"ငါ့ဇနီးလေးကိုလမ်းပေါ်ခေါ်သွားခဲ့တယ်"
.............................................................................
ယွင်ရှဲ့သည်ကျန်းရွှင်းယီစားသောက်နေသည်ကိုတစ်အောင့်မျှကြည့်နေပြီးနောက် ချင်းကွမ်အိတ်ထဲမှသေရည်ဝိုင်တစ်ခရားကိုရုတ်တရက်ထုတ်လိုက်၏။ သူကယင်းကိုစားပွဲပေါ်တွင်အပြုံးတစ်ပွင့်ဖြင့်တင်လိုက်သည်။
"ဒါကိုလာကြည့်ကြည့်။"
သေရည်အပိတ်ကိုဖွင့်လိုက်သည်နှင့် ကျန်းရွှင်းယီ၏လှုပ်ရှားမှုများတန့်သွားကာ လှည့်ကြည့်လာသည်။ သူရနံ့ကိုခွဲခြားရန်တဒဂ်မျှအချိန်ယူလိုက်ပြီး နောက်တော့ပြောမိသည်။
"စုန့်လောင်သေရည်?"
ယွင်ရှဲ့ရယ်လိုက်သည်။
"မင်းကငါ့ကိုတော်တော်ကြီးသိတာပဲ။ သေရည်ကောင်းဆိုတာက လူမှန်သူမှန်နဲ့အတူသောက်ဖို့လိုတယ်။ တူတူသောက်ကြရအောင်။ ဒီမှာ လာပြီးအရသာခံကြည့်ချေ။"
ကျန်းရွှင်းယီတစ်ယောက်ဗိုက်ထဲမှာအစာမရှိဘဲ သေရည်တွေအများကြီးသောက်မိပြီး တစ်ခုခုဖြစ်လိမ့်မည်ကို သူစိုးရိမ်မိသဖြင့် ကျန်းရွှင်းယီကိုစုန့်လောင်သေရည်သောက်စေချင်သော အချိန်အတော်ကြာစိတ်အားထက်သန်နေခြင်းမှ သူ့ကိုယ်သူတန့်လိုက်သည်။ ယခုတွင် သူသည်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တစ်ခွက်ထည့်ပေးကာ ကျန်းရွှင်းယီဆီတွန်းပို့လိုက်၏။
စုန့်လောင်သေရည်ကား ငြိမ်သက်လျက်ရှိကာ သောက်သောသူအားခေတ္တမျှရီဝေဝေဖြစ်သွားစေသည်။ ၎င်းမှာ နှင်းများဖြင့်အမှတ်အသားပေးထားသော ဆောင်းရာသီနေ့ရက်များအတွက် ပြုလုပ်ထားသောရွှေရည်နှယ်။* ဒါကတကယ့်ကိုကျော်ကြားသောသေရည်ပါတကား။ ကျောက်စိမ်းခွက်ထဲတွင်လောင်းထည့်ထားသောသေရည်မှာ ရွှေရောင်ဖြင့်ပျစ်ပျစ်လေးဖြစ်နေကာ မွှေးပျံ့၍ ချိုမြိန်ယစ်မူးစေပေသည်။
ကျန်းရွှင်းယီခွက်ကိုခါလိုက်သည်။
"ဒီလိုသေရည်မျိုးပျောက်သွားတာကြာပြီလို့ငါထင်တယ်။ ဒီသေရည်အစစ်ကိုရှာဖို့်မင်းအတွက်တော်တော်ခက်ခဲခဲ့မှာပဲ။"
"မင်းရဲ့မွေးနေ့အတွက် ငါကကောင်းတာတစ်ခုခုကိုရှာပေးရမှာပေါ့ကွာ။"
ယွင်ရှဲ့သည်သူ့ကိုယ်သူအတွက်နောက်တစ်ခွက်လောင်းထည့်လိုက်ပြီး ဂုဏ်ပြုသည့်အနေဖြင့်ခွက်ကိုမြှောက်လိုက်၏။ သူတည်ငြိမ်စွာပြောလိုက်သည်။
"မင်းကထင်ရှူးပင်လိုမျိုးအမှားကင်းတယ်။ ငါကမင်းကြောင့်မို့ ရယ်ရယ်မောမောစကားပြောလာနိုင်တယ်။ ဒီသေရည်တစ်ခွက်နဲ့ ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ ငါမင်းကိုဆုတောင်းပေးတယ်။"
ကျန်းရွှင်းယီတဒဂ်မျှတိတ်ဆိတ်သွားပြီး ခပ်ဖျော့ဖျော့ပြုံးကာ သူ့ခွက်ကိုမြှောက်၍ ခွက်ချင်းတိုက်လိုက်သည်။ သူ့အသံကပျော့ပြောင်းလျက်သားဖြင့် စကားတစ်ခွန်းသာဆိုမိသည်။
"အခုကစပြီး နောက်နှစ်မှာ ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ ငါမျှော်လင့်မိတယ်။"
ထို့နောက်တွင် နှစ်ယောက်သားသည်တစ်ပြိုင်နက်တည်းခွက်ပြန်ရုတ်လိုက်ကြပြီး ခေါင်းကိုမော့ကာသေရည်ကိုသောက်ချလိုက်ကြ၏။
ယွင်ရှဲ့ကသူ့ကျောပြင်ကိုပုတ်ပေးလိုက်ပြီး သူ့အသံကနူးညံ့စွာဖြင့်ပြောလာပေသည်။
"သေချာပေါက်ဖြစ်လာမှာပါကွာ။"
ကျန်းရွှင်းယီခပ်ဖွဖွပြုံးကာ ခေါင်းငုံ့၍အစာစားလိုက်သည်။ အခြားတစ်ဖက်တွင် ယွင်ရှဲ့ကတော့စားဖို့မလုပ်ဘဲ တစ်ဖက်လူ၏ပန်းကန်ထဲသို့အသီးအရွက်များထည့်ပေးနေရင်း သူ့ကိုယ်တိုင်အတွက်မူ သေရည်တစ်ခွက်သာလျှင်။
သို့သော် သေရည်ခွက်ကိုသူ့နှုတ်ခမ်းနားတေ့ပြီး သောက်ရန်ခေါင်းမော့လိုက်သည်နှင့်တစ်ပြိုင်နက်၊ အနက်ရောင်အရိပ်တစ်ခုကအခန်းထဲကိုတိတ်ဆိတ်ဝင်လာပြီး ကျန်းရွှင်းယီ၏နံဘေးတွင်တည့်တည့်မတ်မတ်ဝင်ထိုင်လိုက်သည်ကို သူမြင်လိုက်ရသည်။
သေရည်ကသူ့နှာခေါင်းထဲဝင်လုမတတ်ပင်ဖြစ်သွားရပြီး ယွင်ရှဲ့တစ်ယောက်သေရည်ခွက်ကိုစားပွဲကိုမြန်မြန်ဆောင့်ချလိုက်သည်။ သူ့ကိုယ်သူဆဲရေးခြင်းမှတားနိုင်စွမ်းမရှိ။
"ကျန်းမော့လုံ၊ မင်းကတစ္ဆေလား။ မင်းလမ်းလျှောက်တဲ့အခါ အသံလေးဘာလေးပေးလို့မရဘူးလားဟ?!"
ကျန်းမော့လုံ၏အသံကားအေးစက်လျက်ရှိသည်။
"ဒါကလင်းယင်တောင်ထွတ်။ မင်းမကြိုက်ရင်ထွက်သွားလေ။"
"ဟေ့ကလေး..."
"တော်တော့၊ ယွင်ရှဲ့။"
ကျန်းရွှင်းယီပြောလိုက်သည်။
"မော့လုံ၊ မင်းရဲ့အစ်ကိုယွင်ကိုအဲ့လိုမပြောရဘူးလေ။"
ကျန်းမော့လုံ၏နှုတ်ခမ်းကုတ်ကျသွားရပြီး အရသာမတွေ့စွာပြောမိသည်။
"သူကမင်းရဲ့အစ်ကိုယွင်ပါ။"
ထိုစကားလုံးများကိုသူရေရွတ်လိုက်အပြီး သူဘာမှထပ်မပြောရဲတော့ဘဲ ထိုအစားကျန်းရွှင်းယီ၏နှဖူးကိုဂရုတစိုက်စစ်ဆေးလိုက်သည်။
"မင်းဒဏ်ရာဘယ်လိုနေလဲ။"
"အဆင်ပြေပါတယ်။"
သူထိုသို့ပြောလိုက်သော်လည်း ကျန်းမော့လုံကကူကယ်ရာမဲ့စွာမျက်မှောင်ကြုတ်မိလျက်သားဖြင့် ဒဏ်ရာကိုသေချာကြည့်လိုက်သည်။ ဒါကယွင်ရှဲ့အတွက်ကြည့်ရှုနေဖို့ရာအနည်းငယ်အဆင်မပြေသဖြင့် သူချဥ်တူးစွာပြောလိုက်မိသည်။
"မင်းအရမ်းနောက်ကျနေပြီမဟုတ်ဘူးလား။ မင်းနေရာမှာငါသာဆိုရင် သူ့ကိုဘယ်တော့မှရိုက်နှက်ခွင့်ပေးမှာမဟုတ်ဘူး။ မင်းဘာကြောင့်သူ့အတွက်မတားပေးခဲ့ရတာလဲ?!"
