" ခနနေလောက်ကျရင် ငါအပြင်သွားစရာရှိတယ် ဂျီမင်.. "
သူ့ကို အင်္ကျီလဲပေးနေရင် ထယ်ယောင်းက ပြော လေသည်။ ဆေးရုံမှာ သူတို့နေနေတာ အခုဆို သုံးရက်လောက်ရှိနေပြီးလေ။ ပါးပါးတို့ကို ဖုန်းဆက်ထားပေမဲ့ မနက်ဖြန်မှ ရောက်မယ်တဲ့။ အခုထိ သူ့အနားကနေ တစ်ဖွာမှ မခွာပဲ ရှိနေပေးသူက ထယ်ယောင်းပေါ့။သူမျက်လုံးတွေမမြင်ရတော့ ထယ်ယောင်းပဲ အစအဆုံး သူ့ကိုပြုစုပေးသည်။ ရေချိုးပေးတာကအစ Tolite ၀င်တာအဆုံး ထယ်ယောင်းကပဲ ဂရုစိုက်ပေးတာ။ဆေးရုံကနေ ဆင်းချင်ဆင်းလို့ရပြီးပြောပေမဲ့ ထယ်ယောင်းရဲ့ အဖေပိုင်တဲ့ ဆေးရုံပဲမို့ မနက်ဖြန်မှဆင်းဖို့ထယ်ယောင်းက လုပ်ထားသည်။ အခြေအနေက သူ့အတွက်ဘာမှမကျန်တော့ဘူးလေ။ သူလည်းသိသလို ထယ်ယောင်းလည်းသိတာပဲ။ သူမထွက်သွားခင်အချိန်မှာထယ်ယောင်းနဲ့ပဲနေချင်တာ။ တစ်ယောက်တည်းကျန်ခဲ့မဲ့ ထယ်ယောင်းကို မပျင်းရအောင် သူစကားတွေအများကြီးပြောပေးချင်တာ။သူ့နောက်လိုက်ခဲ့မယ်လို့ပြောပေမဲ့ သူဘယ်ခေါ်ရက်ပါမလဲ ? ။
" ဟုတ်လား ?"
" အင်း ...အဲတော့ အပြင်သွားတုန်းဘာစားချင်လဲ ဘာ၀ယ်ပေးရမလဲ ?"
သူကုတင်ပေါ်မှာပြန်လှဲမလိုလုပ်တော့ ထယ်ယောင်းကပဲ သူကိုနေရာချပေးသည်။ တကယ်တော့ ဒီဆေးရုံကို ရောက်တဲ့နေ့ကတည်းက ဒီကုတင်တစ်ခုမှာပဲ နစ်ယောက်သားအတူအိပ်ချတာပဲ။ ဝေးဝေးမှာ နေဖို့မပြောနဲ့ ခွဲအိပ်ဖို့တောင် အဆင်မပြေဘူးလေ။
" မင်းကြိုက်ရာ၀ယ်ခဲ့ "
" ဟုတ်ပြီး ချစ်တယ် ကိုယ့်အချစ်လေး "
သူပါးတစ်ခုလုံးကို တံတွေးတွေနဲ့ ပြည်နှက်နေအောင်နမ်းနေတဲ့ ထယ်ယောင်းကြောင့်
" မင်းနော် ငါမျက်နှာတွေ တံတွေးတွေချည်းပဲ "
သူလည်ပင်းဆီ တိုး၀င်လာတဲ့ထယ်ယောင်းခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။ ဒီအတိုင်းလေး သူလည်ပင်းမှ ခေါင်းလေးကိုထိုးအပ်ထားတာ။
" အပြင်မသွားချင်တော့ဘူး "
" ဘာဖြစ်ပြန်တာလဲ ?"
