[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

550K 75.1K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။

[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။

1.5K 314 7
By Boss_want_to_eat_you

!unicode!

အခန်း(၉၀) အမွှေးနံ့သာတောက်လောင်ခြင်း။

.......

သူမ၏ပိုင်ဆိုင်မှုထဲတွင် မှော်လက်နက်များစွာရှိသော်လည်း ပြိုင်ဘက်များဟာကြိုတင်ပြင်ဆင်လာပြီး လူအရေအတွက်မှာလည်းများပြားသည်။ မကြာမီ၌ လေလွင့်ကျင့်ကြံသူဇီဟွေ့၏ဝိညာဥ်စွမ်းအင်သည် မှော်လက်နက်များကိုထိန်းချုပ်နိုင်စွမ်းမရှိတော့။ သူမ၏လက်မောင်းထပ်မံအရိုက်ခံလိုက်ရပြီးနောက် သူမအလျင်စလိုအော်လိုက်သည်။
"နေအုံး!"

ကောင်းလဲ့၏လက်ကလေထဲတွင်တန့်သွားကာ တိုက်ခိုက်မည့်အနေအထားရှိလျက်သားဖြင့် အနည်းငယ်ပြုံးလိုက်သည်။
"မင်းနောင်တရနေပြီလား။"

လေလွင့်ကျင့်ကြံသူဇီဟွေ့အံကြိတ်ကာ ပြောမိသည်။
"ရှင့်ကိုကျောက်စိမ်းပေးလိုက်လို့ရှိရင် ရှင်ကျွန်မတို့ကိုလွှတ်ပေးမှာလား။"

ကောင်းလဲ့၏အကြည့်မှာသူမ၏ခေါင်းအစခြေအဆုံးဝေ့ဝဲသွားပြီးနောက်တွင် နောက်ဆုံး၌ဇီဟွေ့၏ရင်ဘတ်ထံတွင်တန့်သွားသည်။
"မင်းဘယ်လိုထင်လဲ။"

လေလွင့်ကျင့်ကြံသူဇီဟွေ့အသက်ရှုကာ ခေတ္တမျှဆွံ့အသွားရသည်။ ကောင်းလဲ့ဆက်ပြောသည်။
"အနောက်ဖက်လင်းယင်ဂိုဏ်းကိုပြဿနာရှာချင်နေတာ ထျန်းရွှမ်ဂိုဏ်းတစ်ခုတည်းမဟုတ်ဘူး။ ကျုပ်မင်းကိုသွားခွင့်ပေးလိုက်ရင်တောင်မှ မင်းရဲ့စစ်ရှုံးဂိုဏ်းသားတစ်စုနဲ့ မင်းဘယ်လောက်ဝေးဝေးသွားနိုင်မှာမို့လို့လဲ။"

လေလွင့်ကျင့်ကြံသူဇီဟွေ့၏မျက်နှာထားမှာ အကြိမ်အနည်းငယ်ပြောင်းလဲသွားချေသည်။ သူမအချိန်အတော်ကြာတွေးတောပြီးနောက်မှ နောက်ဆုံးတွင်တွန့်ဆုတ်စွာပြုံးလိုက်သည်။
"ကောင်းသခင်ပြောတာမှန်ပါတယ်။ ကျွန်မအခုအဲ့အကြောင်းမစဥ်းစားနိုင်သေးဘူးဆိုတော့ အနာဂတ်မှာကျွန်မတို့ကိုဂရုစိုက်ပေးဖို့ ကောင်းဂိုဏ်းချုပ်ကိုပဲတောင်းဆိုရတော့မှာပဲ။"

ကောင်းလဲ့ထိရှစွာရယ်မောလိုက်မိသည်။ လေလွင့်ကျင့်ကြံသူဇီဟွေ့၏ရုပ်ရည်သွင်ပြင်ကား အမှန်တော့လှပပါသည်၊ သူ့အားပို၍ဂုဏ်ယူစေသည်မှာ သူမမည်သူမည်ဝါဖြစ်ကြောင်းပင်: လင်းယင်ဂိုဏ်းကား လူတိုင်း၏အထက်တွင် နှစ်ပေါင်းများစွာထိုင်လာခဲ့ပြီး တစ်နေ့မှာ ထာဝရရှင်သန်သူဆရာတိမင်၏ရှစ်မေ့တောင်မှ သူ့အောက်မှာရောက်လာလိမ့်မည်ဟု မည်သူတွေးမိအံ့နည်း။

ဤခံစားချက်ကား တကယ့်ကိုအံ့သြဖွယ်ရာကောင်းလှသည်။ ကောင်းလဲ့က ဇီဟွေ့အား သူ့လက်ညှိုးကိုကွေးပြကာ မောက်မာစွာပြောလိုက်သည်။
"ဒီကိုလာခဲ့။"

ဇီဟွေ့က သူ၏ကျေနပ်နေသောမျက်နှာပေးကိုကြည့်ပြီး သူမ၏နှလုံးသားထဲ၌မုန်းတီးမှုများဖြင့်ပြည့်နှက်နေသည့်တိုင် သူမ၏ခေါင်းကိုသာငုံ့ပြီး အရှေ့ကိုနာခံစွာလျှောက်သွားရသောကြောင့် ကောင်းလဲ့ကလက်ဆန့်ကာ သူမအားပွေ့ဖက်လိုက်သည်။

ဤမြင်ကွင်းကား အဝေးမှအပြေးအလွှားရောက်လာသည့်ကျန်းရွှင်းယီနှင့်ကျန်းမော့လုံတို့ မျက်မြင်တွေ့ရှိဖို့ရန်ဖြစ်သွားရသည်။

နှစ်ဦးသား၌ သန်မာသောစိတ်ဝိညာဥ်စွမ်းအားများရှိကာ မြေပြင်ခပ်မြင့်မြင့်တွင်လည်းရပ်နေသောကြောင့် ကောင်းလဲ့နှင့်အခြားသူများအားသတိမကပ်သွားစေဘဲ အရာအားလုံးကိုရှင်းလင်းပီသစွာမြင်နေရပေသည်။ ကျန်းမော့လုံသည်အမြဲတစေသွေးပူဒေါသထွက်လွယ်ကာ ထိုဖြစ်ရပ်ကိုမြင်လိုက်ရတော့ အလွန်ဒေါသထွက်လွန်း၍ ခါးမတ်ကာမြင်းပေါ်မှဆင်းမည်ပြုသည်။ သို့သော် ကျန်းရွှင်းယီ၏လက်မောင်းက သူ၏ရင်ဘတ်အားရုတ်တရက်တားမြစ်လိုက်သည်။
"သူ့နောက်မှာ၁၅မိုင်ရှိတယ်၊ အသံရောဘယ်လိုလဲ။"

ကျန်းမော့လုံတန့်သွားကာ တိုးတိုးမပြောလာခင် တစ်အောင့်မျှအာရုံစိုက်လိုက်သည်။
"အခြားသူတွေ...အများကြီးရှိတယ်။"

ကျန်းရွှင်းယီခပ်လှမ်းလှမ်းကိုကြည့်လိုက်ပေမဲ့ ဘာကိုမှမမြင်မိပေ။ ကောင်းလဲ့၏နံဘေးတွင်ရပ်နေသောဇီဟွေ့အားစိုက်ကြည့်လိုက်ပြီးနောက်တွင် မြင်းဇက်ကြိုးကိုဆွဲကာ ကျန်းမော့လုံကိုအချက်ပြလိုက်သည်။
"လူခွဲပြီးလုပ်ကြမယ်။"

ကျန်းမော့လုံကခေါင်းမငြိမ့်ခင် ကျန်းရွှင်းယီကိုတုံ့ဆိုင်းစွာကြည့်လိုက်ကာ လှည့်ထွက်ပြီးမြင်းကိုဒုန်းစိုင်းစီးသွားတော့သည်။

အခြားတစ်ဖက်၌၊ ကောင်းလဲ့ဟာ ဇီဟွေ့အားနိုင်ထက်စီးနင်းပြုမူလို့မပြီးသေးဘဲ အနောက်ဖက်လင်းယင်ဂိုဏ်းသားများထံလက်ညှိုးထိုးလိုက်သည်။
"ဘယ်ကနေညာကိုတန်းစီပြီးရပ်လိုက်။ ပြီးရင် ထျန်းရွှမ်ဂိုဏ်းကပိုသန်မာတာလား၊ လင်းယင်ဂိုဏ်းကပိုသန်မာတာလားဆိုတာကို တစ်ယောက်ပြီးတစ်ယောက်ပြောကြ။"

ဂိုဏ်းသားများသည်အချင်းချင်းမပျော်ရွှင်စွာကြည့်လိုက်မိကြသည်။ အဆုံးတွင် သူတို့ဟာကျော်ကြားသောဂိုဏ်းထဲသို့ဝင်ရောက်ခဲ့ကြပြီး ဂုဏ်ယူဝမ်းမြောက်ခဲ့သောနှစ်ပေါင်းများစွာအပြီး၌၊ သူတို့၏ကိုယ်ပိုင်ဂိုဏ်းကိုအပုပ်ချဖို့ရာ သူတို့အတွက်ခဲယဥ်းလှသည်။ သို့သော် သူတို့ဝန်းကျင်ရှိ မြားကဲ့သို့ပေါင်းပင်များဟာ ချက်ချင်းပင်တစ်လက်မပိုရှည်လာသည်မှာ ပစ်ရန်အသင့်ဖြစ်နေသောဒူးလေးသဖွယ်။