ကျန်းရွှင်းယီဝင်ပြောလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ။ မင်းတို့နှစ်ယောက်ကတော့တွေ့လိုက်တိုင်းရန်ဆောင်နေကြတာပဲ။
မင်းတို့နှစ်ယောက်ဆုံလိုက်တိုင်း အရမ်းနားငြီးတယ်။ မင်းတို့မပင်ပန်းကြဘူးလား။ အဆုံးမှာတော့ ဇီဟွေ့ကငါတို့ရဲ့ဆရာတူဒေါ်လေးဖြစ်နေတုန်းပဲလေကွာ။ အဲ့အချိန်တုန်းကမိုလုံမှာသူမကိုတားနိုင်စွမ်းရှိမှာမဟုတ်ဘူး။ ပြီးတော့ သူသာဝင်တားလိုက်ရင် သူငါ့အစားဒဏ်ရာရသွားမှာပေါ့။"
ယွင်ရှဲ့လွှတ်ခနဲပြောလိုက်သည်။
"အဲ့တော့ဘာဖြစ်လဲ။ သူဒဏ်ရာရသွားရင်လဲ ငါဂရုမစိုက်ဘူးရယ်!"
သူထိုသို့ပြောလိုက်ပြီးနောက် သူတစ်အောင့်မျှမိန်းမောသွားရသည်။ သူ့နှလုံးသားထဲတွင်တွဲလဲခိုနေသောသက်တောင့်သက်တာမဖြစ်သည့်ခံစားချက်မှာ ပူပင်သောကဖြစ်ကြောင်းကို သူနောက်ဆုံးတွင်သဘောပေါက်သွားမိသည်...
ကျန်းရွှင်းယီကားများသောအားဖြင့်စိတ်ပူပင်လေ့မရှိ။ - သူ့စကားကို ကျန်းရွှင်းယီအာရုံမစိုက်မှာကိုပင် ယွင်ရှဲ့သံသယဖြစ်မိသည်။ အစကတည်းက၊ ကျန်းရွှင်းယီဟာ ရေနှင့်ရွှံ့ကိုရောနှောရာတွင်ကြိုးစားအားထုတ်မှုများစွာကိုဖြုန်းတီးမည့်လူစားမျိုးမဟုတ်။ ထို့အပြင်၊ သူတို့နှစ်ယောက်တွေ့သည့်အခါတိုင်းတွင် အမြဲတိုက်ခိုက်လေ့ရှိကြသည်။ ဒါဟာအသစ်အဆန်းဟုတ်မနေ။ စကားလုံးအနည်းငယ်ကိုကြားလိုက်အပြီးတွင် ကျန်းရွှင်းယီစိတ်ပျက်လက်ပျက်ဖြစ်သွားရပြီး လက်ခါလျက် ရိုးရိုးရှင်းရှင်းနှင့်ရိုင်းစိုင်းစွာစကားပြောလိုက်သည်။
"ပါးစပ်ပိတ်လိုက်တော့။ ငါ့ခေါင်းကဆူညံသံတွေကြောင့်နာလာပြီရယ်။ မိုလုံ၊ မင်းဘာလို့ဒီနေရာမှာရှိနေတာလဲ။ မင်းရောစားစရာလာရှာတာလား။"
"..."
ကျန်းမော့လုံသည်စကားပြောသည့်အခါတိုင်းတွင် တစ်ဖက်လူ၏မျက်နှာကိုအရမ်းကိုစူးစိုက်စွာစိုက်ကြည့်ရသည်ကို အမြဲတစေကြိုက်နှစ်သက်လှ၏။
"ငါမင်းကိုဒီမှာလာရှာတာ။ မင်းကိုဒါပေးဖို့လေ။"
သူကစားပွဲပေါ်တွင်တစ်ခုခုတင်လိုက်သည်။ ကျန်းရွှင်းယီအောက်စိုက်ကြည့်လိုက်ရာ အံ့သြတကြီးရေရွတ်မိသည်။
"အပြင်ထွက်ခွင့်တံဆိပ်ပြား? ဒီဟာ...မင်းခိုးလာတာတော့မဟုတ်ဘူးမလား။"
လင်းယင်တောင်ထွတ်၏စည်းမျဥ်းများသည်ကား အသက်နှစ်ဆယ်အောက်ဂိုဏ်းသားများကို တောင်အောက်တစ်ယောက်တည်းဆင်းသွားခြင်းမှ ပိတ်ပင်ကန့်သတ်ထားသဖြင့် လင်းယင်တောင်ထွတ်အစွန်အဖျားများတစ်ဝိုက်တွင် စခန်းတစ်စုစီချထား၏။ အကယ်၍ အပြင်ထွက်ချင်လျှင် တံဆိပ်ပြားရရန်တာဝန်ကျအခန်းဆီကိုသွားရမည်ဖြစ်သည်။ ကျန်းမော့လုံကိုယ်၌က၁၅နှစ်ပင်ရှိသေးသည်ဖြစ်ရာ သူ့အတွက်တံဆိပ်ပြားရလာဖို့ရာမဖြစ်နိုင်သဖြင့် ခိုးလာတာပင်ဖြစ်ပေလိမ့်မည်။
ကျန်းမော့လုံခေါင်းငြိမ့်လိုက်ကာ သူ၏မျက်နှာထက်တွင်ရှားရှားပါးပါးစိတ်ပူပင်သောအမူအရာရှိနေသည်။
"ဆရာပြန်လာမယ့်နေ့ကိုမသိရသေးဘူး။ ဆရာတူဒေါ်လေးဇီဟွေ့ဘာတွေကြံအုံးမလဲဆိုတာ ဘယ်သူသိမှာလဲ။ ပြဿနာကိုရှောင်ရှားဖို့ မင်းတောင်အောက်ဆင်းသင့်တယ်လို့ထင်တယ်၏။ တကယ်လို့ ဘာကြောင့်မှန်းဆရာသိသွားရင် သူမင်းကိုအပြစ်မပေးလောက်ပါဘူး။"
ယွင်ရှဲ့သည်ကျန်းမော့လုံကိုသဘောမကျသည့်တိုင် ဒါဟာစင်စစ်ကိုအကြံကောင်းတစ်ခုဖြစ်ကြောင်း သူဝန်ခံရလိမ့်မည်ပင်။ ဆရာသခင်တိမင်၌ နူးညံ့သောစိတ်သဘောထားရှိပြီး ကျန်းရွှင်းယီကိုအလွန်အမင်းချစ်မြတ်နိုးသလှဖြင့် သူ့ကိုအပြစ်ပေးလိမ့်မည်မဟုတ်မှန်း ယွင်ရှဲ့သိသည်။ ထို့ကြောင့်ယွင်ရှဲ့ချက်ချင်းနောက်မှလိုက်ပြောလိုက်သည်။
"အားရွှင်း၊ ကျန်းရှစ်တိပြောတာမှန်တယ်ရယ်။ မင်းစားလို့ပြီးရင် ငါနဲ့အတူတောင်အောက်လိုက်ဆင်းပါလား။ ငါမင်းကိုကစားဖို့ခေါ်သွားမယ်လေ။"
"..."
သူကား ကျန်းမော့လုံမျှသာ။ သို့ပေမဲ့ ယခုတွင်မူ ကျန်းရှစ်တိဖြစ်လာရသည်။ ကျန်းရွှင်းယီနှင့်ကျန်းမော့လုံတို့မှာ အပြန်အလှန်ကြည့်လိုက်မိကြပြီး စိတ်ထဲတွင်တစ်ပြိုင်နက်တည်းတွေးမိကြသည်။ လေနှင်ရာဘယ်လိုရွက်လွှင့်ရမလဲဆိုတာ သူတကယ်သိနေတာပဲ။
ကျန်းရွှင်းယီနှင့်အတူနှစ်ယောက်တည်းတောင်အောက်ဆင်းရမည်ဟူသောအတွေးဖြင့် ယွင်ရှဲ့တစ်ယောက်စိတ်လှုပ်ရှားနေမိသည်။ သို့သော် သူတစ်ခုခုကိုပြန်တွေးမိသဖြင့် မြန်မြန်ပြောလိုက်မိသည်။
"ကျန်းမော့လုံ၊ မင်းတံဆိပ်ပြားဘယ်နှခုခိုးလာတာလဲ။ မင်းရောသွားမှာလား။"
"...တစ်ခုပဲ!"