တကယ်တော့ သူထယ်ယောင်းမျက်နှာကိုမမြင်ရတာတောင် ထယ်ယောင်းဘယ်လိုပုံစံမျိုးဖြစ်နေတယ်ဆိုတာ မသိရပါ။ သူလည်တိုင်ကြားထဲမှာ မျက်နှာလေးအပ်ရင် သက်ပြင်းရှည်ကြီးကိုချနေလေသည်။
" မင်းတစ်ယောက်တည်းကိုမထားခဲ့ချင်ဘူး "
" ခနနေ ဂျွန်လာမှာပဲလေ ထယ်ယောင်းကလဲ ?"
ထူးထူးဆန်းဆန်းထယ်ယောင်းက သူ့နားမှာ ကလေးတစ်ယောက်လို တိုးဝှေ့နေသည်။ ပြီးတော့ သူြမျက်နှာ သူ့နူတ်ခမ်းတွေကိုလဲ ထပ်ခါထပ်ခါနမ်းနေလေသည်။ မသိရင် နောက်မနမ်းရတော့မဲ့ ပုံစံမျိုးကို နမ်းနေတာ။
" ထယ်ယောင်း "
" 4နာရီ ပြန်လာမယ် "
ထယ်ယောင်းခေါင်းလေးကို သူလက်နစ်ဖက်နဲ့ ကိုင်ကာ ခပ်ဖွဖွပွတ်ပေးလိုက်သည်။
" မလောနဲ့ ငါကအဆင်ပြေတယ် "
" ငါကအဆင်မပြေဘူး မင်းကိုထားခဲ့ရမှာ ချစ်ရယ်.. "
" ဆေးရုံမှာလေ ဆရာ၀န်တွေကော့ သူနာပြုတွေရောရှိနေတာကို "
" ဟင့် ....!"
ထယ်ယောင်းက သက်ပြင်းရှည်ကြီးကို ထပ်ပြီးချပြန်သည်။ ထယ်ယောင်းကိုကြည့်ရတာ အဘိုးကြီးပေါက်စလိုပဲ။
" ထယ်ယောင်း ...!"
" ဟင့် ..."
" အိမ်ကိုပါ ခနပြန်ပြီး ငါ့စာပွဲရဲ့အောက်ကဒိုင်ယာရီ စာအုပ်ထဲကဓာတ်ပုံလေးပါ ယူလာပေးပါလား ?"
" ဘာဓာတ်ပုံလဲ ? "
သူလည်တိုင်ကြားကနေ ခေါင်းကိုဆက်ခနဲ့ထောင်ပြီးေမးလေသည်။
" ဒီကိုအရင်ယူလာခဲ့ ကြည့်မလာနဲ့ ဒီရောက်မှပြောပြမယ် "
" ဘာတွေ လျိုဝှက်နေတာလဲ ?"
" Darling ..."
" ဟွန်း ...!"
သူ့ခန္ဓာကို ကိုယ်လေးတိုးပြီးဖက်ကာ ဆက်တော့မမေးတော့ပေ။ ထယ်ယောင်းမှတ်မိမှာမဟုတ်ပေမဲ့ သူကတော့အချိန်အကြာကြီးအမြတ်တနိုးနဲ့ သိမ်းဆည်းထားတဲ့ ဓာတ်ပုံလေးပေါ့။
အခုထိ စွဲကပ်နေတဲ့ ထယ်ယောင်းဆီက ကိုယ်သင်းရနံ့လေး | အခုထိ မပျောက်သေးတဲ့ နူတ်ခမ်းပါးက စီးကရက်အနံ့လေးတွေ ဒီအရာတွေကိုလည်း ထယ်ယောင်းဆီကမို့ သူမြတ်နိုးသည်။
/
" မျက်နှာလေးက တော်တော်လန်းလာတာပဲ "
ဂျွန်က သူ့အခန်းဆီရောက်တာနဲ့စပြောတော့သည်။ သူလဲ ပြန်ပြုံးပြရင် ကုတင်ပေါ်မှ ဒီအတိုင်းငုတ်တုတ်ထိုင်နေလိုက်သည်။ ဂျွန်က ဒီလိုပဲ နေ့တိုင်းလာတက်သည်။
" သေရတော့မယ် လူပဲကို "
သူ့အတွက်သေခြင်းတရားက နီးကပ်လာသည်နှင့်အမျှကြောက်ရွံမနေတော့ပါ။ သူ အကုန်လုံးကိုစိတ်လျော့ထားလိုက်ပြီးပဲ။
" ဂျီမင်.....ဘာလိုအဲလိုပဲပြောနေတာလဲ ?"