ညာဘက်ရှိပထမဆုံးတစ်ယောက်မှုကြောက်လန့်စွာဖြင့်တုန်ရီနေပြီး အလျင်စလိုပြောလာခဲ့သည်။
"ထျန်-ထျန်းရွှမ်ဂိုဏ်းပါ။ ထျန်းရွှမ်ဂိုဏ်းက ကမ္ဘာပေါ်မှာနံပါတ်တစ်ပါပဲ။ လင်းယင်ဂိုဏ်းကတော့....ဘာမှမဟုတ်ပါဘူး။"

ဇီဟွေ့ကစိတ်ဖိစီးစွာနှုတ်ခမ်းကိုက်လိုက်မိပေမဲ့ ဘေးကိုလှည့်ကြည့်လိုက်တော့ ကောင်းလဲ့ကအပြုံးတစ်ပွင့်နှင့်ကြည့်နေသည်ကိုမြင်လိုက်ရရာ သူမ၏မျက်နှာထားကိုအမြန်ပြန်ပြင်လိုက်ရသည်။

ကောင်းလဲ့ကရယ်သည်။
"ဒါကနာမည်ကြီးဂိုဏ်းရဲ့တပည့်ဂိုဏ်းသားကောင်းပေါ့! ငါမင်းကိုဒီနေ့ချမ်းသာပေးလိုက်မယ်! နောက်တစ်ယောက်။"

ဒုတိယဂိုဏ်းသားမှာအလွန်ရူးမိုက်ပြီး ကောင်းလဲ့အားကြည့်ဖို့ရန်ငြင်းဆန်ကာ ဇီဟွေ့ကိုသာပြစ်တင်ရှုံ့ချလေသည်။
"ဇီဟွေ့ရှစ်ကု၊ ကျွန်တော်ခင်ဗျားနဲ့နေခဲ့တာက ရှစ်ရှုန်းအကြီးကမမှန်မကန်ပြုမူပြီး ရှစ်ရှုန်းအငယ်က သူ့ပြစ်မှုတွေကိုဖုံးဖို့ကြိုးစားနေတယ်လို့ ကျွန်တော်ယုံကြည်ခဲ့မိတာကြောင့်ပဲ။ ဒါပေမဲ့ အခုတော့အဲ့ဒါကအမှားတွေဆိုတာရှင်းသွားပြီ။ ခင်ဗျားပြောခဲ့တာတွေအကုန်လုံးကအလိမ်အညာတွေလား။ ခင်ဗျားဒီနေ့ဒါကိုဘာကြောင့်လုပ်ခဲ့တာလဲ။ ကျွန်တော့်လင်းယင်ဂိုဏ်းက နှစ်ရာပေါင်းများစွာကျော်စောလာခဲ့တာ။ ကျုပ်သွေးထွက်ရင်တောင်မှ ကျုပ်ခေါင်းမငုံ့နိုင်ဘူး! ထျန်းရွှမ်ဂိုဏ်းကဘာလဲ။ ကျုပ်တစ်ခါမှမကြားဖူးဘူး!"

ကောင်းလဲ့ကသရော်သည်။
"ကောင်းတယ်။ မင်းကအညံ့ခံတာထက်စာရင် သေချင်တယ်ဆိုမှတော့ ငါမင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်မယ်!"

သို့ပေမဲ့ သူဘာမှမလုပ်ရသေးခင်၊ ခပ်လှမ်းလှမ်းရှိ တောင်ထိပ်မှမြင်းခွာသံများရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ မြင်းကအလွန်မြန်ဆန်ကာ တောင်အောက်ဆင်းသည့်လမ်းတစ်လျှောက်ပြေးလွှားလာခဲ့ပြီး လူတိုင်း၏မျက်စိရှေ့တွင်ချက်ချင်းပေါ်လာခဲ့ချေသည်။ ထျန်းရွှမ်ဂိုဏ်းသားအများစုက ဘာဖြစ်နေလဲဆိုတာကိုထောက်လှမ်းဖို့ရန် ရှေ့တိုးလာကြပေမဲ့ သူတို့အနားမကပ်ရသေးခင်မှာဘဲ သူတို့သည်ဘေးကိုပစ်ထုတ်ခံလိုက်ရ၏။

ကောင်းလဲ့ကြက်သေသေသွားရကာ အနီးကပ်ကြည့်ကြည့်မိတော့ လူတစ်ယောက်သာဖြစ်နေကြောင်းမြင်လိုက်ရသည်: နှင်းတမျှဖြူစွတ်သောမြင်းပေါ်တွင်ထိုင်နေသောယောကျ်ားတစ်ယောက်ပင်။ သူသည် အရပ်ရှည်ကာ ခါးတွင်ကျောက်စိမ်းခါးပတ်နှင့် ဘရိုကိတ်ဝတ်ရုံအားဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင်ကျောက်စိမ်းသရဖူတပ်ထား၏။ သူ၏ဝတ်ရုံလက်ကျယ်ကား မြင်းကိုအရှေ့သို့ဒုန်းစိုင်းစီးလာသဖြင့် လေထဲတွင်တဖျတ်ဖျတ်လွင့်နေသည်။ သူ၏တစ်ကိုယ်လုံးမှာ သစ်ခွနှင့်ကျောက်စိမ်းသစ်ပင်တို့၏အမူအရာများနှင့် သီကုံးဝန်းရံထားလေသည်။* သူ၏ရုပ်ရည်မထင်ရှားလာခင်တွင် သူ၏အရှိန်အဝါကရှေ့မှဦးဆောင်နေ၏။

ဤကဲ့သို့လျင်မြန်သွက်လက်ခြင်းနှင့်လူ သိပ်များများစားစားမရှိပေ။ အဝေးကလျှင်ပင်၊ သူကားငယ်ရွယ်မှန်းမြင်ရလေသည်။ ကောင်းလဲ့၏နှလုံးသားထဲတွင် ခြောက်ခြားသောအတွေးတစ်ခုပေါ်လာကာ သူရေရွတ်မိသည်။
"သူဖြစ်နေမလား..."

မြင်းစီးသူတဖြည်းဖြည်းချင်းနီးကပ်လာသည်နှင့် ကောင်းလဲ့သည် ပြိုင်ဖက်၏အကြည့်စူးစူးနှင့်မတော်တဆတွေ့ဆုံသွားရသည်။ ထိုမျက်လုံးများကား ရေကဲ့သို့အေးစက်ကာ ကြယ်သဖွယ်တောက်ပပြီး မဖော်ပြနိုင်လောက်အောင်ရှင်းလင်းပြတ်သားကာ မထူးခြားမခြားနားနှင့် ထူးခြားကာ သာမန်ထက်သာလွန်သည်ဟုသာ သူတွေးနိုင်တော့သည်။

ဤကား တကယ့်ကိုပင် သူ့နှလုံးသားထဲ၌ခန့်မှန်းထားခဲ့သောတစ်ယောက်ဖြစ်ပေ၏။ သူရုတ်ခြည်းတုန်တက်သွားကာ သူ့နှလုံးသားထဲတွင်အကြောက်တရားပြည့်နေရင်းဖြင့် အော်ပြောလိုက်သည်။
"မြန်မြန်၊ သူ့ကိုတားကြ!"

အန္တရာယ်ကိုအာရုံခံမိသောကြောင့် မှော်လက်နက်ကိုကောက်ကိုင်ကာ အဆက်မပြတ်ခေါက်မိသည်။ ထိုတီးခတ်မှုနောက်လိုက်ရင်း ပတ်ဝန်းကျင်ရှိအပင်များဟာ ထက်ရှသောမြားသဖွယ်ယောကျ်ားထံသို့ပျံသန်းသွားကြသည်။

ဤကဲ့သို့မြားမိုးကိုမြင်လိုက်ရတောင်မှ သူနည်းနည်းလေးမျှမကြောက်သွားပေ။ သူ့ဝတ်ရုံလက်ကိုအသာခါလိုက်တော့ ဖရိုဖရဲအပင်များမှာ သူ့ဝတ်ရုံအပ်ချည်မျှင်ကိုပင်မထိသွားဘဲ အနောက်သို့ပြန်ဝဲသွားကြသည်။ ထိုအစား၊ ၎င်းသည် ထျန်းရွှမ်ဂိုဏ်းသားအနည်းကျဥ်းသို့ထိခတ်သွားကြ၏။

ထျန်းရွှမ်ဂိုဏ်း၏နံပါတ်တစ်စောင့်ရှောက်သူကား အခြေအနေမကောင်းမှန်းမြင်လိုက်ပြီး ဝိညာဥ်တိုက်ကွက်ကိုထုတ်သုံးလိုက်သည်။
"ကျောက်တုံးကွဲစေတဲ့မြား!"