ကျန်းမော့လုံသူ့ကိုတကယ်ပဲရိုက်ပစ်ချင်လှသည်။
ကျန်းရွှင်းယီမှာတောင်အောက်မဆင်းတာကြာပြီဖြစ်ပြီး ယွင်ရှဲ့ပြောတာကြားလိုက်ရသော် သူလက်ခံလိုက်သည်။ သူသာသွားလိုက်ရင် ထွက်ခွင့်တံဆိပ်ပြားခိုးသွားသည့်တစ်ယောက်မှာ သူဖြစ်ကြောင်း လူတိုင်းတွေးမိကြလိမ့်မည်ဟု သူတွေးမိသည်။ ထို့ကြောင့် ကျန်းမော့လုံကမည့်သည့်အပြစ်မှတင်ခံရလိမ့်မည်မဟုတ်။
သူရွေးချယ်မှုပြုလုပ်လိုက်ပြီး သူ့တူတစ်စုံကိုပစ်ချကာပြောလိုက်သည်။
"ကောင်းပြီ။ ငါဗိုက်ပြည့်သွားပြီမို့ သွားကြတာပေါ့။"
ယွင်ရှဲ့ရယ်လိုက်သည်။
"အာ၊ ငါမင်းလိုပျော်ရွှင်နေတတ်တဲ့လူမျိုးကိုသဘောကျတယ်ကွာ။"
သူသည်ကျန်းရွှင်းယီပခုံးပေါ်ကိုသူ့လက်မောင်းဖြင့်သိုင်းဖက်လိုက်ပြီး ကျန်းမော့လုံကိုလက်ယမ်းပြလိုက်၏။
"ဒီတစ်ခါမင်းလုပ်တာတော်တယ်။ နောက်မှတွေ့ကြမယ်၊ ကျန်းရှစ်တိရေ။"
ကျန်းမော့လုံ: "..."
ဘယ်သူကမင်းကိုတွေ့ချင်လို့လဲ!
တံဆိပ်ပြားဖြင့် နှစ်ယောက်သားတောင်အောက်ကိုရှောရှောရှူရှူဆင်းလာခဲ့ကြသည်။ ယွင်ရှဲ့ကညာဖက်ကိုသွားသောလမ်းကြောင်းငယ်ကို တိုက်ရိုက်သွားလိုက်သည်။ သူသည်အလွန်များပြားလှသော ရည်ရွယ်ချက်၊ လားရာနှင့်အတူ လမ်းလျှောက်နေသဖြင့် ကျန်းရွှင်းယီကူကယ်ရာမဲ့စွာပြောလိုက်မိ၏။
"ဟေး၊ မင်းဘယ်သွားနေတာလဲ။"
ယွင်ရှဲ့ကရယ်မောလိုက်ပြီး ဘယ်နေရာကထုတ်လာမှန်းမသိသည့်ခေါက်ယပ်တောင်တစ်ချောင်းကိုထုတ်လိုက်သည်။ သူ့လက်ကိုတစ်ချက်ခါလိုက်ရာ ယပ်တောင်ပွင့်သွားပြီး သူ့မျက်နှာတစ်ခြမ်းကိုကွယ်သွားသည်။ သူသည် ထူးခြားဆန်းကြယ်သောအပြုံးတစ်ပွင့်နှင့်အတူ ကျန်းရွှင်းယီထံသို့ခါးကိုင်းလာ၏။
"နေရာကောင်းကိုပေါ့။"
ကျန်းရွှင်းယီသူ့ကိုတွန်းဖယ်လိုက်ပြီး စိတ်စနိုးစနှောင့်ဖြစ်သွားရကာ ယွင်ရှဲ့ကိုတစ်ခဏမျှအပေါ်အောက်ကြည့်လိုက်ပြီး နောက်ဆုံးတွင်ခန့်မှန်းမိလိုက်သည်။
"အပျော်မယ်စံအိမ်?"
ဤတစ်ကြိမ်ဟာ ယွင်ရှဲ့အံ့သြရမည့်အလှည့်ပင်။
"မင်းဘယ်လိုသိတာလဲ။"
"ဘယ်လိုလုပ်ပြီးခန့်မှန်းရခက်မှာလဲ။ မင်းမှာကတိစကားတွေအများကြီးရှိတယ်လေ။ မင်းကယုံကြည်မှုရှိချင်ယောင်ဆောင်နေပေမဲ့ မင်းရဲ့အပြုံးကအရမ်းဆိုးဝါးနေတာပဲကို။ ငါတောင်အောက်ဆင်းလာမယ်လို့မင်းကြားလိုက်တာနဲ့ မင်းမျက်လုံးတွေတောက်သွားတော့တာပဲ။ မင်းအုတ်ဖုတ်မီးဖိုကြီးဆီကိုသွားလည်ချင်နေပေမဲ့ မင်းဘာသာမင်းသွားဖို့လည်းမင်းမှာသတ္တိမရှိဘူးဆိုတာ စဥ်းစားကြည့်ဖို့တောင်မလိုဘူးရယ်။ ငါနဲ့သာဆိုရင် မင်းမှာအကာအကွယ်ရှိတယ်လေ။"
"သေစမ်း။"
ယွင်ရှဲ့သက်ပြင်းချလိုက်မိသည်။
"မင်းဘာလို့ဒီလောက်စိတ်ပျက်စရာကောင်းရတာတုန်း။ တကယ်လို့ ငါသာမင်းကိုမကယ်ခဲ့ရင် မင်းဘိုးဘေးခန်းမထဲမှာဆက်ပြီးဒူးထောက်နေရအုံးမယ်ဆိုတာကို မမေ့နဲ့! မင်းတစ်ခါလောက်ပဲဖြစ်ဖြစ်အကောင်းပြောလို့မရဘူးလား။"
ကျန်းရွှင်းယီပြန်ဖြေလိုက်သည်။
"ငါ့အသိစိတ်ကိုဆန့်ကျင်ပြီးမလုပ်နိုင်ဘူး။ မင်းလိုချင်တာကိုမင်းဘာကြောင့်ငါ့ကိုမပြောတာလဲ။ ငါမင်းကိုပြန်ကူညီပေးမှာပေါ့။"
"ကျစ်၊ မင်းဘာလို့ဒီလောက်စကားများနေရတာလဲ။ ဇီဟွေ့တောင်အောက်ဆင်းလာပြီး မင်းကိုပြန်ဆွဲခေါ်သွားမှာကို သတိထားနေ။ မြန်မြန်လုပ်၊ ငါတို့သွားကြမယ်။"
ယွင်ရှဲ့ကားသိသာစွာပင်ဒါကိုစတင်သူဖြစ်ပေမဲ့ အရင်ဆုံးစောဒကတက်ဖို့ရန် စားပွဲခုံကိုမှောက်လိုက်လေသည်။ သို့သော် ဤနေရာကအကြာကြီးနေဖို့မသင့်တော်ကြောင်းဟု သူပြောတာမှန်သည်။ ကျန်းရွှင်းယီတွင်ရွေးချယ်စရာမရှိပါဘဲ အောင့်အီးသည်းခံကာ လင်းယင်တောင်ထွတ်အောက်ရှိမြို့ထံသို့ ယွင်ရှဲ့၏ဆွဲခေါ်ခြင်းနောက်ပါသွားရပေသည်။
သူတို့နှစ်ယောက်သည်ခိုးထွက်လာသဖြင့် ဓားမပါလာကြပေ။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင်အချင်းချင်းရှိကြသည်ဖြစ်ရာ ဆူညံသောနှစ်ယောက်မှာ ဤခရီးကအလွန်ရှည်လျားသည်ဟုမခံစားမိကြ။ သူတို့မြို့ထဲရောက်သော် မှောင်စပြုနေလေပြီ။
ကျန်းရွှင်းယီသည်အရင်တုန်းကတောင်အောက်ဆင်းလာဖူးပေမဲ့ သူ၏အကြီးအကဲများနောက်မှလိုက်လာရခြင်းဖြစ်သဖြင့် မလွဲဧကန်အနည်းငယ်တော့ကန့်သတ်ချက်ရှိ၏။ ဤကား ယွင်ရှဲ့နှင့်အတူ တစ်ယောက်တည်းတောင်အောက်ဆင်းလာသောပထမဆုံးအကြိမ်ပင်။
