ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) Un...

KazunoMora tarafından

59.9K 6K 78

✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့... Daha Fazla

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း
အပိုင်း ၆၆၁ : ငါးနှစ်ကျော် ကျင့်ကြံခဲ့ကြသူများသည် အခြေခံအုတ်မြစ် အဆင့်တွင်...
အပိုင်း ၆၆၂ : တပည့်ရှစ်ယောက်၊ တစ်ယောက်လို
အပိုင်း ၆၆၃ : အခက်အခဲများစွာ အကြားမှ ကလေးသည် ကြီးပြင်းလာခဲ့ပြီ
အပိုင်း ၆၆၄ : ဂိုဏ်းတွင်းပြိုင်ပွဲ စတင်ခြင်း
အပိုင်း ၆၆၅ : အရေးကြီးတာတစ်ခု ပြောဖို့မေ့နေတယ်
အပိုင်း ၆၆၆ : ဆရာက တပည့်ကို ချောက်ချခြင်း၊ ချောက်ချလေလေ ပိုကောင်းလေလေပဲ
အပိုင်း ၆၆၇ : စမ်းသပ်မှုက မရိုးစင်းပေ
အပိုင်း ၆၆၈ : ယခင်ကနှင့် မတူတော့ပေ
အပိုင်း ၆၆၉ : ကြီးမားသော ကွာဟချက်များ
အပိုင်း ၆၇၀ : အကြီးမားဆုံး ထောင်ချောက်ဆိုတာ မရှိဘူး....
အပိုင်း ၆၇၁ : ဆုလာဘ်
အပိုင်း ၆၇၂ : ချက်ချင်းဖြစ်ပွားလာသော အတွင်းပဋိပက္ခများ
အပိုင်း ၆၇၃ : စိတ်လှုပ်ရှားခြင်း
အပိုင်း ၆၇၄ : လင်းဖုန်း၏ အဆုံးအမများ
အပိုင်း ၆၇၅ : နောက်ကျသွားပြီလား
အပိုင်း ၆၇၆ : မျိုးဆက်တိုင်းမှ အကြင်နာကင်းမဲ့သော ကိုယ်ကျင့်စရိုက်များ
အပိုင်း ၆၇၇ : ဒုတိယအဆင့်
အပိုင်း ၆၇၈ : မင်းအပူမပါဘူး
အပိုင်း ၆၇၉-၆၈၀-၆၈၁
အပိုင်း ၆၈၂-၆၈၃-၆၈၄-၆၈၅
အပိုင်း ၆၈၆-၆၈၇-၆၈၈-၆၈၉-၆၉၀
အပိုင်း ၆၉၁-၆၉၂-၆၉၃-၆၉၄-၆၉၅
အပိုင်း ၆၉၆-၆၉၇-၆၉၈-၆၉၉-၇၀၀
အပိုင်း ၇၀၁ မှ ၇၀၅
အပိုင်း ၇၀၆ မှ ၇၁၀
အပိုင်း ၇၁၁ မှ ၇၁၅
အပိုင်း ၇၁၆ မှ ၇၂၀
အပိုင်း ၇၂၁ မှ ၇၂၅
အပိုင်း ၇၂၆ မှ ၇၃၀
အပိုင်း ၇၃၁ မှ ၇၃၅
အပိုင်း ၇၃၆ မှ ၇၄၀
အပိုင်း ၇၄၁ မှ ၇၄၅
အပိုင်း ၇၄၆ မှ ၇၅၀
အပိုင်း ၇၅၁ မှ ၇၅၅
အပိုင်း ၇၅၆ မှ ၇၆၀
အပိုင်း ၇၆၁ - ၇၆၂
အပိုင်း ၇၆၃ - ၇၆၄
အပိုင်း ၇၆၅ - ၇၆၆
အပ်ုင်း ၇၆၇ - ၇၆၈
အပိုင်း ၇၆၉ - ၇၇၀
အပိုင်း ၇၇၁ မှ ၇၇၅
အပိုင်း ၇၇၆ မှ ၇၈၀
အပိုင်း ၇၈၁ မှ ၇၈၅
အပိုင်း ၇၈၆ မှ ၇၉၀
အပိုင်း ၇၉၁ မှ ၇၉၅
အပိုင်း ၇၉၆ မှ ၈၀၀
အပိုင်း ၈၀၁ - ၈၀၂
အပိုင်း ၈၀၃ မှ ၈၀၆
အပိုင်း ၈၀၇ မှ ၈၁၀
အပိုင်း ၈၁၁ မှ ၈၁၅
အပိုင်း ၈၁၆ မှ ၈၂၀
အပိုင်း ၈၂၁ မှ ၈၂၅
အပိုင်း ၈၂၆ မှ ၈၃၀
အပိုင်း ၈၃၁ မှ ၈၃၅
အပိုင်း ၈၃၆ မှ ၈၄၀
အပိုင်း ၈၄၁ မှ ၈၄၅
အပိုင်း ၈၄၆ မှ ၈၅၀
အပိုင်း ၈၅၁ မှ ၈၅၅
အပိုင်း ၈၅၆ မှ ၈၆၀
အပိုင်း ၈၆၁ မှ ၈၆၅
အပိုင်း ၈၆၆ မှ ၈၇၀
အပိုင်း ၈၇၁ : ခေါင်းဖြတ်ခြင်း
အပိုင်း ၈၇၂ : တစ်ယောက်မှ ထွက်သွားဖို့ မစဥ်းစားနဲ့
အပိုင်း ၈၇၃
အပိုင်း ၈၇၄ : အားလုံးတို့အား ဖမ်းဆီးခြင်း
အပိုင်း ၈၇၅ : စူတောင်သို့ တက်ခြင်း
အပိုင်း ၈၇၆ : ငါကစပြီးမှ မင်းတို့ရဲ့ တောင်ပေါ်ကို လာမယ်
အပိုင်း ၈၇၇ : ယုကျင်းတောင်က စူတောင်အား ဖိနှိပ်ခြင်း
အပိုင်း ၈၇၈ : မင်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု
အပိုင်း ၈၇၉ : မင်းတို့က ဘယ်သူ့ကို ရွေးရွေး ငါက သူ့ကို အနိုင်ယူပြမယ်
အပိုင်း ၈၈၀ : စွမ်းအားဖျက်ဆီး ကပ်ဘေးကို ထပ်မံရင်ဆိုင်ခြင်း
အပိုင်း ၈၈၁ : အရာအားလုံးတို့အား ကံကြမ္မာ ကြိုတင်သတ်မှတ်ပြီး ဖြစ်သည်
အပိုင်း ၈၈၂ : ကွဲကြေသွားသော ဓားဆန္ဒများ
အပိုင်း ၈၈၃ : ကောင်းကင်ဖျက်ဆီးက တိုးတက်လာချိန်တွင်
အပိုင်း ၈၈၄ : အရင်အတိုင်း ဘယ်တော့မှ မဖြစ်နိုင်တော့ချေ
အပိုင်း ၈၈၅ : ပြန်လည်ရွေးယူခြင်း
အပိုင်း ၈၈၆ : ကမ္ဘာတစ်ဝန်းမှ ဂုဏ်ပြုကြခြင်း
အပိုင်း ၈၈၇ : တိုက်ပွဲအပြီးမှ ပြစ်ဒဏ်များ
အပိုင်း ၈၈၈ : အကြွေးများကို နယ်မြေများဖြင့် ပေးဆပ်ရခြင်း
အပိုင်း ၈၈၉ : မဟာလွင်တီးခေါင် ကုန်းမြေသို့
အပိုင်း ၈၉၀ : လွတ်မြောက်ရန် အကြံအစည်
