မင်းတစ်ယောက်သာ

By aurora9422

1M 22.4K 1.1K

မောင့်အတွက်ဆိုပြီး ဘာမှပြောင်းလဲပေးစရာမလိုဘူး မောင်က ဒီတိုင်း မင်းရဲ့ဖြစ်တည်မှုလေးကို ချစ်တာမို့ ေမာင့္အတြက္ဆ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
To My Readers 💙💙
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37 (The End)
Thank y'all
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
❣️ကျေးဇူးတင်လွှာ❣️

Part 19

24.1K 504 19
By aurora9422

Unicode

"wow လှ လှချည်လား"

"မိုက်တယ်ဟေ့"

GYM ထဲကို ဒီဒီဝင်လာတဲ့အချိန် သူရနဲ့ဇေယျတို့ရဲ့ ချီးကျူးသံတွေကြောင့် စိတ်ကျေနပ်စွာပြုံးမိသည် ၁နှစ်အတွင်း ကြိုးကြိုးစားစားနဲ့ အပင်ပန်းခံခဲ့တဲ့အကျိုးကျေးဇူးကြောင့် ပေါင်ချိန် ၁၃၀ပဲရှိတော့ကာ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်..

ဒီနေ့မောင်နဲ့အတိုက်အခံတွေလုပ်ကာ ပထမဆုံးအကြိမ်အဖြစ် sport bra နဲ့ legging အမဲရောင်ဝမ်းဆက်လေးကို ဝတ်လာခြင်းဖြစ်သည် အရင်အပတ်ကတည်းက ဝတ်ချင်တာ အကျင့်ပုတ်တဲ့ မောင်က markingရာတွေဇွတ်လုပ်ပစ်လို့ ပျောက်အောင်လုပ်နေရလို့သာ.....
ထပ်ပြီးစွဲအောင်လုပ်ရင် တစ်ပတ်တိတိ နှစ်ယောက်တည်းမတွေ့ဘူး ပြောမှသာရပ်တော့သည်....ဒါတောင်ရင်ညွှန့်နားမှာ တစ်စွန်းတစ်စပေါ်နေတာလေးကို ဖုံးခဲ့ရသေးတယ်....
အဲ့ မောင် တော်တော်ဆိုး~~

"ဟေ့ကောင်တွေ မင်းတို့အကြည့်တွေကို မြန်မြန်သိမ်းစမ်း"

ပြောပြောဆိုဆိုနဲ့ ဒီဒီ့အနားရောက်လာကာ ပေါ်နေတဲ့ ဗိုက်သားတွေကို ဆွဲဖက်ကာ, ကာလိုက်တဲ့မောင်

"ငါတို့က ဒီတိုင်းပဲ ချီးကျူးတာပါကွာ"

"တစ်ခါပြောပြီးတော်ပြီလေ ဘာလို့ဆက်ကြည့်နေသေးလဲ"

"ပုံစံပြောင်းသွားလို့ ဒီတိုင်းခဏလေးကြည့်မိတာ ဘာစိတ်မှမပါပါဘူး"

"ဟဲ့ ငါ့ရည်းစားက ရိုးရိုးသားသား ကြည့်တာလေ ဘာဖြစ်နေတာလဲ သူ့ကောင်မလေးဖြစ်တဲ့ ငါတောင်ဘာမှမပြောဘူး"

"အင်းလေ ကိုဟိန်းထက်ကလည်း ကိုကိုက ဘယ်လိုကြည့်နေလို့လဲ"

"ဘယ်လိုပဲကြည့်ကြည့် ကြည့်ပြီးချက်ချင်းမျက်နှာလွှဲ"

"အမလေးဟယ် အံ့ဩပ ငါတို့ကောင်လေးတွေက မိန်းကလေးတွေဗိုက်သား မမြင်ဖူးတာကျလို့ အဲ့လိုမမြင်စေချင်ရင် မဝတ်ခိုင်းနဲ့ပေါ့"

ဇင်လဲ့ရဲ့ ပွစိပွစိအပြောကို ပြန်ပြောမယ်ပြင်နေတဲ့ မောင့်လက်ကိုဆွဲဆိတ်လိုက်တော့ မောင်ကဆက်မပြောတော့ပါ အားနာစရာကောင်းတယ်မဟုတ်ပါလား
မောင့်သူငယ်ချင်းတွေကတော့ မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ မဲ့ရွဲ့ပြနေသည်

"ဟာ ဘယ်သူများလဲလို့ ငါ့တပည့်လှနေပါ့လား"

"အမလေး သွားမပြောနဲ့ ဆရာရေ သွားလည်းမကြည့်နဲ့ ချောင်းရိုက်ခံရလိမ့်မယ်"

"ဟေ ဟုတ်လား"

ဆိုပြီး ဖက်ထားတဲ့ မောင့်လက်ကိုကြည့်ကာ သဘောပေါက်သွားပုံဖြင့်

"ငါတော့ ခဏလေးဖြစ်ဖြစ်ကြည့်မယ်နော် လိုအပ်တာလုပ်ပေးလို့ရအောင်"

ကိုစိုင်းအပြောကြောင့် သူမက သူ့လက်ကိုဆွဲဖြုတ်တော့သည်..ကိုစိုင်းကိုတော့ မကြည့်ခိုင်းလို့မရ သူမရဲ့ trainer မဟုတ်ပါလား...
သူမကိုပုံစံပြောင်းပေးခဲ့တဲ့ ကိုစိုင်းကို သူမကလည်းတော်တော်လေးစားလွန်းတာမို့ သူလည်း ဘာမှမပြောတော့ပဲနေလိုက်ရတော့သည်...

ဒါမှန်းသိ ငါပဲ trainer လုပ်ပေးခဲ့ပါတယ်..
............

seated cable row မှာထိုင်ပြီး workoutလုပ်နေစဉ် နောက်ကနေ တစ်စုံတစ်ယောက်ဝင်ထိုင်လိုက်တာကို ခံစားလိုက်ရလို့
လှည့်ကြည့်လိုက်တော့ မောင်...

