North Star (Completed)

By TreasureHeaven

1.4M 100K 7.1K

MyanmarxOC 1.5.2023 _ 30.6.2023 More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
24
25
26
27
28
29
30
31
32
33
34
35
ဇာတ်သိမ်းပိုင်း
🤗🤗🤗
💞

23

36K 2.5K 188
By TreasureHeaven

" အန်တီခင်သန်းနွယ် ဟင်း​တွေက အများကြီးပဲ။ "

​သောက မီးဖို​​ချောင်၏ ထမင်း၊ဟင်းချက်သည့် စင်​ပေါ်လက်​​ထောက်ထားရင်းမှ ​မေးလိုက်သည်။​ဒေါ်ခင်သန်းနွယ်က ဆိတ်သားဟင်းအိုးထဲ အနံ့​မွှေးသည့် သစ်​ခေါက်​တွေ ထည့်​နေရင်းမှ ​​သောကို ပြန်​ဖြေသည်။

" ဧည့်သည်လာမှာမို့ ​သောရဲ့။ သားငယ်ရဲ့ သူငယ်ချင်း​ဇေယျာကိုရဲ့ ညီမ​​​လေး လာလည်မှာ။ "

" ​သြော် ... "

​ဒေါ်ခင်သန်းနွယ်က ဟင်းအိုးကို ​ရေထည့်ပြီး အဖုံးပိတ်လိုက်သည်။ပြီး​နောက် ​သော၏ ​မေးဖျား​လေးကို လက်​လေးနဲ့ တို့ပြီး ​ပြောသည်။

" ​သောက အနှစ်များတဲ့ ဟင်း​​​တွေ သိပ်မကြိုက်ဘူးမလား။ ဧည့်သည်လာမှာမို့ မျက်နှာပန်း လှ​အောင် ဆီပြန်​​တွေ ချက်ထားတာ။ ​သောအတွက် ဆိတ်သား​ခြောက်​ကြော်လည်းရှိတယ်။ ပုစွန်ငါးပိ​ဖျော်​​ရော၊ ပြီးရင် ကင်းမွန်ကို ကြက်သားအဆာသွပ်​ပေးမယ်။ "

" အန်တီခင်သန်းနွယ်ကို တကယ်ကို အများကြီး ချစ်တယ်။ "

​သောက ​သင်တန်းပိတ်ရက် ဖြစ်တာမို့ ​ဒေါ်ခင်သန်းနွယ် ဟင်းချက်သည့် ​နေရာမှာပဲ တဝဲလည်လည် ရှိ​နေသည်။ဆိတ်သား​ခြောက်​ကြော် နှိုက်စားလိုက်၊ ပုစွန်ကို ဖဲ့စားလိုက် လုပ်​နေပြီး ​ဒေါ်ခင်သန်းနွယ် ဟင်းချက်သည်မှာ လိုအပ်သည့် ဟင်းခတ်ပစ္စည်း​တွေ ယူ​​ပေးပြီး ကူညီ​ပေးသည်။

နှစ်နာရီခွဲ​လောက် ကြာသွား​တော့ ဟင်းအားလုံး အကုန်အဆင်သင့် ဖြစ်သွားသည်။​သောက ဟင်းပန်းကန်​တွေကို စားပွဲ​ပေါ် ​သပ်သပ်ရပ်ရပ် တင်​ပေးသည်။

မီးဖို​ချောင်ထဲ သန့်ရှင်း​ရေး လုပ်​နေကြတုန်း ကားသံလည်း ကြားလာရသည်။ မ​ဟော်တို့ ​​​ရောက်​နေပြီ ထင်သည်။

" အန်တီ "

မ​ဟော့်သူငယ်ချင်းရဲ့ ညီမ​​လေးဆို​တော့ ခပ်ငယ်ငယ်​လေး ထင်ထား​ပေမယ့် ​သောနှင့် မတိမ်းမယိမ်းအရွယ်​လောက်ပင်။ ခပ်​ချော​ချော မျက်နှာ​လေးလည်း ရှိကာ ရယ်လိုက်တိုင်း မျက်နှာ​လေးက က​လေးနဲ့ပိုတူသွားသည်။ ​ဒေါ်ခင်သန်းနွယ်၏ ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ကာ နှုတ်ဆက်​တော့ ​ဒေါ်ခင်သန်းနွယ်က ပြန်ဖက်ထားသည်။

" လွမ်း​နေတာ။ "

" အန်တီလည်း သတိရပါတယ်။ ​ဟေမာကို ​ကျောင်းသွားတက်ကတည်းကဆို​တော့ တစ်နှစ်​​ကျော်လောက်​တောင် ရှိ​ရော​ပေါ့။ "

" ဟုတ်တယ် ... အရင်တစ်​နေ့ကမှ အိမ်ပြန်​ရောက်တာ။ ဒီ​​နေ့ အစ်ကိုနဲ့အတူ လိုက်လာပြီး အန်တီ့ကို လာ​တွေ့တာပဲ။ "

မ​ဟော်က အခုမှ အိမ်ထဲ ဝင်လာသည်။လက်ထဲမှာ ဆွဲထားသည့် ​စက္ကူအိတ်ကို  ထမင်းစားပွဲ​ပေါ် တင်လိုက်ပြီး ​​ဘေးက တစ်သျူးဘူးထဲမှ နှစ်ရွက်၊သုံးရွက် ဆွဲထုတ်လာကာ ဟင်းနှိုက်စားထားလို့ ဆီ​ပေ​နေသည့် ​သော၏ လက်ကို သုတ်​ပေးသည်။

" ချယ်ရီသီး​တွေ ဝယ်လာတယ်။ အခု စား​ချင်လား ... ​ရေ​ဆေး​ပေးမယ်။ "

​သောက ​ခေါင်းငြိတ်ပြလိုက်သည်။မ​ဟော်က စားပွဲ​ပေါ်က အိတ်ထဲမှ ချယ်ရီသီးဘူးကို ထုတ်ပြီး ​ရေ​ဆေး​သည်။ပြီး​နောက် ပန်းကန်ပြားထဲ ထည့်ကာ ​သောကို ​ပေးသည်။

" အ​မေ ဧည့်သည်ကို ​နေ့လယ်စာ​ကျွေးရ​အောင်​လေ။ "

​​​​​​ဇေယျာကို၏ ညီမ​လေးမို့ မ​​ဟော်က ​ဟေမာကိုနဲ့ ရင်းနှီး​ပေမယ့် အရမ်းခင်​နေတာမျိုး​တော့ မဟုတ်​​ပေ။ အရင်ကတည်းက အရမ်းကပ်လွန်းလို့ စိတ်ရှုပ်ရတာမျိုးရှိသည်။ ​ဇေယျာကိုနဲ့က လုပ်ငန်းတူ သူငယ်ချင်းမို့ ဒီ​ကောင်မ​လေးကိုလည်း အလိုက်အထိုက်သာ ဆက်ဆံလိုက်သည်။

" အန်တီ့လက်ရာကို အကြိုက်ဆုံးပဲ။ ဆယ်တန်း​လောက်တုန်းက အိမ်ကအစ်ကိုနဲ့ ဒီကိုလာတိုင်း ​နေ့လယ်စာ စားပြီးမှ ပြန်တာ အခုထိ မှတ်မိ​သေးတယ်။ "

" အများကြီး ထည့်စား​​နော်။ "

​​​သောက ဗိုက်မဆာတာမို့ ထမင်းဝင်မစားဘဲ ​ဘေးမှာ ထိုင်ရင်း ချယ်ရီသီး​တွေသာ စား​နေသည်။ မ​ဟော်နှင့် ​ဒေါ်ခင်သန်းနွယ်က​တော့ ဧည့်သည်နှင့်အတူ ထမင်းစား​​ပေး​နေသည်။

" ​​သောက သမီးအစ်ကိုနဲ့ လက်ထပ်ထားတာ​လေ။ "

​ဟေမာကိုက ​​သောကို ကြည့်လာ​တော့ ​ဒေါ်ခင်သန်းနွယ်က ဝင်​ပြောလိုက်သည်။ ​သောက ပြုံးပြလိုက်​တော့ တစ်ဖက်ကလည်း ပြန်ပြုံးပြသည်။

" အစ်ကိုက ဒီကို လာတဲ့ လမ်းမှာ အိမ်က က​လေးက ချယ်ရီသီးကြိုက်တယ်။ ဝယ်ခဲ့ရဦးမယ်လို့ ​ပြော​နေ​သေးတာ။ အစ်ကိုနဲ့ လက်ထပ်ထားတာဆို​တော့ အစ်ကို့စံနှုန်းနဲ့ဆို အရမ်း​ချောမယ် ထင်ထားတာ။ မ​ချောပေမယ့် ကြည့်​လို့​တော့ကောင်းပါတယ်။ "

​သောက ချယ်ရီသီးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီးမှ မဝါးဘဲ ငြိမ်သွားသည်။ ဒီ​ကောင်မ​လေး ​ရောက်လာကတည်းက မ​ဟော့်ကိုပဲ အာရုံစိုက်ကာ လိုတာထက် ပိုကပ်​နေတာ ​သောလည်း ရိပ်မိပါသည်။ ဘာမှလုပ်ပြ​နေတာမဟုတ်ဘဲ အချစ်နှင့်ပတ်သတ်ပြီး လူတစ်​ယောက်၏ ဆဌမ အာရုံဆိုသလို အလိုလို ခံစားမိ​​နေသည်။

​ဟေမာကို၏ စကား​ကြောင့် ​​သောတင်မဟုတ်ဘဲ မ​ဟော်နှင့်​ဒေါ်ခင်သန်းနွယ်ပါ မျက်နှာတည်သွားသည်။

" အန်တီမြတ်ဆီ သွားလိုက်ဦးမယ်။ "