အပိုင်း ၈၉၁ : ရွှေပုစဥ်း ဆရာတော်၏ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်
အပိုင်း ၈၉၂ : ရင်ကွဲနာကျ ဖြစ်သွားသော ကျင်းဟွမ်အမတ်
အပိုင်း ၈၉၃ : မဟာလွင်တီးခေါင် ကုန်းမြေအတွင်းက လူတိုင်းက
အပိုင်း ၈၉၄ : မင်းကငါကို ဖော်ပြရင် ငါကလည်း မင်းကို ပြန်ဖော်ပြမယ်
အပိုင်း ၈၉၅ : လင်းဖုန်းအား နွေးထွေးစွာ ကြိုဆိုခြင်း
အပိုင်း ၈၉၆ : ဓားလမ်းစဥ်၏ အလွန်
အပိုင်း ၈၉၇ : အဆက်မပြတ် အောင်မြင်တိုးတက်ခြင်း
အပိုင်း ၈၉၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား အသေးစိတ် လေ့လာသုံးသပ်ခြင်း
အပိုင်း ၈၉၉ : ဟင်းလင်းပြင် ဘုရားကျောင်း၏ မဟာ အကြံအစည်
အပိုင်း ၉၀၀ : အမှန်တရားနှင့် ဟာကွက်များကို ဖုံးကွယ်ခြင်း
အပိုင်း ၉၀၁ : မဟာ ကောင်းကင်ကိုးလွှာ မြင့်မြတ်သောဓား
အပိုင်း ၉၀၂ : ရီကျိနှင့် ဟွမ်ထျန်း အန္တိမ မာစတာ
အပိုင်း ၉၀၃ : ဝက်! ဝက်! ဝက်!
အပိုင်း ၉၀၄ : ထောင်ချောက်သို့ သွားရာလမ်း
အပိုင်း ၉၀၅ : ကယ်တင်ခြင်း
အပိုင်း ၉၀၆ : ရွှေပုစဥ်း ဆရာတော်၏ မဟာမိတ်များ
အပိုင်း ၉၀၇ : အစ်ကိုကြီး.. ဆရာ့ကို လူသားတွေ ဖမ်းသွားကြပြီ
အပိုင်း ၉၀၈ : မျောက်
အပိုင်း ၉၀၉ : ငြိမ်သက်စွာဖြင့် စဥ်းစားနေသော လင်းဖုန်း
အပိုင်း ၉၁၀ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၁)
အပိုင်း ၉၁၁ : ကောင်းကင်အောက်မှ မဟာပညာရှင်တို့၏ တိုက်ပွဲ (၂)
အပိုင်း ၉၁၂ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်အား အနိုင်ယူခြင်း (၁)
အပိုင်း ၉၁၄ : ကြုံတွေ့လာသော အခွင့်အရေး တစ်ခု
အပိုင်း ၉၁၅ : ဝေခွဲမရ ဖြစ်နေခဲ့သော မဟာချင် အင်ပါယာ
အပိုင်း ၉၁၆ မှ ၉၂၀
အပိုင်း ၉၂၁ - ၉၂၂
အပိုင်း ၉၂၃ : နောက်ယောင်ခံလိုက်ခြင်း
အပိုင်း ၉၂၄ : မင်းကို ဘာမှမဟုတ်သလို သဘောထားမယ်
အပိုင်း ၉၂၅ : ကြီးထွားလာသော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း
အပိုင်း ၉၂၆ : ပါရမီရှင်တွေမှာ ပြဿနာတွေ အပြည့်နဲ့ပါ
အပိုင်း ၉၂၇ : ဂိုဏ်းဆိုတာက လူအသိုင်းအဝိုင်း အသေးစား တစ်ခုပါ
အပိုင်း ၉၂၈ : ဂိုဏ်းအတွင်းမှ ဝါဒအုပ်စုများ
အပိုင်း ၉၂၉ : မောင်ငယ်များ အားလုံး၏ နှလုံးသား အတွင်းတွင်
အပိုင်း ၉၃၀ : သူ၏ အဖော်အား ကျောပေးနေသော ဥဒေါင်း
အပိုင်း ၉၃၁ မှ ၉၃၅
အပိုင်း ၉၃၆ မှ ၉၄၀
အပိုင်း ၉၄၁ မှ ၉၄၅
အပိုင်း ၉၄၆ မှ ၉၅၀
အပိုင်း ၉၅၁ မှ ၉၅၅
အပိုင်း ၉၅၆ မှ ၉၆၀
အပိုင်း ၉၆၁ မှ ၉၇၀
အပိုင်း ၉၇၁ မှ ၉၈၀
အပိုင်း ၉၈၁ မှ ၉၉၀
အပိုင်း ၉၉၁ မှ ၉၉၅
အပိုင်း ၉၉၆ မှ ၁၀၀၀
အပိုင်း ၁၀၀၁ မှ ၁၀၀၅
အပိုင်း ၁၀၀၆ မှ ၁၀၁၀
အပိုင်း ၁၀၁၁ မှ ၁၀၂၀
အပိုင်း ၁၀၂၁ မှ ၁၀၃၀
အပိုင်း ၁၀၃၁ မှ ၁၀၄၀
အပိုင်း ၁၀၄၁ မှ ၁၀၄၅
အပိုင်း ၁၀၄၆ မှ ၁၀၅၀
အပိုင်း ၁၀၅၁ : တာအိုနှလုံးသား ခြေမွသူ
အပိုင်း ၁၀၅၂ : မယုံကြည်နိုင်သော သူများစွာ ရှိကြသည်၊ သို့သော်လည်း
အပိုင်း ၁၀၅၃ : ခွန်းလွန်တောင်မှ တောက်ပသော အလင်းတန်း
အပိုင်း ၁၀၅၄ : ပြန်လည်တည်ဆောက်ခြင်း
အပိုင်း ၁၀၅၅ : လက်ရှိမျိုးဆက်၏ သခင်
အပိုင်း ၁၀၅၆ : ဇူဟုန်ဝူကလည်း စမ်းသပ်နေလိုသည်
အပိုင်း ၁၀၅၇ : မရည်ရွယ်ပဲ အပေါက်တစ်ပေါက် တူးမိခြင်း
အပိုင်း ၁၀၅၈ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းမှ မရေမတွက်နိုင်သော အခွင့်အရေး
အပိုင်း ၁၀၅၉ : ရန်သူနယ်မြေတွင် ခံတပ်တည်ဆောက်ခြင်း
အပိုင်း ၁၀၆၀ : လျှင်မြန်စွာ တိုးတက်ခြင်း၊ ဥက္ကာပျံကဲ့သို့ မြင့်တက်ခြင်း
အပိုင်း ၁၀၆၁ : နတ်ဘုရားနယ်မြေ အတွင်းမှ ပြောင်းလဲမှု
အပိုင်း ၁၀၆၂ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ လက်ထပ်ခွင့် တောင်းခံခြင်း
အပိုင်း ၁၀၆၃ : အထင်ကြီးဖွယ်ရာ စီးတော်ယာဥ်
