[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

555K 75.4K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
ရွှမ်လီ+ကျန်းရွှင်းယီ။

[၈၇] မင်းကိုယုံတယ်။

1.7K 322 10
By Boss_want_to_eat_you

!unicode!

အခန်း(၉၄) မင်းကိုယုံတယ်။

......

ယွင်ရှဲ့သူ့ကိုမယုံပေ၊ သူ၏လက်မောင်းများတင်းကြပ်သွားခဲ့သည်။ သူ့ဘဝတွင် သူတောင့်မခံနိုင်ဆုံးသောအရာကား ကျန်းရွှင်းယီဝမ်းနည်းနေသည်ကိုမြင်ရခြင်းဖြစ်သည်။ အခုသူ့ကိုမြင်လိုက်ရသော် သူ၏နှလုံးသားမှာယိုယွင်းလာပြီး ဘာဖြစ်လို့လဲဟုမေးချင်ပေမဲ့ ဘယ်လိုမေးရမယ်မှန်းလည်းမသိပေ။ သူတုံ့ဆိုင်းနေမိရင်းဖြင့် ချောင်းခြောက်ဆိုးသံတစ်သံကို သူ့အနောက်တွင်ရုတ်တရက်ကြားလိုက်ရသည်။

နှစ်ဦးသားတစ်ပြိုင်နက်တည်းခေါင်းလှည့်ကြည့်လိုက်ရာ ကျန်းမော့လုံကလည်းဓားပျံစီးလာသည်ကို မြင်လိုက်ရသည်။ သူကားလေထုထဲတွင်ရပ်နေကာ သူ့ခြေထောက်အောက်တွင်တော့ အရှုပ်အထွေးပုံကြီးရှိနေသည်။ သူသည် လက်နောက်ပစ်လျက်သားဖြင့် လူနှစ်ဦးအားခက်ထန်စွာကြည့်နေကာ သူ၏မျက်နှာထားမှာ သူ၏သမီးတွင် လျို့ဝှက်ချစ်သူရှိနေကြောင်းသိရှိသွားသည့် ဒေါသထွက်နေသောအဖေတစ်​ယောက်နှင့်နှိုင်းယှဥ်၍ရသည်။

ကျန်းရွှင်းယီက ရှင်းပြဖို့ရော၊ ဖုံးကွယ်ရန်ပါမကြိုးစားပေ။ ဘာမှမဖြစ်ခဲ့သည့်နှယ် သူယွင်ရှဲ့ကိုလွှတ်ပေးလိုက်သည်။

"မော့လုံ၊ မင်းကကောဘာလို့ဒီမှာရှိနေတာလဲ။ ဒီနေရာကလူတစ်ယောက်ပဲဝင်လို့ရတယ်မပြောခဲ့...?"

သူထိုသို့ပြောပြီးနောက်တွင် အနီးတစ်ဝိုက်ကိုကြည့်လိုက်ရာ ကူကယ်ရာမဲ့စွာရယ်လိုက်မိပြီး ဘာမှထပ်မပြောဖို့ဆုံးဖြတ်လိုက်တော့သည်။ ဤနေရာကားပျက်စီးသွားပြီဖြစ်ကာ လူရာချီ၊ ထောင်ချီဝင်လာခဲ့ရင်တောင်မှ ကိစ္စမရှိတော့ပါပေ။ သို့သော် သူတို့တွေးထင်ထားသကဲ့သို့ ခြောက်ခြားဖွယ်ကိစ္စမရှိသည်မှတစ်ပါး၊ အမှိုက်ပုံကြီးကသူတို့အားဝန်းရံနေကာ မြင်နိုင်စွမ်းမှာလည်းအလွန်အမင်းနိမ့်ပါးလှသည်။ လက်ရှိတွင်၊ သူတို့သုံးယောက်မှလွဲ၍ ထိုနေရာတွင်မည်သူမျှမရှိပေ။

ကျန်းမော့လုံက ကျန်းရွှင်းယီ၏စကားကိုမတုံ့ပြန်ဘဲ ထိုအစား လေးနက်သောမျက်နှာထားနှင့်မေးလာသည်။
"မင်းတို့နှစ်​ယောက်ကြားမှာ...ဘာတွေဖြစ်နေတာလဲ။"

ယွင်ရှဲ့၏နှုတ်ခမ်းလှုပ်ရှားသွားကာ ရိုင်းစိုင်းတာတစ်ခုခုပြောတော့မည်ကိုကြည့်နေရင်းဖြင့် ကျန်းရွှင်းယီကသူ့လက်ကိုလျင်မြန်စွာဆွဲလိုက်ပြီးနောက် အမြန်ကြားဖြတ်ပြောလိုက်သည်။
"ယွင်ရှဲ့နဲ့ငါက...ရှစ်စွင်း?"

ကျန်းမော့လုံသည် သူ့အကြည့်အတိုင်း သာမန်ကာလျှံကာစိုက်ကြည့်လိုက်၏။
"စကားလမ်းကြောင်းမလွှဲ..."

သူ၏စကားအလယ်မှာပင်၊ သူလည်းပဲတန့်သွားကာ ရှီးဆွေ့ကျောက်စိမ်းပေါ်တွင် ပြသနေသောပုံရိပ်ကား ထာဝရရှင်သန်သူဆရာတိမင်ပင်ဖြစ်၏!

ကျန်းရွှင်းယီနှင့်ကျန်းမော့လုံမှာ မိန်းမောသွားကြကာ သူတို့နှစ်ဦးစလုံးရှေ့ကိုအတူပြေးသွားမိကြသည်။ သို့သော် ထာဝရရှင်သန်သူဆရာတိမင်နှင့်တိုက်ခိုက်နေသောလူမှာ.... ယွင်ရှဲ့ဖြစ်နေသည်။

ယွင်ရှဲ့က ဆရာတိမင်ကို ရှီးဆွေ့ကျောက်စိမ်းနှင့်ထိခိုက်စေခဲ့သည့် တစ်ယောက်လား?!

ကျန်းမော့လုံကားသွေးအေးသောသူဖြစ်ကာ ဤကမ္ဘာပေါ်တွင်သူဂရုစိုက်သောလူနှစ်ယောက်မှာ သူ၏ရှစ်စွင်းနှင့်ရှစ်ရှုန်းပင်ဖြစ်သည်။ သူ့ရှစ်စွင်း၏သေဆုံးခြင်းအားသူ့မျက်စိဖြင့်တပ်အပ်မြင်လိုက်ရသဖြင့် ရှော့ခ်ရလွန်းကာ စကားမပြောနိုင်တော့ပေ။ သူ့ဦးခေါင်းဆီသို့သွေးဆောင့်တက်လာကာ မစဥ်းစားဘဲနှင့် ဓားကိုဒေါသတကြီးဆွဲထုတ်ရင်း လှည့်ကာ ယွင်ရှဲ့ထံသို့လွှဲခုတ်လိုက်မိသည်။

ဓားသွားကတစ်ဝက်တောင်မသွားရသေးခင်မှာဘဲ ဓားသွားမှာတစ်စုံတစ်​​ယောက်၏ရပ်တန့်ခြင်းခံလိုက်ရပေသည်။ ဤကား ယွင်ရှဲ့၏ဘေးရှေ့တွင်ရပ်နေသော ကျန်းရွှင်းယီတစ်ယောက် တိုက်ကွက်ကိုတားဆီးလိုက်ခြင်းဖြစ်သည်။ သူသည် ဓားသွားအား သူ၏လက်ချောင်းလေးများဖြင့် ရုတ်ခြည်းဖိနှိပ်လိုက်ကာ သူ့ဓားသူဆွဲထုတ်ဖို့ရန်ပင်အလွန်စိတ်မရှည်ဖြစ်နေ၏။ ဓားအားလက်ဗလာဖြင့်တားမြစ်ဖို့ရန် သူ့အားအင်အကုန်သုံးလိုက်ရကာ သူ့လက်ဖမိုးရှိသွေးကြောများထောင်တက်လာခဲ့သည်။

"မော့လုံ၊ စိတ်အေးအေးထား။ အခြေအနေကိုအရင်ရှင်းသင့်တယ်။"

ဒီကနေ့မြင်ကွင်းကိုသူမမြင်ရသေးခင်၊ ဘာဖြစ်ခဲ့မှန်း ကျန်းရွှင်းယီခန့်မှန်းမိပြီးသားပင်။ ထာဝရရှင်သန်သူဆရာတိမင်အပေါ် သူ၏ခံစားချက်များမှာ ကျန်းမော့လုံနှင့်အတူတူပင်ဖြစ်သော်လည်း၊ ထိုကဲ့သို့အရာများဟာ သူ့အားစိတ်လွတ်အောင်မလုပ်နိုင်ပေ။ ထိုလူက ယွင်ရှဲ့ဆိုရင်.....ပြောမနေနှင့်တော့။