"မောင် ဘာလို့လဲ"

"ဘာမှမဖြစ်ပါဘူး မောင်ညောင်းလို့ ထိုင်ချင်လို့"

"လွတ်လွတ်လပ်လပ်သွားထိုင်လေ ဒီမှာ ခိုက်မိမှာပေါ့"

"ရတယ် ဘာမှမဖြစ်ဘူး မောင်ကြည့်ရှောင်မယ် ဆက်လုပ် ဆက်လုပ်"

နောက်ကနေ လာထိုင်နေတော့ သူ့ထိမိမှာစိုးလို့ ဒီဒီ့မှာ လုပ်ရတာတောင်မလွတ်မလပ်ဖြစ်နေတော့တယ်...အဲ့ဒီမောင်ဟာ ဘာဖြစ်နေမှန်းကိုမသိဘူး ဒီလိုဝတ်လာတာ နှစ်ပတ်တောင် ရှိပြီ ပထမတစ်ရက်နှစ်ရက်သာ မမြင်ဖူးလို့အထူးအဆန်းလုပ်ပြီး ကြည့်ကြတာ ခုဘယ်သူမှတောင် အာရုံမစိုက်ကြတော့ဘူး ဒီမှာလည်း ဒီဒီတစ်ယောက်တည်းဝတ်တာမဟုတ် မိန်းကလေးတိုင်းဝတ်နေတာ ဒီဒီ့ထက်လှတဲ့သူတွေတောင်ရှိသေးတာကို သူတစ်ယောက်တည်းဖြစ်ပျက်နေတာ

သူမလေး စူပုတ်ပုတ်နဲ့ မကျေနပ်နေတာသိသော်လည်း ဖယ်မပေးပဲ ထိုင်နေလိုက်သည် ဆံပင်လေးကို ponytail စည်းထားပြီး ပန်းရောင်ဝမ်းဆက်လေးဝတ်ထားတဲ့ သူမက အသားရောင်လေးကပါ ပန်းသွေးရောင်ထနေသည် နောက်ကျောက လွတ်နေတဲ့နေရာလေးတွေရော ပေါ်နေတဲ့ခါးလေးတွေရော မတ်မတ်လေးထိုင်နေလို့ ထင်းထွက်နေတဲ့ တင်ပါးလုံးလုံးလေးတွေရောက စွဲမက်ဖွယ်အတိဖြစ်နေတော့ သူဘယ်လိုစိတ်ချနိုင်မှာလဲ.. သူ့လိုစိတ်မျိုး အခြားသူတွေရောမဖြစ်ဘူးလို့ပြောနိုင်မှာလား...

"တော်ပြီ မဆော့တော့ဘူး ပြန်တော့မယ်"

"ဘာလို့လဲ"

"စိတ်မပါတော့ဘူး ပြန်မယ် အကြောလျှော့ပေး"

"အင်းအင်း လာခဲ့"

​စိတ်တိုနေပေမယ့်လည်း အကြောတော့လျှော့ခိုင်းရသည် ချစ်သူဖြစ်ပြီးတည်းက အကြောလျှော့မယ်ဆို ဆရာစိုင်းကိုမလျှော့ခိုင်းတော့ပဲ သူကိုယ်တိုင်ပဲလျှော့ပေးသည်... သူလုပ်ပေးတာကိုပဲ အကျင့်ဖြစ်နေလို့လားမသိ သူ မအားလို့ မလာနိုင်တဲ့ရက်ဆို ဆရာစိုင်းအကြောလျှော့ပေးရင် ညဘက်ကျတော့ ညောင်းသလိုလို ကိုက်သလိုလိုဖြစ်နေသည်... ဒီဒီကလည်း သူလုပ်တာပဲ အကောင်းထင်နေတာပါမှာပေါ့

"ရေချိုးပြီးရင် အပေါ်တက်ခဲ့နော်"

"တက်ဘူး တစ်ခါတည်းပြန်မှာ"

"အဲ့တာဆို မောင် ရေမြန်မြန်ချိုးပြီး လာခဲ့မယ်နော်"

ဘာမှမပြောပဲ ဝင်သွားတဲ့ကောင်မလေးကို ကြည့်ကာ စိတ်ကောက်နေပြီဆိုတာသိလိုက်သည်...အပေါ်ပြေးတက်ပြီး မြန်မြန်ရေချိုးကာ ပြန်ထွက်လာခဲ့သည် တော်ကြာ သူ့ မစောင့်ပဲ taxi နဲ့ပြန်သွားရင်ဒုက္ခ....

ဒီဒီရေအပြေးအလွှားချိုးကာ အောက်ကိုမြန်မြန်ဆင်းလာခဲ့သည်...ဒီနေ့သူ့ကားနဲ့ လိုက်လာတာမို့ taxi နဲ့ပြန်ရမှာမို့သာ ရေချိုးအဝတ်လဲနေရတာ ကိုယ့်ကားကိုယ်သာယူခဲ့ရင် ဒီတိုင်းပြေးတက်ပြီးပြန်ပလိုက်မှာ..
ဟုတ်တယ် လွန်လွန်းလာပြီ...လူတိုင်းကိုသူ့လို နှာဘူးထနေတယ်များထင်နေလားမသိဘူး

အပြင်ရောက်တော့ ကိုယ်တော်ချောက ကားနားမှာရပ်စောင့်နေပြီ အပြေးအလွှားထွက်လာတဲ့ ဒီဒီ့ကိုမြင်တော့ ကားတံခါးဆွဲဖွင့်ပေးကာ

"ချစ်လေးကလဲ ဘာလို့အရမ်းပြေးလာတာလဲ မောင် စောင့်နေရမှာစိုးလို့လား...ဘယ်လောက်ကြာကြာ မောင် စောင့်မှာပေါ့"

!ချီးထုပ်ကြီး တမင်သက်သက်ရွဲ့နေတာ

စူပုတ်ပုတ်ရုပ်လေးနဲ့ ပြတင်းဘက်ကို ခေါင်းလေးစောင်းကာ လိုက်လာတဲ့သူမလေး...

"ချစ်လေး ဒီနေ့စောသေးတော့ မာလာရှမ်းကောသွားစားကြမလား"

"မစားဘူး ဟိုတစ်နေ့ကမှ pizza သွားစားထားတာလေ တစ်ပတ်မှာတစ်ရက်ပဲစားမယ်ပြောထားတာကို မမှတ်မိဘူးလား"

"အော် စောစောလေးပြန်တုန်း ချစ်လေးများ စားချင်နေမလားလို့ပါ ချစ်လေးအရမ်းကြိုက်တယ်မလား"

"......."

"ပြီးတော့ တစ်ပတ်မှတစ်ရက်ပဲ စားလို့ ဘယ်သူကပြောလိုက်တာလဲ"

"ကိုယ့်ဘာကိုယ်ပြောတာ ကျစ်မှမကျစ်သေးတာ ခုချိန်မတရားစားလိုက်ရင်ပြန်ဝလာမှာပေါ့ ဒါလေးတောင် မသိဘူးလား"

(သိသားပဲ ပြန်ဝအောင်လုပ်နေတာပဲကို နည်းနည်းလေးမှ ဗိုက်လေးပူပူ)😬

ပါးစပ်ကမပြောရဲတော့ စိတ်ထဲကပဲပြောလိုက်ရသည် ကြားရင်လည်ပင်းထညှစ်မလားမသိဘူး...

