဒါမွမဟုတ္ စာၾကည့္စားပြဲေပၚ အဲဒါမွ မဟုတ္ေသးရင္ အဝတ္ဗီရိုထဲမွာ ထားခဲ့လားမသိဘူး။ Major စာအုပ္ က်န္ခဲ့လို႔။ လာပို႔ေပးပါ့လား။ ၿပီးရင္ တခါတည္း ေသာကိုေစာင့္ႀကိဳသြားေလ။ တစ္ခ်ိန္ပဲ က်န္ေတာ့တာ။ "
'ျမတ္ေသာဆုပန္တို႔က စာေမးပြဲနီးေနတာေတာင္ စာအုပ္ေမ့လို႔ ေကာင္းတုန္းေနာ္။ ယူလာခဲ့ေပးမယ္။ '
မေဟာ္က ဖုန္းခ်သြားၿပီ ျဖစ္သည္။ေသာက မုန့္စားရင္း မေဟာ့္ကို ထိုင္ေစာင့္ေနသည္။မေဟာ္ ေရာက္ေနၿပီ ျဖစ္ေၾကာင္း ဖုန္းဆက္လာမွ အျပင္ထြက္ယူသည္။ စပ္စပ္စုစုနဲ႕ မြန္မြန္ေက်ာ္က ကပ္ပါလာေသးသည္။
ေသာက မေဟာ့္ကို လက္ျပလိုက္ကာ လမ္းတစ္ဖက္ကို ကူးလာေတာ့ မေဟာ္က စာအုပ္ကို ကိုင္ထားရင္းမွ ရပ္ေစာင့္ေနသည္။ လမ္းေျပာင္းျပန္ ကားေမာင္းလို႔ မရတာမို႔ ဒီဘက္ကသာ ေစာင့္ေနရသည္။
" ဝီရိယအက်ိဳး ေစာေစာနိုး၊သူခိုး တုတ္နဲ႕ပစ္ကေတာ့လာပါၿပီ။ ေလးခ်ိန္ပဲ ပါတဲ့အတန္းခ်ိန္ေတာင္ တစ္ခ်ိန္စာ စာအုပ္က က်န္ခဲ့ေသးတယ္။ သန့္စင္ခန္းထဲက ေဘစင္ေပၚက ေတြ႕လာတာ ေရာ့။ "
မေဟာ္က ေျပာလိုက္ေတာ့ ေသာ၏ ၿပဳံးေနတဲ့ မ်က္ႏွာေလးက တည္သြားသည္။ ၿပီးေနာက္ ေဘာက္ဆတ္ဆတ္နဲ႕ မေဟာ့္လက္ထဲက စာအုပ္ကိုဆြဲယူသည္။
" သည္းသည္းလႈပ္ေနာ္ အဟီး။ "
မြန္မြန္ေက်ာ္က ေသာၾကား႐ုံသာ ေျပာၿပီး စ, လိုက္ေတာ့ ေသာက မေဟာ့္ကို ၾကည့္ၿပီး ဟြန့္ခနဲ မဲ့သြားသည္။
"က်ားေၾကာက္လို႔ ဆင္ႀကီးကိုး၊ဆင္ႀကီး က်ားထက္ဆိုး ျဖစ္ေနတာ။ေဒၚသန္းသန္းေဌးရဲ႕ သားလို႔ ေျပာရင္ ယုံတယ္။ သူကပိုဆူေနတာ။ "
မေဟာ္က ေသာကိုၾကည့္ကာ ႏႈတ္ခမ္းလႈပ္႐ုံသာ ၿပဳံးလိုက္သည္။
" အတန္းေနာက္က်ေနမယ္ သြားေတာ့။ ဒီနားကပဲ ေစာင့္ေနမယ္။ "
" ၿပီးေရာ ... ေဒၚသန္းသန္းေဌး Male Version "
မေဟာ္က မြန္မြန္ေက်ာ့္ကို ေသာ၏ သူငယ္ခ်င္းမို႔ လူမႈေရးအရ ၿပဳံးျပလိုက္သည္။ မြန္မြန္ေက်ာ္က မေဟာ့္ကို လွည့္တၾကည့္ၾကည့္ျဖင့္ ၿပဳံးေနရင္း အျပင္မွာ ဘယ္လိုေတာင္ ပိုေခ်ာေၾကာင္း၊ အရပ္ႀကီးက မိုက္ေၾကာင္း စသျဖင့္ ေသာကို ေျပာျပခ်ီးက်ဴးေနသည္။
.................................
