Slaves of Love (အချစ်ရဲ့ကျေးက...

De WuitYee5

13.9K 534 9

အချစ်ဆိုတဲ့ဝေါဟာရအနောက်မှာအတ်တတွေ အမုန်းတွေ သဝန်တိုမှုနဲ့ ရန်ငြိုးဖွဲ့ကလဲ့စားချေမှုတွေဆိုတာဟာ အလိုလိုကပ်ပါလာတ... Mai multe

Intro(Unicode+Zawgyi)
Chapter 1(Unicode+Zawgyi)
Chapter2(Unicode+Zawgyi)
Chapter 3(Unicode+Zawgyi)
Chapter 4(Unicode+Zawgyi)
Chapter 5(Unicode+Zawgyi)
Chapter6(Unicode+Zawgyi)
Chapter 7(Unicode+Zawgyi)
Chapter8(Unicode+Zawgyi)
Chapter9(Unicode+Zawgyi)
Chapter10(Unicode+Zawgyi)
Chapter11(Unicode+Zawgyi)
Chapter 12(Unicode+Zawgyi)
Chapter13(Unicode+Zawgyi)
Chapter 14(Unicode+Zawgyi)
Chapter 15(Unicode+Zawgyi)
Chapter16(Unicode+Zawgyi)
Chapter17(Unicode+Zawgyi)
Chapter18(Unicode+Zawgyi)
Chapter19(Unicode+Zawgyi)
Chapter 20(Unicode+Zawgyi)
Chapter21(Unicode+Zawgyi)
ခက်ခွန်းခ POV(Unicode +Zawgyi)
Chapter22(Unicode+Zawgyi)
Chapter 23(Unicode+Zawgyi)
Chapter24(Unicode+Zawgyi)
Chapter25(Unicode+Zawgyi)
Chapter 26(Unicode+Zawgyi)
Chapter 27(Unicode+Zawgyi)
Chapter28(Unicode+Zawgyi)
Chapter29(Unicode+Zawgyi)
Chapter 30(Unicode+Zawgyi)
Chapter 31(Unicode+Zawgyi)
Episode 32(Unicode+Zawgyi)
Chapter33(Unicode+Zawgyi)
Episode 34(Unicode+Zawgyi)
Chapter35(Unicode+Zawgyi)
Chapter36(Unicode+Zawgyi)
Chapter37(Unicode+Zawgyi)
Chapter38(Unicode+Zawgyi)
Chapter 40(Unicode+Zawgyi)
Chapter41(Unicode+Zawgyi)
Chapter42(Unicode)
Chapter42(Zawgyi)
Chapter43(Unicode)
Chapter43(Zawgyi)
Chapter44(Unicode)
Chapter44(Zawgyi)
Chapter45(Unicode)Final
Chapter45(Zawgyi)Final
Valentine Day's Present Part 1
Valentine Day's Present Part 2
Valentine Day's Present Part 3
Valentine Day's Present Part 4
Hello My Sweet Heart

Chapter39(Unicode+Zawgyi)

186 9 0
De WuitYee5

"မင်းရဲ့ပထမမြောက်ရင်သွေးကအသတ်ခံလိုက်ရတာ...."

"တရားခံဘယ်သူလဲမင်းသိလား...???"

"မောင်..မင်းသိပ်ချစ်ရတဲ့မောင်ဆိုတဲ့လူဘဲ.....သူကိုယ်တိုင်ငါ့ကိုမင်းကလေးကိုသတ်ဖို့ဆေးဝယ်ခိုင်းတာ...မင်းကတော့အဲ့တုန်းကသူတိုက်တာတွေအားဆေးဆိုပြီးသောက်ခဲ့တာ....နောက်တော့..."

"လူတွေကသိပ်ကြောက်ဖို့ကောင်းတယ်.....မင်းကဖြူစင်လွန်းတော့ ခက်ကုန်တာပေါ့ကွာ....."

သူမပြောသွားတဲ့စကားတွေသာကျွန်တော့်နားထဲကြားယောင်နေမိသည်...

မယုံချင်ဘူး...ဟင့်အင်း...မောင်ကအဲ့လိုလုပ်မဲ့လူစားမျိုးမဟုတ်ဘူး...

ဒိကိစ္စတွေကိုသူအသဲအသန်စဉ်းစားနေမိပေမဲ့ ခေါင်းထဲမှာတော့ဗလာနတ္ထိသာ...

မဟုတ်ပါဘူးလို့အတင်းငြင်းချင်ပေမဲ့လည်း လက်ထဲမှာရှိနေတဲ့သက်သေကတော့ ကျွန်တော့်ကိုလှောင်ရယ်နေစဲ....

ကိုယ့်ကိုကိုယ်မညာစမ်းပါနဲ့တော့ခက်ခွန်းခလို့ပြောနေသယောင်....

အကြာကြီးရပ်စောင့်နေမိတာလား..ကျွန်တော့်ကိုယ်ကဘဲပြိုလဲချင်နေတာလားမသိ..ကျွန်တော့်မျက်လုံးတွေပြာလာပြီးမိုက်ခနဲဖြစ်သားချိန်ကျွန်တော့်ပုခုံးကိုလာရောက်ထိန်းကိုင်ပြီး အဆင်ပြေလားမေးလာတဲ့လူတစ်ယောက်....

'ခ...ခလေး..အဆင်ပြေရဲ့လား..??'

'မောင်..မောင်လား...??'

'ခ..သတိထားလေ...အကိုပါ..အကိုရာပြည့်လေ...'

သေချာကြည့်မိတော့မှကိုရာ...

'ဟင်း..စောရီးပါကိုရာ...မောင်ထင်လိုက်လို့....'

'ခ...အဆင်မပြေဘူးလား...'

'မဟုတ်ပါဘူး...'

'ခခင်ပွန်းလာမခေါသေးဘူးလား...'

'အင်း....မလာသေးဘူးလားမသိဘူး...'

'ခ...ခေါင်းမူးနေတာလား...???စောနကမူးလဲမလိုတောင်ဖြစ်သွားတာ...တော်သေးတာပေါ့..အကိုအပြင်ထွက်လာတဲ့အချိန်နဲ့အကိုက်ဖြစ်သားလို့ဝင်ကူလို့ရသွားတာ..ကိုယ့်ဘာသာကိုယ်ဂရုစိုက်မှပေါ့ခရာ....အရင်လိုတစ်ယောက်တည်းမှမဟုတ်တော့တာ...'