ဒီအတိုင်းကြည့်လိုက်ရုံဖြင့် အဓိကလမ်းမ၏အဆုံးကိုမမြင်ရ။ လမ်းမသည်ကား အဆက်မပြတ်သွားလာလှုပ်ရှားနေကြသောတွန်းလှည်းများနှင့်မြင်းများတို့ဖြင့် ရှုပ်ယှက်ခတ်လျက်ရှိသည်။ စျေးဆိုင်များကို လူအုပ်ကြီးတို့ကဝန်းရံထားကြပြီး လက်ဖက်ရည်ဆိုင်များမှာ ရယ်သံတို့ဖြင့်ပြည့်နှက်လျက်ရှိပေသည်။ ဆောင်းလေအေးသည်ချိုမြိန်သောရနံ့နှင့် အမျိုးသမီးပေါင်ဒါနံ့တို့ဖြင့်စီးဆင်းနေပေရာ လူတွေအားအကြောင်းမဲ့ညှို့ငင်လျက်ရှိ၏။
လူတွေအရမ်းများလွန်းသဖြင့် သူတို့နှစ်ယောက်စလုံးမှော်စွမ်းအင်တို့ကိုသုံးနိုင်ခြင်းမရှိ။ ဒါကြောင့်မို့ လူအုပ်သွားရာအတိုင်း သူတို့လိုက်သွားရန်တွန်းအားပေးခံလိုက်ရတော့သည်။ ယွင်ရှဲ့ကအဆင်ပြေပေမဲ့ ကျန်းရွှင်းယီကမူ လူထူထဲသောနေရာများကိုမကြိုက်သဖြင့် လူတွေအများကြီးကိုထိတွေ့ဖို့ရာ ပို၍တွန့်ဆုတ်နေမိပြီး ထို့ကြောင့်သူဟာတဖြည်းဖြည်းနှင့် ယွင်ရှဲ့၏အနောက်တွင်ကျန်ရစ်ခဲ့ပေသည်။
ဤနေရာကအလွန်ဆူညံလွန်းလှသည်ဖြစ်ရာ ယွင်ရှဲ့တစ်ခဏမျှလမ်းလျှောက်နေပြီးမှသာ ကျန်းရွှင်းယီပျောက်သွားမှန်း သတိထားမိလိုက်သည်။ သူဘေးဘီဝဲယာပတ်ပတ်လည်ကိုခပ်မြန်မြန်ကြည့်ရှာလိုက်ပြီး ကျန်းရွှင်းယီလမ်းပျောက်သွားတာဖြစ်ရမည်ဟုတွေးမိနေပေသည်။ သို့ပေမဲ့ သူ့ခြေလှမ်းတစ်ဝက်အကွာမှ မျက်မှောင်ကြုတ်လျက်လိုက်လာနေသောသူကို သူတွေ့လိုက်ရသည်။
ယွင်ရှဲ့ပြန်စိုက်ကြည့်လိုက်သောအခိုက်၊ ကျန်းရွှင်းယီလည်းသတိထားမိပုံပေါ်ကာ သူလည်းပဲခေါင်းမော့ကြည့်လာပြီး သူတို့မျက်လုံးချင်းဆုံသွားကြသည်။ ယွင်ရှဲ့ပြုံးလိုက်ကာ သူ့နှလုံးသားထဲတွင်သက်တောင့်သက်တာဖြစ်သွားခြင်းကို ရုတ်ခြည်းခံစားမိလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် ငယ်စဥ်ကတည်းကအပြန်အလှန်သိကျွမ်းခဲ့ကြပြီး ထိုကတည်းကဆိုရင်ဆယ်နှစ်ပင်ရှိခဲ့ပြီဖြစ်သည်။ သူတို့မည်မျှနီးကပ်ကြကြောင်း လူတိုင်းသိကြသည်။ သို့သော် လောကကြီးထဲတွင်ရပ်တည်နေရင်းဖြင့် မျက်နှာစိမ်းတို့ဖြင့်ဝန်းရံခြင်းခံလာရတော့ သူ့နှလုံးသားကတစ်ခုခုကိုနားလည်စပြုလာပြီး သူဟာလောကကြီးကိုလျို့ဝှက်ချက်တစ်ခုဝန်ခံလိုက်သည့်နှယ် သူခံစားမိလိုက်သည်။
သို့သော်၊ သူ့နှလုံးသားသာလျှင်လှုပ်ခတ်သွားခြင်းဖြစ်၏။ ကျန်းရွှင်းယီတစ်ယောက်မှာလူအုပ်ကိုဖြတ်ကျော်ရန် ရုန်းကန်လုံးပမ်းနေရဆဲဖြစ်ပြီး မိသားစုအစီအစဥ်အကြောင်းမသိကြသောဤရှေးခေတ်လူများကို လျို့ဝှက်စွာဆဲရေးလိုက်မိသည်။
ထိုအခိုက်အတန့်တွင် သူ့လက်မောင်းကြားထဲသို့ တစ်ခုခုရုတ်တရက်ပစ်ဝင်လာပေသည်။ ကျန်းရွှင်းယီ၏မျက်လုံးများမှာစူးရှပြီး သူ့လက်များမှာလျင်မြန်ဖျတ်လက်စွာဖြင့် ၎င်းကိုလက်ဖဝါးထဲတွင်ဖမ်းဆုပ်လိုက်သည်။ ယင်းကဘာမှန်းသူမကြည့်ရသေးခင်မှာဘဲ အနီးအနားမှလာသောအမျိုးသမီး၏ရယ်သံကို သူကြားလိုက်ရပေသည်။
သူခေါင်းမော့ကာ လမ်းမ၏တစ်ဖက်ကိုကြည့်လိုက်သည်။ အမျိုးသမီးတစ်စုသည်အပျော်မယ်စံအိမ်၏ဝရံတာလက်ရန်းပေါ်တွင်မှီလျက်သားဖြင့် သူတို့တစ်ဦးချင်းစီမှာအောက်ကိုငုံ့ကြည့်နေကြပြီး ကျန်းရွှင်းယီကိုလက်ညှိုးထိုးရင်းဖြင့် ပန်းပွင့်လေးပမာရယ်မောနေကြ၏။ သူတို့ဟာ တေးသီငှက်များပမာချိုမြန်ကြပြီး ဆောင်းရာသီမြင်ကွင်းအား နွေဥယျာဥ်အဖြစ်သို့ပြောင်းလဲနေကြသည်။
ကျန်းရွှင်းယီမျက်ခုံးပင့်ကာ သူ့လက်ထဲရှိပစ္စည်းကိုကြည့်လိုက်သည်။
၎င်းကား ငန်းပုံစံချည်ထိုးထားသောအမွှေးနံ့သာရှုံ့အိတ်ဖြစ်ပေ၏။
______________________________________________
!zawgyi!
"ငါ့ဇနီးေလးကိုလမ္းေပၚေခၚသြားခဲ့တယ္"
.............................................................................
ယြင္ရွဲ႕သည္က်န္း႐ႊင္းယီစားေသာက္ေနသည္ကိုတစ္ေအာင့္မွ်ၾကည့္ေနၿပီးေနာက္ ခ်င္းကြမ္အိတ္ထဲမွေသရည္ဝိုင္တစ္ခရားကို႐ုတ္တရက္ထုတ္လိုက္၏။ သူကယင္းကိုစားပြဲေပၚတြင္အၿပဳံးတစ္ပြင့္ျဖင့္တင္လိုက္သည္။
"ဒါကိုလာၾကည့္ၾကည့္။"
ေသရည္အပိတ္ကိုဖြင့္လိုက္သည္ႏွင့္ က်န္း႐ႊင္းယီ၏လႈပ္ရွားမႈမ်ားတန့္သြားကာ လွည့္ၾကည့္လာသည္။ သူရနံ႕ကိုခြဲျခားရန္တဒဂ္မွ်အခ်ိန္ယူလိုက္ၿပီး ေနာက္ေတာ့ေျပာမိသည္။
"စုန့္ေလာင္ေသရည္?"
