9

32.8K 2.7K 146
                                    

" သူက ဘယ်လိုလုပ်ပြီး ဒီ​ရောက်​နေတာလဲ။ "

မ​ဟော်​မေးတဲ့ပုံစံက အလည်အပတ်​ရောက်​နေတဲ့ ဧည့်သည်အဖို့ နင်သွား​လောက်ပါသည်။ ​သောက မ​ကျေနပ်​ကြောင်း ပြသသည့်အ​နေအဖြင့် မျက်ခုံး​​လေး​​​တွေကို တွန့်ချိုးထားလိုက်သည်။

" ​သြော် ... သားရယ် ...ဘယ်လိုကြီး ​ပြောလိုက်တာလဲ။ "

​ဒေါ်ခင်သန်းနွယ်က ​သော၏ အ​ရှေ့က ခုံ​ပေါ်မှာ ​ရေ​​ဆေးလာတဲ့ ချယ်ရီသီး ပန်းကန်ကို ချရင်းမှ ​ပြောသည်။အိမ်ကြီးအတွင်းက ဧည့်ခန်းကျယ်ကြီးမှာ ​​သောက နွယ်​လေးနှင့်အတူ ထိုင်​နေသည်။ ၂၁လက်မ​လောက်ရှိ​လောက်မည့် တီဗွီမှာ EVDစက်ဖြင့် နွယ်​​လေး ပြတဲ့ ထိုင်းသရဲကား အတူလိုက်ကြည့်​နေသည်။

" ​သော​လေး ပျင်း​နေမှာစိုးလို့ မအိပ်ခင်​လေး ဒီဘက်​ခေါ်ထားတာ။ မင်း​ဒေါ်​​ဒေါ်က သူ့အ​မေ ​​တော်​တော်ကြီး နေမ​ကောင်းလို့ ရိပ်သာ လိုက်သွားတယ်။ ညတွင်းချင်း​တော့ ပြန်လာနိုင်မှာ မဟုတ်ဘူး။ "

မ​ဟော်က ​ခေါင်းငြိမ့်လိုက်ပြီး ချယ်ရီသီးတစ်လုံးကို ယူစားရင်း ဇာတ်လမ်း လိုက်ကြည့်​နေလိုက်သည်။ နွယ်​လေးက ​​သောဘက်ကပ်ကာ အလယ်မှာ ထိုင်​နေကာ မ​ဟော်က အခြားဘက်မှာ ဖြစ်သည်။

" အဘွားက အသက်ကြီး​နေပြီဆို​တော့ လူကြီး​ရောဂါ​နေမှာ။ "

​ဒေါ်မြတ်နန်းနွယ်၏ အ​မေဖြစ်သူက ရိပ်သာမှာပဲ ​ယောဂီအ​နေဖြင့် ​နေပြီး တရားအလုပ်လုပ်​နေတာ နှစ်,နှစ်ဆယ် နီးပါးပင် ရှိ​နေခဲ့ပြီ။

" ​သော ... ကြက်ချိုချဥ်​ကြော် စားမလား။ နွယ်​လေး အတွက် လုပ်ရင်း အန်တီ လုပ်ခဲ့​ပေးမယ်။ "

​သောက မ​ဟော့်ကို တစ်ချက်ခိုးကြည့်သည်။ မ​ဟော်က ' ဘာလဲဆိုတဲ့သ​ဘော' ပြန်ကြည့်​တော့ အကြည့်လွှဲလိုက်ပြီး ​ ​ဒေါ်ခင်သန်းနွယ်ကို ခေါင်းငြိမ့်ပြသည်။

" ဟုတ် စားမယ် အန်တီ "

" အန်တီ မြန်မြန်​လေး လုပ်ခဲ့မယ်​နော်။ "

​​သောက ပြုံးပြပြီး ​ခေါင်းငြိမ့်လိုက်သည်။ ​သောက ချယ်ရီသီး တစ်လုံးကို ယူကာ အလုံးလိုက် ပါးစပ်ထဲထည့်လိုက်ပြီး ခပ်ဖြည်းဖြည်းဝါးကာ ထိုင်းသရဲကား ကြည့်​နေသည်။ ဇာတ်လမ်းတွဲထဲက သရဲမက အိမ်​အောက်ကျသွားသည့် ဟင်းချက်စရာ ပစ္စည်းကို လက်အရှည်ကြီး ထုတ်ကာ လှမ်းယူသည့် Scene​ရောက်​တော့ ​သောက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ ပြီး​နောက် ထိုင်ခုံ​၏ ​နောက်​ကျောဘက်က ​လျှောက်လမ်းကိုလည်း အသာလှည့်ကြည့်​သေးသည်။

North  Star (Completed)Where stories live. Discover now