ဤတဒဂ်တွင်၊ သူတစ်​ယောက်တည်းကသာလျှင် ကျန်းမော့လုံအားရပ်တန့်နိုင်သည်။ ကျန်းရွှင်းယီကိုထိခိုက်မိမှာစိုးတာကြောင့် ဓားကိုသူပြန်ရုတ်လိုက်ပေမဲ့ သူပို၍ဒေါသထွက်လာရသည်။
"မင်းသူ့ကိုကူညီနေတုန်းပဲ! အဲ့ဒီ့အဖြစ်အပျက်ကိုမင်းမြင်ပြီးပြီပဲလေ! ဘာကြောင့်ငါ့ကိုတားတာလဲ။"

ယွင်ရှဲ့သည် အစကတော့ ဖြစ်ရပ်ကိုမြင်ကာ ရှော့ခ်ရသွားခဲ့ပေမဲ့ သူဂရုစိုက်ဆုံးအရာမှာ ကျန်းရွှင်းယီဘယ်လိုတုံ့ပြန်မလဲဆိုတာပင်။ ကျန်းရွှင်းယီကသူ့ကိုဘယ်လိုမျိုးကြည့်လာမလဲ၊ သူဘာပြောမလဲဆိုသည့်အကြောင်း တွေးမိရင်း သူကြောက်ရွံ့လာတော့သည်။ သို့သော် ကျန်းရွှင်းယီက သူ့အတွက် ကျန်းမော့လုံ၏တိုက်ကွက်ကိုတားပေးတာကို မြင်လိုက်ရရင်း သူ၏နှလုံးသားမှာသတ္တိအနည်းငယ်ရှိလာသည်။
ကျန်းရွှင်းယီ၏ပုခုံးကိုဖိကာ မေးမိသည်။
"အားရွှင်း၊ မင်းကိုယ့်ကိုယုံလား။"

နောက်ပင်လှည့်မကြည့်ပဲနှင့် ကျန်းရွှင်းယီကတုံ့ဆိုင်းခြင်းမရှိပြန်ဖြေလိုက်သည်။
"ငါမင်းကိုယုံတယ်!"

ဤကဲ့သို့ဆုံးဖြတ်ချက်ခိုင်မာသောပုံစံကြောင့် ယွင်ရှဲ့နှင့်ကျန်းမော့လုံတို့နှစ်ဦးမှာအံ့သြသွားကြသည်။ ကျန်းမော့လုံကကူကယ်ရာမဲ့စွာဖြင့် ဒေါသထွက်စွာအော်ဟစ်လာသည်။
"အစ်ကို! သူမိစ္ဆာစွမ်းအင်လွှမ်းမိုးခံရတုန်းက မင်းကိုတောင်သတ်ခဲ့တာကို မင်းသိဖို့လိုတယ်နော်။ရှစ်စွင်းကိုသူသတ်ခဲ့တာပဲဖြစ်မယ်!"

ကျန်းရွှင််းယီကရှင်းပြသည်။
"မိစ္ဆာလမ်းစဥ်ကိုကျရောက်ဖို့လွယ်တယ်လို့များ မင်းထင်နေတာလား။ မင်းလိုချင်တဲ့အချိန်၊ လိုချင်တဲ့နေရာကိုထိန်းချုပ်နိုင်တယ်လို့ မင်းထင်နေတယ်ပေါ့? ယွင်ရှဲ့သတ်ခဲ့တာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူကရှစ်စွင်းကိုသတ်ဖို့ဘယ်တုန်းကမှမတွေးခဲ့ဖူးလို့ပဲ။ အဲ့ဒါကြောင့် သူစိတ်လှုပ်ရှားစရာဘာအကြောင်းမှမရှိ..ထားလိုက်တော့၊ မင်းနားမလည်ပါဘူး။ အတိုချုံးပြောရရင် မင်းငါ့ကိုရှစ်ရှုန်းအဖြစ်ဆက်ဆံသေးတယ်ဆိုရင် သူ့ကိုတစ်ခါလောက်ယုံကြည်လိုက်စမ်းပါ။ ပြီးတော့ အခြေအနေကလည်းမသေချာမရေရာဘူး။ ဘယ်သူကငါတို့စောင့်ကြည့်နေပြီး ငါတို့တိုက်ခိုက်တာကိုမြင်ချင်နေလဲဆိုတာ ငါမသိဘူး။ ထပ်ပြီးမတိုက်ခိုက်နဲ့တော့!"

၎င်းအား တည်ရှိမှုတစ်ခုအဖြစ်ပြောလိုက်သည့်နှယ် ကျန်းရွှင်းယီစကားပြောနေရင်းဖြင့် ပုံရိပ်တစ်ခုကကျန်းမိုလုံကိုဖြတ်သွားသည်ကို သူမြင်လိုက်ရသည်။ ဤကား အတိအကျကို သည်တစ်ခဏတွင် သူတွေးနေသောတစ်ယောက်ဖြစ်ကာ သူလျင်မြန်စွာအော်ပြောလိုက်သည်။
"မော့လုံ၊ သူ့ကိုအရင်တား!"

ကျန်းမော့လုံ၏ဒေါသကမပျောက်ကွယ်သေးဘဲ သူ၏မျက်နှာမှာမရေရာမှုအပြည့်ပင်။
"ဘယ်သူလဲ။"

ကျန်းရွှင်းယီရှော့ခ်ရသွားသည်: ခုနကလူက ကျန်းမော့လုံနှင့်အလွန်နီးကပ်သည့်တိုင်၊ အကြောင်းပြချက်တချို့ကြောင့် သူကသတိမထားမိပေ။

"အခုလေးတင်မင်းဘေးကဖြတ်သွားတဲ့လူလေ။"

ယွင်ရှဲ့ကသူ့လက်ကိုဆွဲသည်။
"အားရွှင်း၊ မင်းဘာအကြောင်းပြောနေတာလဲ။ အဲ့ဒီ့မှာဘယ်သူမှမရှိဘူးလေ။"

ကျန်းရွှင်းယီတောင့်တင်းသွားရကာ ကျောချမ်းမှုက သူ့နှလုံးသားဆီသို့ပျံ့နှံ့လာခဲ့သည်။ သူနီးကပ်စွာကြည့်လိုက်မိရာ အမှန်တကယ်ကိုပင် ထိုပုံရိပ်က သဲလွန်စမကျန်ပျောက်ကွယ်သွားလေသည်။

ရုတ်တရက်ချင်းပင်၊ သူ့ဘေးရှိ သေခြင်းတရားဓားသွားမှာ အနောက်ဖက်သို့ပျံဝဲသွားပြီး ဗုဒ္ဓဘုရား၏အမည်နာမခေါ်သံမှာ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

"အော်မီထော်ဖော"

ယွင်ရှဲ့သည် ကျန်းရွှင်းယီ၏လက်အား လွှတ်မပေးဘဲဆွဲထား၏။ အသစ်ရောက်ရှိလာသူအား​ကြည့်ရန် ပတ်ပတ်လည်လှည့်ကာ သူချက်ချင်းအော်လိုက်သည်။
"ဘုန်းကြီး၊ နောက်ဆုံးတော့ခင်ဗျားပေါ်လာဖို့ဆန္ဒရှိပြီပေါ့! မြန်မြန်လေး ကျုပ်ကိုပြောစမ်းပါ၊ ဒီအရှုပ်တော်ပုံကခင်ဗျားလုပ်ခဲ့တာလား?!"