ယြင္ရွဲ႕ရယ္လိုက္သည္။
"မင္းကငါ့ကိုေတာ္ေတာ္ႀကီးသိတာပဲ။ ေသရည္ေကာင္းဆိုတာက လူမွန္သူမွန္နဲ႕အတူေသာက္ဖို႔လိုတယ္။ တူတူေသာက္ၾကရေအာင္။ ဒီမွာ လာၿပီးအရသာခံၾကည့္ေခ်။"
က်န္း႐ႊင္းယီတစ္ေယာက္ဗိုက္ထဲမွာအစာမရွိဘဲ ေသရည္ေတြအမ်ားႀကီးေသာက္မိၿပီး တစ္ခုခုျဖစ္လိမ့္မည္ကို သူစိုးရိမ္မိသျဖင့္ က်န္း႐ႊင္းယီကိုစုန့္ေလာင္ေသရည္ေသာက္ေစခ်င္ေသာ အခ်ိန္အေတာ္ၾကာစိတ္အားထက္သန္ေနျခင္းမွ သူ႕ကိုယ္သူတန့္လိုက္သည္။ ယခုတြင္ သူသည္စိတ္လႈပ္ရွားမႈအျပည့္ျဖင့္ တစ္ခြက္ထည့္ေပးကာ က်န္း႐ႊင္းယီဆီတြန္းပို႔လိုက္၏။
စုန့္ေလာင္ေသရည္ကား ၿငိမ္သက္လ်က္ရွိကာ ေသာက္ေသာသူအားေခတၱမွ်ရီေဝေဝျဖစ္သြားေစသည္။ ၎မွာ ႏွင္းမ်ားျဖင့္အမွတ္အသားေပးထားေသာ ေဆာင္းရာသီေန႕ရက္မ်ားအတြက္ ျပဳလုပ္ထားေသာေ႐ႊရည္ႏွယ္။* ဒါကတကယ့္ကိုေက်ာ္ၾကားေသာေသရည္ပါတကား။ ေက်ာက္စိမ္းခြက္ထဲတြင္ေလာင္းထည့္ထားေသာေသရည္မွာ ေ႐ႊေရာင္ျဖင့္ပ်စ္ပ်စ္ေလးျဖစ္ေနကာ ေမႊးပ်ံ့၍ ခ်ိဳၿမိန္ယစ္မူးေစေပသည္။
က်န္း႐ႊင္းယီခြက္ကိုခါလိုက္သည္။
"ဒီလိုေသရည္မ်ိဳးေပ်ာက္သြားတာၾကာၿပီလို႔ငါထင္တယ္။ ဒီေသရည္အစစ္ကိုရွာဖို႔္မင္းအတြက္ေတာ္ေတာ္ခက္ခဲခဲ့မွာပဲ။"
"မင္းရဲ႕ေမြးေန႕အတြက္ ငါကေကာင္းတာတစ္ခုခုကိုရွာေပးရမွာေပါ့ကြာ။"
ယြင္ရွဲ႕သည္သူ႕ကိုယ္သူအတြက္ေနာက္တစ္ခြက္ေလာင္းထည့္လိုက္ၿပီး ဂုဏ္ျပဳသည့္အေနျဖင့္ခြက္ကိုျမႇောက္လိုက္၏။ သူတည္ၿငိမ္စြာေျပာလိုက္သည္။
"မင္းကထင္ရႉးပင္လိုမ်ိဳးအမွားကင္းတယ္။ ငါကမင္းေၾကာင့္မို႔ ရယ္ရယ္ေမာေမာစကားေျပာလာနိုင္တယ္။ ဒီေသရည္တစ္ခြက္နဲ႕ ေပ်ာ္႐ႊင္စရာေမြးေန႕ျဖစ္ပါေစလို႔ ငါမင္းကိုဆုေတာင္းေပးတယ္။"
က်န္း႐ႊင္းယီတဒဂ္မွ်တိတ္ဆိတ္သြားၿပီး ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးကာ သူ႕ခြက္ကိုျမႇောက္၍ ခြက္ခ်င္းတိုက္လိုက္သည္။ သူ႕အသံကေပ်ာ့ေျပာင္းလ်က္သားျဖင့္ စကားတစ္ခြန္းသာဆိုမိသည္။
"အခုကစၿပီး ေနာက္ႏွစ္မွာ ပိုမိုတိုးတက္ေကာင္းမြန္လာမယ္လို႔ ငါေမွ်ာ္လင့္မိတယ္။"
ထို႔ေနာက္တြင္ ႏွစ္ေယာက္သားသည္တစ္ၿပိဳင္နက္တည္းခြက္ျပန္႐ုတ္လိုက္ၾကၿပီး ေခါင္းကိုေမာ့ကာေသရည္ကိုေသာက္ခ်လိဳက္ၾက၏။
ယြင္ရွဲ႕ကသူ႕ေက်ာျပင္ကိုပုတ္ေပးလိုက္ၿပီး သူ႕အသံကႏူးညံ့စြာျဖင့္ေျပာလာေပသည္။
"ေသခ်ာေပါက္ျဖစ္လာမွာပါကြာ။"
က်န္း႐ႊင္းယီခပ္ဖြဖြၿပဳံးကာ ေခါင္းငုံ႕၍အစာစားလိုက္သည္။ အျခားတစ္ဖက္တြင္ ယြင္ရွဲ႕ကေတာ့စားဖို႔မလုပ္ဘဲ တစ္ဖက္လူ၏ပန္းကန္ထဲသို႔အသီးအ႐ြက္မ်ားထည့္ေပးေနရင္း သူ႕ကိုယ္တိုင္အတြက္မူ ေသရည္တစ္ခြက္သာလွ်င္။
သို႔ေသာ္ ေသရည္ခြက္ကိုသူ႕ႏႈတ္ခမ္းနားေတ့ၿပီး ေသာက္ရန္ေခါင္းေမာ့လိုက္သည္ႏွင့္တစ္ၿပိဳင္နက္၊ အနက္ေရာင္အရိပ္တစ္ခုကအခန္းထဲကိုတိတ္ဆိတ္ဝင္လာၿပီး က်န္း႐ႊင္းယီ၏နံေဘးတြင္တည့္တည့္မတ္မတ္ဝင္ထိုင္လိုက္သည္ကို သူျမင္လိုက္ရသည္။
ေသရည္ကသူ႕ႏွာေခါင္းထဲဝင္လုမတတ္ပင္ျဖစ္သြားရၿပီး ယြင္ရွဲ႕တစ္ေယာက္ေသရည္ခြက္ကိုစားပြဲကိုျမန္ျမန္ေဆာင့္ခ်လိဳက္သည္။ သူ႕ကိုယ္သူဆဲေရးျခင္းမွတားနိုင္စြမ္းမရွိ။
"က်န္းေမာ့လုံ၊ မင္းကတစ္ေဆလား။ မင္းလမ္းေလွ်ာက္တဲ့အခါ အသံေလးဘာေလးေပးလို႔မရဘူးလားဟ?!"
က်န္းေမာ့လုံ၏အသံကားေအးစက္လ်က္ရွိသည္။
"ဒါကလင္းယင္ေတာင္ထြတ္။ မင္းမႀကိဳက္ရင္ထြက္သြားေလ။"
"ေဟ့ကေလး..."
"ေတာ္ေတာ့၊ ယြင္ရွဲ႕။"
က်န္း႐ႊင္းယီေျပာလိုက္သည္။
"ေမာ့လုံ၊ မင္းရဲ႕အစ္ကိုယြင္ကိုအဲ့လိုမေျပာရဘူးေလ။"
က်န္းေမာ့လုံ၏ႏႈတ္ခမ္းကုတ္က်သြားရၿပီး အရသာမေတြ႕စြာေျပာမိသည္။
"သူကမင္းရဲ႕အစ္ကိုယြင္ပါ။"
ထိုစကားလုံးမ်ားကိုသူေရ႐ြတ္လိုက္အၿပီး သူဘာမွထပ္မေျပာရဲေတာ့ဘဲ ထိုအစားက်န္း႐ႊင္းယီ၏ႏွဖူးကိုဂ႐ုတစိုက္စစ္ေဆးလိုက္သည္။
"မင္းဒဏ္ရာဘယ္လိုေနလဲ။"
"အဆင္ေျပပါတယ္။"
သူထိုသို႔ေျပာလိုက္ေသာ္လည္း က်န္းေမာ့လုံကကူကယ္ရာမဲ့စြာမ်က္ေမွာင္ၾကဳတ္မိလ်က္သားျဖင့္ ဒဏ္ရာကိုေသခ်ာၾကည့္လိုက္သည္။ ဒါကယြင္ရွဲ႕အတြက္ၾကည့္ရႈေနဖို႔ရာအနည္းငယ္အဆင္မေျပသျဖင့္ သူခ်ဥ္တူးစြာေျပာလိုက္မိသည္။
"မင္းအရမ္းေနာက္က်ေနၿပီမဟုတ္ဘူးလား။ မင္းေနရာမွာငါသာဆိုရင္ သူ႕ကိုဘယ္ေတာ့မွရိုက္ႏွက္ခြင့္ေပးမွာမဟုတ္ဘူး။ မင္းဘာေၾကာင့္သူ႕အတြက္မတားေပးခဲ့ရတာလဲ?!"
