" ဒီကောင့်ကို ဘယ်သူ ခွင့်ပြုလိုက်တာလဲ ..?"
ယွန်ဂီရဲ့ မျက်နှာက မာထန်လွန်းတယ်။ သူ့နောက်ကွယ်မှာ သားနဲ့ ဒီကောင်လေး ဘယ်လောက်တောင် တွေ့နေကြတာလဲ ..? အချိန်တိုင်းအတူရှိနေတာလား ..? ။ ဒါကြောင့် သားက ပြန်ပြုံးနိုင်လာတာလား ?
" အဖေကြီး ..!"
သတိလစ်သွားတာပဲ ဆိုပေမဲ့ ထပ်ဖြစ်လို့ ကောင်းတဲ့ အခြေအနေလဲ မဟုတ်ဘူးလို့ ဆရာ၀န်က သေချာမှာတယ်။ သူဘာလုပ်ရမလဲ ..? ။ သားအတွက်လဲ နည်းလမ်းတွေက မရှိသလို သူ့သားနားမှာ လာနေနေတဲ့ ဒီကောင်လေးကိုလဲ သူ့သဘောမကျဘူး ။
" ဟိုဆော့ ..!
သေချာတယ် ဟိုဆော့ကခွင့်ပြုတာပေါ့။ သူ့နောက်ကွယ်မှာ သားနဲ့ ဒီကောင်လေး တွေ့ဖို့ကို ဟိုဆော့က ခွင့်ပေးတာ။
" ငါက ဘာမှ မသိတဲ့ စောက်ရူးလိုပဲ ..!"
အရေးပေါ်ခန်းကနေ ပြန်ခေါ်လာပြီး အခန်းထဲ ပြန်ပို့တော့လဲ သားက နိုးမလာသေး ။ သူ့သားကို သေချာစိုက်ကြည့်နေမိသည်။
" မဟုတ်ဘူး ဖေကြီး သားကိုလေ ..!"
ဟိုဆော့ ဒီအခြေအနေကြောင့် အကျပ်ရိုက်သွားတာတော့ အမှန် ။ သားကို ပွေ့ချီပြီး ဆေးရုံကို ပြေးလာတဲ့ ကင်မ်ထယ်ယောင်းကြောင့် သူလဲ လန့်သွားမိသည်။ သူလဲ သားကို စိတ်ပူနေသလို သူတို့ထက် မလျော့တဲ့ သားအပေါ် စိတ်ပူခြင်းတွေ ဒီကောင်လေးမှ ရှိတာကို ဖေကြီးကို သိစေချင်သည်။
" တော်တော့ သားသတိရရင် ပြန်မယ် ..!"
" ဖေကြီး ..!"
သူက ဘယ်တော့မှ သူ့ယောကျာ်းအပေါ်မှာ ပြောမပြီးပါ။ အမြဲ သူ့ယောကျာ်းပြောသမျှပဲ နာခံတက်ခဲ့တာ ။ မိဘတွေ ပေးစားလို့ ယူထားတာ ဆိုပေမဲ့ သူ သူ့ယောကျာ်းကို မြင်မြင်ချစ်ခဲ့မိတာ ။ မျိုးရိုးအစဉ်အလာတွေ ကြီးမားပြီး ဂုဏ်ကျမဲ့ အလုပ်ဆို ဘာတစ်ခုမှ မလုပ်ဖို့ အမြဲပြောနေတဲ့ ဆွေမျိုးတွေ မိဘတွေ ကြောင့် သူယောကျာ်းကလဲ သိပ်နာခံတယ်။ ယောကျာ်းနှစ်ယောက် ချစ်ကြိုက်တာကို ရှက်စရာ ရွံစရာလို့ပဲ မြင်နေတက်တဲ့ ဒီအမျိုးကြားမှာမှ သားက ယောကျာ်းတစ်ယောက် သိပ်ချစ်သွားတာ။ အမြင်တွေ ကျဉ်းလွန်တဲ့ ဒီမိသားစုကြားမှာ သားအတွက် သူဘယ်လို လုပ်ပေးရပါ့မလဲ ...?"
" သားကို ထပ်ပြီး မတင်းကျပ်ပါနဲ့ ...!"
သားသတိမေ့တုန်းက အနားက မခွာပဲ နေနေတဲ့ ကောင်လေး အခုလဲ အခန်းပြင်မှာ ရှိနေတာ ။ ဒီကောင်လေးနဲ့ သူ့အမျိုးသားကြားမှာ ဘယ်လို လုပ်ပေးရပါ့မလဲ ...?
" ဟိုဆော့ ငါဒါကို ခွင့်မပြုနိုင်ဘူးဆိုတာ မင်းသိတယ်ဟုတ် ..?"
သူလက်မခံပါ။ သားကျန်မာရေးကို သိပေမဲ့ ဒီအခြေအနေမျိုးကြီးကို သူလက်မခံဘူး နောက်ပြီး ဒါက အမေရိက မဟုတ်ဘူး ။ ကိုးရီးယားနိုင်ငံ အယူသီးမူတွေနဲ့ တင်းကျပ်လွန်းတဲ့ နိင်ငံမှာအဲ့စိတ်ဓာတ်တွေက သူ့ဆီမှာလဲ ရှိတယ်။
* အချစ်ကို ကိုးကွယ်ကြမယ့်သူနဲ့ အဲ့အချစ်ကို ရွံစရာလို့ မြင်နေတဲ့သူ *.
/
" ရော့ မင်းဆေးစစ်ချက် ..!"
ဂျတ်စတင် ကမ်းပေးတဲ့ စာရွက်ကို လှမ်းယူရင်း ..
" ထင်ပါတယ် ဒီလို ဖြစ်မယ်ဆိုတာ ..!"
ဘယ်သူ့မှ ဂရုမစိုက်တဲ့ ပုံမျိုးနဲ့ ထယ်ယောင်းမျက်နှာပေါ်မှာ ဖြစ်ပေါ်နေတာ ။ အေးလေ ကင်မ်ထယ်ယောင်းဆိုတာ အစကကော့ ဘယ်သူ့ကို ဂရုစိုက်တာမို့လို့လဲ ..!
" ၀မ်းမနည်းဘူးလား နည်းနည်းမှ ..!"
" ဟင့်အင်း ပျော်ရွှင်သွားတာ ..!"
ထယ်ယောင်းရှိတဲ့ ဟိုတယ်ကို ဂျတ်စတင်လာရင်း..
" ဂျီမင်ကော့ ...!"