ဆရာတော်ဟောတိန်၏မျက်နှာအသားအရောင်မှာ သိပ်မကောင်းလှပေ၊ သူ့၌ သူတို့ပထမဆုံးစတွေ့ချိန်တုန်းက ပြီတီတီအပြုံးလည်းမရှိလေတော့။ သူသည် ယွင်ရှဲ့၏အော်သံအားလျစ်လျူရှူကာ ထိုအစား ကျန်းရွှင်းယီအားလေးနက်စွာကြည့်လာခဲ့၏။
"ခုနကမင်းဘယ်သူ့ကိုရှာနေတာလဲ။"

ကျန်းရွှင်းယီသည် ဘာတွေဖြစ်နေမှန်းနားမလည်နိုင်တော့ပေ၊ တစ်ဖက်လူ၏လေသံမှာ သူ့အားလမ်းမှားသို့တွန်းပို့နေလေသည်။
"ခင်ဗျားဘာဖြစ်နေတာလဲ။"

ဆရာတော်ဟောတိန်၏မျက်လုံးများကား တည်ငြိမ်အေးချမ်းကာ နက်ရှိုင်းလှပြီး သူ့ကိုသာ မြဲမြံစွာစိုက်ကြည့်နေပေသည်။ သူသည် ကျန််းရွှင်းယီ၏မျက်နှာပေါ်တွင်တစ်ခုခုကိုရှာတွေ့သွားပုံရပြီး အချိန်အတော်ကြာပြီးနောက် ဖြေးညှင်းစွာပြောလာခဲ့သည်။
"အဲ့ဒီ့ပုဂ္ဂိုလ်နဲ့မတွေ့ဖို့ မင်းကိုအ​ကြုံပြုချင်တယ်။"

ဆရာတော်ဟောတိန်နှင့်ပထမဆုံးစတွေ့စဥ်က သူသည် ရန်သူမဟုတ်ဘဲ မိတ်ဆွေတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သေးပေမဲ့ ဤအချိန်၌မူ၊ သူ၏သဘောထားမှ ရန်လိုစိတ်ဖျော့ဖျော့အား ယွင်ရှဲ့သိမြင်နိုင်လေသည်။ သူနှလုံးသားထဲတွင် စတင်သတိထားလာကာ ကျန်းရွှင်းယီအားအနောက်မှဆွဲလိုက်ပြီး အေးစက်ကာစူးရှသောမျက်လုံးများဖြင့်  တစ်ဖက်လူကိုကြည့်လိုက်သည်။
"ကျုပ်တို့တွေ့ချင်တဲ့လူကခင်ဗျားမဟုတ်မှာစိုးတယ်။ ဆရာတော်ဟောတိန်၊ ခင်ဗျားဒီကိုလာရတဲ့ရည်ရွယ်ချက်က ညစာစားပြီးလမ်းခဏလျှောက်ချင်လို့တော့မဟုတ်ဘူးမလား။ ခင်ဗျားကျုပ်တို့ဆီကလိုအပ်တာရှိရင် ကိစ္စတွေကိုမလိုအပ်ဘဲရှုပ်ထွေးအောင်မလုပ်ဖို့ ကျုပ်ခင်ဗျားကိုအကြံပေးတယ်။"

ကျန်းရွှင်းယီသည် ယွင်ရှဲ့၏ဆုပ်ကိုင်ထားခြင်းမှရုန်းထွက်ကာ သူနှင့်ဘေးချင်းကပ်ရပ်လိုက်ပြီး လက်ကတော့ဓားရိုးပေါ်တင်ထားလိုက်၏။
"အတိအကျပဲ၊ ခင်ဗျားဘာလုပ်ဖို့ကြိုးစားနေတာလဲ။"

ဆရာတော်ဟောတိန်၏အသံကမြင့်တက်လာသည်။
"ကျန်းသခင်လေးက ကျုပ်ကိုမေးနေတာလား။ ကျုပ်ပြောရဲတယ်ဆိုရင် မင်းကရောယွင်ဂိုဏ်းချုပ်ကိုနားထောင်ခွင့်ပြုရဲလို့လား။"

ကျန်းရွှင်းယီပြန်ဖြေလိုက်သည်။
"ခင်ဗျားပြောချင်ရင် ပြောလိုက်ပေါ့။ သူသိလို့မရတာဘာမှမရှိဘူး။"

ယွင်ရှဲ့ကပြက်ရယ်ပြုသည်။
"စိတ်ဝမ်းကွဲအောင်လုပ်ဖို့ကြိုးစားလို့ပြီးပြီလား။ ကျုပ်ခင်ဗျားကိုမေးမယ်၊ ရှီးဆွေ့ကျောက်စိမ်းထဲက ပုံရိပ်က ခင်ဗျားလုပ်တာ-"

ကျန်းရွှင်းယီသည် ယွင်ရှဲ့နောက်ထပ်ပြောသောစကားများကို ရှင်းလင်းစွာမကြားရတော့ပေ၊ အဘယ်ကြောင့်ဆိုသော် လျှပ်တပြက်ပုံရိပ်ကထပ်မံပေါ်လာကာ ထူးဆန်းစွာပင် သူမှလွဲ၍အခြားသူများမှာ ၎င်းကိုသတိမထားမိပုံပင်။

သူ၏မိဘကြားမှစကားဝိုင်းကို ကျန်းရွှင်းယီကြားပြီးကတည်းက၊ သူ့စိတ်ထဲတွင်အရေးကြီးသောအရာတစ်ခုအမြဲတမ်းရှိနေခဲ့သည်။ ဤတစ်ခဏတွင် ဟောတိန်နှင့်စကားအခြေအတင်ပြောဆိုဖို့ရန် သူအရေးမစိုက်အားတော့ပေ။ သူ၏ခန္ဓာကိုယ်ကိုလှည့်လိုက်ကာ အရိပ်နောက်လိုက်ဖမ်းရန်အသင့်ဖြစ်နေလေသည်။

မမျှော်လင့်ထားစွာဖြင့် သူလှုပ်လိုက်သည်နှင့် ဟောတိန်ကအင်အားသုံးကာ သူ့အားတားလာခဲ့သည်။
"မင်းဒီနေ့ဘယ်ကိုမှသွားလို့မရဘူး!"

ကျန်းရွှင်းယီက သူမသိသောတစ်စုံတစ်ခု၊ သူအရမ်းစိုးရိမ်ပူပန်ရသောတစ်စုံတစ်ခုအား တကယ်ပဲလုပ်ရန်လိုကြောင်း ယွင်ရှဲ့ပြောနိုင်လေသည်။ ဒါကိုမြင်တော့ သူတုံ့ဆိုင်းမနေဘဲ ကျန်းရွှင်းယီအားအဝေးတွန်းပို့လိုက်သည်။
"သွားလေ၊ သူ့ကိုကိုယ်နဲ့ထားခဲ့ချည်။"

ကျန်းရွှင်းယီသည်အပြေးအလွှားသွားဖို့ရန်အလျင်လိုနေသောကြောင့် ယွင်ရှဲ့အားတစ်ခုခုပြောဖို့ရန်မေ့နေခဲ့၏။ အရှေ့ကိုတွန်းပို့ခံလိုက်ရပြီးနောက်တွင် သူ့မှာ ယွင်ရှဲ့အား ရှင်းလင်းစွာမရှင်းပြရသေးသောအရာများစွာရှိနေသည့်အချက်ကို ရုတ်တရက်သတိရသွားကာ ယခုအချိန်တွင်ယွင်ရှဲ့အတော်လေးစိတ်ရှုပ်နေလောက်မည်ပင်။

ဤကား ကျန်းရွှင်းယီက ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ဖို့ကြိုးစားခဲ့တာမဟုတ်ပေမဲ့ သူတို့ထဲကတစ်ယောက်က အဓိကဇာတ်ဆောင်ဖြစ်ကာ နောက်တစ်ယောက်တွင်မူ ပြီးမြောက်ဖို့ရန်မစ်ရှင်တာဝန်များရှိနေသည်။ သူတို့သည် မြူခိုးနှင့် အရှုပ်တော်ပုံများ၏အမြဲတစေဝန်းရံခြင်းခံနေရ၏။ သူတို့၏နားလည်မှုလွဲခြင်းအား သူတို့​ဖြေရှင်းပြီးကတည်းက သူတို့မှာအေးချမ်းသောနေ့တစ်ရက်မျှမရှိခဲ့ပေ။ ထို့အပြင် ယွင်ရှဲ့ကသူ့ကိုသိပ်ဂရုစိုက်သည်။ အစကနေမှအဆုံးအထိရှင်းပြဖို့ရန်လမ်းစရှာဖို့ခဲယဥ်းနေလေရာ ယခုအချိန်ထိနှောင့်နှေးခဲ့ရခြင်းဖြစ်သည်။

အဆုံး၌၊ သူတို့ဟာ စာအုပ်ထဲက ဇာတ်ကောင်တစ်ခုဖြစ်ကြောင်း တစ်စုံတစ်​ယောက်ကအလွယ်တကူလက်ခံလိမ့်မည်မဟုတ်။ ထိုထက်ပိုသည်က၊ ယွင်ရှဲ့တွင် သန်မာသောစိတ်စွမ်းအားရှိသော်လည်း သူကအနည်းငယ်စိတ်ကြီးဝင်နေသည်။

အတိတ်မှာတုန်းက၊ ဒါကိုထုတ်ပြောဖို့ရန် သူတို့တွင်အချိန်အများကြီးကျန်ပါသေးသည်ဟု ကျန်းရွှင်းယီအမြဲခံစားမိခဲ့သည်၊ သို့ပေမဲ့ ယခုအချိန်၌ သူ့နှလုံးသားထဲတွင် သူ့အားတိုက်တွန်းနေသော အစိုင်အခဲတစ်ခုရှိနေကာ ဘယ်တော့မှနောက်ပြန်မလှည့်တတ်သောတစ်စုံတစ်ယောက်အား ရပ်တန့်သွားစေသည်။ ယွင်ရှဲ့၏လက်အား သူတင်းကြပ်စွာဆွဲကိုင်လိုက်မိသည်။