" တစ္ခုခု စားခ်င္ေသးလား။ "
ေသာက ေခါင္းရမ္းျပသည္။ သြားနာေနတာမို႔ တကယ္လည္း မစားခ်င္ေပ။
" အရင္တစ္ေခါက္က Hotelပဲ သြားလိုက္မယ္ေနာ္။အဲဒီ Hotelက ေတာ္ေတာ္ေလး သန့္တယ္။ အစားအေသာက္လည္း ေကာင္းတယ္။ "
" အင္း "
ဆိုင္ေရာ၊ ပန္းခ်ီျပခန္းေရာနဲ႕ပါ အလုပ္ရႈပ္ေနတာမို႔ မေဟာ္က ႏွစ္ပတ္တစ္ခါပဲ ေသာဆီလာေတြ႕သည္။လာသည့္ အခါလည္း ဦးျမတ္ထြန္းတို႔ အိမ္ကို အလည္ဝင္႐ုံေလာက္ပဲ ျဖစ္ကာ ေသာႏွင့္အတူ Hotelမွာသာေနသည္။ႏွစ္ညအိပ္ၿပီး ေနာက္တစ္ရက္မွ မေဟာ္က အိမ္ျပန္တာျဖစ္သည္။
" ခုနတုန္းက ေသာ သူငယ္ခ်င္းက ကိုယ့္ကိုၾကည့္ၿပီး ေသာကို ဘာေတြ ေျပာေနတာလဲ။"
မုန့္ဝယ္တုန္းက ဝယ္ထားသည့္ ငုံ႕ေဆးျပားကို ေသာက သြားကိုက္ေနသည့္ ပါးတစ္ဖက္မွာ ငုံထားရင္းမွ မေဟာ့္ကိုၾကည့္သည္။ အဆူခံရတာကို ျပန္သတိရေတာ့ ခ်က္ခ်င္းပင္ ေျပာသည္။
" ကိုကိုက Antiqueႀကီးတဲ့။ အဝတ္အစား ဝတ္တဲ့ပုံစံကလည္း လူႀကီးဆန္တယ္တဲ့။ ေသာက ေသာတို႔ႏွစ္ေယာက္ရဲ႕ ဓါတ္ပုံေတြ ျပထားေတာ့ အၿမဲတမ္း ဒီစတိုင္လ္ခ်ည္းပဲ ဝတ္ေနတာလားတဲ့။ ေသာက ခ်စ္စရာအရမ္းေကာင္းတာမို႔ ကိုကိုနဲ႕ မလိုက္ဘူးတဲ့ သိၿပီလား။ "
အားရပါးရေျပာလိုက္ေတာ့ ေသာ၏ ပါးေလးက ပိုနာလာသည္မို႔ လက္ေလးျဖင့္ ဖိထားရသည္။ မေဟာ္က ေသာ၏ မ်က္ႏွာေလးကို တစ္ခ်က္ ေခါင္းငဲ့ၾကည့္ၿပီးမွ ေတြးစရာ ရသြားသလိုျဖင့္ လမ္းဘက္ကိုပဲ ၾကည့္ကာ တည္တည္ၿငိမ္ၿငိမ္ပဲ ကားေမာင္းသြားသည္။
" ေရပန္းက ေရအားမေကာင္းလို႔ ေသာ ၾကည့္ၾကည့္မလို႔ေနာ္ ကိုကို။ "
ေသာက ကုတင္ေပၚ ထိုင္ေနသည့္ မေဟာ့္ကို ေျပာၿပီးမွ ေဘစင္ေဘးကေန တက္ကာ ၾကည့္သည္။ အရင္တစ္ေခါက္ ငွက္ကေလးကို ကယ္ရင္း မေဟာ္ လန့္သြားသည္အထိ ျဖစ္ၿပီးကတည္းက ေသာက သူလုပ္ခ်င္တာရွိရင္ မေဟာ့္ကို လာေျပာတတ္သည္။
" ကိုယ္ၾကည့္ေပးမယ္။ "
မေဟာ္က ေျပာလိုက္ေတာ့ ေသာက ျပန္ဆင္းသည္။