ဂျီမင်အကြောင်းပြောတော့ ညိုးငယ်သွားတဲ့ မျက်နှာလေး ။ ထယ်ယောင်း ဂျီမင်ကို ပွေ့ချီပြီး ဆေးရုံပို့တဲ့ နေ့က နှစ်ယောက်သား တွေ့ဆုံတာ နောက်ဆုံးပဲ မဟုတ်လား ..? အဲ့ဆိုးတာ ဆေးရုံကလဲ ဆင်းသွားသလို ဂျီမင်ရဲ့ အနားမှာ အစောင့်တွေ ထားထားတာ ။ ထယ်ယောင်းအနားကပ်ခွင့်တောင်မရှိ ။ ဂျီမင်အဖေ သိသိခြင်းနေ့က ထယ်ယောင်းကို ထိုးကြိတ်ခဲ့ပေမဲ့ ဂျီမင်ရဲ့ အမေ ၀င်ဆွဲမှုကြောင့်ဒဏ်ရာက သိပ်မရလိုက်။ ဒါကို ထယ်ယောင်းကလဲ ဂျီမင်ကို အပြင်ထွက်လို့ ခေါ်လို့ ဖြစ်တာလို့ပဲ ထင်နေတယ်။ သူကြောင့်ပါ ဆိုပြီး ပြောပြောတက်သည်။
" အိမ်မှာ ..!"
တကယ်ပါ ထယ်ယောင်းက အသက်ရှူနေပေမဲ့လဲ အသက်မဲ့နေသလိုပဲ ...! ဪ ချစ်ရသူနဲ့ ကွေကွင်းရတဲ့ ဒုက္ခက သိပ်ကြီးတယ်ဆိုတာ ထယ်ယောင်းကို ကြည့်ပြီး သူယုံကြည့်သွားမိသည်။
" ငါ ဂျီမင်အမေရဲ့ ဖုန်းနံပါတ်ကို ရလာတယ် ..!"
" ဟင့် ..!"
အသက်မဲ့နေတဲ့ မျက်နှာသည် အခုတော့ အနည်းငယ် အသက်ပြန်၀င်လာသလို ...
" အေး ဂျီမင်အမေကိုယ်တိုင်ပေးတာပဲ ..!"
" ပေး ပေး အခု ဖုန်းဆက်ကြည့်မယ် ..!"
ဖြစ်ပျက်နေတဲ့ ထယ်ယောင်းမျက်နှာသည် ကောက်ရိုးတစ်မျှင် ကူကယ်ရာ ရသလိုပဲ ..!
" မလောနဲ့ ထယ်ယောင်း သူအဖေက ဘာမှ သုံးခွင့်မပေးထားဘူး အဲတာကြောင့် မင်းဆက်သွယ်ရ ခက်လိမ့်မယ် .."
" အဲ့လူကြီး သိပ်လွန်နေပြီး..!"
ဒေါသတွေနဲ့ မျက်နှာက ချက်ချင်း ခက်ထန်သွားပြန်တယ်။
" ညကျရင်တော့ ဖုန်းဆက်ပါတဲ့ ..!"
" တကယ် .!"
မယုံသလို မျက်နှာက ထယ်ယောင်းက သူ့ကို စိုက်ကြည့်တော့
" အင်း ဂျီမင်အမေက ညကျရင် ဒီဖုန်းကိုပဲ ဆက်တဲ့ ..!"
" အင်း ..!အင်း ..!"
တကယ်ပါ သူဘာလုပ်ပေးရမယ်မှန်း သူတကယ်မသိ ။ထိုးကြိတ်ခံထားရတဲ့ မျက်နှာကို ဘာမှ မလုပ်ပဲ ထားထားတာ ။ တန်ပါတယ်လေတဲ့ သူကြောင့်မို့ ဂျီမင် အခြေအနေ ပိုဆိုးသွားတာတဲ့ ..!" မဟုတ်ဘူးလေ ထယ်ယောင်းရယ် မင်းသိပါတယ် ဒီရောဂါ လက္ခဏာကို ... မင်းက ပိုသိတယ် မဟုတ်လား .??
" ဆေးထည့်အုံး မျက်နှာကို ဂျီမင်တွေ့ရင် စိတ်မကောင်းဖြစ်မယ် ..!"
" အဟွန့်...!"
ထယ်ယောင်း ရီသံသည် သူ့စကားကြောင့် ထိုသို့ ရီသံဖြစ်သည်။
" မရွှဲနေနဲ့ ထယ်ယောင်း ကျန်ရှိနေတဲ့ ဘ၀ကို ပျော်ရွှင်ရအောင်ပဲ ဖြတ်သန်း ..!"
" အင်း ..!"
ကတောက်..!
ဆေးလိပ်ကို နှုတ်ခမ်းမှ တေ့ပြီး မီးခြစ်ကို ခြစ်ပြီး မီးညှိလိုက်လေသည်။
" မသောက်သင့်တော့ဘူး ထယ်ယောင်း မင်း ..!"
သူ့ကို မျက်လုံး လှန်ကြည့်ရင်း ...
" သူငါအနားမှာ မရှိရင် ဒီအရာတွေက သိပ်လိုတယ် ..!"
" မဟုတ်သေးပါဘူးကွာ ..!"
ထိုသို့ ရှူးရှူးမိုက်မိုက်လဲ ထယ်ယောင်းက တွေးတက်လေသည်။ တကယ်လဲ သူပြောရမှာ မဟုတ်ပါ ဂျီမင်က လွဲရင် ဘယ်သူကမှ ပြောရမှ မဟုတ် .. ဘ၀တစ်လျှောက်လုံး မိဘမေတ္တာတွေ မရခဲ့တဲ့ သူတစ်ယောက်ဟာ ဂျီမင်ရဲ့ ချစ်ခြင်းတရားတွေကြောင့် အချစ်ကို ခံစားတက်ခဲ့ပြီး အခုတော့ အချစ်ကို သူကလဲ ပေးတက်နေတာ ..
/
" ထယ်ယောင်း ..!"
ညနက်နေပြီး သူဖုန်းခေါ်တဲ့အချိန် တစ်ဖက်က ကိုင်တာ ဂျီမင်အမေ ဖြစ်မယ်ထင်ခဲ့ပေမဲ့ ...
" ဂျီမင် ..!'
မကြားရတာ တစ်ပတ်ကျော် ကြာနေပြီလေ။ မျက်နှာလဲ မမြင်ရသလို အသံလဲ မကြားရတဲ့ ဘ၀ ...
" နေကောင်းလား ..?"
နေကောင်းလား မေးတဲ့သူထံမှာ မကျန်းမာတဲ့ အသံဖြစ်နေတယ်ဆိုတာ မသိဘူးလား ချစ်ရယ် ...
" အင်း ..! လွမ်းတယ် ..!"
ကုတင်ပေါ်မှာ လှဲချလိုက်ရင်း ဖုန်းကို နှုတ်ခမ်းနား ကပ်ကာ ပြောလိုက်သည်။ လွမ်းတယ် ဂျီမင် မင်းမရှိရင် ငါကလေ နည်းနည်းမှ အဆင်မပြေတဲ့ ကောင်ပါ..!။
" အင့် ...ငါကော့ပဲ ..!"