"ယွင်ရှဲ့"

သူဘာမှမပြောလိုက်ပေမဲ့ ယွင်ရှဲ့၏မာကျောသောမျက်နှာထားမှာ အပြုံးသေးသေးလေးအဖြစ်သို့ ပျော့ပြောင်းသွားချေသည်။ လက်တစ်ဖက်က ဓားကိုင်ထားပြီး ဆရာတော်ဟောတိန်အား တိုက်ခိုက်ဖို့အသင့်ဖြစ်နေကာ သူက နောက်လက်တစ်ဖက်ဖြင့် ကျန်းရွှင်းယီအား စစ်မြေပြင်၏အပြင်ဘက်သို့တွန်းပို့လိုက်သည်။

ကျန်းရွှင်းယီအတွက် အချိန်ဆွဲပေးဖို့ရန် သူဆုံးဖြတ်လိုက်ကတည်းက၊ သူသည် အညှာအတာကင်းမဲ့စွာလှုပ်ရှားပြီး ဆရာတော်ဟောတိန်အားအကာအကွယ်မဲ့သွားစေကာ နောက်သို့ခြေနှစ်လှမ်းဆုတ်သွားစေ၏။ ဟောတိန်သည် ကျန်းရွှင်းယီ၏ကျောပြင်ပျောက်ကွယ်သွားသည်ကိုကြည့်နေရင်းဖြင့် အံ့အားသင့်ခြင်းနှင့်ဒေါသဟာသူ၏အသံထဲတွင်ရောပါလာခဲ့ပြီး ကျိန်ဆဲလာတော့သည်။
"ယွင်ရှဲ့၊ မင်းဘာလုပ်နေမှန်းသိရောသိသေးရဲ့လား။ သူဘယ်သူ့ကိုရှာနေလဲဆိုတာမင်းသိလား။ မင်းကိုလူတော်တစ်ယောက်လို့ ကျုပ်အမြဲထင်နေခဲ့တာ၊ ဒါပေမဲ့မင်းရဲ့အပြုအမူက ရိုးရိုးရှင်းရှင်းကို သေတွင်းတူးနေတာပဲ။ သူ့ကိုကူညီတာက မင်းကိုယ်မင်းဖျက်ဆီးနေတာပဲ!"

ထိုစကားများကိုနားထောင်နေရင်းဖြင့် ယွင်ရှဲ့စိတ်မကောင်းဖြစ်လာရကာ ပြန်ကျိန်ဆဲလိုက်သည်။
"ဖွီ၊ ပြောတာရပ်လိုက်တော့! ကျုပ်ရဲ့ဇနီးလေးအတွက် ကျုပ်ရဲ့ပျက်သုဥ်းခြင်းနဲ့ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကို လမ်းခင်းပေးအုံးမှာ။ ကျုပ်အရမ်းပျော်တယ်ရယ်! စကားအရမ်းများတဲ့လူတွေပြောတာကို ကျုပ်ကဘာလို့နားထောင်နေရမှာလဲ။"

သူ၏စကားများမှာ တမူထူးခြားပေမဲ့ သူ၏လှုပ်ရှားမှုများကတော့ အလွန်ကြမ်းကြုတ်ကာ ဆရာတော်ဟောတိန်မှာသူ့လက်နက်ကိုမဖို့ရန်ရုန်းကန်နေရသည်။ သူကကျယ်လောင်စွာအော်ပြောသည်။
"မင်းကအခုအချစ်ရူးရူးနေတာပဲ။ ဒါပေမဲ့ကျန်းရွှင်းယီရဲ့နှလုံးသားထဲမှာ မင်းကစာအုပ်ထဲကဇာတ်ကောင်တစ်ခုထက်မပိုတာကို မင်းသိရဲ့လားကွ။"

ယွင်ရှဲ့ထိတ်လန့်အံ့သြမှုဖြင့်တန့်သွားကာ သူ့လက်တွေနှေးကျသွားတော့သည်။
"ခင်ဗျားဘာကိုဆိုလိုတာလဲ။"

ယွင်ရှဲ့တစ်ယောက်ဟောတိန်ကိုအချိန်ဆွဲထားစဥ်တွင်၊ ကျန်းရွှင်းယီကအပြင်ရောက်လာပြီး ရှေ့ကိုပြေးကာ သူ့ဓားအား အရိပ်ဆီသို့အလျင်စလိုခုတ်နေသည်။

မည်သို့ဆိုစေကာမူ၊ ပုံရိပ်ကထပ်မံမပျောက်ကွယ်သွားပေ။ သူတို့၏အရှိန်ကမမြန်ဆန်သည့်ပုံပေါ်ပေမဲ့ သူတို့က ကျန်းရွှင်းယီ၏ရှေ့တွင်ခြေလှမ်းအနည်းငယ်ရှေ့ရောက်နေသည်မှာ သူ့အားတစ်နေရာရာသို့တမင်တကာဦးဆောင်သွားသည့်နှယ်။ ကျန်းရွှင်းယီကခေတ္တမျှလိုက်နေလိုက်ပြီးနောက်၊ တောင်ထွတ်ထဲကအကွေ့တစ်ခုတွင်ချိုးကွေ့လိုက်ကာ၊ ထို့နောက်တွင် သူရုတ်တရက်ရပ်လိုက်ကာ မြေပြင်ပေါ်ဆင်းသက်လိုက်သည်။ အရိပ်ကား ချက်ချင်းမပျောက်ကွယ်သွားခင်တွင်၊ သူ့အားနောက်ကျောပေးရပ်နေသောယောကျ်ားထံသို့ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။

ပွတ်တိုက်သံတစ်သံနှင့်အတူ ကျန်းရွှင်းယီမြေပြင်ကိုခုတ်လိုက်ပြီးနောက်၊ သူ့ဓားကိုမြှောက်ကာ တစ်ဖက်လူ၏လည်ပင်းပေါ်တင်လိုက်သည်။ အေးစိမ့်နေသောဓားအလင်းရောင်က တစ်ဖက်လူ၏မျက်နှာဘေးတစ်ဝက်ကို ရောင်ပြန်ဟပ်နေသည်။ သူအော်ပြောလိုက်သည်။
"တုလီ၊ ခင်ဗျားရဲ့ရည်ရွယ်ချက်ကို ကျုပ်ကိုပြောစမ်းပါ!"

မည်သို့ပင်ဖြစ်စေကာမူ၊ သူ၏လေသံမှာ စာနာစိတ်လုံးဝမရှိသော်လည်း သူ၏လက်များကတော့ မသိမသာတုန်ယင်နေခဲ့ပေသည်။

_______________________________________________

ဒီနေ့ဇာတ်သိမ်းပိုင်းထိတင်ပေးမယ်....

!zawgyi!

အခန္း(၉၄) မင္းကိုယုံတယ္။

......

ယြင္ရွဲ႕သူ႕ကိုမယုံေပ၊ သူ၏လက္ေမာင္းမ်ားတင္းၾကပ္သြားခဲ့သည္။ သူ႕ဘဝတြင္ သူေတာင့္မခံနိုင္ဆုံးေသာအရာကား က်န္း႐ႊင္းယီဝမ္းနည္းေနသည္ကိုျမင္ရျခင္းျဖစ္သည္။ အခုသူ႕ကိုျမင္လိုက္ရေသာ္ သူ၏ႏွလုံးသားမွာယိုယြင္းလာၿပီး ဘာျဖစ္လို႔လဲဟုေမးခ်င္ေပမဲ့ ဘယ္လိုေမးရမယ္မွန္းလည္းမသိေပ။ သူတုံ႕ဆိုင္းေနမိရင္းျဖင့္ ေခ်ာင္းေျခာက္ဆိုးသံတစ္သံကို သူ႕အေနာက္တြင္႐ုတ္တရက္ၾကားလိုက္ရသည္။

ႏွစ္ဦးသားတစ္ၿပိဳင္နက္တည္းေခါင္းလွည့္ၾကည့္လိုက္ရာ က်န္းေမာ့လုံကလည္းဓားပ်ံစီးလာသည္ကို ျမင္လိုက္ရသည္။ သူကားေလထုထဲတြင္ရပ္ေနကာ သူ႕ေျခေထာက္ေအာက္တြင္ေတာ့ အရႈပ္အေထြးပုံႀကီးရွိေနသည္။ သူသည္ လက္ေနာက္ပစ္လ်က္သားျဖင့္ လူႏွစ္ဦးအားခက္ထန္စြာၾကည့္ေနကာ သူ၏မ်က္ႏွာထားမွာ သူ၏သမီးတြင္ လ်ိဳ႕ဝွက္ခ်စ္သူရွိေနေၾကာင္းသိရွိသြားသည့္ ေဒါသထြက္ေနေသာအေဖတစ္ေယာက္ႏွင့္ႏွိုင္းယွဥ္၍ရသည္။

က်န္း႐ႊင္းယီက ရွင္းျပဖို႔ေရာ၊ ဖုံးကြယ္ရန္ပါမႀကိဳးစားေပ။ ဘာမွမျဖစ္ခဲ့သည့္ႏွယ္ သူယြင္ရွဲ႕ကိုလႊတ္ေပးလိုက္သည္။

"ေမာ့လုံ၊ မင္းကေကာဘာလို႔ဒီမွာရွိေနတာလဲ။ ဒီေနရာကလူတစ္ေယာက္ပဲဝင္လို႔ရတယ္မေျပာခဲ့...?"