သူမလေးဖြစ်ချင်တဲ့အတိုင်းဖြစ်လာလို့ ကျေနပ်မိတာတစ်ဖက် အရမ်းတွေလှလာလို့စိတ်မချတာ တစ်ဖက်နဲ့ သူ့မှာပူလောင်နေရသည် ဖြစ်နိုင်ရင် အရင်ကလို ဝဝလေးပဲဖြစ်စေချင်သည် သူကဘယ်လိုနေနေချစ်မှာ ဆိုပေမယ့် အားငယ်စိတ်နဲ့နေခဲ့ရတဲ့ အချိန်တွေကိုလည်း သူမကိုပြန်မသွားစေချင်ပေ...

နဂိုတည်းက ခန္ဓာကိုယ်လှတဲ့ ဒီဒီက အဆီပိုတွေချပြီးတဲ့နော​က် အရမ်းtryစရာမလိုပဲ အချိုးကျတဲ့ body က ပေါ်လာခဲ့သည်...ပိန်ကပ်နေတာမျိုးမဟုတ်ပဲ သူ့အချိုးအစားနဲ့သူ မိုက်နေသည် အသားအရေလေးကလည်း လှရက်လွန်းပြီး အဆီတွေမရှိပေမယ့် နဂို ဖောင်းတာဖြစ်တဲ့ ပါးဖောင်းဖောင်းလေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးပါပေါင်းလိုက်တော့ sexyလည်းကျသလို ချစ်ဖို့လည်းကောင်းနေတော့ သူ့မှာစိတ်မချနိုင်ဖြစ်နေရတာ....

ဒီရက်ပိုင်းဆို sportwear လေးနဲ့ လှနေတဲ့ သူမရဲ့ခန္ဓာကိုယ်ကိုတောင် မခံစားနိုင်အားစွာ ဘယ်သူများကြည့်နေမလဲဆိုပြီး မျက်စိဒေါက်ထောက်ကြည့်ကာ ပူပန်နေရသည်...ဖြစ်နိုင်ရင် အနှီးထုပ်လေးနဲ့ထုပ်ပြီး သွားလေရာပွေ့ပိုက်သွားချင်လောက်အောင် ချစ်ရပါသည်
..............

"ဒီဒီလေး"

"အချစ်ကလေး"

"ဒီဘက်လှည့်ပါဦးကွာ အိမ်တောင်ရောက်တော့မှာကို"

ပြောရင်းနဲ့ သူမအိမ်နားက ရပ်နေကျနေရာမှာ ကားကိုရပ်လိုက်တဲ့ထိလှည့်ကြည့်မလာသေး

"ချစ်လေးလို့"

"မောင် ဘယ်ချိန်ထိခုလို လုပ်နေမှာလဲ"

ဝုန်းခနဲ့လှည့်လာပြီး ဒေါသမျက်နှာနဲ့ပြောလိုက်တဲ့သူမလေး ကြည့်ရတာ ပြောချင်နေတာကို သူကားမောင်းနေတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဒီချိန်ထိစောင့်နေတာနေမှာ
ချစ်ဖို့ကောင်းလွန်းတဲ့ ကောင်မလေး..

"ဖြေလေ ဘာလို့ပြုံးနေတာလဲ"

"အင်းပါ မောင်မှားသွားပါတယ် နောက်ကို မလုပ်တော့ဘူးနော် ချစ်လေးဝတ်ချင်ရာဝတ်"

"သေချာတယ်နော်"

"အင်း သေချာတယ်"

"အဲ့ဒါဆို ပြန်ပြီ"

ပြောပြောဆိုဆို ကားတံခါးဖွင့်ပြီး ဆင်းမယ်လုပ်တော့

"နေဦးလေ goodbye kiss လေး"

"ဒီနေ့တော့မရဘူး နှစ်ပတ်လောက်ရှိပြီ ပြင်မလားစောင့်နေတာ မောင်ကမပြောင်းလဲဘူး
အဲ့တော့ နောက်တစ်ခေါက်တွေအဲ့လိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာသိအောင် တစ်ခါတည်းသင်ခန်းစာပေးလိုက်တာ မှတ်ထားနော်"

ပြောပြီး ကားတံခါးဖွင့်ကာ ဆင်းပြေးသွားတဲ့ သူမလေးကို ကြည့်ပြီး သူ့မှာမချင့်မရဲနဲ့ ကျန်ခဲ့ရတော့သည်
...............
....
....

အပြီးသတ်နှုတ်ခမ်းနီဆိုးကာ မှန်ထဲက တစ်ကိုင်းကြိုး အနက်ရောင်လေးကို အနက်ရောင်stylepant နှင့်တွဲဝတ်ကာ အပေါ်ကကုတ်အနက်ရောင်ကိုလွှားတင်ထားသည့် ပုံရိပ်ကို သဘောတကျကြည့်နေမိသည် မှန်ကြည့်တိုင်း ခံစားရတဲ့ ပျော်ရွှင်ကျေနပ်မှုကို ဘာနဲ့တိုင်းတာပြရမလဲတောင်မသိ

တီ တီ

"မောင် ရောက်နေပြီနော်"

မောင့်ဆီက စာဝင်လာတာနဲ့ မှန်ကိုတစ်ချက်ကြ
ည့်ကာထွက်လာလိုက်သည်...ဒီနေ့ ဒီဒီိနဲ့ဇင်လဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကိုသွားကြမလို့ဖြစ်သည် ကျောင်းပြီးထဲက တစ်ခါမှအဲ့လိုပွဲတွေမတက်ခဲ့ဖူး. ဒီဒီရဲ့အားငယ်မှုကိုသိတဲ့ဇင်လဲ့ကလည်း သွားဖို့မတိုက်တွန်းသလို သူကိုယ်တိုင်လည်းမသွားခဲ့ ဒီနှစ်တော့ ဇင်လဲ့က သွားကြဖို့ပြောလာသလို fbပေါ်က ဒီဒီ့ပြောင်းလဲမှုတွေကိုတွေ့တဲ့ အတန်းဖော်တွေကလည်း လာခဲ့ဖို့ခေါ်ကြလို့ သွားဖြစ်ခြင်းဖြစ်သည်....
ကြွားချင်တာလည်းပါတာပေါ့နော်....

ကားရှိရာကိုလျှောက်လာနေတဲ့ အနက်ရောင်ပုံရိပ်လေးကို မြင်လိုက်ရတာ အသက်ရှူဖို့တောင်မေ့သွားသည်  လှနိုင်လွန်းတဲ့ ကိုယ့်ချစ်သူလေး.....