ထယ်ယောင်းဘာလုပ်နေမလဲ ? ပါးပါးထိုးလိုက်တဲ့ ဒဏ်ရာတွေက သက်သာပါ့မလား ? ဆေးလိပ်တွေ ထပ်ပြီးသောက်နေမလား ? ဒီစိတ်တွေနဲ့ပဲ ငါ့အပေါ်ကို လွှမ်းခြုံထားတယ် ထယ်ယောင်း ..!
" ငါ့ကို ထားခဲ့တော့ပါလား ထယ်ယောင်းရယ် ..!"
တကယ်ပါ ထယ်ယောင်းထားသွားရင်တောင် သူပျော်နေမှာ။ အခုတော့ သူနားမှာ နေရင်း သူကြောင့် ဒဏ်ရာတွေ အနာတရတွေ ထပ်ထပ်ပြီးရနေတာ ။
" ထားခဲ့ဖို့ မပြောပါနဲ့ ဂျီမင် ငါက သေလူဖြစ်သွားမှာမို့..!"
ဟုတ်တယ်။ သူက သေလူပဲ အခုလဲ ကြည့် ဂျီမင်နဲ့ ပိုပြီး နီးစပ်သွားသလို ခံစားရတယ်။
" အဟင့် ..! "
ဂျီမင်ဆီက ရှိုက်သံလေး ကြားရတော့ သူမှာ ထလာပြီး နှစ်သိမ့်ပေးချင်လိုက်တာ ..! မငိုပါနဲ့ ဂျီမင်ရယ် ..ငါရင်ခွင်ထဲမှာမှာ မဟုတ်ရင် မငိုပါနဲ့ .. ငါမနှစ်သိမ့်ပေးနိုင်ရင် ငါ့ရင်တွေ ပိုနာလွန်းလို့ ..
" မင်းဆီကို မရောက်ရောက်အောင်လာခဲ့မယ် မနက်ဖြန် ..!"
" ဟင့်..! ဘယ်လို ..!"
" အင့် ..! ငါမခွဲနိုင်ဘူး ဂျီမင် ငါအားလုံးကို ရင်ဆိုင်မယ် တစ်ခုပဲ ငါလက်ကို တွဲထားပေးမယ် မဟုတ်လား ..?"
" အရူး အဲလိုလုပ်ဖို့ လိုလို့လား ..?"
ဘာတွေကို ရင်ဆိုင်မှာလဲ ? ထပ်ပြီး နာကျင်လိမ့်မှာကို ။ ပါးပါးက လုံး၀လက်မခံပါ ဘယ်လို ပြောပြော ။ဒူးထောက်တောင်းပန်တာတောင် မရတာ .. တွဲထားချင်တာပေါ့ မင်းလက်လေးကို တစ်ဘ၀လုံးစာအတွက် တွဲထားချင်တာ ...
" အင်း လိုတယ် မင်းအတွက် လုပ်ဖို့ဆို ဘာမဆိုလုပ်
နိုင်သလို လုပ်ရလဲ အဆင်ပြေတယ် ..!"
"ထယ်ယောင်းရယ် ...!"
ထယ်ယောင်းဆီ သွားပြီး သူပွေ့ဖက်ပေးချင်လိုက်တာ ။ "အရူး"ဆိုပြီး ရင်ဘက်ကို ထုရိုက်ပြီး အော်ငိုပစ်လိုက်မှာ " ဒါပေမဲ့ လက်တွေ့မှာ အခန်းပြင်တောင် မထွက်နိုင်တဲ့ လူက သူမဟုတ်လား ..?
" ဂျီမင် ..!"
" ဟင့် ...!"
" ချစ်တယ် ..!"
ရိုးရှင်းစွာနဲ့ အမြဲချစ်တယ်လို့ ပြောပေးမဲ့ သူ့အတွက်ကတော့ အမြဲ အသစ်ဖြစ်ပြီး နွေးထွေးရစမြဲ ...
" ငါကော့ပဲ ..!"
ဖုန်းဆက်တုန်းကတော့ ပြောစရာ စရာတွေများနေမယ် ထင်ခဲ့ပေမဲ့ လက်တွေ့မှာ အသံလေး ကြားရလို့ ပြောစရာစကားတွေ ပျောက်ရှကုန်တာ။
" သီချင်းနားထောင်နေတာလား ..?"
ထယ်ယောင်းရဲ့ ဖုန်းသံဘက်က ခပ်တိုးတိုးလေး သီချင်းသံ။
" အင်း ဟုတ်တယ် လွန်ခဲ့တဲ့ 2နှစ်လုံးလုံး နေ့တိုင်း နားထောင်တာ ...!"
" ဟင့် ..!"
တကယ်ကို ထယ်ယောင်းက သီချင်းကို အဲ့လောက် နားထောင်တာ မရှိပေ။
" မင်းမရှိတော့တဲ့ အချိန်မှ နားထောင်ဖြစ်တဲ့ သီချင်းလေး ..!"
သူသိလိုက်သည်။ သူ့မရှိလို့ ထယ်ယောင်းအစားထိုးတာ ...
" ဆိုပြရမလား ..?"
ထယ်ယောင်းက ဆိုပြရမလားဆိုတော့လဲ သူနားထောင်ချင်မိတယ်။ ထယ်ယောင်းရဲ့ဩရှရှ အသံလေးက ဘယ်သီချင်းနဲ့ မဆို လိုက်ပါတယ်လေ။
" အင်း ..!"
အိပ်ယာမှာ လူးလိမ့်ကာ ဖုန်းကိုကိုင်ရင်း မှန်ပြတင်းပေါက်က လတစ်ခြမ်းလေးကို ကြည့်နေမိသည်။
"ခဏ ..အဟင့်..!"
လည်ချောင်းရှင်းတဲ့အသံလုပ်ပြီးမှ
🎵
{ Although we're come to end of the road..}
{ Still I can't let you go ..}
{ It's unnatural ..}
{ You belong to me..}
{ I belong to you ...}
{ We belong together ...}
{ And you know that I am right..}
{ Why do you play with my heart ..? }
{ When I can't sleep at night without holding you tight.....}
{ My love .each time I try I just break down and cry ..}
{ Pain in my head }
{Oh. I'd rather be dead }
{Spinning around and around }
{ Although we're come to end of the road..}
{ Still I can't let you go ..}
{It's unnatural ..}
{You belong to me..}
{ I belong to you ...}
ထယ်ယောင်းဆိုပြနေတဲ့ တောက်လျှောက် တစ်ဖက်ဖုန်းက ဂျီမင်တစ်ယောက် မျက်ရည်တွေနဲ့ နားထောင်နေရတယ် ဆိုတာ ထယ်ယောင်းသိရင် ဆက်ဆိုပြပါ့မလား ? ဂျီမင်တစ်ယောက် ငိုသံမထွက်အောင် အံကိုကြိတ်ထားရင်း
When I can't sleep at night without holding tight " တဲ့ ငါလဲ မင်းကို ဖက်မရတဲ့ ညတွေကရူးကြောင်ကြောင်နိုင်ခဲ့တယ် ထယ်ယောင်းရယ်။ မင်းဆိုတဲ့ " You belong to me . I belong to you " တကယ်ဆို မင်းက ငါ့ကို ပိုင်နေဆဲဖြစ်သလို ငါကလဲ မင်းကို ပိုင်နေဆဲပါ ...