" အလိမ်အညာမှမဟုတ်တာ "
" တော်ပြီးဒီစကားတွေ ထပ်မေပြာနဲ့တော့၊ ထယ်ယောင်းဘယ်အချိန်ပြန်လာမယ်လို့ပြောလဲ ?"
" 4နာရီပြန်လာမယ်တဲ့ "
" ဪ ဒါဆို ခနနေပြန်လာတော့မှာပဲ "
" အင်း.... ဂျွန် "
" ဟေး "
သူ့ဘေးနားမှာ ဂျွန်ထိုင်နေမှန်းသိသည်။ ဒါပေမဲ့ ဂျွန်က ဘယ်လိုအနေအထားနဲ့ေနနေတယ်ဆိုတော့ သူမသိရပေ။မမြင်နိင်တော့ပေ ။
" ထယ်ယောင်းကို ဂရုစိုက်ပေးနော် "
" ......!"
" ငါမရှိတဲ့အချိန် သူစီးကရက်တွေလည်းသိပ်မသောက်စေနဲ့ | ပြီးတော့ အရက်ကော့ "
" ဂျီမင် ..."
ဂျွန်ဘက်က ပြောလာမဲ့ စကားကိုသူသိနေတယ်။ ဒါပေမဲ့ သူ့ရဲ့ တစ်ဦးတည်းသော ချစ်ရသူလေးကို အရမ်း၀မ်းမနည်းပေးဖို့နဲ့ | ဆရာ၀န်ကောင်းလေး တစ်ယောက်ဖြစ်ဖို့ပေါ့။ ကျန်ရှိတဲ့ ဘ၀မှာ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွင်ရွှင်နေနိင်ဖို့ကော့ပေါ။
" ထယ်ယောင်းအကြောင်းလဲမင်းသိလဲတာပဲ ပြီးတော့ ငါမရှိတော့တဲ့အချိန် နောက်တစ်ယောက်ရှာပေးလိုက်နော် ။ သူတစ်ယောက်တည်းအထီးမကျန်စေနဲ့ | ပြီးတော့ ထယ်ယောင်းကိုချစ်ပေးပြီး ဂရုစိုက်ပေးတဲ့လူနဲ့ပဲ အောင်သွယ်ပေးနော် "
အရူးတစ်ယောက်လို ထယ်ယောင်းကို စိတ်မချဖြစ်နေတဲ့ ဂျီမင်ကို ကြည့်ရင် သူတောင် အသက်ရူတောင်ကျပ်မိသည်။ တစ်ယောက်ကလည်း အတူသေဖို့ထိ တွေးနေတယ်။ နောက်တစ်ယောက်ကလည်း သူ့ကိုဂရုစိုက်ပေးဖို့ မှာနေပြန်သည်။
[ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကျပြန်တော့လည်း
လောကကြီးကတောင် မနာလိုလွန်းလို သေခွဲ ခွဲဖို့ ကြိုးစားနေပြန်သတဲ့ ]
" ငါအဲလောက်ထိ မင်းလူကို ပြောမပြီးတာမင်းလဲသိရက်သားနဲ့ "
" သူက လူဆိုးပဲ အဟွန်း။ ဒါပေမဲ့ဂျွန် မင်းကလွဲရင် သူ့ကိုဘယ်သူနဲ့မှ စိတ်မချဘူးလေ ။ ဒါကြောင့်သူ့ကို ငါစိတ်ချရတဲ့ မင်းကပဲဂရုစိုက်ပေးရမှာ "
သူ့နှလုံးသားတွေကတောင် နာကျင်ရသည်။ ဒီလိုမျိုး ချစ်သူစုံတွဲတွေဘယ်နှတွဲတောင် ရှိလိမ့်မလဲ ? ။
မင်းမရှိရင် မဖြစ်တဲ့ထယ်ယောင်းကို ငါနဲ့ဘယ်လိုစိတ်ချထားနိင်တာလဲ ဂျီမင် ...သေချာတယ် ငါဒီကတိကိုမတည်နိင်ဘူးလေ...။
" ဂျွန် ဖုန်းလာနေတယ် "
သူ့အတွေးတွေ ဘယ်လောက်တောင် လွန်နေသလဲမသိတော့ပါ။ ဂျီမင်လှမ်းပြောမှာ ဖုန်းခေါ်သံကို ကြားတော့သည်။ ဖုန်းကိုကြည့်လိုက်တော့ ထယ်ယောင်းက ခေါ်နေတာ။
" ထယ်ယောင်းပဲ "
" ဟင့် ..ထယ်ယောင်းလား ?"