တစ်နေ့ထက်တစ်နေ့ ယုံကြည်မှုတွေပိုတိုးလာတဲ့ ကောင်မလေးဟာ အလှအပကိုလည်းပိုစိတ်ဝင်စားလာသည်....အရင်ကဆို shoppingထွက်ဖို့ သေမတတ်ကြောက်ပြီး အင်္ကျီလေးတစ်ထည်ဝယ်ဖို့ သူ့မှာအမြုပ်ထွက်မတတ် လှတယ်ပြောပေးရတဲ့ သူမက ခုဆိုထွက်လိုက်ရတဲ့ shopping ဝယ်လိုက်ရတဲ့ အဝတ်အစား အပြင်ကဝယ်လိုက် online ကမှာလိုက်နဲ့ deli တွေဆိုတာကလည်း အိမ်ကိုရောက်လာလိုက် ဆိုင်ကိုရောက်လာလိုက် GYM ကိုရောက်လာလိုက် တစ်ခါတစ်လေဆို ခဏတိုင်းပို့ခိုင်းရတာရှက်လာလို့ဆိုပြီး သူ့အကောင့်နဲ့မှာကာ သူ့အိမ်လိပ်စာကိုပို့ခိုင်းလိုက်သေးသည်....
အရမ်းတွေလှလာလွန်းတဲ့ သူမလေးကိုသဝန်တို စိတ်မချဖြစ်နေပေမယ့် ပျော်ရွှင်နေတဲ့ ပုံလေးကိုကြည့်ပြီးတော့လည်း ကျေနပ်မိပြန်သည်..

"ဆံပင်တွေကောက်ထားတာလား မနေ့ကထိအဖြောင့်ပါ"

"စက်နဲ့ လိပ်လာတာလေ ညအိပ်လိုက်ရင် ပြန်ပြေသွားမှာ ဒီအဝတ်အစားနဲ့ အဖြောင့်နဲ့ကျရိုးနေသလားလို့......လှတယ်မလား"

ဆံပင်လေးကိုရမ်းခါပြနေတဲ့ သူမလေးကို ချစ်စနိုးဖြစ်လာလို့ လက်ဖမိုးလေးကို ဆွဲယူကာနမ်းရှိုက်လိုက်သည်

"အပြန်ကျရင်လည်း မောင်ပဲလာကြိုမယ်နော်"

"ဇင်လဲ့ကိုမေးလိုက်ဦးမယ်လေ မိုးအရမ်းချုပ်ရင် သူ့အိမ်မှာပဲအိပ်တော့မလို့"

"အင်း အင်း ဖုန်းဆက်လိုက်"

"ဟုတ် ရင်တုန်လိုက်တာ"

"ဘာ ရင်တုန်စရာရှိလဲချစ်လေးရဲ့ ဘာမှမဖြစ်နဲ့ ယုံကြည်မှုရှိရှိနဲ့သွားပြီး အလှဆုံးနဲ့အပျော်ဆုံးဖြစ်အောင်နေခဲ့ ဟုတ်ပြီလား"

မောင့်စကားကြောင့် မောင့်ကိုကျေးဇူးတင်စွာနဲ့ ကြည့်လိုက်မိသည် ဒီနေ့သွားမယ့်ဆီမှာ စီနီယာဖြစ်တဲ့ ကိုကြီးတို့လည်းလာမည်... တစ်ချိန်က နှိမ့်ချခဲ့ရတဲ့ လူတွေရှေ့ လှလှပပလေးဖြစ်သွားတာကိုပြချင်တဲ့ ဒီဒီ့စိတ်ကို သိလို့ သူများတွေလို exရှေ့လှတာပြချင်တာမလားတို့ ဘာတို့ရစ်တာမျိုးမရှိပဲ မောင်ကိုယ်တိုင်ကလိုလိုလားလားသွားခိုင်းခြင်းဖြစ်သည်....
ကြည့်ရင်း ချစ်စိတ်တွေဖြစ်လာလို့ ကားမောင်းနေတဲ့ မောင့်ပါးလေးကို နမ်းရှိုက်လိုက်သည်

"ဟေ့ လူကိုလာပြီး မရိုးမရွဖြစ်အောင်မလုပ်နဲ့နော် ဒီက သူအလှပြင်ထားတာပျက်မှာစိုးလို့ သတိထားနေနေတာ"

"ချစ်လို့ပါ မောင်ရဲ့"

သူမအပြောလေးကြောင့် လက်လေးကို နောက်တစ်ခေါက်ပြန်ဆွဲကာ နမ်းရှိုက်လိုက်ပြီး

"နေနှင့်ဦး အပြန်မှတွေ့မယ်"

မချင့်မရဲဖြစ်နေတဲ့ သူ့ပုံစံကို ဒီဒီကတော့ တခိခိရယ်နေမိတော့သည်......
.
.
.
.
.

ပထမဆုံး စရေးတဲ့ fic လေးမို့ အရေးအသားမကောင်းတာ လိုအပ်ချက်များစွာကို သည်းခံပြီး ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

ကျွန်မရဲ့ လေ့လာမှုအားနည်းမှုကြောင့် ဇာတ်လမ်းထဲက အကြောင်းအရာတွေမှာ တစ်စုံတစ်ရာ အမှားအယွင်းများပါရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ
ကျွန်မတို့ရဲ့နိုင်ငံကြီး ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တစ်တတ်တစ်အား ပါဝင်အားဖြည့်ပေးကြပါဦးနော်

Aurora
.
.
.
Zawgyi

"wow လွ လွခ်ည္လား"

"မိုက္တယ္ေဟ့"

GYM ထဲကို ဒီဒီဝင္လာတဲ့အခ်ိန္ သူရနဲ႔ေဇယ်တို႔ရဲ့ ခ်ီးက်ဴးသံေတြေၾကာင့္ စိတ္ေက်နပ္စြာျပဳံးမိသည္ ၁ႏွစ္အတြင္း ႀကိဳးႀကိဳးစားစားနဲ႔ အပင္ပန္းခံခဲ့တဲ့အက်ိဳးေက်းဇူးေၾကာင့္ ေပါင္ခ်ိန္ ၁၃၀ပဲရွိေတာ့ကာ ၾကည့္ေကာင္းတဲ့ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္နိုင္ခဲ့ၿပီျဖစ္သည္..

ဒီေန႔ေမာင္နဲ႔အတိုက္အခံေတြလုပ္ကာ ပထမဆုံးအႀကိမ္အျဖစ္ sport bra နဲ႔ legging အမဲေရာင္ဝမ္းဆက္ေလးကို ဝတ္လာျခင္းျဖစ္သည္ အရင္အပတ္ကတည္းက ဝတ္ခ်င္တာ အက်င့္ပုတ္တဲ့ ေမာင္က markingရာေတြဇြတ္လုပ္ပစ္လို႔ ေပ်ာက္ေအာင္လုပ္ေနရလို႔သာ.....
ထပ္ၿပီးစြဲေအာင္လုပ္ရင္ တစ္ပတ္တိတိ ႏွစ္ေယာက္တည္းမေတြ႕ဘူး ေျပာမွသာရပ္ေတာ့သည္....ဒါေတာင္ရင္ညႊန႔္နားမွာ တစ္စြန္းတစ္စေပၚေနတာေလးကို ဖုံးခဲ့ရေသးတယ္....
အဲ့ ေမာင္ ေတာ္ေတာ္ဆိုး~~

"ေဟ့ေကာင္ေတြ မင္းတို႔အၾကည့္ေတြကို ျမန္ျမန္သိမ္းစမ္း"

ေျပာေျပာဆိုဆိုနဲ႔ ဒီဒီ့အနားေရာက္လာကာ ေပၚေနတဲ့ ဗိုက္သားေတြကို ဆြဲဖက္ကာ, ကာလိုက္တဲ့ေမာင္

"ငါတို႔က ဒီတိုင္းပဲ ခ်ီးက်ဴးတာပါကြာ"

"တစ္ခါေျပာၿပီးေတာ္ၿပီေလ ဘာလို႔ဆက္ၾကည့္ေနေသးလဲ"

"ပုံစံေျပာင္းသြားလို႔ ဒီတိုင္းခဏေလးၾကည့္မိတာ ဘာစိတ္မွမပါပါဘူး"

"ဟဲ့ ငါ့ရည္းစားက ရိုးရိုးသားသား ၾကည့္တာေလ ဘာျဖစ္ေနတာလဲ သူ႔ေကာင္မေလးျဖစ္တဲ့ ငါေတာင္ဘာမွမေျပာဘူး"

"အင္းေလ ကိုဟိန္းထက္ကလည္း ကိုကိုက ဘယ္လိုၾကည့္ေနလို႔လဲ"

"ဘယ္လိုပဲၾကည့္ၾကည့္ ၾကည့္ၿပီးခ်က္ခ်င္းမ်က္ႏွာလႊဲ"

"အမေလးဟယ္ အံ့ဩပ ငါတို႔ေကာင္ေလးေတြက မိန္းကေလးေတြဗိုက္သား မျမင္ဖူးတာက်လို႔ အဲ့လိုမျမင္ေစခ်င္ရင္ မဝတ္ခိုင္းနဲ႔ေပါ့"

ဇင္လဲ့ရဲ့ ပြစိပြစိအေျပာကို ျပန္ေျပာမယ္ျပင္ေနတဲ့ ေမာင့္လက္ကိုဆြဲဆိတ္လိုက္ေတာ့ ေမာင္ကဆက္မေျပာေတာ့ပါ အားနာစရာေကာင္းတယ္မဟုတ္ပါလား
ေမာင့္သူငယ္ခ်င္းေတြကေတာ့ မနိုင္ဘူးဆိုတဲ့ပုံစံနဲ႔ မဲ့ရြဲ႕ျပေနသည္

"ဟာ ဘယ္သူမ်ားလဲလို႔ ငါ့တပည့္လွေနပါ့လား"

"အမေလး သြားမေျပာနဲ႔ ဆရာေရ သြားလည္းမၾကည့္နဲ႔ ေခ်ာင္းရိုက္ခံရလိမ့္မယ္"

"ေဟ ဟုတ္လား"

ဆိုၿပီး ဖက္ထားတဲ့ ေမာင့္လက္ကိုၾကည့္ကာ သေဘာေပါက္သြားပုံျဖင့္

"ငါေတာ့ ခဏေလးျဖစ္ျဖစ္ၾကည့္မယ္ေနာ္ လိုအပ္တာလုပ္ေပးလို႔ရေအာင္"

ကိုစိုင္းအေျပာေၾကာင့္ သူမက သူ႔လက္ကိုဆြဲျဖဳတ္ေတာ့သည္..ကိုစိုင္းကိုေတာ့ မၾကည့္ခိုင္းလို႔မရ သူမရဲ့ trainer မဟုတ္ပါလား...
သူမကိုပုံစံေျပာင္းေပးခဲ့တဲ့ ကိုစိုင္းကို သူမကလည္းေတာ္ေတာ္ေလးစားလြန္းတာမို႔ သူလည္း ဘာမွမေျပာေတာ့ပဲေနလိုက္ရေတာ့သည္...

ဒါမွန္းသိ ငါပဲ trainer လုပ္ေပးခဲ့ပါတယ္..
............

seated cable row မွာထိုင္ၿပီး workoutလုပ္ေနစဥ္ ေနာက္ကေန တစ္စုံတစ္ေယာက္ဝင္ထိုင္လိုက္တာကို ခံစားလိုက္ရလို႔
လွည့္ၾကည့္လိုက္ေတာ့ ေမာင္...

"ေမာင္ ဘာလို႔လဲ"

"ဘာမွမျဖစ္ပါဘူး ေမာင္ေညာင္းလို႔ ထိုင္ခ်င္လို႔"

"လြတ္လြတ္လပ္လပ္သြားထိုင္ေလ ဒီမွာ ခိုက္မိမွာေပါ့"

"ရတယ္ ဘာမွမျဖစ္ဘူး ေမာင္ၾကည့္ေရွာင္မယ္ ဆက္လုပ္ ဆက္လုပ္"

ေနာက္ကေန လာထိုင္ေနေတာ့ သူ႔ထိမိမွာစိုးလို႔ ဒီဒီ့မွာ လုပ္ရတာေတာင္မလြတ္မလပ္ျဖစ္ေနေတာ့တယ္...အဲ့ဒီေမာင္ဟာ ဘာျဖစ္ေနမွန္းကိုမသိဘူး ဒီလိုဝတ္လာတာ ႏွစ္ပတ္ေတာင္ ရွိၿပီ ပထမတစ္ရက္ႏွစ္ရက္သာ မျမင္ဖူးလို႔အထူးအဆန္းလုပ္ၿပီး ၾကည့္ၾကတာ ခုဘယ္သူမွေတာင္ အာ႐ုံမစိုက္ၾကေတာ့ဘူး ဒီမွာလည္း ဒီဒီတစ္ေယာက္တည္းဝတ္တာမဟုတ္ မိန္းကေလးတိုင္းဝတ္ေနတာ ဒီဒီ့ထက္လွတဲ့သူေတြေတာင္ရွိေသးတာကို သူတစ္ေယာက္တည္းျဖစ္ပ်က္ေနတာ

သူမေလး စူပုတ္ပုတ္နဲ႔ မေက်နပ္ေနတာသိေသာ္လည္း ဖယ္မေပးပဲ ထိုင္ေနလိုက္သည္ ဆံပင္ေလးကို ponytail စည္းထားၿပီး ပန္းေရာင္ဝမ္းဆက္ေလးဝတ္ထားတဲ့ သူမက အသားေရာင္ေလးကပါ ပန္းေသြးေရာင္ထေနသည္ ေနာက္ေက်ာက လြတ္ေနတဲ့ေနရာေလးေတြေရာ ေပၚေနတဲ့ခါးေလးေတြေရာ မတ္မတ္ေလးထိုင္ေနလို႔ ထင္းထြက္ေနတဲ့ တင္ပါးလုံးလုံးေလးေတြေရာက စြဲမက္ဖြယ္အတိျဖစ္ေနေတာ့ သူဘယ္လိုစိတ္ခ်နိုင္မွာလဲ.. သူ႔လိုစိတ္မ်ိဳး အျခားသူေတြေရာမျဖစ္ဘူးလို႔ေျပာနိုင္မွာလား...

"ေတာ္ၿပီ မေဆာ့ေတာ့ဘူး ျပန္ေတာ့မယ္"

"ဘာလို႔လဲ"

"စိတ္မပါေတာ့ဘူး ျပန္မယ္ အေၾကာေလၽွာ့ေပး"

"အင္းအင္း လာခဲ့"

​စိတ္တိုေနေပမယ့္လည္း အေၾကာေတာ့ေလၽွာ့ခိုင္းရသည္ ခ်စ္သူျဖစ္ၿပီးတည္းက အေၾကာေလၽွာ့မယ္ဆို ဆရာစိုင္းကိုမေလၽွာ့ခိုင္းေတာ့ပဲ သူကိုယ္တိုင္ပဲေလၽွာ့ေပးသည္... သူလုပ္ေပးတာကိုပဲ အက်င့္ျဖစ္ေနလို႔လားမသိ သူ မအားလို႔ မလာနိုင္တဲ့ရက္ဆို ဆရာစိုင္းအေၾကာေလၽွာ့ေပးရင္ ညဘက္က်ေတာ့ ေညာင္းသလိုလို ကိုက္သလိုလိုျဖစ္ေနသည္... ဒီဒီကလည္း သူလုပ္တာပဲ အေကာင္းထင္ေနတာပါမွာေပါ့

"ေရခ်ိဳးၿပီးရင္ အေပၚတက္ခဲ့ေနာ္"

"တက္ဘူး တစ္ခါတည္းျပန္မွာ"

"အင္းအင္း အဲ့တာဆို ေမာင္ ေရျမန္ျမန္ခ်ိဳးၿပီး လာခဲ့မယ္ေနာ္"

ဘာမွမေျပာပဲ ဝင္သြားတဲ့ေကာင္မေလးကို ၾကည့္ကာ စိတ္ေကာက္ေနၿပီဆိုတာသိလိုက္သည္...အေပၚေျပးတက္ၿပီး ျမန္ျမန္ေရခ်ိဳးကာ ျပန္ထြက္လာခဲ့သည္ ေတာ္ၾကာ သူ႔ မေစာင့္ပဲ taxi နဲ႔ျပန္သြားရင္ဒုကၡ....

ဒီဒီေရအေျပးအလႊားခ်ိဳးကာ ေအာက္ကိုျမန္ျမန္ဆင္းလာခဲ့သည္...ဒီေန႔သူ႔ကားနဲ႔ လိုက္လာတာမို႔ taxi နဲ႔ျပန္ရမွာမို႔သာ ေရခ်ိဳးအဝတ္လဲေနရတာ ကိုယ့္ကားကိုယ္သာယူခဲ့ရင္ ဒီတိုင္းေျပးတက္ၿပီးျပန္ပလိုက္မွာ..
ဟုတ္တယ္ လြန္လြန္းလာၿပီ...လူတိုင္းကိုသူ႔လို ႏွာဘူးထေနတယ္မ်ားထင္ေနလားမသိဘူး

အျပင္ေရာက္ေတာ့ ကိုယ္ေတာ္ေခ်ာက ကားနားမွာရပ္ေစာင့္ေနၿပီ အေျပးအလႊားထြက္လာတဲ့ ဒီဒီ့ကိုျမင္ေတာ့ ကားတံခါးဆြဲဖြင့္ေပးကာ

"ခ်စ္ေလးကလဲ ဘာလို႔အရမ္းေျပးလာတာလဲ ေမာင္ ေစာင့္ေနရမွာစိုးလို႔လား...ဘယ္ေလာက္ၾကာၾကာ ေမာင္ ေစာင့္မွာေပါ့"

!ခ်ီးထုပ္ႀကီး တမင္သက္သက္ရြဲ႕ေနတာ

စူပုတ္ပုတ္႐ုပ္ေလးနဲ႔ ျပတင္းဘက္ကို ေခါင္းေလးေစာင္းကာ လိုက္လာတဲ့သူမေလး...

"ခ်စ္ေလး ဒီေန႔ေစာေသးေတာ့ မာလာရွမ္းေကာသြားစားၾကမလား"

"မစားဘူး ဟိုတစ္ေန႔ကမွ pizza သြားစားထားတာေလ တစ္ပတ္မွာတစ္ရက္ပဲစားမယ္ေျပာထားတာကို မမွတ္မိဘူးလား"

"ေအာ္ ေစာေစာေလးျပန္တုန္း ခ်စ္ေလးမ်ား စားခ်င္ေနမလားလို႔ပါ ခ်စ္ေလးအရမ္းႀကိဳက္တယ္မလား"

"......."

"ၿပီးေတာ့ တစ္ပတ္မွတစ္ရက္ပဲ စားလို႔ ဘယ္သူကေျပာလိုက္တာလဲ"

"ကိုယ့္ဘာကိုယ္ေျပာတာ က်စ္မွမက်စ္ေသးတာ ခုခ်ိန္မတရားစားလိုက္ရင္ျပန္ဝလာမွာေပါ့ ဒါေလးေတာင္ မသိဘူးလား"

(သိသားပဲ ျပန္ဝေအာင္လုပ္ေနတာပဲကို နည္းနည္းေလးမွ ဗိုက္ေလးပူပူ)😬

ပါးစပ္ကမေျပာရဲေတာ့ စိတ္ထဲကပဲေျပာလိုက္ရသည္ ၾကားရင္လည္ပင္းထညႇစ္မလားမသိဘူး...

သူမေလးျဖစ္ခ်င္တဲ့အတိုင္းျဖစ္လာလို႔ ေက်နပ္မိတာတစ္ဖက္ အရမ္းေတြလွလာလို႔စိတ္မခ်တာ တစ္ဖက္နဲ႔ သူ႔မွာပူေလာင္ေနရသည္ ျဖစ္နိုင္ရင္ အရင္ကလို ဝဝေလးပဲျဖစ္ေစခ်င္သည္ သူကဘယ္လိုေနေနခ်စ္မွာ ဆိုေပမယ့္ အားငယ္စိတ္နဲ႔ေနခဲ့ရတဲ့ အခ်ိန္ေတြကိုလည္း သူမကိုျပန္မသြားေစခ်င္ေပ...

နဂိုတည္းက ခႏၶာကိုယ္လွတဲ့ ဒီဒီက အဆီပိုေတြခ်ၿပီးတဲ့ေနာ​က္ အရမ္းtryစရာမလိုပဲ အခ်ိဳးက်တဲ့ body က ေပၚလာခဲ့သည္...ပိန္ကပ္ေနတာမ်ိဳးမဟုတ္ပဲ သူ႔အခ်ိဳးအစားနဲ႔သူ မိုက္ေနသည္ အသားအေရေလးကလည္း လွရက္လြန္းၿပီး အဆီေတြမရွိေပမယ့္ နဂို ေဖာင္းတာျဖစ္တဲ့ ပါးေဖာင္းေဖာင္းေလးနဲ႔ မ်က္လုံးဝိုင္းဝိုင္းေလးပါေပါင္းလိုက္ေတာ့ sexyလည္းက်သလို ခ်စ္ဖို႔လည္းေကာင္းေနေတာ့ သူ႔မွာစိတ္မခ်နိုင္ျဖစ္ေနရတာ....