သို့သော် လာနေသောပုဂ္ဂိုလ်မှာနည်းနည်းမျှပင်မတန့်သွား။ မြင်းကား လျှပ်စီးနှယ် အရှေ့ကိုဒုန်းစိုင်းပြေးလာသည်။ မြားကသူ့ဆီဦးတည်ပြေးလာပေမဲ့ မျက်နှာထားတစ်ချက်လေးမျှမပြောင်းဘဲ မြားရိုးကိုသူ့လက်ထဲဆွဲကာပြန်ပစ်လိုက်တော့ အကြီးအကဲ၏ရင်ဘတ်အားထိုးဖောက်သွားသည်။

အစောပိုင်းတုန်းကဇီဟွေ့အားစော်ကားခဲ့သော ကောင်းလဲ့၏အနောက်မှတပည့်ဟာ အသံဆာဆာဖြင့်အလျင်စလိုပြောလာသည်။
"ဒီယောက်ျားရဲ့နောက်ခံကဘာလဲ။ ဂိုဏ်းချုပ်၊ ကျွန်တော်ဒီကလေးနဲ့တွေ့လိုက်ပါ့မယ်။"

နောက်လှည့်မကြည့်ပဲနှင့် ကောင်းလဲ့ကမည်းမှောင်စွာပြန်ပြောသည်။
"ပါးစပ်ပိတ်ထားစမ်းပါ၊ မင်းသေတွင်းတူးနေတာလား။ သူကကျန်းရွှင်းယီပဲကွ!"

ကျန်းရွှင်းယီခေါင်းမော့ကြည့်လိုက်ရာ အနောက်ဖက်လင်းယင်ဂိုဏ်းသားများအားဝန်းရံထားသော သစ်သားအကာအရံကိုမြင်လိုက်ရသည်။ သူ၏နှုတ်ခမ်းပါးပါးမှာ ခပ်ဖွဖွကော့တက်သွားသည်မှာ လှောင်ပြောင်နေသည့်ပုံပင်။ သူ၏သေးသွယ်သောလက်ငါးချောင်းမှာ သူ့ရှေ့တွင်ချိပ်စည်းအသွင်မြောက်မြားစွာဖော်ဆောင်လိုက်ပြီးနောက်၊ သူ့လက်ဝါးတွေကိုအပြင်ဖက်သို့ဆန့်ထုတ်လိုက်သည်။ သူ့လက်ဖဝါးထဲမှရွှေရောင်သမ်းနေသောမီးလုံးများထွက်လာကာ သစ်သားအကာအရံထိပ်ကိုအတိအကျထိမှန်သွားသည်။ ရုတ်တရက်ပေါက်ကွဲခြင်းနှင့်အတူမီးလျှံများပျံ့နှံ့လာကာ နဂါးအဖြစ်သို့အသွင်ပြောင်းသွား၏။ ချက်ချင်းအလျှင်းပင်၊ ကြီးမားသောသစ်သားအကာအရံကား ပြာအဖြစ်သို့ပြောင်းသွားတော့သည်။

ကောင်းလဲ့အနောက်ရှိယောက်ျားမှာ ကြောက်ရွံ့ကာ ဒေါသလည်းထွက်နေသည်။ သူသည် တုံ့ဆိုင်းခြင်းမရှိအရှေ့ကိုခုန်ထွက်ကာ အော်လိုက်သည်။
"ကျန်းရွှင်းယီဟုတ်မဟုတ်ဘယ်သူဂရုစိုက်မှာလဲ။ သူက ဒီအတိုင်းကောင်လေးတစ်ယောက်သာသာပဲ!"

ကျန်းရွှင်းယီပြန်မဖြေဘဲ ခပ်ဖွဖွနှာရှုံ့လိုက်မိပေမဲ့ သူ၏မြင်းဖြူမှာရုတ်တရက်အရှိန်မြင့်လာသည်။ ဓားရောင်တစ်ချက်လက်သွားကာ သူ့အားဆဲဆိုခဲ့သောလူမှာခေါင်းပြတ်သွားချေသည်။

ကျန်းရွှင်းယီအလွန်လျင်မြန်စွာရောက်လာလိမ့်မည်ဟု ကောင်းလဲ့မထင်ထားမိပေ။ နီးကပ်လာကြောင်းမြင်လိုက်ရရင်း သူ့လက်ထဲရှိကြာပွတ်ရှည်အား သူ့ထံသို့ချက်ချင်းလွှဲရမ်းလိုက်သည်။

ကျန်းရွှင်းယီလည်းဓားဆွဲထုတ်လိုက်၏။

သို့သော် မမျှော်လင့်ထားစွာဖြင့် သူ၏ဓားကား သူ့မျက်နှာဆီသို့လွှဲရမ်းလာသောကြာပွတ်အားမတားဆီးဘဲ ထိုအစား ကောင်းလဲ့၏လည်မျိုအားတိုက်ရိုက်လှီးဖြတ်လိုက်ချေသည်။

ကောင်းလဲ့၏ကြာပွတ်မှာ ကျန်းရွှင်းယီ၏မျက်နှာဆီမရောက်ခင်တစ်လက်မအလိုတွင် ၎င်း၏အားအင်များပျောက်ဆုံးသွားရသည်။ ကြာပွတ်ကား မြေပြင်ပေါ်သို့အင်အားမဲ့ကျသွားကာ သူသည် စကားလုံးသုံးလုံးကိုပြောရင်းဖြင့် မြေပြင်ပေါ်သို့လဲကျသွားတော့၏။

"...ကျန်း ရွှင်း ယီ "

ကျန်းရွှင်းယီသည်စကားပြောဖို့မအားသေးဘဲ မြင်းပေါ်ကမဆင်းခင် သူ၏အကြည့်မှာ အနီးတစ်ဝိုက်ဝေ့ဝဲသွားခဲ့သည်။ ဤကား နေ့အချိန်ဖြစ်သည့်တိုင် သူ၏စွမ်းရည်များဟာ သူ့အားတစ္ဆေသဖွယ်ဖြစ်စေကာ လူတိုင်း၏နှလုံးသားထဲရှိအေးစိမ့်မှုကိုနှိုးဆွပေးနေသည်။

အနောက်ဖက်လင်းယင်ဂိုဏ်းသားများမှာ ဤတဒဂ်၌ သူတို့အားမည်သူလာကယ်မှန်းသိသွားကြသည်။ လူအများစုကရုတ်တရက်တစ်ပြိုင်နက်တည်းအော်လာကြသည်။
"ရှစ်ရှုန်းပဲ! ဒီကိုရောက်လာတာက ငါတို့ရဲ့ရှစ်ရှုန်းအကြီးပဲ!"
သူတို့၏ချစ်ခင်မှုနှင့်ရိုသေလေးစားမှုကား သူတို့၏အသံများထဲတွင်ထင်ဟပ်နေလေသည်။

ကျန်းရွှင်းယီကဘာမှမကြားသည့်နှယ်လျှောက်လာခဲ့သည်။ သူ၏အကျင့်စရိုက်အကြောင်း လင်းယင်ဂိုဏ်းထဲရှိလူတိုင်းသိကြသည်ဖြစ်ရာ သူ၏တည့်တိုးဖြစ်ခြင်းအားစိတ်ထဲမထားကြပေ။ သို့သော် ပထမဆုံးဂိုဏ်းသားသည် ဂိုဏ်းအားစော်ကားသောတစ်စုံတစ်ရာကိုပြောခဲ့ကာ သူ၏ဘဝတွင်နိမိတ်အပြဆုံးပုဂ္ဂိုဟ်က ရုတ်တရက်ပေါ်လာပြီး သူ့ဆီကိုလျှောက်တာကို မြင်နေရသည်။ သူအရမ်းကြောက်လွန်းသောကြောင့် တုန်ယင်နေကာ ပြောမိသည်။
"ရှစ်ရှုန်း၊ ကျွန်-ကျွန်တော်အခုလေးတင်ပြောဖို့ အတင်းအကြပ်ခိုင်းစေခံရတာပါ။ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီးကျွန်တော့်ကိုခွင့်လွှတ်ပေးပါ!"

ကျန်းရွှင်းယီမထူးခြားမခြားနားပြန်ဖြေလိုက်သည်။
"ဒီအခြေအနေထိရောက်နေပြီပဲကို၊ မင်းမှာငါ့ကိုခွင့်လွှတ်မှုတောင်းခံနေသေးတယ်ပေါ့။ ဒါနဲ့တင်မင်းသေဖို့လုံလောက်ပြီ။"

ထိုဂိုဏ်းသားသည်ရှော့ခ်ရသွားကာ တစ်ခုခုပြောချင်ပေမဲ့ အေးစက်စက်ခံစားချက်ကသူ့လည်မျိုအားထိုးဖောက်သွား၏။

ကျန်းရွှင်းယီက အေးစက်စွာပင် သူ့ဓားအားဓားအိမ်ထဲသို့ပြန်ထည့်လိုက်သည်။
"လင်းယင်ဂိုဏ်းက ထျန်းရွှမ်ဂိုဏ်းလောက်မတော်ဘူးလို့ ခံစားရတဲ့လူတွေထွက်လာပြီးတိုက်ခိုက်လို့ရတယ်။"

အသက်ရှင်နေသေးသော ထျန်းရွှမ်ဂိုဏ်းသားများမှာအလွန်ကြောက်နေသည်ဖြစ်ရာ ထွက်မလာရဲကြပေ။ အချိန်ကြာပြီးနောက်၊ တစ်ယောက်ထွက်လာခဲ့သည်။
"ကျန်းသခင်လေး၊ ကျွန်တော်တို့ကန်းနေခဲ့လို့ပါ။ သဘာဝကျကျပဲ ထျန်းရွှမ်ဂိုဏ်းက လင်းယင်ဂိုဏ်းကိုမယှဥ်နိုင်ပါဘူး..."