ထယ်ယောင်းလိုခေါ်လိုက်တာနဲ့ဂျီမင်ဘက်ကလူပ်လူပ်ရှားရှားဖြစ်လာသည်။
[ ဂျွန် _ဟဲလို ]
[ ထယ်ယောင်း _ ဂျွန်ရေ မင်းဂျီမင်ဘေးနားမှာလား? ]
[ဂျွန် _အေး ဘာဖြစ်လို့လဲ ? ]
[ ထယ်ယောင်း _ အွန်း... ငါ့စာပွဲပေါ်မှဆေးသိမ်းဖို့ မေ့ခဲ့လို့ မင်းသိမ်းထားပေးစမ်းပါ ]
သူမျက်လုံးကို ဟိုဟိုဒီဒီလိုက်ကြည့်လိုက်သည်။ ဂျီမင်ဘေးနားမှာ ရှိနေတာပဲ။ ဂျီမင်ကတော့ သူတို့ ပြောတာတွေကိုနားစွင့်နေလေသည်။
" ဂျီမင် အပြင်မှာဖုန်းခနလောက်သွားပြောမယ်နော် ရလား လိုင်းကမေကာင်းလို့ "
" အင်းသွားပြောလေ ..ဒါနဲ့ ပြောပေးအုံးငါမှာတာပါခဲ့လားလို့ "
" အေးအေး "
ပြောကာ အခန်းထဲက ထွက်ခဲ့မိသည်။ အခန်းပြင်ရောက်တာနဲ့။
[ ဂျွန် _ ထယ်ယောင်း ဘာအရူးထပြီးဒီဆေးတွေ မင်းသောက်နေတာလဲ ?]
အိပ်ဆေးတွေကိုစီထားတာ။ သူမသိအောင် ဘယ်လောက်တောင်သောက်နေလိုက်သလဲ ထယ်ယောင်းက။
[ ထယ်ယောင်း _ အိပ်မပျော်လို့ သောက်တာပါကွာ... ]
[ ဂျွန် _ ထယ်ယောင်း မင်းသူနောက်လိုက်သွားဖို့တွေးနေတာလား ? " ]
ဘယ်လိုပဲရှိစေအုံးတော့ သူ့သူငယ်ချင်းလေး ဒီလိုလုပ်မှာကိုတော့ ဘယ်လိုနည်းနဲ့မှ ခွင့်မပြုနိင်ပါ။
[ ထယ်ယောင်း_ မင်းအများကြီးတွေးနေတာပဲ ]
[ ဂျွန် _ ငါတွေးနေတာ မဟုတ်ဘူး ငါထင်နေတာ၊ မင်းကလုပ်လိမ့်လို့ ငါထင်နေတာ]
ထယ်ယောင်းဆီက ခနဲ့တဲ့ရီသလေးတွေကိုဖုန်းထဲကနေ ကြားလိုက်သည်။
[ ဂျွန် _ မင်းဒီလိုလုပ်တာကိုဂျီမင်ကကော့ ခွင့်ပြုမယ်ထင်နေလား ? ]
[ ထယ်ယောင်း_ တော်လိုက်တော့ ဂျွန် မင်းနဲ့ငါအဲကိစ္စထက်မပြောချင်ဘူး ]
[ ဂျွန် _ မင်းအခုဘယ်မှာလဲ ? ]
[ ထယ်ယောင်း _ ကားမောင်းနေတာအခုဆေးရုံကိုပြန်လာပြီး မီပွိုင့်နားရောက်တော့မှာ ]
[ ဂျွန် _ ဂျီမင်ကမေးနေတယ် သူမှာတဲ့ဟာပါလားတဲ့ ]
[ ထယ်ယောင်း _ အေးပါတယ် စာအုပ်ထဲမှာ ဘာလဲတော့မသိဘူး ငါ့ကိုမကြည့်ခဲ့နဲ့တဲ့ ...]