အပိုင်း ၁၀၆၄ : ငရဲကမ္ဘာ ပင်လယ်ကမ္ဘာ၏ ကမ္ဘာငယ်များ
အပိုင်း ၁၀၆၅ : ကြီးကျယ်ခမ်းနားစွာ ကြိုဆိုမှု
အပိုင်း ၁၀၆၆ : သင့်တင့်လျှောက်ပတ်သော ဧည့်သည်များ
အပိုင်း ၁၀၆၇ : ဝေခွဲရ ခက်နေသော ဂူမိသားစု
အပိုင်း ၁၀၆၈ : သေမင်းဧကရာဇ် လိုချင်နေသော အရာ
အပိုင်း ၁၀၆၉ : ဇာတ်ညွှန်းက ရေးပြီးပြီး... ဒါပေမဲ့ မင်းသားက ဘယ်မှာလဲ
အပိုင်း ၁၀၇၀ : ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ဂိုဏ်းက...
အပိုင်း ၁၀၇၁ : သုံးပွင့်ဆိုင် ဆွေးနွေးကြခြင်း
အပိုင်း ၁၀၇၂ : ကွဲပြားခြားနားသော အကျိုးသက်ရောက်မှုကို ဖော်ဆောင်ခြင်း
အပိုင်း ၁၀၇၃ : ဆေးလုံး ကျင့်ကြံမှု ပြိုင်ပွဲ
အပိုင်း ၁၀၇၄ : မျက်လုံး ပြူးနေအောင် ဖွင့်ထားပြီး သင်ယူပါ
အပိုင်း ၁၀၇၅ : မင်းအတွက်တော့ အန္တရာယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ အခွင့်အရေး
အပိုင်း ၁၀၇၆ : စီနီယာ အဆင့်ကို အမှီပြု၍ ဝင့်ကြွားခြင်း
အပိုင်း ၁၀၇၇ : မျက်နှာပျက်သွားသော အကြီးအကဲ
အပိုင်း ၁၀၇၈ : ပြိုင်ပွဲ၏ လောင်းကြေး
အပိုင်း ၁၀၇၉ : တစ်ယောက်၏ စွမ်းရည် အကန့်အသတ်ကို ကျော်လွန်၍ ကြိုးစားခြင်း
အပိုင်း ၁၀၈၀ : အန္တိမ ပြိုင်ပွဲ
အပိုင်း ၁၀၈၁ : ရင်ခုန်သံများ မြန်လာခြင်း
အပိုင်း ၁၀၈၂ : အရေအတွက်နှင့် ကွဲပြားမှုများကို ဖြည့်ခြင်း
အပိုင်း ၁၀၈၃ : ငါတို့က အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ကမ္ဘာကို နားမလည်နိုင်တော့ဘူ
အပိုင်း ၁၀၈၄ : ကမ္ဘာအတွင်းမှ အကောင်းဆုံး
အပိုင်း ၁၀၈၅ : နောက်ထပ် စစ်မြေပြင် တစ်ခုတွင် ရန်ငြိုးရန်စများကို ဖြေရှင်းခြင်း
အပိုင်း ၁၀၈၆ : သက်ရှည်ကြာပန်း ထိုင်ခုံ
အပိုင်း ၁၀၈၇ : လက်ဆောင်လာပေးခြင်း
အပိုင်း ၁၀၈၈ : ငရဲကမ္ဘာ ပင်လယ် အတွင်းသို့ လိုက်လံ တိုက်ခိုက်ကြခြင်း
အပိုင်း ၁၀၈၉ : ပထမ တိုက်ပွဲအား နိုင်သူသည် စစ်ပွဲကို အနိုင်ရသူ မဟုတ်ပေ
အပိုင်း ၁၀၉၀ : သစ္စာဖောက်သူ
အပိုင်း ၁၀၉၁ : ခံစားချက် ကင်းမဲ့သောသူသည် အစစ်အမှန် သူရဲကောင်းတစ်ယောက် မဖြစ်နိုင်
အပိုင်း ၁၀၉၂ : ခံစားချက် ရှိသောသူများကလည်း ယောကျ်ားပီသနိုင်သည်
အပိုင်း ၁၀၉၃ : နတ်ဘုရားနယ်မြေ အတွက် နောက်ဆုံးအကြိမ် သွေးမြေကျခြင်း
အပိုင်း ၁၀၉၄ : ငရဲကမ္ဘာ ပင်လယ်၏ ဗဟိုချက်
အပိုင်း ၁၀၉၅ : ရှေးဟောင်းခေတ်မှ ဟင်းလင်းပြင် ဘုရားကျောင်း၏ ပဋိပက္ခ
အပိုင်း ၁၀၉၆ : ကြေကွဲဖွယ်ရာများ၏ အဆုံးသတ်
အပိုင်း ၁၀၉၇ : ခွေးများကို ကျွေးခဲ့သော ရိုးသားမှု
အပိုင်း ၁၀၉၈ : သေမင်းဧကရာဇ်၏ ဒုတိယ နတ်ဆိုးဝိညာဥ်
အပိုင်း ၁၀၉၉ : ရှဧကရာဇ်နှင့် တိုက်ခိုက်ခြင်း
အပိုင်း ၁၁၀၀ : သေမင်းဧကရာဇ်နှင့် တိုက်ခိုက်ခြင်း
အပိုင်း ၁၁၀၁ : နတ်ဆိုးဝိညာဥ်၏ အမျက်ဒေါသ
အပိုင်း ၁၁၀၂ : ပြန်ဆပ်၍ မရသည့် အကြွေးများ
အပိုင်း ၁၁၀၃ : မြင့်မြတ်သော ဖန်ဆင်းခြင်း အလင်းတန်းလား
အပိုင်း ၁၁၀၄ : သေမင်းဧကရာဇ်၏ စစ်သည်ရဲမက်များကို လိုက်လံ သတ်ဖြတ်ကြခြင်း
အပိုင်း ၁၁၀၅ : ပြိုင်ဘက်များကို အလစ်အငိုက် ဖမ်းခြင်း
အပိုင်း ၁၁၀၆ : မူမမှန်တဲ့ လှုပ်ရှားမှုတွေကို သတိထားပါ
အပိုင်း ၁၁၀၇ : ပြင်ပကမ္ဘာတွင် ပြင်းထန်စွာ လှုပ်ရှားနေကြသော်လည်း ဂိုဏ်းအတွင်းတွင်
အပိုင်း : ၁၁၀၈ : ဝေဖန်မှုအောက်မှ ဆန်းစစ်မှု
အပိုင်း ၁၁၀၉ : ဘာဖြစ်လို့လဲ ဆိုတော့ မင်းတို့အားလုံးက အမတန်မှ သန်မာလို့ပဲ
အပိုင်း ၁၁၁၀ : ဝိညာဥ်ပင်လယ်ကို ပြန်လည် ဖွင့်လှစ်ခြင်းလော
အပိုင်း ၁၁၁၁ : ဟင်းလင်းပြင် ဘုရားကျောင်း၏ အကြံအစည်
အပိုင်း ၁၁၁၂ : မြောင်ရှီးဟောင်၏ တံခါးပိတ်နေရာမှ ထွက်လာခြင်း
အပိုင်း ၁၁၁၃ : ငါတို့က ဘယ်လိုလုပ်ပြီး မတည်ငြိမ်တဲ့ အင်အားစု ဖြစ်မှာလဲ
အပိုင်း ၁၁၁၄ : အကြီးကျယ်ဆုံး မြင့်မြတ်နယ်မြေ