ကျန်းရွှင်းယီကသူ့ကိုပျင်းရိစွာဖြတ်ပြောလိုက်သည်။
"သွားတော့"

တစ်ဖက်လူသည် အံ့သြပျော်ရွှင်သွားပြီး သူပြောနေသည်ကိုမယုံကြည်နိုင်လုနီးပါးပင်။ သူတို့သည်အလျင်စလိုလှည့်ကာ ပြေးဖို့လုပ်သည်။ သို့သော် ခြေလှမ်းနှစ်လှမ်းပင်မပြေးရသေးခင်မှာဘဲ မီးတောက်နံရံတစ်ခုက သူတို့လမ်းကြောင်းကိုပိတ်ဆို့လာတော့သည်။

"စည်းမျဥ်းတွေကိုမင်းတို့နားမလည်ဘူးလား။"

မပြောအပ်သောစည်းမျဥ်းများကိုသူတို့သိကြပေမဲ့ ကျန်းရွှင်းယီကအရမ်းရက်စက်စွာဖြင့်လုပ်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့မိပေ။ သူတို့၏မျက်နှာများဖြူဖျော့သွားကြကာ တစ်ခဏအကြာတွင် သူတို့အားလုံးဆုံးဖြတ်လိုက်ကြပြီး မည်သူတစ်ဦးတစ်ယောက်ကမျှကျန်းရွှင်းယီအား မတိုက်နိုင်သောကြောင့် သူတို့အံကြိတ်ကာ သူတို့၏စိတ်ဝိညာဥ်သွေးလွှတ်ကြောများကိုဖျက်ဆီးလိုက်ကြရုံသာတတ်နိုင်သည်။

ထို့နောက် ကျန်းရွှင်းယီသည် မီးနံရံအားပြန်ရုပ်သိမ်းလိုက်ရာ လူတစ်စုကတောင်အောက်ပြေးဆင်းသွားကြသည်။ သူတို့ရောက်လာစဥ်က မောက်မာမှုအပြည့်နှင့်ပေမဲ့ ဤအချိန်တွင်တော့ သူတို့တွေခေါင်းပင်မလှည့်ရဲကြတော့ပေ။

အနောက်ဖက်လင်းယင်ဂိုဏ်းသားတွေက တူညီသောနေရာမှာပင်ကျန်ရစ်ခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက်ကျန်းရွှင်းယီကိုကြည့်နေကြသည်။

သူတို့သည် စိတ်အေးခြင်းနှင့် အရှက်တရားကိုခံစားနေကြရ၏။ ဂိုဏ်းသားများအနက်တစ်ယောက်က ရုတ်တရက်မြေပြင်ပေါ်လဲကျကာ အော်ပြောလာခဲ့သည်။
"ကျွန်တော်အစ်ကို့ကိုတွေ့ဖူးပါတယ်...တကယ်တော့ နှုတ်ဆက်ခွဲခွာပြီးတဲ့နောက်မှာ ဒီဂိုဏ်းသား...ဒီဂိုဏ်းသားက အစ်ကို့ကိုတစ်ချိန်လုံးသတိရနေခဲ့တာပါ။ ကျွန်တော်က လူယုတ်မာရဲ့စကားတွေကိုမှားယွင်းယုံကြည်ခဲ့ပြီးတော့ ရှစ်ရှုန်းကိုအထင်လွဲခဲ့မိပါတယ်...ဒီဂိုဏ်းသားကသေသင့်ပါတယ်.."

ထိုဂိုဏ်းသားဟာ အခုလေးတင်အရှုံးပေးအညံ့ခံဖို့ ငြင်းဆန်ခဲ့သည့်တစ်ယောက်ဖြစ်ကြောင်း ကျန်းရွှင်းယီမြင်လိုက်ရသော် သူ၏မျက်နှာထားမှာအနည်းငယ်ပျော့ပြောင်းသွားရသည်။
"မင်းကဇီဟွေ့နောက်လိုက်ပြီး လင်းယင်ဂိုဏ်းကိုသစ္စာဖောက်ခဲ့တာက မင်းအမှားပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ မင်းနည်းနည်းကောင်းကောင်းလုပ်ခဲ့တယ်။ အကောင်းနဲ့အဆိုးကညီတူမျှတူပဲ။"

သူပြောပြီးနောက်တွင် တစ်ဖက်လူအားလျစ်လျူရှုကာ သူ၏အကြည့်အားဇီဟွေ့ဖက်လှည့်ပြီး သာမန်ကာလျှံကာပြောလိုက်သည်။
"အခုက..ကျုပ်တို့စာရင်းရှင်းရမဲ့အချိန်မလား။"

မကျေမချမ်းဖြစ်နေခဲ့သောကောင်းလဲ့နှင့်ယှဥ်လျှင်၊ ဇီဟွေ့ကကျန်းရွှင်းယီကိုမကြောက်ပေ။ သူမ၏စိတ်ထဲ၌ သူကား အရင်ကအနိုင်ကျင့်ခံခဲ့ရသောကလေးလေးပင်ဖြစ်နေသေးသည်၊ ထို့ကြောင့်သူမဂုဏ်ယူစွာပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါကစီနီယာဖြစ်နေတုန်းပဲ။ နင်ကဂိုဏ်းချုပ်မဟုတ်သလို အကြီးအကဲလည်းမဟုတ်ဘူး။ နိမ့်ကျတဲ့အစေခံမကမွေးလာတဲ့မိိမစစ်ဖမစစ်အနေနဲ့ နင့်မှာငါနဲ့စာရင်းရှင်းဖို့ဘာအရည်အချင်းတွေရှိနေလို့လဲ။"

ကျန်းရွှင်းယီလှောင်ရယ်လိုက်ပေမဲ့ သူဘာမှမပြောရသေးခင်တွင် မြင်းခွာသံများဆူဆူညံညံထွက်ပေါ်လာသည်မှာ မြင်းများစွာကတစ်ပြိုင်နက်တည်းဒုန်းစိုင်းပြေးနေသည့်နှယ်။ ဦးဆောင်သူကား အလင်းမျှသဖွယ် အရှေ့ကနေပြေးလာသည်။ မြင်းများမနှေးကျသွားခင်တွင် သူကခုန်ဆင်းလာကာ ဇီဟွေ့ကိုဆွဲပြီး ရှင်းပြချက်တစ်စုံတစ်ရာမရှိဘဲ သူမ၏မျက်နှာအား ၇​ကြိမ်၊ ၈ကြိမ်မျှရိုက်ချပစ်လိုက်လေသည်။

ကျန်းရွှင်းယီရိုးသားစွာပြောလိုက်သည်။
"မော့လုံ၊ မင်းကတကယ့်ကိုအံ့သြစရာကောင်းတာပဲ။"

ကျန်းမော့လုံက ဇီဟွေ့အားအေးစက်စွာလွှတ်ချလိုက်ပြီးနောက်၊ သူ၏လက်မောင်းကြားမှလက်ကိုင်ပုဝါထုတ်ကာ သူ့လက်တွေကိုသုတ်လိုက်သည်။
"မင်းကသူမနဲ့ငြင်းခုံရတာမကြိုက်ပေမဲ့ ငါကတော့အဲ့လိုစကားတွေကိုသည်းညည်းမခံနိုင်ဘူး။"

_______________________________________________

!zawgyi!

အခန္း(၉၀) အေမႊးနံ႕သာေတာက္ေလာင္ျခင္း။

.......

သူမ၏ပိုင္ဆိုင္မႈထဲတြင္ ေမွာ္လက္နက္မ်ားစြာရွိေသာ္လည္း ၿပိဳင္ဘက္မ်ားဟာႀကိဳတင္ျပင္ဆင္လာၿပီး လူအေရအတြက္မွာလည္းမ်ားျပားသည္။ မၾကာမီ၌ ေလလြင့္က်င့္ႀကံသူဇီေဟြ႕၏ဝိညာဥ္စြမ္းအင္သည္ ေမွာ္လက္နက္မ်ားကိုထိန္းခ်ဳပ္နိုင္စြမ္းမရွိေတာ့။ သူမ၏လက္ေမာင္းထပ္မံအရိုက္ခံလိုက္ရၿပီးေနာက္ သူမအလ်င္စလိုေအာ္လိုက္သည္။
"ေနအုံး!"