က်န္း႐ႊင္းယီဝင္ေျပာလိုက္သည္။
"ေကာင္းၿပီ၊ ေကာင္းၿပီ။ မင္းတို႔ႏွစ္ေယာက္ကေတာ့ေတြ႕လိုက္တိုင္းရန္ေဆာင္ေနၾကတာပဲ။
မင္းတို႔ႏွစ္ေယာက္ဆုံလိုက္တိုင္း အရမ္းနားၿငီးတယ္။ မင္းတို႔မပင္ပန္းၾကဘူးလား။ အဆုံးမွာေတာ့ ဇီေဟြ႕ကငါတို႔ရဲ႕ဆရာတူေဒၚေလးျဖစ္ေနတုန္းပဲေလကြာ။ အဲ့အခ်ိန္တုန္းကမိုလုံမွာသူမကိုတားနိုင္စြမ္းရွိမွာမဟုတ္ဘူး။ ၿပီးေတာ့ သူသာဝင္တားလိုက္ရင္ သူငါ့အစားဒဏ္ရာရသြားမွာေပါ့။"
ယြင္ရွဲ႕လႊတ္ခနဲေျပာလိုက္သည္။
"အဲ့ေတာ့ဘာျဖစ္လဲ။ သူဒဏ္ရာရသြားရင္လဲ ငါဂ႐ုမစိုက္ဘူးရယ္!"
သူထိုသို႔ေျပာလိုက္ၿပီးေနာက္ သူတစ္ေအာင့္မွ်မိန္းေမာသြားရသည္။ သူ႕ႏွလုံးသားထဲတြင္တြဲလဲခိုေနေသာသက္ေတာင့္သက္တာမျဖစ္သည့္ခံစားခ်က္မွာ ပူပင္ေသာကျဖစ္ေၾကာင္းကို သူေနာက္ဆုံးတြင္သေဘာေပါက္သြားမိသည္...
က်န္း႐ႊင္းယီကားမ်ားေသာအားျဖင့္စိတ္ပူပင္ေလ့မရွိ။ - သူ႕စကားကို က်န္း႐ႊင္းယီအာ႐ုံမစိုက္မွာကိုပင္ ယြင္ရွဲ႕သံသယျဖစ္မိသည္။ အစကတည္းက၊ က်န္း႐ႊင္းယီဟာ ေရႏွင့္႐ႊံ႕ကိုေရာႏွောရာတြင္ႀကိဳးစားအားထုတ္မႈမ်ားစြာကိုျဖဳန္းတီးမည့္လူစားမ်ိဳးမဟုတ္။ ထို႔အျပင္၊ သူတို႔ႏွစ္ေယာက္ေတြ႕သည့္အခါတိုင္းတြင္ အၿမဲတိုက္ခိုက္ေလ့ရွိၾကသည္။ ဒါဟာအသစ္အဆန္းဟုတ္မေန။ စကားလုံးအနည္းငယ္ကိုၾကားလိုက္အၿပီးတြင္ က်န္း႐ႊင္းယီစိတ္ပ်က္လက္ပ်က္ျဖစ္သြားရၿပီး လက္ခါလ်က္ ရိုးရိုးရွင္းရွင္းႏွင့္ရိုင္းစိုင္းစြာစကားေျပာလိုက္သည္။
"ပါးစပ္ပိတ္လိုက္ေတာ့။ ငါ့ေခါင္းကဆူညံသံေတြေၾကာင့္နာလာၿပီရယ္။ မိုလုံ၊ မင္းဘာလို႔ဒီေနရာမွာရွိေနတာလဲ။ မင္းေရာစားစရာလာရွာတာလား။"
"..."
က်န္းေမာ့လုံသည္စကားေျပာသည့္အခါတိုင္းတြင္ တစ္ဖက္လူ၏မ်က္ႏွာကိုအရမ္းကိုစူးစိုက္စြာစိုက္ၾကည့္ရသည္ကို အၿမဲတေစႀကိဳက္ႏွစ္သက္လွ၏။
"ငါမင္းကိုဒီမွာလာရွာတာ။ မင္းကိုဒါေပးဖို႔ေလ။"
သူကစားပြဲေပၚတြင္တစ္ခုခုတင္လိုက္သည္။ က်န္း႐ႊင္းယီေအာက္စိုက္ၾကည့္လိုက္ရာ အံ့ၾသတႀကီးေရ႐ြတ္မိသည္။
"အျပင္ထြက္ခြင့္တံဆိပ္ျပား? ဒီဟာ...မင္းခိုးလာတာေတာ့မဟုတ္ဘူးမလား။"
လင္းယင္ေတာင္ထြတ္၏စည္းမ်ဥ္းမ်ားသည္ကား အသက္ႏွစ္ဆယ္ေအာက္ဂိုဏ္းသားမ်ားကို ေတာင္ေအာက္တစ္ေယာက္တည္းဆင္းသြားျခင္းမွ ပိတ္ပင္ကန့္သတ္ထားသျဖင့္ လင္းယင္ေတာင္ထြတ္အစြန္အဖ်ားမ်ားတစ္ဝိုက္တြင္ စခန္းတစ္စုစီခ်ထား၏။ အကယ္၍ အျပင္ထြက္ခ်င္လွ်င္ တံဆိပ္ျပားရရန္တာဝန္က်အခန္းဆီကိုသြားရမည္ျဖစ္သည္။ က်န္းေမာ့လုံကိုယ္၌က၁၅ႏွစ္ပင္ရွိေသးသည္ျဖစ္ရာ သူ႕အတြက္တံဆိပ္ျပားရလာဖို႔ရာမျဖစ္နိုင္သျဖင့္ ခိုးလာတာပင္ျဖစ္ေပလိမ့္မည္။
က်န္းေမာ့လုံေခါင္းၿငိမ့္လိုက္ကာ သူ၏မ်က္ႏွာထက္တြင္ရွားရွားပါးပါးစိတ္ပူပင္ေသာအမူအရာရွိေနသည္။
"ဆရာျပန္လာမယ့္ေန႕ကိုမသိရေသးဘူး။ ဆရာတူေဒၚေလးဇီေဟြ႕ဘာေတြႀကံအုံးမလဲဆိုတာ ဘယ္သူသိမွာလဲ။ ျပႆနာကိုေရွာင္ရွားဖို႔ မင္းေတာင္ေအာက္ဆင္းသင့္တယ္လို႔ထင္တယ္၏။ တကယ္လို႔ ဘာေၾကာင့္မွန္းဆရာသိသြားရင္ သူမင္းကိုအျပစ္မေပးေလာက္ပါဘူး။"
ယြင္ရွဲ႕သည္က်န္းေမာ့လုံကိုသေဘာမက်သည့္တိုင္ ဒါဟာစင္စစ္ကိုအႀကံေကာင္းတစ္ခုျဖစ္ေၾကာင္း သူဝန္ခံရလိမ့္မည္ပင္။ ဆရာသခင္တိမင္၌ ႏူးညံ့ေသာစိတ္သေဘာထားရွိၿပီး က်န္း႐ႊင္းယီကိုအလြန္အမင္းခ်စ္ျမတ္နိုးသလွျဖင့္ သူ႕ကိုအျပစ္ေပးလိမ့္မည္မဟုတ္မွန္း ယြင္ရွဲ႕သိသည္။ ထို႔ေၾကာင့္ယြင္ရွဲ႕ခ်က္ခ်င္းေနာက္မွလိုက္ေျပာလိုက္သည္။
"အား႐ႊင္း၊ က်န္းရွစ္တိေျပာတာမွန္တယ္ရယ္။ မင္းစားလို႔ၿပီးရင္ ငါနဲ႕အတူေတာင္ေအာက္လိုက္ဆင္းပါလား။ ငါမင္းကိုကစားဖို႔ေခၚသြားမယ္ေလ။"
"..."
သူကား က်န္းေမာ့လုံမွ်သာ။ သို႔ေပမဲ့ ယခုတြင္မူ က်န္းရွစ္တိျဖစ္လာရသည္။ က်န္း႐ႊင္းယီႏွင့္က်န္းေမာ့လုံတို႔မွာ အျပန္အလွန္ၾကည့္လိုက္မိၾကၿပီး စိတ္ထဲတြင္တစ္ၿပိဳင္နက္တည္းေတြးမိၾကသည္။ ေလႏွင္ရာဘယ္လို႐ြက္လႊင့္ရမလဲဆိုတာ သူတကယ္သိေနတာပဲ။
က်န္း႐ႊင္းယီႏွင့္အတူႏွစ္ေယာက္တည္းေတာင္ေအာက္ဆင္းရမည္ဟူေသာအေတြးျဖင့္ ယြင္ရွဲ႕တစ္ေယာက္စိတ္လႈပ္ရွားေနမိသည္။ သို႔ေသာ္ သူတစ္ခုခုကိုျပန္ေတြးမိသျဖင့္ ျမန္ျမန္ေျပာလိုက္မိသည္။
"က်န္းေမာ့လုံ၊ မင္းတံဆိပ္ျပားဘယ္ႏွခုခိုးလာတာလဲ။ မင္းေရာသြားမွာလား။"
"...တစ္ခုပဲ!"
