ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawg...

By SoeHmue

74.3K 10.5K 60

အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

129

306 48 0
By SoeHmue

Chapter 129: စုံထောက်ကားများကောင်းကျိုး

“သေဆုံးမှုသဲလွန်စ ဟုတ်လား” ဇူအန် မျက်မှောင်ကြုတ်လိုက်သည်။

လက်ထောက်တရားသူကြီး ပန်ချွမ် က အကြောင်းအရာကို ထည့်ဖြည့်ပေးလိုက်သည်။ “ သေဆုံးသူ ရန်ဝေ့ က သူ မသေခင်မှာ ဇူ ဆိုတဲ့ စာလုံးတစ်လုံးကို ချရေးခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ရက်က အကယ်ဒမီမှာဖြစ်ခဲ့တဲ့ မင်းတို့ရဲ့ အချင်းများခြင်းတစ်ခု၊ ပြီးတော့ ဒီ လပြည့်မြို့တစ်ခုလုံးမှာ မျိုးရိုးနာမည် ဇူ ရှိတဲ့ တစ်ခြားသူလည်း မရှိတာက တစ်ကြောင်း ငါတို့မှာ ရွေးချယ်စရာမရှိတော့ဘူး။ သူ့ရဲ့ သေဆုံးမှုသဲလွန်စ က ညွှန်ပြနေတဲ့ သူက မင်း ပဲလို့ ငါတို့ ကောက်ချက်ချလိုက်ရတယ်”

ထို သေဆုံးမှုသဲလွန်စ အကြောင်းကြားရသောအခါ ချူကျုံးထန် စိတ်မငြိမ်နိုင်တော့ပေ။ သို့သော် ဇူအန် မှာ အမူအရာမပျက်ပေ။ ယခုကဲ့သို့သော အချိန်အခါမျိုးတွင် ပျာယာခတ်မနေသင့်ကြောင်း ဇူအန် သေချာနားလည်သည်။ “ငါက ချောက်ချခံရတာပါ” “ငါက အပြစ်ကင်းပါတယ်” ဆိုသော သံသယရှိသူက ငိုကြွေး အော်ဟစ်နေသည့် ဒရမ်မာ ရုပ်ရှင်အများအပြားကို ဇူအန် ကြည့်ခဲ့ဖူးသည်။ ထိုအပြုအမူသည် အချည်းအနှီး ပင်။

စကားမပြောခင် အရင်ဆုံး စဉ်းစားချိန်ယူလိုက်သည်။ “ လူသတ်မှု အနောက်မှာ လူသတ်ဖို့် ရည်ရွယ်ချက် ရှိသင့်တယ်။ ကျွန်တော့်မှာ ရန်ဝေ့ကို သတ်စရာ အကြောင်းအရင်းမရှိဘူး”

“အကြောင်းအရင်းမရှိဘူးဟုတ်လား။ နင်က အကယ်ဒမီမှာတုန်းက ရန်ဝေ့ နဲ့ ရန်ဖြစ်ခဲ့တယ်လေ။ ပြီးတော့ အဲ့ဒါကို သက်သေခံနိုင်တဲ့ လူတွေ ရာချီပြီးတော့ရှိတယ်။ နင့်ရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ စုပုံနေတဲ့အတွက်ကြောင့် ငါ ခင်ပွန်းကို နင် လုပ်ကြံခဲ့တာမလား။ တွေးရင်း တွေးရင်း နဲ့ နင်က ပိုရွံစရာကောင်းလာတာပဲ” ရန်ဝေ့၏ ဇနီး က ဒေါသမျက်နှာဖြင့် ဇူအန်ကို အော်လိုက်သည်။

“အကယ်ဒမီမှာ ရန်ဝေ့နဲ့ ရန်ဖြစ်ခဲ့တာ ဟုတ်တယ်။ ဒါပေမယ့် အဲ့ဒါက အတွက်အချက်တွေ နဲ့ ပတ်သတ်ပြီးတော့ ငြင်းခုန်ခဲ့တာတစ်ခုပဲ။ လောင်းအစားကို ကျုပ်နိုင်ခဲ့တာကို ထည့်ပြောမနေတော့ဘူး။ ကျောင်းအုပ် ကျန်း တောင် သူ့ကိုအစားထိုးပြီးတော့ ကျုပ်ကို သင်္ချာဆရာအဖြစ် ခန့်လိုက်သေးတယ်။ တစ်နည်းပြောရရင် ရန်ဝေ့က လူကြားထဲမှာ အရှက်ကွဲပြီးတော့ အကယ်ဒမီကနေ အလုပ်ဖြုတ်ခံလိုက်ရတယ်။ ဒါက ကျုပ်အတွက် လုံဝ အနိုင်တစ်ခုပဲလေ။ အရှုံးသမားတစ်ယောက် အပေါ်ကို လှုပ်ရှားစရာ အကြောင်းအရင်းရှိနေဦးမလား။ ရန်ဝေ့ကတောင် ကျုပ်ရဲ့အသက်ကို ပြန်ခြိမ်းခြောက်ဖို့ ကြိုးစားတယ်ဆိုတာကမှ ဖြစ်နိုင်သေးတယ်” ဇူအန် ပြောလိုက်သည်။

ချီရီ နှင့် ပန်ချွမ် တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ အမှန်ပင် လူသတ်ရန် ရည်ရွယ်ချက်မှာ အဓိပ္ပါယ်မရှိပေ။
ချူကျုံးထန်လည်း ဇူအန်ကို တအံတသြလှည့်ကြည့််မိလိုက်သည်။

တစ်လျှောက်လုံးတွင် သူ၏ သားမက်သည် စိတ်ထဲပေါ်တိုင်း ဘယ်အရာမဆို ပေါက်တက်ကရ ပြောတတ်သော နမော်နမဲ့ အမူအကျင့်ရှိသူ ဟု တွေးထင်ထားခဲ့သည်။ ရိုးရိုးသားသားဆိုရလျှင် ပြိုင်ပွဲကြိုးဝိုင်းအတွင်း တွင် ပြသခဲ့သော ထူးချွန်မှုကို မြင်ရသည့််တိုင် ဇူအန်အပေါ် သူ၏ အမြင်မှာ သိပ်မပြောင်းလဲခဲ့ပေ။ တကယ်တွင် ဇူအန်သည် ချူမိသားစုတွင် မရှားသော အဆင့်သုံး ကျင့်ကြံသူ တစ်ဦးမျှသာဖြစ်သည်။

သို့သော်လည်း ပြဿနာအရင်းအမြစ် အပေါ်တွင် ဇူအန်၏ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမှာ သူ့ကို အမှန်ပင် အထင်ကြီးသွားစေသည်။ ဇူအန်အပေါ် တစ်ချိန်လုံး သူနှင့် မိန်းမဖြစ်သူတို့ အထင်အမြင်လွဲနေသည်ကို သတိထားမိလိုက်သည်။

ယခင်က ငြိမ်သက်စွာ ပွဲ ကြည့်နေသော မေချောက်ဖုန်သည် ယခုအချိန်တွင် ရှေ့တိုးကာပြောလိုက်သည်။ “အဲ့ဒါက ပြောဖို့ခက်တယ်။ ဇူအန်က ဘယ်လောက် အရေထူသလဲဆိုတာကို  မနေ့က ကြိုးဝိုင်းထဲမှာ ကျုပ်တို့ တွေ့ခဲ့ကြပြီးပြီပဲ။ ယွမ်ဝမ်ကျီ က သူ့ခယ်မကိုပဲ အပြစ်လုပ်ခဲ့တာကို သူက လက်ကို ဖြတ်ပစ်လိုက်ပြီးတော့ ကီကြောကို ဖျက်ဆီးပစ်လိုက်တယ်။ အဲ့ဒါက သခင်ရန် အပေါ်ကို လက်စားချေတဲ့ ဇူအန်ရဲ့ ဇာတိနဲ့ လုံးဝ ထပ်တူကျနေတယ်”

တရားခွင်တွင် ရှီခွန်း ပါဝင်ရန် မသင့်လျော်သဖြင့် မေချောက်ဖုန်တွင် ရွေးချယ်စရာမရှိဘဲ ကြားဝင်လိုက်ရသည်။

ထိုစကားကြားရသောအခါ ရန်ဝေ့၏ ဇနီးသည် အားကိုး ရှိသွားသည့်ဟန်  ချက်ချင်း ထောက်ခံလိုက်သည်။ “ဟုတ်တယ်။ ဟုတ်တယ်။ အဲ့ဒါပဲ ဖြစ်ရမယ်။ သခင်ကြီးတို့ ကျွန်မရဲ့ နစ်နာမှုတွေအတွက် တရားမျှတမှု ရှာဖွေပေးပါ။ ကျွန်မရဲ့ ခင်ပွန်းက သနားဖွယ်ရာ သေဆုံးခဲ့ရတာပါ”

ဤရှုပ်ထွေးသော အခြေအနေသည် ချီရီ နှင့် ပန်ချွမ် တို့ကို မျက်မှောင်ကုပ်သွားစေသည်။ မည်သို့ ကိုင်တွယ်ရမည်ကို သူတို့ မသိကြပေ။

ဆန်းဟုန် သည်လည်း ပါဝင်လာသည်။ “ဇူအန် ဒါဆိုရင် ရန်ဝေ့ ချန်ထားခဲ့တဲ့ သေဆုံးမှုသဲလွန်စ အကြောင်းကို မင်းဘယ်လို ရှင်းပြမလဲ”

“ဒါဆို အဲ့ဒီစကားလုံးကို ရန်ဝေ့ချန်ထားခဲ့တယ်ဆိုတာကို ဘယ်လိုလုပ်သေချာနေရတာလဲ။ တွေးကြည့်စမ်းပါ။ အကယ်၍ ကျုပ်သာ လူသတ်သမားဆိုရင် ကျုပ်ရဲ့ နာမည်ကို ရေးဆွဲခွင့် ပေးပါ့မလား” ဇူအန် ပြန်ဖြေလိုက်သည်။

ဆန်းဟုန် ရိုးရှင်းသော အပြုံးဖြင့် ငြိမ်နေလိုက်သည်။ စကားလုပွဲတွင် တိုက်ရိုက် ပါဝင်ရန် မသင့်လျော်ပေ။ သူ၏ ကိုယ်စား အမှုကို ကိုင်တွယ်ရန် ချီရီ နှင့် ပန်ချွမ် တို့ကို အစဆွဲထုတ်ပေးလိုက်ခြင်းဖြစ်သည်။