ေကာင္းလဲ့၏လက္ကေလထဲတြင္တန့္သြားကာ တိုက္ခိုက္မည့္အေနအထားရွိလ်က္သားျဖင့္ အနည္းငယ္ၿပဳံးလိုက္သည္။
"မင္းေနာင္တရေနၿပီလား။"

ေလလြင့္က်င့္ႀကံသူဇီေဟြ႕အံႀကိတ္ကာ ေျပာမိသည္။
"ရွင့္ကိုေက်ာက္စိမ္းေပးလိုက္လို႔ရွိရင္ ရွင္ကြၽန္မတို႔ကိုလႊတ္ေပးမွာလား။"

ေကာင္းလဲ့၏အၾကည့္မွာသူမ၏ေခါင္းအစေျခအဆုံးေဝ့ဝဲသြားၿပီးေနာက္တြင္ ေနာက္ဆုံး၌ဇီေဟြ႕၏ရင္ဘတ္ထံတြင္တန့္သြားသည္။
"မင္းဘယ္လိုထင္လဲ။"

ေလလြင့္က်င့္ႀကံသူဇီေဟြ႕အသက္ရႈကာ ေခတၱမွ်ဆြံ႕အသြားရသည္။ ေကာင္းလဲ့ဆက္ေျပာသည္။
"အေနာက္ဖက္လင္းယင္ဂိုဏ္းကိုျပႆနာရွာခ်င္ေနတာ ထ်န္း႐ႊမ္ဂိုဏ္းတစ္ခုတည္းမဟုတ္ဘူး။ က်ဳပ္မင္းကိုသြားခြင့္ေပးလိုက္ရင္ေတာင္မွ မင္းရဲ႕စစ္ရႈံးဂိုဏ္းသားတစ္စုနဲ႕ မင္းဘယ္ေလာက္ေဝးေဝးသြားနိုင္မွာမို႔လို႔လဲ။"

ေလလြင့္က်င့္ႀကံသူဇီေဟြ႕၏မ်က္ႏွာထားမွာ အႀကိမ္အနည္းငယ္ေျပာင္းလဲသြားေခ်သည္။ သူမအခ်ိန္အေတာ္ၾကာေတြးေတာၿပီးေနာက္မွ ေနာက္ဆုံးတြင္တြန့္ဆုတ္စြာၿပဳံးလိုက္သည္။
"ေကာင္းသခင္ေျပာတာမွန္ပါတယ္။ ကြၽန္မအခုအဲ့အေၾကာင္းမစဥ္းစားနိုင္ေသးဘူးဆိုေတာ့ အနာဂတ္မွာကြၽန္မတို႔ကိုဂ႐ုစိုက္ေပးဖို႔ ေကာင္းဂိုဏ္းခ်ဳပ္ကိုပဲေတာင္းဆိုရေတာ့မွာပဲ။"

ေကာင္းလဲ့ထိရွစြာရယ္ေမာလိုက္မိသည္။ ေလလြင့္က်င့္ႀကံသူဇီေဟြ႕၏႐ုပ္ရည္သြင္ျပင္ကား အမွန္ေတာ့လွပပါသည္၊ သူ႕အားပို၍ဂုဏ္ယူေစသည္မွာ သူမမည္သူမည္ဝါျဖစ္ေၾကာင္းပင္: လင္းယင္ဂိုဏ္းကား လူတိုင္း၏အထက္တြင္ ႏွစ္ေပါင္းမ်ားစြာထိုင္လာခဲ့ၿပီး တစ္ေန႕မွာ ထာဝရရွင္သန္သူဆရာတိမင္၏ရွစ္ေမ့ေတာင္မွ သူ႕ေအာက္မွာေရာက္လာလိမ့္မည္ဟု မည္သူေတြးမိအံ့နည္း။

ဤခံစားခ်က္ကား တကယ့္ကိုအံ့ၾသဖြယ္ရာေကာင္းလွသည္။ ေကာင္းလဲ့က ဇီေဟြ႕အား သူ႕လက္ညွိုးကိုေကြးျပကာ ေမာက္မာစြာေျပာလိုက္သည္။
"ဒီကိုလာခဲ့။"

ဇီေဟြ႕က သူ၏ေက်နပ္ေနေသာမ်က္ႏွာေပးကိုၾကည့္ၿပီး သူမ၏ႏွလုံးသားထဲ၌မုန္းတီးမႈမ်ားျဖင့္ျပည့္ႏွက္ေနသည့္တိုင္ သူမ၏ေခါင္းကိုသာငုံ႕ၿပီး အေရွ႕ကိုနာခံစြာေလွ်ာက္သြားရေသာေၾကာင့္ ေကာင္းလဲ့ကလက္ဆန့္ကာ သူမအားေပြ႕ဖက္လိုက္သည္။

ဤျမင္ကြင္းကား အေဝးမွအေျပးအလႊားေရာက္လာသည့္က်န္း႐ႊင္းယီႏွင့္က်န္းေမာ့လုံတို႔ မ်က္ျမင္ေတြ႕ရွိဖို႔ရန္ျဖစ္သြားရသည္။

ႏွစ္ဦးသား၌ သန္မာေသာစိတ္ဝိညာဥ္စြမ္းအားမ်ားရွိကာ ေျမျပင္ခပ္ျမင့္ျမင့္တြင္လည္းရပ္ေနေသာေၾကာင့္ ေကာင္းလဲ့ႏွင့္အျခားသူမ်ားအားသတိမကပ္သြားေစဘဲ အရာအားလုံးကိုရွင္းလင္းပီသစြာျမင္ေနရေပသည္။ က်န္းေမာ့လုံသည္အၿမဲတေစေသြးပူေဒါသထြက္လြယ္ကာ ထိုျဖစ္ရပ္ကိုျမင္လိုက္ရေတာ့ အလြန္ေဒါသထြက္လြန္း၍ ခါးမတ္ကာျမင္းေပၚမွဆင္းမည္ျပဳသည္။ သို႔ေသာ္ က်န္း႐ႊင္းယီ၏လက္ေမာင္းက သူ၏ရင္ဘတ္အား႐ုတ္တရက္တားျမစ္လိုက္သည္။
"သူ႕ေနာက္မွာ၁၅မိုင္ရွိတယ္၊ အသံေရာဘယ္လိုလဲ။"

က်န္းေမာ့လုံတန့္သြားကာ တိုးတိုးမေျပာလာခင္ တစ္ေအာင့္မွ်အာ႐ုံစိုက္လိုက္သည္။
"အျခားသူေတြ...အမ်ားႀကီးရွိတယ္။"

က်န္း႐ႊင္းယီခပ္လွမ္းလွမ္းကိုၾကည့္လိုက္ေပမဲ့ ဘာကိုမွမျမင္မိေပ။ ေကာင္းလဲ့၏နံေဘးတြင္ရပ္ေနေသာဇီေဟြ႕အားစိုက္ၾကည့္လိုက္ၿပီးေနာက္တြင္ ျမင္းဇက္ႀကိဳးကိုဆြဲကာ က်န္းေမာ့လုံကိုအခ်က္ျပလိုက္သည္။
"လူခြဲၿပီးလုပ္ၾကမယ္။"

က်န္းေမာ့လုံကေခါင္းမၿငိမ့္ခင္ က်န္း႐ႊင္းယီကိုတုံ႕ဆိုင္းစြာၾကည့္လိုက္ကာ လွည့္ထြက္ၿပီးျမင္းကိုဒုန္းစိုင္းစီးသြားေတာ့သည္။

အျခားတစ္ဖက္၌၊ ေကာင္းလဲ့ဟာ ဇီေဟြ႕အားနိုင္ထက္စီးနင္းျပဳမူလို႔မၿပီးေသးဘဲ အေနာက္ဖက္လင္းယင္ဂိုဏ္းသားမ်ားထံလက္ညွိုးထိုးလိုက္သည္။
"ဘယ္ကေနညာကိုတန္းစီၿပီးရပ္လိုက္။ ၿပီးရင္ ထ်န္း႐ႊမ္ဂိုဏ္းကပိုသန္မာတာလား၊ လင္းယင္ဂိုဏ္းကပိုသန္မာတာလားဆိုတာကို တစ္ေယာက္ၿပီးတစ္ေယာက္ေျပာၾက။"

ဂိုဏ္းသားမ်ားသည္အခ်င္းခ်င္းမေပ်ာ္႐ႊင္စြာၾကည့္လိုက္မိၾကသည္။ အဆုံးတြင္ သူတို႔ဟာေက်ာ္ၾကားေသာဂိုဏ္းထဲသို႔ဝင္ေရာက္ခဲ့ၾကၿပီး ဂုဏ္ယူဝမ္းေျမာက္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာအၿပီး၌၊ သူတို႔၏ကိုယ္ပိုင္ဂိုဏ္းကိုအပုပ္ခ်ဖိဳ႕ရာ သူတို႔အတြက္ခဲယဥ္းလွသည္။ သို႔ေသာ္ သူတို႔ဝန္းက်င္ရွိ ျမားကဲ့သို႔ေပါင္းပင္မ်ားဟာ ခ်က္ခ်င္းပင္တစ္လက္မပိုရွည္လာသည္မွာ ပစ္ရန္အသင့္ျဖစ္ေနေသာဒူးေလးသဖြယ္။

ညာဘက္ရွိပထမဆုံးတစ္ေယာက္မႈေၾကာက္လန့္စြာျဖင့္တုန္ရီေနၿပီး အလ်င္စလိုေျပာလာခဲ့သည္။
"ထ်န္-ထ်န္း႐ႊမ္ဂိုဏ္းပါ။ ထ်န္း႐ႊမ္ဂိုဏ္းက ကမၻာေပၚမွာနံပါတ္တစ္ပါပဲ။ လင္းယင္ဂိုဏ္းကေတာ့....ဘာမွမဟုတ္ပါဘူး။"

ဇီေဟြ႕ကစိတ္ဖိစီးစြာႏႈတ္ခမ္းကိုက္လိုက္မိေပမဲ့ ေဘးကိုလွည့္ၾကည့္လိုက္ေတာ့ ေကာင္းလဲ့ကအၿပဳံးတစ္ပြင့္ႏွင့္ၾကည့္ေနသည္ကိုျမင္လိုက္ရရာ သူမ၏မ်က္ႏွာထားကိုအျမန္ျပန္ျပင္လိုက္ရသည္။