အပိုင်း ၉၁၃ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်ကို အနိုင်ယူခြင်း (၂)

229 29 0
KazunoMora tarafından

စာစဥ် ၄၈ : အပိုင်း ၃

အပိုင်း ၉၁၃ : ဂရန်းမာစတာက မန္တန်တစ်သောင်းမျောက်ကို အနိုင်ယူခြင်း (၂)

မျောက်သည် လင်းဖုန်း၏ ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာ အတွင်းတွင် ပိတ်မိနေခဲ့ပြီး တစ်စက်မှပင် မလှုပ်ရှားနိုင်ခဲ့ပေ။ သူသည် သူ၏ ဆံပင်များမှ မည်သည့်ကိုယ်ပွားကိုမှလည်း မထုတ်လွှတ်နိုင်ခဲ့ပဲ သူ၏ နာမည်ကျော် မန္တန်တစ်သောင်း နည်းစနစ်ကလည်း ချိပ်ပိတ်ခံထားရသည်။ သူ၏မျက်လုံးများ အရှေ့မှ ကမ္ဘာက ကျဆင်းလာခဲ့သော အခါ သူ့၏ မိစ္ဆာစွမ်းအင်များကို ကုန်ခန်းစေခဲ့သည်။

"အရမ်းကောင်းတယ်.. အရမ်းကောင်းတယ်.. အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်" မျောက်သည် သူ၏အံကို ကြိတ်လိုက်ပြီး မျက်တောင်များကို ခတ်လိုက်ရာ တောက်ပသော အလင်းတန်းများ ထွက်လာခဲ့ပြီး မူလက သာမန်လူသား အရွယ်သာ ရှိနေသော သူ၏ ခန္ဓာကိုယ်သည် ဧရာမ အရွယ်အစား ဖြစ်သွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလှသည့် ရုပ်ကိုယ်ခန္ဓာ စွမ်းအားများသည် ဟင်းလင်းပြင်အား လွှမ်းမိုးသွားနိုင်ခဲ့သည်။

ခက်ထန်လှသော မျက်နှာဖြင့် သူသည် ရှေးကျလှသည့် ဟိန်းဟောက်သံ တစ်ခုကို အော်ဟစ်လိုက်၍ သူ၏ ထက်မြက်လှသော အစွယ်များကို ဖော်ပြလိုက်ရာ သူ၏ မိစ္ဆာစွမ်းအင်များသည် ကောင်းကင်အပေါ်သို့ ထိုးတက်သွား၏။ အစွမ်းထက်သော ရုပ်ကိုယ်ခန္ဓာ စွမ်းအင်များနှင့် မိစ္ဆာစွမ်းအားများသည် အတူတကွ ပေါင်းစည်းသွားခဲ့ကာ ကောင်းကင်ကို ဖြိုခွဲပစ်လိုက်သည်။

ဒါသည် လင်းဖုန်းက မူလကောင်းကင် ကမ္ဘာအား ရောက်လာခဲ့အပြီးတွင် တွေ့ကြုံရသည့် အသန်မာဆုံး ရုပ်ကိုယ်ခန္ဓာ စွမ်းအားပေါက်ကွဲမှုပင် ဖြစ်သည်။ သူတွင် နှောင့်ယှက်ဖျက်ဆီး၍ မရနိုင်သော အရည်အသွေးများကို ပိုင်ဆိုင်ထားသည်။

သူသည် အလားတူ စွမ်းအားများရှိသော နည်းစနစ်များကို တွေ့ခဲ့ဖူးသည်။ သို့သော်လည်း ယခုမျောက်ကဲ့သို့ ပြင်းထန်လှသည့် စွမ်းအားများကို ထုတ်လွှတ်နိုင်သော အရာကို မတွေ့ဖူးပေ။

လင်းဖုန်းသည် ထိုကဲ့သို့သော မချိုးဖောက်နိုင်သည့် စွမ်းအားများကို ကြမ္မာပန်းတိုင် အဆင့်တွင် ရှိနေသော မှော်ရတနာ တစ်ပါးဖြစ်သည့် အင်မော်တယ် နဂါးမြို့တော်ထံတွင်သာ တွေ့ခဲ့ဖူးသည်။ သို့သော်လည်း အင်မော်တယ် နဂါးမြို့တော်၏ ကြီးကျယ်မြင့်မြတ်သည့် အော်ရာနှင့် ယှဥ်လိုက်လျှင် မျောက်သည် ခက်ထက်ကြမ်းတမ်းကာ ရက်စက်ကြမ်းကြုတ်၍ ဖိနှိပ်နိုင်ကာ အရှုံးမပေးသော စွမ်းအားများကို ထုတ်ဖော်ပြသနေခဲ့သည်။

ဒါသည် အသွင်ပြောင်းလဲခြင်း တစ်သောင်း မှော်ကျိန်စာ အပြင် သူပိုင်ဆိုင်ထားသော နောက်ထပ် ပင်ကိုစွမ်းရည် တစ်ခုဖြစ်သည်။ ထိုစွမ်းရည်ကြောင့်ပင် ရွှေပုစဥ်း ဆရာတော်သည် ကျိန်စာရွှေကွင်းကို အသုံးပြုကာ ဤမျောက်ကို ချုပ်နှောင်ထားခဲ့ရခြင်း ဖြစ်သည်။ သူ့အား အနိုင်ယူနိုင်ရန် အလွန်အမင်း ခက်ခဲသည်။