မျှော်မှန်းထားသလို ပန်ချွမ် က ရုတ်တရက် ပြောလိုက်သည်။ “ငါတို့ ရှာတွေ့တဲ့အချိန်မှာ သခင်ရန် ရဲ့ လက်တွေက စာလုံးကို ဖုံးကွယ်ထားတယ်။ အဲ့ဒါကို လူသတ်သမားက သတိမထားမိတာ သာမန်ပဲ”

ဇူအန် ခွက်ထိုးခွက်လန် ရယ်လိုက်သည်။ “ကျုပ်မေးပါရစေ။ ဘယ်လို လူသတ်သမားက အဲ့ဒီလောက် နမော်နမဲ့ နိုင်မှာလဲ။ သူ့ရဲ့ ပစ်မှတ်ကို နောက်ဆုံးထွက်သက် ထွက်အောင် သတ်ရမှာလေ။ ဒါတောင် သူက ပစ်မှတ်က သေခြင်းသဲလွန်စ တစ်ခုကို ချန်ထားခဲ့တာကို သူက တကယ်ကို သတိမထားမိဘူးတဲ့လား။ အဲ့ဒါက အဓိပ္ပါယ်ရှိလို့လား”

ပရိတ်သက် လူအုပ်ကြီးလည်း ထိုအမှုကိစ္စကို တီးတီးတိုးတိုး စတင် ဆွေးနွေးတော့သည်။ နှစ်ဖက်စလုံး၏ ငြင်းခုံမှုများက အကြောင်းအရင်း ဆီလျော်နေသည်။

“တိတ်ကြ” ချီရီ က အမိန့်တုံးကို ထုရိုက်လိုက်သည်။ “ဇူအန် မင်းပြောလိုက်တာတွေက ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သက်သေတွေအားလုံးက မင်းဆီကို ညွှန်ပြနေတယ်။ မင်းက အစောဆုံး သံသယရှိသူပဲ။ နောက်ထပ် သက်သေတွေကို ရှာမတွေ့သေးသရွေ့ ဆုံးဖြတ်ရတာ ခက်ခဲလိမ့်မယ်”

“ကျုပ်မေးပါရစေ။ ဆရာရန်ဝေ့ က ဘယ်အချိန်မှာ သေခဲ့တာလဲ” ချူကျုံးထန်မေးလိုက်သည်။

“လပြည့်မြို့ဝန် ။ အလောင်းစစ်ဆေးမှု  မှတ်တမ်းအရတော့ သူက မနေ့ကည ကျိနာရီ ကနေ ချောင်နာရီ (ည၁၁နာရီ မှ မနက် ၃နာရီ)
ကြားဝန်းကျင်လောက်မှာ သေခဲ့တယ်တဲ့”

“ဒါဆို အဲ့ဒါ အားဇူ ဖြစ်နိုင်စရာမရှိဘူး။ မနေ့ညက သူ့အခန်းထဲမှာ အနားယူနေတာပဲ။ ပြီးတော့ အတိတ်က ဖြစ်ရပ်တွေကြောင့် အဲ့ဒီ အချိန်ဝန်းကျင်မှာ သူ့ကို ကာကွယ်ပေးဖို့ အစောင့်တွေ အများကြီး ချပေးထားတယ်။ ဒါကြောင့် သူက ငါ သတိမထားမိဘဲနဲ့ ခိုးထွက်သွားနိုင်မှာမဟုတ်ဘူး”

“ငါသိပြီ” ချီရီ သက်ပြင်းချလိုက်သည်။ အကယ်၍ ဇူအန်တွင် အလီဘိုင် တစ်ခုရှိပါက ကိစ္စများကို ဖြေရှင်းရန် လမ်းဖြောင့်သွားမည်ဖြစ်သည်။ သို့သော်လည်း ချီရီ က သူ၏ အမိန့်ကို ချမှတ်တော့မည့် အခိုက်အတန့်တွင် ရုံးတော်ထဲ၌ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“ကျုပ်မှတ်မိတာ မှန်တယ်ဆိုရင် သံသယရှိသူရဲ့ ဆွေမျိုးက ထွက်ဆိုပေးတဲ့ သက်သေကို ယူဆချက်တစ်ခုအနေနဲ့ပဲ အသုံးပြုလို့ရမယ်။ အကြွင်းမဲ့ သက်သေ မဟုတ်ဘူး မလား” ရှီခွန်း ပြောလိုက်သည်။
ပုံမှန်တွင် ထိုအချက်ကိုလည်း သူတို့ ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။

ထိုစကားလုံးများက ချီရီ ကို မျက်မှောင်ကြုတ်သွားစေသည်။ မိသားစုဝင်များက ဖုံးကွယ်ပေးရန် ကြိုးစားနိုင်သည့် အခွင့်ကောင်းတစ်ခုကို တားဆီးရန် ထိုကဲ့သို့သော စည်းမျဉ်း တစ်ခု ရှိနေသည်။

ရှီခွန်း ဘက်သို့ ချူကျုံးထန်လှည့်လိုက်ကာ အေးစက်စက်ပြောလိုက်သည်။ “ငါက ဒီနေရာမှာ သက်သေအမှားတွေ ထွက်ဆိုနေတယ်ဆို မင်းပြောချင်တာလား”

“လပြည့်မြို့ဝန် က ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ဒီနေရာမှာ လူကြီးမင်းကို သံသယဝင်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် ချူအိမ်တော်ထဲမှာ လူတွေ ဘယ်လောက် ရှိရှိ လူတိုင်း ရဲ့ နေရာကိုတော့ အမြဲမသိနိုင်ဘူးမဟုတ်လား။ ပြီးတော့လည်း မနေ့က ကြိုးဝိုင်းထဲမှာ ဇူအန်က အဆင့်ငါး ကျင့််ကြံသူတောင် လိုက်မမှီတဲ့ စွမ်းအားကြီးခြေလှမ်းတစ်မျိုးကို ပြသခဲ့သေးတယ် မဟုတ်လား။ ဒီလိုအကြောင်းအရင်းတွေကြောင့် သူ တကယ် ခိုးထွက်ချင်ရင် အိမ်တော်ထဲက အစောင့်တွေကို ရှောင်ရှားဖို့ဆိုတာ သူ့အဖို့ အရမ်းမခက်ခဲလောက်ပါဘူး”

“...” ချူကျုံးထန်
ရှီခွန်း၏ စကားများသည် ချက်ကျလက်ကျ ပြည့်စုံနေသဖြင့် ချူကျုံးထန်အဖို့ ပြန်ပြောစရာမရှိနေပေ။ ပရိတ်သတ် လူအုပ်လည်း ဇူအန် အပေါ် ချက်ချင်း သံသယဝင်သော အကြည့်များကြည့်လိုက်သည်။

ရှီခွန်း ဘက်သို့ ဇူအန် လှည့် ပြောလိုက်သည်။ “သခင်လေးရှီ က သေချာပြင်ဆင်လာတာပဲ။ ဒီအမှုကို ချောက်တွန်းတဲ့သူ က မင်း ဖြစ်နေပုံရတယ်”

“ငါက ဒီအတိုင်း စေ့စပ်တဲ့ ပြည်သူပဲ။ ငါ့ရဲ့အမြင်ကို ထုတ်ဖော်ပြတာက အမှားမဟုတ်ဘူးလို့ ထင်တယ်” ရှီခွန်း အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

လက်ထောက်တရားသူကြီး ပန်ချွမ် စကားပြောလိုက်သည်။ “ဇူအန် မင်းမှာ ဘာပြောစရာရှိသေးလဲ”

ဇူအန် တခဏတွေးတောကာ ပြောလိုက်သည်။ “အခင်းဖြစ်တဲ့နေရာကို သွားကြည့်ချင်တယ်”

ကမ္ဘာပေါ်က စုံထောက်ကြီးတွေ အားလုံး ငါ့ကို ကောင်းချီးပေးကြပါ။ ငါ့ရဲ့ အရင်ဘဝ မှာ ကြည့်ထားခဲ့တဲ့ တရားသူကြီး ပေါင်ချိန်၊ စုံထောက်ဒီး၊ ရှားလော့ဟုမ်း တို့ပဲ ဖြစ်ဖြစ် စုံထောက် ကိုနန်တို့ပဲဖြစ်ဖြစ် အဲ့ဒီစုံထောက် ဒရမ်မာတွေ အလကားမဖြစ်ပါစေနဲ့။ မဟုတ်ရင် ငါက တကယ်ကို ဒီနေရာမှာ အဆုံးသတ်သွားလိမ့်မယ်။

“အခင်းဖြစ်တဲ့နေရာကို မင်းကိုယ်တိုင် သွားစရာမလိုအပ်ဘူး” ချီရီ ပြောလိုက်သည်။
သူ၏ လက်အောက်ငယ်သားကို အချက်ပြလိုက်သည်။ တခဏအကြာတွင် တစ်စုံတစ်ယောက်က ကြေးမှုံမှန် နှင့်တူသော မှော်ပစ္စည်းတစ်ခုကို ယူဆောင်လာသည်။ ချီရီ သည် ထိုအရာအတွင်းသို့ သူ၏ ကီကို ထည့်လိုက်သည်။ ထို့နောက် မှန်သားပြင်ပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာသည်။

၎င်းသည် ရန်ဝေ့၏ ရုပ်အလောင်းပင်ဖြစ်သည်။

ဤကမ္ဘာတွင်ရှိသော နည်းပညာများကြောင့် ဇူအန် အတော်အံသြ သွားသည်။ သူတို့တွင် ကင်မရာနှင့် ဆင်တူသော ကိုယ်ပိုင် နည်းလမ်း ကို ဖန်တီးထားနိုင်ကာ ပုံရိပ်များ သိုလှောင်ခွင့်ရစေသည်။ ဤကမ္ဘာရှိ မှော်မျဉ်းဆွဲ ဆရာများက သူတွေးထင်ထားသည်ထက် ပိုမို စွမ်းအားကြီးလိမ့်မည်ဟု တွေးမိလိုက်သည်။

အခင်းဖြစ်ရာနေရာကို ဇူအန် ဂရုတစိုက် စူးစမ်းလိုက်သည်။ တခဏအကြာတွင် သူ၏ နှုတ်ခမ်းများ၌ အပြုံးတစ်ခု ပေါ်လာသည်။ “ကောင်းပြီ။ ကောင်းပြီ။ တကယ်တော့ ဒီလောကမှာ တရားမျှတမှုဆိုတာ တကယ်ရှိတာပဲ”