ဝုန်း ...!
တစ်ဖက်ဖုန်းကြားနေ သူကြားလိုက်ရတဲ့ အသံ ။ ဆူညံလွန်းလို့ သူ့နားတွေတောင်အူထွက်သွားသည်။
" ထယ်ယောင်း ...ထယ်ယောင်း "
အသံတွေကိုကြားနေရတယ်။ သူရင်မှာ စိုးရိမ်တဲ့အပူလုံးက ကြီးသထက်ကြီးလာသည်။ မဟုတ်ဘူး။ မဟုတ်ဘူးလေ...!။ ဖုန်းထဲကနေ ကြားနေရတဲ့အသံတွေသည် သူ့ကိုတုန်လူပ်ချောက်ချားစေသည်။ သူတစ်ကိုယ်လုံးသွေးကြောများပင် မလည်ပတ်တော့ပဲ ရပ်တန့်သွားသလိုပင်။
/
ဖုန်းသွားပြောမယ်ဆိုပြီးအခုထိ ပြန်မလာသေးတဲ့ ဂျွန်။ အချိန်တော်တော်ကြာနေလေသည်။ ထယ်ယောင်းဆီက ဖုန်းလာလို့သွားပြောတယ်မဟုတ်လား? ။ အရေးကြီးကိစ္စကြောင့် ပြန်သွားတာလား ?။ ကုတင်ပေါ်ကနေ သူထလိုက်ရင် Tolite ဆီကိုသွားမလိုလုပ်တော့ စာပွဲကအောက်ခြေနဲ့ သူခြေထောက်ကိုတိုက်မိသွားသည်။
" အား ..!"
အမြဲထယ်ယောင်းကပဲ အနားမှာအရိပ်လိုရှိနေခဲ့တာကြောင့် သူအတွက်ကအဆင်ပြေသည်။ အခုတော့ စမ်းတစ်ဝါးဝါးနဲ့ သူ့အတွက်သွားလာရတာလုံး၀အဆင်မပြေပေ။
" ချစ် ဘယ်သွားနေတာလဲ ?"
" ဟင့် ..."
အနောက်ကနေ သူလက်မောင်းကိုလာဆွဲတဲ့ ထယ်ယောင်း။ သူအနည်းငယ်လန့်မိသွားတာတော့အမှန်ပေ။
" အသံမပေးဘာမပေးနဲ့ "
သူ့လက်မောင်းကို လာကိုင်သော ထယ်ယောင်းလက်ကလေးတွေသည်အေးစက်လွန်းနေသည်။ ပြီးတော့ စိုစွတ်စွတ်နဲ့ ။
" အသံမပေးပဲ ဒီအတိုင်း၀င်လာတာလေ "
ထယ်ယောင်းလက်ဖဝါးက သူ့ပါးဆီလာအပ်တော့
" ထယ်ယောင်း ဘာလိုကိုယ်တွေအရမ်းအေးနေတာလဲ ? "
လိုတာထက်ပို၍ ထယ်ယောင်းရဲ့ခန္ဓာကိုယ်ကအေးစက်လွန်းနေသည်။ ပြီးတော့ သူထယ်ယောင်းလက်ကိုကိုင်လိုက်တော့
" ချွေးတွေနဲ့ ဘယ်ကနေပြန်လာတာလဲ ?"