​သောဘယ်​လောက်ပဲ က​လေးဆန်ပြီး​ဆိုး​နေပါ​စေဦး။ မိန်းက​လေး တစ်​ယောက်နဲ့တုပြိုင်ပြီး စကားနိုင်မလုသင့်တာ သိတာမို့ ​သောက ချယ်ရီသီး ပန်းကန်ကို သိမ်းခဲ့ကာ ထွက်လာခဲ့သည်။

" သမီး​​ရေ တစ်မျိုး​တော့ မထင်နဲ့​နော်။ ​သောက ဒီအိမ်မှာ က​လေးလို ဖြစ်​​နေ​တော့ အန်တီတို့က သည်းတယ်။ သူ့ကို တမင်တကာပဲဖြစ်ဖြစ်၊ မရည်ရွယ်ပဲ ဖြစ်ဖြစ် စိတ်မ​ကောင်း ဖြစ်​​အောင် ​ပြောတာမျိုး​လေး ဆင်ခြင်​ပေး​နော်။ "

​ဒေါ်ခင်သန်းနွယ်က ​​ပြော​လိုက်သည်။ ဧည့်သည်မို့ ဧည့်ဝတ်​​ကျေချင်​ပေမယ့် အိမ်ရှင်ကို မထိ​လေးစား လုပ်တာမျိုး​တော့ မကြိုက်​ပေ။ ဒီ​ကောင်မ​လေးက ဆယ်တန်းကတည်းက အိမ်လာလည်တိုင်း မ​ဟော့်ကို အရမ်းကပ်တာကို သတိထားမိသည်။

" ဟုတ်ကဲ့ပါ အန်တီ။ သမီးက စိတ်ထဲရှိတဲ့အတိုင်း ​ပြောတတ်လို့ပါ။ အစ်ကိုနဲ့ မလိုက်ဘူး ထင်လို့ မစဥ်းစားဘဲ ​ပြောလိုက်မိတာပါ။ "

မ​ဟော်က ​ရေခွက်ကို ကိုင်ကာ ​ရေ​​သောက်လိုက်ပြီးမှ ​ပြောချင်သမျှ စကားလုံး​တော်​တော်များများကို မြိုချကာ လိုရင်းကိုပဲ ​ပြောလိုက်သည်။

" စိတ်ထဲရှိတဲ့အတိုင်း ထင်ရာ​ပြောတတ်တာက လူ​တိုင်း​​တော့ ချစ်ဖို့​ကောင်းမ​နေဘူးကွ။ "

" ဟုတ်ကဲ့ "

မ​ဟော့်ပုံစံနှင့်ဆို အခုထက် ပို​ပြောလိုက်မှာ ဆို​ပေမယ့် အခုက ကိုယ့်အိမ်အလည်လာတဲ့ အချိန်မို့​ရော၊ ​ဇေယျာကို၏ မျက်နှာ​​​​ရော​ကြောင့် စကားလုံး​တွေကို ထိန်းသိမ်းထားရသည်။​စိတ်ထဲမထားဘဲ ထင်ရာ​ပြောတတ်သည့် အကျင့်​လေးက ​သောတုန်းက မ​ဟော့်အတွက် ချစ်ဖို့​ကောင်းသ​လောက် အခြားသူတစ်ဦးဆီမှာ ဒီအကျင့်ရှိ​နေ​တာကျ​တော့ မ​ဟော့်အတွက် အာရုံညစ်ညူးကာ စိတ်ပျက်စရာ​ကောင်း​စေပြန်သည်။

" ကဲကဲ ... စားကြရ​အောင်။ စိတ်ထဲ မထားပါနဲ့။ နားလည်မှု လွဲသွားကြတာ​​လေးပါ။ "

​ဒေါ်ခင်သန်းနွယ်က လူကြီးပီပီ ကြားမှ ဝင်​ပြော​ပေးလိုက်သည်။ထမင်းစားပြီး​နောက် ​ဒေါ်ခင်သန်းနွယ်ကပဲ ​ဟေမာကိုနဲ့ စကား​ပြော​နေ​ပေးပြီး မ​ဟော်က ​​သောရှိရာဆီ ထွက်လာခဲ့လိုက်သည်။

.......................

" မလုပ်တတ်ရင် ဒီအတိုင်းထိုင်​နေနော် ​သော။ "

" လုပ်တတ်ပါတယ် အန်တီမြတ်ကလည်း ... ဒီ​လောက်လွယ်တဲ့ဟာ ... "

​နေကြာပန်း​တွေကို အ​ခြောက်လှန်းထားပြီး ​နေကြာပန်းထဲမှ ​နေကြာ​စေ့လုပ်သည့် ဝတ်ဆံ​တွေကို သူ့အ​စေ့နှင့်သူ ထွက်လာ​အောင် လက်ကိုင် သစ်သားတုတ်နှင့်ရိုက်ရသည်။မ​ဟော်တို့ ခြံထဲက ​နေကြာပန်း​​ခြောက်တွေကို ​ဘေးခြံက က​လေး​တွေက ​နေကြာ​စေ့ရ​အောင် လာထုတတ်သည်။ ပြီးရင် အခြားမှာ ပြန်​ရောင်းကြသည်။ ​ဒေါ်မြတ်နန်းနွယ်က က​လေး​တွေကို ကူလုပ်​ပေး​နေ​​တော့ ​သောကလည်း ကူလုပ်​ပေးသည်။

" ဝတ်ဆံရဲ့ အလယ်ကို ရိုက်လိုက်​ သော။ ဒါဆို ခဏ​လေးနဲ့ အကုန်​ကြွေကျသွားတယ်။ "

" ဟုတ် "

​သောက ​ဒေါ်မြတ်နန်းနွယ် လုပ်ပြသည့်အတိုင်း ​နေကြာဝတ်ဆံအုံ အ​ခြောက်ကို ​မှောက်လိုက်ပြီး အလယ်ကို သစ်သားတုတ်​လေးနဲ့ ရိုက်သည်။လုပ်​ပေး​နေရင်းမှ ခုနတုန်းက မိန်းက​လေးမို့ သည်းခံလာခဲ့ရသည်ကို ​တွေးမိ​​တော့ လက်က အားပါသွားသည်။ ငါးခု​မြောက် ​နေကြာဝတ်ဆံမှာ ​သော၏ လက်​ချောင်းထိပ်​လေးကို ​ချော်ကာ ရိုက်မိသည်။

" အား ... "

​​အနည်းငယ် နာသွားတာမို့ သောက လက်ကို ခါ​နေလိုက်သည်။​သော၏ စိတ်က ဒီမှာမရှိတာ​ကြောင့် မ​တော်တဆ ရိုက်မိသွားတာပင်။

" ​သော ... "

မ​ဟော်က ​သောကို ​​တွေ့သည်နှင့် ချက်ချင်းပင် အနား​ရောက်လာသည်။ ရှပ်ထိမိသွားတဲ့ ​သော၏ လက်​လေးကို လက်ဖဝါးထဲ ထည့်ဆုပ်​ပေးထားသည်။

" အာရုံ​တွေက ဘယ်ကို ပြန့်​နေတာလဲ။အခုမှ လုပ်​ဖူးပြီး အာရုံက အခြား​ရောက်​နေတာ။ "

​​သောက မ​ဟော့်လက်ထဲမှ သူ၏ ဘယ်ဘက်လက်​လေးကို ရုန်းသည်။မ​​ဟော်က ပြန်ဆွဲထားလိုက်ပြီး ​သော၏ ပခုံးမှ ​ပွေ့ဖက်ကာ မတ်တပ်ရပ်​စေသည်။

" ဒဏ်​ကြေ​ဆေးလိမ်း​ပေးမယ်။ အိမ်ထဲသွားရ​အောင်။"

​သောက ​ခေါင်းရမ်းပြသည်။

" ​ဟေမာကို ​ပြောတဲ့စကားကို စိတ်ခုသွားတာလား။ "

​သောက ​ခေါင်းရမ်းပြန်သည်။

" မိန်းက​လေးနဲ့ပြိုင်​ပြောရ​လောက်​အောင်ထိ စိတ်သ​​​ဘောထား မ​သေးသိမ်ဘူး။ ဒီတိုင်းပဲ  ကိုယ် အမြင်မကြည်တဲ့သူကို မ​တွေ့ချင်လို့။ "

" သူ့ကို အ​​မေစကား​ပြော​​ပေးနေတယ်။ကိုယ်က ​သောကို ​ဆေးလိုက်လိမ်း​ပေးမယ် ​​နော်။ "

မ​ဟော်က ​ချော့​ပြောမှ ​​သောက မျက်နှာ​လေး မပြုံးမရယ်နဲ့ မ​ဟော်နှင့်အတူ အိမ်ထဲ တစ်​ခေါက်ပြန်လိုက်လာသည်။

" ဒီမှာခဏထိုင်ဦး။ ကိုယ် ​ဒေါ်​ဒေါ့်ဆီက လိမ်း​ဆေးဘူး သွားယူ​လိုက်ဦးမယ်။ "

မ​ဟော်က ​​​သောကို ဧည့်ခန်းမှာ ထိုင်​စေပြီးမှ လိမ်း​​ဆေးယူဖို့ ထွက်လာသည်။ တံခါး​ဝမှာတင် ​ဒေါ်မြတ်နန်းနွယ်နဲ့ဆုံကာ သူမက လိမ်း​ဆေးဘူးကို ယူလာသည်။

" ​ဒေါ်​ဒေါ် ယူခဲ့တယ်။ "

​ဒေါ်မြတ်နန်းနွယ်က လိမ်း​ဆေးဘူး​လေးကို ​မြောက်ပြလိုက်ပြီး မ​​ဟော်နှင့်အတူ အိမ်ထဲ လိုက်ဝင်လာသည်။မ​ဟော်က လိမ်း​ဆေး​လေးကို လက်ထဲ အနည်းငယ် ယူပြီး ​သော၏ လက်​ချောင်းထိပ်​လေးကို ခပ်ဖွဖွ​လေး လိမ်း​ပေးသည်။

