" ထယ်ယောင်း ...!"
" ဟင့် ..."
ကုတင်ခြေရင်းမှာ ထိုင်ရင်း သူ့ရဲ့ ခပ်လှမ်းလှမ်းက စားပွဲမှာ ပန်းသီးလေးတွေ စိပ်နေတဲ့ ထယ်ယောင်းကို သူကြည့်ရင်းကြည့်ရင်းနဲ့ အမြင်တွေက ဝေဝါးလာတာ ...မဟုတ်ဘူး သူရှေ့မှာ ရှိနေတဲ့ ထယ်ယောင်းကို မမြင်တော့တာ ။ ရင်ထဲမှာ အပူလှိုင်းက ဝုန်းခနဲ့ပဲ ... သူအခြေအနေက သိပ်ဆိုးနေပြီးလား... ?
" ဘာလိုချင်လို့လဲ ...?"
သူနားကို လာနေတဲ့ ထယ်ယောင်းရဲ့ အသံကို မှန်းပြီး လက်ကမ်းလိုက်ပေမဲ့ ...
" ပန်းသီးစားချင်လို့ ...!"
" ဟင့် ....!"
အခုလက်ရှိ ထပ်ပြီးတုန်လှုပ်သွားသူက ထယ်ယောင်းပဲ သူကုတင်ရဲ့ ဘေးဘက်ကို သွားပေမဲ့ ဂျီမင်ကမ်းလိုက်တဲ့ လက်သည် အရှေ့တည့်တည့်....
" ဂျီမင် ..."
သူ့ဘေးမှာ လာထိုင်တဲ့ ထယ်ယောင်းအသံကြားတော့မှ သူကမ်းလိုက်တဲ့ လက်ကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်ရင်း...
" ဘာဖြစ်တာလဲ ?"
ပန်းသီးစိပ်ပန်းကန်ချကာ ဂျီမင်ရဲ့ ရှေ့မှာ ဒူးထောက်ကာ ထိုင်ချလိုက်သည်။
" ဘာမှ မဖြစ်ဘူး ..."
" ဂျီမင် ...!"
ခေါင်းငုံ့ကျသွားသူကို ထယ်ယောင်းအတင်းဆွဲယူရင်း မျက်နှာချင်းဆိုင်စေကာ သူမျက်နှာနား ကပ်စေလိုက်သည်။
တကယ်ပါ သူကြောက်တယ် ထယ်ယောင်းကို သူထပ်မမြင်ရတော့မှာကို ....ထယ်ယောင်းကို ထပ်မတွေ့ရတော့မှာကို..
သူသိနေတယ် ဂျီမင်တစ်ခုခုဖြစ်နေတာ အခု ။ မျက်နှာချင်းဆိုင်တော့လဲ အကြည့်မခံတာ ဘာလဲ မျက်လုံးတွေတစ်မျိုး ....
" ဘာဖြစ်တာလဲ ...!"
ထယ်ယောင်းအတင်းအကျပ်မေးရင်း သူငိုချင်နေပြီး ။ သူ့မျက်လုံးတွေ မမြင်ရတော့ပါဘူးလို့ ဘယ်လိုပြောရပါ့မလဲ ...? သူ့ရောဂါအခြေအနေက သေရမှာကို သိနေပေမဲ့ အခုလောက်ထိ မြန်ဆန်နေပြီးလား ..? တကယ်ကို ထယ်ယောင်းနဲ့ သူမခွဲချင်ပါ။ သူရှေ့မှာ ဒူးထောက်ကာ သူမျက်နှာကို အတင်းလိုက်ကြည့်နေသူကို လည်ပင်းကနေ ဆွဲဖက်လိုက်ရင်း .....
" ငါကြောက်တယ် ထယ်ယောင်း ...!"
ချစ်ရသူတွေကို ထားသွားရမှာ သူသိပ်ကြောက်ပါတယ်။ သူမိဘနှစ်ပါး ဘယ်လိုကျန်ခဲ့မလဲ ? သူက လွဲရင် ဘာမှမမြင်တက်တဲ့ ထယ်ယောင်းကို သူဘယ်လို ထားခဲ့ရမလဲ ?
သူ့ကို ပွေ့ဖက်လာတဲ့ ဂျီမင်ကြောင့် သူလဲ ဂျီမင်ရဲ့ ခါးလေးကို ဖက်လိုက်ရင်း ...