သူထိုသို႔ေျပာၿပီးေနာက္တြင္ အနီးတစ္ဝိုက္ကိုၾကည့္လိုက္ရာ ကူကယ္ရာမဲ့စြာရယ္လိုက္မိၿပီး ဘာမွထပ္မေျပာဖို႔ဆုံးျဖတ္လိုက္ေတာ့သည္။ ဤေနရာကားပ်က္စီးသြားၿပီျဖစ္ကာ လူရာခ်ီ၊ ေထာင္ခ်ီဝင္လာခဲ့ရင္ေတာင္မွ ကိစၥမရွိေတာ့ပါေပ။ သို႔ေသာ္ သူတို႔ေတြးထင္ထားသကဲ့သို႔ ေျခာက္ျခားဖြယ္ကိစၥမရွိသည္မွတစ္ပါး၊ အမွိုက္ပုံႀကီးကသူတို႔အားဝန္းရံေနကာ ျမင္နိုင္စြမ္းမွာလည္းအလြန္အမင္းနိမ့္ပါးလွသည္။ လက္ရွိတြင္၊ သူတို႔သုံးေယာက္မွလြဲ၍ ထိုေနရာတြင္မည္သူမွ်မရွိေပ။

က်န္းေမာ့လုံက က်န္း႐ႊင္းယီ၏စကားကိုမတုံ႕ျပန္ဘဲ ထိုအစား ေလးနက္ေသာမ်က္ႏွာထားႏွင့္ေမးလာသည္။
"မင္းတို႔ႏွစ္ေယာက္ၾကားမွာ...ဘာေတြျဖစ္ေနတာလဲ။"

ယြင္ရွဲ႕၏ႏႈတ္ခမ္းလႈပ္ရွားသြားကာ ရိုင္းစိုင္းတာတစ္ခုခုေျပာေတာ့မည္ကိုၾကည့္ေနရင္းျဖင့္ က်န္း႐ႊင္းယီကသူ႕လက္ကိုလ်င္ျမန္စြာဆြဲလိုက္ၿပီးေနာက္ အျမန္ၾကားျဖတ္ေျပာလိုက္သည္။
"ယြင္ရွဲ႕နဲ႕ငါက...ရွစ္စြင္း?"

က်န္းေမာ့လုံသည္ သူ႕အၾကည့္အတိုင္း သာမန္ကာလွ်ံကာစိုက္ၾကည့္လိုက္၏။
"စကားလမ္းေၾကာင္းမလႊဲ..."

သူ၏စကားအလယ္မွာပင္၊ သူလည္းပဲတန့္သြားကာ ရွီးေဆြ႕ေက်ာက္စိမ္းေပၚတြင္ ျပသေနေသာပုံရိပ္ကား ထာဝရရွင္သန္သူဆရာတိမင္ပင္ျဖစ္၏!

က်န္း႐ႊင္းယီႏွင့္က်န္းေမာ့လုံမွာ မိန္းေမာသြားၾကကာ သူတို႔ႏွစ္ဦးစလုံးေရွ႕ကိုအတူေျပးသြားမိၾကသည္။ သို႔ေသာ္ ထာဝရရွင္သန္သူဆရာတိမင္ႏွင့္တိုက္ခိုက္ေနေသာလူမွာ.... ယြင္ရွဲ႕ျဖစ္ေနသည္။

ယြင္ရွဲ႕က ဆရာတိမင္ကို ရွီးေဆြ႕ေက်ာက္စိမ္းႏွင့္ထိခိုက္ေစခဲ့သည့္ တစ္ေယာက္လား?!

က်န္းေမာ့လုံကားေသြးေအးေသာသူျဖစ္ကာ ဤကမၻာေပၚတြင္သူဂ႐ုစိုက္ေသာလူႏွစ္ေယာက္မွာ သူ၏ရွစ္စြင္းႏွင့္ရွစ္ရႈန္းပင္ျဖစ္သည္။ သူ႕ရွစ္စြင္း၏ေသဆုံးျခင္းအားသူ႕မ်က္စိျဖင့္တပ္အပ္ျမင္လိုက္ရသျဖင့္ ေရွာ့ခ္ရလြန္းကာ စကားမေျပာနိုင္ေတာ့ေပ။ သူ႕ဦးေခါင္းဆီသို႔ေသြးေဆာင့္တက္လာကာ မစဥ္းစားဘဲႏွင့္ ဓားကိုေဒါသတႀကီးဆြဲထုတ္ရင္း လွည့္ကာ ယြင္ရွဲ႕ထံသို႔လႊဲခုတ္လိုက္မိသည္။

ဓားသြားကတစ္ဝက္ေတာင္မသြားရေသးခင္မွာဘဲ ဓားသြားမွာတစ္စုံတစ္ေယာက္၏ရပ္တန့္ျခင္းခံလိုက္ရေပသည္။ ဤကား ယြင္ရွဲ႕၏ေဘးေရွ႕တြင္ရပ္ေနေသာ က်န္း႐ႊင္းယီတစ္ေယာက္ တိုက္ကြက္ကိုတားဆီးလိုက္ျခင္းျဖစ္သည္။ သူသည္ ဓားသြားအား သူ၏လက္ေခ်ာင္းေလးမ်ားျဖင့္ ႐ုတ္ျခည္းဖိႏွိပ္လိုက္ကာ သူ႕ဓားသူဆြဲထုတ္ဖို႔ရန္ပင္အလြန္စိတ္မရွည္ျဖစ္ေန၏။ ဓားအားလက္ဗလာျဖင့္တားျမစ္ဖို႔ရန္ သူ႕အားအင္အကုန္သုံးလိုက္ရကာ သူ႕လက္ဖမိုးရွိေသြးေၾကာမ်ားေထာင္တက္လာခဲ့သည္။

"ေမာ့လုံ၊ စိတ္ေအးေအးထား။ အေျခအေနကိုအရင္ရွင္းသင့္တယ္။"

ဒီကေန႕ျမင္ကြင္းကိုသူမျမင္ရေသးခင္၊ ဘာျဖစ္ခဲ့မွန္း က်န္း႐ႊင္းယီခန့္မွန္းမိၿပီးသားပင္။ ထာဝရရွင္သန္သူဆရာတိမင္အေပၚ သူ၏ခံစားခ်က္မ်ားမွာ က်န္းေမာ့လုံႏွင့္အတူတူပင္ျဖစ္ေသာ္လည္း၊ ထိုကဲ့သို႔အရာမ်ားဟာ သူ႕အားစိတ္လြတ္ေအာင္မလုပ္နိုင္ေပ။ ထိုလူက ယြင္ရွဲ႕ဆိုရင္.....ေျပာမေနႏွင့္ေတာ့။

ဤတဒဂ္တြင္၊ သူတစ္ေယာက္တည္းကသာလွ်င္ က်န္းေမာ့လုံအားရပ္တန့္နိုင္သည္။ က်န္း႐ႊင္းယီကိုထိခိုက္မိမွာစိုးတာေၾကာင့္ ဓားကိုသူျပန္႐ုတ္လိုက္ေပမဲ့ သူပို၍ေဒါသထြက္လာရသည္။
"မင္းသူ႕ကိုကူညီေနတုန္းပဲ! အဲ့ဒီ့အျဖစ္အပ်က္ကိုမင္းျမင္ၿပီးၿပီပဲေလ! ဘာေၾကာင့္ငါ့ကိုတားတာလဲ။"

ယြင္ရွဲ႕သည္ အစကေတာ့ ျဖစ္ရပ္ကိုျမင္ကာ ေရွာ့ခ္ရသြားခဲ့ေပမဲ့ သူဂ႐ုစိုက္ဆုံးအရာမွာ က်န္း႐ႊင္းယီဘယ္လိုတုံ႕ျပန္မလဲဆိုတာပင္။ က်န္း႐ႊင္းယီကသူ႕ကိုဘယ္လိုမ်ိဳးၾကည့္လာမလဲ၊ သူဘာေျပာမလဲဆိုသည့္အေၾကာင္း ေတြးမိရင္း သူေၾကာက္႐ြံ႕လာေတာ့သည္။ သို႔ေသာ္ က်န္း႐ႊင္းယီက သူ႕အတြက္ က်န္းေမာ့လုံ၏တိုက္ကြက္ကိုတားေပးတာကို ျမင္လိုက္ရရင္း သူ၏ႏွလုံးသားမွာသတၱိအနည္းငယ္ရွိလာသည္။
က်န္း႐ႊင္းယီ၏ပုခုံးကိုဖိကာ ေမးမိသည္။
"အား႐ႊင္း၊ မင္းကိုယ့္ကိုယုံလား။"

ေနာက္ပင္လွည့္မၾကည့္ပဲႏွင့္ က်န္း႐ႊင္းယီကတုံ႕ဆိုင္းျခင္းမရွိျပန္ေျဖလိုက္သည္။
"ငါမင္းကိုယုံတယ္!"