“မင်း ဘာကို ပြောချင်တာလဲ” ချီရီ ဇဝေဇဝါ ဖြစ်သွားသည်။
တရားရုံးတော်ရှိ အခြားသူများလည်း ထပ်တူ ကြောင်သွားကြသည်။ ရှီခွန်း ပင် မျက်မှောင်ကျုံ့လိုက်ကာ တစ်စုံတစ်ရာ မတော်တဆ ရှိခဲ့လေသလားဟု တွေးလိုက်သည်။

ဇူအန်က ပုံရိပ်ထဲရှိ သွေးစာလုံးများကို ညွှန်ပြကာ ရှင်းလိုက်သည်။ “ရန်ဝေ့ ချန်ထားခဲ့တဲ့ သေဆုံးမှုသဲလွန်စ က သူ့ရဲ့ ညာဖက်လက်နဲ့ ရေးထားတာပဲ။ ဒါပေမယ့် ရန်ဝေ့က ဘယ်သန်တစ်ယောက်ပဲ။ လူသတ်သမားအစစ်က အဲ့ဒါကို သတိမထားမိဘဲ ဒီလို နမော်နမဲ့ အမှားမျိုးလုပ်ခဲ့တာပဲ”

“ဘယ်သန် ဟုတ်လား” ပန်ချွမ် တုန်လှုပ်သွားသည်။ “ငါက သခင်ရန် နဲ့ သိကျွမ်းလာတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ သူက ဘယ်သန်ဆိုတာကို ငါ မသိခဲ့ဘူး”

“အရင်က ရန်ဝေ့ရဲ့ သင်္ချာအခန်းကို တက်ဖူးတယ်။ သူက သူ့ရဲ့ ညာဖက်လက်နဲ့ စာရေးတယ်။ ဒါပေမယ့် ကျုပ်တို့ နှစ်ယောက် ယှဉ်ပြိုင်ကြတော့ စိတ်လှုပ်ရှားတဲ့အခိုက်အတန့်တစ်ခုမှာ သူ့ရဲ့ ဘယ်လက်ကို သတိမထားဘဲ ပြောင်းရေးခဲ့တယ်။ ဒါကို ကြည့်ရင် သူ့ရဲ့ အားသန်တဲ့ လက်က ဘယ်လက် ဆိုတာ ရှင်းနေတာပဲ။ ဒါပေမယ့် လူအများစုက အဲ့ဒါကို မေ့လွယ်ကြတယ်။ ဒါကြောင့်ပဲ လူသတ်သမားအစစ်က အမှားလုပ်ခဲ့တာပေါ့”

“လူတစ်ယောက်က သေခါနီးအချိန်မှာ အရေးကြီးတဲ့ စာကို ချန်ခဲ့ဖို့ ကြိုးစားတဲ့အခါမှာ အားမသန်တဲ့ လက်ကို ဒုက္ခခံပြီး သုံးနိုင်စရာအကြောင်းမရှိဘူး။ ရန်ဝေ့ ရဲ့ သေဆုံးမှုသဲလွန်စ က သူ့ရဲ့ ညာလက်နဲ့ ရေးထားတာဆိုတော့ ဒီ စာက လူသတ်သမား အစစ်ရဲ့ လုပ်ကြံဖန်တီးမှုဆိုတာ သက်သေပြနေတယ်”

ချီရီ မျက်မှောင်ကြုတ်လိုက်သည်။ ရန်ဝေ့၏ ဇနီး ဘက်လှည့်ကာ မေးလိုက်သည်။ “သခင်ရန်က ဘယ်သန်လား”

လက်ရှိ အဖြစ်အပျက် အပြောင်းအလဲများကြောင့် သက်လတ်ပိုင်း မိန်းမသည် ရှုပ်ထွေးသွားရသည်။ သူမသည် ဇူအန်ကို သံသယရှိသော်လည်း တကယ့်တရားခံအစစ်ကိုသာ လိုချင်သည်။ သူမ ခေါင်းညိတ်လိုက်သည်။ “ကျွန်မရဲ့ ခင်ပွန်းက တကယ်ကို ဘယ်သန်ပဲ။ လူကြားထဲမှာ အလှောင်ရယ်ခံရမှာ စိုးရိမ်တဲ့အတွက် သူ့ရဲ့ ညာလက်ကို ကြိုးစားအသုံးပြုနေတာပဲ။ ဒါပေမယ့် တစ်ခါတစ်လေတော့ ဘယ်လက် ကို အမှတ်မထင် သုံးမိနေသုံးပဲ”

ထိုစကားလုံးများ ထွက်လာသောအခါ ဆူညံပွက်လောရိုက်သွားသည်။ ရှီခွန်း ပင် တုန်လှုပ်သွားရသည။ သူတို့က ဒီလို အမှားတစ်ခုကို လုပ်မိတယ်ဆိုတာကို သူ ဘယ်လို သိသွားရတာလဲ။

ကိစ္စများ လမ်းချော်သွားသည်ကို သိလိုက်သောအခါ မေချောက်ဖုန်၏ မျက်နှာ ပျက်ယွင်းနေသည်။ အလျှင်အမြန် ဖြတ်ပြောလိုက်သည်။ “အဲ့ဒီ အချက်ကို သုံးပြီးတော့ ဇူအန်က ငါတို့ကို လမ်းလွဲအောင်လုပ်နေတာပဲ။ သူက ဒီ သေဆုံးမှုသဲလွန်စ ကို ရည်ရွယ်ချက်ရှိရှိ အတုလုပ်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါမှပဲ သူ့ကိုယ်သူ အပြစ်လွတ်အောင် ရုန်းနိုင်မှာလေ”

ထိုစကားကြားသောအခါ ဇူအန် ခေါင်းခါလိုက်ရင်း မေချောင်ဖုန်း ကို ခပ်ယဲ့ယဲ့ ကြည့်လိုက်သည်။ “မင်းမှာ ဒီနေ့ ဦးနှောက် မပါလာဘူးနဲ့တူတယ်။ အခင်းဖြစ်တဲ့နေရာမှာ ငါ့ရဲ့ နာမည်ကို ချန်ထားခဲ့ပြီးတော့ ငါ့ကိုယ်ငါ ပထမဆုံး သံသယဝင်ခံရသူ ဖြစ်အောင်လုပ်ဖို့အထိ ငါက စိတ်မနှံ့တဲ့ ပုံပေါက်နေလို့လား”

ချီရီ ခေါင်းငြိမ့်လိုက်သည်။ “ဇူအန် ပြောတာ သဘာဝကျတယ်။ သေဆုံးမှုသဲလွန်စ နဲ့ ပတ်သက်တဲ့ သံသယတွေလည်း ရှင်းသွားပြီဆိုတော့ သူက လူသတ်သမား ဆိုတဲ့ တိကျခိုင်မာတဲ့ သက်သေ မရှိတော့ဘူး။ သခင်ပန် ဒီအမှုကို ပြန်စုံစမ်းစစ်ဆေးဖို့ မင်းကို အားကိုးလိုက်မယ်။ လူသတ်သမားကို မြေလှန်ရှာရမယ်”

ပန်ချွန် အနည်းငယ် ကိုယ်ကိုင်းလိုက်သည်။ “ကောင်းပါပြီ။ ဒီအမှုရဲ့ အခြေကို အကောင်းဆုံးကြိုးစား ဖော်ထုတ်ပါ့မယ်”

ရန်ဝေ့၏ သေဆုံးခြင်း အမှု ရပ်နားလိုက်သဖြင့် အစောင့်များသည် ရန်ဝေ့၏ မိသားစုဝင်များကို တရားရုံးတော်မှ လိုက်လံပို့ဆောင်ပေးလိုက်သည်။ ရှီခွန်း ဘက်သို့လှည့်ကာ ဇူအန် ပြောလိုက်သည်။ “အကယ်ဒမီမှာ ငါနဲ့ ရန်ဝေ့တို့ ပြိုင်ပွဲ ကို မျက်မြင်တွေ့ခဲ့တဲ့ လူအတော်လေး ရှိခဲ့တာပဲ။ ဒါကြောင့် သူတို့အများစုက ရန်ဝေ့ ဘယ်သန်ဖြစ်တယ်ဆိုတာကို သတိထားမိကြမှာပဲ။ ဒီလို နမော်နမဲ့ အမှားမျိုး သူတို့ လုပ်ကြမှာမဟုတ်ဘူး။ ငါ မှတ်မိတာသာ မှန်ကန်တယ်ဆိုရင် သခင်လေး ရှီ က ငါတို့ ပြိုင်ပွဲ ပြီးတော့ နောက်တစ်နေ့မှာ အကယ်ဒမီကို ရောက်လာတာမဟုတ်လား။ ဟ.. ဒါဆိုရင် လူသတ်သမား က ရန်ဝေ့ဘယ်သန်ဆိုတာကို သတိမထားမိတဲ့ အချက်ကို ရှင်းပြလို့ရပြီပဲ”

ထိုစကားလုံးများကို ရှီခွန်းက ချက်ချင်း စိတ်ဆိုးမာန်ဆိုး ချေပလိုက်သည်။ “ဇူအန် မင်းက ငါ့ကို အပုပ်ချရဲတယ်။ ဆရာရန်ဝေ့ရဲ့ သေဆုံးမှုမှာ ငါက ဘယ်လိုလုပ် တရားခံဖြစ်နိုင်မှာလဲ”

ဇူအန် ဟားတိုက်ရယ်လိုက်သည်။ “အို ဒါပေမယ့် မင်းက လူသတ်သမား လို့ ငါ မပြောမိပါဘူး။ ဘာဖြစ်လို့ အရမ်း သွက်လက်နေရတာလဲ”

“...” ရှီခွန်း

သင်သည် ရှီခွန်း ထံမှ အမျက်ပွိုင့် ၅၂၃ ရရှိလိုက်သည်။

အဲ့ဒီ သူတောင်းစားကတော့။ သတိမထားမိလိုက်တဲ့ အချိန်လေးအတွင်းမှာ သူ့ရဲ့ ထောင်ချောက်ထဲ ကျသွားတော့မလို့။

ဇူအန်၏ စကားလုံးများသည် နားဝင်ဆိုးနေသော်လည်း အချက်အလက်ကျနေသည်။ အမှု၏ အမှန်တရားအကြောင်း မှုန်ဝါးဝါးအတွေးများဖြင့် လူအုပ်က ရှီခွန်း ကို စတင် လက်ညိုးထိုးလာကြသည်။