" ငါရှိနေတယ်လေ ..."
သူသိဖို့ လိုနေပြီး ဂျီမင်ရဲ့ ရောဂါက ဘယ်လိုအခြေအနေမျိုးလဲ ? ဘာလို့ မျက်လုံးတွေက ...
" အင့်...!"
ရှိုက်သံလေးက တိုးတိုးညင်းညင်းလေး.... ဘာကြောင့်ဆိုတာ ထပ်မပြောပြတဲ့ ဂျီမင်ကို သူထပ်ပြီးမမေးချင်ပါ။ သူသိအောင်ပဲ ကြိုးစားရတော့မယ် ။
" ထယ်ယောင်း ငါအတ္တကြီးနေမိပြီ မင်းကို မစွန့်လွှတ်နိုင်တဲ့ အတ္တ "
" ကြီးပါစေ ...ငါသဘောကျတာမို့ ငါလဲ မင်းကို ငါရဲ့နောက်ဆုံးအချိန်ထိ လက်မလွှတ်တော့ဘူး ..."
ဘာအကြောင်းအရာတွေပဲ ရှိလာလာ သူဒီလူသားရဲ့ လက်ကို ဆွဲပြီးတော့ ရင်ဆိုင်တော့မှာ။ ဒီလူသားက သူဘ၀မှာ မရှိရင် မဖြစ်တာမို့ အရာရာကို ရင်ဆိုင်ရဲပါတယ်။
" ငါ မင်းကို သိပ်ချစ်တာ သိတယ်ဟုတ် ...!"
/
ဆရာ၀န်ဆီမှာ ဂျီမင်ရဲ့ ရောဂါအခြေအနေကို မေးပြီး ပြန်လာတော့ ဆေးရုံရဲ့ စင်္ကြန်လမ်းမှာ သူလျှောက်ရမဲ့ ခြေလှမ်းတွေက နှေးကွေးလွန်းလှသည်။ မခိုင်တော့တဲ့ ဒူးကလဲ ဘာကြောင့်များလဲ ? ဘာကြောင့် ပြိုလဲချင်နေတာလဲ ..? လမ်းကို ဆက်လျှောက်လို့ မရပါ။ နှလုံးသားက တစ်ဆစ်ဆစ်နဲ့ နာကျင်နေတာ ... ဆက်လျှောက်လို့မရလို့ စင်္္ကြန်လမ်းမှာပဲ သူထိုင်ချလိုက်မိသည်။ သူနာပြုတစ်ချို့နဲ့ လူနာတစ်ချို့က သူ့ကို ကြည့်သွားပေမဲ့ ဆေးရုံအပြင်ဘက်ကိုသာ ငေးကြည့်နေလိုက်သည်။ ထိန်းမရတဲ့ မျက်ရည်ကလဲ တစ်သွင်သွင်နဲ့ .. ဟာ သူဘယ်လောက်တောင် စောက်သုံးမကျခဲ့လဲ ...? ချစ်တယ်လို့ ပြောပြီး သူချစ်ရသူက ဘယ်လိုအခြေအနေမျိုး ဖြစ်နေလဲ သူမသိတာ ...သူ သိပ်ညံ့ဖျင်းတယ် ... အခု သူဘာမှ မလုပ်ပေးနိုင်ဘူး သူချစ်ရသူကို ...
" Glioblastoma " တဲ့ အမြင်အာရုံတွေက ပျက်ယွင်းလာတယ်ဆို ကင်ဆာဆဲလ်တွေက ပြန်နှံ့လွန်းနေပြီ ။ သူလဲ ဦးနှောက်နဲ့ အာရုံကြော ဆရာ၀န်တစ်ယောက်မို့ သိတယ်။ ဒီအခြေအနေက ဆိုးဝါးလွန်းတာ ဓာတုကုထုံးနဲ့ ကုရင်တောင် အာမခံချက်မရှိနေတာ ....! တကယ်ပါ ဂျီမင်ရယ် ငါသာ အဲ့ရောဂါကို ယူလို့ရမယ်ဆိုရင် သိပ်ကောင်းမှာပဲ ...!
/
" ရေသောက်လိုက် ဂျီမင် ..."