" ထယ်ယောင်း ..!"
" ငါ့အတွက်က မင်းမရှိတဲ့ ညတွေက သိပ်ကိုခက်ခဲတယ် ဂျီမင်ရယ် ..!"
သူဘယ်လို လုပ်ပေးရပါ့မလဲ ? အခုချိန်မှာ ဒီလူသားကို ပွေ့ဖက်ပေးချင်စိတ်ပဲ ရှိတယ်။ ငွေကြေးချမ်းသာပေမဲ့ မိဘဆီက ချစ်ခြင်းမေတ္တာတွေ မရတဲ့ ကောင်လေးကိုမှ သူကပါ ထပ်ထားခဲ့တယ် မဟုတ်လား ? အခုလဲ ထယ်ယောင်းနားကနေ အပြီးအပိုင် ထွက်သွားဖို့ ဖြစ်နေပြီမဟုတ်လား ? မုန်းလိုက်တာ ဆုံခွင့် ပေးခဲ့တဲ့ ကံကြမ္မာကို .. တကယ်လို့ ငါလေ ဒီရောဂါကို အစကြီးကတည်းကသိရင် မင်းနားကိုမလာခဲ့ဘူး ထယ်ယောင်း .. မင်းနာကျင်တာ မြင်ရလေ ငါကြောင့်ဆိုတာ ပိုသိလာလေပဲ ။
" ငါမင်းနား လာခဲ့မှာမို့ ငါလက်ကို ဆွဲထားပေးပါနော် ..!"
ထယ်ယောင်းတောင်းဆိုမှုသည် အမိန့်သံမပါ ချစ်ခြင်းတရားတွေသာ ပြည့်နှက်နေတဲ့ အသံ
" ငါအတွက်နဲ့ အဲ့လောက်ထိ ရူးနေတာ တန်လို့လား ထယ်ယောင်းရယ် ..!"
" တန်ပါတယ် မင်းမျက်နှာကို မြင်ရယုံနဲ့တင် ဘာပဲ လုပ်ရလုပ်ရ တန်ပါတယ် ..!
ဟုတ်တယ် ဂျီမင်နဲ့မို့လို သူပျော်ရွှင်ခဲ့ဖူးတယ်။ ချစ်တက်ဖူးတယ်။ ချစ်ခံရဖူးတယ်။ ဒီလောက်ပါပဲ 8နှစ်အရွယ် ကလေးတစ်ယောက်ကို လှည့်တောင်မကြည့်ပဲ ထွက်သွားခဲ့တဲ့ အမေကို ငိုယိုပြီး ဆွဲထားခဲ့တဲ့သူ မဟုတ်ခဲ့ဘူး။ တကယ်ဆို အတူရှိလဲ မေတ္တာတွေမှ မရခဲ့တဲ့ ကလေးတစ်ယောက်အတွက် အတူမရှိတော့လဲ ထူးခြားမသွားခဲ့ပါ။ မေတ္တာပေးလို့ မေတ္တာပြန်ရတာ ဂျီမင်ကြောင့် သူဘ၀တစ်လျှောက်လုံး ဂျီမင်ကို မချစ်မိခင်ကတည်းက ဂျီမင်ကြောင့်ပဲ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိလာတယ်။ လှည့်တောင် မကြည့်ဘူးဆိုတဲ့ သူ့ဒယ်ဒီရဲ့ ဆေးရုံမှာလဲ အလုပ်သင် ဆင်းခဲ့ပြီး ဒယ်ဒီနဲ့လဲ စကားတွေ ပြောနိုင်ခဲ့တယ်။
* မင်းက ငါရှင်သန်ရတဲ့ အကြောင်းပြချက် တစ်ခုပါပဲ ဂျီမင်ရယ် *
( သီချင်းက end of the road ပါ 1992က သီချင်းလေး ထယ်ယောင်း v live မှာ ဆိုပြဖူးပါတယ် )
( ကိုယ်တို့ လမ်းရဲ့အဆုံးကို လျှောက်လာကျပေမဲ့
ကိုယ်တို့ အတူပိုင်ဆိုင်ခဲ့ကျတယ်
ပြီးတော့ ကိုယ်မှန်မှန်းလဲ မင်းသိပါတယ်
ဘာလို့ ကိုယ်နှလုံးကို ကစားချင်တာလဲ ?
ဘာလို့ ကိုယ်နှလုံးသားကို ကစားချင်ရတာလဲကွာ
မင်းကို မဖက်ထားရရင် ကိုယ်ညတွေ အိပ်မပျော်ဘူး
အချစ်ရေ ငါအချိန်တိုင်း ကြိုးစားပေမဲ့ ပြိုလဲပြီး ကြေကွဲနေတုန်းပဲ ...
ခေါင်းကလဲကိုက်လာပြီး
ကိုယ်သေလိုက်တာပဲ ကောင်းပါတယ် ...
ကိုယ်ချာချာလည်နေပြီး
အချစ်ရေ ကိုယ်နှလုံးသားကအထီးကျန်နေရတယ်
ကိုယ်အထီးကျန်နေရတယ် ..."2)
ထယ်ယောင်းရဲ့ နားထောင်မှုပါ အဓိပ္ပါယ်သိမှ ထယ်ယောင်းခံစားချင်ကို နားလည်မှာမို့ ဘာသာပြန်ထားတာလဲ ဒီသီချင်းကို မတွေ့လို့ ။
Zawgyi
" ဒီေကာင့္ကို ဘယ္သူ ခြင့္ျပဳလိုက္တာလဲ ..?"
ယြန္ဂီရဲ႕ မ်က္ႏွာက မာထန္လြန္းတယ္။ သူ႕ေနာက္ကြယ္မွာ သားနဲ႕ ဒီေကာင္ေလး ဘယ္ေလာက္ေတာင္ ေတြ႕ေနၾကတာလဲ ..? အခ်ိန္တိုင္းအတူရွိေနတာလား ..? ။ ဒါေၾကာင့္ သားက ျပန္ၿပဳံးနိုင္လာတာလား ?
" အေဖႀကီး ..!"
သတိလစ္သြားတာပဲ ဆိုေပမဲ့ ထပ္ျဖစ္လို႔ ေကာင္းတဲ့ အေျခအေနလဲ မဟုတ္ဘူးလို႔ ဆရာ၀န္က ေသခ်ာမွာတယ္။ သူဘာလုပ္ရမလဲ ..? ။ သားအတြက္လဲ နည္းလမ္းေတြက မရွိသလို သူ႕သားနားမွာ လာေနေနတဲ့ ဒီေကာင္ေလးကိုလဲ သူ႕သေဘာမက်ဘဴး ။
" ဟိုေဆာ့ ..!