ထိုအရာကို မြင်ရသောအခါ မေချောက်ဖုန်က သူ၏သခင်အပေါ် စုပုံလာသော ဖိအားကို ပြေပျောက်စေရန် ရဲရဲဝံဝံ ရှေ့ထွက်ကာ ပြောလိုက်သည်။
“မင်းက ဆရာရန်ဝေ့ရဲ့ သေဆုံးမှုအတွက် တရားခံမဟုတ်ဘူးဆိုရင်တောင် မက်မွန်းပွင့် ၁၂၊ ၁၃ တို့ရဲ့ သေဆုံးမှု နဲ့တော့ မသက်ဆိုင်စရာအကြောင်းမရှိဘူး”

ဇူအန် စိတ်အေးလက်အေး ပုခုံးတွန့်လိုက်သည်။ “ပါးစပ်ကနေ ထုတ်ပြောနေမယ့်အစား ဘာဖြစ်လို့ ခိုင်မာတဲ့ သက်သေတစ်ချို့ မယူလာရတာလဲ”

သက်သေ မထွက်ဆိုခင်တွင် ချီရီ နှင့် အခြားသူများကို မေချောက်ဖုန် အရင်ဆုံး ဦးညွတ်လိုက်သည်။ “လွန်ခဲ့တဲ့ တစ်လ က မက်မွန်းပွင့် ၁၂ က မင်းနဲ့အတူ မြို့ကနေ ထွက်သွားခဲ့တာကို တစ်စုံတစ်ယောက်က မြင်လိုက်တယ်။ ဒါပေမယ့် အဲ့ဒီနေ့ အဆုံးမှာတော့ လပြည့်မြို့ကို ပြန်ရောက်လာခဲ့တာ မင်းတစ်ယောက်တည်းဖြစ်နေတယ်။ ငါတို့ရဲ့ စုံစမ်းမှုအရဆိုရင် မက်မွန်းပွင့် ၁၂ က ဝံပုလွေချောက် ထဲမှာ သေဆုံးခဲ့တာပဲ။ ပြီးတော့ အဲ့ဒီနေ့မှာပဲ မင်းက နတ်ဆေးဆရာကျီ  ကို ဘူးလုံး ဆယ်ခု ပေးလိုက်တယ်ဆိုတာကိုလည်း တွေ့တဲ့သူတွေရှိတယ်။ ဒါကို ကြည့်ရင် ဘူးလုံး တစ်ချို့ကို ရဖို့အတွက် မက်မွန်းပွင့် ၁၂ က တင်ပါးကွဲဝံပုလွေ တွေကို ကြိုးစား တိုက်ခိုက်ခဲ့တယ်။ မင်းက သူ့ကို လုပ်ကြံပြီးတော့ သူ့ရဲ့ ဥစ္စာကို ခိုးယူခဲ့တယ်လို့ ကောက်ချက်ချနိုင်တယ်”

အထင်သေးသော မျက်လုံးများဖြင့် ဇူအန် ကြည့်လိုက်သည်။ “အဲ့ဒါက ကောက်ချက်၊ ယူဆချက် ပါလို့ မင်းရဲ့ ပါးစပ်ကနေ ကိုယ်တိုင်ပြောနေပြီးတော့။ သက်သေရော။ ဘယ်မလဲ သက်သေ”

“ဘူးလုံးတွေက သက်သေပဲ။ ပြီးတော့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေလည်း ရှိသေးတယ်။ ဒီအမှုကို အတွက် အကောင်းဆုံး အချက်ကျကျရှင်းပြမှုပဲ” မေချောက်ဖုန် အသံပြင်းပြင်းပြောလိုက်သည်။

“မနေ့က ကြိုးဝိုင်းထဲမှာ ငါ ထုတ်ဖော်ပြခဲ့တဲ့ အရည်အချင်း နဲ့ဆိုရင် ငါ့ဖာသာ တင်းပါးကွဲဝံပုလွေတွေကို အမဲလိုက်ပြီးတော့ ဘူးလုံး စုဆောင်းနိုင်တယ်။ အဲ့ဒါအတွက် ငါက ဘာဖြစ်လို့ မက်မွန်ပွင့် ၁၂ ကို သတ်ရမှာလဲ။ ပြီးတော့ ငါ့ဘက်မှာလည်း မျက်မြင်သက်သေရှိတယ်။ အဲ့ဒီတုန်းက နတ်ဆေးဆရာကျီ ရဲ့ သမီး ကျီရှောင်ချီ လည်း ငါနဲ့အတူ ရှိနေခဲ့တယ်။ ဘူးလုံးတွေကို ငါ့ဖာသာငါ စုဆောင်းယူခဲ့တယ်ဆိုတာကို သူ သက်သေခံပေးနိုင်တယ်”

“ ဒါဆိုရင် မင်းတို့ နှစ်ယောက် မြို့ကနေ အတူတူထွက်သွားတဲ့အချက်ကို ဘယ်လို ရှင်းပြနိုင်မလဲ။ ပြီးတော့ မင်း တစ်ယောက်တည်းပြန်ရောက်လာတဲ့ အချက်ကိုရောပဲ”

ထိုအခိုက်အတန့်တွင် မေချောက်ဖုန် လုံးဝ ဒေါသဖြစ်နေသည်။ အခြား လူသတ်မှုသည် သူတို့အားလုံး ဖန်တီးထားခြင်းဖြစ်ပြီး ဇူအန်ကို ချောက်ချရန်အတွက် သက်သေအတုများကို သေချာပြင်ဆင်ခဲ့သည်။ ထို့အပြင် ထိုအရာမှာ အလွယ်တကူ အလုပ်ဖြစ်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ ဤနေရာတွင် ဇူအန် အမှန်ပြောနေသည်ကို ယုံကြည်မည့်သူမရှိဟု တွေးခဲ့ကြသည်။
ဒီကမ္ဘာရဲ့ တရားမမျှတမှုက ဘာမှားနေတာလဲ။

သင်သည် မေချောက်ဖုန် ထံမှ အမျက်ပွိုင့် ၄၉၇ ရရှိလိုက်သည်။

“သူက ထန်ဝေ့ လို့ခေါ်တဲ့တစ်ယောက်နဲ့ လမ်းမှာ တွေ့ခဲ့ပြီးတော့ အဲ့ဒီလူအနောက်ကို ပြေးလိုက်သွားခဲ့တယ်။ ဒါကြောင့် ငါတို့တွေ လမ်းခွဲခဲ့ရတယ်။ အဲ့ဒီမှာ မှားယွင်းနေတာရှိလို့လား” အပြစ်ကင်းသော မျက်နှာဖြင့် ဇူအန် ပြန်ပြောလိုက်သည်။

“ငါ သိရသလောက်ဆိုရင် ထန်ဝေ့က မက်မွန်ပွင့်ဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်ပဲ။ ထန်ဝေ့ အနောက်ကို ပြေးလိုက်ဖို့ ဇူအန် နဲ့လမ်းခွဲခဲ့တယ်ဆိုတာ ဖြစ်နိုင်တယ်” ချူကျုံးထန်စကားလုံးများ ထပ်ဖြည့်ပေးလိုက်သည်။

ပန်ချွမ် လည်း ချီရီကို ခေါင်းငြိမ့်ပြလိုက်သည်။ ထိုကိစ္စကို သူလည်း သိနေသည်ကို ဖော်ပြလိုက်သည်။ ထို့ကြောင့် ချီရီ က စားပွဲပေါ်သို့ အမိန့်သစ်သားတုံး ထုရိုက် ကာ ကြေညာလိုက်သည်။ “ကောင်းပြီ။ ဇူအန် က လူသတ်သမား ဆိုတာ အတည်ပြုနိုင်တဲ့ လုံလောက်တဲ့ သက်သေမရှိဘူး။ နောက်တစ်ခု”

မေချောက်ဖုန်က ဇူအန်ကို အံကြိတ်ကာကြည့်လိုက်သည်။ “မင်းရဲ့ လျှာစောင်းထက်ထက်နဲ့ ဒီအထိကို ရောက်လာရင် ရောက်လာမယ်။ ဒါပေမယ့် မက်မွန်းပွင့် ၁၃ ရဲ့ သေခြင်းအတွက်တော့ မင်း ငြင်းဆန်နိုင်မယ့် နည်းမရှိဘူး”

----- ------ ------------------------------------------------------------

Chapter 129: စုံေထာက္ကားမ်ားေကာင္းက်ိဳး

ေသဆုံးမႈသဲလြန္စ ဟုတ္လား ဇူအန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

လက္ေထာက္တရားသူႀကီး ပန္ခြၽမ္ က အေၾကာင္းအရာကို ထည့္ျဖည့္ေပးလိုက္သည္။  ေသဆုံးသူ ရန္ေဝ့ က သူ မေသခင္မွာ ဇူ ဆိုတဲ့ စာလုံးတစ္လုံးကို ခ်ေရးခဲ့တယ္။ လြန္ခဲ့တဲ့ ႏွစ္ရက္က အကယ္ဒမီမွာျဖစ္ခဲ့တဲ့ မင္းတို႔ရဲ႕ အခ်င္းမ်ားျခင္းတစ္ခု၊ ၿပီးေတာ့ ဒီ လျပည့္ၿမိဳ႕တစ္ခုလုံးမွာ မ်ိဳးရိုးနာမည္ ဇူ ရွိတဲ့ တစ္ျခားသူလည္း မရွိတာက တစ္ေၾကာင္း ငါတို႔မွာ ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး။ သူ႕ရဲ႕ ေသဆုံးမႈသဲလြန္စ က ၫႊန္ျပေနတဲ့ သူက မင္း ပဲလို႔ ငါတို႔ ေကာက္ခ်က္ခ်လိဳက္ရတယ္

ထို ေသဆုံးမႈသဲလြန္စ အေၾကာင္းၾကားရေသာအခါ ခ်ဴက်ဳံးထန္ စိတ္မၿငိမ္နိုင္ေတာ့ေပ။ သို႔ေသာ္ ဇူအန္ မွာ အမူအရာမပ်က္ေပ။ ယခုကဲ့သို႔ေသာ အခ်ိန္အခါမ်ိဳးတြင္ ပ်ာယာခတ္မေနသင့္ေၾကာင္း ဇူအန္ ေသခ်ာနားလည္သည္။ ငါက ေခ်ာက္ခ်ခံရတာပါ ငါက အျပစ္ကင္းပါတယ္ ဆိုေသာ သံသယရွိသူက ငိုေႂကြး ေအာ္ဟစ္ေနသည့္ ဒရမ္မာ ႐ုပ္ရွင္အမ်ားအျပားကို ဇူအန္ ၾကည့္ခဲ့ဖူးသည္။ ထိုအျပဳအမူသည္ အခ်ည္းအႏွီး ပင္။