'အင်း..ဟုတ်သားနော်ကိုရာ...'

ဗိုက်ကလေးကိုပွတ်ကာ ဝမ်းနည်းရိပ်သန်းနေတဲ့မျက်ဝန်းတစ်စုံနဲ့မြေပြင်ကိုစိုက်ကြည့်ပြီးအသက်မပါသလိုပြောနေတဲ့ ကျွန်တော့်ညီငယ်လေးကိုကြည့်ပြီး ကျွန်တော်စိတ်မောမိသည်...

စောနကဘဲ ကလေးလေးအကြောင်းပြောရင်းပျော်ရွှင်နေတဲ့ခက အခုတော့ရေသေတွေနဲ့ပြည့်နေတဲ့တည်ငြိမ်နေတဲ့ကန်ရေပြင်လို....

'ခ....ခအမျိုးသားလာမခေါခင်အထိ အကို့နားနေခန်းထဲမှာထိုင်စောင့်ချည်..ကြားလား...'

'ဟုတ်...ကိုရာ့ကိုတော့အလုပ်ရှုပ်စေမိပြီ...'

'ဘယ်ကသာ..လာ...အကိုတွဲကူမယ်...'

'ရတယ်ကိုရာ...ကျွန်တော်..ကိုယ့်ဘာသာလျှောက်ကြည့်ပါမယ်..'

'အေး...လာ..ဖြည်းဖြည်း...'

'ကျေးဇူးကိုရာ...'

'အေးပါကွာ........'

ဟင်း...

သက်ပြင်းရှည်ချရင်းသာ ခနောက်ကနေကျွန်တော်လိုက်လာခဲ့မိသည်..

ဘာတွေဖြစ်နေတာလဲလို့လဲကျွန်တော်မမေးမိ..

ခပြောချင်ရင်အကို့ကိုပြောမှာဘဲမလား...

အကိုမေးလိုက်မှခစိတ်အနှောက်အယှက်မဖြစ်စေချင်လို့ပါ...

နားနေခန်းထဲရောက်တော့လည်း ထိုင်နေတာကမလှုပ်မယှက်...

စကားလည်းမပြောသလို အပြင်ပြတင်းပေါက်ကိုသာငေးမြဲငေးနေတဲ့ခ...

ကျွန်တော်ကတော့ အလုပ်စားပွဲမှာfileတွေကြည့်..လူနာမှတ်တမ်းတွေစစ်ရင်းခအရိပ်အချည်သာကြည့်နေမိသည်..

တချက်တချက်ခစီကရှိုက်သံလိုလိုထွက်လာသလို မျက်ရည်စတွေလည်းမျက်ဝန်းမှာဝေ့နေတတ်သည်...

'ကိုရာ...'

ရုတ်တရက် ညီ့ကိုကြည့်နေရင်းသူခိုးလူမိသွားတဲ့ကျွန်တော်ဟာပြာပြာသလဲဘဲအကြည့်ကိုအဝေးကိုလွှဲပစ်လိုက်ရပြီး ခအမေးကိုခပ်သွက်သွက်ပြန်ဖြေရတော့သည်..

'အင်း..ပြော..ပြောလေခ...အကို့ညီလေးဘာဖြစ်လို့လဲ..??'

'ကျွန်တော်..ကျွန်တော်ကိုရာ့ကိုအကူအညီလေးတောင်းချင်လို့....'

'ပြောလေခ...အကိုဘာကူညီပေးရမလဲ...'

'ကျွန်..ကျွန်တော် ဒီstick လေးနားထောင်ချင်တယ်ကိုရာ....ဒါပေမဲ့..တစ်..တစ်ယောက်တည်းနားမထောင်ရဲဘူး...'

'ဟင်....'

'ကိုရာကျွန်တော်နဲ့တူတူနားထောင်ပေးနိုင်မလား...'

'အော်...အင်း..ရ..ရတာပေါ့ခရာ...လာ...အကိုတို့တူတူနားထောင်ရအောင်..'

'အင်း...'

ညီပြောတဲ့အတိုင်းညီဖုန်းလေးထဲstick ထည့်ရင်း ညီနဲ့တူတူအကြောင်းအရာတစ်ခုကိုနားထောင်မိသည်....

ပထမကြားလိုက်ရတာက ညီ့ခင်ပွန်းအသံ...

အဲ့တခဏကျွန်တော်တောင်တွေးမိသေးတယ်...ညီက လူပျိုကြီးကျွန်တော့်ရှေ့မှာခင်ပွန်းရဲ့အသံသွင်းထားတာကိုနားထောင်နေတာများ ကျွန်တော့်ကိုဟားဖို့များလားလို့....ချစ်တတ်လိုက်ကြတာလို့လည်းတွေးမိသေးသည်..

ဒါပေမဲ့ဒီအတွေးတွေဟာတမဟုတ်ချင်းမှာပင် ကြောက်စရာကောင်းလှတဲ့အိမ်မက်ဆိုးတစ်ခုလိုပြောင်းသွားခဲ့ရတာကတော့ ညီရောကျွန်တော်ရောအသိ...

တခြားမဟုတ်ဘူး...မိန်းမတစ်ယောက်ကိုညီ့ခင်ပွန်းကကိုယ်ဝန်ပျက်ကျဆေးဝယ်ခိုင်းနေတာ..

('မောင်....သေချာလို့လား..???'

'ဘာကိုလဲမ..??'

'ကလေးလေးကိုသတ်ဖို့..'

'မ မှားနေပြီ...မရောက်သင့်တဲ့ လူတစ်ယောက်ကိုကျွန်တော်ကစေတနာနဲ့သူရောက်သင့်တဲ့နေရာမှန်ကိုပို့ပေးတာ...ဒါကိုသတ်တယ်လို့မခေါဘူးမ..'

'ဟိုကနားလည်မယ်ထင်လား..မောင်...'

'ခလား..???မလိုပါဘူး..သူသိရင်လည်းကျွန်တော်ကတော့ မရရအောင်အဲ့ကိုယ်ဝန်ကိုဖျက်ချပစ်မှာ......')

'ခ...ညီလေး...'

တကိုယ်လုံးတဆတ်ဆတ်တုန်နေပြီး သူ့အကျီအနားစလေးသူလက်ကလေးနဲ့လုံးချေနေတဲ့ကလေးငယ်...