ဒီရက္ပိုင္းဆို sportwear ေလးနဲ႔ လွေနတဲ့ သူမရဲ့ခႏၶာကိုယ္ကိုေတာင္ မခံစားနိုင္အားစြာ ဘယ္သူမ်ားၾကည့္ေနမလဲဆိုၿပီး မ်က္စိေဒါက္ေထာက္ၾကည့္ကာ ပူပန္ေနရသည္...ျဖစ္နိုင္ရင္ အႏွီးထုပ္ေလးနဲ႔ထုပ္ၿပီး သြားေလရာေပြ႕ပိုက္သြားခ်င္ေလာက္ေအာင္ ခ်စ္ရပါသည္
..............

"ဒီဒီေလး"

"အခ်စ္ကေလး"

"ဒီဘက္လွည့္ပါဦးကြာ အိမ္ေတာင္ေရာက္ေတာ့မွာကို"

ေျပာရင္းနဲ႔ သူမအိမ္နားက ရပ္ေနက်ေနရာမွာ ကားကိုရပ္လိုက္တဲ့ထိလွည့္ၾကည့္မလာေသး

"ခ်စ္ေလးလို႔"

"ေမာင္ ဘယ္ခ်ိန္ထိခုလို လုပ္ေနမွာလဲ"

ဝုန္းခနဲ႔လွည့္လာၿပီး ေဒါသမ်က္ႏွာနဲ႔ေျပာလိုက္တဲ့သူမေလး ၾကည့္ရတာ ေျပာခ်င္ေနတာကို သူကားေမာင္းေနတာ အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ ဒီခ်ိန္ထိေစာင့္ေနတာေနမွာ
ခ်စ္ဖို႔ေကာင္းလြန္းတဲ့ ေကာင္မေလး..

"ေျဖေလ ဘာလို႔ျပဳံးေနတာလဲ"

"အင္းပါ ေမာင္မွားသြားပါတယ္ ေနာက္ကို မလုပ္ေတာ့ဘူးေနာ္ ခ်စ္ေလးဝတ္ခ်င္ရာဝတ္"

"ေသခ်ာတယ္ေနာ္"

"အင္း ေသခ်ာတယ္"

"အဲ့ဒါဆို ျပန္ၿပီ"

ေျပာေျပာဆိုဆို ကားတံခါးဖြင့္ၿပီး ဆင္းမယ္လုပ္ေတာ့

"ေနဦးေလ goodbye kiss ေလး"

"ဒီေန႔ေတာ့မရဘူး ႏွစ္ပတ္ေလာက္ရွိၿပီ ျပင္မလားေစာင့္ေနတာ ေမာင္ကမေျပာင္းလဲဘူး
အဲ့ေတာ့ ေနာက္တစ္ေခါက္ေတြအဲ့လိုလုပ္ရင္ ဒီလိုျဖစ္မယ္ဆိုတာသိေအာင္ တစ္ခါတည္းသင္ခန္းစာေပးလိုက္တာ မွတ္ထားေနာ္"

ေျပာၿပီး ကားတံခါးဖြင့္ကာ ဆင္းေျပးသြားတဲ့ သူမေလးကို ၾကည့္ၿပီး သူ႔မွာမခ်င့္မရဲနဲ႔ က်န္ခဲ့ရေတာ့သည္
...............
....
....

အၿပီးသတ္ႏွုတ္ခမ္းနီဆိုးကာ မွန္ထဲက တစ္ကိုင္းႀကိဳး အနက္ေရာင္ေလးကို အနက္ေရာင္stylepant ႏွင့္တြဲဝတ္ကာ အေပၚကကုတ္အနက္ေရာင္ကိုလႊားတင္ထားသည့္ ပုံရိပ္ကို သေဘာတက်ၾကည့္ေနမိသည္ မွန္ၾကည့္တိုင္း ခံစားရတဲ့ ေပ်ာ္ရႊင္ေက်နပ္မွုကို ဘာနဲ႔တိုင္းတာျပရမလဲေတာင္မသိ

တီ တီ

"ေမာင္ ေရာက္ေနၿပီေနာ္"

ေမာင့္ဆီက စာဝင္လာတာနဲ႔ မွန္ကိုတစ္ခ်က္ၾက
ည့္ကာထြက္လာလိုက္သည္...ဒီေန႔ ဒီဒီိနဲ႔ဇင္လဲ့ ေက်ာင္းသားေဟာင္းေတြ႕ဆုံပြဲကိုသြားၾကမလို႔ျဖစ္သည္ ေက်ာင္းၿပီးထဲက တစ္ခါမွအဲ့လိုပြဲေတြမတက္ခဲ့ဖူး. ဒီဒီရဲ့အားငယ္မွုကိုသိတဲ့ဇင္လဲ့ကလည္း သြားဖို႔မတိုက္တြန္းသလို သူကိုယ္တိုင္လည္းမသြားခဲ့ ဒီႏွစ္ေတာ့ ဇင္လဲ့က သြားၾကဖို႔ေျပာလာသလို fbေပၚက ဒီဒီ့ေျပာင္းလဲမွုေတြကိုေတြ႕တဲ့ အတန္းေဖာ္ေတြကလည္း လာခဲ့ဖို႔ေခၚၾကလို႔ သြားျဖစ္ျခင္းျဖစ္သည္....
ႂကြားခ်င္တာလည္းပါတာေပါ့ေနာ္....

ကားရွိရာကိုေလၽွာက္လာေနတဲ့ အနက္ေရာင္ပုံရိပ္ေလးကို ျမင္လိုက္ရတာ အသက္ရွူဖို႔ေတာင္ေမ့သြားသည္  လွနိုင္လြန္းတဲ့ ကိုယ့္ခ်စ္သူေလး.....