စကားမေျပာခင္ အရင္ဆုံး စဥ္းစားခ်ိန္ယူလိုက္သည္။  လူသတ္မႈ အေနာက္မွာ လူသတ္ဖို႔္ ရည္႐ြယ္ခ်က္ ရွိသင့္တယ္။ ကြၽန္ေတာ့္မွာ ရန္ေဝ့ကို သတ္စရာ အေၾကာင္းအရင္းမရွိဘူး

အေၾကာင္းအရင္းမရွိဘူးဟုတ္လား။ နင္က အကယ္ဒမီမွာတုန္းက ရန္ေဝ့ နဲ႕ ရန္ျဖစ္ခဲ့တယ္ေလ။ ၿပီးေတာ့ အဲ့ဒါကို သက္ေသခံနိုင္တဲ့ လူေတြ ရာခ်ီၿပီးေတာ့ရွိတယ္။ နင့္ရဲ႕ ႏွလုံးသားထဲမွာ အမုန္းတရားေတြ စုပုံေနတဲ့အတြက္ေၾကာင့္ ငါ ခင္ပြန္းကို နင္ လုပ္ႀကံခဲ့တာမလား။ ေတြးရင္း ေတြးရင္း နဲ႕ နင္က ပို႐ြံစရာေကာင္းလာတာပဲ ရန္ေဝ့၏ ဇနီး က ေဒါသမ်က္ႏွာျဖင့္ ဇူအန္ကို ေအာ္လိုက္သည္။

အကယ္ဒမီမွာ ရန္ေဝ့နဲ႕ ရန္ျဖစ္ခဲ့တာ ဟုတ္တယ္။ ဒါေပမယ့္ အဲ့ဒါက အတြက္အခ်က္ေတြ နဲ႕ ပတ္သတ္ၿပီးေတာ့ ျငင္းခုန္ခဲ့တာတစ္ခုပဲ။ ေလာင္းအစားကို က်ဳပ္နိုင္ခဲ့တာကို ထည့္ေျပာမေနေတာ့ဘူး။ ေက်ာင္းအုပ္ က်န္း ေတာင္ သူ႕ကိုအစားထိုးၿပီးေတာ့ က်ဳပ္ကို သခၤ်ာဆရာအျဖစ္ ခန့္လိုက္ေသးတယ္။ တစ္နည္းေျပာရရင္ ရန္ေဝ့က လူၾကားထဲမွာ အရွက္ကြဲၿပီးေတာ့ အကယ္ဒမီကေန အလုပ္ျဖဳတ္ခံလိုက္ရတယ္။ ဒါက က်ဳပ္အတြက္ လုံဝ အနိုင္တစ္ခုပဲေလ။ အရႈံးသမားတစ္ေယာက္ အေပၚကို လႈပ္ရွားစရာ အေၾကာင္းအရင္းရွိေနဦးမလား။ ရန္ေဝ့ကေတာင္ က်ဳပ္ရဲ႕အသက္ကို ျပန္ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားတယ္ဆိုတာကမွ ျဖစ္နိုင္ေသးတယ္ ဇူအန္ ေျပာလိုက္သည္။

ခ်ီရီ ႏွင့္ ပန္ခြၽမ္ တို႔ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ကာ ေခါင္းၿငိမ့္လိုက္သည္။ အမွန္ပင္ လူသတ္ရန္ ရည္႐ြယ္ခ်က္မွာ အဓိပ္ပါယ်မရှိပေ။
ခ်ဴက်ဳံးထန္လည္း ဇူအန္ကို တအံတၾသလွည့္ၾကည့္္မိလိုက္သည္။

တစ္ေလွ်ာက္လုံးတြင္ သူ၏ သားမက္သည္ စိတ္ထဲေပၚတိုင္း ဘယ္အရာမဆို ေပါက္တက္ကရ ေျပာတတ္ေသာ နေမာ္နမဲ့ အမူအက်င့္ရွိသူ ဟု ေတြးထင္ထားခဲ့သည္။ ရိုးရိုးသားသားဆိုရလွ်င္ ၿပိဳင္ပြဲႀကိဳးဝိုင္းအတြင္း တြင္ ျပသခဲ့ေသာ ထူးခြၽန္မႈကို ျမင္ရသည့္္တိုင္ ဇူအန္အေပၚ သူ၏ အျမင္မွာ သိပ္မေျပာင္းလဲခဲ့ေပ။ တကယ္တြင္ ဇူအန္သည္ ခ်ဴမိသားစုတြင္ မရွားေသာ အဆင့္သုံး က်င့္ႀကံသူ တစ္ဦးမွ်သာျဖစ္သည္။

သို႔ေသာ္လည္း ျပႆနာအရင္းအျမစ္ အေပၚတြင္ ဇူအန္၏ ခြဲျခမ္းစိတ္ျဖာနိုင္စြမ္းမွာ သူ႕ကို အမွန္ပင္ အထင္ႀကီးသြားေစသည္။ ဇူအန္အေပၚ တစ္ခ်ိန္လုံး သူႏွင့္ မိန္းမျဖစ္သူတို႔ အထင္အျမင္လြဲေနသည္ကို သတိထားမိလိုက္သည္။

ယခင္က ၿငိမ္သက္စြာ ပြဲ ၾကည့္ေနေသာ ေမေခ်ာက္ဖုန္သည္ ယခုအခ်ိန္တြင္ ေရွ႕တိုးကာေျပာလိုက္သည္။ အဲ့ဒါက ေျပာဖို႔ခက္တယ္။ ဇူအန္က ဘယ္ေလာက္ အေရထူသလဲဆိုတာကို  မေန႕က ႀကိဳးဝိုင္းထဲမွာ က်ဳပ္တို႔ ေတြ႕ခဲ့ၾကၿပီးၿပီပဲ။ ယြမ္ဝမ္က်ီ က သူ႕ခယ္မကိုပဲ အျပစ္လုပ္ခဲ့တာကို သူက လက္ကို ျဖတ္ပစ္လိုက္ၿပီးေတာ့ ကီေၾကာကို ဖ်က္ဆီးပစ္လိုက္တယ္။ အဲ့ဒါက သခင္ရန္ အေပၚကို လက္စားေခ်တဲ့ ဇူအန္ရဲ႕ ဇာတိနဲ႕ လုံးဝ ထပ္တူက်ေနတယ္

တရားခြင္တြင္ ရွီခြန္း ပါဝင္ရန္ မသင့္ေလ်ာ္သျဖင့္ ေမေခ်ာက္ဖုန္တြင္ ေ႐ြးခ်ယ္စရာမရွိဘဲ ၾကားဝင္လိုက္ရသည္။

ထိုစကားၾကားရေသာအခါ ရန္ေဝ့၏ ဇနီးသည္ အားကိုး ရွိသြားသည့္ဟန္  ခ်က္ခ်င္း ေထာက္ခံလိုက္သည္။ ဟုတ္တယ္။ ဟုတ္တယ္။ အဲ့ဒါပဲ ျဖစ္ရမယ္။ သခင္ႀကီးတို႔ ကြၽန္မရဲ႕ နစ္နာမႈေတြအတြက္ တရားမွ်တမႈ ရွာေဖြေပးပါ။ ကြၽန္မရဲ႕ ခင္ပြန္းက သနားဖြယ္ရာ ေသဆုံးခဲ့ရတာပါ

ဤရႈပ္ေထြးေသာ အေျခအေနသည္ ခ်ီရီ ႏွင့္ ပန္ခြၽမ္ တို႔ကို မ်က္ေမွာင္ကုပ္သြားေစသည္။ မည္သို႔ ကိုင္တြယ္ရမည္ကို သူတို႔ မသိၾကေပ။

ဆန္းဟုန္ သည္လည္း ပါဝင္လာသည္။ ဇူအန္ ဒါဆိုရင္ ရန္ေဝ့ ခ်န္ထားခဲ့တဲ့ ေသဆုံးမႈသဲလြန္စ အေၾကာင္းကို မင္းဘယ္လို ရွင္းျပမလဲ

ဒါဆို အဲ့ဒီစကားလုံးကို ရန္ေဝ့ခ်န္ထားခဲ့တယ္ဆိုတာကို ဘယ္လိုလုပ္ေသခ်ာေနရတာလဲ။ ေတြးၾကည့္စမ္းပါ။ အကယ္၍ က်ဳပ္သာ လူသတ္သမားဆိုရင္ က်ဳပ္ရဲ႕ နာမည္ကို ေရးဆြဲခြင့္ ေပးပါ့မလား ဇူအန္ ျပန္ေျဖလိုက္သည္။

ဆန္းဟုန္ ရိုးရွင္းေသာ အၿပဳံးျဖင့္ ၿငိမ္ေနလိုက္သည္။ စကားလုပြဲတြင္ တိုက္ရိုက္ ပါဝင္ရန္ မသင့္ေလ်ာ္ေပ။ သူ၏ ကိုယ္စား အမႈကို ကိုင္တြယ္ရန္ ခ်ီရီ ႏွင့္ ပန္ခြၽမ္ တို႔ကို အစဆြဲထုတ္ေပးလိုက္ျခင္းျဖစ္သည္။

ေမွ်ာ္မွန္းထားသလို ပန္ခြၽမ္ က ႐ုတ္တရက္ ေျပာလိုက္သည္။ ငါတို႔ ရွာေတြ႕တဲ့အခ်ိန္မွာ သခင္ရန္ ရဲ႕ လက္ေတြက စာလုံးကို ဖုံးကြယ္ထားတယ္။ အဲ့ဒါကို လူသတ္သမားက သတိမထားမိတာ သာမန္ပဲ

ဇူအန္ ခြက္ထိုးခြက္လန္ ရယ္လိုက္သည္။ က်ဳပ္ေမးပါရေစ။ ဘယ္လို လူသတ္သမားက အဲ့ဒီေလာက္ နေမာ္နမဲ့ နိုင္မွာလဲ။ သူ႕ရဲ႕ ပစ္မွတ္ကို ေနာက္ဆုံးထြက္သက္ ထြက္ေအာင္ သတ္ရမွာေလ။ ဒါေတာင္ သူက ပစ္မွတ္က ေသျခင္းသဲလြန္စ တစ္ခုကို ခ်န္ထားခဲ့တာကို သူက တကယ္ကို သတိမထားမိဘူးတဲ့လား။ အဲ့ဒါက အဓိပ္ပါယ်ရှိလို့လား