သူသည် နဂါး၊ ဆင်၊ ရွှမ်းဝူနှင့် ပုရွက်ဆိတ်တို့အား ရုပ်ကိုယ်ခန္ဓာ သက်သက်ဖြင့် ယှဥ်လိုက်လျှင် အားနည်းနေသော်လည်း မာကျောမှု၊ ကြာရှည်စွာ ခံနိုင်မှုနှင့် ခံစစ်စွမ်းရည်များက ပို၍သာလွန်သည်။ သို့သော်လည်း ဤစွမ်းရည်ကို အသုံးပြုရန် အတွက် မျောက်သည် သူ၏ အစစ်အမှန် ပုံစံကို ဖော်ပြရန် လိုအပ်သည်။

မျောက်သည် ကမ္ဘာဦးခေတ် အဆုံးသတ်က မဟာကမ္ဘာနှစ်ခု ကွဲပြားသွားခြင်း ကဲ့သို့ မစွမ်းဆောင်နိုင်သော်လည်း သူသည် ကောင်းကင်ကို ဆွဲဖြဲနိုင်သည့် အစွမ်းရှိနေသည်။ ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး နောက်တွင် သူသည် လင်းဖုန်း၏ ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာ၏ ဖန်တီးထားသော ကမ္ဘာမှ အားသုံးကာ ဖောက်ထွက်လိုက်၍ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ခဲ့သည်။

လင်းဖုန်းသည် ဆက်လက်၍ တိုက်ခိုက်နေခြင်း မပြုပဲ မျောက်၏ အစစ်အမှန် ပုံစံအား သဘောကျစွာဖြင့် လေ့လာနေခဲ့သည်။ "အင်.. ဒါက တကယ်ကို ထူးခြားလှတာပဲ.. အသွင်ပြောင်းလဲခြင်း တစ်သောင်း မှော်ကျိန်စာက သူ့ရဲ့ အဆုံးမဲ့ နည်းစနစ် ဖြစ်မယ်ဆိုရင် ဒီမထိုးဖောက်နိုင်တဲ့ ခန္ဓာကိုယ်က သူ့ရဲ့ အခြေခံအုတ်မြစ် ဖြစ်လိမ့်မယ်"

မျောက်သည်လည်း ချက်ချင်း ဆက်လက်တိုက်ခိုက်မှု မပြုလုပ်ခဲ့ပေ။ ဓာတ်နှစ်ပါး မူလပြန်လာခြင်း ထူးခြားဆန်းကြယ်သော ကမ္ဘာမှော်ကျိန်စာ အတွင်းမှ ဖောက်ထွက်ခဲ့ပြီး နောက်တွင် သူ၏ အစစ်အမှန် ပုံစံအား ပြန်လည်ရုပ်သိမ်းလိုက်ကာ သာမန် အရွယ်အစားသို့ ပြန်ရောက်သွားခဲ့၏။ သူ၏ အမွေးထူနေသော မျက်နှာတွင် မပျော်မရွှင် ဖြစ်နေမှုတို့အား သိသိသာသာ တွေ့နေနိုင်သည်။

သူသည် လင်းဖုန်းအား သူ၏ မျက်လုံးများဖြင့် အကဲခတ်နေရင်း လေးစားသလို အရှုံးပေးရန် ငြင်းဆန်သည့် အမူအရာများကို တွေ့နေနိုင်သည်။ သူသည် တိုက်ခိုက်လိုသော ဆန္ဒများဖြင့် တောက်လောင်နေသော်လည်း နောက်ဆုံးတွင် သူ၏ခေါင်းကိုသာ ခါလိုက်ကာ ပြောလိုက်သည်။ "ကျုပ်က ကျုပ်ရဲ့ အစစ်အမှန် ပုံစံကို အရင်အသုံးပြုလိုက်ရတဲ့ အတွက် ဒီပွဲမှာ ရှုံးသွားပြီ.. အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်.. ခင်ဗျားက တကယ့်ကို အစွမ်းထက်လှပါတယ်.. ကျေးဇူးပြုပြီးမှ ကျုပ်ဂျူနီယာရဲ့ အသက်ကို အန္တရာယ် မပေးပါနဲ့"

သူ၏လက်အား ဝှေ့ယမ်းလိုက်ရာ ကောင်းကင်အား ထောက်ပံ့ထားသကဲ့သို့ ထောင်ထားခဲ့သော မြင့်မြတ်သော သံတုတ်သည် သေးငယ်သော အစက်လေး အဖြစ်သို့ ပြောင်းသွားခဲ့ကာ သူ၏ လက်အတွင်းသို့ ကျလာခဲ့သည်။ ပြီးတာနှင့် သူသည် သူ၏ နားအတွင်းသို့ ပြန်ထည့်လိုက်သည်။

သူသည် နောက်ကျွမ်းတစ်ချက် ပစ်လိုက်ရာ ကူရာမဲ့နေသော ဖန်းရှီး မဟာပဏ္ဍိတ၏ အနားသို့ ကျလာခဲ့သည်။ သူသည် မီးလျှံဝက်ကြီး၏ နဖူးကို အသာပုတ်လိုက်၍ ပြောလိုက်သည်။ "ငတုံး.. သွားကြစို့"

ဖန်းရှီး မဟာပဏ္ဍိတသည် ဘာဖြစ်သွားသည်ကို မယုံနိုင်ခဲ့ပဲ လင်းဖုန်းအား ကြောက်ရွံ့စွာနှင့် ကြည့်နေခဲ့သည်။ သူသည် အသံတစ်စက်မှ မထွက်ပဲ တံတွေးကိုသာ မျိုချလိုက်၍ မျောက်နှင့်အတူ ငြိမ်သက်စွာ ထွက်သွားခဲ့သည်။

လင်းဖုန်းသည် သူ၏လက်များကို ကျောနောက်တွင် ပစ်ထားခဲ့ကာ မျောက်ထွက်သွားသည်ကို တည်ငြိမ်စွာနှင့် ကြည့်နေခဲ့သည်။ ဝမ်လင်းနှင့် ကျန်သောသူများက လင်းဖုန်းအား စိတ်ရှုပ်ထွေးစွာနှင့် ကြည့်လိုက်ကြသည်။ "ဆရာ…"

လင်းဖုန်းသည် အဝေးမှ မိုးကုတ်စက်ဝိုင်းအား သူ၏ မှော်စွမ်းအင်ဖြင့် အကဲခတ်လိုက်ကာ လေပြည်ကဲ့သို့ ညင်သာစွာ ပြောလိုက်သည်။ "ခင်ဗျားတို့က ကြည့်လို့ဝပြီလား"