ေသခ်ာတယ္ ဟိုေဆာ့ကခြင့္ျပဳတာေပါ့။ သူ႕ေနာက္ကြယ္မွာ သားနဲ႕ ဒီေကာင္ေလး ေတြ႕ဖို႔ကို ဟိုေဆာ့က ခြင့္ေပးတာ။
" ငါက ဘာမွ မသိတဲ့ ေစာက္႐ူးလိုပဲ ..!"
အေရးေပၚခန္းကေန ျပန္ေခၚလာၿပီး အခန္းထဲ ျပန္ပို႔ေတာ့လဲ သားက နိုးမလာေသး ။ သူ႕သားကို ေသခ်ာစိုက္ၾကည့္ေနမိသည္။
" မဟုတ္ဘူး ေဖႀကီး သားကိုေလ ..!"
ဟိုေဆာ့ ဒီအေျခအေနေၾကာင့္ အက်ပ္ရိုက္သြားတာေတာ့ အမွန္ ။ သားကို ေပြ႕ခ်ီၿပီး ေဆး႐ုံကို ေျပးလာတဲ့ ကင္မ္ထယ္ေယာင္းေၾကာင့္ သူလဲ လန႔္သြားမိသည္။ သူလဲ သားကို စိတ္ပူေနသလို သူတို႔ထက္ မေလ်ာ့တဲ့ သားအေပၚ စိတ္ပူျခင္းေတြ ဒီေကာင္ေလးမွ ရွိတာကို ေဖႀကီးကို သိေစခ်င္သည္။
" ေတာ္ေတာ့ သားသတိရရင္ ျပန္မယ္ ..!"
" ေဖႀကီး ..!"
သူက ဘယ္ေတာ့မွ သူ႕ေယာက်ာ္းအေပၚမွာ ေျပာမၿပီးပါ။ အၿမဲ သူ႕ေယာက်ာ္းေျပာသမွ်ပဲ နာခံတက္ခဲ့တာ ။ မိဘေတြ ေပးစားလို႔ ယူထားတာ ဆိုေပမဲ့ သူ သူ႕ေယာက်ာ္းကို ျမင္ျမင္ခ်စ္ခဲ့မိတာ ။ မ်ိဳးရိုးအစဥ္အလာေတြ ႀကီးမားၿပီး ဂုဏ္က်မဲ့ အလုပ္ဆို ဘာတစ္ခုမွ မလုပ္ဖို႔ အၿမဲေျပာေနတဲ့ ေဆြမ်ိဳးေတြ မိဘေတြ ေၾကာင့္ သူေယာက်ာ္းကလဲ သိပ္နာခံတယ္။ ေယာက်ာ္းႏွစ္ေယာက္ ခ်စ္ႀကိဳက္တာကို ရွက္စရာ ႐ြံစရာလို႔ပဲ ျမင္ေနတက္တဲ့ ဒီအမ်ိဳးၾကားမွာမွ သားက ေယာက်ာ္းတစ္ေယာက္ သိပ္ခ်စ္သြားတာ။ အျမင္ေတြ က်ဥ္းလြန္တဲ့ ဒီမိသားစုၾကားမွာ သားအတြက္ သူဘယ္လို လုပ္ေပးရပါ့မလဲ ...?"
" သားကို ထပ္ၿပီး မတင္းက်ပ္ပါနဲ႕ ...!"
သားသတိေမ့တုန္းက အနားက မခြာပဲ ေနေနတဲ့ ေကာင္ေလး အခုလဲ အခန္းျပင္မွာ ရွိေနတာ ။ ဒီေကာင္ေလးနဲ႕ သူ႕အမ်ိဳးသားၾကားမွာ ဘယ္လို လုပ္ေပးရပါ့မလဲ ...?
" ဟိုေဆာ့ ငါဒါကို ခြင့္မျပဳနိုင္ဘူးဆိုတာ မင္းသိတယ္ဟုတ္ ..?"
သူလက္မခံပါ။ သားက်န္မာေရးကို သိေပမဲ့ ဒီအေျခအေနမ်ိဳးႀကီးကို သူလက္မခံဘူး ေနာက္ၿပီး ဒါက အေမရိက မဟုတ္ဘူး ။ ကိုးရီးယားနိုင္ငံ အယူသီးမူေတြနဲ႕ တင္းက်ပ္လြန္းတဲ့ နိင္ငံမွာအဲ့စိတ္ဓာတ္ေတြက သူ႕ဆီမွာလဲ ရွိတယ္။
* အခ်စ္ကို ကိုးကြယ္ၾကမယ့္သူနဲ႕ အဲ့အခ်စ္ကို ႐ြံစရာလို႔ ျမင္ေနတဲ့သူ *.
/
" ေရာ့ မင္းေဆးစစ္ခ်က္ ..!"
ဂ်တ္စတင္ ကမ္းေပးတဲ့ စာ႐ြက္ကို လွမ္းယူရင္း ..
" ထင္ပါတယ္ ဒီလို ျဖစ္မယ္ဆိုတာ ..!"
ဘယ္သူ႕မွ ဂ႐ုမစိုက္တဲ့ ပုံမ်ိဳးနဲ႕ ထယ္ေယာင္းမ်က္ႏွာေပၚမွာ ျဖစ္ေပၚေနတာ ။ ေအးေလ ကင္မ္ထယ္ေယာင္းဆိုတာ အစကေကာ့ ဘယ္သူ႕ကို ဂ႐ုစိုက္တာမို႔လို႔လဲ ..!
" ၀မ္းမနည္းဘူးလား နည္းနည္းမွ ..!"
" ဟင့္အင္း ေပ်ာ္႐ႊင္သြားတာ ..!"
ထယ္ေယာင္းရွိတဲ့ ဟိုတယ္ကို ဂ်တ္စတင္လာရင္း..
" ဂ်ီမင္ေကာ့ ...!"
ဂ်ီမင္အေၾကာင္းေျပာေတာ့ ညိုးငယ္သြားတဲ့ မ်က္ႏွာေလး ။ ထယ္ေယာင္း ဂ်ီမင္ကို ေပြ႕ခ်ီၿပီး ေဆး႐ုံပို႔တဲ့ ေန႕က ႏွစ္ေယာက္သား ေတြ႕ဆုံတာ ေနာက္ဆုံးပဲ မဟုတ္လား ..? အဲ့ဆိုးတာ ေဆး႐ုံကလဲ ဆင္းသြားသလို ဂ်ီမင္ရဲ႕ အနားမွာ အေစာင့္ေတြ ထားထားတာ ။ ထယ္ေယာင္းအနားကပ္ခြင့္ေတာင္မရွိ ။ ဂ်ီမင္အေဖ သိသိျခင္းေန႕က ထယ္ေယာင္းကို ထိုးႀကိတ္ခဲ့ေပမဲ့ ဂ်ီမင္ရဲ႕ အေမ ၀င္ဆြဲမႈေၾကာင့္ဒဏ္ရာက သိပ္မရလိုက္။ ဒါကို ထယ္ေယာင္းကလဲ ဂ်ီမင္ကို အျပင္ထြက္လို႔ ေခၚလို႔ ျဖစ္တာလို႔ပဲ ထင္ေနတယ္။ သူေၾကာင့္ပါ ဆိုၿပီး ေျပာေျပာတက္သည္။
" အိမ္မွာ ..!"