ပရိတ္သက္ လူအုပ္ႀကီးလည္း ထိုအမႈကိစၥကို တီးတီးတိုးတိုး စတင္ ေဆြးႏြေးေတာ့သည္။ ႏွစ္ဖက္စလုံး၏ ျငင္းခုံမႈမ်ားက အေၾကာင္းအရင္း ဆီေလ်ာ္ေနသည္။

တိတ္ၾက ခ်ီရီ က အမိန့္တုံးကို ထုရိုက္လိုက္သည္။ ဇူအန္ မင္းေျပာလိုက္တာေတြက ျဖစ္နိုင္တယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ သက္ေသေတြအားလုံးက မင္းဆီကို ၫႊန္ျပေနတယ္။ မင္းက အေစာဆုံး သံသယရွိသူပဲ။ ေနာက္ထပ္ သက္ေသေတြကို ရွာမေတြ႕ေသးသေ႐ြ႕ ဆုံးျဖတ္ရတာ ခက္ခဲလိမ့္မယ္

က်ဳပ္ေမးပါရေစ။ ဆရာရန္ေဝ့ က ဘယ္အခ်ိန္မွာ ေသခဲ့တာလဲ ခ်ဴက်ဳံးထန္ေမးလိုက္သည္။

လျပည့္ၿမိဳ႕ဝန္ ။ အေလာင္းစစ္ေဆးမႈ  မွတ္တမ္းအရေတာ့ သူက မေန႕ကည က်ိနာရီ ကေန ေခ်ာင္နာရီ (ည၁၁နာရီ မွ မနက္ ၃နာရီ)
ၾကားဝန္းက်င္ေလာက္မွာ ေသခဲ့တယ္တဲ့

ဒါဆို အဲ့ဒါ အားဇူ ျဖစ္နိုင္စရာမရွိဘူး။ မေန႕ညက သူ႕အခန္းထဲမွာ အနားယူေနတာပဲ။ ၿပီးေတာ့ အတိတ္က ျဖစ္ရပ္ေတြေၾကာင့္ အဲ့ဒီ အခ်ိန္ဝန္းက်င္မွာ သူ႕ကို ကာကြယ္ေပးဖို႔ အေစာင့္ေတြ အမ်ားႀကီး ခ်ေပးထားတယ္။ ဒါေၾကာင့္ သူက ငါ သတိမထားမိဘဲနဲ႕ ခိုးထြက္သြားနိုင္မွာမဟုတ္ဘူး

ငါသိၿပီ ခ်ီရီ သက္ျပင္းခ်လိဳက္သည္။ အကယ္၍ ဇူအန္တြင္ အလီဘိုင္ တစ္ခုရွိပါက ကိစၥမ်ားကို ေျဖရွင္းရန္ လမ္းေျဖာင့္သြားမည္ျဖစ္သည္။ သို႔ေသာ္လည္း ခ်ီရီ က သူ၏ အမိန့္ကို ခ်မွတ္ေတာ့မည့္ အခိုက္အတန့္တြင္ ႐ုံးေတာ္ထဲ၌ အသံတစ္ခု ႐ုတ္တရက္ ထြက္ေပၚလာသည္။

က်ဳပ္မွတ္မိတာ မွန္တယ္ဆိုရင္ သံသယရွိသူရဲ႕ ေဆြမ်ိဳးက ထြက္ဆိုေပးတဲ့ သက္ေသကို ယူဆခ်က္တစ္ခုအေနနဲ႕ပဲ အသုံးျပဳလို႔ရမယ္။ အႂကြင္းမဲ့ သက္ေသ မဟုတ္ဘူး မလား ရွီခြန္း ေျပာလိုက္သည္။
ပုံမွန္တြင္ ထိုအခ်က္ကိုလည္း သူတို႔ ထည့္သြင္း စဥ္းစားရမည္ျဖစ္သည္။

ထိုစကားလုံးမ်ားက ခ်ီရီ ကို မ်က္ေမွာင္ၾကဳတ္သြားေစသည္။ မိသားစုဝင္မ်ားက ဖုံးကြယ္ေပးရန္ ႀကိဳးစားနိုင္သည့္ အခြင့္ေကာင္းတစ္ခုကို တားဆီးရန္ ထိုကဲ့သို႔ေသာ စည္းမ်ဥ္း တစ္ခု ရွိေနသည္။

ရွီခြန္း ဘက္သို႔ ခ်ဴက်ဳံးထန္လွည့္လိုက္ကာ ေအးစက္စက္ေျပာလိုက္သည္။ ငါက ဒီေနရာမွာ သက္ေသအမွားေတြ ထြက္ဆိုေနတယ္ဆို မင္းေျပာခ်င္တာလား

လျပည့္ၿမိဳ႕ဝန္ က ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးပါ။ ဒီေနရာမွာ လူႀကီးမင္းကို သံသယဝင္ေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ ခ်ဴအိမ္ေတာ္ထဲမွာ လူေတြ ဘယ္ေလာက္ ရွိရွိ လူတိုင္း ရဲ႕ ေနရာကိုေတာ့ အၿမဲမသိနိုင္ဘူးမဟုတ္လား။ ၿပီးေတာ့လည္း မေန႕က ႀကိဳးဝိုင္းထဲမွာ ဇူအန္က အဆင့္ငါး က်င့္္ႀကံသူေတာင္ လိုက္မမွီတဲ့ စြမ္းအားႀကီးေျခလွမ္းတစ္မ်ိဳးကို ျပသခဲ့ေသးတယ္ မဟုတ္လား။ ဒီလိုအေၾကာင္းအရင္းေတြေၾကာင့္ သူ တကယ္ ခိုးထြက္ခ်င္ရင္ အိမ္ေတာ္ထဲက အေစာင့္ေတြကို ေရွာင္ရွားဖို႔ဆိုတာ သူ႕အဖို႔ အရမ္းမခက္ခဲေလာက္ပါဘူး

... ခ်ဴက်ဳံးထန္
ရွီခြန္း၏ စကားမ်ားသည္ ခ်က္က်လက္က် ျပည့္စုံေနသျဖင့္ ခ်ဴက်ဳံးထန္အဖို႔ ျပန္ေျပာစရာမရွိေနေပ။ ပရိတ္သတ္ လူအုပ္လည္း ဇူအန္ အေပၚ ခ်က္ခ်င္း သံသယဝင္ေသာ အၾကည့္မ်ားၾကည့္လိုက္သည္။

ရွီခြန္း ဘက္သို႔ ဇူအန္ လွည့္ ေျပာလိုက္သည္။ သခင္ေလးရွီ က ေသခ်ာျပင္ဆင္လာတာပဲ။ ဒီအမႈကို ေခ်ာက္တြန္းတဲ့သူ က မင္း ျဖစ္ေနပုံရတယ္

ငါက ဒီအတိုင္း ေစ့စပ္တဲ့ ျပည္သူပဲ။ ငါ့ရဲ႕အျမင္ကို ထုတ္ေဖာ္ျပတာက အမွားမဟုတ္ဘူးလို႔ ထင္တယ္ ရွီခြန္း အၿပဳံးတစ္ခုျဖင့္ ျပန္ေျပာလိုက္သည္။

လက္ေထာက္တရားသူႀကီး ပန္ခြၽမ္ စကားေျပာလိုက္သည္။ ဇူအန္ မင္းမွာ ဘာေျပာစရာရွိေသးလဲ

ဇူအန္ တခဏေတြးေတာကာ ေျပာလိုက္သည္။ အခင္းျဖစ္တဲ့ေနရာကို သြားၾကည့္ခ်င္တယ္

ကမၻာေပၚက စုံေထာက္ႀကီးေတြ အားလုံး ငါ့ကို ေကာင္းခ်ီးေပးၾကပါ။ ငါ့ရဲ႕ အရင္ဘဝ မွာ ၾကည့္ထားခဲ့တဲ့ တရားသူႀကီး ေပါင္ခ်ိန္၊ စုံေထာက္ဒီး၊ ရွားေလာ့ဟုမ္း တို႔ပဲ ျဖစ္ျဖစ္ စုံေထာက္ ကိုနန္တို႔ပဲျဖစ္ျဖစ္ အဲ့ဒီစုံေထာက္ ဒရမ္မာေတြ အလကားမျဖစ္ပါေစနဲ႕။ မဟုတ္ရင္ ငါက တကယ္ကို ဒီေနရာမွာ အဆုံးသတ္သြားလိမ့္မယ္။

အခင္းျဖစ္တဲ့ေနရာကို မင္းကိုယ္တိုင္ သြားစရာမလိုအပ္ဘူး ခ်ီရီ ေျပာလိုက္သည္။
သူ၏ လက္ေအာက္ငယ္သားကို အခ်က္ျပလိုက္သည္။ တခဏအၾကာတြင္ တစ္စုံတစ္ေယာက္က ေၾကးမႈံမွန္ ႏွင့္တူေသာ ေမွာ္ပစၥည္းတစ္ခုကို ယူေဆာင္လာသည္။ ခ်ီရီ သည္ ထိုအရာအတြင္းသို႔ သူ၏ ကီကို ထည့္လိုက္သည္။ ထို႔ေနာက္ မွန္သားျပင္ေပၚတြင္ ပုံရိပ္တစ္ခုေပၚလာသည္။

၎သည္ ရန္ေဝ့၏ ႐ုပ္အေလာင္းပင္ျဖစ္သည္။

ဤကမၻာတြင္ရွိေသာ နည္းပညာမ်ားေၾကာင့္ ဇူအန္ အေတာ္အံၾသ သြားသည္။ သူတို႔တြင္ ကင္မရာႏွင့္ ဆင္တူေသာ ကိုယ္ပိုင္ နည္းလမ္း ကို ဖန္တီးထားနိုင္ကာ ပုံရိပ္မ်ား သိုေလွာင္ခြင့္ရေစသည္။ ဤကမၻာရွိ ေမွာ္မ်ဥ္းဆြဲ ဆရာမ်ားက သူေတြးထင္ထားသည္ထက္ ပိုမို စြမ္းအားႀကီးလိမ့္မည္ဟု ေတြးမိလိုက္သည္။

အခင္းျဖစ္ရာေနရာကို ဇူအန္ ဂ႐ုတစိုက္ စူးစမ္းလိုက္သည္။ တခဏအၾကာတြင္ သူ၏ ႏႈတ္ခမ္းမ်ား၌ အၿပဳံးတစ္ခု ေပၚလာသည္။ ေကာင္းၿပီ။ ေကာင္းၿပီ။ တကယ္ေတာ့ ဒီေလာကမွာ တရားမွ်တမႈဆိုတာ တကယ္ရွိတာပဲ