သူအခန်းထဲပြန်ရောက်ရောက်ချင် Toliet ထဲမှာ ထိုးအန်နေတဲ့ ဂျီမင်ကြောင့် သူအပြေးသွားရင်း ကျောလေးကို ပုတ်ပေးလိုက်ရသည်။ ကျစ် ... ငါဘယ်လိုပုံမျိုးနဲ့ ကြည့်ရမှာလဲ ဂျီမင်ရယ် ...!
" ငါအစားတွေ စားတာ များသွားလို့ပါ "
သူဘက်လှည့်ကာ ပြုံးပြီးပြောတဲ့ ဂျီမင်ကြောင့် ..
" ဟုတ်လား ငါမရှိတုန်း ဘာတွေ စားတာလဲ ...?"
မလိမ်ပါနဲ့ ဂျီမင်ရယ် မင်းမျက်နှာက ဖြူစင်လွန်းလို့ လိမ်ညာလို့ မရဘူးဆိုတာ မင်းမသိဘူးလား ဂျီမင်ရယ် ..!"
သူဂျီမင်ကို ပွေ့ချီလိုက်တော့
" ငါလမ်းလျှောက်နိုင်ပါတယ် .."
အားးတွေ ဖျော့တော့နေတာကြောင့် ရိမ်မိသွာမှာ ဆိုးလို့ ငြင်းနေသေးသည်။
" သိပါတယ် ဒီက ကောင်က သိပ်ကို မင်းလေးကို ချီချင်နေတာ .."
သူလည်ပင်းကို သိုင်းဖက်ကာ ငြိမ်ငြိမ်လေး လိုက်ပါ လာသူကို ကုတင်ပေါ်မှာ ပက်လက်လေး အသာလေး ချပေးပြီး ....
" ဒီနေ့ နောက်ကျတယ်နော် ..."
အားနည်းနေလို့ ပန်းရောင်လေးပြေးနေတဲ့ မျက်နှာလေးကို အပြုံးတွေက အလှဆုံးဆင်ထားတုန်း ..။
" အင်း .."
" အခြားသွားစရာ ရှိလို့လား .."
မလိမ်ပါနဲ့ ထယ်ယောင်း မင်းဆရာ၀န်နဲ့ သွားတွေ့တယ်ဆို ငါသိပြီးသားပဲ ။ ငါ့ကို ဒီအတိုင်းအမှန်အတိုင်းလေးပဲ ပြောပြပါ။ မင်းပါငါ့ကို ဖုံးကွယ်နေမယ် ဆိုရင် ငါအတွက် အဆင်မပြေလို့ပါ။
" ဘာဘာညာညာ ၀ယ်နေတာ .."
ပက်လက်လေး လှဲနေတဲ့ သူရဲ့ ဘေးမှာ သူတင်မလွှဲ၀င်ထိုင်ရင်းနဲ့
" လိမ်တယ် ...!"
ပြုံးနေတဲ့ မျက်နှာလေးက ပျက်သွားရင်း တစ်ဖက်ကို လှည့်လိုက်သည်။ ဒီတော့မှ သူ့မှာ ပြာပြာသလဲနဲ့..
" ဘာလိမ်မိလို့လဲ ... ?"
မျက်နှာလေးကို ခပ်ဖွဖွ ပြန်ဆွဲယူလိုက်တော့ နီရဲနေတဲ့ မျက်နှာလေးရဲ့ မျက်၀န်းအိမ်ထဲမှ မျက်ရည်စတွေက ခိုတွဲလို့ ...
" ဆရာ၀န်နဲ့ သွားတွေ့တာ ငါမသိဘူး ထင်နေလား ? ထယ်ယောင်း .."
သူ သူ့ရောဂါကို သူသိပါတယ်။ ဘယ်လောက်အဆင့်ထိ ရောက်နေပြီးဆိုတာလဲ သူသိတယ်။ ဒါပေမဲ့ မသေခင်မှာ ထယ်ယောင်းနဲ့ ပါးပါးကို သင့်မြတ်စေချင်တယ်။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေ အပြည့်အ၀မရခဲ့တဲ့ သူချစ်သူလေးကို ပါးပါးကပါ ထပ်မမုန်းပါနဲ့ ဆိုပြီး ပြောပြချင်တာ။။ လက်တွေ့မှာ သူနှစ်နှစ်လုံးလုံး ဘာမှ မတက်နိုင်ခဲ့ဘူး ။ဒါပေမဲ့ အခုနောက်ဆုံးအချိန်မှာတော့ သူလုပ်ကို လုပ်ရပေးလိမ့်မည်။
" ငါသိပါတယ် ...ငါ့ရောဂါအကြောင်း .."