တကယ္ပါ ထယ္ေယာင္းက အသက္ရႉေနေပမဲ့လဲ အသက္မဲ့ေနသလိုပဲ ...! ဪ ခ်စ္ရသူနဲ႕ ေကြကြင္းရတဲ့ ဒုကၡက သိပ္ႀကီးတယ္ဆိုတာ ထယ္ေယာင္းကို ၾကည့္ၿပီး သူယုံၾကည့္သြားမိသည္။
" ငါ ဂ်ီမင္အေမရဲ႕ ဖုန္းနံပါတ္ကို ရလာတယ္ ..!"
" ဟင့္ ..!"
အသက္မဲ့ေနတဲ့ မ်က္ႏွာသည္ အခုေတာ့ အနည္းငယ္ အသက္ျပန္၀င္လာသလို ...
" ေအး ဂ်ီမင္အေမကိုယ္တိုင္ေပးတာပဲ ..!"
" ေပး ေပး အခု ဖုန္းဆက္ၾကည့္မယ္ ..!"
ျဖစ္ပ်က္ေနတဲ့ ထယ္ေယာင္းမ်က္ႏွာသည္ ေကာက္ရိုးတစ္မွ်င္ ကူကယ္ရာ ရသလိုပဲ ..!
" မေလာနဲ႕ ထယ္ေယာင္း သူအေဖက ဘာမွ သုံးခြင့္မေပးထားဘူး အဲတာေၾကာင့္ မင္းဆက္သြယ္ရ ခက္လိမ့္မယ္ .."
" အဲ့လူႀကီး သိပ္လြန္ေနၿပီး..!"
ေဒါသေတြနဲ႕ မ်က္ႏွာက ခ်က္ခ်င္း ခက္ထန္သြားျပန္တယ္။
" ညက်ရင္ေတာ့ ဖုန္းဆက္ပါတဲ့ ..!"
" တကယ္ .!"
မယုံသလို မ်က္ႏွာက ထယ္ေယာင္းက သူ႕ကို စိုက္ၾကည့္ေတာ့
" အင္း ဂ်ီမင္အေမက ညက်ရင္ ဒီဖုန္းကိုပဲ ဆက္တဲ့ ..!"
" အင္း ..!အင္း ..!"
တကယ္ပါ သူဘာလုပ္ေပးရမယ္မွန္း သူတကယ္မသိ ။ထိုးႀကိတ္ခံထားရတဲ့ မ်က္ႏွာကို ဘာမွ မလုပ္ပဲ ထားထားတာ ။ တန္ပါတယ္ေလတဲ့ သူေၾကာင့္မို႔ ဂ်ီမင္ အေျခအေန ပိုဆိုးသြားတာတဲ့ ..!" မဟုတ္ဘူးေလ ထယ္ေယာင္းရယ္ မင္းသိပါတယ္ ဒီေရာဂါ လကၡဏာကို ... မင္းက ပိုသိတယ္ မဟုတ္လား .??
" ေဆးထည့္အုံး မ်က္ႏွာကို ဂ်ီမင္ေတြ႕ရင္ စိတ္မေကာင္းျဖစ္မယ္ ..!"
" အဟြန႔္...!"
ထယ္ေယာင္း ရီသံသည္ သူ႕စကားေၾကာင့္ ထိုသို႔ ရီသံျဖစ္သည္။
" မ႐ႊဲေနနဲ႕ ထယ္ေယာင္း က်န္ရွိေနတဲ့ ဘ၀ကို ေပ်ာ္႐ႊင္ရေအာင္ပဲ ျဖတ္သန္း ..!"
" အင္း ..!"
ကေတာက္..!
ေဆးလိပ္ကို ႏႈတ္ခမ္းမွ ေတ့ၿပီး မီးျခစ္ကို ျခစ္ၿပီး မီးညွိလိုက္ေလသည္။
" မေသာက္သင့္ေတာ့ဘူး ထယ္ေယာင္း မင္း ..!"
သူ႕ကို မ်က္လုံး လွန္ၾကည့္ရင္း ...
" သူငါအနားမွာ မရွိရင္ ဒီအရာေတြက သိပ္လိုတယ္ ..!"
" မဟုတ္ေသးပါဘူးကြာ ..!"
ထိုသို႔ ရႉးရႉးမိုက္မိုက္လဲ ထယ္ေယာင္းက ေတြးတက္ေလသည္။ တကယ္လဲ သူေျပာရမွာ မဟုတ္ပါ ဂ်ီမင္က လြဲရင္ ဘယ္သူကမွ ေျပာရမွ မဟုတ္ .. ဘ၀တစ္ေလွ်ာက္လုံး မိဘေမတၱာေတြ မရခဲ့တဲ့ သူတစ္ေယာက္ဟာ ဂ်ီမင္ရဲ႕ ခ်စ္ျခင္းတရားေတြေၾကာင့္ အခ်စ္ကို ခံစားတက္ခဲ့ၿပီး အခုေတာ့ အခ်စ္ကို သူကလဲ ေပးတက္ေနတာ ..
/
" ထယ္ေယာင္း ..!"
ညနက္ေနၿပီး သူဖုန္းေခၚတဲ့အခ်ိန္ တစ္ဖက္က ကိုင္တာ ဂ်ီမင္အေမ ျဖစ္မယ္ထင္ခဲ့ေပမဲ့ ...
" ဂ်ီမင္ ..!'
မၾကားရတာ တစ္ပတ္ေက်ာ္ ၾကာေနၿပီေလ။ မ်က္ႏွာလဲ မျမင္ရသလို အသံလဲ မၾကားရတဲ့ ဘ၀ ...
" ေနေကာင္းလား ..?"
ေနေကာင္းလား ေမးတဲ့သူထံမွာ မက်န္းမာတဲ့ အသံျဖစ္ေနတယ္ဆိုတာ မသိဘူးလား ခ်စ္ရယ္ ...
" အင္း ..! လြမ္းတယ္ ..!"
ကုတင္ေပၚမွာ လွဲခ်လိဳက္ရင္း ဖုန္းကို ႏႈတ္ခမ္းနား ကပ္ကာ ေျပာလိုက္သည္။ လြမ္းတယ္ ဂ်ီမင္ မင္းမရွိရင္ ငါကေလ နည္းနည္းမွ အဆင္မေျပတဲ့ ေကာင္ပါ..!။
" အင့္ ...ငါေကာ့ပဲ ..!"