မင္း ဘာကို ေျပာခ်င္တာလဲ ခ်ီရီ ဇေဝဇဝါ ျဖစ္သြားသည္။
တရား႐ုံးေတာ္ရွိ အျခားသူမ်ားလည္း ထပ္တူ ေၾကာင္သြားၾကသည္။ ရွီခြန္း ပင္ မ်က္ေမွာင္က်ဳံ႕လိုက္ကာ တစ္စုံတစ္ရာ မေတာ္တဆ ရွိခဲ့ေလသလားဟု ေတြးလိုက္သည္။

ဇူအန္က ပုံရိပ္ထဲရွိ ေသြးစာလုံးမ်ားကို ၫႊန္ျပကာ ရွင္းလိုက္သည္။ ရန္ေဝ့ ခ်န္ထားခဲ့တဲ့ ေသဆုံးမႈသဲလြန္စ က သူ႕ရဲ႕ ညာဖက္လက္နဲ႕ ေရးထားတာပဲ။ ဒါေပမယ့္ ရန္ေဝ့က ဘယ္သန္တစ္ေယာက္ပဲ။ လူသတ္သမားအစစ္က အဲ့ဒါကို သတိမထားမိဘဲ ဒီလို နေမာ္နမဲ့ အမွားမ်ိဳးလုပ္ခဲ့တာပဲ

ဘယ္သန္ ဟုတ္လား ပန္ခြၽမ္ တုန္လႈပ္သြားသည္။ ငါက သခင္ရန္ နဲ႕ သိကြၽမ္းလာတာ ႏွစ္ေပါင္းမ်ားစြာ ရွိေနၿပီ။ သူက ဘယ္သန္ဆိုတာကို ငါ မသိခဲ့ဘူး

အရင္က ရန္ေဝ့ရဲ႕ သခၤ်ာအခန္းကို တက္ဖူးတယ္။ သူက သူ႕ရဲ႕ ညာဖက္လက္နဲ႕ စာေရးတယ္။ ဒါေပမယ့္ က်ဳပ္တို႔ ႏွစ္ေယာက္ ယွဥ္ၿပိဳင္ၾကေတာ့ စိတ္လႈပ္ရွားတဲ့အခိုက္အတန့္တစ္ခုမွာ သူ႕ရဲ႕ ဘယ္လက္ကို သတိမထားဘဲ ေျပာင္းေရးခဲ့တယ္။ ဒါကို ၾကည့္ရင္ သူ႕ရဲ႕ အားသန္တဲ့ လက္က ဘယ္လက္ ဆိုတာ ရွင္းေနတာပဲ။ ဒါေပမယ့္ လူအမ်ားစုက အဲ့ဒါကို ေမ့လြယ္ၾကတယ္။ ဒါေၾကာင့္ပဲ လူသတ္သမားအစစ္က အမွားလုပ္ခဲ့တာေပါ့

လူတစ္ေယာက္က ေသခါနီးအခ်ိန္မွာ အေရးႀကီးတဲ့ စာကို ခ်န္ခဲ့ဖို႔ ႀကိဳးစားတဲ့အခါမွာ အားမသန္တဲ့ လက္ကို ဒုကၡခံၿပီး သုံးနိုင္စရာအေၾကာင္းမရွိဘူး။ ရန္ေဝ့ ရဲ႕ ေသဆုံးမႈသဲလြန္စ က သူ႕ရဲ႕ ညာလက္နဲ႕ ေရးထားတာဆိုေတာ့ ဒီ စာက လူသတ္သမား အစစ္ရဲ႕ လုပ္ႀကံဖန္တီးမႈဆိုတာ သက္ေသျပေနတယ္

ခ်ီရီ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ရန္ေဝ့၏ ဇနီး ဘက္လွည့္ကာ ေမးလိုက္သည္။ သခင္ရန္က ဘယ္သန္လား

လက္ရွိ အျဖစ္အပ်က္ အေျပာင္းအလဲမ်ားေၾကာင့္ သက္လတ္ပိုင္း မိန္းမသည္ ရႈပ္ေထြးသြားရသည္။ သူမသည္ ဇူအန္ကို သံသယရွိေသာ္လည္း တကယ့္တရားခံအစစ္ကိုသာ လိုခ်င္သည္။ သူမ ေခါင္းညိတ္လိုက္သည္။ ကြၽန္မရဲ႕ ခင္ပြန္းက တကယ္ကို ဘယ္သန္ပဲ။ လူၾကားထဲမွာ အေလွာင္ရယ္ခံရမွာ စိုးရိမ္တဲ့အတြက္ သူ႕ရဲ႕ ညာလက္ကို ႀကိဳးစားအသုံးျပဳေနတာပဲ။ ဒါေပမယ့္ တစ္ခါတစ္ေလေတာ့ ဘယ္လက္ ကို အမွတ္မထင္ သုံးမိေနသုံးပဲ

ထိုစကားလုံးမ်ား ထြက္လာေသာအခါ ဆူညံပြက္ေလာရိုက္သြားသည္။ ရွီခြန္း ပင္ တုန္လႈပ္သြားရသည။ သူတို႔က ဒီလို အမွားတစ္ခုကို လုပ္မိတယ္ဆိုတာကို သူ ဘယ္လို သိသြားရတာလဲ။

ကိစၥမ်ား လမ္းေခ်ာ္သြားသည္ကို သိလိုက္ေသာအခါ ေမေခ်ာက္ဖုန္၏ မ်က္ႏွာ ပ်က္ယြင္းေနသည္။ အလွ်င္အျမန္ ျဖတ္ေျပာလိုက္သည္။ အဲ့ဒီ အခ်က္ကို သုံးၿပီးေတာ့ ဇူအန္က ငါတို႔ကို လမ္းလြဲေအာင္လုပ္ေနတာပဲ။ သူက ဒီ ေသဆုံးမႈသဲလြန္စ ကို ရည္႐ြယ္ခ်က္ရွိရွိ အတုလုပ္ခဲ့တာ ျဖစ္နိုင္တယ္။ ဒါမွပဲ သူ႕ကိုယ္သူ အျပစ္လြတ္ေအာင္ ႐ုန္းနိုင္မွာေလ

ထိုစကားၾကားေသာအခါ ဇူအန္ ေခါင္းခါလိုက္ရင္း ေမေခ်ာင္ဖုန္း ကို ခပ္ယဲ့ယဲ့ ၾကည့္လိုက္သည္။ မင္းမွာ ဒီေန႕ ဦးႏွောက္ မပါလာဘူးနဲ႕တူတယ္။ အခင္းျဖစ္တဲ့ေနရာမွာ ငါ့ရဲ႕ နာမည္ကို ခ်န္ထားခဲ့ၿပီးေတာ့ ငါ့ကိုယ္ငါ ပထမဆုံး သံသယဝင္ခံရသူ ျဖစ္ေအာင္လုပ္ဖို႔အထိ ငါက စိတ္မႏွံ႕တဲ့ ပုံေပါက္ေနလို႔လား

ခ်ီရီ ေခါင္းၿငိမ့္လိုက္သည္။ ဇူအန္ ေျပာတာ သဘာဝက်တယ္။ ေသဆုံးမႈသဲလြန္စ နဲ႕ ပတ္သက္တဲ့ သံသယေတြလည္း ရွင္းသြားၿပီဆိုေတာ့ သူက လူသတ္သမား ဆိုတဲ့ တိက်ခိဳင္မာတဲ့ သက္ေသ မရွိေတာ့ဘူး။ သခင္ပန္ ဒီအမႈကို ျပန္စုံစမ္းစစ္ေဆးဖို႔ မင္းကို အားကိုးလိုက္မယ္။ လူသတ္သမားကို ေျမလွန္ရွာရမယ္

ပန္ခြၽန္ အနည္းငယ္ ကိုယ္ကိုင္းလိုက္သည္။ ေကာင္းပါၿပီ။ ဒီအမႈရဲ႕ အေျခကို အေကာင္းဆုံးႀကိဳးစား ေဖာ္ထုတ္ပါ့မယ္

ရန္ေဝ့၏ ေသဆုံးျခင္း အမႈ ရပ္နားလိုက္သျဖင့္ အေစာင့္မ်ားသည္ ရန္ေဝ့၏ မိသားစုဝင္မ်ားကို တရား႐ုံးေတာ္မွ လိုက္လံပို႔ေဆာင္ေပးလိုက္သည္။ ရွီခြန္း ဘက္သို႔လွည့္ကာ ဇူအန္ ေျပာလိုက္သည္။ အကယ္ဒမီမွာ ငါနဲ႕ ရန္ေဝ့တို႔ ၿပိဳင္ပြဲ ကို မ်က္ျမင္ေတြ႕ခဲ့တဲ့ လူအေတာ္ေလး ရွိခဲ့တာပဲ။ ဒါေၾကာင့္ သူတို႔အမ်ားစုက ရန္ေဝ့ ဘယ္သန္ျဖစ္တယ္ဆိုတာကို သတိထားမိၾကမွာပဲ။ ဒီလို နေမာ္နမဲ့ အမွားမ်ိဳး သူတို႔ လုပ္ၾကမွာမဟုတ္ဘူး။ ငါ မွတ္မိတာသာ မွန္ကန္တယ္ဆိုရင္ သခင္ေလး ရွီ က ငါတို႔ ၿပိဳင္ပြဲ ၿပီးေတာ့ ေနာက္တစ္ေန႕မွာ အကယ္ဒမီကို ေရာက္လာတာမဟုတ္လား။ ဟ.. ဒါဆိုရင္ လူသတ္သမား က ရန္ေဝ့ဘယ္သန္ဆိုတာကို သတိမထားမိတဲ့ အခ်က္ကို ရွင္းျပလို႔ရၿပီပဲ

ထိုစကားလုံးမ်ားကို ရွီခြန္းက ခ်က္ခ်င္း စိတ္ဆိုးမာန္ဆိုး ေခ်ပလိုက္သည္။ ဇူအန္ မင္းက ငါ့ကို အပုပ္ခ်ရဲတယ္။ ဆရာရန္ေဝ့ရဲ႕ ေသဆုံးမႈမွာ ငါက ဘယ္လိုလုပ္ တရားခံျဖစ္နိုင္မွာလဲ

ဇူအန္ ဟားတိုက္ရယ္လိုက္သည္။ အို ဒါေပမယ့္ မင္းက လူသတ္သမား လို႔ ငါ မေျပာမိပါဘူး။ ဘာျဖစ္လို႔ အရမ္း သြက္လက္ေနရတာလဲ