ေကာင္းလဲ့ကရယ္သည္။
"ဒါကနာမည္ႀကီးဂိုဏ္းရဲ႕တပည့္ဂိုဏ္းသားေကာင္းေပါ့! ငါမင္းကိုဒီေန႕ခ်မ္းသာေပးလိုက္မယ္! ေနာက္တစ္ေယာက္။"

ဒုတိယဂိုဏ္းသားမွာအလြန္႐ူးမိုက္ၿပီး ေကာင္းလဲ့အားၾကည့္ဖို႔ရန္ျငင္းဆန္ကာ ဇီေဟြ႕ကိုသာျပစ္တင္ရႈံ႕ခ်ေလသည္။
"ဇီေဟြ႕ရွစ္ကု၊ ကြၽန္ေတာ္ခင္ဗ်ားနဲ႕ေနခဲ့တာက ရွစ္ရႈန္းအႀကီးကမမွန္မကန္ျပဳမူၿပီး ရွစ္ရႈန္းအငယ္က သူ႕ျပစ္မႈေတြကိုဖုံးဖို႔ႀကိဳးစားေနတယ္လို႔ ကြၽန္ေတာ္ယုံၾကည္ခဲ့မိတာေၾကာင့္ပဲ။ ဒါေပမဲ့ အခုေတာ့အဲ့ဒါကအမွားေတြဆိုတာရွင္းသြားၿပီ။ ခင္ဗ်ားေျပာခဲ့တာေတြအကုန္လုံးကအလိမ္အညာေတြလား။ ခင္ဗ်ားဒီေန႕ဒါကိုဘာေၾကာင့္လုပ္ခဲ့တာလဲ။ ကြၽန္ေတာ့္လင္းယင္ဂိုဏ္းက ႏွစ္ရာေပါင္းမ်ားစြာေက်ာ္ေစာလာခဲ့တာ။ က်ဳပ္ေသြးထြက္ရင္ေတာင္မွ က်ဳပ္ေခါင္းမငုံ႕နိုင္ဘူး! ထ်န္း႐ႊမ္ဂိုဏ္းကဘာလဲ။ က်ဳပ္တစ္ခါမွမၾကားဖူးဘူး!"

ေကာင္းလဲ့ကသေရာ္သည္။
"ေကာင္းတယ္။ မင္းကအညံ့ခံတာထက္စာရင္ ေသခ်င္တယ္ဆိုမွေတာ့ ငါမင္းရဲ႕ဆႏၵကိုျဖည့္ဆည္းေပးလိုက္မယ္!"

သို႔ေပမဲ့ သူဘာမွမလုပ္ရေသးခင္၊ ခပ္လွမ္းလွမ္းရွိ ေတာင္ထိပ္မွျမင္းခြာသံမ်ား႐ုတ္တရက္ထြက္ေပၚလာခဲ့သည္။ ျမင္းကအလြန္ျမန္ဆန္ကာ ေတာင္ေအာက္ဆင္းသည့္လမ္းတစ္ေလွ်ာက္ေျပးလႊားလာခဲ့ၿပီး လူတိုင္း၏မ်က္စိေရွ႕တြင္ခ်က္ခ်င္းေပၚလာခဲ့ေခ်သည္။ ထ်န္း႐ႊမ္ဂိုဏ္းသားအမ်ားစုက ဘာျဖစ္ေနလဲဆိုတာကိုေထာက္လွမ္းဖို႔ရန္ ေရွ႕တိုးလာၾကေပမဲ့ သူတို႔အနားမကပ္ရေသးခင္မွာဘဲ သူတို႔သည္ေဘးကိုပစ္ထုတ္ခံလိုက္ရ၏။

ေကာင္းလဲ့ၾကက္ေသေသသြားရကာ အနီးကပ္ၾကည့္ၾကည့္မိေတာ့ လူတစ္ေယာက္သာျဖစ္ေနေၾကာင္းျမင္လိုက္ရသည္: ႏွင္းတမွ်ျဖဴစြတ္ေသာျမင္းေပၚတြင္ထိုင္ေနေသာေယာက်္ားတစ္ေယာက္ပင္။ သူသည္ အရပ္ရွည္ကာ ခါးတြင္ေက်ာက္စိမ္းခါးပတ္ႏွင့္ ဘရိုကိတ္ဝတ္႐ုံအားဝတ္ဆင္ထားၿပီး ေခါင္းေပၚတြင္ေက်ာက္စိမ္းသရဖူတပ္ထား၏။ သူ၏ဝတ္႐ုံလက္က်ယ္ကား ျမင္းကိုအေရွ႕သို႔ဒုန္းစိုင္းစီးလာသျဖင့္ ေလထဲတြင္တဖ်တ္ဖ်တ္လြင့္ေနသည္။ သူ၏တစ္ကိုယ္လုံးမွာ သစ္ခြႏွင့္ေက်ာက္စိမ္းသစ္ပင္တို႔၏အမူအရာမ်ားႏွင့္ သီကုံးဝန္းရံထားေလသည္။* သူ၏႐ုပ္ရည္မထင္ရွားလာခင္တြင္ သူ၏အရွိန္အဝါကေရွ႕မွဦးေဆာင္ေန၏။

ဤကဲ့သို႔လ်င္ျမန္သြက္လက္ျခင္းႏွင့္လူ သိပ္မ်ားမ်ားစားစားမရွိေပ။ အေဝးကလွ်င္ပင္၊ သူကားငယ္႐ြယ္မွန္းျမင္ရေလသည္။ ေကာင္းလဲ့၏ႏွလုံးသားထဲတြင္ ေျခာက္ျခားေသာအေတြးတစ္ခုေပၚလာကာ သူေရ႐ြတ္မိသည္။
"သူျဖစ္ေနမလား..."

ျမင္းစီးသူတျဖည္းျဖည္းခ်င္းနီးကပ္လာသည္ႏွင့္ ေကာင္းလဲ့သည္ ၿပိဳင္ဖက္၏အၾကည့္စူးစူးႏွင့္မေတာ္တဆေတြ႕ဆုံသြားရသည္။ ထိုမ်က္လုံးမ်ားကား ေရကဲ့သို႔ေအးစက္ကာ ၾကယ္သဖြယ္ေတာက္ပၿပီး မေဖာ္ျပနိုင္ေလာက္ေအာင္ရွင္းလင္းျပတ္သားကာ မထူးျခားမျခားနားႏွင့္ ထူးျခားကာ သာမန္ထက္သာလြန္သည္ဟုသာ သူေတြးနိုင္ေတာ့သည္။

ဤကား တကယ့္ကိုပင္ သူ႕ႏွလုံးသားထဲ၌ခန့္မွန္းထားခဲ့ေသာတစ္ေယာက္ျဖစ္ေပ၏။ သူ႐ုတ္ျခည္းတုန္တက္သြားကာ သူ႕ႏွလုံးသားထဲတြင္အေၾကာက္တရားျပည့္ေနရင္းျဖင့္ ေအာ္ေျပာလိုက္သည္။
"ျမန္ျမန္၊ သူ႕ကိုတားၾက!"

အႏၱရာယ္ကိုအာ႐ုံခံမိေသာေၾကာင့္ ေမွာ္လက္နက္ကိုေကာက္ကိုင္ကာ အဆက္မျပတ္ေခါက္မိသည္။ ထိုတီးခတ္မႈေနာက္လိုက္ရင္း ပတ္ဝန္းက်င္ရွိအပင္မ်ားဟာ ထက္ရွေသာျမားသဖြယ္ေယာက်္ားထံသို႔ပ်ံသန္းသြားၾကသည္။

ဤကဲ့သို႔ျမားမိုးကိုျမင္လိုက္ရေတာင္မွ သူနည္းနည္းေလးမွ်မေၾကာက္သြားေပ။ သူ႕ဝတ္႐ုံလက္ကိုအသာခါလိုက္ေတာ့ ဖရိုဖရဲအပင္မ်ားမွာ သူ႕ဝတ္႐ုံအပ္ခ်ည္မွ်င္ကိုပင္မထိသြားဘဲ အေနာက္သို႔ျပန္ဝဲသြားၾကသည္။ ထိုအစား၊ ၎သည္ ထ်န္း႐ႊမ္ဂိုဏ္းသားအနည္းက်ဥ္းသို႔ထိခတ္သြားၾက၏။

ထ်န္း႐ႊမ္ဂိုဏ္း၏နံပါတ္တစ္ေစာင့္ေရွာက္သူကား အေျခအေနမေကာင္းမွန္းျမင္လိုက္ၿပီး ဝိညာဥ္တိုက္ကြက္ကိုထုတ္သုံးလိုက္သည္။
"ေက်ာက္တုံးကြဲေစတဲ့ျမား!"