" တစ်ခုခုလုပ်လိုက်တိုင်း ဒဏ်ရာရတာမျိုးကြီးက ​အကျင့်လို မဖြစ်​စမ်းနဲ့။ ဂရုစိုက်စမ်း ​သော။ ခဏခဏ ဒဏ်ဖြစ်​နေတာ။ "

​သောက ဘာမှမ​ပြောဘဲ ငြိမ်​နေသည်။ ​ဒေါ်ခင်သန်းနွယ်က အသီးပန်းကန်ကိုကိုင်ကာ ​ဟေမာကိုနှင့်အတူ ဧည့်ခန်းမှာ လာထိုင်သည်။ ​သော ထိခိုက်မိတာသိ​တော့ မ​ဟော် ​ဆေးလိမ်း​ပေး​နေတာကို​တောင် အသည်းအသန် ကူလုပ်​ပေး​​နေသေးသည်။

" နည်းနည်း​လေး ထိမိတာပါ။ ​ရောင်သွားရုံ​လေးတင် ... ဘာမှမဖြစ်ဘူးရယ်။ "

​သောကိုပဲ ဝိုင်းဂရုစိုက်​နေကြ​တော့ ​​ဟေမာကိုက ​သောကို တစ်ချက်ကြည့်လိုက်သည်။ တစ်​ယောက်တည်းဆို ​သော၏ ရုပ်ရည်က ချစ်ဖို့​ကောင်းသလို ရှိ​ပေမယ့် မ​ဟော်နဲ့ တွဲမြင်လို့မရ​ပေ။ မ​ဟော်၏ ရုပ်ရည်က စံချိန်ပြည့် ​ချောပြီး အထက်တန်းဆန်သည်။​သူမ၏ အချစ်ဦး ဖြစ်ခဲ့တဲ့ မ​ဟော့်ကို လုချင်တာမျိုး မဟုတ်​ပေမယ့် ကိုယ်မရနိုင်တာ တစ်ခုကို တစ်သက်စာ ပိုင်ဆိုင်သွားတဲ့ ​​သောကို မနာလိုဖြစ်တာ​ကြောင့် ​သော မခံချင်​အောင်​ပြောချင်​နေမိသည်။

" မြတ်​သောကို အရမ်းဂရုစိုက်ကြတယ်​နော်။ မိဘမရှိ​တော့ အန်တီမြတ်နန်းနွယ်တို့ကပါ ဝိုင်းချစ်​​ပေးကြတာပဲ။ "

​ဟေမာကိုက ​သူမကြားထားသည်ကို ပြောလိုက်​တော့ ​ဒေါ်မြတ်နန်းနွယ်က ​ဆေးဘူးအဖုံးကို ပိတ်​နေရင်းမှ မျက်နှာ မကြည်လင်စွာဖြင့် ပြန်​ပြောသည်။

" ​သောမှာဘာလို့ မိဘမရှိရမှာလဲ။ ငါနဲ့ဦးဟန်သာက သူ့မိဘ​တွေပဲ။ မင်္ဂလာဆွမ်းကပ်တုန်းကလည်း ​သောမိဘ​နေရာမှာ ငါတို့ပဲ​နေ​ပေးတာ။ ​ဟော ... အစ်မခင်သန်းနွယ်ကလည်း သူ့အ​မေပဲ။ "

​သောက ​​ဟေမာကို့ကို ကြည့်ပြီးမှ ထပ်​ပြောလိုက်သည်။

" ဟုတ်တယ် ... မိဘတင်မကဘူး။ချစ်​ပေး၊အလိုလိုက်​ပေးမယ့် ​အိမ်​ထောင်ဖက်လည်း ရှိတာမို့ အခြားသူ​​တွေ မနာလို​လောက်​အောင်အထိ ဘဝကြီးက ပြည့်စုံပြီးသား။ "

" သမီး ပြန်​တော့မယ်ဆိုရင် လိုက်ပို့ခိုင်းလိုက်မယ်​လေ။ "

ရိုင်းသွားသလား မသိ​ပေမယ့် ​ဒေါ်ခင်သန်းနွယ်က ထုတ်​ပြောလိုက်သည်။ ဒီ​ကောင်မ​လေး ​သောကို လိုက်ဆွ​နေတာမို့ အရင်က သံ​ယောဇဥ်​ထောက်ပြီး ကြည်ဖြူမ​​ပေးနိုင်​တော့​ပေ။သိသိသာသာကို နှင်လိုက်သည်။

" ဟုတ်ကဲ့ ... ​နောက်မှ အလည်ထပ်လာပါ့မယ်။ "

​ဟေမာကိုက မီးဖို​ချောင်ထဲ ထားခဲ့သည့် သူမ၏ အိတ်ကို သွားယူသည်။

" လက်က ဘာမှမဖြစ်​တော့ပါဘူး။ စာသွားကြည့်လိုက်ဦးမယ်​​နော်။ "

​​သောက မ​ဟော့်ကို မကြည့်ဘဲ လူကြီး နှစ်​​ယောက်ကို နှုတ်ဆက်ပြီး အိမ်​​ပေါ်တက်လာခဲ့သည်။ အခန်းထဲ ​ရောက်​တော့ အိပ်ယာ​ပေါ် ဝင်လှဲ​နေလိုက်သည်။​သော ဘယ်​လောက်ပဲ စိတ်တို​​နေ​နေ တစ်ဖက်က မိန်းက​လေးဖြစ်​နေ​တော့ အနည်းနဲ့အများ​တော့ သည်းခံရသည်။

" အိပ်လိုက်​တော့မယ်။ နိုးလာရင် စိတ်ကြည်သွားမှာ။ "

​သောက ​​စောင်ကို ဆွဲယူလိုက်ပြီး ​ခေါင်းထိ လုံ​အောင် ခြုံလိုက်သည်။နှစ်မိနစ်​လောက်ကြာ​တော့ ​​သောအိပ်​နေသည့် ​မွေ့ယာက အိခနဲ ဖြစ်သွားပြီး ​သော၏ ​ဘေးမှာ တစ်​​​ယောက်​​ယောက် ဝင်လှဲအိပ်သလို ခံစားချက်မျိုးရသည်။​သောက ​စောင်ခြုံထားသည်ကို ဖယ်လိုက်တော့ ​သော၏ မျက်နှာ​လေး ​ပေါ်ရုံမှာတင် ​​ဘေးတ​​စောင်း အိပ်​နေသည့် ​သောကို အ​နောက်က သိုင်းဖက်လာကာ ​​သော၏ လက်နှစ်ဖက်ကိုလည်း ချုပ်ထားပြီး  ​သော၏ ​ပေါင်နှစ်ဖက်ကိလည်း ​ခြေ​​​ထောက်ဖြင့် ခွကာချုပ်ထားသည်။လာဗင်ဒါရနံ့ ခပ်သင်းသင်းလည်း ​သော၏ နှာ​ခေါင်းဝမှာ ရ​နေ​သေးသည်။

" ခင်ဗျား ဟိုတစ်​ယောက်ကို လိုက်ပို့တာ မဟုတ်ဘူးလား။ "

"ကိုယ်မအားဘူး ... "

" အလုပ်ကို ပြန်သွားရမှာ​လား။ "

" မဟုတ်ဘူး ... ဘယ်မှမသွား​တော့ဘူး၊သွားချင်စိတ်လည်း မရှိဘူး ... ကိုယ့်ရဲ့ဆုဆုနဲ့ အခုလိုပဲ ဖက်အိပ်​တော့မလို့​။ '

မ​ဟော်က ​​ပြော​နေရင်းမှ ​သော၏ ​ဆံပင်​လေး​တွေထဲ မျက်နှာအပ်ကာ ​သလဲသီး ခေါင်း​လျှော်ရည်ရနံ့အနည်းငယ်သာ ရ​နေ​သော ​သော၏ ဆံပင်​တွေကို ​မွှေ​နှောက်ကာ နမ်းသည်။​သောက ​စောင်ထဲမှ လက်ထုတ်ကာ အ​နောက်မှ သိုင်းဖက်ထားသည့် မ​ဟော်၏ လက်​ကောက်ဝတ်အ​ပေါ်မှာ လက်​လေးဖြင့် ပြန်ကိုင်ထားလိုက်သည်။

" စိတ်တို​နေ​သေးလား။ "

​မ​ဟော်က ​မေး​တော့ သောက ​ခေါင်းငြိတ်​သည်။ပြီး​နောက် မ​ဟော်၏ ဘယ်ဘက်လက်​မှာ ပတ်ထားသည့် လက်ပတ်နာရီ​လေးကို လက်​မနှင့်လက်ညှိုးလေးကို သုံးကာ ကစား​နေသည်။

" သူ​ပြောတာလည်း မမှားပါဘူး။ ကျွန်​တော့်ဘာသာ စိတ်တို​နေတာ။ စိတ်ကြည်​အောင် အိပ်လိုက်ဦးမယ်။မဟုတ်ရင် ဒါပဲ​တွေးမိပြီး စိတ်ဆိုး​နေမိမှာ။ "

" အင်း ... တ​​ရေး​လောက် အိပ်လိုက်​လေ။ လာ ... ဒီဘက်လှည့် ... ကိုယ်​သိပ်​ပေးမယ်။ "

​သောက မရယ်မပြုံးဘဲ ပကတိ မျက်နှာ​လေးဖြင့် လှည့်လာသည်။ မ​ဟော်က ​သောကို ​ပွေ့ဖက်လိုက်​တော့ ​သောက မ​ဟော့်လည်တိုင်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ပြီး မ​ဟော်၏ ရင်ဘတ်မှာ မျက်နှာအပ်လာသည်။

"စိတ်ထိန်းလိုက်ရလို့  ကိုယ်တို့ ​ဆုဆု အများကြီး ပင်ပန်းသွားမှာပဲ။ "