က်န္းေမာ့လုံသူ႕ကိုတကယ္ပဲရိုက္ပစ္ခ်င္လွသည္။
က်န္း႐ႊင္းယီမွာေတာင္ေအာက္မဆင္းတာၾကာၿပီျဖစ္ၿပီး ယြင္ရွဲ႕ေျပာတာၾကားလိုက္ရေသာ္ သူလက္ခံလိုက္သည္။ သူသာသြားလိုက္ရင္ ထြက္ခြင့္တံဆိပ္ျပားခိုးသြားသည့္တစ္ေယာက္မွာ သူျဖစ္ေၾကာင္း လူတိုင္းေတြးမိၾကလိမ့္မည္ဟု သူေတြးမိသည္။ ထို႔ေၾကာင့္ က်န္းေမာ့လုံကမည့္သည့္အျပစ္မွတင္ခံရလိမ့္မည္မဟုတ္။
သူေ႐ြးခ်ယ္မႈျပဳလုပ္လိုက္ၿပီး သူ႕တူတစ္စုံကိုပစ္ခ်ကာေျပာလိုက္သည္။
"ေကာင္းၿပီ။ ငါဗိုက္ျပည့္သြားၿပီမို႔ သြားၾကတာေပါ့။"
ယြင္ရွဲ႕ရယ္လိုက္သည္။
"အာ၊ ငါမင္းလိုေပ်ာ္႐ႊင္ေနတတ္တဲ့လူမ်ိဳးကိုသေဘာက်တယ္ကြာ။"
သူသည္က်န္း႐ႊင္းယီပခုံးေပၚကိုသူ႕လက္ေမာင္းျဖင့္သိုင္းဖက္လိုက္ၿပီး က်န္းေမာ့လုံကိုလက္ယမ္းျပလိုက္၏။
"ဒီတစ္ခါမင္းလုပ္တာေတာ္တယ္။ ေနာက္မွေတြ႕ၾကမယ္၊ က်န္းရွစ္တိေရ။"
က်န္းေမာ့လုံ: "..."
ဘယ္သူကမင္းကိုေတြ႕ခ်င္လို႔လဲ!
တံဆိပ္ျပားျဖင့္ ႏွစ္ေယာက္သားေတာင္ေအာက္ကိုေရွာေရွာရႉရႉဆင္းလာခဲ့ၾကသည္။ ယြင္ရွဲ႕ကညာဖက္ကိုသြားေသာလမ္းေၾကာင္းငယ္ကို တိုက္ရိုက္သြားလိုက္သည္။ သူသည္အလြန္မ်ားျပားလွေသာ ရည္႐ြယ္ခ်က္၊ လားရာႏွင့္အတူ လမ္းေလွ်ာက္ေနသျဖင့္ က်န္း႐ႊင္းယီကူကယ္ရာမဲ့စြာေျပာလိုက္မိ၏။
"ေဟး၊ မင္းဘယ္သြားေနတာလဲ။"
ယြင္ရွဲ႕ကရယ္ေမာလိုက္ၿပီး ဘယ္ေနရာကထုတ္လာမွန္းမသိသည့္ေခါက္ယပ္ေတာင္တစ္ေခ်ာင္းကိုထုတ္လိုက္သည္။ သူ႕လက္ကိုတစ္ခ်က္ခါလိုက္ရာ ယပ္ေတာင္ပြင့္သြားၿပီး သူ႕မ်က္ႏွာတစ္ျခမ္းကိုကြယ္သြားသည္။ သူသည္ ထူးျခားဆန္းၾကယ္ေသာအၿပဳံးတစ္ပြင့္ႏွင့္အတူ က်န္း႐ႊင္းယီထံသို႔ခါးကိုင္းလာ၏။
"ေနရာေကာင္းကိုေပါ့။"
က်န္း႐ႊင္းယီသူ႕ကိုတြန္းဖယ္လိုက္ၿပီး စိတ္စနိုးစႏွောင့္ျဖစ္သြားရကာ ယြင္ရွဲ႕ကိုတစ္ခဏမွ်အေပၚေအာက္ၾကည့္လိုက္ၿပီး ေနာက္ဆုံးတြင္ခန့္မွန္းမိလိုက္သည္။
"အေပ်ာ္မယ္စံအိမ္?"
ဤတစ္ႀကိမ္ဟာ ယြင္ရွဲ႕အံ့ၾသရမည့္အလွည့္ပင္။
"မင္းဘယ္လိုသိတာလဲ။"
"ဘယ္လိုလုပ္ၿပီးခန့္မွန္းရခက္မွာလဲ။ မင္းမွာကတိစကားေတြအမ်ားႀကီးရွိတယ္ေလ။ မင္းကယုံၾကည္မႈရွိခ်င္ေယာင္ေဆာင္ေနေပမဲ့ မင္းရဲ႕အၿပဳံးကအရမ္းဆိုးဝါးေနတာပဲကို။ ငါေတာင္ေအာက္ဆင္းလာမယ္လို႔မင္းၾကားလိုက္တာနဲ႕ မင္းမ်က္လုံးေတြေတာက္သြားေတာ့တာပဲ။ မင္းအုတ္ဖုတ္မီးဖိုႀကီးဆီကိုသြားလည္ခ်င္ေနေပမဲ့ မင္းဘာသာမင္းသြားဖို႔လည္းမင္းမွာသတၱိမရွိဘူးဆိုတာ စဥ္းစားၾကည့္ဖို႔ေတာင္မလိုဘူးရယ္။ ငါနဲ႕သာဆိုရင္ မင္းမွာအကာအကြယ္ရွိတယ္ေလ။"
"ေသစမ္း။"
ယြင္ရွဲ႕သက္ျပင္းခ်လိဳက္မိသည္။
"မင္းဘာလို႔ဒီေလာက္စိတ္ပ်က္စရာေကာင္းရတာတုန္း။ တကယ္လို႔ ငါသာမင္းကိုမကယ္ခဲ့ရင္ မင္းဘိုးေဘးခန္းမထဲမွာဆက္ၿပီးဒူးေထာက္ေနရအုံးမယ္ဆိုတာကို မေမ့နဲ႕! မင္းတစ္ခါေလာက္ပဲျဖစ္ျဖစ္အေကာင္းေျပာလို႔မရဘူးလား။"
က်န္း႐ႊင္းယီျပန္ေျဖလိုက္သည္။
"ငါ့အသိစိတ္ကိုဆန့္က်င္ၿပီးမလုပ္နိုင္ဘူး။ မင္းလိုခ်င္တာကိုမင္းဘာေၾကာင့္ငါ့ကိုမေျပာတာလဲ။ ငါမင္းကိုျပန္ကူညီေပးမွာေပါ့။"
"က်စ္၊ မင္းဘာလို႔ဒီေလာက္စကားမ်ားေနရတာလဲ။ ဇီေဟြ႕ေတာင္ေအာက္ဆင္းလာၿပီး မင္းကိုျပန္ဆြဲေခၚသြားမွာကို သတိထားေန။ ျမန္ျမန္လုပ္၊ ငါတို႔သြားၾကမယ္။"
ယြင္ရွဲ႕ကားသိသာစြာပင္ဒါကိုစတင္သူျဖစ္ေပမဲ့ အရင္ဆုံးေစာဒကတက္ဖို႔ရန္ စားပြဲခုံကိုေမွာက္လိုက္ေလသည္။ သို႔ေသာ္ ဤေနရာကအၾကာႀကီးေနဖို႔မသင့္ေတာ္ေၾကာင္းဟု သူေျပာတာမွန္သည္။ က်န္း႐ႊင္းယီတြင္ေ႐ြးခ်ယ္စရာမရွိပါဘဲ ေအာင့္အီးသည္းခံကာ လင္းယင္ေတာင္ထြတ္ေအာက္ရွိၿမိဳ႕ထံသို႔ ယြင္ရွဲ႕၏ဆြဲေခၚျခင္းေနာက္ပါသြားရေပသည္။
သူတို႔ႏွစ္ေယာက္သည္ခိုးထြက္လာသျဖင့္ ဓားမပါလာၾကေပ။ ကံေကာင္းေထာက္မစြာျဖင့္ သူတို႔တြင္အခ်င္းခ်င္းရွိၾကသည္ျဖစ္ရာ ဆူညံေသာႏွစ္ေယာက္မွာ ဤခရီးကအလြန္ရွည္လ်ားသည္ဟုမခံစားမိၾက။ သူတို႔ၿမိဳ႕ထဲေရာက္ေသာ္ ေမွာင္စျပဳေနေလၿပီ။