သူ၏ မှော်စွမ်းအင်သည် ဟင်းလင်းပြင်အား တုန်ခါသွားစေခဲ့သည်။သူ၏ ဘေးပတ်ပတ်လည်မှ လေဟာနယ်သည် တုန်ခါသွားခဲ့ကာ ဟင်းလင်းပြင် အတွင်းသို့ မဝင်ရောက်လာသေးကြသူများသည် ဆက်လက်၍ မပုန်းအောင်းနေနိုင်တော့ပေ။ မျောက်နှင့် ဖန်းရှီး မဟာပဏ္ဍိတတို့သည် အရှေ့ဘက်သို့ ထွက်သွားခဲ့ကြကာ တောင်၊ မြောက်နှင့် အနောက်အရပ်တို့မှ ပုန်းအောင်းနေသော ပုံရိပ်များသည် အသီးသီး ပေါ်လာခဲ့သည်။

မြောက်ဘက်ပိုင်းမှ မှောင်မိုက်နေသော ဟင်းလင်းပြင် အတွင်းတွင် ဧရာမ ပုံရိပ်တစ်ခုက ရပ်နေခဲ့သည်။ သူသည် မဟာနတ်ငှက် တစ်ကောင်ဖြစ်သည်။ သူ၏ အမွေးအတောင်များ အားလုံးတို့သည် ရွှေရောင်သန်းနေကြ၍ သူ၏ နဖူးအပေါ်တွင် အနက်ရောင် အတောင်သုံးချောင်း ရှိသည်။ ဒါသည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ မိစ္ဆာစွမ်းအားများဖြင့် ထုတ်လွှတ်ထားသော ကိုယ်ပွားပုံရိပ် တစ်ခုဖြစ်၏။

သူသည် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတနှင့် အသိစိတ်ချင်း ဆက်သွယ်နေပြီး ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ထိုကိုယ်ပွားအား အစားထိုးကာ မျက်စိတစ်မှိတ် အတွင်းတွင် ရောက်လာနိုင်စွမ်း ရှိသည်။

သို့သော်လည်း ယခုအချိန်တွင် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတသည် ထိုကဲ့သို့ ပြုလုပ်နေလိုသော ဆန္ဒများ ရှိမနေချေ။ လင်းဖုန်း၏ ဖော်ထုတ်ခြင်းကို ခံခဲ့ရအပြီးတွင် သူသည် ငြိမ်သက်နေခဲ့ကာ သူ၏အကြည့်သည် လင်းဖုန်းနှင့် မျောက်ထွက်သွားခဲ့သော အရှေ့အရပ်သို့ အကြားတွင် ခေါက်တုံ့ပြန်နေခဲ့သည်။

သူ၏ မြူဆိုင်းနေသော ရွှေရောင် မျက်ဝန်းများသည် ထူးခြားသော အေးစက်သည့် အလင်းတန်း တစ်ခုကို ထုတ်လွှတ်နေကာ သူ၏ စိတ်မသက်မသာမှုများကို ဖော်ပြနေခဲ့သည်။

ဤအချိန်တွင် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတနှင့် မျက်နှာချင်းဆိုင်မှ တောင်အရပ်တွင် လူသားပုံရိပ်ကဲ့သို့သော ဝေဝါးသည့် အရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူ၏ပုံရိပ်အား ထူးခြားသည့် မြူခိုးငွေ့များက ဝန်းရံထားသဖြင့် သူ၏ ရုပ်ပုံအား သေချာ မတွေ့နိုင်ပေ။

သို့သော်လည်း လင်းဖုန်း၏ မှော်စွမ်းအင်များက ထိုပုံရိပ်သည် ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတမှ သူမ၏ မိစ္ဆာစွမ်းအားများဖြင့် ထုတ်လွှတ်ထားသော ကိုယ်ပွားတစ်ခု ဖြစ်သည်ဟု ပြောနိုင်ခဲ့သည်။ သူသည်လည်း ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတ၏ ကိုယ်ပွားအတိုင်း တူညီသော လက္ခဏာများ ရှိသည်။ ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတသည် အလိုရှိပါက ထိုကိုယ်ပွားနှင့် အချိန်မရွေး အစားထိုးနိုင်သည်။

သို့သော်လည်း သူမသည် ထိုကဲ့သို့ ပြုလုပ်ရန် ဆန္ဒမရှိနေချေ။ အကယ်၍ လင်းဖုန်းသည် ယုကျင်းတောင်နှင့် ကောင်းကင်ဖျက်ဆီး ဓားချီကဲ့သို့သော မှော်ရတနာများကို ထုတ်သုံးခဲ့ပါက မျောက်ကလည်း သူ၏ အစစ်အမှန် ပုံစံနှင့် မြင့်မြတ်သော သံတုတ်ချောင်းအား ထုတ်သုံးမည် ဖြစ်သည်။ နှစ်ဦးနှစ်ဘက်တို့သည် သူသေကိုယ်သေ ယှဥ်ပြိုင်ကြမည် ဖြစ်ကာ ထိုအချိန်မှသာ သူမက ကိုယ်တိုင်ကိုယ်ကျ လာရောက်မည် ဖြစ်သည်။

သို့သော်လည်း လင်းဖုန်းနှင့် မျောက်တို့သည် သူတို့၏ သက်ဆိုင်ရာ နည်းစနစ်များဖြင့်သာ ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ကြပြီး အရေးပေါ် အခြေအနေများအတွက် ဖဲချပ်များကို ချန်ထားကြသေးသည်။ နှစ်ဦးနှစ်ဘက်တို့သည် နည်းစနစ်များ ကြွယ်ဝကြသဖြင့် ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတကလည်း ဝင်ရောက်နှောင့်ယှက်ရန် အစီအစဥ် မရှိခဲ့ချေ။

မျောက်သည် ယှဥ်ပြိုင်လိုစိတ် ပြင်းထန်သော်လည်း ငတုံးငအ မဟုတ်ချေ။ မဟုတ်လျှင် သူသည် ရွှေပုစဥ်း ဆရာတော်အား မုန်းတီးမှုကို မေ့ထားကာ ဖန်းရှီး မဟာပဏ္ဍိတနှင့် ကလေးကိုးကောင် မဟာပဏ္ဍိတတို့၏ ဖြားယောင်းမှုကို ခံရ၍ ဓားစားခံအဖြစ်နှင့် အသုံးပြုခြင်း ခံရမည် ဖြစ်သည်။

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတသည် လင်းဖုန်းအား ကြည့်လိုက်ကာ သူမ၏ အက်ကွဲသော အသံဖြင့် ရယ်လိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်.. ရှင်က စိတ်မရှည်တော့ဘူး ဆိုရင် မြေနဂါးဘုရင်က တိုင်ဟွာတောင်ကို စွန့်လွှတ်ပြီး ဒီကို အပြေးလာနေခဲ့တယ်.. သူနဲ့ မကြာခင် တွေ့ရမယ်ဆိုတာ သေချာနေတယ်.. တကယ်လို့ သူ့ကို မစောင့်နိုင်ဘူး ဆိုရင် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတက ရှင့်အရှေ့မှာ ရှိနေတယ်လေ"