​သောက မ​ဟော့်ရင်ဘတ်မှာ မျက်နှာအပ်ထားရင်းမှ ​ခေါင်းငြိတ်ပြသည်။ မ​ဟော်က ​​ခေါင်းငုံ့ကာ သော၏ နားရွက်​​လေးကို ခပ်ဖွဖွ နမ်းပြီး ​​သော၏ ​ကျော​လေးကို လက်နဲ့ပွတ်​ပေး​နေသည်။

လူ​တော်​တော်များများ ​ပြောကြသည်က အိမ်​ထောင်ကျပြီးလျှင် အချစ်ထက် သံ​ယောဇဥ်ကသာ အ​လေးသာသွားသတဲ့။ မ​ဟော့်အတွက်​တော့ ​ပြောင်းပြန်ပင်။ အိမ်​ထောင်ကျပြီးသွားမှ ​သောကို ပိုပိုပြီး အချစ်တိုးလာသည်။ မိနစ်နှင့်အမျှ ပိုပိုချစ်လာတာမျိုး ဖြစ်သည်။ ​သောက  ဆိုး​ပေမယ့် ​ချစ်စရာ​ကောင်းသည့် ဘောင်တစ်ခုအတွင်းမှာ ဆိုးတာမျိုး ဖြစ်သည်။အလိုလိုက်ချင်စရာ​ကောင်း​လောက်​အောင် ဆိုးတတ်တာ​လေးမို့ မ​ဟော်က အမြဲတမ်းလိုလို အ​လျော့​ပေးကာ မသိမသာ အလိုလိုက်သည်။တစ်ခါ​လေး​တောင် မငြိုငြင်ဖူး​ပေ။

...............................

​သော အိပ်ယာနိုး​တော့ မ​ဟော်က ​ဘေးမှာ မရှိ​ပေ။​သောက အိပ်ယာ​ပေါ်က ထလိုက်ပြီး အ​ညောင်းဆန့်လိုက်သည်။ အခု​တော့ စိတ်တိုသမျှ ​​မေ့ပစ်နိုင်သွားကာ စိတ်ကြည်လင်လာသည်။

" ခြံထဲက အသံလား။ "

ဂစ်တာတီးသံကြားတာမို့ ​သောက ပြတင်း​ပေါက်အနား ခပ်သွက်သွက်သွားကာ ပြတင်း​ပေါက်မှ ​အောက်ကို ငုံ့ကာ ကြည့်လိုက်သည်။သီချင်းမဆိုတတ်ဘူး၊ မဆိုချင်ဘူးဆိုတဲ့ မ​ဟော်က ခြံထဲက ဒါန်း​ပေါ်မှာ ထိုင်​နေကာ ​သောကို ​မော့ကြည့်​နေသည်။

" ကိုယ်တို့အိမ်က အငယ်ဆုံး​လေး ဆုဆုတစ်​ယောက်တည်း နား​ထောင်ဖို့အတွက်။ "

မ​ဟော်က သီချင်းဆိုပြမည်ဆို​တော့ ​​သောလည်း စိတ်လှုပ်ရှားသည်။​သောအိပ်ယာနိုးသည်အထိ ဒါန်း​ပေါ်မှာ မ​ဟော်ထိုင်​​​စောင့်​နေတာဖြစ်သည်။ ပြတင်း​ပေါက်တံခါး ဖွင့်ထားတာမို့​ ​သောအိပ်ယာနိုးပြီး အ​ညောင်းဆန့်​နေတာကို မြင်ရမှ ဂစ်တာကို စတင်တီးလိုက်တာ ဖြစ်သည်။

🌸မင်းရဲ့မျက်လုံး​​လေးများက ပုလဲနှင့်မဟူရာ ​ပေါင်းစပ်ထားသလိုနှယ်
​ကော့ညွတ်သွယ်နှုတ်ခမ်း​​လေးများက သိပ်လှ​အောင် ပတ္တမြား​သွေးလိမ်းကာခြယ်
ကိုယ်​နေဟန် အချိုးကျသူရယ်
​ရွှေ​ရောင်လို အသားဝင်း​ဝါတယ်
သွား​လေး​တွေ ​ဖွေး​ဖွေးနုတယ်
ပုလဲ​လေး​တွေ သီကုံးထားသည့်နှယ်တကယ်
မင်းရဲ့ တစ်ကိုယ်လုံးပဲလှတယ်
အဖိုးထိုက်ရတနာ ​ပေါင်းစုထားသလိုနှယ်
ရတနာလို အလှဂုဏ်ကြွယ်သူရယ်🌸

Recommend Song _ ရတနာသူ _ ခင်​မောင်တိုး

" ကိုကို​ယောကျ်ား "

​​အောက်ထပ်ဆင်းလာပြီး မ​​ဟော့်အနားထိ လာကာ ​​သောက ​ခေါ်လိုက်သည်။ မ​ဟော်က ဂစ်တာကို ဒါန်း​ပေါ် ချလိုက်ပြီး ​သော​၏ မျက်နှာ​လေးကို ခပ်ဖွဖွ​လေး ကိုင်သည်။ ပြီး​နောက် ​သော​၏ ပါး​လေးကို လက်မ​နဲ့ ခပ်ဖွဖွ​လေး ပွတ်ကာ ​သော၏ မျက်နှာနားအထိ တိုးကပ်ပြီးမှ နှစ်ကိုယ်တည်း ကြားရုံမျှ ​လေသံအက်ရှရှဖြင့် မ​ဟော်က ​ပြောသည်။

" ​​မင်းက ကိုယ့်အတွက် ရူမငြီးတဲ့ အလှဆုံးပါပဲ ​​သော ။ "

မ​ဟော်က ​​သော၏ နှုတ်ခမ်းဆီ ဦးတည်ပြီး ​ခေါင်း​​စောင်းငဲ့လာ​တော့ ​​သောက ​ခေါင်း​လေးကို တိမ်း​ရှောင်လိုက်သည်။

" ခြံထဲမှာ​နော် ...ကိုကို "

" အကုန်လုံးအပြင် သွားကြတယ် စိတ်ချ။ "

​သောက ပြုံးလိုက်ပြီး မ​ဟော်၏ လည်တိုင်ကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားကာ ​ပြောသည်။

" အဲဒါဆို အချိန်မဆွဲဘဲ ကြာကြာနမ်းကြမယ်​​လေ။ ကိုကို့ Skill​တွေကို ထုတ်ပြလိုက်​တော့။"

" တကယ်ကို မ​​ပြောရဲတာ မရှိဘူး​​​နော် မြတ်​သောဆုပန်။ "

" ကိုကို​ယောကျ်ားလည်း ကိုယ့်​​ယောကျ်ားကို ကိုယ်ပြန်ပိုး​နေတာပဲ​လေ။ "

​သောက မ​ဟော့်ကို ပြန်​ပြောလိုက်​သည်။ မ​ဟော်က ရယ်လိုက်ပြီး ​သောကို အရင်ဆုံး ခါးမှ ​​ပွေ့ကာ ဖက်သည်။ ပြီးမှ ​သောနှင့် လူချင်းအနည်းငယ်သာ ခွာလိုက်ပြီး ​သော၏ နဖူး​က မှဲ့လေးကို တယုတယနမ်းသည်။

ဆက်ရန်
ညရှစ်နာရီထိုးလို့မှ Update မလာရင် အဲဒီညအတွက် Updateမရှိပါဘူး​နော်

Zawgyi

" အန္တီခင္သန္းႏြယ္ ဟင္း​ေတြက အမ်ားႀကီးပဲ။ "

​ေသာက မီးဖို​​ေခ်ာင္၏ ထမင္း၊ဟင္းခ်က္သည့္ စင္​ေပၚလက္​​ေထာက္ထားရင္းမွ ​ေမးလိုက္သည္။​ေဒၚခင္သန္းႏြယ္က ဆိတ္သားဟင္းအိုးထဲ အနံ႕​ေမႊးသည့္ သစ္​ေခါက္​ေတြ ထည့္​ေနရင္းမွ ​​ေသာကို ျပန္​ေျဖသည္။

" ဧည့္သည္လာမွာမို႔ ​ေသာရဲ႕။ သားငယ္ရဲ႕ သူငယ္ခ်င္း​ေဇယ်ာကိုရဲ႕ ညီမ​​​ေလး လာလည္မွာ။ "

" ​ေၾသာ္ ... "

​ေဒၚခင္သန္းႏြယ္က ဟင္းအိုးကို ​ေရထည့္ၿပီး အဖုံးပိတ္လိုက္သည္။ၿပီး​ေနာက္ ​ေသာ၏ ​ေမးဖ်ား​ေလးကို လက္​ေလးနဲ႕ တို႔ၿပီး ​ေျပာသည္။

" ​ေသာက အႏွစ္မ်ားတဲ့ ဟင္း​​​ေတြ သိပ္မႀကိဳက္ဘူးမလား။ ဧည့္သည္လာမွာမို႔ မ်က္ႏွာပန္း လွ​ေအာင္ ဆီျပန္​​ေတြ ခ်က္ထားတာ။ ​ေသာအတြက္ ဆိတ္သား​ေျခာက္​ေၾကာ္လည္းရွိတယ္။ ပုစြန္ငါးပိ​ေဖ်ာ္​​ေရာ၊ ၿပီးရင္ ကင္းမြန္ကို ၾကက္သားအဆာသြပ္​ေပးမယ္။ "

" အန္တီခင္သန္းႏြယ္ကို တကယ္ကို အမ်ားႀကီး ခ်စ္တယ္။ "