ဤကဲ့သို႔ဆုံးျဖတ္ခ်က္ခိုင္မာေသာပုံစံေၾကာင့္ ယြင္ရွဲ႕ႏွင့္က်န္းေမာ့လုံတို႔ႏွစ္ဦးမွာအံ့ၾသသြားၾကသည္။ က်န္းေမာ့လုံကကူကယ္ရာမဲ့စြာျဖင့္ ေဒါသထြက္စြာေအာ္ဟစ္လာသည္။
"အစ္ကို! သူမိစ္ဆာစြမ္းအင္လႊမ္းမိုးခံရတုန္းက မင္းကိုေတာင္သတ္ခဲ့တာကို မင္းသိဖို႔လိုတယ္ေနာ္။ရွစ္စြင္းကိုသူသတ္ခဲ့တာပဲျဖစ္မယ္!"

က်န္း႐ႊင္္းယီကရွင္းျပသည္။
"မိစ္ဆာလမ္းစဥ္ကိုက်ေရာက္ဖို႔လြယ္တယ္လို႔မ်ား မင္းထင္ေနတာလား။ မင္းလိုခ်င္တဲ့အခ်ိန္၊ လိုခ်င္တဲ့ေနရာကိုထိန္းခ်ဳပ္နိုင္တယ္လို႔ မင္းထင္ေနတယ္ေပါ့? ယြင္ရွဲ႕သတ္ခဲ့တာမဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ သူကရွစ္စြင္းကိုသတ္ဖို႔ဘယ္တုန္းကမွမေတြးခဲ့ဖူးလို႔ပဲ။ အဲ့ဒါေၾကာင့္ သူစိတ္လႈပ္ရွားစရာဘာအေၾကာင္းမွမရွိ..ထားလိုက္ေတာ့၊ မင္းနားမလည္ပါဘူး။ အတိုခ်ဳံးေျပာရရင္ မင္းငါ့ကိုရွစ္ရႈန္းအျဖစ္ဆက္ဆံေသးတယ္ဆိုရင္ သူ႕ကိုတစ္ခါေလာက္ယုံၾကည္လိုက္စမ္းပါ။ ၿပီးေတာ့ အေျခအေနကလည္းမေသခ်ာမေရရာဘူး။ ဘယ္သူကငါတို႔ေစာင့္ၾကည့္ေနၿပီး ငါတို႔တိုက္ခိုက္တာကိုျမင္ခ်င္ေနလဲဆိုတာ ငါမသိဘူး။ ထပ္ၿပီးမတိုက္ခိုက္နဲ႕ေတာ့!"

၎အား တည္ရွိမႈတစ္ခုအျဖစ္ေျပာလိုက္သည့္ႏွယ္ က်န္း႐ႊင္းယီစကားေျပာေနရင္းျဖင့္ ပုံရိပ္တစ္ခုကက်န္းမိုလုံကိုျဖတ္သြားသည္ကို သူျမင္လိုက္ရသည္။ ဤကား အတိအက်ကိဳ သည္တစ္ခဏတြင္ သူေတြးေနေသာတစ္ေယာက္ျဖစ္ကာ သူလ်င္ျမန္စြာေအာ္ေျပာလိုက္သည္။
"ေမာ့လုံ၊ သူ႕ကိုအရင္တား!"

က်န္းေမာ့လုံ၏ေဒါသကမေပ်ာက္ကြယ္ေသးဘဲ သူ၏မ်က္ႏွာမွာမေရရာမႈအျပည့္ပင္။
"ဘယ္သူလဲ။"

က်န္း႐ႊင္းယီေရွာ့ခ္ရသြားသည္: ခုနကလူက က်န္းေမာ့လုံႏွင့္အလြန္နီးကပ္သည့္တိုင္၊ အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ သူကသတိမထားမိေပ။

"အခုေလးတင္မင္းေဘးကျဖတ္သြားတဲ့လူေလ။"

ယြင္ရွဲ႕ကသူ႕လက္ကိုဆြဲသည္။
"အား႐ႊင္း၊ မင္းဘာအေၾကာင္းေျပာေနတာလဲ။ အဲ့ဒီ့မွာဘယ္သူမွမရွိဘူးေလ။"

က်န္း႐ႊင္းယီေတာင့္တင္းသြားရကာ ေက်ာခ်မ္းမႈက သူ႕ႏွလုံးသားဆီသို႔ပ်ံ့ႏွံ႕လာခဲ့သည္။ သူနီးကပ္စြာၾကည့္လိုက္မိရာ အမွန္တကယ္ကိုပင္ ထိုပုံရိပ္က သဲလြန္စမက်န္ေပ်ာက္ကြယ္သြားေလသည္။

႐ုတ္တရက္ခ်င္းပင္၊ သူ႕ေဘးရွိ ေသျခင္းတရားဓားသြားမွာ အေနာက္ဖက္သို႔ပ်ံဝဲသြားၿပီး ဗုဒၶဘုရား၏အမည္နာမေခၚသံမွာ ခ်က္ခ်င္းထြက္ေပၚလာခဲ့သည္။

"ေအာ္မီေထာ္ေဖာ"

ယြင္ရွဲ႕သည္ က်န္း႐ႊင္းယီ၏လက္အား လႊတ္မေပးဘဲဆြဲထား၏။ အသစ္ေရာက္ရွိလာသူအားၾကည့္ရန္ ပတ္ပတ္လည္လွည့္ကာ သူခ်က္ခ်င္းေအာ္လိုက္သည္။
"ဘုန္းႀကီး၊ ေနာက္ဆုံးေတာ့ခင္ဗ်ားေပၚလာဖို႔ဆႏၵရွိၿပီေပါ့! ျမန္ျမန္ေလး က်ဳပ္ကိုေျပာစမ္းပါ၊ ဒီအရႈပ္ေတာ္ပုံကခင္ဗ်ားလုပ္ခဲ့တာလား?!"

ဆရာေတာ္ေဟာတိန္၏မ်က္ႏွာအသားအေရာင္မွာ သိပ္မေကာင္းလွေပ၊ သူ႕၌ သူတို႔ပထမဆုံးစေတြ႕ခ်ိန္တုန္းက ၿပီတီတီအၿပဳံးလည္းမရွိေလေတာ့။ သူသည္ ယြင္ရွဲ႕၏ေအာ္သံအားလ်စ္လ်ဴရႉကာ ထိုအစား က်န္း႐ႊင္းယီအားေလးနက္စြာၾကည့္လာခဲ့၏။
"ခုနကမင္းဘယ္သူ႕ကိုရွာေနတာလဲ။"

က်န္း႐ႊင္းယီသည္ ဘာေတြျဖစ္ေနမွန္းနားမလည္နိုင္ေတာ့ေပ၊ တစ္ဖက္လူ၏ေလသံမွာ သူ႕အားလမ္းမွားသို႔တြန္းပို႔ေနေလသည္။
"ခင္ဗ်ားဘာျဖစ္ေနတာလဲ။"

ဆရာေတာ္ေဟာတိန္၏မ်က္လုံးမ်ားကား တည္ၿငိမ္ေအးခ်မ္းကာ နက္ရွိုင္းလွၿပီး သူ႕ကိုသာ ၿမဲၿမံစြာစိုက္ၾကည့္ေနေပသည္။ သူသည္ က်န္္း႐ႊင္းယီ၏မ်က္ႏွာေပၚတြင္တစ္ခုခုကိုရွာေတြ႕သြားပုံရၿပီး အခ်ိန္အေတာ္ၾကာၿပီးေနာက္ ေျဖးညွင္းစြာေျပာလာခဲ့သည္။
"အဲ့ဒီ့ပုဂၢိုလ္နဲ႕မေတြ႕ဖို႔ မင္းကိုအႀကဳံျပဳခ်င္တယ္။"