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတနှင့် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတတို့၏ မိစ္ဆာစွမ်းအင် ကိုယ်ပွားများနှင့် ခြားနားစွာ အနောက်ဘက် ကောင်းကင်တွင် ဧရာမ ပုံရိပ်တစ်ခုက ရပ်နေခဲ့သည်။ သူသည် တကယ့် မဟာမိစ္ဆာ တစ်ကောင် ဖြစ်သည်။

သူသည် သွေးနီရောင် မျက်လုံးများ ရှိသော ဧရာမ အနက်ရောင် လူဝံတစ်ကောင် ဖြစ်သည်။ သူ၏ ခမ်းနားလှသော မိစ္ဆာအော်ရာများသည် တိုက်ခိုက်မှု မရှိပဲနှင့်ပင် ကောင်းကင်နှင့် မြေကြီးတို့အား ဖြတ်တောက်နိုင်စွမ်း ရှိနေသကဲ့သို့ ဖြစ်နေသည်။ သူသည် ဗီပရာလိုပါ အဆင့်မှ ကောင်းကင်မိစ္ဆာ လူဝံဖြစ်သော ရှေးဟောင်းလူဝံ မိစ္ဆာတို့၏ လက်ရှိ မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သည့် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတပင် ဖြစ်သည်။

နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတသည်ပင်လျှင် သူ့အား ထူးဆန်းစွာနှင့် ကြည့်နေခဲ့သည်။ ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတသည် ဤမျှအထိ လျှင်မြန်စွာဖြင့် ပြန်ရောက်လာခဲ့ခြင်းသည် သူက ရွှေပုစဥ်း ဆရာတော်၏ သတင်းကို နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတနှင့် အခြား ကောင်းကင်မိစ္ဆာ လူဝံများထက်ပင် ပို၍စောစီးစွာ ရရှိခဲ့၍ ဖြစ်မည်။ သူသည် မြေနဂါးဘုရင်ထက်ပင် ပိုမိုစောစီးစွာ ရောက်လာခဲ့သည်။

ဥပဒေမဲ့ လုပ်ဆောင်တတ်သည့် တစ်ကိုယ်တော်မျောက်ကို ထည့်မတွက်လျှင် ဤမိစ္ဆာသည် ရှေးဟောင်းလူဝံ မိစ္ဆာများ အတွင်းတွင် အသန်မာဆုံးဖြစ်ပြီး မဟာလွင်တီးခေါင် ကုန်းမြေ တစ်ခုလုံးမှ အစွမ်းအထက်ဆုံး မိစ္ဆာများ အတွင်းတွင် တစ်ကောင် အပါအဝင် ဖြစ်၏။

အထူးသဖြင့် အားလုံးတို့သည် လူဝံတို့၏ ဘိုးဘေးဘီဘင် နယ်မြေဖြစ်သော လင်းယွမ်တောင်တန်းများ အတွင်းတွင် ရောက်နေကြသဖြင့် သူသည် ဤနေရာ၏ ကြီးမားလှသော စွမ်းအားများကို နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတထက် ပိုမိုကောင်းမွန်စွာ ထုတ်ယူသုံးစွဲ၍ ထိန်းချုပ်နိုင်သည်

လင်းဖုန်းသည် သေချာနေခြင်း မရှိသော်လည်း ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတ၏ စွမ်းရည်သက်သက်နှင့် ဆိုလျှင် သူသည် မျောက်၏ပြိုင်ဘက် မဟုတ်နိုင်မှန်းကို ခန့်မှန်းနိုင်သည်။ သို့သော်လည်း သူသည် လင်းယွမ်တောင်၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ပါက မျောက်သည် အလေးအနက်ထားကာ လွတ်လမ်းရှာရန် ရွေးချယ်ရမည် ဖြစ်သည်။

ဘာပဲပြောပြော ရှေးဟောင်းလူဝံ မိစ္ဆာ မျိုးနွယ်စုသည် မဟာလွင်တီးခေါင် ကုန်းမြေ အတွင်းတွင် အသန်မာဆုံး မျိုးနွယ်စု အတွင်းမှ တစ်ခုဖြစ်သည်။ အတိတ်ကာလက သူတို့သည် ပြိုင်ဘက်ကင်းသော အဆုံးစွန် ဧကရာဇ် ရှန်းယွမ်၏ လက်အောက်တွင် ရွှေထီးဆောင်းနိုင်ခဲ့ကြသည်။

ယခုအချိန်တွင် သူတို့သည် ယခင်က အောင်မြင်မှုများကို မမီကြတော့သော်လည်း သူတို့၏ ဘိုးဘေးဘီဘင် နယ်မြေမှ စွမ်းအားများကို ထုတ်ယူသုံးစွဲနိုင်လျှင် ဗီပရာလိုပါ အဆင့်ကို သာလွန်သွားနိုင်သည်။

အကယ်၍ မဟာလွင်တီးခေါင် ကုန်းမြေရှိ မိစ္ဆာမျိုးနွယ်စု အသီးသီးမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူများ တစ်ယောက်ချင်းစီက ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတနှင့် လင်းယွမ်တောင်ပေါ်တွင် တစ်ယောက်ချင်း စိန်ခေါ်ခဲ့လျှင် သူသည် ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မည် ဖြစ်သည်။ သူ၏ အိမ်ကွင်းအားသာချက်မှာ အလွန်အမင်းကို ကြီးမားလှသည်။

သူသည် ရမ်းကားသောင်းကျန်းမည့် အရိပ်အယောင်များကို မပြပဲ တည်ငြိမ်စွာနှင့်သာ နေနေခဲ့သည်။ သူသည် လင်းဖုန်းအား ငြိမ်သက်စွာနှင့် စိုက်ကြည့်နေခဲ့ကာ ပြောလိုက်သည်။ "ခင်ဗျားမှာ ရွှေပုစဥ်း ဆရာတော်ကို ရှာဖွေဖို့ နည်းလမ်းတစ်ခုရှိတယ်လို့ ကြားထားတယ်"

လင်းဖုန်းက တည်ငြိမ်စွာနှင့် ပြန်ဖြေလိုက်သည်။ "သူက ခင်ဗျားတို့ လူဝံတွေရဲ့ ဘိုးဘေးဘီဘင် နယ်မြေက စွမ်းအားတွေကို ထုတ်ယူနိုင်စွမ်း ရှိတယ်.. ဒါကြောင့် ကျုပ်ကို ဒီနေရာမှာ ယှဥ်ပြိုင်တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာ.. ဒါပေမဲ့ နီရဲသော ဂေါ်ရီလာ မဟာပဏ္ဍိတက လင်းယွမ်တောင်ရဲ့ အဓိက တောင်ထိပ်ပေါ်ကို ရောက်သွားပြီး ခင်ဗျားကလည်း ပြန်လာခဲ့ပြီ ဆိုတော့ သူ့ရဲ့ ပင်ကိုစရိုက် အရဆိုရင် ဒီနေရာ အနားမှာ ဆက်ရှိနေတော့မှာ မဟုတ်ဘူး.. ကျုပ်ကသူ့ကို ခေါ်ထုတ်ဖို့ ကြိုးစားပေးမယ်.. သူ့ကိုတွေ့ရင် ခင်ဗျားစိတ်ကြိုက် လုပ်နိုင်ပါတယ်"