​ေသာက ​သင္တန္းပိတ္ရက္ ျဖစ္တာမို႔ ​ေဒၚခင္သန္းႏြယ္ ဟင္းခ်က္သည့္ ​ေနရာမွာပဲ တဝဲလည္လည္ ရွိ​ေနသည္။ဆိတ္သား​ေျခာက္​ေၾကာ္ ႏွိုက္စားလိုက္၊ ပုစြန္ကို ဖဲ့စားလိုက္ လုပ္​ေနၿပီး ​ေဒၚခင္သန္းႏြယ္ ဟင္းခ်က္သည္မွာ လိုအပ္သည့္ ဟင္းခတ္ပစၥည္း​ေတြ ယူ​​ေပးၿပီး ကူညီ​ေပးသည္။

ႏွစ္နာရီခြဲ​ေလာက္ ၾကာသြား​ေတာ့ ဟင္းအားလုံး အကုန္အဆင္သင့္ ျဖစ္သြားသည္။​ေသာက ဟင္းပန္းကန္​ေတြကို စားပြဲ​ေပၚ ​သပ္သပ္ရပ္ရပ္ တင္​ေပးသည္။

မီးဖို​ေခ်ာင္ထဲ သန့္ရွင္း​ေရး လုပ္​ေနၾကတုန္း ကားသံလည္း ၾကားလာရသည္။ မ​ေဟာ္တို႔ ​​​ေရာက္​ေနၿပီ ထင္သည္။

" အန္တီ "

မ​ေဟာ့္သူငယ္ခ်င္းရဲ႕ ညီမ​​ေလးဆို​ေတာ့ ခပ္ငယ္ငယ္​ေလး ထင္ထား​ေပမယ့္ ​ေသာႏွင့္ မတိမ္းမယိမ္းအ႐ြယ္​ေလာက္ပင္။ ခပ္​ေခ်ာ​ေခ်ာ မ်က္ႏွာ​ေလးလည္း ရွိကာ ရယ္လိုက္တိုင္း မ်က္ႏွာ​ေလးက က​ေလးနဲ႕ပိုတူသြားသည္။ ​ေဒၚခင္သန္းႏြယ္၏ ခါးကို လက္ႏွစ္ဖက္ျဖင့္ ဖက္ကာ ႏႈတ္ဆက္​ေတာ့ ​ေဒၚခင္သန္းႏြယ္က ျပန္ဖက္ထားသည္။

" လြမ္း​ေနတာ။ "

" အန္တီလည္း သတိရပါတယ္။ ​ေဟမာကို ​ေက်ာင္းသြားတက္ကတည္းကဆို​ေတာ့ တစ္ႏွစ္​​ေက်ာ္ေလာက္​ေတာင္ ရွိ​ေရာ​ေပါ့။ "

" ဟုတ္တယ္ ... အရင္တစ္​ေန႕ကမွ အိမ္ျပန္​ေရာက္တာ။ ဒီ​​ေန႕ အစ္ကိုနဲ႕အတူ လိုက္လာၿပီး အန္တီ့ကို လာ​ေတြ႕တာပဲ။ "

မ​ေဟာ္က အခုမွ အိမ္ထဲ ဝင္လာသည္။လက္ထဲမွာ ဆြဲထားသည့္ ​စကၠဴအိတ္ကို  ထမင္းစားပြဲ​ေပၚ တင္လိုက္ၿပီး ​​ေဘးက တစ္သ်ဴးဘူးထဲမွ ႏွစ္႐ြက္၊သုံး႐ြက္ ဆြဲထုတ္လာကာ ဟင္းႏွိုက္စားထားလို႔ ဆီ​ေပ​ေနသည့္ ​ေသာ၏ လက္ကို သုတ္​ေပးသည္။

" ခ်ယ္ရီသီး​ေတြ ဝယ္လာတယ္။ အခု စား​ခ်င္လား ... ​ေရ​ေဆး​ေပးမယ္။ "

​ေသာက ​ေခါင္းၿငိတ္ျပလိုက္သည္။မ​ေဟာ္က စားပြဲ​ေပၚက အိတ္ထဲမွ ခ်ယ္ရီသီးဘူးကို ထုတ္ၿပီး ​ေရ​ေဆး​သည္။ၿပီး​ေနာက္ ပန္းကန္ျပားထဲ ထည့္ကာ ​ေသာကို ​ေပးသည္။

" အ​ေမ ဧည့္သည္ကို ​ေန႕လယ္စာ​ေကြၽးရ​ေအာင္​ေလ။ "

​​​​​​ေဇယ်ာကို၏ ညီမ​ေလးမို႔ မ​​ေဟာ္က ​ေဟမာကိုနဲ႕ ရင္းႏွီး​ေပမယ့္ အရမ္းခင္​ေနတာမ်ိဳး​ေတာ့ မဟုတ္​​ေပ။ အရင္ကတည္းက အရမ္းကပ္လြန္းလို႔ စိတ္ရႈပ္ရတာမ်ိဳးရွိသည္။ ​ေဇယ်ာကိုနဲ႕က လုပ္ငန္းတူ သူငယ္ခ်င္းမို႔ ဒီ​ေကာင္မ​ေလးကိုလည္း အလိုက္အထိုက္သာ ဆက္ဆံလိုက္သည္။

" အန္တီ့လက္ရာကို အႀကိဳက္ဆုံးပဲ။ ဆယ္တန္း​ေလာက္တုန္းက အိမ္ကအစ္ကိုနဲ႕ ဒီကိုလာတိုင္း ​ေန႕လယ္စာ စားၿပီးမွ ျပန္တာ အခုထိ မွတ္မိ​ေသးတယ္။ "

" အမ်ားႀကီး ထည့္စား​​ေနာ္။ "

​​​ေသာက ဗိုက္မဆာတာမို႔ ထမင္းဝင္မစားဘဲ ​ေဘးမွာ ထိုင္ရင္း ခ်ယ္ရီသီး​ေတြသာ စား​ေနသည္။ မ​ေဟာ္ႏွင့္ ​ေဒၚခင္သန္းႏြယ္က​ေတာ့ ဧည့္သည္ႏွင့္အတူ ထမင္းစား​​ေပး​ေနသည္။

" ​​ေသာက သမီးအစ္ကိုနဲ႕ လက္ထပ္ထားတာ​ေလ။ "

​ေဟမာကိုက ​​ေသာကို ၾကည့္လာ​ေတာ့ ​ေဒၚခင္သန္းႏြယ္က ဝင္​ေျပာလိုက္သည္။ ​ေသာက ၿပဳံးျပလိုက္​ေတာ့ တစ္ဖက္ကလည္း ျပန္ၿပဳံးျပသည္။

" အစ္ကိုက ဒီကို လာတဲ့ လမ္းမွာ အိမ္က က​ေလးက ခ်ယ္ရီသီးႀကိဳက္တယ္။ ဝယ္ခဲ့ရဦးမယ္လို႔ ​ေျပာ​ေန​ေသးတာ။ အစ္ကိုနဲ႕ လက္ထပ္ထားတာဆို​ေတာ့ အစ္ကို႔စံႏႈန္းနဲ႕ဆို အရမ္း​ေခ်ာမယ္ ထင္ထားတာ။ မ​ေခ်ာေပမယ့္ ၾကည့္​လို႔​ေတာ့ေကာင္းပါတယ္။ "

​ေသာက ခ်ယ္ရီသီးတစ္လုံးကို ပါးစပ္ထဲ ထည့္လိုက္ၿပီးမွ မဝါးဘဲ ၿငိမ္သြားသည္။ ဒီ​ေကာင္မ​ေလး ​ေရာက္လာကတည္းက မ​ေဟာ့္ကိုပဲ အာ႐ုံစိုက္ကာ လိုတာထက္ ပိုကပ္​ေနတာ ​ေသာလည္း ရိပ္မိပါသည္။ ဘာမွလုပ္ျပ​ေနတာမဟုတ္ဘဲ အခ်စ္ႏွင့္ပတ္သတ္ၿပီး လူတစ္​ေယာက္၏ ဆဌမ အာ႐ုံဆိုသလို အလိုလို ခံစားမိ​​ေနသည္။

​ေဟမာကို၏ စကား​ေၾကာင့္ ​​ေသာတင္မဟုတ္ဘဲ မ​ေဟာ္ႏွင့္​ေဒၚခင္သန္းႏြယ္ပါ မ်က္ႏွာတည္သြားသည္။

" အန္တီျမတ္ဆီ သြားလိုက္ဦးမယ္။ "

​ေသာဘယ္​ေလာက္ပဲ က​ေလးဆန္ၿပီး​ဆိုး​ေနပါ​ေစဦး။ မိန္းက​ေလး တစ္​ေယာက္နဲ႕တုၿပိဳင္ၿပီး စကားနိုင္မလုသင့္တာ သိတာမို႔ ​ေသာက ခ်ယ္ရီသီး ပန္းကန္ကို သိမ္းခဲ့ကာ ထြက္လာခဲ့သည္။

" သမီး​​ေရ တစ္မ်ိဳး​ေတာ့ မထင္နဲ႕​ေနာ္။ ​ေသာက ဒီအိမ္မွာ က​ေလးလို ျဖစ္​​ေန​ေတာ့ အန္တီတို႔က သည္းတယ္။ သူ႕ကို တမင္တကာပဲျဖစ္ျဖစ္၊ မရည္႐ြယ္ပဲ ျဖစ္ျဖစ္ စိတ္မ​ေကာင္း ျဖစ္​​ေအာင္ ​ေျပာတာမ်ိဳး​ေလး ဆင္ျခင္​ေပး​ေနာ္။ "

​ေဒၚခင္သန္းႏြယ္က ​​ေျပာ​လိုက္သည္။ ဧည့္သည္မို႔ ဧည့္ဝတ္​​ေက်ခ်င္​ေပမယ့္ အိမ္ရွင္ကို မထိ​ေလးစား လုပ္တာမ်ိဳး​ေတာ့ မႀကိဳက္​ေပ။ ဒီ​ေကာင္မ​ေလးက ဆယ္တန္းကတည္းက အိမ္လာလည္တိုင္း မ​ေဟာ့္ကို အရမ္းကပ္တာကို သတိထားမိသည္။