ဆရာေတာ္ေဟာတိန္ႏွင့္ပထမဆုံးစေတြ႕စဥ္က သူသည္ ရန္သူမဟုတ္ဘဲ မိတ္ေဆြတစ္ေယာက္ျဖစ္ေၾကာင္း ေျပာနိုင္ေသးေပမဲ့ ဤအခ်ိန္၌မူ၊ သူ၏သေဘာထားမွ ရန္လိုစိတ္ေဖ်ာ့ေဖ်ာ့အား ယြင္ရွဲ႕သိျမင္နိုင္ေလသည္။ သူႏွလုံးသားထဲတြင္ စတင္သတိထားလာကာ က်န္း႐ႊင္းယီအားအေနာက္မွဆြဲလိုက္ၿပီး ေအးစက္ကာစူးရွေသာမ်က္လုံးမ်ားျဖင့္ တစ္ဖက္လူကိုၾကည့္လိုက္သည္။
"က်ဳပ္တို႔ေတြ႕ခ်င္တဲ့လူကခင္ဗ်ားမဟုတ္မွာစိုးတယ္။ ဆရာေတာ္ေဟာတိန္၊ ခင္ဗ်ားဒီကိုလာရတဲ့ရည္႐ြယ္ခ်က္က ညစာစားၿပီးလမ္းခဏေလွ်ာက္ခ်င္လို႔ေတာ့မဟုတ္ဘူးမလား။ ခင္ဗ်ားက်ဳပ္တို႔ဆီကလိုအပ္တာရွိရင္ ကိစၥေတြကိုမလိုအပ္ဘဲရႈပ္ေထြးေအာင္မလုပ္ဖို႔ က်ဳပ္ခင္ဗ်ားကိုအႀကံေပးတယ္။"

က်န္း႐ႊင္းယီသည္ ယြင္ရွဲ႕၏ဆုပ္ကိုင္ထားျခင္းမွ႐ုန္းထြက္ကာ သူႏွင့္ေဘးခ်င္းကပ္ရပ္လိုက္ၿပီး လက္ကေတာ့ဓားရိုးေပၚတင္ထားလိုက္၏။
"အတိအက်ပဲ၊ ခင္ဗ်ားဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ။"

ဆရာေတာ္ေဟာတိန္၏အသံကျမင့္တက္လာသည္။
"က်န္းသခင္ေလးက က်ဳပ္ကိုေမးေနတာလား။ က်ဳပ္ေျပာရဲတယ္ဆိုရင္ မင္းကေရာယြင္ဂိုဏ္းခ်ဳပ္ကိုနားေထာင္ခြင့္ျပဳရဲလို႔လား။"

က်န္း႐ႊင္းယီျပန္ေျဖလိုက္သည္။
"ခင္ဗ်ားေျပာခ်င္ရင္ ေျပာလိုက္ေပါ့။ သူသိလို႔မရတာဘာမွမရွိဘူး။"

ယြင္ရွဲ႕ကျပက္ရယ္ျပဳသည္။
"စိတ္ဝမ္းကြဲေအာင္လုပ္ဖို႔ႀကိဳးစားလို႔ၿပီးၿပီလား။ က်ဳပ္ခင္ဗ်ားကိုေမးမယ္၊ ရွီးေဆြ႕ေက်ာက္စိမ္းထဲက ပုံရိပ္က ခင္ဗ်ားလုပ္တာ-"

က်န္း႐ႊင္းယီသည္ ယြင္ရွဲ႕ေနာက္ထပ္ေျပာေသာစကားမ်ားကို ရွင္းလင္းစြာမၾကားရေတာ့ေပ၊ အဘယ္ေၾကာင့္ဆိုေသာ္ လွ်ပ္တျပက္ပုံရိပ္ကထပ္မံေပၚလာကာ ထူးဆန္းစြာပင္ သူမွလြဲ၍အျခားသူမ်ားမွာ ၎ကိုသတိမထားမိပုံပင္။

သူ၏မိဘၾကားမွစကားဝိုင္းကို က်န္း႐ႊင္းယီၾကားၿပီးကတည္းက၊ သူ႕စိတ္ထဲတြင္အေရးႀကီးေသာအရာတစ္ခုအၿမဲတမ္းရွိေနခဲ့သည္။ ဤတစ္ခဏတြင္ ေဟာတိန္ႏွင့္စကားအေျခအတင္ေျပာဆိုဖို႔ရန္ သူအေရးမစိုက္အားေတာ့ေပ။ သူ၏ခႏၶာကိုယ္ကိုလွည့္လိုက္ကာ အရိပ္ေနာက္လိုက္ဖမ္းရန္အသင့္ျဖစ္ေနေလသည္။

မေမွ်ာ္လင့္ထားစြာျဖင့္ သူလႈပ္လိုက္သည္ႏွင့္ ေဟာတိန္ကအင္အားသုံးကာ သူ႕အားတားလာခဲ့သည္။
"မင္းဒီေန႕ဘယ္ကိုမွသြားလို႔မရဘူး!"

က်န္း႐ႊင္းယီက သူမသိေသာတစ္စုံတစ္ခု၊ သူအရမ္းစိုးရိမ္ပူပန္ရေသာတစ္စုံတစ္ခုအား တကယ္ပဲလုပ္ရန္လိုေၾကာင္း ယြင္ရွဲ႕ေျပာနိုင္ေလသည္။ ဒါကိုျမင္ေတာ့ သူတုံ႕ဆိုင္းမေနဘဲ က်န္း႐ႊင္းယီအားအေဝးတြန္းပို႔လိုက္သည္။
"သြားေလ၊ သူ႕ကိုကိုယ္နဲ႕ထားခဲ့ခ်ည္။"

က်န္း႐ႊင္းယီသည္အေျပးအလႊားသြားဖို႔ရန္အလ်င္လိုေနေသာေၾကာင့္ ယြင္ရွဲ႕အားတစ္ခုခုေျပာဖို႔ရန္ေမ့ေနခဲ့၏။ အေရွ႕ကိုတြန္းပို႔ခံလိုက္ရၿပီးေနာက္တြင္ သူ႕မွာ ယြင္ရွဲ႕အား ရွင္းလင္းစြာမရွင္းျပရေသးေသာအရာမ်ားစြာရွိေနသည့္အခ်က္ကို ႐ုတ္တရက္သတိရသြားကာ ယခုအခ်ိန္တြင္ယြင္ရွဲ႕အေတာ္ေလးစိတ္ရႈပ္ေနေလာက္မည္ပင္။

ဤကား က်န္း႐ႊင္းယီက ရည္႐ြယ္ခ်က္ရွိရွိဖုံးကြယ္ဖို႔ႀကိဳးစားခဲ့တာမဟုတ္ေပမဲ့ သူတို႔ထဲကတစ္ေယာက္က အဓိကဇာတ္ေဆာင္ျဖစ္ကာ ေနာက္တစ္ေယာက္တြင္မူ ၿပီးေျမာက္ဖို႔ရန္မစ္ရွင္တာဝန္မ်ားရွိေနသည္။ သူတို႔သည္ ျမဴခိုးႏွင့္ အရႈပ္ေတာ္ပုံမ်ား၏အၿမဲတေစဝန္းရံျခင္းခံေနရ၏။ သူတို႔၏နားလည္မႈလြဲျခင္းအား သူတို႔ေျဖရွင္းၿပီးကတည္းက သူတို႔မွာေအးခ်မ္းေသာေန႕တစ္ရက္မွ်မရွိခဲ့ေပ။ ထို႔အျပင္ ယြင္ရွဲ႕ကသူ႕ကိုသိပ္ဂ႐ုစိုက္သည္။ အစကေနမွအဆုံးအထိရွင္းျပဖို႔ရန္လမ္းစရွာဖို႔ခဲယဥ္းေနေလရာ ယခုအခ်ိန္ထိႏွောင့္ႏွေးခဲ့ရျခင္းျဖစ္သည္။

အဆုံး၌၊ သူတို႔ဟာ စာအုပ္ထဲက ဇာတ္ေကာင္တစ္ခုျဖစ္ေၾကာင္း တစ္စုံတစ္ေယာက္ကအလြယ္တကူလက္ခံလိမ့္မည္မဟုတ္။ ထိုထက္ပိုသည္က၊ ယြင္ရွဲ႕တြင္ သန္မာေသာစိတ္စြမ္းအားရွိေသာ္လည္း သူကအနည္းငယ္စိတ္ႀကီးဝင္ေနသည္။