က်န္း႐ႊင္းယီသည္အရင္တုန္းကေတာင္ေအာက္ဆင္းလာဖူးေပမဲ့ သူ၏အႀကီးအကဲမ်ားေနာက္မွလိုက္လာရျခင္းျဖစ္သျဖင့္ မလြဲဧကန္အနည္းငယ္ေတာ့ကန့္သတ္ခ်က္ရွိ၏။ ဤကား ယြင္ရွဲ႕ႏွင့္အတူ တစ္ေယာက္တည္းေတာင္ေအာက္ဆင္းလာေသာပထမဆုံးအႀကိမ္ပင္။
ဒီအတိုင္းၾကည့္လိုက္႐ုံျဖင့္ အဓိကလမ္းမ၏အဆုံးကိုမျမင္ရ။ လမ္းမသည္ကား အဆက္မျပတ္သြားလာလႈပ္ရွားေနၾကေသာတြန္းလွည္းမ်ားႏွင့္ျမင္းမ်ားတို႔ျဖင့္ ရႈပ္ယွက္ခတ္လ်က္ရွိသည္။ ေစ်းဆိုင္မ်ားကို လူအုပ္ႀကီးတို႔ကဝန္းရံထားၾကၿပီး လက္ဖက္ရည္ဆိုင္မ်ားမွာ ရယ္သံတို႔ျဖင့္ျပည့္ႏွက္လ်က္ရွိေပသည္။ ေဆာင္းေလေအးသည္ခ်ိဳၿမိန္ေသာရနံ႕ႏွင့္ အမ်ိဳးသမီးေပါင္ဒါနံ႕တို႔ျဖင့္စီးဆင္းေနေပရာ လူေတြအားအေၾကာင္းမဲ့ညွို႔ငင္လ်က္ရွိ၏။
လူေတြအရမ္းမ်ားလြန္းသျဖင့္ သူတို႔ႏွစ္ေယာက္စလုံးေမွာ္စြမ္းအင္တို႔ကိုသုံးနိုင္ျခင္းမရွိ။ ဒါေၾကာင့္မို႔ လူအုပ္သြားရာအတိုင္း သူတို႔လိုက္သြားရန္တြန္းအားေပးခံလိုက္ရေတာ့သည္။ ယြင္ရွဲ႕ကအဆင္ေျပေပမဲ့ က်န္း႐ႊင္းယီကမူ လူထူထဲေသာေနရာမ်ားကိုမႀကိဳက္သျဖင့္ လူေတြအမ်ားႀကီးကိုထိေတြ႕ဖို႔ရာ ပို၍တြန့္ဆုတ္ေနမိၿပီး ထို႔ေၾကာင့္သူဟာတျဖည္းျဖည္းႏွင့္ ယြင္ရွဲ႕၏အေနာက္တြင္က်န္ရစ္ခဲ့ေပသည္။
ဤေနရာကအလြန္ဆူညံလြန္းလွသည္ျဖစ္ရာ ယြင္ရွဲ႕တစ္ခဏမွ်လမ္းေလွ်ာက္ေနၿပီးမွသာ က်န္း႐ႊင္းယီေပ်ာက္သြားမွန္း သတိထားမိလိုက္သည္။ သူေဘးဘီဝဲယာပတ္ပတ္လည္ကိုခပ္ျမန္ျမန္ၾကည့္ရွာလိုက္ၿပီး က်န္း႐ႊင္းယီလမ္းေပ်ာက္သြားတာျဖစ္ရမည္ဟုေတြးမိေနေပသည္။ သို႔ေပမဲ့ သူ႕ေျခလွမ္းတစ္ဝက္အကြာမွ မ်က္ေမွာင္ၾကဳတ္လ်က္လိုက္လာေနေသာသူကို သူေတြ႕လိုက္ရသည္။
ယြင္ရွဲ႕ျပန္စိုက္ၾကည့္လိုက္ေသာအခိုက္၊ က်န္း႐ႊင္းယီလည္းသတိထားမိပုံေပၚကာ သူလည္းပဲေခါင္းေမာ့ၾကည့္လာၿပီး သူတို႔မ်က္လုံးခ်င္းဆုံသြားၾကသည္။ ယြင္ရွဲ႕ၿပဳံးလိုက္ကာ သူ႕ႏွလုံးသားထဲတြင္သက္ေတာင့္သက္တာျဖစ္သြားျခင္းကို ႐ုတ္ျခည္းခံစားမိလိုက္သည္။ သူတို႔ႏွစ္ေယာက္လုံးသည္ ငယ္စဥ္ကတည္းကအျပန္အလွန္သိကြၽမ္းခဲ့ၾကၿပီး ထိုကတည္းကဆိုရင္ဆယ္ႏွစ္ပင္ရွိခဲ့ၿပီျဖစ္သည္။ သူတို႔မည္မွ်နီးကပ္ၾကေၾကာင္း လူတိုင္းသိၾကသည္။ သို႔ေသာ္ ေလာကႀကီးထဲတြင္ရပ္တည္ေနရင္းျဖင့္ မ်က္ႏွာစိမ္းတို႔ျဖင့္ဝန္းရံျခင္းခံလာရေတာ့ သူ႕ႏွလုံးသားကတစ္ခုခုကိုနားလည္စျပဳလာၿပီး သူဟာေလာကႀကီးကိုလ်ိဳ႕ဝွက္ခ်က္တစ္ခုဝန္ခံလိုက္သည့္ႏွယ္ သူခံစားမိလိုက္သည္။
သို႔ေသာ္၊ သူ႕ႏွလုံးသားသာလွ်င္လႈပ္ခတ္သြားျခင္းျဖစ္၏။ က်န္း႐ႊင္းယီတစ္ေယာက္မွာလူအုပ္ကိုျဖတ္ေက်ာ္ရန္ ႐ုန္းကန္လုံးပမ္းေနရဆဲျဖစ္ၿပီး မိသားစုအစီအစဥ္အေၾကာင္းမသိၾကေသာဤေရွးေခတ္လူမ်ားကို လ်ိဳ႕ဝွက္စြာဆဲေရးလိုက္မိသည္။
ထိုအခိုက္အတန့္တြင္ သူ႕လက္ေမာင္းၾကားထဲသို႔ တစ္ခုခု႐ုတ္တရက္ပစ္ဝင္လာေပသည္။ က်န္း႐ႊင္းယီ၏မ်က္လုံးမ်ားမွာစူးရွၿပီး သူ႕လက္မ်ားမွာလ်င္ျမန္ဖ်တ္လက္စြာျဖင့္ ၎ကိုလက္ဖဝါးထဲတြင္ဖမ္းဆုပ္လိုက္သည္။ ယင္းကဘာမွန္းသူမၾကည့္ရေသးခင္မွာဘဲ အနီးအနားမွလာေသာအမ်ိဳးသမီး၏ရယ္သံကို သူၾကားလိုက္ရေပသည္။
သူေခါင္းေမာ့ကာ လမ္းမ၏တစ္ဖက္ကိုၾကည့္လိုက္သည္။ အမ်ိဳးသမီးတစ္စုသည္အေပ်ာ္မယ္စံအိမ္၏ဝရံတာလက္ရန္းေပၚတြင္မွီလ်က္သားျဖင့္ သူတို႔တစ္ဦးခ်င္းစီမွာေအာက္ကိုငုံ႕ၾကည့္ေနၾကၿပီး က်န္း႐ႊင္းယီကိုလက္ညွိုးထိုးရင္းျဖင့္ ပန္းပြင့္ေလးပမာရယ္ေမာေနၾက၏။ သူတို႔ဟာ ေတးသီငွက္မ်ားပမာခ်ိဳျမန္ၾကၿပီး ေဆာင္းရာသီျမင္ကြင္းအား ႏြေဥယ်ာဥ္အျဖစ္သို႔ေျပာင္းလဲေနၾကသည္။
က်န္း႐ႊင္းယီမ်က္ခုံးပင့္ကာ သူ႕လက္ထဲရွိပစၥည္းကိုၾကည့္လိုက္သည္။
၎ကား ငန္းပုံစံခ်ည္ထိုးထားေသာအေမႊးနံ႕သာရႈံ႕အိတ္ျဖစ္ေပ၏။
______________________________________________