" ဟုတ္ကဲ့ပါ အန္တီ။ သမီးက စိတ္ထဲရွိတဲ့အတိုင္း ​ေျပာတတ္လို႔ပါ။ အစ္ကိုနဲ႕ မလိုက္ဘူး ထင္လို႔ မစဥ္းစားဘဲ ​ေျပာလိုက္မိတာပါ။ "

မ​ေဟာ္က ​ေရခြက္ကို ကိုင္ကာ ​ေရ​​ေသာက္လိုက္ၿပီးမွ ​ေျပာခ်င္သမွ် စကားလုံး​ေတာ္​ေတာ္မ်ားမ်ားကို ၿမိဳခ်ကာ လိုရင္းကိုပဲ ​ေျပာလိုက္သည္။

" စိတ္ထဲရွိတဲ့အတိုင္း ထင္ရာ​ေျပာတတ္တာက လူ​တိုင္း​​ေတာ့ ခ်စ္ဖို႔​ေကာင္းမ​ေနဘူးကြ။ "

" ဟုတ္ကဲ့ "

မ​ေဟာ့္ပုံစံႏွင့္ဆို အခုထက္ ပို​ေျပာလိုက္မွာ ဆို​ေပမယ့္ အခုက ကိုယ့္အိမ္အလည္လာတဲ့ အခ်ိန္မို႔​ေရာ၊ ​ေဇယ်ာကို၏ မ်က္ႏွာ​​​​ေရာ​ေၾကာင့္ စကားလုံး​ေတြကို ထိန္းသိမ္းထားရသည္။​စိတ္ထဲမထားဘဲ ထင္ရာ​ေျပာတတ္သည့္ အက်င့္​ေလးက ​ေသာတုန္းက မ​ေဟာ့္အတြက္ ခ်စ္ဖို႔​ေကာင္းသ​ေလာက္ အျခားသူတစ္ဦးဆီမွာ ဒီအက်င့္ရွိ​ေန​တာက်​ေတာ့ မ​ေဟာ့္အတြက္ အာ႐ုံညစ္ၫူးကာ စိတ္ပ်က္စရာ​ေကာင္း​ေစျပန္သည္။

" ကဲကဲ ... စားၾကရ​ေအာင္။ စိတ္ထဲ မထားပါနဲ႕။ နားလည္မႈ လြဲသြားၾကတာ​​ေလးပါ။ "

​ေဒၚခင္သန္းႏြယ္က လူႀကီးပီပီ ၾကားမွ ဝင္​ေျပာ​ေပးလိုက္သည္။ထမင္းစားၿပီး​ေနာက္ ​ေဒၚခင္သန္းႏြယ္ကပဲ ​ေဟမာကိုနဲ႕ စကား​ေျပာ​ေန​ေပးၿပီး မ​ေဟာ္က ​​ေသာရွိရာဆီ ထြက္လာခဲ့လိုက္သည္။

.......................

" မလုပ္တတ္ရင္ ဒီအတိုင္းထိုင္​ေနေနာ္ ​ေသာ။ "

" လုပ္တတ္ပါတယ္ အန္တီျမတ္ကလည္း ... ဒီ​ေလာက္လြယ္တဲ့ဟာ ... "

​ေနၾကာပန္း​ေတြကို အ​ေျခာက္လွန္းထားၿပီး ​ေနၾကာပန္းထဲမွ ​ေနၾကာ​ေစ့လုပ္သည့္ ဝတ္ဆံ​ေတြကို သူ႕အ​ေစ့ႏွင့္သူ ထြက္လာ​ေအာင္ လက္ကိုင္ သစ္သားတုတ္ႏွင့္ရိုက္ရသည္။မ​ေဟာ္တို႔ ၿခံထဲက ​ေနၾကာပန္း​​ေျခာက္ေတြကို ​ေဘးၿခံက က​ေလး​ေတြက ​ေနၾကာ​ေစ့ရ​ေအာင္ လာထုတတ္သည္။ ၿပီးရင္ အျခားမွာ ျပန္​ေရာင္းၾကသည္။ ​ေဒၚျမတ္နန္းႏြယ္က က​ေလး​ေတြကို ကူလုပ္​ေပး​ေန​​ေတာ့ ​ေသာကလည္း ကူလုပ္​ေပးသည္။

" ဝတ္ဆံရဲ႕ အလယ္ကို ရိုက္လိုက္​ ေသာ။ ဒါဆို ခဏ​ေလးနဲ႕ အကုန္​ေႂကြက်သြားတယ္။ "

" ဟုတ္ "

​ေသာက ​ေဒၚျမတ္နန္းႏြယ္ လုပ္ျပသည့္အတိုင္း ​ေနၾကာဝတ္ဆံအုံ အ​ေျခာက္ကို ​ေမွာက္လိုက္ၿပီး အလယ္ကို သစ္သားတုတ္​ေလးနဲ႕ ရိုက္သည္။လုပ္​ေပး​ေနရင္းမွ ခုနတုန္းက မိန္းက​ေလးမို႔ သည္းခံလာခဲ့ရသည္ကို ​ေတြးမိ​​ေတာ့ လက္က အားပါသြားသည္။ ငါးခု​ေျမာက္ ​ေနၾကာဝတ္ဆံမွာ ​ေသာ၏ လက္​ေခ်ာင္းထိပ္​ေလးကို ​ေခ်ာ္ကာ ရိုက္မိသည္။

" အား ... "

​​အနည္းငယ္ နာသြားတာမို႔ ေသာက လက္ကို ခါ​ေနလိုက္သည္။​ေသာ၏ စိတ္က ဒီမွာမရွိတာ​ေၾကာင့္ မ​ေတာ္တဆ ရိုက္မိသြားတာပင္။

" ​ေသာ ... "

မ​ေဟာ္က ​ေသာကို ​​ေတြ႕သည္ႏွင့္ ခ်က္ခ်င္းပင္ အနား​ေရာက္လာသည္။ ရွပ္ထိမိသြားတဲ့ ​ေသာ၏ လက္​ေလးကို လက္ဖဝါးထဲ ထည့္ဆုပ္​ေပးထားသည္။

" အာ႐ုံ​ေတြက ဘယ္ကို ျပန့္​ေနတာလဲ။အခုမွ လုပ္​ဖူးၿပီး အာ႐ုံက အျခား​ေရာက္​ေနတာ။ "

​​ေသာက မ​ေဟာ့္လက္ထဲမွ သူ၏ ဘယ္ဘက္လက္​ေလးကို ႐ုန္းသည္။မ​​ေဟာ္က ျပန္ဆြဲထားလိုက္ၿပီး ​ေသာ၏ ပခုံးမွ ​ေပြ႕ဖက္ကာ မတ္တပ္ရပ္​ေစသည္။

" ဒဏ္​ေၾက​ေဆးလိမ္း​ေပးမယ္။ အိမ္ထဲသြားရ​ေအာင္။"

​ေသာက ​ေခါင္းရမ္းျပသည္။

" ​ေဟမာကို ​ေျပာတဲ့စကားကို စိတ္ခုသြားတာလား။ "

​ေသာက ​ေခါင္းရမ္းျပန္သည္။

" မိန္းက​ေလးနဲ႕ၿပိဳင္​ေျပာရ​ေလာက္​ေအာင္ထိ စိတ္သ​​​ေဘာထား မ​ေသးသိမ္ဘူး။ ဒီတိုင္းပဲ  ကိုယ္ အျမင္မၾကည္တဲ့သူကို မ​ေတြ႕ခ်င္လို႔။ "

" သူ႕ကို အ​​ေမစကား​ေျပာ​​ေပးေနတယ္။ကိုယ္က ​ေသာကို ​ေဆးလိုက္လိမ္း​ေပးမယ္ ​​ေနာ္။ "

မ​ေဟာ္က ​ေခ်ာ့​ေျပာမွ ​​ေသာက မ်က္ႏွာ​ေလး မၿပဳံးမရယ္နဲ႕ မ​ေဟာ္ႏွင့္အတူ အိမ္ထဲ တစ္​ေခါက္ျပန္လိုက္လာသည္။

" ဒီမွာခဏထိုင္ဦး။ ကိုယ္ ​ေဒၚ​ေဒၚ့ဆီက လိမ္း​ေဆးဘူး သြားယူ​လိုက္ဦးမယ္။ "

မ​ေဟာ္က ​​​ေသာကို ဧည့္ခန္းမွာ ထိုင္​ေစၿပီးမွ လိမ္း​​ေဆးယူဖို႔ ထြက္လာသည္။ တံခါး​ဝမွာတင္ ​ေဒၚျမတ္နန္းႏြယ္နဲ႕ဆုံကာ သူမက လိမ္း​ေဆးဘူးကို ယူလာသည္။

" ​ေဒၚ​ေဒၚ ယူခဲ့တယ္။ "

​ေဒၚျမတ္နန္းႏြယ္က လိမ္း​ေဆးဘူး​ေလးကို ​ေျမာက္ျပလိုက္ၿပီး မ​​ေဟာ္ႏွင့္အတူ အိမ္ထဲ လိုက္ဝင္လာသည္။မ​ေဟာ္က လိမ္း​ေဆး​ေလးကို လက္ထဲ အနည္းငယ္ ယူၿပီး ​ေသာ၏ လက္​ေခ်ာင္းထိပ္​ေလးကို ခပ္ဖြဖြ​ေလး လိမ္း​ေပးသည္။

" တစ္ခုခုလုပ္လိုက္တိုင္း ဒဏ္ရာရတာမ်ိဳးႀကီးက ​အက်င့္လို မျဖစ္​စမ္းနဲ႕။ ဂ႐ုစိုက္စမ္း ​ေသာ။ ခဏခဏ ဒဏ္ျဖစ္​ေနတာ။ "