" အခုဘယ်ကိုသွားမလိုထရတာလဲ ?။ အခုတော့ ထိခိုက်ကုန်ပြီး"
" Toliteသွားမလို့ ဂျွန်ကော့..မင်းနဲ့ဖုန်းေပြာမယ်ဆိုပြီးအပြင်ထွက်သွားတယ် မတွေ့ဘူးလား ?"
" ...!"
ထယ်ယောင်းဆီက ဖြေသံထွက်မလောချေ။ သူလက်မောင်းကိုကိုင်ထားတဲ့ ထယ်ယောင်းလက်တွေသည်ပိုလိုအေးစက်လာဆဲ။
" ငါယူလာခိုင်းတဲ့ ဓာတ်ပုံကော့ "
သူလက်ဖြန့်ကာ ထယ်ယောင်းဆီကတောင်းလိုက်လေသည်။
" အာ့ ....!"
" ဘာလဲ ?"
" ကားပေါ်မှာကျန်ခဲ့တယ် "
" ဟမ့်...! ဘာလိုကျန်ခဲ့တာလဲ... ငါသေချာမှာလိုက်တယ်လေ "
သူ့လက်မောင်းမှာ ရှိနေတဲ့ထယ်ယောင်းလက်ကို လှမ်းရိုက်လိုက်သည်။
" sorry "
" ဘာကို .."
" I'm sorry Baby "
" ဘာလိုကိုယ်တွေကချွှဲစိစိဖြစ်နေတာလဲထယ်ယောင်း..! "
အသန့်ကြိုက်တဲ့လူက ဒီလိုမျိုးဘာလို စေးကပ်ကပ်ဖြစ်နေတာလဲ ? ထယ်ယောင်းက ထူးဆန်းနေမှန်းသူသိတယ်။ ဒါပေမဲ့ဘာလိုဆိုတာ သူမသိပေ။
" ဂျီမင် ...ငါတောင်းပန်ပါတယ်"
သြရှရှအသံလေးကလျိုတိုးနေလိုက်တာ ။ ဘာလိုသူရင်တွေပူနေရတာလဲ ?"။ ထယ်ယောင်းကတောင်းပန်စကားပဲဆက်တိုက်ကိုပြောနေတာ။ ထပ်ခါတစ်လဲလဲတောင်းပန်ရအောင် ဘာတွေလုပ်မိလိုလဲ ထယ်ယောင်းရယ်...!
" ဘာလိုတောင်းပန်နေတာလဲ ?"
သူရင်ထဲမှာ တစ်ရိပ်ရိပ်တက်လာတဲ့ အပူလုံးတွေကထိန်းချုပ်မရပေ။ တိတ်ဆိတ်လွန်းနေတဲ့ ထယ်ယောင်းကြောင့်
" ဘာဖြစ်လို့လဲ...! "
" ချစ် .."
" အင်း ..!"
ထယ်ယောင်းဆီက ပြောလာမယ့်စကားကိုစောင့်ဆိုင်းနေတုန်း။
" ဂျီမင် ...!"
မောကြီးပန်းကြီး သူ့အခန်းထဲကိုပြေး၀င်လာကာ သူ့နာမည်ကိုခေါ်လိုက်တဲ့ ဂျွန်။
" ဂျွန် ..."။
" ငါနဲ့လိုက်ခဲ့ "
" ဘယ်လဲ ?"
သူ့လက်ကောက်၀တ်ကို ဆွဲကာ ခေါ်သွားနေတဲ့ ဂျွန်ကြောင့် သူ့လက်ကိုရုန်းလိုက်ရင်
" ဘာဖြစ်လို့လဲ ?"