သို႔ေသာ္ လာေနေသာပုဂၢိုလ္မွာနည္းနည္းမွ်ပင္မတန့္သြား။ ျမင္းကား လွ်ပ္စီးႏွယ္ အေရွ႕ကိုဒုန္းစိုင္းေျပးလာသည္။ ျမားကသူ႕ဆီဦးတည္ေျပးလာေပမဲ့ မ်က္ႏွာထားတစ္ခ်က္ေလးမွ်မေျပာင္းဘဲ ျမားရိုးကိုသူ႕လက္ထဲဆြဲကာျပန္ပစ္လိုက္ေတာ့ အႀကီးအကဲ၏ရင္ဘတ္အားထိုးေဖာက္သြားသည္။

အေစာပိုင္းတုန္းကဇီေဟြ႕အားေစာ္ကားခဲ့ေသာ ေကာင္းလဲ့၏အေနာက္မွတပည့္ဟာ အသံဆာဆာျဖင့္အလ်င္စလိုေျပာလာသည္။
"ဒီေယာက္်ားရဲ႕ေနာက္ခံကဘာလဲ။ ဂိုဏ္းခ်ဳပ္၊ ကြၽန္ေတာ္ဒီကေလးနဲ႕ေတြ႕လိုက္ပါ့မယ္။"

ေနာက္လွည့္မၾကည့္ပဲႏွင့္ ေကာင္းလဲ့ကမည္းေမွာင္စြာျပန္ေျပာသည္။
"ပါးစပ္ပိတ္ထားစမ္းပါ၊ မင္းေသတြင္းတူးေနတာလား။ သူကက်န္း႐ႊင္းယီပဲကြ!"

က်န္း႐ႊင္းယီေခါင္းေမာ့ၾကည့္လိုက္ရာ အေနာက္ဖက္လင္းယင္ဂိုဏ္းသားမ်ားအားဝန္းရံထားေသာ သစ္သားအကာအရံကိုျမင္လိုက္ရသည္။ သူ၏ႏႈတ္ခမ္းပါးပါးမွာ ခပ္ဖြဖြေကာ့တက္သြားသည္မွာ ေလွာင္ေျပာင္ေနသည့္ပုံပင္။ သူ၏ေသးသြယ္ေသာလက္ငါးေခ်ာင္းမွာ သူ႕ေရွ႕တြင္ခ်ိပ္စည္းအသြင္ေျမာက္ျမားစြာေဖာ္ေဆာင္လိုက္ၿပီးေနာက္၊ သူ႕လက္ဝါးေတြကိုအျပင္ဖက္သို႔ဆန့္ထုတ္လိုက္သည္။ သူ႕လက္ဖဝါးထဲမွေ႐ႊေရာင္သမ္းေနေသာမီးလုံးမ်ားထြက္လာကာ သစ္သားအကာအရံထိပ္ကိုအတိအက်ထိမွန္သြားသည္။ ႐ုတ္တရက္ေပါက္ကြဲျခင္းႏွင့္အတူမီးလွ်ံမ်ားပ်ံ့ႏွံ႕လာကာ နဂါးအျဖစ္သို႔အသြင္ေျပာင္းသြား၏။ ခ်က္ခ်င္းအလွ်င္းပင္၊ ႀကီးမားေသာသစ္သားအကာအရံကား ျပာအျဖစ္သို႔ေျပာင္းသြားေတာ့သည္။

ေကာင္းလဲ့အေနာက္ရွိေယာက္်ားမွာ ေၾကာက္႐ြံ႕ကာ ေဒါသလည္းထြက္ေနသည္။ သူသည္ တုံ႕ဆိုင္းျခင္းမရွိအေရွ႕ကိုခုန္ထြက္ကာ ေအာ္လိုက္သည္။
"က်န္း႐ႊင္းယီဟုတ္မဟုတ္ဘယ္သူဂ႐ုစိုက္မွာလဲ။ သူက ဒီအတိုင္းေကာင္ေလးတစ္ေယာက္သာသာပဲ!"

က်န္း႐ႊင္းယီျပန္မေျဖဘဲ ခပ္ဖြဖြႏွာရႈံ႕လိုက္မိေပမဲ့ သူ၏ျမင္းျဖဴမွာ႐ုတ္တရက္အရွိန္ျမင့္လာသည္။ ဓားေရာင္တစ္ခ်က္လက္သြားကာ သူ႕အားဆဲဆိုခဲ့ေသာလူမွာေခါင္းျပတ္သြားေခ်သည္။

က်န္း႐ႊင္းယီအလြန္လ်င္ျမန္စြာေရာက္လာလိမ့္မည္ဟု ေကာင္းလဲ့မထင္ထားမိေပ။ နီးကပ္လာေၾကာင္းျမင္လိုက္ရရင္း သူ႕လက္ထဲရွိၾကာပြတ္ရွည္အား သူ႕ထံသို႔ခ်က္ခ်င္းလႊဲရမ္းလိုက္သည္။

က်န္း႐ႊင္းယီလည္းဓားဆြဲထုတ္လိုက္၏။

သို႔ေသာ္ မေမွ်ာ္လင့္ထားစြာျဖင့္ သူ၏ဓားကား သူ႕မ်က္ႏွာဆီသို႔လႊဲရမ္းလာေသာၾကာပြတ္အားမတားဆီးဘဲ ထိုအစား ေကာင္းလဲ့၏လည္မ်ိဳအားတိုက္ရိုက္လွီးျဖတ္လိုက္ေခ်သည္။

ေကာင္းလဲ့၏ၾကာပြတ္မွာ က်န္း႐ႊင္းယီ၏မ်က္ႏွာဆီမေရာက္ခင္တစ္လက္မအလိုတြင္ ၎၏အားအင္မ်ားေပ်ာက္ဆုံးသြားရသည္။ ၾကာပြတ္ကား ေျမျပင္ေပၚသို႔အင္အားမဲ့က်သြားကာ သူသည္ စကားလုံးသုံးလုံးကိုေျပာရင္းျဖင့္ ေျမျပင္ေပၚသို႔လဲက်သြားေတာ့၏။

"...က်န္း ႐ႊင္း ယီ "

က်န္း႐ႊင္းယီသည္စကားေျပာဖို႔မအားေသးဘဲ ျမင္းေပၚကမဆင္းခင္ သူ၏အၾကည့္မွာ အနီးတစ္ဝိုက္ေဝ့ဝဲသြားခဲ့သည္။ ဤကား ေန႕အခ်ိန္ျဖစ္သည့္တိုင္ သူ၏စြမ္းရည္မ်ားဟာ သူ႕အားတစ္ေဆသဖြယ္ျဖစ္ေစကာ လူတိုင္း၏ႏွလုံးသားထဲရွိေအးစိမ့္မႈကိုႏွိုးဆြေပးေနသည္။

အေနာက္ဖက္လင္းယင္ဂိုဏ္းသားမ်ားမွာ ဤတဒဂ္၌ သူတို႔အားမည္သူလာကယ္မွန္းသိသြားၾကသည္။ လူအမ်ားစုက႐ုတ္တရက္တစ္ၿပိဳင္နက္တည္းေအာ္လာၾကသည္။
"ရွစ္ရႈန္းပဲ! ဒီကိုေရာက္လာတာက ငါတို႔ရဲ႕ရွစ္ရႈန္းအႀကီးပဲ!"
သူတို႔၏ခ်စ္ခင္မႈႏွင့္ရိုေသေလးစားမႈကား သူတို႔၏အသံမ်ားထဲတြင္ထင္ဟပ္ေနေလသည္။

က်န္း႐ႊင္းယီကဘာမွမၾကားသည့္ႏွယ္ေလွ်ာက္လာခဲ့သည္။ သူ၏အက်င့္စရိုက္အေၾကာင္း လင္းယင္ဂိုဏ္းထဲရွိလူတိုင္းသိၾကသည္ျဖစ္ရာ သူ၏တည့္တိုးျဖစ္ျခင္းအားစိတ္ထဲမထားၾကေပ။ သို႔ေသာ္ ပထမဆုံးဂိုဏ္းသားသည္ ဂိုဏ္းအားေစာ္ကားေသာတစ္စုံတစ္ရာကိုေျပာခဲ့ကာ သူ၏ဘဝတြင္နိမိတ္အျပဆုံးပုဂၢိုဟ္က ႐ုတ္တရက္ေပၚလာၿပီး သူ႕ဆီကိုေလွ်ာက္တာကို ျမင္ေနရသည္။ သူအရမ္းေၾကာက္လြန္းေသာေၾကာင့္ တုန္ယင္ေနကာ ေျပာမိသည္။
"ရွစ္ရႈန္း၊ ကြၽန္-ကြၽန္ေတာ္အခုေလးတင္ေျပာဖို႔ အတင္းအၾကပ္ခိုင္းေစခံရတာပါ။ ေက်းဇူးျပဳၿပီး၊ ေက်းဇူးျပဳၿပီးကြၽန္ေတာ့္ကိုခြင့္လႊတ္ေပးပါ!"

က်န္း႐ႊင္းယီမထူးျခားမျခားနားျပန္ေျဖလိုက္သည္။
"ဒီအေျခအေနထိေရာက္ေနၿပီပဲကို၊ မင္းမွာငါ့ကိုခြင့္လႊတ္မႈေတာင္းခံေနေသးတယ္ေပါ့။ ဒါနဲ႕တင္မင္းေသဖို႔လုံေလာက္ၿပီ။"

ထိုဂိုဏ္းသားသည္ေရွာ့ခ္ရသြားကာ တစ္ခုခုေျပာခ်င္ေပမဲ့ ေအးစက္စက္ခံစားခ်က္ကသူ႕လည္မ်ိဳအားထိုးေဖာက္သြား၏။

က်န္း႐ႊင္းယီက ေအးစက္စြာပင္ သူ႕ဓားအားဓားအိမ္ထဲသို႔ျပန္ထည့္လိုက္သည္။
"လင္းယင္ဂိုဏ္းက ထ်န္း႐ႊမ္ဂိုဏ္းေလာက္မေတာ္ဘူးလို႔ ခံစားရတဲ့လူေတြထြက္လာၿပီးတိုက္ခိုက္လို႔ရတယ္။"

အသက္ရွင္ေနေသးေသာ ထ်န္း႐ႊမ္ဂိုဏ္းသားမ်ားမွာအလြန္ေၾကာက္ေနသည္ျဖစ္ရာ ထြက္မလာရဲၾကေပ။ အခ်ိန္ၾကာၿပီးေနာက္၊ တစ္ေယာက္ထြက္လာခဲ့သည္။
"က်န္းသခင္ေလး၊ ကြၽန္ေတာ္တို႔ကန္းေနခဲ့လို႔ပါ။ သဘာဝက်က်ပဲ ထ်န္း႐ႊမ္ဂိုဏ္းက လင္းယင္ဂိုဏ္းကိုမယွဥ္နိုင္ပါဘူး..."