​ေသာက ဘာမွမ​ေျပာဘဲ ၿငိမ္​ေနသည္။ ​ေဒၚခင္သန္းႏြယ္က အသီးပန္းကန္ကိုကိုင္ကာ ​ေဟမာကိုႏွင့္အတူ ဧည့္ခန္းမွာ လာထိုင္သည္။ ​ေသာ ထိခိုက္မိတာသိ​ေတာ့ မ​ေဟာ္ ​ေဆးလိမ္း​ေပး​ေနတာကို​ေတာင္ အသည္းအသန္ ကူလုပ္​ေပး​​ေနေသးသည္။

" နည္းနည္း​ေလး ထိမိတာပါ။ ​ေရာင္သြား႐ုံ​ေလးတင္ ... ဘာမွမျဖစ္ဘူးရယ္။ "

​ေသာကိုပဲ ဝိုင္းဂ႐ုစိုက္​ေနၾက​ေတာ့ ​​ေဟမာကိုက ​ေသာကို တစ္ခ်က္ၾကည့္လိုက္သည္။ တစ္​ေယာက္တည္းဆို ​ေသာ၏ ႐ုပ္ရည္က ခ်စ္ဖို႔​ေကာင္းသလို ရွိ​ေပမယ့္ မ​ေဟာ္နဲ႕ တြဲျမင္လို႔မရ​ေပ။ မ​ေဟာ္၏ ႐ုပ္ရည္က စံခ်ိန္ျပည့္ ​ေခ်ာၿပီး အထက္တန္းဆန္သည္။​သူမ၏ အခ်စ္ဦး ျဖစ္ခဲ့တဲ့ မ​ေဟာ့္ကို လုခ်င္တာမ်ိဳး မဟုတ္​ေပမယ့္ ကိုယ္မရနိုင္တာ တစ္ခုကို တစ္သက္စာ ပိုင္ဆိုင္သြားတဲ့ ​​ေသာကို မနာလိုျဖစ္တာ​ေၾကာင့္ ​ေသာ မခံခ်င္​ေအာင္​ေျပာခ်င္​ေနမိသည္။

" ျမတ္​ေသာကို အရမ္းဂ႐ုစိုက္ၾကတယ္​ေနာ္။ မိဘမရွိ​ေတာ့ အန္တီျမတ္နန္းႏြယ္တို႔ကပါ ဝိုင္းခ်စ္​​ေပးၾကတာပဲ။ "

​ေဟမာကိုက ​သူမၾကားထားသည္ကို ေျပာလိုက္​ေတာ့ ​ေဒၚျမတ္နန္းႏြယ္က ​ေဆးဘူးအဖုံးကို ပိတ္​ေနရင္းမွ မ်က္ႏွာ မၾကည္လင္စြာျဖင့္ ျပန္​ေျပာသည္။

" ​ေသာမွာဘာလို႔ မိဘမရွိရမွာလဲ။ ငါနဲ႕ဦးဟန္သာက သူ႕မိဘ​ေတြပဲ။ မဂၤလာဆြမ္းကပ္တုန္းကလည္း ​ေသာမိဘ​ေနရာမွာ ငါတို႔ပဲ​ေန​ေပးတာ။ ​ေဟာ ... အစ္မခင္သန္းႏြယ္ကလည္း သူ႕အ​ေမပဲ။ "

​ေသာက ​​ေဟမာကို႔ကို ၾကည့္ၿပီးမွ ထပ္​ေျပာလိုက္သည္။

" ဟုတ္တယ္ ... မိဘတင္မကဘူး။ခ်စ္​ေပး၊အလိုလိုက္​ေပးမယ့္ ​အိမ္​ေထာင္ဖက္လည္း ရွိတာမို႔ အျခားသူ​​ေတြ မနာလို​ေလာက္​ေအာင္အထိ ဘဝႀကီးက ျပည့္စုံၿပီးသား။ "

" သမီး ျပန္​ေတာ့မယ္ဆိုရင္ လိုက္ပို႔ခိုင္းလိုက္မယ္​ေလ။ "

ရိုင္းသြားသလား မသိ​ေပမယ့္ ​ေဒၚခင္သန္းႏြယ္က ထုတ္​ေျပာလိုက္သည္။ ဒီ​ေကာင္မ​ေလး ​ေသာကို လိုက္ဆြ​ေနတာမို႔ အရင္က သံ​ေယာဇဥ္​ေထာက္ၿပီး ၾကည္ျဖဴမ​​ေပးနိုင္​ေတာ့​ေပ။သိသိသာသာကို ႏွင္လိုက္သည္။

" ဟုတ္ကဲ့ ... ​ေနာက္မွ အလည္ထပ္လာပါ့မယ္။ "

​ေဟမာကိုက မီးဖို​ေခ်ာင္ထဲ ထားခဲ့သည့္ သူမ၏ အိတ္ကို သြားယူသည္။

" လက္က ဘာမွမျဖစ္​ေတာ့ပါဘူး။ စာသြားၾကည့္လိုက္ဦးမယ္​​ေနာ္။ "

​​ေသာက မ​ေဟာ့္ကို မၾကည့္ဘဲ လူႀကီး ႏွစ္​​ေယာက္ကို ႏႈတ္ဆက္ၿပီး အိမ္​​ေပၚတက္လာခဲ့သည္။ အခန္းထဲ ​ေရာက္​ေတာ့ အိပ္ယာ​ေပၚ ဝင္လွဲ​ေနလိုက္သည္။​ေသာ ဘယ္​ေလာက္ပဲ စိတ္တို​​ေန​ေန တစ္ဖက္က မိန္းက​ေလးျဖစ္​ေန​ေတာ့ အနည္းနဲ႕အမ်ား​ေတာ့ သည္းခံရသည္။

" အိပ္လိုက္​ေတာ့မယ္။ နိုးလာရင္ စိတ္ၾကည္သြားမွာ။ "

​ေသာက ​​ေစာင္ကို ဆြဲယူလိုက္ၿပီး ​ေခါင္းထိ လုံ​ေအာင္ ၿခဳံလိုက္သည္။ႏွစ္မိနစ္​ေလာက္ၾကာ​ေတာ့ ​​ေသာအိပ္​ေနသည့္ ​ေမြ႕ယာက အိခနဲ ျဖစ္သြားၿပီး ​ေသာ၏ ​ေဘးမွာ တစ္​​​ေယာက္​​ေယာက္ ဝင္လွဲအိပ္သလို ခံစားခ်က္မ်ိဳးရသည္။​ေသာက ​ေစာင္ၿခဳံထားသည္ကို ဖယ္လိုက္ေတာ့ ​ေသာ၏ မ်က္ႏွာ​ေလး ​ေပၚ႐ုံမွာတင္ ​​ေဘးတ​​ေစာင္း အိပ္​ေနသည့္ ​ေသာကို အ​ေနာက္က သိုင္းဖက္လာကာ ​​ေသာ၏ လက္ႏွစ္ဖက္ကိုလည္း ခ်ဳပ္ထားၿပီး  ​ေသာ၏ ​ေပါင္ႏွစ္ဖက္ကိလည္း ​ေျခ​​​ေထာက္ျဖင့္ ခြကာခ်ဳပ္ထားသည္။လာဗင္ဒါရနံ႕ ခပ္သင္းသင္းလည္း ​ေသာ၏ ႏွာ​ေခါင္းဝမွာ ရ​ေန​ေသးသည္။

" ခင္ဗ်ား ဟိုတစ္​ေယာက္ကို လိုက္ပို႔တာ မဟုတ္ဘူးလား။ "

"ကိုယ္မအားဘူး ... "

" အလုပ္ကို ျပန္သြားရမွာ​လား။ "

" မဟုတ္ဘူး ... ဘယ္မွမသြား​ေတာ့ဘူး၊သြားခ်င္စိတ္လည္း မရွိဘူး ... ကိုယ့္ရဲ႕ဆုဆုနဲ႕ အခုလိုပဲ ဖက္အိပ္​ေတာ့မလို႔​။ '

မ​ေဟာ္က ​​ေျပာ​ေနရင္းမွ ​ေသာ၏ ​ဆံပင္​ေလး​ေတြထဲ မ်က္ႏွာအပ္ကာ ​သလဲသီး ေခါင္း​ေလွ်ာ္ရည္ရနံ႕အနည္းငယ္သာ ရ​ေန​ေသာ ​ေသာ၏ ဆံပင္​ေတြကို ​ေမႊ​ေႏွာက္ကာ နမ္းသည္။​ေသာက ​ေစာင္ထဲမွ လက္ထုတ္ကာ အ​ေနာက္မွ သိုင္းဖက္ထားသည့္ မ​ေဟာ္၏ လက္​ေကာက္ဝတ္အ​ေပၚမွာ လက္​ေလးျဖင့္ ျပန္ကိုင္ထားလိုက္သည္။

" စိတ္တို​ေန​ေသးလား။ "

​မ​ေဟာ္က ​ေမး​ေတာ့ ေသာက ​ေခါင္းၿငိတ္​သည္။ၿပီး​ေနာက္ မ​ေဟာ္၏ ဘယ္ဘက္လက္​မွာ ပတ္ထားသည့္ လက္ပတ္နာရီ​ေလးကို လက္​မႏွင့္လက္ညွိုးေလးကို သုံးကာ ကစား​ေနသည္။

" သူ​ေျပာတာလည္း မမွားပါဘူး။ ကြၽန္​ေတာ့္ဘာသာ စိတ္တို​ေနတာ။ စိတ္ၾကည္​ေအာင္ အိပ္လိုက္ဦးမယ္။မဟုတ္ရင္ ဒါပဲ​ေတြးမိၿပီး စိတ္ဆိုး​ေနမိမွာ။ "

" အင္း ... တ​​ေရး​ေလာက္ အိပ္လိုက္​ေလ။ လာ ... ဒီဘက္လွည့္ ... ကိုယ္​သိပ္​ေပးမယ္။ "

​ေသာက မရယ္မၿပဳံးဘဲ ပကတိ မ်က္ႏွာ​ေလးျဖင့္ လွည့္လာသည္။ မ​ေဟာ္က ​ေသာကို ​ေပြ႕ဖက္လိုက္​ေတာ့ ​ေသာက မ​ေဟာ့္လည္တိုင္ကို လက္ႏွစ္ဖက္ျဖင့္ သိုင္းဖက္ၿပီး မ​ေဟာ္၏ ရင္ဘတ္မွာ မ်က္ႏွာအပ္လာသည္။

"စိတ္ထိန္းလိုက္ရလို႔  ကိုယ္တို႔ ​ဆုဆု အမ်ားႀကီး ပင္ပန္းသြားမွာပဲ။ "

​ေသာက မ​ေဟာ့္ရင္ဘတ္မွာ မ်က္ႏွာအပ္ထားရင္းမွ ​ေခါင္းၿငိတ္ျပသည္။ မ​ေဟာ္က ​​ေခါင္းငုံ႕ကာ ေသာ၏ နား႐ြက္​​ေလးကို ခပ္ဖြဖြ နမ္းၿပီး ​​ေသာ၏ ​ေက်ာ​ေလးကို လက္နဲ႕ပြတ္​ေပး​ေနသည္။

လူ​ေတာ္​ေတာ္မ်ားမ်ား ​ေျပာၾကသည္က အိမ္​ေထာင္က်ၿပီးလွ်င္ အခ်စ္ထက္ သံ​ေယာဇဥ္ကသာ အ​ေလးသာသြားသတဲ့။ မ​ေဟာ့္အတြက္​ေတာ့ ​ေျပာင္းျပန္ပင္။ အိမ္​ေထာင္က်ၿပီးသြားမွ ​ေသာကို ပိုပိုၿပီး အခ်စ္တိုးလာသည္။ မိနစ္ႏွင့္အမွ် ပိုပိုခ်စ္လာတာမ်ိဳး ျဖစ္သည္။ ​ေသာက  ဆိုး​ေပမယ့္ ​ခ်စ္စရာ​ေကာင္းသည့္ ေဘာင္တစ္ခုအတြင္းမွာ ဆိုးတာမ်ိဳး ျဖစ္သည္။အလိုလိုက္ခ်င္စရာ​ေကာင္း​ေလာက္​ေအာင္ ဆိုးတတ္တာ​ေလးမို႔ မ​ေဟာ္က အၿမဲတမ္းလိုလို အ​ေလ်ာ့​ေပးကာ မသိမသာ အလိုလိုက္သည္။တစ္ခါ​ေလး​ေတာင္ မၿငိဳျငင္ဖူး​ေပ။

...............................

​ေသာ အိပ္ယာနိုး​ေတာ့ မ​ေဟာ္က ​ေဘးမွာ မရွိ​ေပ။​ေသာက အိပ္ယာ​ေပၚက ထလိုက္ၿပီး အ​ေညာင္းဆန့္လိုက္သည္။ အခု​ေတာ့ စိတ္တိုသမွ် ​​ေမ့ပစ္နိုင္သြားကာ စိတ္ၾကည္လင္လာသည္။

" ၿခံထဲက အသံလား။ "

ဂစ္တာတီးသံၾကားတာမို႔ ​ေသာက ျပတင္း​ေပါက္အနား ခပ္သြက္သြက္သြားကာ ျပတင္း​ေပါက္မွ ​ေအာက္ကို ငုံ႕ကာ ၾကည့္လိုက္သည္။သီခ်င္းမဆိုတတ္ဘူး၊ မဆိုခ်င္ဘူးဆိုတဲ့ မ​ေဟာ္က ၿခံထဲက ဒါန္း​ေပၚမွာ ထိုင္​ေနကာ ​ေသာကို ​ေမာ့ၾကည့္​ေနသည္။

" ကိုယ္တို႔အိမ္က အငယ္ဆုံး​ေလး ဆုဆုတစ္​ေယာက္တည္း နား​ေထာင္ဖို႔အတြက္။ "

မ​ေဟာ္က သီခ်င္းဆိုျပမည္ဆို​ေတာ့ ​​ေသာလည္း စိတ္လႈပ္ရွားသည္။​ေသာအိပ္ယာနိုးသည္အထိ ဒါန္း​ေပၚမွာ မ​ေဟာ္ထိုင္​​​ေစာင့္​ေနတာျဖစ္သည္။ ျပတင္း​ေပါက္တံခါး ဖြင့္ထားတာမို႔​ ​ေသာအိပ္ယာနိုးၿပီး အ​ေညာင္းဆန့္​ေနတာကို ျမင္ရမွ ဂစ္တာကို စတင္တီးလိုက္တာ ျဖစ္သည္။

🌸မင္းရဲ႕မ်က္လုံး​​ေလးမ်ားက ပုလဲႏွင့္မဟူရာ ​ေပါင္းစပ္ထားသလိုႏွယ္
​ေကာ့ၫြတ္သြယ္ႏႈတ္ခမ္း​​ေလးမ်ားက သိပ္လွ​ေအာင္ ပတၱျမား​ေသြးလိမ္းကာျခယ္
ကိုယ္​ေနဟန္ အခ်ိဳးက်သဴရယ္
​ေ႐ႊ​ေရာင္လို အသားဝင္း​ဝါတယ္
သြား​ေလး​ေတြ ​ေဖြး​ေဖြးႏုတယ္
ပုလဲ​ေလး​ေတြ သီကုံးထားသည့္ႏွယ္တကယ္
မင္းရဲ႕ တစ္ကိုယ္လုံးပဲလွတယ္
အဖိုးထိုက္ရတနာ ​ေပါင္းစုထားသလိုႏွယ္
ရတနာလို အလွဂုဏ္ႂကြယ္သူရယ္🌸

Recommend Song _ ရတနာသူ _ ခင္​ေမာင္တိုး

" ကိုကို​ေယာက်္ား "

​​ေအာက္ထပ္ဆင္းလာၿပီး မ​​ေဟာ့္အနားထိ လာကာ ​​ေသာက ​ေခၚလိုက္သည္။ မ​ေဟာ္က ဂစ္တာကို ဒါန္း​ေပၚ ခ်လိဳက္ၿပီး ​ေသာ​၏ မ်က္ႏွာ​ေလးကို ခပ္ဖြဖြ​ေလး ကိုင္သည္။ ၿပီး​ေနာက္ ​ေသာ​၏ ပါး​ေလးကို လက္မ​နဲ႕ ခပ္ဖြဖြ​ေလး ပြတ္ကာ ​ေသာ၏ မ်က္ႏွာနားအထိ တိုးကပ္ၿပီးမွ ႏွစ္ကိုယ္တည္း ၾကား႐ုံမွ် ​ေလသံအက္ရွရွျဖင့္ မ​ေဟာ္က ​ေျပာသည္။

" ​​မင္းက ကိုယ့္အတြက္ ႐ူမၿငီးတဲ့ အလွဆုံးပါပဲ ​​ေသာ ။ "

မ​ေဟာ္က ​​ေသာ၏ ႏႈတ္ခမ္းဆီ ဦးတည္ၿပီး ​ေခါင္း​​ေစာင္းငဲ့လာ​ေတာ့ ​​ေသာက ​ေခါင္း​ေလးကို တိမ္း​ေရွာင္လိုက္သည္။

" ၿခံထဲမွာ​ေနာ္ ...ကိုကို "

" အကုန္လုံးအျပင္ သြားၾကတယ္ စိတ္ခ်။ "

​ေသာက ၿပဳံးလိုက္ၿပီး မ​ေဟာ္၏ လည္တိုင္ကို လက္ႏွစ္ဖက္ျဖင့္ သိုင္းဖက္ထားကာ ​ေျပာသည္။

" အဲဒါဆို အခ်ိန္မဆြဲဘဲ ၾကာၾကာနမ္းၾကမယ္​​ေလ။ ကိုကို႔ Skill​ေတြကို ထုတ္ျပလိုက္​ေတာ့။"

" တကယ္ကို မ​​ေျပာရဲတာ မရွိဘူး​​​ေနာ္ ျမတ္​ေသာဆုပန္။ "

" ကိုကို​ေယာက်္ားလည္း ကိုယ့္​​ေယာက်္ားကို ကိုယ္ျပန္ပိုး​ေနတာပဲ​ေလ။ "

​ေသာက မ​ေဟာ့္ကို ျပန္​ေျပာလိုက္​သည္။ မ​ေဟာ္က ရယ္လိုက္ၿပီး ​ေသာကို အရင္ဆုံး ခါးမွ ​​ေပြ႕ကာ ဖက္သည္။ ၿပီးမွ ​ေသာႏွင့္ လူခ်င္းအနည္းငယ္သာ ခြာလိုက္ၿပီး ​ေသာ၏ နဖူး​က မွဲ႕ေလးကို တယုတယနမ္းသည္။

ဆက္ရန္
ညရွစ္နာရီထိုးလို႔မွ Update မလာရင္ အဲဒီညအတြက္ Updateမရွိပါဘူး​ေနာ္

Continue Reading

You'll Also Like

31.3K 1.8K 19
ကျနော်တို့ သူကြီးသားလေးရဲ့ ရွာကို ခဏလောက် အလည်သွားကြတာပေါ့ က်ေနာ္တို႔ သူႀကီးသားေလးရဲ႕ ရြာကို ခဏေလာက္ အလည္သြားၾကတာေပါ့ Dating day 21.1.2021(Thu) 🌾🌾🌾
4.9K 464 7
ကိုယ့်ဖူးစာရှင်က ကိုယ်နဲ့ ၂၇လှမ်းပဲဝေးတဲ့နေရာမှာရှိနေမယ်လို့ တွေးကြည့်မိဖူးလား ...👣
17K 1.5K 138
bl fiction start date - 25. 9. 2022 end date - 5 .6. 2023
2.1M 143K 79
မမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