ထယ္ေယာင္းဘာလုပ္ေနမလဲ ? ပါးပါးထိုးလိုက္တဲ့ ဒဏ္ရာေတြက သက္သာပါ့မလား ? ေဆးလိပ္ေတြ ထပ္ၿပီးေသာက္ေနမလား ? ဒီစိတ္ေတြနဲ႕ပဲ ငါ့အေပၚကို လႊမ္းၿခဳံထားတယ္ ထယ္ေယာင္း ..!
" ငါ့ကို ထားခဲ့ေတာ့ပါလား ထယ္ေယာင္းရယ္ ..!"
တကယ္ပါ ထယ္ေယာင္းထားသြားရင္ေတာင္ သူေပ်ာ္ေနမွာ။ အခုေတာ့ သူနားမွာ ေနရင္း သူေၾကာင့္ ဒဏ္ရာေတြ အနာတရေတြ ထပ္ထပ္ၿပီးရေနတာ ။
" ထားခဲ့ဖို႔ မေျပာပါနဲ႕ ဂ်ီမင္ ငါက ေသလူျဖစ္သြားမွာမို႔..!"
ဟုတ္တယ္။ သူက ေသလူပဲ အခုလဲ ၾကည့္ ဂ်ီမင္နဲ႕ ပိုၿပီး နီးစပ္သြားသလို ခံစားရတယ္။
" အဟင့္ ..! "
ဂ်ီမင္ဆီက ရွိုက္သံေလး ၾကားရေတာ့ သူမွာ ထလာၿပီး ႏွစ္သိမ့္ေပးခ်င္လိုက္တာ ..! မငိုပါနဲ႕ ဂ်ီမင္ရယ္ ..ငါရင္ခြင္ထဲမွာမွာ မဟုတ္ရင္ မငိုပါနဲ႕ .. ငါမႏွစ္သိမ့္ေပးနိုင္ရင္ ငါ့ရင္ေတြ ပိုနာလြန္းလို႔ ..
" မင္းဆီကို မေရာက္ေရာက္ေအာင္လာခဲ့မယ္ မနက္ျဖန္ ..!"
" ဟင့္..! ဘယ္လို ..!"
" အင့္ ..! ငါမခြဲနိုင္ဘူး ဂ်ီမင္ ငါအားလုံးကို ရင္ဆိုင္မယ္ တစ္ခုပဲ ငါလက္ကို တြဲထားေပးမယ္ မဟုတ္လား ..?"
" အ႐ူး အဲလိုလုပ္ဖို႔ လိုလို႔လား ..?"
ဘာေတြကို ရင္ဆိုင္မွာလဲ ? ထပ္ၿပီး နာက်င္လိမ့္မွာကို ။ ပါးပါးက လုံး၀လက္မခံပါ ဘယ္လို ေျပာေျပာ ။ဒူးေထာက္ေတာင္းပန္တာေတာင္ မရတာ .. တြဲထားခ်င္တာေပါ့ မင္းလက္ေလးကို တစ္ဘ၀လုံးစာအတြက္ တြဲထားခ်င္တာ ...
" အင္း လိုတယ္ မင္းအတြက္ လုပ္ဖို႔ဆို ဘာမဆိုလုပ္
နိုင္သလို လုပ္ရလဲ အဆင္ေျပတယ္ ..!"
"ထယ္ေယာင္းရယ္ ...!"
ထယ္ေယာင္းဆီ သြားၿပီး သူေပြ႕ဖက္ေပးခ်င္လိုက္တာ ။ "အ႐ူး"ဆိုၿပီး ရင္ဘက္ကို ထုရိုက္ၿပီး ေအာ္ငိုပစ္လိုက္မွာ " ဒါေပမဲ့ လက္ေတြ႕မွာ အခန္းျပင္ေတာင္ မထြက္နိုင္တဲ့ လူက သူမဟုတ္လား ..?
" ဂ်ီမင္ ..!"
" ဟင့္ ...!"
" ခ်စ္တယ္ ..!"
ရိုးရွင္းစြာနဲ႕ အၿမဲခ်စ္တယ္လို႔ ေျပာေပးမဲ့ သူ႕အတြက္ကေတာ့ အၿမဲ အသစ္ျဖစ္ၿပီး ေႏြးေထြးရစၿမဲ ...
" ငါေကာ့ပဲ ..!"
ဖုန္းဆက္တုန္းကေတာ့ ေျပာစရာ စရာေတြမ်ားေနမယ္ ထင္ခဲ့ေပမဲ့ လက္ေတြ႕မွာ အသံေလး ၾကားရလို႔ ေျပာစရာစကားေတြ ေပ်ာက္ရွကုန္တာ။
" သီခ်င္းနားေထာင္ေနတာလား ..?"
ထယ္ေယာင္းရဲ႕ ဖုန္းသံဘက္က ခပ္တိုးတိုးေလး သီခ်င္းသံ။
" အင္း ဟုတ္တယ္ လြန္ခဲ့တဲ့ 2ႏွစ္လုံးလုံး ေန႕တိုင္း နားေထာင္တာ ...!"
" ဟင့္ ..!"
တကယ္ကို ထယ္ေယာင္းက သီခ်င္းကို အဲ့ေလာက္ နားေထာင္တာ မရွိေပ။
" မင္းမရွိေတာ့တဲ့ အခ်ိန္မွ နားေထာင္ျဖစ္တဲ့ သီခ်င္းေလး ..!"
သူသိလိုက္သည္။ သူ႕မရွိလို႔ ထယ္ေယာင္းအစားထိုးတာ ...
" ဆိုျပရမလား ..?"
ထယ္ေယာင္းက ဆိုျပရမလားဆိုေတာ့လဲ သူနားေထာင္ခ်င္မိတယ္။ ထယ္ေယာင္းရဲ႕ဩရွရွ အသံေလးက ဘယ္သီခ်င္းနဲ႕ မဆို လိုက္ပါတယ္ေလ။
" အင္း ..!"
အိပ္ယာမွာ လူးလိမ့္ကာ ဖုန္းကိုကိုင္ရင္း မွန္ျပတင္းေပါက္က လတစ္ျခမ္းေလးကို ၾကည့္ေနမိသည္။
"ခဏ ..အဟင့္..!"