... ရွီခြန္း

သင္သည္ ရွီခြန္း ထံမွ အမ်က္ပြိုင့္ ၅၂၃ ရရွိလိုက္သည္။

အဲ့ဒီ သူေတာင္းစားကေတာ့။ သတိမထားမိလိုက္တဲ့ အခ်ိန္ေလးအတြင္းမွာ သူ႕ရဲ႕ ေထာင္ေခ်ာက္ထဲ က်သြားေတာ့မလို႔။

ဇူအန္၏ စကားလုံးမ်ားသည္ နားဝင္ဆိုးေနေသာ္လည္း အခ်က္အလက္က်ေနသည္။ အမႈ၏ အမွန္တရားအေၾကာင္း မႈန္ဝါးဝါးအေတြးမ်ားျဖင့္ လူအုပ္က ရွီခြန္း ကို စတင္ လက္ညိုးထိုးလာၾကသည္။

ထိုအရာကို ျမင္ရေသာအခါ ေမေခ်ာက္ဖုန္က သူ၏သခင္အေပၚ စုပုံလာေသာ ဖိအားကို ေျပေပ်ာက္ေစရန္ ရဲရဲဝံဝံ ေရွ႕ထြက္ကာ ေျပာလိုက္သည္။
မင္းက ဆရာရန္ေဝ့ရဲ႕ ေသဆုံးမႈအတြက္ တရားခံမဟုတ္ဘူးဆိုရင္ေတာင္ မက္မြန္းပြင့္ ၁၂၊ ၁၃ တို႔ရဲ႕ ေသဆုံးမႈ နဲ႕ေတာ့ မသက္ဆိုင္စရာအေၾကာင္းမရွိဘူး

ဇူအန္ စိတ္ေအးလက္ေအး ပုခုံးတြန့္လိုက္သည္။ ပါးစပ္ကေန ထုတ္ေျပာေနမယ့္အစား ဘာျဖစ္လို႔ ခိုင္မာတဲ့ သက္ေသတစ္ခ်ိဳ႕ မယူလာရတာလဲ

သက္ေသ မထြက္ဆိုခင္တြင္ ခ်ီရီ ႏွင့္ အျခားသူမ်ားကို ေမေခ်ာက္ဖုန္ အရင္ဆုံး ဦးၫြတ္လိုက္သည္။ လြန္ခဲ့တဲ့ တစ္လ က မက္မြန္းပြင့္ ၁၂ က မင္းနဲ႕အတူ ၿမိဳ႕ကေန ထြက္သြားခဲ့တာကို တစ္စုံတစ္ေယာက္က ျမင္လိုက္တယ္။ ဒါေပမယ့္ အဲ့ဒီေန႕ အဆုံးမွာေတာ့ လျပည့္ၿမိဳ႕ကို ျပန္ေရာက္လာခဲ့တာ မင္းတစ္ေယာက္တည္းျဖစ္ေနတယ္။ ငါတို႔ရဲ႕ စုံစမ္းမႈအရဆိုရင္ မက္မြန္းပြင့္ ၁၂ က ဝံပုေလြေခ်ာက္ ထဲမွာ ေသဆုံးခဲ့တာပဲ။ ၿပီးေတာ့ အဲ့ဒီေန႕မွာပဲ မင္းက နတ္ေဆးဆရာက်ီ  ကို ဘူးလုံး ဆယ္ခု ေပးလိုက္တယ္ဆိုတာကိုလည္း ေတြ႕တဲ့သူေတြရွိတယ္။ ဒါကို ၾကည့္ရင္ ဘူးလုံး တစ္ခ်ိဳ႕ကို ရဖို႔အတြက္ မက္မြန္းပြင့္ ၁၂ က တင္ပါးကြဲဝံပုေလြ ေတြကို ႀကိဳးစား တိုက္ခိုက္ခဲ့တယ္။ မင္းက သူ႕ကို လုပ္ႀကံၿပီးေတာ့ သူ႕ရဲ႕ ဥစၥာကို ခိုးယူခဲ့တယ္လို႔ ေကာက္ခ်က္ခ်နိဳင္တယ္

အထင္ေသးေသာ မ်က္လုံးမ်ားျဖင့္ ဇူအန္ ၾကည့္လိုက္သည္။ အဲ့ဒါက ေကာက္ခ်က္၊ ယူဆခ်က္ ပါလို႔ မင္းရဲ႕ ပါးစပ္ကေန ကိုယ္တိုင္ေျပာေနၿပီးေတာ့။ သက္ေသေရာ။ ဘယ္မလဲ သက္ေသ

ဘူးလုံးေတြက သက္ေသပဲ။ ၿပီးေတာ့ မ်က္ျမင္သက္ေသေတြရဲ႕ ထြက္ဆိုခ်က္ေတြလည္း ရွိေသးတယ္။ ဒီအမႈကို အတြက္ အေကာင္းဆုံး အခ်က္က်က်ရွင္းျပမႈပဲ ေမေခ်ာက္ဖုန္ အသံျပင္းျပင္းေျပာလိုက္သည္။

မေန႕က ႀကိဳးဝိုင္းထဲမွာ ငါ ထုတ္ေဖာ္ျပခဲ့တဲ့ အရည္အခ်င္း နဲ႕ဆိုရင္ ငါ့ဖာသာ တင္းပါးကြဲဝံပုေလြေတြကို အမဲလိုက္ၿပီးေတာ့ ဘူးလုံး စုေဆာင္းနိုင္တယ္။ အဲ့ဒါအတြက္ ငါက ဘာျဖစ္လို႔ မက္မြန္ပြင့္ ၁၂ ကို သတ္ရမွာလဲ။ ၿပီးေတာ့ ငါ့ဘက္မွာလည္း မ်က္ျမင္သက္ေသရွိတယ္။ အဲ့ဒီတုန္းက နတ္ေဆးဆရာက်ီ ရဲ႕ သမီး က်ီေရွာင္ခ်ီ လည္း ငါနဲ႕အတူ ရွိေနခဲ့တယ္။ ဘူးလုံးေတြကို ငါ့ဖာသာငါ စုေဆာင္းယူခဲ့တယ္ဆိုတာကို သူ သက္ေသခံေပးနိုင္တယ္

ဒါဆိုရင္ မင္းတို႔ ႏွစ္ေယာက္ ၿမိဳ႕ကေန အတူတူထြက္သြားတဲ့အခ်က္ကို ဘယ္လို ရွင္းျပနိုင္မလဲ။ ၿပီးေတာ့ မင္း တစ္ေယာက္တည္းျပန္ေရာက္လာတဲ့ အခ်က္ကိုေရာပဲ

ထိုအခိုက္အတန့္တြင္ ေမေခ်ာက္ဖုန္ လုံးဝ ေဒါသျဖစ္ေနသည္။ အျခား လူသတ္မႈသည္ သူတို႔အားလုံး ဖန္တီးထားျခင္းျဖစ္ၿပီး ဇူအန္ကို ေခ်ာက္ခ်ရန္အတြက္ သက္ေသအတုမ်ားကို ေသခ်ာျပင္ဆင္ခဲ့သည္။ ထို႔အျပင္ ထိုအရာမွာ အလြယ္တကူ အလုပ္ျဖစ္မည္ဟု သူတို႔ ထင္ခဲ့ၾကသည္။ ဤေနရာတြင္ ဇူအန္ အမွန္ေျပာေနသည္ကို ယုံၾကည္မည့္သူမရွိဟု ေတြးခဲ့ၾကသည္။
ဒီကမၻာရဲ႕ တရားမမွ်တမႈက ဘာမွားေနတာလဲ။

သင္သည္ ေမေခ်ာက္ဖုန္ ထံမွ အမ်က္ပြိုင့္ ၄၉၇ ရရွိလိုက္သည္။

သူက ထန္ေဝ့ လို႔ေခၚတဲ့တစ္ေယာက္နဲ႕ လမ္းမွာ ေတြ႕ခဲ့ၿပီးေတာ့ အဲ့ဒီလူအေနာက္ကို ေျပးလိုက္သြားခဲ့တယ္။ ဒါေၾကာင့္ ငါတို႔ေတြ လမ္းခြဲခဲ့ရတယ္။ အဲ့ဒီမွာ မွားယြင္းေနတာရွိလို႔လား အျပစ္ကင္းေသာ မ်က္ႏွာျဖင့္ ဇူအန္ ျပန္ေျပာလိုက္သည္။

ငါ သိရသေလာက္ဆိုရင္ ထန္ေဝ့က မက္မြန္ပြင့္ဂိုဏ္းရဲ႕ သစၥာေဖာက္တစ္ေယာက္ပဲ။ ထန္ေဝ့ အေနာက္ကို ေျပးလိုက္ဖို႔ ဇူအန္ နဲ႕လမ္းခြဲခဲ့တယ္ဆိုတာ ျဖစ္နိုင္တယ္ ခ်ဴက်ဳံးထန္စကားလုံးမ်ား ထပ္ျဖည့္ေပးလိုက္သည္။

ပန္ခြၽမ္ လည္း ခ်ီရီကို ေခါင္းၿငိမ့္ျပလိုက္သည္။ ထိုကိစၥကို သူလည္း သိေနသည္ကို ေဖာ္ျပလိုက္သည္။ ထို႔ေၾကာင့္ ခ်ီရီ က စားပြဲေပၚသို႔ အမိန့္သစ္သားတုံး ထုရိုက္ ကာ ေၾကညာလိုက္သည္။ ေကာင္းၿပီ။ ဇူအန္ က လူသတ္သမား ဆိုတာ အတည္ျပဳနိုင္တဲ့ လုံေလာက္တဲ့ သက္ေသမရွိဘူး။ ေနာက္တစ္ခု

ေမေခ်ာက္ဖုန္က ဇူအန္ကို အံႀကိတ္ကာၾကည့္လိုက္သည္။ မင္းရဲ႕ လွ်ာေစာင္းထက္ထက္နဲ႕ ဒီအထိကို ေရာက္လာရင္ ေရာက္လာမယ္။ ဒါေပမယ့္ မက္မြန္းပြင့္ ၁၃ ရဲ႕ ေသျခင္းအတြက္ေတာ့ မင္း ျငင္းဆန္နိုင္မယ့္ နည္းမရွိဘူး

----- ------ ------------------------------------------------------------

Continue Reading

You'll Also Like

49.5K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
260K 24.9K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
381K 25.5K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
735K 41.6K 26
Jk - Possessive type #Warning Cv_ Pinterest