တစ္ေန႔ထက္တစ္ေန႔ ယုံၾကည္မွုေတြပိုတိုးလာတဲ့ ေကာင္မေလးဟာ အလွအပကိုလည္းပိုစိတ္ဝင္စားလာသည္....အရင္ကဆို shoppingထြက္ဖို႔ ေသမတတ္ေၾကာက္ၿပီး အကၤ်ီေလးတစ္ထည္ဝယ္ဖို႔ သူ႔မွာအျမဳပ္ထြက္မတတ္ လွတယ္ေျပာေပးရတဲ့ သူမက ခုဆိုထြက္လိုက္ရတဲ့ shopping ဝယ္လိုက္ရတဲ့ အဝတ္အစား အျပင္ကဝယ္လိုက္ online ကမွာလိုက္နဲ႔ deli ေတြဆိုတာကလည္း အိမ္ကိုေရာက္လာလိုက္ ဆိုင္ကိုေရာက္လာလိုက္ GYM ကိုေရာက္လာလိုက္ တစ္ခါတစ္ေလဆို ခဏတိုင္းပို႔ခိုင္းရတာရွက္လာလို႔ဆိုၿပီး သူ႔အေကာင့္နဲ႔မွာကာ သူ႔အိမ္လိပ္စာကိုပို႔ခိုင္းလိုက္ေသးသည္....
အရမ္းေတြလွလာလြန္းတဲ့ သူမေလးကိုသဝန္တို စိတ္မခ်ျဖစ္ေနေပမယ့္ ေပ်ာ္ရႊင္ေနတဲ့ ပုံေလးကိုၾကည့္ၿပီးေတာ့လည္း ေက်နပ္မိျပန္သည္..

"ဆံပင္ေတြေကာက္ထားတာလား မေန႔ကထိအေျဖာင့္ပါ"

"စက္နဲ႔ လိပ္လာတာေလ ညအိပ္လိုက္ရင္ ျပန္ေျပသြားမွာ ဒီအဝတ္အစားနဲ႔ အေျဖာင့္နဲ႔က်ရိုးေနသလားလို႔......လွတယ္မလား"

ဆံပင္ေလးကိုရမ္းခါျပေနတဲ့ သူမေလးကို ခ်စ္စနိုးျဖစ္လာလို႔ လက္ဖမိုးေလးကို ဆြဲယူကာနမ္းရွိုက္လိုက္သည္

"အျပန္က်ရင္လည္း ေမာင္ပဲလာႀကိဳမယ္ေနာ္"

"ဇင္လဲ့ကိုေမးလိုက္ဦးမယ္ေလ မိုးအရမ္းခ်ဳပ္ရင္ သူ႔အိမ္မွာပဲအိပ္ေတာ့မလို႔"

"အင္း အင္း ဖုန္းဆက္လိုက္"

"ဟုတ္ ရင္တုန္လိုက္တာ"

"ဘာ ရင္တုန္စရာရွိလဲခ်စ္ေလးရဲ့ ဘာမွမျဖစ္နဲ႔ ယုံၾကည္မွုရွိရွိနဲ႔သြားၿပီး အလွဆုံးနဲ႔အေပ်ာ္ဆုံးျဖစ္ေအာင္ေနခဲ့ ဟုတ္ၿပီလား"

ေမာင့္စကားေၾကာင့္ ေမာင့္ကိုေက်းဇူးတင္စြာနဲ႔ ၾကည့္လိုက္မိသည္ ဒီေန႔သြားမယ့္ဆီမွာ စီနီယာျဖစ္တဲ့ ကိုႀကီးတို႔လည္းလာမည္... တစ္ခ်ိန္က ႏွိမ့္ခ်ခဲ့ရတဲ့ လူေတြေရွ႕ လွလွပပေလးျဖစ္သြားတာကိုျပခ်င္တဲ့ ဒီဒီ့စိတ္ကို သိလို႔ သူမ်ားေတြလို exေရွ႕လွတာျပခ်င္တာမလားတို႔ ဘာတို႔ရစ္တာမ်ိဳးမရွိပဲ ေမာင္ကိုယ္တိုင္ကလိုလိုလားလားသြားခိုင္းျခင္းျဖစ္သည္....
ၾကည့္ရင္း ခ်စ္စိတ္ေတြျဖစ္လာလို႔ ကားေမာင္းေနတဲ့ ေမာင့္ပါးေလးကို နမ္းရွိုက္လိုက္သည္

"ေဟ့ လူကိုလာၿပီး မရိုးမရြျဖစ္ေအာင္မလုပ္နဲ႔ေနာ္ ဒီက သူအလွျပင္ထားတာပ်က္မွာစိုးလို႔ သတိထားေနေနတာ"

"ခ်စ္လို႔ပါ ေမာင္ရဲ့"

သူမအေျပာေလးေၾကာင့္ လက္ေလးကို ေနာက္တစ္ေခါက္ျပန္ဆြဲကာ နမ္းရွိုက္လိုက္ၿပီး

"ေနႏွင့္ဦး အျပန္မွေတြ႕မယ္"

မခ်င့္မရဲျဖစ္ေနတဲ့ သူ႔ပုံစံကို ဒီဒီကေတာ့ တခိခိရယ္ေနမိေတာ့သည္......
.
.
.
.
.

ပထမဆုံး စေရးတဲ့ fic ေလးမို႔ အေရးအသားမေကာင္းတာ လိုအပ္ခ်က္မ်ားစြာကို သည္းခံၿပီး ဖတ္ရွုေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္

ကၽြန္မရဲ့ ေလ့လာမွုအားနည္းမွုေၾကာင့္ ဇာတ္လမ္းထဲက အေၾကာင္းအရာေတြမွာ တစ္စုံတစ္ရာ အမွားအယြင္းမ်ားပါရွိခဲ့ရင္ ခြင့္လႊတ္ေပးဖို႔ေတာင္းဆိုခ်င္ပါတယ္

အားလုံးပဲ က်န္းမာေရးဂ႐ုစိုက္ၾကပါ
ကၽြန္မတို႔ရဲ့နိုင္ငံႀကီး ဒီအေျခအေနကေန အျမန္ဆုံးလြတ္ေျမာက္နိုင္ဖို႔ ကိုယ္တတ္နိုင္တဲ့ဘက္ကေန တစ္တတ္တစ္အား ပါဝင္အားျဖည့္ေပးၾကပါဦးေနာ္

Aurora

Continue Reading

You'll Also Like

251K 13.2K 81
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
82.8K 1.9K 36
ထန္ရဲေသြး/ မင္းကို ငါ ပိုင္တာ မင္းခ်စ္တာ ငါပဲျဖစ္ရမယ္ မင္းမုန္းတာလည္း ငါပဲျဖစ္ရမယ္ ငါ့ဆီကေန မင္းကို ယူဖို့ျကိဳ းစားသူမွန္သမ်ွ ေသရမယ္! ေကသံစဥ္ / လႊတ္ေ...
547K 23.6K 60
Start : 27.4.2022 Finish : 5.11.2022 ရန်ကုန်သား ကိုယ်လူချောနဲ့ ပြည်မြို့သူ စွာတေးလန်မလေးတို့ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ အချစ်ဇာတ်လမ်း.......။ ရန္ကု...
901K 18.1K 40
မထင်မှတ်ထားတဲ့အမှားကြောင့် မင်းကိုလက်ထပ်လိုက်ရပေမဲ့ ရင်ထဲမှာတန်ဖိုးထားပြီး ချစ်ရတာပါဆိုတဲ့...ဦးနဲ့ချာတိတ်။