ပြောရင်း အသံလေးကတိမ်၀င်သွားတာ သူဘယ်လို လုပ်ပေးရပါ့မလဲ ..? သူသာ ဒီလောက်ထိ ထိတ်လန့်နေမယ်ဆိုရင် ဂျီမင်ကကော့ ဘယ်လောက်တောင် ထိတ်လန့်နေလိုက်မလဲ ..?
" မလိမ်ပါဘူးကွာ .."
ပါးလေးနှစ်ဖက်ကို ကိုင်ကာ မျက်လုံးလေးနှစ်ဖက်ကို ထယ်ယောင်း ဖိကပ်နမ်းလိုက်သည်။ ပြီးတော့ နဖူးပေါ်မှာ ခပ်ဖွဖွ အနမ်းခြွေချလိုက် ပါးလေးကို နမ်းလိုက်နဲ့ နောက်ဆုံး နှုတ်ခမ်းလေးကို တစ်ချက် စုပ်ယူလိုက်ရင်း ...
" ထယ်ယောင်း ...!"
" ဟင့် .."
" ငါ့ကို ထားသွား ..."
" မဟုတ်တာ မပြောနဲ့ .."
သူတကယ် ထယ်ယောင်းကို ဆွဲမထားသင့်ဘူးလေ။ ထယ်ယောင်းရဲ့ အနာဂတ်က သူကြောင့်ပိတ်မိနေခဲ့တာ ။အခုလဲ ဆက်ပြီး ပိတ်မိနေတုန်းပဲ ...
" ငါက ဘာမို့လို့လဲ မစွန့်ပစ်နိုင်တာလဲ ...! "
ထယ်ယောင်းရင်ဘက်နားက အကျီစလေးကို သူဆွဲလိုက်သည်။
" ငါရဲ့ တစ်ဦးတည်းသော သူပဲလေ ..!"
ပစ်ထားလိုက်ပါလား ထယ်ယောင်းရယ်။ ငါက အနာဂတ်မရှိတော့တဲ့သူ မင်းက လှပတဲ့ အနာဂတ်တွေနဲ့ မင်းသဘောကျလာနိုင်တဲ့ လူတစ်ယောက် မင်းချစ်လာနိုင်တဲ့ လူတစ်ယောက် ထပ်ရောက်လာမှာပေါ့ ..
" ငါမရှိရင် ..."
" ရှူး ..."
သူနှုတ်ခမ်းလေးကိုလက်ညိုးလေးနဲ့ လာပိတ်တဲ့ ထယ်ယောင်းက...
" မင်းမရှိရင် ငါလဲ မရှိနိုင်တော့ပါဘူး ....! "
ဒီမျက်၀န်းတွေ ပြုံးတယ်ရယ်လို့လဲ မဆိုသာ ။ ဘာလို့ ယုံကြည်ချက်ရှိရှိနဲ့ ပြောနေနိုင်တာလဲ ..?
မင်းမရှိမှတော့ ငါ့အတွက်က ဘာတွေများလိုနေအုံးမှာလဲ ....ဂျီမင်ရယ် ...?"
"ငါက မင်းမရှိရင်မဖြစ်တဲ့အကောင်မို့ မင်းနဲ့အတူရှင်သန်မယ် မင်းနဲ့အတူပဲ သေဆုံးမယ်... "
ဂျီမင်ရဲ့ လည်တိုင်ပေါ်ကိုမျက်နှာ တိုးတိုက်အပ်ရင်း ပြောလိုက်တော့သည်။
"အရူး ...!"
" အင်း ငါက အဲလောက်ထိ မင်းကိုရူးတာ .."
" ငါက မင်းဘ၀ကို ဖျက်ဆီးမိတဲ့ အကောင် ဖြစ်နေပြီး မင်းသိလား ထယ်ယောင်း .."
လွှတ်လိုက်သင့်တဲ့ လက်တစ်စုံကို သူမလွှတ်နိုင်ပဲ ဆက်ဆွဲမိလိုက်လို့ အခုတော့ သူချစ်ရသူပါ နာကျင်ရလေသည် ။
/
" ဂျီမင် ဘာစားချင်လဲ ..?"
သူဒီကို လာနေတာ တစ်ပတ်လောက်ရှိပြီး ဂျီမင်ရဲ့ အမေ ဖုန်းဆက်ခေါ်မှ လာရခြင်းသာ ။ တစ်ပတ်အတွင်းမှာ ပိန်ကျလာတဲ့ ဂျီမင်ကို ကြည့်ရင်း...
" သားငယ်ကို အစားတွေ စားဖို့ သားက တိုက်တွန်းပေးပါအုံး .."
ဂျီမင်ရဲ့ အမေက ပိုဆိုးမှာပေါ့ ။ သူရဲ့ တစ်ဦးတည်းသော သားလေးကို .. သူနဲ့ ထားခဲ့ရတဲ့ အချိန်တိုင်း သူအားနားမိတယ်။ သားရဲ့ အခြေအနေကို သိနေတဲ့ မိခင်တစ်ဦးကလဲ သားအနားမှာပဲ အချိန်ပြည့်ရှိချင်မှာပေါ့ ။ ဒါပေမဲ့ သူလဲအတ္တပိုကြီးမိပြန်သည်။ သူလဲ ဂျီမင်အနားပဲ နေချင်တာမို့ ...
"တော့ပူကီ "
" ပြီးတော့ကော့ .."
" အင့် ..."
ကုတင်ပေါ်မှ ထိုင်ကာ ဆေးရုံ၀တ်စုံအဖြူရောင်လေးနဲ့ ခေါင်းကို လက်ညိုးလေး ထိုးပြီး စဉ်းစားနေပုံက အသည်းယားစရာပါ။ ဒီလူသားရဲ့ ချစ်ဖို့ကောင်းနေမှုက နည်းနည်းလေးမှ မပျောက်ကွယ်သွားပါ။
" ဆိုဂျု .."
" နောက်ကော့ .."
ဒီတော့မှ သူ့ကို စိုက်ကြည့်ရင်း
" မင်းနဲ့ အတူ အီထယ်၀န်ကို သွားချင်တယ် ..."
မျက်လုံးလေး မှိတ်အောင်ထိ ပြုံးကာ ပြောနေတဲ့ သူကြောင့် ..
" သွားမယ်လေ .."
အခုချိန်မှာ ဂျီမင် ဖြစ်ချင်သမျှကို သူလိုက်လျောယုံပဲ ။ ပြီးတော့ ဂျီမင် အဖေက သူအဓိက ကိုင်တွယ်ရမယ့်သူ .. ရင်ဆိုင်ရမယ့်သူ
"တကယ် ...! "
" အင်းပေါ့ .."
မျက်လုံးလေးပြူးကာသူ့ကို မယုံသလို ကြည့်နေတဲ့ သူကြောင့် ...!
" အခုသွားမယ် .."
မင်းလိုချင်ရင် ငါ့အသက်ကိုတောင် ချက်ချင်းပေးမှာမို့ ဘာမှ မတွေဝေပါနဲ့ . အချစ်ရယ်... !
" အား ရင်ခုန်အောင်လို့ "
သူ့နားကို ထလာပြီး ခါးကနေ ပွေ့ဖက်လာတဲ့ ဂျီမင်မို့ သူလဲ အလိုက်သင့် ပြန်ပွေ့ဖက်လိုက်ရင်း ....!
" အခုမှလား ရင်ခုန်တာ .."
"ဟင့်အင်း မင်းနဲ့ အတူ ရှိနေတဲ့အချိန်တိုင်း ခုန်နေတာ .."
ရင်ခွင်ထဲကိုတိုး၀င်နေတဲ့ ဂျီမင်ကို သူငုံ့ကြည့်ရင်း ဂျီမင်ရဲ့ ဆံပင်တွေထဲ သူနှာခေါင်းကို နှစ်၀င်လိုက်သည်။
" ဘာထပ်ဖြစ်ချင်သေးလဲ .??"
" ဟင့် ..."
ထယ်ယောင်း ဂျီမင်ရဲ့ ဆံပင်လေးကို ထိုးဖွရင်
" Ed Sheeran ရဲ့ Show ပွဲကို ကြည့်ချင်သေးတယ် "
" လွယ်ပါတယ် .."
" ဟင့် ....ပြီးတော့ မင်းကို နေ့တိုင်းနမ်းချင်တယ် .."
ကြည့်စမ်းပါအုံး ဘယ်လောက်တောင် အတင့်ရဲလာသလဲ ဂျီမင်နီက .. သူပဲ အမြဲနမ်းချင်နေတက်သူ မဟုတ်လား ..?
"လွယ်ပါတယ် အချစ်ရယ် .."
ဂျီမင်ရဲ့ မျက်နှာကို သူလက်နှစ်ဖက်နဲ့ ဆွဲမေ့ာယူလိုက်ရင်း
" ဒါက အခုလုပ်မယ်လေ ...!"
" အဟင့် ...အင်း ...လုပ်မယ် "
သူ့လည်ပင်းကို သိုင်းဖက်ကာ ခြေဖျားလေးထောက်ပြီး အနမ်းတွေကို အရင်စလိုက်သူမို့ သူလဲ အလိုက်သင့် အနမ်းတွေကို ဆက်ဆွဲယူလိုက်မိသည်။ဆံပင်တွေကို ထိုးဖွနေတဲ့ သူလက်တွေသည် အခုတော့ ဂျီမင်ရဲ့ ခါးလေးကို ဖက်တွယ်ထားတာ .. အပေါ်အလှည်အောက်တစ်လှည့်စုပ်ယူပစ်မိတော့ သူနဲ့ အတူ အနမ်းရဲ့ ဆွဲခေါ်ရာ နောက်ကို ထပ်ကျပ်မခွာ လိုက်ပါလာတဲ့ ဂျီမင်ကြောင့် အနမ်းတွေက ရှည်ကြာမိပြန်တယ်။
* ဖြစ်နိုင်ရင် ငါလေ ဒီအချိန်လေးကို ရပ်တန့်ထားလိုက်ချင်မိတယ် ထယ်ယောင်း.. *
Zawgyi
" ထယ်ယောင်း ...!"
" ဟင့် ..."
" ဘာလိုချင်လို့လဲ ...?"
" ပန်းသီးစားချင်လို့ ...!"
" ဟင့် ....!"
" ဂျီမင် ..."
" ဘာဖြစ်တာလဲ ?"
" ဘာမှ မဖြစ်ဘူး ..."
" ဂျီမင် ...!"
" ဘာဖြစ်တာလဲ ...!"
" ငါရှိနေတယ်လေ ..."
" အင့်...!"
/
/
" ရေသောက်လိုက် ဂျီမင် ..."
" ဒီနေ့ နောက်ကျတယ်နော် ..."
" အင်း .."
" ဘာဘာညာညာ ၀ယ်နေတာ .."
" လိမ်တယ် ...!"
" ဘာလိမ်မိလို့လဲ ... ?"
" မလိမ်ပါဘူးကွာ .."
" ထယ်ယောင်း ...!"
" ဟင့် .."
" ငါ့ကို ထားသွား ..."
" မဟုတ်တာ မပြောနဲ့ .."
" ငါမရှိရင် ..."
" ရှူး ..."
"အရူး ...!"
/
" ဂျီမင် ဘာစားချင်လဲ ..?"
"တော့ပူကီ "
" ပြီးတော့ကော့ .."
" အင့် ..."
" ဆိုဂျု .."
" နောက်ကော့ .."
" သွားမယ်လေ .."
"တကယ် ...! "
" အင်းပေါ့ .."
" အခုသွားမယ် .."
" အား ရင်ခုန်အောင်လို့ "
" အခုမှလား ရင်ခုန်တာ .."
" ဘာထပ်ဖြစ်ချင်သေးလဲ .??"
" ဟင့် ..."
" လွယ်ပါတယ် .."
"လွယ်ပါတယ် အချစ်ရယ် .."
ဂျီမင်ရဲ့ မျက်နှာကို သူလက်နှစ်ဖက်နဲ့ ဆွဲမော့ယူလိုက်ရင်း
" ဒါက အခုလုပ်မယ်လေ ...!"
" အဟင့် ...အင်း ...လုပ်မယ် "