'ခ.....ခ....'

'ကို..ကိုရာ.....'

'အင်း..အကိုရှိတယ်...'

'ကိုရာကြားတယ်မလား...??'

'.........'

'ကိုရာ..ဖြေပါ..ကျွန်တော်နားကြားမမှားဘူးမလား...???ဟမ်....ဖြေပါကိုရာရာ..ဟင့်...'

'ဟုတ်ပါတယ်..ညီရယ်...ခ..စိတ်လျှော့နော်....'

'မောင်..မောင်က..မောင်ကကျွန်တော့်ကလေးကို..သတ်ဖို့ကြိုးစားခဲ့တယ်....'

'ခ..ကိုရာမေးတာကိုဖြေ..ဒီအသံဖိုင်ကိုညီ့ကိုဘယ်သူပေးတာလဲ..??'

'မောင်လုပ်ရက်တယ်..ဟင့်....'

'အကိုမေးတာကိုဖြေပါဦးညီရယ်..ခ...ခ..'

'ဟား..ဟား...ဘယ်သူဘဲပေးပေးပါကိုရာရာ...အဓိကကဒီအသံဖိုင်နောက်ဆုံးကျွန်တော့်လက်ထဲရောက်နေပြီးအမှန်တရားကိုကျွန်တော်သိနေရပြီဘဲမဟုတ်လား..'

ငိုနေရင်းကနေတဟားဟားထရယ်နေပြန်တယ်ခကိုကြည့်ပြီးကျွန်တော်စိတ်မောရပြန်သည်...

'ခ..'

'ကိုရာ..ကိုရာပြောတယ်မလား..ကျွန်တော်ကအတိတ်မေ့နေတယ်ဆိုပြီး...မောင်..မောင်ကကျွန်တော့်ကိုကျွန်တော်မေ့နေတဲ့အကြောင်းအရာတော်တော်များများကိုတော့ပြောပြပေးတယ်..ဒါတော့မပါဘူး..ဒီအကြောင်းအရာတစ်ခုကလွဲလို့ပေါ့...ဆိုလိုတာက..ဟင့်..ဒီအကြောင်းအရာတွေကအမှန်တရားတွေမို့..သူ..သူကကျွန်တော့်ကိုကွယ်ဝှက်ထားခဲ့တာမလား..ဟင်..ဟုတ်တယ်မလားဟင်...??ဟင့်...'

'...........'

'ကိုရာ..ဟင့်..ပြောပါဦး...ကိုရာရော..ကိုရာရောကျွန်တော့်ကိုမပြောပြပေးနိုင်ဘူးလား...'

ကျွန်တော့်လက်ကိုလှုပ်ကိုင်ကာသူလိုချင်တဲ့အဖြေမရမချင်းမေးနေတဲ့ကလေးငယ်...

'ခ.....ညီ..'

'ဟင့်....ကျွန်တော်..ကျွန်တော်ကသူ့အတွက်ဘာလဲ..???သူကျွန်တော့်ကိုတကယ်မချစ်ဘူးလား..??ဟင်...ဘာလို့..အပြစ်မဲ့တဲ့ကလေးတစ်ယောက်ကိုသူ..သူသတ်နိုင်ရက်တာလဲ..??....'

'ညီ...နားလည်မှုလွဲနေတာတွေရောမဖြစ်နိုင်ဘူးလား..'

'နားလည်မှုလွဲနေတာသာဆိုရင်တော့..အင့်..ဟင့်..သိပ်ကောင်းတာပေါ့ကိုရာရာ...အခုဟာက....အခုဟာက...'

သူ့ရင်ဘတ်ကလေးတဘုန်းဘုန်းထုရိုက်ရင်းငိုနေပြန်တဲ့ခကိုကျွန်တော်ဆက်လွှတ်ထားလို့မရတော့...

လက်ကလေးနှစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး ကျွန်တော်ဖက်ထားပေးလိုက်သည်..နောက်ကျောလေးကိုလက်တစ်ဖက်နဲ့ပွတ်ပေးရင်းချော့မြူမိသည်...

'ကိုရာ...ဟင့်..ကိုရာသိတယ်မလား..ကျွန်တော့်ပထမကလေးအကြောင်းကို....ဟင့်..အင့်....ကျေးဇူးပြုပြီးကျွန်တော့်ကလေးအကြောင်းကိုပြောပြပေးပါလားဟင်....'

'ဟင်း....'

'ကိုရာ....ကျွန်တော့်ကိုသနားရင် ကိုရာသိထားတဲ့အကြောင်းကိုပြောပြပါ...ကျွန်တော်တောင်းပန်ပါတယ်..ဟင့်..အင့်..တကယ်ကိုတောင်းပန်ပါတယ်ဗျာ...'

'အေး..အေးပါခရယ်..အကိုပြောပြပါ့မယ်....အမှန်တော့ ခကအကိုနဲ့တိုင်ပင်ပြီးကိုယ်ဝန်ဆေင်ဖို့ကိစ္စကိုလုပ်ခဲ့တာ..အဲ့တုန်းကအကိုနဲ့ခကတစ်ယောက်နဲ့တစ်ယောက်အမျိုးတွေမှန်းမသိသေးဘူးလေ...ခကကိုယ်ဝန်ဆောင်ချင်တယ်ဆိုတာနဲ့ အကိုခကိုဆေးတွေသောက်ခိုင်းဆေးထိုးခိုင်းတာတွေလုပ်ပေးခဲ့တာ...အင်း...နောက်နှစ်လလောက်ကြာရောခကိုယ်ဝန်စရှိလာတာဘဲ....အကို့စီခကပုံမှန်လာပြီးဆေးစစ်တယ်...နောက်တော့ ခအကို့စီရောက်မလာတော့ဘူး...တစ်လလောက်လည်းကြာရော ခဆေးရုံကိုရောက်လာခဲ့တယ်...ကိုယ်ဝန်ပျက်ကျပြီးပေါ့....ကျန်တာတွေအကိုမသိဘူးခ...အကိုသိတာကတော့ဒီလောက်ဘဲ....'

'ဟင့်..အင့်..အီး..ဟီး..ကျွန်တော့်ကလေး..ဟင့်..ကလေးလေး..သနားပါတယ်...'

'မငိုပါနဲ့ခရယ်..ညီငိုတော့ကလေးလေးလည်းဘယ်စိတ်ကောင်းနိုင်ပါ့မလဲ....'

'က..ကလေး..??ကိုရာ..ဟင့်..ကျွန်တော်..ကျွန်တော်ကြောက်တယ်...ကျွန်တော်သူ့နားမှာမနေရဲတော့ဘူး...သူကျွန်တော့်ကလေးလေးကိုတစ်ခုခုထပ်လုပ်လိုက်မှာ..ကြောက်တယ်....ကျွန်တော်..ထွက်ပြေးရမယ်...'

'ညီ...ညီ..စိတ်လျှော့လေ...'

'ဟင့်..ဟင့်အင်း...လွှတ်ကိုရာ..သူခဏနေရောက်လာလိမ့်မယ်...သူအဲ့ကြကျွန်တော့်ကိုပြန်ခေါသွားတော့မှာ...ကျွန်တော်မလိုက်ချင်ဘူး..အီး...ဟီး..ကလေးလေးကိုအထိခိုက်မခံနိုင်ဘူး..ကျွန်တော်ကြောက်တယ်..ကျွန်တော်....'

'ခ...ခ....'

ကျွန်တော်လက်တွေကိုအတင်းဖယ်ပြီးအခန်းထဲကပြေးထွက်ဖို့လုပ်နေတဲ့ကလေးနောက်ကိုကျွန်တော်ပြေးလိုက်မိသည်...

အရမ်းလျှင်လွန်းတဲ့ကလေးဟာကျွန်တော်သူ့စီမရောက်ခင်မှာဘဲ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပါတော့သည်...

'ခ......ဒါဘယ်ကိုသွားမလို့လဲ....??'

'‌ေ...မ...ာ....င်........မောင်....'

မောင့်ကိုတွေ့တော့ ကျွန်တော်ကြောက်လန့်တကြားနဲ့ခြေလှမ်းတွေကိုသူ့စီကနေဝေးရာ..နောက်သို့သာဆုတ်မိပြန်သည်...

'ခ....ဘာဖြစ်နေတာလဲ...??'

'ဟင့်အင်း....ဟင့်အင်း....'

သူ့ကိုကြည့်ပြီးတုန်လှုပ်နေပုံရတဲ့ခကိုကျွန်တော်ကြောင်ပြီးကြည့်နေမိသည်..

'ခ....မောင့်စီလာပါဦး...'

'ဟင့်အင်း.....'

'ခ.........'

'ခ....ညီလေးရှိုင်းခေါနေတယ်သွားလေ...'

'ခ....မောင်ခေါနေတယ်လေကွာ..ခဘာဖြစ်နေတာလဲ..??..'

'ဟင့်..အင်း.....'

'ကိုရာပြည့်...ခဘာဖြစ်နေတာလဲ..??'

'အကိုကဘေးလူပါ...ဒီကိစ္စကမှာအကိုပါလို့မကောင်းဘူး....ညီတို့နှစ်ယောက်ပွင့်ပွင့်လင်းလင်းဆွေးနွေးကြည့်သင့်တယ်ထင်တယ်..ခကိုခေါသွားလိုက်ပါ....သေချာဂရုစိုက်ပေးပါညီ...ဖြစ်ပြီးခဲ့တာတွေအတွက်အကိုဘာမှမပြောချင်ဘူး....ခေါသွားလိုက်ပါ...ခ....လိုက်သွားနော်...ဘာမှမကြောက်နဲ့နော်..ခဘက်မှာအကိုရှိတယ်....'

'ခ...လာ..မောင်နဲ့လိုက်ခဲ့...မောင်တို့ပြန်ရအောင်....'

'ပြန်မယ်..??ငါမင်းနဲ့မလိုက်ဘူး...ဟင့်အင်း...မလိုက်နိုင်ဘူး...ဟင့်...'

'ခ...ခဘာဖြစ်နေတာလဲ..??'

'ကြောက်တယ်..ကြောက်တယ်....ဟင့်..မလိုက်ချင်ဘူး....'

'ခ...ခ...မောင်တို့စကားပြောကြရအောင်...နော်...ခဘာဖြစ်နေတာလဲမောင့်ကိုပြောပြလေနော်...'

'မလိုက်ဘူး...မလိုက်ချင်ဘူး...'

'ခ..တောင်းပန်ပါတယ်...မောင်နဲ့လိုက်ခဲ့နော်...'

ကျွန်တော်လည်းမတတ်သာတော့ဘဲ ကျွန်တော့်လက်ထဲကနေရုန်းကန်နေတဲ့ခလက်ကလေးကိုအတင်းဆွဲခေါကာ ကားစီကိုခေါသွားဖို့လုပ်မိတော့သည်...

'လွှတ်...ငါ့လက်ကိုလွှတ်....ဟင့်...'

'ခ..ခဘာဖြစ်နေတာလဲ...??မောင့်ကိုပြောဆိုတော့လည်းမပြောဘူး....ခဘာဖြစ်ချင်နေတယ်ဆိုတာပြောမှမောင်ကလိုက်ဖြည်းဆည်းပေးလို့ရမှာပေါ့.....'

'မသိဘူး...အား..ကြားလည်းမကြားချင်ဘူး..ဟင့်..ဟင်း...'

စိတ်လျှော့ချလိုက်ပုံပေါက်တဲ့ခဟာကျွန်တော့်လက်ထဲမှာဘဲပျော့ခွေကျလာတော့သည်...

'ခ...ခ.....ကိုရာပြည့်...ခ..ခကိုကြည့်ပေးပါဦး...'

'ဘာမှစိုးရိမ်စရာမရှိဘူး...စိတ်ဖိစီးမှုများနေလို့ညီ....'

'ဒါဆိုကျွန်တော်သွားမယ်..ညဘက်တစ်ခုခုဆို...'

'၇တယ်...အကို့ကိုဖုန်းဆက်....တစ်ခုဘဲပြောပါရစေ...သူမလုပ်ချင်တဲ့အရာကိုအတင်းမလုပ်ခိုင်းပါနဲ့..သူစိတ်ကျေနပ်အောင် ညီ့ဘက်ကဘာမဆိုလိုက်လျောပေးပါ....နာကြင်မှုဆိုတာကျင့်သားရနေတဲ့ခကို ညီထပ်ပြီးနာကြင်မှုတွေမပေးသင့်ဘူး...ဒီတစ်ခေါက်ညီ့ဘက်ကနေ ခကိုနာကြင်အောင်လုပ်ခဲ့ရင် အကိုညီလေးကိုခေါပြီးဟိုးအဝေးကြီးကိုထွက်သွားလိုက်မှာ...အဲ့တာကိုမှတ်ထားညီ...'

'ဟင်း....သွားမယ်....'

'အင်း....'

------------------------------

အိမ်ရောက်တော့လည်းသတိမလည်သေးတဲ့ခကိုကျွန်တော်ဘဲပွေ့ချီပြီးအခန်းထဲကကုတင်ပေါမှာလှဲစေလိုက်သည်...

ကြီးမေကိုလည်းစိတ်မပူဖို့ပြောပြီးစိတ်ချလက်ချအိပ်ဖို့ပါမှာခဲ့လိုက်သည်...

ကုတင်ပေါကခကိုကြည့်တော့ သတိမရသေးတာကြောင့် ညစ်နေတဲ့စိတ်အစုံကို ပြေလိုပြေငြားရေချိုးဖို့ လုပ်ရပြန်သည်....

ရေချိုးအဝတ်အစားလဲနေတုန်းကုတင်ပေါက အင့်ကနဲအသံကြားတာကြောင့်လှည့်ကြည့်မိတော့ ခ.....

'ခ....မောင့်အသဲလေးနိုးပြီလား...??'

'အနားမလာနဲ့...'

'ခ....'

'မင်းငါ့ကိုဘယ်အချိန်ထိဖုံးကွယ်ထားဦးမှာလဲ..??'

'ဟမ်...'

'ဖုန်း...ဖုန်း..ငါ့ဖုန်းရော...??'

'ဒီမှာလေခ..ဘာဖြစ်လို့လဲ...??'

'ဒါလေးနားထောင်ကြည့်ပါဦး....'

အသံဖိုင်တစ်ခုကိုဖွင့်ပြလိုက်တော့ သူကတအံ့တဩနဲ့ကျွန်တော့်လက်ထဲကဖုန်းကိုဆွဲလုပြီးအတင်းပိတ်ပြန်သည်...

'ခ...ဒါ..ဒါကိုဘယ်ကရတာလဲ...??'

'ဘယ်ကရတာလဲမမေးခင်..ဒီအကြောင်းအရာကတကယ်ပါဆိုတာကိုဘာလို့ဝန်မခံချင်ရသေးတာလဲ..ဟင်...'

'မဟုတ်ဘူး...'

'မောင်...ခကိုကြည့်ပြီးအဲ့တာတွေကအလိမ်ညာတွေပါလို့ပြောလိုက်ပါလားဟင်...ခယုံချင်မိတယ်..မောင်..'

'မောင်..မောင်တမင်ဖုံးကွယ်ထားတာမဟုတ်ဘူး...'

'ဘာလဲ..??မင်းငါ့ကိုအရူးလုပ်ခဲ့တာလား...ဟင်..'

'မောင်တောင်းပန်ပါတယ်ခ....မောင်....မောင်ခကလေးလေးကိုသတ်ဖို့ကြိုးစားခဲ့တယ်ဆိုတာမှန်ပေမဲ့ မောင်အဲ့တုန်းက ခလွယ်ထားတဲ့ကလေးကိုတခြား..တခြားသူနဲ့ရတဲ့ကိုယ်ဝန်လို့......'

'ဖြောင်း..!!'

ကျွန်တော်စိတ်မထိန်းနိုင်ဘဲသူ့ပါးကိုရိုက်ချမိသည်.....

'မင်း..မင်းငါ့ကိုဘယ်လိုလူလို့သတ်မှတ်ထားတာလဲ...??မင်းမျက်လုံးထဲမှာငါကအဲ့လောက်ဘဲအပေါစားဆန်နေသလား..ဟင့်...'

'မဟုတ်ဘူးခ...မဟုတ်ဘူး....'

'ဒါဆိုမင်းဘာလို့ငါ့ကိုဖုံးကွယ်ထားတာလဲ..ဟင်...'

'မောင်ရှင်းပြပါရစေခ....'

'ငါ့ကိုမင်းညာတယ်..အရင်တုန်းကလည်းညာခဲ့မှာဘဲ..မင်းတစ်ယောက်ကိုဘဲချစ်ပြီးမင်းတစ်ယောက်တည်းအတွက်တစ်ကမ္ဘာတည်ဆောက်ထားတဲ့ငါ့..ငါ့ကို..မင်း..မင်းမို့..ဟင့်....ဒါတွေထားဦး...မင်း..မင်းဘာလို့..ဘာလို့အပြစ်မရှိတဲ့ကလေးကိုမှသတ်ဖို့လုပ်ရတာလဲ...ဟင်....ငါ့ကိုဖြေပါဦး..မင်း..မင်းကလေးကိုမင်းသတ်လိုက်တော့ မင်းဘာရလိုက်လဲလို့....ဟင့်..အင့်....လူယုတ်မာရဲ့...'


'မောင်တောင်းပန်ပါတယ်ခ....မောင်ခကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်...နော်...မောင်မှားခဲ့တဲ့အမှားတွေကိုခခွင့်လွှတ်ပေးပါ..မောင့်ကိုတစ်ခါလောက်ဘဲထပ်ပြီးယုံကြည်ပေးပါလား...'

'ဟက်..ဘာလဲ....ငါကယုံကြည်ပေးလိုက်ရင်လည်းမင်းကငါ့ကလေးကိုသတ်ဖို့ကြိုးစားဦးမလို့လား...'

'မဟုတ်တာခရာ...ခဗိုက်ထဲကကလေးလေးကမောင့်ကလေးဘဲကို...'

'မထိနဲ့..ငါ့ဗိုက်ကို.....'

'ခ....'

'မင်းကိုရွံ့တယ်.....မင်းကို...ကြောက်တယ်.....မင်းအနားမှာရှိနေရင် ငါရောကလေးလေးရောလုံခြုံမှာမဟုတ်ဘူး...'

'ခ.....မောင့်ကိုမထားခဲ့ပါနဲ့ကွာ..မောင်ခမရှိဘဲမနေနိုင်ဘူး...'

'ငါမင်းအနားမှာဆက်မနေနိုင်ဘူး...အထူးသဖြင့် ကိုယ့်ကလေးကိုကိုယ်သတ်ပြီးသွေးစွန်းနေတဲ့မင်းရဲ့လက်တွေအနားမှာပေါ့...'

'မဟုတ်ဘူး...ခ....မောင်....မောင်....'

'တော်ပါတော့...ငါ့ကိုမဆွဲထားပါနဲ့တော့....ငါကြောက်လို့ပါ.....'

'ဘယ်သူလဲ...??ခကိုဒီအသံဖိုင်ပို့ပေးလိုက်တာဘယ်သူလဲ....??ဟိုမိန်းမမလား...??'

'ဘာလဲ..???မင်းကသူဆိုရင် လူထပ်သတ်ဦးမလို့လား...??'

'ဟင့်အင်း...မောင်...မောင်....'

'ငါ့ကိုမင်းချစ်လား...??'

'မေးစရာလိုသေးလို့လားခရာ...'

'ငါ့ကိုချစ်ရင်..ငါ့ကိုလက်လွှတ်ပေး...'

'ခ....မရဘူး..မဖြစ်နိုင်တာ...'

'မင်းအတ္တအတွက်ဘဲမင်းကြည့်နေသေးတုန်းလား...??ငါတောင်းပန်ပါတယ်..အင့်..ငါဟောဒီလိုမင်းကိုရှိခိုးပြီးတောင်းပန်ပါတယ်....'

'ခ..ဟင့်အင်း...ခဘယ်လောက်ဘဲတောင်းပန်တောင်ပန်..မောင်ခကိုလက်မလွှတ်နိုင်ဘူးခ....'

'မင်းသေချာလား.....??'

'အင်း..မောင်ကတော့ခထွက်သွားမယ်ဆိုရင်တောင်မရရအောင်တားရမှာဘဲ..'

'ဒါဆိုလည်း....ဆောရီးဘဲ....'

'ခွမ်း....ခလွမ်း....'

'အား....!!'

သူ့ခေါင်းကိုအနားကပန်းအိုးနဲ့ရိုက်ချလိုက်ပြီး အိမ်ပေါထပ်ကနေပြေးထွက်လာခဲ့သည်....

သူကျွန်တော့်နာမည်ခေါနေပေမဲ့ ကျွန်တော်လှည့်မကြည့်မိ...

ကျွန်တော်လှေခါးအောက်ခြေနားရောက်ခါနီးသူက ယိုင်တိုင်တိုင်နဲ့ အခန်းထဲကနေထွက်လာတာကိုလှမ်းမြင်လိုက်ရသည်...

အခန်းနံရံကိုလက်တစ်ဖက်ကထောက်ထားပြီး နောက်လက်တစ်ဖက်က သွေးထွက်နေတဲ့ခေါင်းကိုဖိကိုင်ထားတာကိုလည်းတွေ့တယ်...

'ခ....မောင့်ကိုထားမသွားပါနဲ့..'ဆိုတဲ့တိုးသဲ့သဲ့ ပြောသံကိုလည်းကြားမိတယ်...

သို့သော်...ကျွန်တော်ကတော့ သူ့ကိုကျောပေးရက်ဘဲသူရှေ့ကနေထွက်သွားမိသည်....

'ဝုန်း..'ဆိုတဲ့ပြုတ်ကျသ့ကြားလိုက်ရတော့ကျွန်တော်ထိတ်လန့်စွာနဲ့အနောက်ကိုလှည့်ကြည့်မိသည်...

ကြမ်းပြင်ပေါပုံရက်သားလဲနေတဲ့သူ့ကိုတွေ့လိက်ရတော့ ခြေလှမ်းတွေက သူ့အလိုလိုရပ်တန့်သွားကာသူ့ကိုမော့ကြည့်မိသည်....

'ခ!!!!!အ့.....'

'သားရှိုင်း...အိး..ခေါင်းမှာလည်းသွေးတွေ...ဘယ်လိုဖြစ်ရတာလဲ...???'

'ကြီး..ကြီးမေ....ခ...ခကိ..အ့..တားပေး....ပါ..ဦး...'

'ဟမ်.....'

ကျွန်မအောက်ကိုငုံ့ကြည့်မိတော့ စိုးရိမ်မျက်လုံးတွေနဲ့ကျွန်မတို့ကိုကြည့်နေတဲ့သားငယ်...

'သားငယ်လေး....'

'ကြီးမေ...သား..သားကိုမတားပါနဲ့..သားကိုထွက်သွားခွင့်ပြုပါ...သားကိုတားရင် ကြီးမေကိုသာမုန်းမိလိမ့်မယ်....'

'သားငယ်လေး..ပြဿနာဖြစ်ရင်လည်းသွေးအေးအေးနဲ့ဖြေရှင်းကြလေကွယ်...အခုလိုကြတော့..အဲ့တာကထားဦး....သား..သားအခုလိုမပေါ့မပါးနဲ့ဘယ်တွေလျှောက်သွားဦးမလို့လဲ....'

'သူနဲ့ဝေးတဲ့ဘယ်နေရာမဆိုသားအတွက်အဆင်ပြေတယ်...ကြီးမေ....ကလေးအတွက်လည်းအန္တရာယ်ကင်းတာမို့...'

'ဘာတွေလဲသားငယ်လေးရယ်...'

'သား..သားဒီနေရာကနေ ကြီးမေကိုဂါရဝပြုပါရစေကြီးမေ...'

ပြောပြီးတာနဲ့ သားလေးဟာ ကျွန်မကိုဦးသုံးကြိမ်ချပြီးအိမ်ထဲကနေထွက်သွားတော့သည်...

'သား...သားလေး...'

ကျွန်မဝမ်းနည်းမျက်ရည်ကျမိပြန်သည်...

သားလေးရယ်....

ထိုအချိန် ကျွန်မလက်ထဲကသားရှိုင်းဟာ ယိုင်ထိုးနေတဲ့ကိုယ်နဲ့အတင်းထဖို့ကြိုးစားပြန်သည်..

'သားရှိုင်း..'

'ကြီးမေ..ဘာလို့မတားတာလဲ....??ခ..ခထွက်သားနေပြီလေ....'

'ကြီးမေသိတယ်..သားငယ်လေးကိုခဏတော့လွှတ်ထားပေးသင့်တယ်သား....'

'ဟင့်အင်း...ကျွန်တော်လွှတ်ပေးလိုက်ရင် ခကကျွန်တော့်ဘဝထဲကပျောက်ကွယ်သွားရင်ရော...ကျွန်တော့်ကမ္ဘာကြီးထဲကအပြီးတိုင်ထွက်သွားရင်ရော...မရဘူး..ခကိုပြန်ခေါရမယ်..ပြီးတော့ ကျွန်တော့ကလေးလေး..ခဗိုက်ထဲကကလေးလေးလည်း....'

'သားရှိုင်း.....ကြီးမေတို့သာအခုချိန်သားလေးကိုသာလိုက်ခေါရင် ..အဲ့တော့မှသားလေးကသားဘဝထဲက အပြီးတိုင်ထွက်သွားဖို့လုပ်တော့မှာ....သားရှာမတွေ့နိုင်တဲ့ဟိုးအဝေးကြီးကိုထွက်သွားရင်ရော...အဲ့ကြမှဒုက္ခတွေများကုန်ပါမယ်ကွယ်...'

'ဟင့်အင်း....အ့.....'

ကျွန်တော့်ရင်ထဲမှာလည်းအပူမီးတွေဝေနေသလို ထိုအချိန်မှာဘဲရုတ်တရက်ထရွာချတဲ့မိုး...

အညှိုးကြီးစွာရွာနေတဲ့မိုးအပြင် လျှပ်စီးသံတွေကလည်းခဏခဏဟိန်းနေအောင်ကြားရပြန်သည်...

ရွာနေတဲ့မိုးကိုကြည့်ပြီးကျွန်တော်ခကိုစိတ်ပူမိသည်...

ခများတစ်ခုခုဖြစ်သွား၇◌င်ဆိုတဲ့စိတ်နဲ့တင် ကျွန်တော်သေလို့ရနေပြီ..

နာကြင်နေတဲ့ခေါင်းကိုအတင်းလက်နဲ့ဖိကိုင်ရင်း ကိုယ်ကမဟန်နိုင်တော့...

ဘေးပတ်ဝန်းကျင်ကအရာအားလုံးချာလပတ်လည်လည်နေပြန်သည်...

နောက်ဆုံး ဘာဆိုဘာမှမမြင်ရတော့ဘဲ ကျွန်တော်ခဏတာအိပ်ပျော်သွားခဲ့သည်ထင်ပါရဲ့....

နှုတ်ကတော့ ခနာမည်ကိုသာအော်ခေါနေမိသည်...

ခ..မောင်ခေါတာများကြားရင် ပြန်လာရင်လာလိမ့်မယ်ဆိုတဲ့အသိနဲ့...

မောင်အတ္တကြီးခဲ့မိတာတွေအတွက်တောင်းပန်ပါတယ်ခ...

မောင့်ကိုထားပြီးအဝေးကိုပြေးထွက်မသွားပါနဲ့အသဲရာ....

မင်းမရှိဘဲမနေနိုင်တာမင်းအသိဘဲကိုကွာ...

Another day without your smile

(မင်းအပြုံးတွေမရှိတော့တဲ့ တစ်နေ့)

Another day just passes by

(အဲ့နေ့ကို အသက်မပါသလို ဒီတိုင်းဖြတ်သန်းရင်း)

But now I know how much its mean

(အခုတော့ မောင်သိလိုက်ရပြီ...မင်းမောင့်နားမှာရှိခဲ့တဲ့အချိန်တွေဟာမောင့်အတွက်ဟာဘယ်လောက်အရေးပါလဲဆိုတာကိုပေါ့..)

For you to stay right here with me

(မင်းကတော့ မောင့်အနားလေးမှာဘဲနေပေး)

The time we spent apart

(မောင်တို့နှစ်ယောက် ခွဲပြီးနေခဲ့ကြရတာက)

Will make our love grow stronger

(မောင်တို့အချစ်တွေကိုပိုခိုင်မြဲအောင်လုပ်ပေးနိုင်လိမ့်မယ်)

But it hurts so bad I can't take it any longer

(ဒါပေမဲ့မင်းနဲ့မောင်ခွဲပြီးနေခဲ့တုန်းကအချိန်တွေကိုပြန်တွေးကြည့်လိုက်တိုင်းအရမ်းနာကြင်ရတယ်...အခုထက်ထိတောင်မောင်ဘယ်လိုမှ လက်မခံနိုင်သေးဘူး..)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

I wanna die lying in your arms

(မောင်မင်းလက်ထဲမှာဘဲ မောင့်နောက်ဆုံးထွက်သက်ကိုကုန်ဆုံးချင်တယ်)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

I wanna be looking in your eyes

(မင်းရဲ့မျက်လုံးတွေကိုကြည့်ရင်း...)

I wanna be there for you

(မင်းလိုအပ်တဲ့အချိန်မင်းအနားမှာရှိချင်မိတယ်...)

Sharing everything you do

(မင်းလုပ်ချင်တာမှန်သမျှတူတူကူလုပ်ပေးရင်းပေါ့...)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

A thousand miles between us now

(အခုတော့ မင်းနဲ့မောင့်ကြားမှာ မိုင်ထောင်ပေါင်းများစွာဝေးနေခဲ့ပြီလား....)

It causes me to wonder how

(ဘာကြောင့်လဲ..ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာကိုမောင်သိချင်မိတယ်ခရယ်..)

Our love tonight remains so strong

(ဒီနေ့ညတော့မောင်တို့ရဲ့အချစ်တွေခိုင်မြဲစွာတည်ရှိနေမယ်လို့မောင်ယုံကြည်တယ်ခ...)

It makes our risk right all along

(အဲ့လိုသာဆိုရင်ပေါ့...မောင်ကျေနပ်တယ်...မောင်တို့စွန့်လွှတ်ခဲ့ရတာတွေကိုမောင်တို့အချစ်ကကုစားပေးလိမ့်မယ်လို့...နည်းနည်းချင်းနဲ့ဖြည်းဖြည်းစီပေါ့...)

The time we spent apart

(မောင်တို့နှစ်ယောက် ခွဲပြီးနေခဲ့ကြရတာက)

Will make our love grow stronger

(မောင်တို့အချစ်တွေကိုပိုခိုင်မြဲအောင်လုပ်ပေးနိုင်လိမ့်မယ်)

But it hurts so bad I can't take it any longer

(ဒါပေမဲ့မင်းနဲ့မောင်ခွဲပြီးနေခဲ့တုန်းကအချိန်တွေကိုပြန်တွေးကြည့်လိုက်တိုင်းအရမ်းနာကြင်ရတယ်...အခုထက်ထိတောင်မောင်ဘယ်လိုမှ လက်မခံနိုင်သေးဘူး..)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

I wanna die lying in your arms

(မောင်မင်းလက်ထဲမှာဘဲ မောင့်နောက်ဆုံးထွက်သက်ကိုကုန်ဆုံးချင်တယ်)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

I wanna be looking in your eyes

(မင်းရဲ့မျက်လုံးတွေကိုကြည့်ရင်း...)

I wanna be there for you

(မင်းလိုအပ်တဲ့အချိန်မင်းအနားမှာရှိချင်မိတယ်...)

Sharing everything you do

(မင်းလုပ်ချင်တာမှန်သမျှတူတူကူလုပ်ပေးရင်းပေါ့...)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

Things can come and go I know,but

(မောင်သိတယ်...အရာရာတိုင်းက ကိုယ့်ဘဝထဲဝင်လာပြီးရင် တချိန်ကြရင်တော့ ကိုယ့်နားကပြန်ထွက်သွားကြတယ်ဆိုတာ...)

Baby I believe

(ဘေဘီ....မောင်ယုံတယ်...)

Something's burning strong between us Makes it clear to me

(မောင်တို့နှစ်ယောက်ကြားကခိုင်မာတဲ့အချစ်တွေကမောင့်ကိုခနဲ့ဝေးသွားမှာစိတ်မပူဖို့ ရှင်းရှင်းလင်းလင်းသိစေခဲ့တယ်..)

But it hurts so bad I can't take it any longer

(ဒါပေမဲ့မင်းနဲ့မောင်ခွဲပြီးနေခဲ့တုန်းကအချိန်တွေကိုပြန်တွေးကြည့်လိုက်တိုင်းအရမ်းနာကြင်ရတယ်...အခုထက်ထိတောင်မောင်ဘယ်လိုမှ လက်မခံနိုင်သေးဘူး..)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

I wanna die lying in your arms

(မောင်မင်းလက်ထဲမှာဘဲ မောင့်နောက်ဆုံးထွက်သက်ကိုကုန်ဆုံးချင်တယ်)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

I wanna be looking in your eyes

(မင်းရဲ့မျက်လုံးတွေကိုကြည့်ရင်း...)

I wanna be there for you

(မင်းလိုအပ်တဲ့အချိန်မင်းအနားမှာရှိချင်မိတယ်...)

Sharing everything you do

(မင်းလုပ်ချင်တာမှန်သမျှတူတူကူလုပ်ပေးရင်းပေါ့...)

I wanna grow old with you

(မောင်မင်းနဲ့တူတူအိုမင်းသွားချင်တယ်...)

မောင့်စီပြန်လာခဲ့ပါ မောင့်အသဲအသက်ရာ...

ခ.......

မင်းမရှိရင်မောင်အသက်ဆက်မရှင်နိုင်လို့ပါ.....

To Be Continued

------------------------------------------------------

Zawgyi











'ခ...ခလေး..အဆင်ပြေရဲ့လား..??'

'မောင်..မောင်လား...??'




'ခ...အဆင်မပြေဘူးလား...'

'မဟုတ်ပါဘူး...'











'အေး...လာ..ဖြည်းဖြည်း...'

'ကျေးဇူးကိုရာ...'

'အေးပါကွာ........'

ဟင်း...









'ကိုရာ...'






'ဟင်....'



'အင်း...'






('မောင်....သေချာလို့လား..???'

'ဘာကိုလဲမ..??'

'ကလေးလေးကိုသတ်ဖို့..'




'ခ...ညီလေး...'


'ခ.....ခ....'

'ကို..ကိုရာ.....'

'အင်း..အကိုရှိတယ်...'

'ကိုရာကြားတယ်မလား...??'

'.........'





'မောင်လုပ်ရက်တယ်..ဟင့်....'




'ခ..'


'...........'



'ခ.....ညီ..'







'ဟင်း....'






'ညီ...ညီ..စိတ်လျှော့လေ...'


'ခ...ခ....'




'ေ...မ...ာ....င်........မောင်....'


'ခ....ဘာဖြစ်နေတာလဲ...??'

'ဟင့်အင်း....ဟင့်အင်း....'


'ခ....မောင့်စီလာပါဦး...'

'ဟင့်အင်း.....'

'ခ.........'



'ဟင့်..အင်း.....'





'ခ...ခဘာဖြစ်နေတာလဲ..??'














'ဟင်း

'ဟင်း....သွားမယ်....'

'အင်း....'

------------------------------






'အနားမလာနဲ့...'

'ခ....'


'ဟမ်...'





'ခ...ဒါ..ဒါကိုဘယ်ကရတာလဲ...??'


'မဟုတ်ဘူး...'





'ဖြောင်း..!!'



'မဟုတ်ဘူးခ...မဟုတ်ဘူး....'


'မောင်ရှင်းပြပါရစေခ....'






'မထိနဲ့..ငါ့ဗိုက်ကို.....'

'ခ....'




'မဟုတ်ဘူး...ခ....မောင်....မောင်....'




'ဟင့်အင်း...မောင်...မောင်....'

'ငါ့ကိုမင်းချစ်လား...??'



'ခ....မရဘူး..မဖြစ်နိုင်တာ...'



'မင်းသေချာလား.....??'


'ဒါဆိုလည်း....ဆောရီးဘဲ....'

'ခွမ်း....ခလွမ်း....'

'အား....!!'









'ခ!!!!!အ့.....'



'ဟမ်.....'


'သားငယ်လေး....'




'ဘာတွေလဲသားငယ်လေးရယ်...'



'သား...သားလေး...'


သားလေးရယ်....


'သားရှိုင်း..'





'ဟင့်အင်း....အ့.....'





















The time we spent apart














I wanna be there for you














The time we spent apart














I wanna be there for you








Baby I believe

(ဘေဘီ....မောင်ယုံတယ်...)













I wanna be there for you







ခ.......

မင်းမရှိရင်မောင်အသက်ဆကမရှင်နိုင်လို့ပါ.....

To Be Continued

------------------------------------------------------

Continuă lectura

O să-ți placă și

1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10K 857 19
Kim Gyu Vin & Han Yujin ချစ်လို့
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
40.8M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...