လင်းယွမ်တောင်တန်း၏ အပြင်ဘက်တွင် ကောင်းကင် ဂရန်းမာစတာ မဟာပဏ္ဍိတ၏ စွမ်းအားများသည် တောင်အတွင်းတွင်ထက် များစွာလျော့နည်းသွားမည် ဖြစ်သည်။

သို့သော်လည်း သူသည် ဂရုမစိုက်ခဲ့ပဲ သူ၏ အစွယ်များကို ပေါ်အောင်ပြုံးလိုက်သည်။ "ကျုပ်က ရွှေပုစဥ်း ဆရာတော် အတွက်ပဲ အမြန်ပြေးပြန်လာခဲ့တာ"

လင်းဖုန်းက ခေါင်းညိတ်လိုက်ကာ သူ၏အကြည့်အား ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတနှင့် ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတတို့ထံသို့ ရွှေ့လိုက်သည်။ "မြေနဂါးဘုရင် လာတာ မလာတာက သူ့ကိစ္စပဲ.. ကျုပ်ကသူ့ကို အချိန်မရွေး ကြိုဆိုနေတယ်.. ခင်ဗျားတို့နှစ်ယောက်ကရော ဘယ်လိုလဲ"

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက ကျယ်လောင်စွာ ရယ်မောလိုက်ကာ ပြန်ဖြေလိုက်သည်။ "ကျွန်မတို့က နောက်ထပ် ပြန်တွေ့ဖို့ အခွင့်အရေး ရှိနေပါတယ်.. ဒါပေမဲ့ ဒီတစ်ခေါက်တော့ ဟင်းလင်းပြင် ဘုရားကျောင်းက ရှင့်ကို ကျေးဇူးတင်ရလိမ့်မယ်"

သူမ၏ ကိုယ်ပွားသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပြီး ရွှေရောင်နတ်ငှက် မဟာပဏ္ဍိတကလည်း စကားတစ်ခွန်းမှ မပြောပဲ အလားတူ ကွယ်ပျောက်သွားခဲ့သည်။

အဆုံးမဲ့ မဟာလွင်တီးခေါင် ကုန်းမြေ၏ အလွန်တွင် ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတသည် တောင်ကုန်းတစ်ခုအပေါ်၌ ငြိမ်းချမ်းစွာ ရပ်နေခဲ့ပြီး လုံရဲ့က သူမ၏ အနောက်တွင် ရပ်နေခဲ့သည်။

"လုံရဲ့.. မင်းတစ်ချိန်က တွေ့ခဲ့ဖူးတဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ဟာ ဒီလိုမျိုး ကြီးမားတဲ့ ပြောင်းလဲမှုတွေကို တော်လှန်ဖန်တီးနိုင်မယ့်သူ ဖြစ်လာလိမ့်မယ်လို တွေးခဲ့ဖူးလား" ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက ပြုံးလိုက်ကာ မေးလိုက်သည်။

လုံရဲ့က သူမ၏ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ကာ ပြောလိုက်သည်။ "ဆရာ.. ဆရာက ကျွန်မကို တစ်ချိန်လုံး ဒီအကြောင်းပဲပြောပြီး စနေတယ်"

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက ဘာမှ ပြန်မပြောပဲ ပြုံးနေခဲ့သည်။ လုံရဲ့သည် ခေတ္တမျှ စဥ်းစားလိုက်ကာ မေးလိုက်သည်။ "ဆရာ.. ဆရာက လင်းယွမ်တောင်တန်းမှာ လှုပ်ရှားခဲ့ရင် ဆရာ.. ရွှေနတ်ငှက်နဲ့ ကောင်းကင် ဂရန်းမာစတာ တို့ရဲ့ ပူးပေါင်းစွမ်းအားက…"

"ဖြစ်နိုင်ချေ ရှိတယ်.. ဒါပေမဲ့ တစ်စုံတစ်ယောက်က သင်္ချိုင်းကို စောစောစီးစီး မသွားချင်နေရင်တော့ အောင်မြင်ဖို့တော့ အာမမခံနိုင်ဘူး" ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက တည်ငြိမ်စွာနှင့် ရှင်းပြလိုက်သည်။ "ငါဖြစ်ဖြစ်.. ရွှေနတ်ငှက် ဖြစ်ဖြစ်.. ကောင်းကင် ဂရန်းမာစတာ ဖြစ်ဖြစ်.. တစ်ယောက်ကမှ ဒီလိုမျိုး မလုပ်ချင်နေကြဘူး"

"လွန်ခဲ့တဲ့ အချိန်တုံးက တစ်စုံတစ်ယောက်က ရှီထျန်းကျင်းကို စိန်ခေါ်လိုက်ရင် နောက်ထပ် ဒဏ်ရာတွေ ထပ်ပေးနိုင်ပြီး သူ့ရဲ့ ကုသမှု ဖြစ်စဥ်ကို နှောင့်နှေးအောင် ပြုလုပ်နိုင်မယ်လို့ သိနေကြပေမဲ့ ဘယ်သူကမှ အနစ်နာခံတဲ့ ယဇ်သားကောင် မဖြစ်လိုကြဘူး.. ရွှေနတ်ငှက်ဟာ ဟိုအိုင်တမ်ကို တစ်ခါပဲ အသုံးပြုနိုင်တယ်လို့ သိပေမဲ့ တစ်ယောက်ကမှ သူ့ကိုစပြီး မတိုက်ခိုက်လိုကြတာလဲ ဒီသဘောတရားပဲ"

ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတက သက်ပြင်းတစ်ချက် ချလိုက်သည်။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင် ဖော်ပြခဲ့တဲ့ လက်ရှိစွမ်းအားအရ သူ့ကို ခြုံခိုတိုက်ခိုက်ရင် ပေးရမယ့် တန်ဖိုးက အမတန်ကိုမှ ကြီးမားလွန်းတယ်.. ကြီးမားလွန်းလို့ ဘယ်သူကမှ နောက်ဆက်တွဲ အကျိုးဆက်တွေကို မခံစားလိုနေကြဘူး.. ကြီးမားလွန်းလို့ ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ နတ်ဘုရားနယ်မြေက ကျန်တဲ့အင်အားစုတွေက ငါတို့ကို လှုပ်ရှားစေလိုနေကြတယ်"

Okumaya devam et

Bunları da Beğeneceksin

116K 15.9K 127
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
7K 478 22
Title - I Inherit an auction house at the start trillion times rebate လေလံအိမ်ရဲ့အရှင်သခင် ဘာသာပြန် - ချိတ်/ဇော်ထက်နိုင် မူရင်းစာရေးဆရာ - Place of Be...
19.4K 2.9K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...
188K 34.4K 200
sequel of Book 4 Author - Goosefive