" ထယ်ယောင်းဆီ သွားရအောင် "
ဂျွန်အသံက၀မ်းနည်းတကြီးနဲ့တုန်လူပ်ချောက်ချားနေတာ။ ထယ်ယောင်းဆီ သွားမယ် ထယ်ယောင်းက သူနားမှာလေ ။ဂျွန်ဘာတွေပြောနေတာလဲ ?။
" ထယ်ယောင်းက ဒီမှာလေဘာေတွပြောနေတာလဲ ဂျွန်...! "
ထယ်ယောင်းရှိရာဘက်ကို သူလက်လှမ်းပြလိုက်သည်။ ဂျွန်ကလောနေလို့မမြင်တာလား ? ထယ်ယောင်းက သူနားမှာလေ။ထယ်ယောင်း မင်း၀င်ပြောလေ။
သူ့ပုခုံးကိုခုနကထိ ကိုင်ထားတဲ့ ထယ်ယောင်းရဲ့အေးစက်စက်လက်လေးက သူပုခုံးထက်မှာအခု တော့ မရှိတော့ပြန်ဘူး ။ ပြီးတော့ ထယ်ယောင်းက တိတ်ဆိတ်သွားပြန်သည်။ သူ့နှလုံးသားတစ်ခုလုံး အေးစက်ထုံထိုင်းသွားသည်။ သူ့အသိအာရုံကြောတွေ လွှတ်ထွက်သွားကုန်သည်။ ပြီးတော့ သူ့ခြေထောက်တွေတောင်မခိုင်တော့သလိုပဲ။ နောက်ပြီးတော့ တုန်တုန်ယင်ယင်နဲ့ သူ့ခြေလှမ်းတွေကိုနောက်ကိုတစ်လှမ်းဆုတ်မိလိုက်သည်။
* မဟုတ်တာ ...!*
Zawgyi
" ဟုတ်လား ?"
" မင်းကြိုက်ရာဝယ်ခဲ့ "
" ဘာဖြစ်ပြန်တာလဲ ?"
" ထယ်ယောင်း "
" 4နာရီ ပြန်လာမယ် "
" ဟင့် ....!"
" ထယ်ယောင်း ...!"
" ဟင့် ..."
" ဘာဓာတ်ပုံလဲ ? "
သူလည်တိုင်ကြားကနေ ခေါင်းကိုဆက်ခနဲ့ထောင်ပြီးမေးလေသည်။
" ဘာတွေ လျိုဝှက်နေတာလဲ ?"
" Darling ..."
" ဟွန်း ...!"
/
" သေရတော့မယ် လူပဲကို "
" အလိမ်အညာမှမဟုတ်တာ "
" တော်ပြီးဒီစကားတွေ ထပ်မပြောနဲ့တော့၊ ထယ်ယောင်းဘယ်အချိန်ပြန်လာမယ်လို့ပြောလဲ ?"
" 4နာရီပြန်လာမယ်တဲ့ "
" အင်း.... ဂျွန် "
" ဟေး "
" ......!"
" ဂျီမင် ..."
" ဂျွန် ဖုန်းလာနေတယ် "
" ထယ်ယောင်းပဲ "
" ဟင့် ..ထယ်ယောင်းလား ?"
[ ဂျွန် _ဟဲလို ]
" ဂျီမင် အပြင်မှာဖုန်းခနလောက်သွားပြောမယ်နော် ရလား လိုင်းကမကောင်းလို့ "
" အေးအေး "
ဝုန်း ...!
" ထယ်ယောင်း ...ထယ်ယောင်း "
/
" အား ..!"
" ချစ် ဘယ်သွားနေတာလဲ ?"
" ဟင့် ..."
" အသံမပေးဘာမပေးနဲ့ "
" Toliteသွားမလို့ ဂျွန်ကော့..မင်းနဲ့ဖုန်းပြောမယ်ဆိုပြီးအပြင်ထွက်သွားတယ် မတွေ့ဘူးလား ?"
" ...!"
" အာ့ ....!"
" ဘာလဲ ?"
" sorry "
" ဘာကို .."
" I'm sorry Baby "
" ဘာဖြစ်လို့လဲ...! "
" ချစ် .."
" အင်း ..!"
" ဂျီမင် ...!"
" ဂျွန် ..."။
" ငါနဲ့လိုက်ခဲ့ "
" ဘယ်လဲ ?"
" ဘာဖြစ်လို့လဲ ?"
" ထယ်ယောင်းက ဒီမှာလေဘာတွေပြောနေတာလဲ ဂျွန်...! "
* မဟုတ်တာ ...!*