14

36K 2.9K 263
                                    

" ခင်ဗျားက ဘာလာလုပ်တာလဲ။ "

​​သောက စိတ်မကြည်သည့် မျက်နှာထားနဲ့ ​ပြောချလိုက်​တော့ မ​ဟော်က နှုတ်ခမ်းတွန့်ရုံသာ ပြုံးသည်။ ကားတံခါးကို ပိတ်လိုက်ပြီးမှ ​သော အနားသွားကာ လက်ထဲမှာ ကိုင်ထားသည့် စက္ကူအိတ်ကို ​သောကို ထိုး​ပေးသည်။

" ​ရော့ ... အ​မေက လမ်းကြုံ​ပေးခိုင်းလိုက်တာ။ ဆိတ်သား​ခြောက်​ကြော်နဲ့ ပြည်ကြီးငါး​ခြောက်​ကြော်။ "

​​​သောက ​ကျောပိုးအိတ်​လေးကို ပခုံး​ပေါ် ဆွဲတင်ရင်းမှ မ​ဟော့်လက်ထဲက စက္ကူလက်ဆွဲအိတ်ကို အားဖြင့်ဆွဲယူလိုက်သည်။အတွင်းထဲမှာ ဖန်ပုလင်းနှစ်လုံးဖြင့် ​သော ကြိုက်သည့်ဟင်းကို ထည့်ထား​ပေးသည်။

" ​ကျေးဇူးပဲ ... အန်တီခင်သန်းနွယ်ကို ​ပြောတာ။ "

လာပို့​ပေးသည့် မ​ဟော့်ကို ​ကျေးဇူးမတင်ဘူးဆိုတဲ့ မျက်နှာ​ပေးဖြင့် ​ပြော​နေတာမို့ တကယ်ရိုက်ချင်စရာ ​ကောင်းသည်။ ​သောက သင်တန်းထဲ ဝင်ဖို့ ​ခြေလှမ်းကို ဦးတည်လိုက်​တော့ မ​ဟော်က ​သော၏ ​ကျောပိုးအိတ်ကို ဆွဲထားသည်။

" မင်းတို့ မန္တ​လေးက လူ​တွေက ဧည့်သည်ကို ဒီလိုပဲ ဧည့်ခံတာလား။ "

" လမ်းကြုံဝင်လာတာဆို ...ဧည့်ခံဖို့ မလိုဘူး​လေ။ "

​သောက ရုပ်တည်ကြီးဖြင့် အတည်ကြီး မ​ဟော်ကို နှင်ထုတ်​​နေသည်။ မ​ဟော်က ​သော၏ နှာ​ခေါင်းလုံးလုံး​လေးကို လက်နဲ့တစ်ချက်​တောက်​လိုက်ပြီး ​ပြောသည်။

" ငါတို့​ဒေသကို လာတုန်းက ကိုယ့်အိမ်ကိုယ့်ယာလို စား​သောက်သွားတာကို ​မေ့​နေတာလား။ "

" ကျစ် ... အ​အေးလိုက်တိုက်မယ်။ "

​သောက ​ရှေ့ကထွက်သွားသည်။ အဖြူ​ရောင်ရှပ်အင်္ကျီအ​ပေါ်မှာ အကွက်လက်ရှည်​လေး ထပ်ဝတ်ထားပြီး ​​ခြေမျက်စိအထက်သာ အရှည်ရှိ​သော ဂျင်း​ဘောင်းဘီ ဝတ်ထားသည့် ​သောက တကယ် ချစ်ဖို့​ကောင်းသည်။သင်တန်းနားက ​ရေခဲမုန့်နှင့် အ​အေးဆိုင်မှာပဲ ဝင်ထိုင်လိုက်ကြသည်။

" Recommend​ပေးမလား။ "

မ​ဟော်က ​ပြောလိုက်​တော့ ​​သောက Menu​ကဒ်ကို ဆွဲယူလိုက်သည်။မ​​ဟော် အချိုမကြိုက်တာ မှတ်မိတာမို့ နို့အရသာနှင့် ​ရေခဲမုန့် နှစ်ခွက် အရင် မှာလိုက်သည်။

North  Star (Completed)Where stories live. Discover now