လည္ေခ်ာင္းရွင္းတဲ့အသံလုပ္ၿပီးမွ
🎵
{ Although we're come to end of the road..}
{ Still I can't let you go ..}
{ It's unnatural ..}
{ You belong to me..}
{ I belong to you ...}
{ We belong together ...}
{ And you know that I am right..}
{ Why do you play with my heart ..? }
{ When I can't sleep at night without holding you tight.....}
{ My love .each time I try I just break down and cry ..}
{ Pain in my head }
{Oh. I'd rather be dead }
{Spinning around and around }
{ Although we're come to end of the road..}
{ Still I can't let you go ..}
{It's unnatural ..}
{You belong to me..}
{ I belong to you ...}
ထယ္ေယာင္းဆိုျပေနတဲ့ ေတာက္ေလွ်ာက္ တစ္ဖက္ဖုန္းက ဂ်ီမင္တစ္ေယာက္ မ်က္ရည္ေတြနဲ႕ နားေထာင္ေနရတယ္ ဆိုတာ ထယ္ေယာင္းသိရင္ ဆက္ဆိုျပပါ့မလား ? ဂ်ီမင္တစ္ေယာက္ ငိုသံမထြက္ေအာင္ အံကိုႀကိတ္ထားရင္း
When I can't sleep at night without holding tight " တဲ့ ငါလဲ မင္းကို ဖက္မရတဲ့ ညေတြက႐ူးေၾကာင္ေၾကာင္နိုင္ခဲ့တယ္ ထယ္ေယာင္းရယ္။ မင္းဆိုတဲ့ " You belong to me . I belong to you " တကယ္ဆို မင္းက ငါ့ကို ပိုင္ေနဆဲျဖစ္သလို ငါကလဲ မင္းကို ပိုင္ေနဆဲပါ ...
" ထယ္ေယာင္း ..!"
" ငါ့အတြက္က မင္းမရွိတဲ့ ညေတြက သိပ္ကိုခက္ခဲတယ္ ဂ်ီမင္ရယ္ ..!"
သူဘယ္လို လုပ္ေပးရပါ့မလဲ ? အခုခ်ိန္မွာ ဒီလူသားကို ေပြ႕ဖက္ေပးခ်င္စိတ္ပဲ ရွိတယ္။ ေငြေၾကးခ်မ္းသာေပမဲ့ မိဘဆီက ခ်စ္ျခင္းေမတၱာေတြ မရတဲ့ ေကာင္ေလးကိုမွ သူကပါ ထပ္ထားခဲ့တယ္ မဟုတ္လား ? အခုလဲ ထယ္ေယာင္းနားကေန အၿပီးအပိုင္ ထြက္သြားဖို႔ ျဖစ္ေနၿပီမဟုတ္လား ? မုန္းလိုက္တာ ဆုံခြင့္ ေပးခဲ့တဲ့ ကံၾကမၼာကို .. တကယ္လို႔ ငါေလ ဒီေရာဂါကို အစႀကီးကတည္းကသိရင္ မင္းနားကိုမလာခဲ့ဘူး ထယ္ေယာင္း .. မင္းနာက်င္တာ ျမင္ရေလ ငါေၾကာင့္ဆိုတာ ပိုသိလာေလပဲ ။
" ငါမင္းနား လာခဲ့မွာမို႔ ငါလက္ကို ဆြဲထားေပးပါေနာ္ ..!"
ထယ္ေယာင္းေတာင္းဆိုမႈသည္ အမိန႔္သံမပါ ခ်စ္ျခင္းတရားေတြသာ ျပည့္ႏွက္ေနတဲ့ အသံ
" ငါအတြက္နဲ႕ အဲ့ေလာက္ထိ ႐ူးေနတာ တန္လို႔လား ထယ္ေယာင္းရယ္ ..!"
" တန္ပါတယ္ မင္းမ်က္ႏွာကို ျမင္ရယုံနဲ႕တင္ ဘာပဲ လုပ္ရလုပ္ရ တန္ပါတယ္ ..!
ဟုတ္တယ္ ဂ်ီမင္နဲ႕မို႔လို သူေပ်ာ္႐ႊင္ခဲ့ဖူးတယ္။ ခ်စ္တက္ဖူးတယ္။ ခ်စ္ခံရဖူးတယ္။ ဒီေလာက္ပါပဲ 8ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ကို လွည့္ေတာင္မၾကည့္ပဲ ထြက္သြားခဲ့တဲ့ အေမကို ငိုယိုၿပီး ဆြဲထားခဲ့တဲ့သူ မဟုတ္ခဲ့ဘူး။ တကယ္ဆို အတူရွိလဲ ေမတၱာေတြမွ မရခဲ့တဲ့ ကေလးတစ္ေယာက္အတြက္ အတူမရွိေတာ့လဲ ထူးျခားမသြားခဲ့ပါ။ ေမတၱာေပးလို႔ ေမတၱာျပန္ရတာ ဂ်ီမင္ေၾကာင့္ သူဘ၀တစ္ေလွ်ာက္လုံး ဂ်ီမင္ကို မခ်စ္မိခင္ကတည္းက ဂ်ီမင္ေၾကာင့္ပဲ ျဖစ္ခ်င္တဲ့ ဆႏၵေတြ ရွိလာတယ္။ လွည့္ေတာင္ မၾကည့္ဘူးဆိုတဲ့ သူ႕ဒယ္ဒီရဲ႕ ေဆး႐ုံမွာလဲ အလုပ္သင္ ဆင္းခဲ့ၿပီး ဒယ္ဒီနဲ႕လဲ စကားေတြ ေျပာနိုင္ခဲ့တယ္။
* မင္းက ငါရွင္သန္ရတဲ့ အေၾကာင္းျပခ်က္ တစ္ခုပါပဲ ဂ်ီမင္ရယ္ *
( သီခ်င္းက end of the road ပါ 1992က သီခ်င္းေလး ထယ္ေယာင္း v live မွာ ဆိုျပဖူးပါတယ္ )
( ကိုယ္တို႔ လမ္းရဲ႕အဆုံးကို ေလွ်ာက္လာက်ေပမဲ့
ကိုယ္တို႔ အတူပိုင္ဆိုင္ခဲ့က်တယ္
ၿပီးေတာ့ ကိုယ္မွန္မွန္းလဲ မင္းသိပါတယ္
ဘာလို႔ ကိုယ္ႏွလုံးကို ကစားခ်င္တာလဲ ?
ဘာလို႔ ကိုယ္ႏွလုံးသားကို ကစားခ်င္ရတာလဲကြာ
မင္းကို မဖက္ထားရရင္ ကိုယ္ညေတြ အိပ္မေပ်ာ္ဘူး
အခ်စ္ေရ ငါအခ်ိန္တိုင္း ႀကိဳးစားေပမဲ့ ၿပိဳလဲၿပီး ေၾကကြဲေနတုန္းပဲ ...
ေခါင္းကလဲကိုက္လာၿပီး
ကိုယ္ေသလိုက္တာပဲ ေကာင္းပါတယ္ ...
ကိုယ္ခ်ာခ်ာလည္ေနၿပီး
အခ်စ္ေရ ကိုယ္ႏွလုံးသားကအထီးက်န္ေနရတယ္
ကိုယ္အထီးက်န္ေနရတယ္ ..."2)
ထယ္ေယာင္းရဲ႕ နားေထာင္မႈပါ အဓိပၸါယ္သိမွ ထယ္ေယာင္းခံစားခ်င္ကို နားလည္မွာမို႔ ဘာသာျပန္ထားတာလဲ ဒီသီခ်င္းကို မေတြ႕လို႔ ။