" ကိုကို အရင္တစ္ေခါက္က ဘာလို႔ အဲဒီေလာက္ လန့္သြားခဲ့တာလဲ။ ေသာက အဲဒီလို လုပ္မယ့္သူမွ မဟုတ္တာ။ "
မေဟာ္က ေရပန္းကို ခါလိုက္ၿပီးမွ ျပန္ဆင္းလာရင္း ေသာကို ေျပာသည္။
" စိတ္လႈပ္ရွားေနတဲ့ အခ်ိန္ေလကြာ။ စိုးရိမ္စိတ္တစ္ခုတည္းပဲ ရွိတာ။ အက်ိဳးသင့္ အေၾကာင္းသင့္ မေတြးနိုင္ေတာ့ဘူး။ ပင္ကိုယ္ အသိစိတ္က လြတ္သြားတာ။ မင္းကို ခ်စ္တဲ့စိတ္နဲ႕ စိုးရိမ္ေသာကစိတ္ပဲရွိလို႔ ဘာမွမေတြးနိုင္တာ။ "
ေသာက မေဟာ္၏ ခါးကို လက္ႏွစ္ဖက္ျဖင့္ ဖက္ၿပီး မေဟာ္၏ ရင္ဘတ္ေပၚ မ်က္ႏွာေလး ကပ္ထားရင္း ေျပာသည္။
" ေနာက္ဆို ကိုကို အဲဒီလို အရမ္းမေတြးနဲ႕ေနာ္။ ကိုကို႔ကို ၾကည့္ၿပီး ေမာလို႔။ ကြၽန္ေတာ္က စိတ္ဆိုးလည္း ခဏပဲ။ မေခ်ာ့ဘဲထားလည္း သူ႕ဘာသာ ေျပသြားေရာ။ အမွတ္မရွိတာေပါ့ေနာ္။အဲဒါေၾကာင့္ ကြၽန္ေတာ့္အတြက္နဲ႕ တအားစိတ္မပင္ပန္းေစနဲ႕။ကိုကိုက အခုဆူရင္ အခုစိတ္ဆိုးၿပီး ေန႕မကူးဘဲ ေပ်ာက္သြားတာ။သေဘာထားႀကီးတယ္ရယ္။ ေယာက်္ားပီသတယ္မလား။ "
ေသာက မေဟာ္ အဲဒီေန႕က အ႐ူးလို ျဖစ္သြားတာကို စိတ္မေကာင္းျဖစ္ေနဟန္ တတြတ္တြတ္နဲ႕ ရွင္းျပလာသည္။မေဟာ္က ရယ္လိုက္ၿပီး ေသာကို ျပန္ၿပီး သိုင္းဖက္ထားရင္း ေျပာသည္။
" သိတယ္ေလ။ ေဒၚေဒၚ ေျပာသလိုေပါ့။ ေသာလိုဟာမ်ိဳးေလးက ေအာက္ပိုင္းမီးေလာင္ေနရင္ေတာင္ အေပၚက အရယ္ပ်က္မွာ မဟုတ္ဘူးတဲ့။ ေရခ်ိဳးမွာမလား ... ခ်ိဳးေတာ့။ ညစာ မွာထားေပးမယ္။ "
" အင္း "
မေဟာ္က ညစာအတြက္ ဖုန္းဆက္မွာလိုက္သည္။ ၿပီးေနာက္ ေက်ာပိုးအိတ္ထဲ ထင္သလို ထိုးထည့္ထားသည့္ ေသာ၏ စာအုပ္ေတြကို အစဥ္လိုက္ေလး ထပ္ေပးထားသည္။ ေသာက အဝတ္အစားလဲၿပီးမွ ေရခ်ိဳးခန္းထဲက ထြက္လာကာ မေဟာ္၏ ေျခေထာက္ႏွစ္ဖက္ၾကားမွာ ေနရာယူၿပီး ၾကမ္းေပၚထိုင္ကာ ပခုံးေပၚတင္ထားသည့္ တဘက္ကို မေဟာ့္ကို ေပးသည္။
မေဟာ္က ေသာ၏ ေခါင္းကို ေရစင္ေအာင္ သုတ္ေပးသည္။
" အဂၤလိပ္စာကို လက္ေရးဆက္ ေရးတာလား။ "
ေသာအၾကမ္းေရးထားသည့္ စာအုပ္မွာ ပုံမွန္အတိုင္း မေရးဘဲ လက္ေရးဆက္ ေရးထားတာမို႔ မေဟာ္က ေမးလိုက္သည္။သင္တန္းတက္တုန္းက ေသာက ပုံမွန္လိုသာ ေရးတာ မေဟာ္သိသည္။
" အဲဒါ ... ဟိုဟာ ... စာလုံးေပါင္းေတြ ေသခ်ာမက်က္ခ်င္လို႔။စာလုံးေပါင္း မွားေနရင္ေတာင္ စာစစ္တဲ့ ဆရာမ ဖတ္မရေအာင္ လက္ေရးဆက္နဲ႕ ေသခ်ာလုံးေရးထားတာ။ "
ေသာက ရယ္သံတစ္ဝက္ျဖင့္ ေျပာလာေတာ့ မေဟာ္က အူယားလာတာမို႔ ေသာ၏ ေခါင္းလုံးလုံးေလးက ဆံပင္ေတြကို ေရသုတ္ေပးရင္းမွ တဘက္ျဖင့္ ဆြဲဖြသည္။
" တစ္ကိုယ္လုံး ဥာဏ္ခ်ည္းပဲေနာ္။ "
" ကိုကိုေက်ာင္းတက္တုန္းက မလုပ္ဖူးဘူးလား။ ေသာဆို က်က္ထားတဲ့ စာေမ့သြားလည္း အဲဒီေနရာကို ကြက္လပ္ႀကီး ဘယ္ေတာ့မွ ခ်န္မထားဘူး။ခ်န္ထားရင္ အဲဒီကြက္လပ္ေပါက္ႀကီးအတြက္ အမွတ္ ေလ်ာ့ကိုေလ်ာ့ရမွာေလ။ ေသာက ေသာရတဲ့ေနရာကေန ဆက္ေရးလိုက္တာ။ အပုဒ္ျပည့္လိုပဲ။ "
" မင္းသာ ေက်ာင္းဆရာ ျဖစ္ရင္ တပည့္ေတြလည္း မလြယ္ဘူး။ "
ေသာက လည္တိုင္ေလး လွည့္ကာ ၾကည့္ရင္း ေျပာသည္။
" ေသာကလည္း ဝါသနာ မပါပါဘူး။ LCCIတက္ထားတာပဲ။ ေက်ာင္းၿပီးရင္ အန္တီခင္သန္းႏြယ္ကို ကူလုပ္ေပးမွာ။ အန္တီက အရမ္းပင္ပန္းတာ။ ကိုကိုနဲ႕ မေတြ႕ခင္က ေက်ာင္းၿပီးရင္ ဦးေလးကို ကူလုပ္ေပးဖို႔ေပမယ့္ အခု မမက ကူေပးမွာမို႔ ကြၽန္ေတာ္က အန္တီခင္သန္းႏြယ္ကိုပဲ အလုပ္ ကူလုပ္ေပးေတာ့မွာ။ "
" ေကာင္းပါၿပီ။ ဂ်ပန္စာ သင္တန္းက ထပ္တက္ဦးမွာလား။ "
" တက္မွာ။ ေသာ ဝါသနာပါတာ။ သူနဲ႕ ပတ္သတ္တဲ့အလုပ္ မလုပ္ျဖစ္ဘူးလို႔ မေျပာနိုင္ဘူးေလ။ တက္ထားေတာ့ အသုံးဝင္မွာပါ။ လုပ္ငန္းပိုင္း အသုံးမခ်ျဖစ္ေသးရင္ေတာင္ အနည္းဆုံးေတာ့ ကိုယ့္ထက္ ျမင့္တဲ့ ကိုယ္မေက်နပ္တဲ့သူကို ဂ်ပန္လို ဆဲတတ္တာေပါ့။ "
မေဟာ္က ေသာ၏ ေခါင္းေလးကို ေရသုတ္ေပးေနရင္းမွ လက္က ရပ္သြားသည္။
" အခုတေလာ ကိုယ္ဆူတိုင္း ကိုယ့္ကို အဲဒီလို ဆဲေနတာမလား။ ဟုတ္တယ္မလား ေသာ။"
ေသာက ေခါင္းအတင္းရမ္းျပသည္။ တကယ္ေတာ့ မေဟာ့္ကို မေက်နပ္ရင္ ေသာ အဲဒီလို ဆဲဖူးသည္။
" ကိုယ္ေတာ့ ခံလိုက္ရၿပီပဲ။ "
ေသာက မေဟာ့္ဘက္ လူပါ လွည့္လာၿပီးမွ တိုးတိုးေလး ဝန္ခံသည္။
" ဟင့္အင္း ... ဟိုလိုႀကီး ညစ္ညစ္ပက္ပက္မဆဲပါဘူး။ ဆဲရင္ေတာင္ ခ်စ္စရာ အေကာင္ေလးေတြနဲ႕ပဲ ႏွိုင္းဆဲတာပါ။ ေခြးသားေလးေလာက္ပဲ ဆဲတာပါ။"
မေဟာ္က ေသာ၏ ႏွာေခါင္းထိပ္ဖ်ား လုံးလုံးေလးကို ဆြဲစိပ္လိုက္သည္။
" စိတ္မဆိုးပါနဲ႕။ ေနာက္ဆို မဆဲေတာ့ပါဘူး။ "
မေဟာ္က မေျဖဘဲ ၾကည့္ေနေတာ့ ေသာက မေဟာ့္ ဒူးေပၚ လက္ေလးတစ္ဖက္တင္ၿပီး မေဟာ့္ကို ေမာ့ၾကည့္ကာ အားရပါးရ ရွင္းျပသည္။
" ဝိပသနာ တရားမွာ မၾကားဖူးဘူးလား။ အသံမွာ စိတ္ဆိုးစရာ မပါဘူးတဲ့။ စိတ္ဆိုးတယ္ဆိုတာ ကိုယ့္စိတ္က ျဖစ္တာတဲ့။ ေသာ အရင္ကတည္းက ဆဲေနတာ ကိုကိုနားမလည္ေတာ့ ကိုကို ဘာမွမျဖစ္ဘူးေလ။ေဟာ ... ျမင္လား ... စိတ္ဆိုးစရာမပါဘူး။အခု ဗမာ စကားနားမလည္တဲ့ လူတစ္ေယာက္ကို ဗမာလို ထိုင္ဆဲေနလည္း သူကစိတ္ဆိုးမွာ မဟုတ္ဘူး။ စကားထဲမွာ တကယ္သာ စိတ္ဆိုးစရာပါရင္ ဘယ္လိုလူမ်ိဳးပဲ ျဖစ္ျဖစ္ စိတ္ဆိုးရမွာေလ။အဲဒါေၾကာင့္ စကားသံမွာ စိတ္ဆိုးစရာမပါဘူး။ ႏွလုံးသြင္းမွားလို႔ စိတ္ဆိုးတယ္ဆိုတာ ျဖစ္လာတာ။ "
ေသာက မေဟာ္၏ ႏွလုံးသားေနရာေလးကို လက္နဲ႕တစ္ခ်က္ဖိလိုက္ၿပီး ေျပာသည္။
" ႏွလုံးသြင္းမွန္ေအာင္ ေလ့က်င့္ဦး။ "
" မင္းကို ကိုယ္ ဆူေတာ့ မင္းက် ဘာလို႔ အသံမွာ စိတ္ဆိုးစရာမပါဘူးလို႔ ႏွလုံးမသြင္းဘဲ ကိုယ့္ကို ျပန္ဆဲလဲ။ "
ေသာက ရယ္ျပၿပီး ထြက္ေျပးဖို႔ လုပ္ေနတာမို႔ မေဟာ္က ေသာ၏ ခါးမွ ခ်ဳပ္ထားကာ အိပ္ယာေပၚ ကန့္လန့္လွဲခ်လိဳက္ၿပီး အေပၚမွ ဖိခ်ဳပ္ထားသည္။
" ေျဖေလ ... ေျဖ ... "
မေဟာ္က ေသာ၏ ခါးကို လက္ႏွစ္ဖက္လုံးျဖင့္ တို႔ထိကာ ေျပာေတာ့ ေသာက ႐ုန္းေနရင္းမွ ရယ္ေနသည္။
" ေနာက္မဆဲေတာ့ဘူးလို႔။ "
.............................
" ကိုကို႔ရဲ႕ English Accentက ေကာင္းလြန္းေနတယ္။ အဲဒီလိုဆိုရင္ ေသာက ဘယ္လိုလုပ္ၿပီး စာရေတာ့မွာလဲ။ "
မေဟာ္က လက္တစ္ဖက္ကို ေခါင္းခုထားၿပီး လက္တစ္ဖက္က ေသာ၏ သမိုင္းMajor စာအုပ္ကိုင္ကာ အိပ္ယာေပၚလွဲရင္း စာဖတ္ျပေနသည္။ေသာက မေဟာ္၏ ပခုံးေပၚ ေမးေစ့ေလး တင္ထားၿပီး မ်က္လုံးမွိတ္ကာ နားေထာင္ရင္းမွ ေျပာေနတာမို႔ မေဟာ္က ျပန္ေျဖသည္။
" ကိုယ္ ျဖည္းျဖည္းခ်င္း ဖတ္ျပေနတယ္ေလကြာ။ "
ျပန္သက္သာသြားသည့္ သြားက အစားစားၿပီးမွ ျပန္နာလာတာမို႔ ေသာ စာက်က္လို႔ အဆင္မေျပေတာ့ေပ။ေသာက နားထဲမွာ စြဲေနမွ စာရသည့္လူမ်ိဳးမို႔ မေဟာ္က ဖတ္ျပေနရသည္။
" English Accentက ေကာင္းလြန္းေနတာ။ အခ်ိဳ႕ေနရာေတြ နားမရွင္းဘူး။ အသံထြက္ကို ေသာထြက္သလိုပဲ ထြက္။ တစ္ေခါက္ဖတ္ျပမယ္။ အဲဒီအတိုင္းပဲ ထြက္ေနာ္။ "
ေသာက မေဟာ့္လက္ထဲက စာအုပ္ကို ဆြဲယူၿပီး သူ တစ္ေခါက္႐ြတ္ျပသည္။ ေသာ ထြက္သည့္ အသံထြက္ေတြက တခ်ိဳ႕ေနရာေတြ မွားေပမယ့္ စာလုံးေပါင္းေရးရင္ စာလုံးေပါင္းမမွားမည့္ အသံထြက္နည္းေတြပင္။
" ထူးထူးဆန္းဆန္းေတြ ေသာရာ။ နားလည္တဲ့သူ ၾကားသြားရင္ မရွက္ဘူးလား။ "
" မရွက္ပါဘူး။ အသံထြက္အမွန္သိသားပဲ။ေရးက်က္ဖို႔ အခ်ိန္မမီလို႔ စာေမးပြဲခန္းထဲ ခ်ေရးရင္ အစေတာင္ ေဖာ္မရမွာစိုးလို႔ တည့္ထြက္တာေလ။ သိပ္အမ်ားႀကီးလည္း မဟုတ္ပါဘူး။လုပ္ပါ ... ေသာ စာေမးပြဲက အေရးႀကီးေနတာ။ "
" အင္း ... ဆယ္ေခါက္ပဲ ဖတ္ျပမွာေနာ္။ "
" အင္းအင္း "
မေဟာ္က စာအုပ္ကိုင္ထားတဲ့ လက္ကို ႂကြလိုက္ၿပီး ေသာကို ဖက္လိုက္ၿပီးမွ ေသာကို စာထပ္ဖတ္ျပသည္။ေသာက ေသခ်ာအာ႐ုံစိုက္ကာ နားေထာင္သည္။ ေသာက တကယ္ဥာဏ္ေကာင္းသည္။ရလည္း ရလြယ္သည္။
" Memory Save "
မေဟာ္က ၿပဳံးလိုက္ၿပီး ေခါင္းငုံ႕ကာ ေသာ၏ နဖူးအလယ္မွာရွိေသာ မွဲ႕နက္ေလးကို ႏႈတ္ခမ္းျဖင့္ ခပ္ဖြဖြေလး နမ္းသည္။
" အိပ္ေတာ့ ေသာ။ "
" အင္း ... ကိုကိုေရာပဲ။ "
မေဟာ္က အဲကြန္းေလကို ေလ်ာ့လိုက္ၿပီး ေက်ာေပးအိပ္သြားေသာ ေသာကို အေနာက္မွ သိုင္းဖက္ထားသည္။ေသာက မေဟာ့္လက္ေလးကို ျပန္ကိုင္ထားၿပီး မေဟာ့္ လက္က နာရီေလးကို လက္နဲ႕ကစားေနသည္။ သြားကိုက္ေပ်ာက္ေဆး ေသာက္ထားသည့္အရွိန္ျဖင့္ ေသာက ခဏေလးအတြင္း အိပ္ေပ်ာ္သြားသည္။
ဆက္ရန္