က်န္း႐ႊင္းယီကသူ႕ကိုပ်င္းရိစြာျဖတ္ေျပာလိုက္သည္။
"သြားေတာ့"

တစ္ဖက္လူသည္ အံ့ၾသေပ်ာ္႐ႊင္သြားၿပီး သူေျပာေနသည္ကိုမယုံၾကည္နိုင္လုနီးပါးပင္။ သူတို႔သည္အလ်င္စလိုလွည့္ကာ ေျပးဖို႔လုပ္သည္။ သို႔ေသာ္ ေျခလွမ္းႏွစ္လွမ္းပင္မေျပးရေသးခင္မွာဘဲ မီးေတာက္နံရံတစ္ခုက သူတို႔လမ္းေၾကာင္းကိုပိတ္ဆို႔လာေတာ့သည္။

"စည္းမ်ဥ္းေတြကိုမင္းတို႔နားမလည္ဘူးလား။"

မေျပာအပ္ေသာစည္းမ်ဥ္းမ်ားကိုသူတို႔သိၾကေပမဲ့ က်န္း႐ႊင္းယီကအရမ္းရက္စက္စြာျဖင့္လုပ္လိမ့္မည္ဟု သူတို႔မေမွ်ာ္လင့္ထားခဲ့မိေပ။ သူတို႔၏မ်က္ႏွာမ်ားျဖဴေဖ်ာ့သြားၾကကာ တစ္ခဏအၾကာတြင္ သူတို႔အားလုံးဆုံးျဖတ္လိုက္ၾကၿပီး မည္သူတစ္ဦးတစ္ေယာက္ကမွ်က်န္း႐ႊင္းယီအား မတိုက္နိုင္ေသာေၾကာင့္ သူတို႔အံႀကိတ္ကာ သူတို႔၏စိတ္ဝိညာဥ္ေသြးလႊတ္ေၾကာမ်ားကိုဖ်က္ဆီးလိုက္ၾက႐ုံသာတတ္နိုင္သည္။

ထို႔ေနာက္ က်န္း႐ႊင္းယီသည္ မီးနံရံအားျပန္႐ုပ္သိမ္းလိုက္ရာ လူတစ္စုကေတာင္ေအာက္ေျပးဆင္းသြားၾကသည္။ သူတို႔ေရာက္လာစဥ္က ေမာက္မာမႈအျပည့္ႏွင့္ေပမဲ့ ဤအခ်ိန္တြင္ေတာ့ သူတို႔ေတြေခါင္းပင္မလွည့္ရဲၾကေတာ့ေပ။

အေနာက္ဖက္လင္းယင္ဂိုဏ္းသားေတြက တူညီေသာေနရာမွာပင္က်န္ရစ္ခဲ့ၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္က်န္း႐ႊင္းယီကိုၾကည့္ေနၾကသည္။

သူတို႔သည္ စိတ္ေအးျခင္းႏွင့္ အရွက္တရားကိုခံစားေနၾကရ၏။ ဂိုဏ္းသားမ်ားအနက္တစ္ေယာက္က ႐ုတ္တရက္ေျမျပင္ေပၚလဲက်ကာ ေအာ္ေျပာလာခဲ့သည္။
"ကြၽန္ေတာ္အစ္ကို႔ကိုေတြ႕ဖူးပါတယ္...တကယ္ေတာ့ ႏႈတ္ဆက္ခြဲခြာၿပီးတဲ့ေနာက္မွာ ဒီဂိုဏ္းသား...ဒီဂိုဏ္းသားက အစ္ကို႔ကိုတစ္ခ်ိန္လုံးသတိရေနခဲ့တာပါ။ ကြၽန္ေတာ္က လူယုတ္မာရဲ႕စကားေတြကိုမွားယြင္းယုံၾကည္ခဲ့ၿပီးေတာ့ ရွစ္ရႈန္းကိုအထင္လြဲခဲ့မိပါတယ္...ဒီဂိုဏ္းသားကေသသင့္ပါတယ္.."

ထိုဂိုဏ္းသားဟာ အခုေလးတင္အရႈံးေပးအညံ့ခံဖို႔ ျငင္းဆန္ခဲ့သည့္တစ္ေယာက္ျဖစ္ေၾကာင္း က်န္း႐ႊင္းယီျမင္လိုက္ရေသာ္ သူ၏မ်က္ႏွာထားမွာအနည္းငယ္ေပ်ာ့ေျပာင္းသြားရသည္။
"မင္းကဇီေဟြ႕ေနာက္လိုက္ၿပီး လင္းယင္ဂိုဏ္းကိုသစၥာေဖာက္ခဲ့တာက မင္းအမွားပဲ။ ဒါေပမဲ့ ဒီေန႕မွာေတာ့ မင္းနည္းနည္းေကာင္းေကာင္းလုပ္ခဲ့တယ္။ အေကာင္းနဲ႕အဆိုးကညီတူမွ်တူပဲ။"

သူေျပာၿပီးေနာက္တြင္ တစ္ဖက္လူအားလ်စ္လ်ဴရႈကာ သူ၏အၾကည့္အားဇီေဟြ႕ဖက္လွည့္ၿပီး သာမန္ကာလွ်ံကာေျပာလိုက္သည္။
"အခုက..က်ဳပ္တို႔စာရင္းရွင္းရမဲ့အခ်ိန္မလား။"

မေက်မခ်မ္းျဖစ္ေနခဲ့ေသာေကာင္းလဲ့ႏွင့္ယွဥ္လွ်င္၊ ဇီေဟြ႕ကက်န္း႐ႊင္းယီကိုမေၾကာက္ေပ။ သူမ၏စိတ္ထဲ၌ သူကား အရင္ကအနိုင္က်င့္ခံခဲ့ရေသာကေလးေလးပင္ျဖစ္ေနေသးသည္၊ ထို႔ေၾကာင့္သူမဂုဏ္ယူစြာေျပာလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ ငါကစီနီယာျဖစ္ေနတုန္းပဲ။ နင္ကဂိုဏ္းခ်ဳပ္မဟုတ္သလို အႀကီးအကဲလည္းမဟုတ္ဘူး။ နိမ့္က်တဲ့အေစခံမကေမြးလာတဲ့မိိမစစ္ဖမစစ္အေနနဲ႕ နင့္မွာငါနဲ႕စာရင္းရွင္းဖို႔ဘာအရည္အခ်င္းေတြရွိေနလို႔လဲ။"

က်န္း႐ႊင္းယီေလွာင္ရယ္လိုက္ေပမဲ့ သူဘာမွမေျပာရေသးခင္တြင္ ျမင္းခြာသံမ်ားဆူဆူညံညံထြက္ေပၚလာသည္မွာ ျမင္းမ်ားစြာကတစ္ၿပိဳင္နက္တည္းဒုန္းစိုင္းေျပးေနသည့္ႏွယ္။ ဦးေဆာင္သူကား အလင္းမွ်သဖြယ္ အေရွ႕ကေနေျပးလာသည္။ ျမင္းမ်ားမႏွေးက်သြားခင္တြင္ သူကခုန္ဆင္းလာကာ ဇီေဟြ႕ကိုဆြဲၿပီး ရွင္းျပခ်က္တစ္စုံတစ္ရာမရွိဘဲ သူမ၏မ်က္ႏွာအား ၇ႀကိမ္၊ ၈ႀကိမ္မွ်ရိုက္ခ်ပစ္လိုက္ေလသည္။

က်န္း႐ႊင္းယီရိုးသားစြာေျပာလိုက္သည္။
"ေမာ့လုံ၊ မင္းကတကယ့္ကိုအံ့ၾသစရာေကာင္းတာပဲ။"

က်န္းေမာ့လုံက ဇီေဟြ႕အားေအးစက္စြာလႊတ္ခ်လိဳက္ၿပီးေနာက္၊ သူ၏လက္ေမာင္းၾကားမွလက္ကိုင္ပုဝါထုတ္ကာ သူ႕လက္ေတြကိုသုတ္လိုက္သည္။
"မင္းကသူမနဲ႕ျငင္းခုံရတာမႀကိဳက္ေပမဲ့ ငါကေတာ့အဲ့လိုစကားေတြကိုသည္းညည္းမခံနိုင္ဘူး။"

_______________________________________________

Continue Reading

You'll Also Like

79.1K 14.1K 51
ကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့...
19.2K 2.9K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...
531K 87.1K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras
827K 121K 138
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...