အတိတ္မွာတုန္းက၊ ဒါကိုထုတ္ေျပာဖို႔ရန္ သူတို႔တြင္အခ်ိန္အမ်ားႀကီးက်န္ပါေသးသည္ဟု က်န္း႐ႊင္းယီအၿမဲခံစားမိခဲ့သည္၊ သို႔ေပမဲ့ ယခုအခ်ိန္၌ သူ႕ႏွလုံးသားထဲတြင္ သူ႕အားတိုက္တြန္းေနေသာ အစိုင္အခဲတစ္ခုရွိေနကာ ဘယ္ေတာ့မွေနာက္ျပန္မလွည့္တတ္ေသာတစ္စုံတစ္ေယာက္အား ရပ္တန့္သြားေစသည္။ ယြင္ရွဲ႕၏လက္အား သူတင္းၾကပ္စြာဆြဲကိုင္လိုက္မိသည္။

"ယြင္ရွဲ႕"

သူဘာမွမေျပာလိုက္ေပမဲ့ ယြင္ရွဲ႕၏မာေက်ာေသာမ်က္ႏွာထားမွာ အၿပဳံးေသးေသးေလးအျဖစ္သို႔ ေပ်ာ့ေျပာင္းသြားေခ်သည္။ လက္တစ္ဖက္က ဓားကိုင္ထားၿပီး ဆရာေတာ္ေဟာတိန္အား တိုက္ခိုက္ဖို႔အသင့္ျဖစ္ေနကာ သူက ေနာက္လက္တစ္ဖက္ျဖင့္ က်န္း႐ႊင္းယီအား စစ္ေျမျပင္၏အျပင္ဘက္သို႔တြန္းပို႔လိုက္သည္။

က်န္း႐ႊင္းယီအတြက္ အခ်ိန္ဆြဲေပးဖို႔ရန္ သူဆုံးျဖတ္လိုက္ကတည္းက၊ သူသည္ အညွာအတာကင္းမဲ့စြာလႈပ္ရွားၿပီး ဆရာေတာ္ေဟာတိန္အားအကာအကြယ္မဲ့သြားေစကာ ေနာက္သို႔ေျခႏွစ္လွမ္းဆုတ္သြားေစ၏။ ေဟာတိန္သည္ က်န္း႐ႊင္းယီ၏ေက်ာျပင္ေပ်ာက္ကြယ္သြားသည္ကိုၾကည့္ေနရင္းျဖင့္ အံ့အားသင့္ျခင္းႏွင့္ေဒါသဟာသူ၏အသံထဲတြင္ေရာပါလာခဲ့ၿပီး က်ိန္ဆဲလာေတာ့သည္။
"ယြင္ရွဲ႕၊ မင္းဘာလုပ္ေနမွန္းသိေရာသိေသးရဲ႕လား။ သူဘယ္သူ႕ကိုရွာေနလဲဆိုတာမင္းသိလား။ မင္းကိုလူေတာ္တစ္ေယာက္လို႔ က်ဳပ္အၿမဲထင္ေနခဲ့တာ၊ ဒါေပမဲ့မင္းရဲ႕အျပဳအမူက ရိုးရိုးရွင္းရွင္းကို ေသတြင္းတူးေနတာပဲ။ သူ႕ကိုကူညီတာက မင္းကိုယ္မင္းဖ်က္ဆီးေနတာပဲ!"

ထိုစကားမ်ားကိုနားေထာင္ေနရင္းျဖင့္ ယြင္ရွဲ႕စိတ္မေကာင္းျဖစ္လာရကာ ျပန္က်ိန္ဆဲလိုက္သည္။
"ဖြီ၊ ေျပာတာရပ္လိုက္ေတာ့! က်ဳပ္ရဲ႕ဇနီးေလးအတြက္ က်ဳပ္ရဲ႕ပ်က္သုဥ္းျခင္းနဲ႕ဂုဏ္ယူဝမ္းေျမာက္စြာနဲ႕ကို လမ္းခင္းေပးအုံးမွာ။ က်ဳပ္အရမ္းေပ်ာ္တယ္ရယ္! စကားအရမ္းမ်ားတဲ့လူေတြေျပာတာကို က်ဳပ္ကဘာလို႔နားေထာင္ေနရမွာလဲ။"

သူ၏စကားမ်ားမွာ တမူထူးျခားေပမဲ့ သူ၏လႈပ္ရွားမႈမ်ားကေတာ့ အလြန္ၾကမ္းၾကဳတ္ကာ ဆရာေတာ္ေဟာတိန္မွာသူ႕လက္နက္ကိုမဖို႔ရန္႐ုန္းကန္ေနရသည္။ သူကက်ယ္ေလာင္စြာေအာ္ေျပာသည္။
"မင္းကအခုအခ်စ္႐ူး႐ူးေနတာပဲ။ ဒါေပမဲ့က်န္း႐ႊင္းယီရဲ႕ႏွလုံးသားထဲမွာ မင္းကစာအုပ္ထဲကဇာတ္ေကာင္တစ္ခုထက္မပိုတာကို မင္းသိရဲ႕လားကြ။"

ယြင္ရွဲ႕ထိတ္လန့္အံ့ၾသမႈျဖင့္တန့္သြားကာ သူ႕လက္ေတြႏွေးက်သြားေတာ့သည္။
"ခင္ဗ်ားဘာကိုဆိုလိုတာလဲ။"

ယြင္ရွဲ႕တစ္ေယာက္ေဟာတိန္ကိုအခ်ိန္ဆြဲထားစဥ္တြင္၊ က်န္း႐ႊင္းယီကအျပင္ေရာက္လာၿပီး ေရွ႕ကိုေျပးကာ သူ႕ဓားအား အရိပ္ဆီသို႔အလ်င္စလိုခုတ္ေနသည္။

မည္သို႔ဆိုေစကာမူ၊ ပုံရိပ္ကထပ္မံမေပ်ာက္ကြယ္သြားေပ။ သူတို႔၏အရွိန္ကမျမန္ဆန္သည့္ပုံေပၚေပမဲ့ သူတို႔က က်န္း႐ႊင္းယီ၏ေရွ႕တြင္ေျခလွမ္းအနည္းငယ္ေရွ႕ေရာက္ေနသည္မွာ သူ႕အားတစ္ေနရာရာသို႔တမင္တကာဦးေဆာင္သြားသည့္ႏွယ္။ က်န္း႐ႊင္းယီကေခတၱမွ်လိုက္ေနလိုက္ၿပီးေနာက္၊ ေတာင္ထြတ္ထဲကအေကြ႕တစ္ခုတြင္ခ်ိဳးေကြ႕လိုက္ကာ၊ ထို႔ေနာက္တြင္ သူ႐ုတ္တရက္ရပ္လိုက္ကာ ေျမျပင္ေပၚဆင္းသက္လိုက္သည္။ အရိပ္ကား ခ်က္ခ်င္းမေပ်ာက္ကြယ္သြားခင္တြင္၊ သူ႕အားေနာက္ေက်ာေပးရပ္ေနေသာေယာက်္ားထံသို႔ တိုက္ရိုက္ေျပးဝင္သြားခဲ့သည္။

ပြတ္တိုက္သံတစ္သံႏွင့္အတူ က်န္း႐ႊင္းယီေျမျပင္ကိုခုတ္လိုက္ၿပီးေနာက္၊ သူ႕ဓားကိုျမႇောက္ကာ တစ္ဖက္လူ၏လည္ပင္းေပၚတင္လိုက္သည္။ ေအးစိမ့္ေနေသာဓားအလင္းေရာင္က တစ္ဖက္လူ၏မ်က္ႏွာေဘးတစ္ဝက္ကို ေရာင္ျပန္ဟပ္ေနသည္။ သူေအာ္ေျပာလိုက္သည္။
"တုလီ၊ ခင္ဗ်ားရဲ႕ရည္႐ြယ္ခ်က္ကို က်ဳပ္ကိုေျပာစမ္းပါ!"

မည္သို႔ပင္ျဖစ္ေစကာမူ၊ သူ၏ေလသံမွာ စာနာစိတ္လုံးဝမရွိေသာ္လည္း သူ၏လက္မ်ားကေတာ့ မသိမသာတုန္ယင္ေနခဲ့ေပသည္။

_______________________________________________

ဒီေန႕ဇာတ္သိမ္းပိုင္းထိတင္ေပးမယ္....

Continue Reading

You'll Also Like

402K 38.9K 32
This is just Translation. ✨All credits to original author and english translator. Start date-12.1.2021 End date_ 27.9.2021 Status in COO - 66 Chapter...
171K 22.5K 41
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက...
2.3M 318K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
73.8K 6.7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး