တိမ်တွေပြိုသည်ရှိခဲ့သော/ တိမ...

By AkiPo19

23.4K 2K 178

စာပြန်မစစ်ရသေးသောကြောင့်စာလုံးပေါင်းအနည်းငယ်မှားနေနိုင်ပါသည်။ စာျပန္မစစ္ရေသးေသာေၾကာင့္စာလံုးေပါင္းအနည္းငယ္မွာ... More

Ep1
Ep1
Ep2
Ep 2
Ep3
Ep3
Ep 4
Ep4
Ep 5
Ep 6
Ep7
Ep 8
Ep 9
Ep 10
Ep 11
Ep12
Ep 13
Ep 14
Ep15
Ep 16
Ep 17
Ep 18
Ep19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44
Ep 45
Ep 46
Ep 47
Ep 48
Ep 49
Ep 50
Ep 51
Ep 52
Ep 53
Ep 54
Ep 55
Ep 57
EP 58
EP 59
EP 60
Ep 61
Ep 62
Ep 63
Ep64(Final)
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

Ep 56

180 23 8
By AkiPo19

Unicode

ဆရာလေးနှင့်ရန်ဖြစ်တဲ့နေ့ကစပြီးယခုချိန်ထိ စကားမပြောဖြစ်ကြတော့။တစ်ပတ်လောက်ပင်ရှိတော့မည်။ကောင်းကောင်းလည်းစားမဝင် ကောင်းကောင်းလည်းအိပ်မပျော်ပါ။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်ဟူ၍တစ်ကြိမ်တစ်ခါမှမရှိတော့ အမြဲတမ်းလိုလို လန့်လန့်နိုးလာတတ်သည်။အိမ်မက်ထဲတွင်ပါ ဆရာလေးပုံရိပ်တို့ကလိုက်ပြီးစိုးမိုးနေတတ်သည်။ယခုလည်း အသက်မရှိတော့သလိုငြိမ်နေတဲ့ဖုန်းလေးကိုသာကြည့်နေမိပြန်ပါသည်။

ရန်ဖြစ်တဲ့နေ့ကစပြီး ဒီနေ့ဒီအချိန်ထိ ဆရာလေးဆက်သွယ်မည့်အချိန်ကိုပဲစောင့်မျှော်နေခဲ့တာ။ဆရာလေးကတစ်ကယ်ကိုနေနိုင်ခဲ့ပါတယ်။နည်းနည်းလေးတောင်စ၍မဆက်သွယ်။မြေ့ ဘက်ကပဲမှားခဲ့တာလား။လူကြားထဲမှာ ဒေါသမထိန်းနိုင်ဘဲလျှောက်ပြောမိခဲ့တယ်။ဒီတစ်ခါတော့ မြေ မှားသွားတယ်ထင်တယ်။

"ဆရာလေးနဲ့ရန်ဖြစ်တယ်"

Group chatထဲသို့ မြေ စာပို့လိုက်သည်။
အခုချိန်အရမ်းဝမ်းနည်းနေသည်မို့ တစ်ယောက်ယောက်နဲ့စကားပြောဖို့တော့လိုနေပါသည်။

"ဘယ်လိုဖြစ်ကြတာလည်း မြေ...မင်းတို့ရန်ဖြစ်တယ် ဆိုတာ ဒီတစ်ခါပဲကြားဖူးသေးတယ်"

သူဘယ်ချိန်လိုလို သူ့ဘေးနားရှိပေးနေသောသူငယ်ချင်းတွေကြောင့် အနည်းငယ်တော့စိတ်သက်သာရာရပါသည်။သူ အစအဆုံးရှင်းပြလိုက်လေတော့ ကိုဖြိုးနှင့်ကိုထက်ကသူ့ဘက်ကနာပေးကြသည်။

"မင်းဆရာလေးကဘာလည်းကွ...သူကလည်းမှားသေးတယ် သူကလည်းလမ်းခွဲသေးတယ် ..အဲ့လိုလူမျိုးကိုလွမ်းမနေနဲ့မြေ..မေ့ပစ်လိုက်"

ကိုထက်စကားကြောင့်ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
မေ့လို့ရရင်သူအစကတည်းကမေ့ပြီးနေပြီလေ။

"ငါမှမေ့လို့မရတာ"

"မေ့လို့မရလည်း မရရအောင်သာမေ့...အကိုရဲသွေးသစ်နဲ့သာပြန်တွဲကွာ"

"ကိုဖြိုးကတော့လုပ်ပြီ"

"ငဖြိုးပြောတာမှန်တယ်ကွ...မင်းဆရာလေးကအချိုးတွေပြောင်းလာတယ်...အရင်တုန်းကနဲ့တစ်ကယ်တစ်ခြားစီပဲ...ရဲသွေးသစ်ကိုငါမကြည်ဘူးဆိုပေမယ့် အခုရဲသွေးသစ်ကမင်းအပေါ်ကိုပိုကောင်းနေတာ...မင်း အတိတ်မေ့တာသိရက်နဲ့တောင်မင်းမှမင်းဖြစ်တုန်း...ဒါနဲ့နေပါဦး...မင်းနဲ့ဆရာတိမ်ရောင်လင်းတွဲတာ ရဲသွေးသစ်မသိဘူးလား"

"အဲ့နေ့ကတော့ သိသွားပါတယ်...ဒါပေမယ့် ငါသေချာတော့မပြောပြရသေးဘူး"

"မပြောပြရသေးရင် မပြောပြနဲ့တော့"

"ဆရာလေးကိုသတိရတယ်"

"ဟိုကမင်းကိုသတိရမှာမဟုတ်ဘူး"

"တစ်ကယ်တော့...အဲ့နေ့ကငါမှားသွားတယ်ထင်တယ်...ငါနည်းနည်းလေးထိန်းလိုက်သင့်တာကို"

"မှားစရာလား...ကိုယ့်ကောင်လေးကိုတစ်ခြားတစ်ယောက်နဲ့မြင်လိုက်တာလေ...တစ်ကယ်ဆို မင်းဆရာလေးပြောပြသင့်တာ...ဆရာတိမ်ရောင်လင်းလုပ်ပုံကသိပ်တော့မဟုတ်သေးပါဘူးကွာ"

"မသိတော့ပါဘူးကွာ"

"မင်းဆရာလေးနဲ့ပြန်အဆင်ပြေချင်လား မြေ"

"ပြေချင်တာပေါ့"

ကိုထက်စကားအားနှစ်ခါပင်စဉ်းစားစရာမလို။

"အေးပါ...ငါကူညီပေးကြည့်မယ်"

"တစ်ကယ်လား"

"တစ်ကယ်ဆို မကူညီပေးချင်ဘူးကွ...ငါ့သူငယ်ချင်းအရင်းကြီးက ဒီလောက်ထိဖြစ်နေလို့ ကူညီပေးရမှာ"

"ကျေးဇူးကိုတစ်သက်လုံးမမေ့ပါဘူးကွာ"

"ဟုတ်ပါပြီကွာ"

အခုမှပင် မြေ ပြန်ပြုံးမိသည်။
အပြင်မှ မေမေ၏အော်ခေါ်သံကြောင့် ထရပ်လိုက်လေတော့ ရုတ်တရပ်ထအောင့်လာသောဗိုက်ကြောင့် ခုံကိုကိုင်ထားလိုက်မိသည်။သူထမင်းကိုသေချာမစားဖြစ်တာတော်တော်ကြာပြီပင်။အောင့်နေသော ဗိုက်အား လက်ဖြင့်အသာဖိရင်း တံခါးသွားဖွင့်ပေးလိုက်သည်။

"သားလေး!...မျက်နှာကဘာဖြစ်တာလည်း...ချွေးစေးတွေလည်းပြန်လို့ပါလား...ဘာဖြစ်တာလည်း"

စိုးရိမ်တကြီးနှင့်မေးကာ နဖူးမှချွေးများကိုသုတ်ပေးလာသောမေမေကြောင့် မေမေလက်အားယူကာ ပြုံးပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး မေမေရဲ့...စောင်ခေါင်းမြှီးခြုံထားလို့ပါ"

"မေမေဖြင့်စိတ်တွေပူသွားတာပဲသားရယ်"

စိတ်အေးသွားဟန်ရှိသော မေမေက အမျက်မပါလေသောမျက်စောင်းလေးရွယ်ကာပြောလာသည်။

"ကိစ္စရှိလို့လား မေမေ"

"ဟုတ်သား...လာရင်းကိစ္စမေ့နေတာ...သစ် ရောက်နေတယ်လို့လာပြောတာ"

"ဟုတ်...ဒါဆိုသွားမယ်လေ"

မေမေ့ပုခုံး‌အားဖက်၍ လိုက်ခဲ့လိုက်သည်။
ဧည့်ခန်းထဲတွင် ဂျာနယ်အားဖတ်နေသော အကိုရဲသွေးသစ်ပင်။

"အကိုရဲသွေးသစ်"

သူခေါ်လိုက်တော့မှ မော့ကြည့်လာကာ သူ့အားပြုံးပြသည်။

"အိမ်ကိုမလာတာတောင်ကြာပြီနော်"

"အင်း...ကိုယ်အလုပ်တွေရှုပ်နေလို့ပါ..ဒါနဲ့ ပြန်အဆင်ပြေသွားပြီလား"

"ဟင့်အင်း"

ခေါင်းခါပြလာသော ကောင်လေးအားကြည့်ရင်း သစ် သက်ပြင်းချမိသည်။ထိုကောင်လေး ယခုလိုခံစားနေရတာကို မကြည့်ရက်ပေမယ့်လည်း လိုက်ကူညီပေးဖို့အထိတော့ သစ် သဘောမကောင်းနိုင်ပါ။သို့ပေမယ့်လည်း ထိုကောင်လေးအခုလိုခံစားရသည်မှာ သစ် ၏ပယောဂမကင်းပါ။ယခုလိုဖြစ်လာအောင် သစ် တို့အကွက်ကျကျစီစဉ်ခဲ့ကြသည်မဟုတ်လား။တစ်ခါတစ်လေကျ သစ် လုပ်ရပ်ကမှန်ရဲ့လားလို့ အကြိမ်ကြိမ်ပြန်တွေးမိပါသည်။ချစ်ရတဲ့ကောင်လေးကိုတစ်ခြားသူလက်ထဲမပါသွားဖို့အတွက်လုပ်ရင်း ကိုယ့်အတွက်ကိုယ်ကြည့်တဲ့သူများဖြစ်နေပြီလား။

သစ်အကြိမ်ကြိမ်အခါခါတွေးဖူးပါသည်။
အကပ်သာ သစ် ဘဝထဲကထွက်သွားခဲ့ရင် သစ် ရူးမတတ်ခံစားရမည်ဖြစ်ကြောင်းကို။
သို့ပေမယ့်လည်း ယခု တစ်ကယ်ထွက်သွားသည့်အချိန်တွင်တော့ ထင်သလောက်မဖြစ်ခဲ့။
အကပ် အပေါ်ကို မချစ်တော့တာလား ဆိုပြီး တွေးမိပေမယ့် ထိုသို့မဟုတ်တာတော့သေချာပါသည်။
ဒီရက်ပိုင်းအတွင်း သစ်ကိုယ်သစ်လည်းအကြိမ်ကြိမ်ပြန်မေးဖြစ်ပါသည်။အကပ်ကိုတစ်ကယ်လက်လွှတ်နိုင်လားဆိုတာ။ထွက်လာသည့်အဖြေက သစ် လက်မလွှတ်နိုင်ပါ။အကပ်မရှိတဲ့ဘဝမှာ သစ် တစ်ကယ်နေလို့မရပါ။

"ကိုယ်ကူညီပေးရမလား"

စိတ်ထဲမပါသော စကားများအားပြောလိုက်သည်။

"ရပါတယ်...အကိုရဲသွေးသစ်ကိုတောင်အားနာနေတာ...ကျွန်တော့်ကိုစိတ်မဆိုးဘူးလားဟင်"

"ကိုယ်က အကပ်ကိုဘာလို့စိတ်ဆိုးရမှာလည်း"

"ဆရာတိမ်ရောင်လင်းနဲ့တွဲတာကိုဖုံးကွယ်ထားမိလို့"

သစ် တစ်ချက်ရယ်လိုက်ရင်း ထိုကောင်လေးခေါင်းအား ခပ်ဖွဖွပုတ်လိုက်သည်။

"နှစ်တွေဒီလောက်ကြာနေပြီပဲ...တစ်ခြားတစ်ယောက်ရပြီဆိုတာကဖြစ်သင့်ပါတယ်"

"ကျွန်တော်တောင်းပန်ပါတယ်"

"မလိုပါဘူး"

"အ့"

"အကပ်!...ဘာဖြစ်တာလည်း!"

"ဗိုက်အောင့်လို့...အ့..ဗိုက်က...ဗိုက်က...ဘာလို့ အ့...အရမ်းအောင့်လာရတာလည်းပဲ အ့"

"အကပ်! အဆင်ပြေရဲ့လား...ဘယ်နားကအောင့်တာလည်း!"

အကပ်ရှိရာဆိုဖာသို့အပြေးသွားရင် ပုခုံးအားအသာကိုင်ရင်းမေးလိုက်သည်။

"ဒီနား...အ့...မထိနဲ့...နာ...နာတယ်.."

ချွေးစေးများပါထွက်လာသောအကပ်အားကြည့်ရင်း သစ်ကိုယ်တိုင်ပါ ချွေးပြန်လာရသည်။

"အန်တီမွန်!...အန်တီမွန်!..အကပ် ဘာဖြစ်တာလည်း မသိဘူး...အန်တီမွန်!...အကပ်!.. အကပ်!"

မိမိရင်ခွင်ထဲ၌လဲသွား‌သော အကပ်ပါးအားကိုင်ရင်း အစာလှုပ်၍ခေါ်နေမိသည်။

"အန်တီမွန်!..."

သစ် တို့စကားပြောနေခြင်းကြောင့် အန်တီမွန်ကရှောင်ပေးသွားသည်ထင်ပါရဲ့။
အကပ်ခန္ဓာကိုယ်လေးအားအသာပွေ့ကာ ခြံထဲသို့အပြေးတစ်ပိုင်းဆင်းရင်း ကားပေါ်သို့ ဖြေးဖြေးတင်ကာ ဆေးရုံရှိရာသို့မောင်းလာလိုက်သည်။ ကျေးဇူးပြုပြီး သူ့ရဲ့အကပ်ဘာမှမဖြစ်ပါစေနဲ့။ကားမောင်းရင်းတုန်ရင်နေသောလက်အား အတတ်နိုင်ဆုံးထိန်းရင်း ဆေးရုံထိရောက်အောင်မောင်းခဲ့လိုက်တော့သည်။

အကပ်ခန္ဓာကိုယ်အား မ ချီကာ ဆေးရုံထဲသို့ အလောတကြီးဝင်သွားကြောင့် သစ် ကြောင့် nurseများ ဆရာဝန်များကပါ ရောက်လာကြသည်။မရောက်လာလို့လည်း မရပါ။သစ် ဆိုသည့် လူသားက နယ်နယ်ရရလူသားမှမဟုတ်ပေဘဲ။

"သူ့ကို အသက်ရှင်အောင်ကုပေး"

"ဟုတ်..ဟုတ်ကဲ့"

တွန်းလှည်းပေါ်တွင်တင်ပေးရင်း အသံမာမာနှင့်ဆိုလိုက်လေတော့ nurseမလေး၏အသံက တုန်တုန်ရင်ရင်။

ဖုန်းအားထုတ်ကာ အန်တီမွန်ဆီကိုဆက်လိုက်သည်။သူပြာယာခတ်နေလို့မဖြစ်ပါ။

"အန်တီမွန်...မိုးစက်အခု xxxဆေးရုံရောက်နေတယ်...ဗိုက်အောင့်တယ်ပြောပြီးမေ့လဲသွားလို့...ဘာမှစိတ်မပူနဲ့ ကျွန်တော်အဆင်ပြေအောင်လုပ်ပြီးပြီ"

တစ်ဖက်မှ အန်တီမွန်၏ငိုသံကြောင့် စိတ်မပူရန်သာပြောလိုက်သည်။အကပ်သာတစ်ခုခုဖြစ်လို့ကတော့ သူ ဒီဆေးရုံကိုဒီတိုင်းမထား။

ခဏအကြာတော့အခန်းထဲမှဆရာဝန်ထွက်လာလေသည်။

"အစာအိမ်ဖြစ်တာပါ...အရမ်းစိုးရိမ်စရာမရှိပါဘူး..."

"ခွဲစိတ်ခန်းဝင်စရာလိုလား"

"မလိုပါဘူး..."

"ကျေးဇူးပါဗျ..ဝင်ကြည့်လို့ရပြီလား"

"ရပါပြီ"

အခန်းတံခါးအားအသာတွန်းဖွင့်ရင်းသာဝင်လိုက်သည်။
သူချစ်ရတဲ့ကောင်လေးက အိပ်နေမယ်ထင်သည်။
ဘယ်ချိန်တည်းကလဲလိုက်မှန်းမသိသော ဆေးရုံအဝတ်စားနှင့်။ Glucose ချိတ်ထားသော ကလေး၏လက်ဖမိုးအား အသာကိုင်ကြည့်ရင်း ပါးတွင်အပ်ထားမိသည်။
ချစ်ရတဲ့သူနဲ့ရန်လေးတစ်ခါဖြစ်ရုံနဲ့ ဆေးရုံထိပါရောက်ရသည်တဲ့လား။ချစ်ရတဲ့သူကတစ်ခြားတစ်ယောက်နဲ့အတူရှိနေတာကို သူ့လိုသာကြည့်နေရမယ်ဆိုရင်တော့ ထိုကလေးငယ် အသက်ပင်ရှိပါဦးတော့မလား။

ချောင်ကျ‌သွားသော မျက်နှာအားသေချာကြည့်နေမိသည်။
မိမိ၏ပါးပေါ်မှမျက်ရည်များကိုလည်း သတိမထားမိလေတော့။သူချစ်ရတဲ့ကောင်လေးက တစ်ကယ်စိတ်ဆင်းရဲနေရတာပဲ။သစ် ဘာဆက်လုပ်ရပါတော့မလည်း ။ထားခဲ့ချင်တဲ့အတိုင်းထားခဲ့မိတာ သစ် အပြစ်ပါပဲ။

"သားလေး!.."

အခန်းထဲသို့‌ရုတ်တရက်ဝင်လာသော အန်တီမွန်ကြောင့် မျက်ရည်များအား သုတ်လိုက်သည်။

"စိတ်ပူစရာမလိုတော့ပါဘူးတဲ့...အစာအိမ်ဖြစ်တာအန်တီမွန်...ထမင်းကိုသေချာမစားလို့ထင်တယ်"

"အန်တီမွန်အမှားပါကွယ်...သားကိုသေချာဂရုမစိုက်မိတာ အန်တီမွန်မှားတာ"

"မဟုတ်တာအန်တီမွန် အခု မိုးစက်ကိုသာ သေချာဂရုစိုက်လိုက်ပါ...မိုးစက်နိုးလာရင် စားလို့ရအောင် ကျွန်တော် အိမ်ပြန်ပြီး ဆန်ပြုတ်လေးသွားပြုတ်လိုက်မယ်"

"မဟုတ်တာ...သစ်ကစောင့်နေလိုက်...အန်တီမွန်သွားလုပ်လိုက်မယ်"

"ရပါတယ်...မိုးစက်နိုးလာရင် အန်တီမွန်ကိုမြင်ချင်နေမှာ..ကျွန်တော်သွားလိုက်ပါ့မယ်"

"ကျေးဇူးပါကွယ်....သားသစ်သာ မရှိရင် အန်တီမွန်တို့တော့ဘာလုပ်ရဘာကိုင်ရမသိဖြစ်နေတော့မှာ တစ်ကယ်ကျေးဇူးပါကွယ်"

သစ် လက်အားကိုင်ကာပြောလာသောအန်တီမွန်ကြောင့် အန်တီမွန်လက်အားခပ်ဖွဖွပြန်ကိုင်ရင်းသာ ဘာမှမဖြစ်ဖို့ပြောလိုက်သည်။

"ဒါဆို ကျွန်တော်ကိုခွင့်ပြုပါဦး "

အန်တီမွန်ကိုနှုတ်ဆက်ပြီးအခန်းထဲမှထွက်လာခဲ့လိုက်သည်။

..........................................
..........................................

"အ့...ဗိုက်"

"သားလေး...သတိရပြီလား"

မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသူက မေမေ။

"မေမေ...သား ဘယ်ကိုရောက်နေတာလည်းဟင်"

"ဆေးရုံကိုလေသားလေး...ဗိုက်တွေအောင့်ပြီး မေ့လဲသွားလို့ သားသစ်က ခေါ်လာတာ...မသေကောင်းမပျောက်ကောင်းသားလေးရယ်"

"သားတောင်းပန်ပါတယ်နော်...မေမေစိတ်ပူရအောင်လိုက်မိတယ်"

"မလိုပါဘူး သားရယ်...တစ်ကယ်ဆို မေမေ့အပြစ်ပါ..မေမေကသားကိုပိုဂရုစိုက်ရမှာ"

"မေမေ့အပြစ် မဟုတ်ပါဘူး"

"သားရဲ့သူငယ်ချင်းတွေကိုခဏနေလာလိမ့်မယ်...မေမေဖုန်းဆက်ထားတယ်"

"ဟုတ်...အကိုရဲသွေးသစ်ရော"

သစ် အားမေးလာသော ‌သားလေးကြောင့် ဒေါ်မိုးစက်မွန် ပြုံးမိသည်။

"သစ်က သားစားဖို့အတွက် ဆန်ပြုတ်သွားပြုတ်တယ် ခဏနေပြန်လာလိမ့်မယ်"

"အော်...ဟုတ်"

သိပ်မကြာလိုက်ပါ ကိုထက်နှင့်ကိုဖြိုးတို့ရောက်လာကြသည်။မေမေကလည်းအလိုက်တစ်သိရှောင်ပေးသည်။

"တစ်ခါလေးအသည်းကွဲတာကို ဆေးရုံပါရောက်တယ်ကွာ...တစ်ကယ်စံချိန်တင်လောက်ပါပေတယ်"

"Glucoseတောင် ချိတ်ရတဲ့အထိကိုဖြစ်သွားတာ ငဖြိုးရ"

"လူနာလာမေးတာလား...လာဖဲ့ကြတာလား"

"အစကတော့လူနာလာမေးတာပဲ...အခုတော့ဖဲ့ချင်လာတယ်"

"သူငယ်ချင်းတွေကောင်းကိုမကောင်းဘူး"

"ငထက်...ဆရာတိမ်ရောင်လင်းကိုပြန်လွှတ်လိုက်တော့"

"ဟမ်..ဟမ် ဆရာလေးပါလာတာလား...အ့"

"ဟေ့ရောင် ဟေ့ရောင် ဖြည်းဖြည်း"

ဆရာလေးနာမည်ကြားသည်ကြောင့် လှဲနေရာမှ ထထိုင်လိုက်မိ၍ ဗိုက်ကအောင့်လာသည်။

"အသည်းအသန်ကိုဖြစ်နေတာပါလား ငါ့ကောင်‌ရာ...ဖြည်းဖြည်းသာသာလုပ်ပါဦးဟ"

ခေါင်းအုံးအား မြေ့ ကျောဘက်တွင်ထောင်ပေးရင်း ကိုထက်ကဆိုလာသည်။ကိုထက်ထောင်ပေးထားသော ခေါင်းအုံးပေါ်တွင်ကျောအားမှီလိုက်ကာ အရှက်ပြေသာရယ်ပြလိုက်သည်။

"ဆရာတိမ်ရောင်လင်းပါလာတယ်..အောက်မှာမင်းစားဖို့အတွက်အသီးတွေဝယ်နေတယ်"

"ဆရာလေးကိုဘယ်သူခေါ်လာတည်းဟင်"

"မင်းအဖေတွေခေါ်လာတာလေ...ငါတို့နဲ့စကားပြောတုန်းကအကောင်း ဘယ်လောက်မှတောင် မကြာသေးဘူး ဆေးရုံရောက်သွားတာသိရတော့ လန့်ပြီး မင်းရဲ့ဆရာကို ကျောင်းအထိသွားပင့်လာရတာ"

"ကျေးဇူးပါကွာ...ငါ့သူငယ်ချင်းတွေတစ်ကယ်အားကိုရသား"

"သောက်ပိုက..ခုနကကျတော့ သူငယ်ချင်းတွေကောင်းကိုမကောင်းဘူးဆို"

"ခုနကမကောင်းတာ အခုကောင်းသွားပြီ"

"တတ်နိုင်တယ်"

ကျွီ!...

တံခါးဖွင့်သံကြား၍သုံးယောက်သားကြည့်လိုက်တော့ ဝင်လာသူကဆရာလေး။ကိုထက်နှင့်ကိုဖြိုးတို့က မြေ့ အားမျက်လုံးမှိတ်ပြ၍ အခန်းထဲမှထွက်သွားသည်။

စားပွဲခုံပေါ်သို့ သစ်သီးထုတ်များအားတင်ကာ ဘေးနားရှိထိုင်ခုံတွင်ဝင်ထိုင်သော ဆရာလေး။

"သက်သာရဲ့လား"

"ဟုတ်"

ထိုမျှသာပြောပြီးနှစ်ယောက်လုံးဘာစကားမှထပ်မဆိုမိတော့။အခန်းထဲရှိလေထုကလည်းအေးစက်စက်။

"တောင်းပန်ပါတယ်"

အတန်ကြာမှ မြေ့ ဘက်မှဆိုမိသောစကားတစ်ခွန်း။

"အဲ့နေ့က ကျွန်တော် အရမ်းလွန်သွားတယ်...စိတ်မထိန်းနိုင်ခဲ့လို့"

"ကိုယ်ကသာတောင်းပန်ရမှာ...တစ်ကယ်ဆို ကိုယ်လမ်းခွဲဖို့ကိုမပြောသင့်တာ...တစ်ကယ်တော့ ချော လိုက်လာမယ်ဆိုတာ ကိုယ်လုံးဝမသိခဲ့တာပါ...အဲ့ဒါကြောင့်လည်း မြေ့ ကို မပြောပြခဲ့တာ...ရုတ်တရက်ကြီးအိမ်ရောက်ချလာတာ...အမေကလည်း သွားမယ်ဆိုပြီးလောလော လောလော လုပ်နေတာ...အဲ့လိုနဲ့မပြောပြဖြစ်တာ..တောင်းပန်ပါတယ်..."

"မဟုတ်တာ...ဆရာလေးကို ဒီထပ်ပိုပြီးယုံပေးရမှာကို...ဆရာလေးကိုမယုံသလိုဖြစ်သွားတယ်"

"ကိုယ်သာအစကတည်းကပြောခဲ့ရင်...ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး..."

"ထားလိုက်ပါတော့...ပြီးတာတွေလည်းပြီးပြီပဲကို"

"ဒါနဲ့ ဘယ်လိုလုပ်ဆေးရုံတတ်လိုက်ရတာလည်း"

"အစားပုံမှန်မစားလို့ပါ"

"ကိုယ့်အချစ်အခုလိုတွေဖြစ်တာ ကိုယ့်ကြောင့်ပါ...ကိုယ်ကတစ်ကယ်မကောင်းတဲ့အကောင်ပဲ"

"မဟုတ်ပါဘူးနော်...ဆရာလေးက တစ်ကယ်ကောင်းတဲ့သူပါ...အခုက ကျွန်တော့်ကိုယ်‌ကျွန်တော်ဂရုမစိုက်မိလို့ဖြစ်တာပါ"

"ကြည့်ပါဦး...မျက်နှာတွေချောင်ကျသွားလိုက်တာ...ကိုယ်ကရှေ့လျှောက်ပိုပြီးဂရုစိုက်ပေးပါမယ်...ကတိပေးတယ်"

"ကျွန်တော့်ကိုထားမသွားဘူးဆိုတဲ့ကတိပေးရင်ပဲရပါပြီ"

"ကိုယ်ကကိုယ့်အချစ်ကိုဘာလို့ထားသွားရမှာလဲ...ကိုယ်ကတိပေးတယ်နော်..."

"ဟုတ်"

ဆရာလေးအားပြုံးပြီးကြည့်နေမိသည်။
ဆေးရုံတတ်လိုက်ရလည်း မြေ ဘာမှမဖြစ်တော့ပါ။
ဆရာလေးနှင့်ပြန်အဆင်ပြေရပြီပဲ။
မြေ့ ကိုကိုင်ထားသောဆရာလေး၏လက်အစုံအား ခပ်ဖွဖွပြန်ကိုင်ထားလိုက်သည်။ဒီလက်က မြေ့ ကိုနွေးထွေးမှု့အစုံအလင်ပေးနိုင်ပါသည်။

"အမေ့ဆီက ဖုန်းလာလို့ခဏ"

လက်တစ်ဖက်နှင့်ဖုန်းပြောရင်း လက်တစ်ဖက်က မြေ့ လက်ကိုကိုင်ထားသည်။မတွေ့ရတာကြာလို့ထင်တယ် မြေ့ရဲ့ဆရာလေးကပိုချောလာသည်။

"ဗျာ!..."

ဆရာလေး၏ အသံကြောင့် ဆရာလေး၏မျက်နှာအား အလန့်တကြားကြည့်မိတော့သည်။ဖုန်းအားချလိုက်သည့်အချိန်တွင်တော့....

"ဆရာလေး ဘာဖြစ်တာလည်းဟင်"

"ချော!...ချော ကျောင်းလှေကားပေါ်ကပြုတ်ကျလို့ ကိုယ်အခုသွားရမယ် မြေ...ညနေကျမြေ့ကိုလာတွေ့မယ်နော်"

မြေ့ ၏နဖူးလေးအားတစ်ချက်နမ်းအားဆရာလေးကထွက်သွားသည်။လစ်ဟာသွားသော လက်ကလေးအားကြည့်ရင်း မျက်ရည်များက ရုတ်ချည်ဆိုသလိုရစ်ဝိုင်းလာရပြန်ပါသည်။

"ထားမသွားပါဘူးလို့ ကတိပေးခဲ့တာတောင်.."

အသံခပ်တိုးတိုးနှင့်သာဆိုမိတော့သည်။
ခဏအကြာတော့ အခန်းထဲပြန်လည်ရောက်ရှိလာတဲ့ သူငယ်ချင်းနှစ်ယောက်။

"ဆရာတိမ်ရောင်လင်း အလောတကြီးနဲ့ဘယ်ထွက်သွားတာလည်းမြေ"

"တီချယ်လင်္ကာချော လှေကားပေါ်ကပြုတ်ကျလို့တဲ့"

"အော်"

"ပြန်အဆင်ပြေသွားပြီလား မြေ"

"အင်း"

ကိုဖြိုးအမေးကို အသံတိုးတိုးနှင့်ခေါင်းငြိမ်ရုံသာဖြေလိုက်သည်။

ကျွီ!...

ထပ်မံပွင့်လာသော တံခါးကြောင့် ဆရာလေးများပြန်လာတာလား ဆိုသည့်မျှော်လင့်ချက်နှင့်ကြည့်လိုက်မိသော်လည်းမဟုတ်။အကိုရဲသွေးသစ်ပင်။

"သူငယ်ချင်းတွေရောက်နေကြတာပဲ...အန်တီမွန်ရော"

"မေမေက ပြန်သွားပြီ "

"အော်...ဒါနဲ့ ဒီအသီးတွေကဘယ်သူပေးထားတာလည်း...အကပ်စားလို့မရဘူးလေ"

"ဆရာလေးလာသွားတာပါ"

"အော်"

ထိုကောင်လေး ၏စကားကြောင့် အသီးထုတ်အားဖယ်မည့် ရဲသွေးသစ်လက်က ရှေ့ဆက်မတိုးမိတော့။

"မြေ...ငါဆို့လည်းပြန်တော့မယ်..အေးဆေးအနားယူ စိတ်ညစ်စရာတွေသိပ်မတွေးနဲ့"

"အေးပါ..bye"

မြေ့ အားနှုတ်ဆက်ပြီး အခန်းထဲမှထွက်သွားကြသည်။အခုတော့လည်း အခန်းကြီးကတိတ်ဆိတ်နေလိုက်တာ။

"ပျင်းနေလား အကပ်.."

"နည်းနည်း"

"ဆန်ပြုတ်လေးနည်းနည်းသောက်လိုက်...ပြီးရင် ကိုယ်က ပုံပြင်ပြောပြမယ်"

"အကိုရဲသွေးသစ်ကပြောတတ်လို့လား"

"အထင်သေးလို့ကွာ"

"ဒါဆိုပြောတတ်တယ်ပေါ့"

"ပြောတတ်တာပေါ့ကွ"

"ဒါ‌ဆို ဆန်ပြုတ်သောက်ရင်းပြောပြ"

"ဟုတ်ပါပြီဗျာ"

ဆန်ပြုတ်ပန်းကန်လေးအားကမ်းပေးရင်း ခုံတွင်ဝင်ထိုင်ကာ အကိုရဲသွေးသစ်ကစကားဆက်လာသည်။

"နက်ရှိုင်းတဲ့ပင်လယ်သမုဒ္ဒရာကြီးရဲ့အောက်မှာ နေထိုင်တဲ့ မျိုးနွယ်စုတစ်စုရှိတယ်။သူတို့ကလူသားတွေကိုမယုံကြည်ကြဘူး သူတို့မြေအောက်ကမ္ဘာကို ညစ်ထွေးအောင်လုပ်ကြလို့ဆိုပြီး ဘုရင်ကြီးမှာသားသမီးတွေရှိတယ် သမီးလေးအငယ်ဆုံးရဲ့နာမည်က အေရီရယ်တဲ့...အေရီရယ်ကလူပြည်ကိုအရမ်းသွားချင်တယ် ဒါပေမယ့် ဘုရင်ကြီးကခွင့်မပြုခဲ့ဘူး..အေရီရယ်အသက်ပြည့်တဲ့နေ့မှာ ရေမျက်နှာပြင်ကိုသွားဖို့ဘုရင်ကြီးကခွင့်ပြုခဲ့တယ် အေရီရယ်လည်းသွားခဲ့တာပေါ့...အဲ့ဒီမှာ သင်္ဘောအကြီးကြီးတစ်စင်းကို သူတွေ့ခဲ့တယ်...သင်္ဘောပေါ်မှာတော့ ‌ကကြခုန်ကြနဲ့ပေါ့"

ဆန်ပြုတ်သောက်ရင်း စိတ်ဝင်တစ်စားနားထောင်နေသောကောင်လေးက ကလေးတစ်ယောက်နှယ်။အလေးအနက်ထားပြီးနားထောင်နေသောကောင်လေးကြောင့် ပုံပြင်ကိုပြန်ဆက်လိုက်သည်။

"အဲ့ဒီမှာ မင်းသားလေးတစ်ပါးလည်းပါလာတယ်...အေရီရယ်က မင်းသားလေးကို မြင်မြင်ချင်း ချစ်မိသွားတယ်...မထင်မှတ်ဘဲ မုန်တိုင်းတွေတိုက်တယ် သင်္ဘောလည်းမှောက်တယ်...ရေသူမလေး အေရီရယ်က မင်းသားလေးကို ကယ်လိုက်တာပေါ့...အဲ့ဒီလိုနဲ့ နေ့နေ့ညည အေရီရယ်စိတ်ထဲမှာ မင်းသားလေးကပဲစိုးမိုးနေတယ်..လူ့ပြည်ကိုသူသွားချင်ပေမယ့် သူ့အဖေကခွင့်မပြုခဲ့ဘူး..အဲ့လိုနဲ့သူ့အဖေမသိအောင် သူ့အဒေါ်ဆီကိုသွားခဲ့တယ်...ထီးနန်းမရလို့ အကိုဖြစ်သူကို မနာလိုဖြစ်နေတဲ့ သူ့အဒေါ်က အေရီရယ်ကိုခုတုံးလုပ်ခဲ့တယ်...အေရီရယ် ရဲ့ချိုသာတဲ့အသံကိုယူပြီး ခြေထောက်တွေကိုပြန်ပေးခဲ့တယ်...ပြီးတော့ တစ်ခုလည်းထပ်ပြောခဲ့တယ်..အဲ့ဒါက ‌မင်းသားလေးသာအေရီရယ်ကိုမချစ်ခဲ့ရင် ရေမြှုပ်ဘဝနဲ့တစ်သက်လုံးနေသွားရမယ်ဆိုတာကိုပဲ...ရူးမိုက်လွန်းတဲ့အေရီရယ်ကဘာမှမတွေးဘဲ သူ့အဒေါ်စုန်းမကြီးပြောတာကိုလက်ခံခဲ့တယ်...မင်းသားလေးဆီသွားခဲ့တယ်...စကားမပြောနိုင်တဲ့ အေရီရယ်ကိုမင်းသားလေးကသနားခဲ့ပေမယ့်...မင်းသားလေးချစ်တာကတော့တစ်ခြားမိန်းကလေးတစ်ယောက်ဖြစ်နေခဲ့တယ်...မင်းသားလေးပြန်မချစ်တဲ့အတွက် အေရီရယ်ကသေဆုံးရတော့မယ်လေ အဲ့ဒီအချိန်မှာ အေရီရယ်ကိုအခွင့်အရေးတစ်ခုပေးခဲ့တယ် မင်းသားလေးကိုသတ်ရမယ်ပေါ့...မင်းသားလေးသာသေရင် အေရီရယ်ကအသက်ရှင်နိုင်ပြီလေ ဒါပေမယ့် အေရီရယ်ကတော့ နောက်ဆုံးအချိန်ထိ မင်းသား‌လေးအပေါ်ချစ်မြတ်နိုးခဲ့တယ်..သူ့ကိုယ်သူသာအသေခံခဲ့တယ်"

"အေရီရယ် သနားပါတယ်နော်"

"အင်း...အေရီရယ်နေရာမှာ အကပ်ဆိုရင်ရော မင်းသားလေးကိုသတ်မှာလား"

"ဟင့်အင်း... ကျွန်တော်လည်း အေရီရယ် လိုပဲရွေးချယ်မိမယ်ထင်တယ်...အကိုရဲသွေးသစ်ကရောဟင်"

"ကိုယ်ကတော့ ကိုယ်ချစ်ရတဲ့သူကိုလည်းသတ်မယ်..ကိုယ်လည်းလိုက်သေမယ်"

"ဟင်...အကိုရဲ‌သွေးသစ်ကကြောက်စရာကြီး"

အကပ်စကားကြောင့် တစ်ချက်ရယ်လိုက်ကာ သောက်ပြီးသွားသော ဆန်ပြုတ်ပန်းကန်ကိုယူလိုက်သည်။ထို့နောက် မတ်တပ်ထရပ်လိုက်ကာ ချိုင့်အားပြန်ဆင့်ရင်း..

"အေရီရယ်ကိုအကပ်သနားတယ်မဟုတ်လား"

"ဟုတ်..အချစ်စစ်နဲ့ချစ်တာတောင် ပြန်ပြီးအချစ်မခံရဘူးလေ"

"အဟွန်း!...မင်းသမီးက ချစ်ရင် အချစ်စစ်ဖြစ်ပြီး ဗီလိန်ကချစ်ရင်ကျတော့ ပိုင်ဆိုင်လိုစိတ်ရှိတယ်ဆိုပြီး ခေါင်းစဉ်တတ်ကြတာ သဘာဝပါပဲ...စဉ်းစားကြည့်...ဗီလိန်ချစ်တဲ့အချစ်ကရော အချစ်စစ်မဖြစ်နိုင်ဘူးလား"

"အင်းနော်...အကိုရဲသွေးသစ်ပြောတာလည်းဟုတ်တော့ဟုတ်တယ်"

"ကျိန်းသေကိုဟုတ်နေတာ... villainလို့ခေါင်းစဉ်တပ်ခံလိုက်ရတာနဲ့ သူလုပ်သမျှအရာအားလုံးကမကောင်းဘူးဆိုပြီးသတ်မှတ်ခံရတော့တာပဲ..အဲ့ဒီထဲမှာ သူရဲ့ဖြူစင်တဲ့မေတ္တာတွေပါ ပါသွားတယ်လေ"

"ဟုတ်တယ်နော်"

"ကိုယ်ကတော့ ရှင်းပါတယ်... အချစ်စစ်နဲ့ချစ်တတ်တဲ့အထဲမှာ villainတွေလည်းပါတယ် ဆိုတာယုံတယ်"

"ဟုတ်တယ်.. villainတွေမှာလည်း အခွင့်အရေးရှိသင့်တယ်"

"အကပ်အဲ့လိုတွေးလို့ ကိုယ်ဝမ်းသာပါတယ်"

ချိုင့်အားနေရာတကျပြန်ထားရင်း စားပွဲပေါ်တွင်ရှုပ်နေသောအရာများအားရှင်းလိုက်သည်။ထို့နောက် လက်ကိုင်ပုဝါအားထိုကောင်လေးကိုပေးလိုက်သည်။သစ် ပေးလိုက်သောလက်ကိုင်ပုဝါကို ပါးစပ်တွင်သုတ်ရင်း ခပ်တိုးတိုး ရေရွတ်နေရသည်က"villainတွေလည်းအခွင့်အရေးရှိသင့်ပါတယ်တဲ့"လေ

21.1.2022

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Zawgyi

ဆရာေလးႏွင့္ရန္ျဖစ္တဲ့ေန့ကစၿပီးယခုခ်ိန္ထိ စကားမေျပာျဖစ္ၾကေတာ့။တစ္ပတ္ေလာက္ပင္ရိွေတာ့မည္။ေကာင္းေကာင္းလည္းစားမဝင္ ေကာင္းေကာင္းလည္းအိပ္မေပ်ာ္ပါ။ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သည္ဟူ၍တစ္ႀကိမ္တစ္ခါမွမရိွေတာ့ အၿမဲတမ္းလိုလို လန႔္လန႔္ႏိုးလာတတ္သည္။အိမ္မက္ထဲတြင္ပါ ဆရာေလးပံုရိပ္တို႔ကလိုက္ၿပီးစိုးမိုးေနတတ္သည္။ယခုလည္း အသက္မရိွေတာ့သလိုၿငိမ္ေနတဲ့ဖုန္းေလးကိုသာၾကၫ့္ေနမိျပန္ပါသည္။

ရန္ျဖစ္တဲ့ေန့ကစၿပီး ဒီေန့ဒီအခ်ိန္ထိ ဆရာေလးဆက္သြယ္မၫ့္အခ်ိန္ကိုပဲေစာင့္ေမ်ွာ္ေနခဲ့တာ။ဆရာေလးကတစ္ကယ္ကိုေနႏိုင္ခဲ့ပါတယ္။နည္းနည္းေလးေတာင္စ၍မဆက္သြယ္။ေျမ့ ဘက္ကပဲမွားခဲ့တာလား။လူၾကားထဲမွာ ေဒါသမထိန္းႏိုင္ဘဲေလ်ွာက္ေျပာမိခဲ့တယ္။ဒီတစ္ခါေတာ့ ေျမ မွားသြားတယ္ထင္တယ္။

"ဆရာေလးနဲ႔ရန္ျဖစ္တယ္"

Group chatထဲသို႔ ေျမ စာပို႔လိုက္သည္။
အခုခ်ိန္အရမ္းဝမ္းနည္းေနသည္မို႔ တစ္ေယာက္ေယာက္နဲ႔စကားေျပာဖို႔ေတာ့လိုေနပါသည္။

"ဘယ္လိုျဖစ္ၾကတာလည္း ေျမ...မင္းတို႔ရန္ျဖစ္တယ္ ဆိုတာ ဒီတစ္ခါပဲၾကားဖူးေသးတယ္"

သူဘယ္ခ်ိန္လိုလို သူ႔ေဘးနားရိွေပးေနေသာသူငယ္ခ်င္းေတြေၾကာင့္ အနည္းငယ္ေတာ့စိတ္သက္သာရာရပါသည္။သူ အစအဆံုးရွင္းျပလိုက္ေလေတာ့ ကိုၿဖိဳးႏွင့္ကိုထက္ကသူ႔ဘက္ကနာေပးၾကသည္။

"မင္းဆရာေလးကဘာလည္းကြ...သူကလည္းမွားေသးတယ္ သူကလည္းလမ္းခြဲေသးတယ္ ..အဲ့လိုလူမ်ိဳးကိုလြမ္းမေနနဲ႔ေျမ..ေမ့ပစ္လိုက္"

ကိုထက္စကားေၾကာင့္ခပ္ယဲ့ယဲ့ၿပံဳးလိုက္သည္။
ေမ့လို႔ရရင္သူအစကတည္းကေမ့ၿပီးေနၿပီေလ။

"ငါမွေမ့လို႔မရတာ"

"ေမ့လို႔မရလည္း မရရေအာင္သာေမ့...အကိုရဲေသြးသစ္နဲ႔သာျပန္တြဲကြာ"

"ကိုၿဖိဳးကေတာ့လုပ္ၿပီ"

"ငၿဖိဳးေျပာတာမွန္တယ္ကြ...မင္းဆရာေလးကအခ်ိဳးေတြေျပာင္းလာတယ္...အရင္တုန္းကနဲ႔တစ္ကယ္တစ္ျခားစီပဲ...ရဲေသြးသစ္ကိုငါမၾကည္ဘူးဆိုေပမယ့္ အခုရဲေသြးသစ္ကမင္းအေပၚကိုပိုေကာင္းေနတာ...မင္း အတိတ္ေမ့တာသိရက္နဲ႔ေတာင္မင္းမွမင္းျဖစ္တုန္း...ဒါနဲ႔ေနပါဦး...မင္းနဲ႔ဆရာတိမ္ေရာင္လင္းတြဲတာ ရဲေသြးသစ္မသိဘူးလား"

"အဲ့ေန့ကေတာ့ သိသြားပါတယ္...ဒါေပမယ့္ ငါေသခ်ာေတာ့မေျပာျပရေသးဘူး"

"မေျပာျပရေသးရင္ မေျပာျပနဲ႔ေတာ့"

"ဆရာေလးကိုသတိရတယ္"

"ဟိုကမင္းကိုသတိရမွာမဟုတ္ဘူး"

"တစ္ကယ္ေတာ့...အဲ့ေန့ကငါမွားသြားတယ္ထင္တယ္...ငါနည္းနည္းေလးထိန္းလိုက္သင့္တာကို"

"မွားစရာလား...ကိုယ့္ေကာင္ေလးကိုတစ္ျခားတစ္ေယာက္နဲ႔ျမင္လိုက္တာေလ...တစ္ကယ္ဆို မင္းဆရာေလးေျပာျပသင့္တာ...ဆရာတိမ္ေရာင္လင္းလုပ္ပံုကသိပ္ေတာ့မဟုတ္ေသးပါဘူးကြာ"

"မသိေတာ့ပါဘူးကြာ"

"မင္းဆရာေလးနဲ႔ျပန္အဆင္ေျပခ်င္လား ေျမ"

"ေျပခ်င္တာေပါ့"

ကိုထက္စကားအားႏွစ္ခါပင္စဉ္းစားစရာမလို။

"ေအးပါ...ငါကူညီေပးၾကၫ့္မယ္"

"တစ္ကယ္လား"

"တစ္ကယ္ဆို မကူညီေပးခ်င္ဘူးကြ...ငါ့သူငယ္ခ်င္းအရင္းႀကီးက ဒီေလာက္ထိျဖစ္ေနလို႔ ကူညီေပးရမွာ"

"ေက်းဇူးကိုတစ္သက္လံုးမေမ့ပါဘူးကြာ"

"ဟုတ္ပါၿပီကြာ"

အခုမွပင္ ေျမ ျပန္ၿပံဳးမိသည္။
အျပင္မွ ေမေမ၏ေအာ္ေခၚသံေၾကာင့္ ထရပ္လိုက္ေလေတာ့ ရုတ္တရပ္ထေအာင့္လာေသာဗိုက္ေၾကာင့္ ခံုကိုကိုင္ထားလိုက္မိသည္။သူထမင္းကိုေသခ်ာမစားျဖစ္တာေတာ္ေတာ္ၾကာၿပီပင္။ေအာင့္ေနေသာ ဗိုက္အား လက္ျဖင့္အသာဖိရင္း တံခါးသြားဖြင့္ေပးလိုက္သည္။

"သားေလး!...မ်က္ႏွာကဘာျဖစ္တာလည္း...ေခြၽးေစးေတြလည္းျပန္လို႔ပါလား...ဘာျဖစ္တာလည္း"

စိုးရိမ္တႀကီးႏွင့္ေမးကာ နဖူးမွေခြၽးမ်ားကိုသုတ္ေပးလာေသာေမေမေၾကာင့္ ေမေမလက္အားယူကာ ၿပံဳးျပလိုက္သည္။

"ဘာမွမျဖစ္ပါဘူး ေမေမရဲ့...ေစာင္ေခါင္းၿမႇီးၿခံဳထားလို႔ပါ"

"ေမေမျဖင့္စိတ္ေတြပူသြားတာပဲသားရယ္"

စိတ္ေအးသြားဟန္ရိွေသာ ေမေမက အမ်က္မပါေလေသာမ်က္ေစာင္းေလးရြယ္ကာေျပာလာသည္။

"ကိစၥရိွလို႔လား ေမေမ"

"ဟုတ္သား...လာရင္းကိစၥေမ့ေနတာ...သစ္ ေရာက္ေနတယ္လို႔လာေျပာတာ"

"ဟုတ္...ဒါဆိုသြားမယ္ေလ"

ေမေမ့ပုခံုး‌အားဖက္၍ လိုက္ခဲ့လိုက္သည္။
ဧၫ့္ခန္းထဲတြင္ ဂ်ာနယ္အားဖတ္ေနေသာ အကိုရဲေသြးသစ္ပင္။

"အကိုရဲေသြးသစ္"

သူေခၚလိုက္ေတာ့မွ ေမာ့ၾကၫ့္လာကာ သူ႔အားၿပံဳးျပသည္။

"အိမ္ကိုမလာတာေတာင္ၾကာၿပီေနာ္"

"အင္း...ကိုယ္အလုပ္ေတြရႈပ္ေနလို႔ပါ..ဒါနဲ႔ ျပန္အဆင္ေျပသြားၿပီလား"

"ဟင့္အင္း"

ေခါင္းခါျပလာေသာ ေကာင္ေလးအားၾကၫ့္ရင္း သစ္ သက္ျပင္းခ်မိသည္။ထိုေကာင္ေလး ယခုလိုခံစားေနရတာကို မၾကၫ့္ရက္ေပမယ့္လည္း လိုက္ကူညီေပးဖို႔အထိေတာ့ သစ္ သေဘာမေကာင္းႏိုင္ပါ။သို႔ေပမယ့္လည္း ထိုေကာင္ေလးအခုလိုခံစားရသည္မွာ သစ္ ၏ပေယာဂမကင္းပါ။ယခုလိုျဖစ္လာေအာင္ သစ္ တို႔အကြက္က်က်စီစဉ္ခဲ့ၾကသည္မဟုတ္လား။တစ္ခါတစ္ေလက် သစ္ လုပ္ရပ္ကမွန္ရဲ့လားလို႔ အႀကိမ္ႀကိမ္ျပန္ေတြးမိပါသည္။ခ်စ္ရတဲ့ေကာင္ေလးကိုတစ္ျခားသူလက္ထဲမပါသြားဖို႔အတြက္လုပ္ရင္း ကိုယ့္အတြက္ကိုယ္ၾကၫ့္တဲ့သူမ်ားျဖစ္ေနၿပီလား။

သစ္အႀကိမ္ႀကိမ္အခါခါေတြးဖူးပါသည္။
အကပ္သာ သစ္ ဘဝထဲကထြက္သြားခဲ့ရင္ သစ္ ရူးမတတ္ခံစားရမည္ျဖစ္ေၾကာင္းကို။
သို႔ေပမယ့္လည္း ယခု တစ္ကယ္ထြက္သြားသၫ့္အခ်ိန္တြင္ေတာ့ ထင္သေလာက္မျဖစ္ခဲ့။
အကပ္ အေပၚကို မခ်စ္ေတာ့တာလား ဆိုၿပီး ေတြးမိေပမယ့္ ထိုသို႔မဟုတ္တာေတာ့ေသခ်ာပါသည္။
ဒီရက္ပိုင္းအတြင္း သစ္ကိုယ္သစ္လည္းအႀကိမ္ႀကိမ္ျပန္ေမးျဖစ္ပါသည္။အကပ္ကိုတစ္ကယ္လက္လႊတ္ႏိုင္လားဆိုတာ။ထြက္လာသၫ့္အေျဖက သစ္ လက္မလႊတ္ႏိုင္ပါ။အကပ္မရိွတဲ့ဘဝမွာ သစ္ တစ္ကယ္ေနလို႔မရပါ။

"ကိုယ္ကူညီေပးရမလား"

စိတ္ထဲမပါေသာ စကားမ်ားအားေျပာလိုက္သည္။

"ရပါတယ္...အကိုရဲေသြးသစ္ကိုေတာင္အားနာေနတာ...ကြၽန္ေတာ့္ကိုစိတ္မဆိုးဘူးလားဟင္"

"ကိုယ္က အကပ္ကိုဘာလို႔စိတ္ဆိုးရမွာလည္း"

"ဆရာတိမ္ေရာင္လင္းနဲ႔တြဲတာကိုဖံုးကြယ္ထားမိလို႔"

သစ္ တစ္ခ်က္ရယ္လိုက္ရင္း ထိုေကာင္ေလးေခါင္းအား ခပ္ဖြဖြပုတ္လိုက္သည္။

"ႏွစ္ေတြဒီေလာက္ၾကာေနၿပီပဲ...တစ္ျခားတစ္ေယာက္ရၿပီဆိုတာကျဖစ္သင့္ပါတယ္"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

"မလိုပါဘူး"

"အ့"

"အကပ္!...ဘာျဖစ္တာလည္း!"

"ဗိုက္ေအာင့္လို႔...အ့..ဗိုက္က...ဗိုက္က...ဘာလို႔ အ့...အရမ္းေအာင့္လာရတာလည္းပဲ အ့"

"အကပ္! အဆင္ေျပရဲ့လား...ဘယ္နားကေအာင့္တာလည္း!"

အကပ္ရိွရာဆိုဖာသို႔အေျပးသြားရင္ ပုခံုးအားအသာကိုင္ရင္းေမးလိုက္သည္။

"ဒီနား...အ့...မထိနဲ႔...နာ...နာတယ္.."

ေခြၽးေစးမ်ားပါထြက္လာေသာအကပ္အားၾကၫ့္ရင္း သစ္ကိုယ္တိုင္ပါ ေခြၽးျပန္လာရသည္။

"အန္တီမြန္!...အန္တီမြန္!..အကပ္ ဘာျဖစ္တာလည္း မသိဘူး...အန္တီမြန္!...အကပ္!.. အကပ္!"

မိမိရင္ခြင္ထဲ၌လဲသြား‌ေသာ အကပ္ပါးအားကိုင္ရင္း အစာလႈပ္၍ေခၚေနမိသည္။

"အန္တီမြန္!..."

သစ္ တို႔စကားေျပာေနျခင္းေၾကာင့္ အန္တီမြန္ကေရွာင္ေပးသြားသည္ထင္ပါရဲ့။
အကပ္ခႏၶာကိုယ္ေလးအားအသာေပြ့ကာ ၿခံထဲသို႔အေျပးတစ္ပိုင္းဆင္းရင္း ကားေပၚသို႔ ေျဖးေျဖးတင္ကာ ေဆးရံုရိွရာသို႔ေမာင္းလာလိုက္သည္။ ေက်းဇူးျပဳျပီး သူ႔ရဲ့အကပ္ဘာမွမျဖစ္ပါေစနဲ႔။ကားေမာင္းရင္းတုန္ရင္ေနေသာလက္အား အတတ္ႏိုင္ဆံုးထိန္းရင္း ေဆးရံုထိေရာက္ေအာင္ေမာင္းခဲ့လိုက္ေတာ့သည္။

အကပ္ခႏၶာကိုယ္အား မ ခ်ီကာ ေဆးရံုထဲသို႔ အေလာတႀကီးဝင္သြားေၾကာင့္ သစ္ ေၾကာင့္ nurseမ်ား ဆရာဝန္မ်ားကပါ ေရာက္လာၾကသည္။မေရာက္လာလို႔လည္း မရပါ။သစ္ ဆိုသၫ့္ လူသားက နယ္နယ္ရရလူသားမွမဟုတ္ေပဘဲ။

"သူ႔ကို အသက္ရွင္ေအာင္ကုေပး"

"ဟုတ္..ဟုတ္ကဲ့"

တြန္းလွည္းေပၚတြင္တင္ေပးရင္း အသံမာမာႏွင့္ဆိုလိုက္ေလေတာ့ nurseမေလး၏အသံက တုန္တုန္ရင္ရင္။

ဖုန္းအားထုတ္ကာ အန္တီမြန္ဆီကိုဆက္လိုက္သည္။သူျပာယာခတ္ေနလို႔မျဖစ္ပါ။

"အန္တီမြန္...မိုးစက္အခု xxxေဆးရံုေရာက္ေနတယ္...ဗိုက္ေအာင့္တယ္ေျပာၿပီးေမ့လဲသြားလို႔...ဘာမွစိတ္မပူနဲ႔ ကြၽန္ေတာ္အဆင္ေျပေအာင္လုပ္ၿပီးၿပီ"

တစ္ဖက္မွ အန္တီမြန္၏ငိုသံေၾကာင့္ စိတ္မပူရန္သာေျပာလိုက္သည္။အကပ္သာတစ္ခုခုျဖစ္လို႔ကေတာ့ သူ ဒီေဆးရံုကိုဒီတိုင္းမထား။

ခဏအၾကာေတာ့အခန္းထဲမွဆရာဝန္ထြက္လာေလသည္။

"အစာအိမ္ျဖစ္တာပါ...အရမ္းစိုးရိမ္စရာမရိွပါဘူး..."

"ခြဲစိတ္ခန္းဝင္စရာလိုလား"

"မလိုပါဘူး..."

"ေက်းဇူးပါဗ်..ဝင္ၾကၫ့္လို႔ရၿပီလား"

"ရပါၿပီ"

အခန္းတံခါးအားအသာတြန္းဖြင့္ရင္းသာဝင္လိုက္သည္။
သူခ်စ္ရတဲ့ေကာင္ေလးက အိပ္ေနမယ္ထင္သည္။
ဘယ္ခ်ိန္တည္းကလဲလိုက္မွန္းမသိေသာ ေဆးရံုအဝတ္စားႏွင့္။ Glucose ခ်ိတ္ထားေသာ ကေလး၏လက္ဖမိုးအား အသာကိုင္ၾကၫ့္ရင္း ပါးတြင္အပ္ထားမိသည္။
ခ်စ္ရတဲ့သူနဲ႔ရန္ေလးတစ္ခါျဖစ္ရံုနဲ႔ ေဆးရံုထိပါေရာက္ရသည္တဲ့လား။ခ်စ္ရတဲ့သူကတစ္ျခားတစ္ေယာက္နဲ႔အတူရိွေနတာကို သူ႔လိုသာၾကၫ့္ေနရမယ္ဆိုရင္ေတာ့ ထိုကေလးငယ္ အသက္ပင္ရိွပါဦးေတာ့မလား။

ေခ်ာင္က်‌သြားေသာ မ်က္ႏွာအားေသခ်ာၾကၫ့္ေနမိသည္။
မိမိ၏ပါးေပၚမွမ်က္ရည္မ်ားကိုလည္း သတိမထားမိေလေတာ့။သူခ်စ္ရတဲ့ေကာင္ေလးက တစ္ကယ္စိတ္ဆင္းရဲေနရတာပဲ။သစ္ ဘာဆက္လုပ္ရပါေတာ့မလည္း ။ထားခဲ့ခ်င္တဲ့အတိုင္းထားခဲ့မိတာ သစ္ အျပစ္ပါပဲ။

"သားေလး!.."

အခန္းထဲသို႔‌ရုတ္တရက္ဝင္လာေသာ အန္တီမြန္ေၾကာင့္ မ်က္ရည္မ်ားအား သုတ္လိုက္သည္။

"စိတ္ပူစရာမလိုေတာ့ပါဘူးတဲ့...အစာအိမ္ျဖစ္တာအန္တီမြန္...ထမင္းကိုေသခ်ာမစားလို႔ထင္တယ္"

"အန္တီမြန္အမွားပါကြယ္...သားကိုေသခ်ာဂရုမစိုက္မိတာ အန္တီမြန္မွားတာ"

"မဟုတ္တာအန္တီမြန္ အခု မိုးစက္ကိုသာ ေသခ်ာဂရုစိုက္လိုက္ပါ...မိုးစက္ႏိုးလာရင္ စားလို႔ရေအာင္ ကြၽန္ေတာ္ အိမ္ျပန္ၿပီး ဆန္ျပဳတ္ေလးသြားျပဳတ္လိုက္မယ္"

"မဟုတ္တာ...သစ္ကေစာင့္ေနလိုက္...အန္တီမြန္သြားလုပ္လိုက္မယ္"

"ရပါတယ္...မိုးစက္ႏိုးလာရင္ အန္တီမြန္ကိုျမင္ခ်င္ေနမွာ..ကြၽန္ေတာ္သြားလိုက္ပါ့မယ္"

"ေက်းဇူးပါကြယ္....သားသစ္သာ မရိွရင္ အန္တီမြန္တို႔ေတာ့ဘာလုပ္ရဘာကိုင္ရမသိျဖစ္ေနေတာ့မွာ တစ္ကယ္ေက်းဇူးပါကြယ္"

သစ္ လက္အားကိုင္ကာေျပာလာေသာအန္တီမြန္ေၾကာင့္ အန္တီမြန္လက္အားခပ္ဖြဖျြပန္ကိုင္ရင္းသာ ဘာမွမျဖစ္ဖို႔ေျပာလိုက္သည္။

"ဒါဆို ကြၽန္ေတာ္ကိုခြင့္ျပဳပါဦး "

အန္တီမြန္ကိုႏႈတ္ဆက္ၿပီးအခန္းထဲမွထြက္လာခဲ့လိုက္သည္။

..........................................
..........................................

"အ့...ဗိုက္"

"သားေလး...သတိရၿပီလား"

မ်က္လံုးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရသူက ေမေမ။

"ေမေမ...သား ဘယ္ကိုေရာက္ေနတာလည္းဟင္"

"ေဆးရံုကိုေလသားေလး...ဗိုက္ေတြေအာင့္ၿပီး ေမ့လဲသြားလို႔ သားသစ္က ေခၚလာတာ...မေသေကာင္းမေပ်ာက္ေကာင္းသားေလးရယ္"

"သားေတာင္းပန္ပါတယ္ေနာ္...ေမေမစိတ္ပူရေအာင္လိုက္မိတယ္"

"မလိုပါဘူး သားရယ္...တစ္ကယ္ဆို ေမေမ့အျပစ္ပါ..ေမေမကသားကိုပိုဂရုစိုက္ရမွာ"

"ေမေမ့အျပစ္ မဟုတ္ပါဘူး"

"သားရဲ့သူငယ္ခ်င္းေတြကိုခဏေနလာလိမ့္မယ္...ေမေမဖုန္းဆက္ထားတယ္"

"ဟုတ္...အကိုရဲေသြးသစ္ေရာ"

သစ္ အားေမးလာေသာ ‌သားေလးေၾကာင့္ ေဒၚမိုးစက္မြန္ ၿပံဳးမိသည္။

"သစ္က သားစားဖို႔အတြက္ ဆန္ျပဳတ္သြားျပဳတ္တယ္ ခဏေနျပန္လာလိမ့္မယ္"

"ေအာ္...ဟုတ္"

သိပ္မၾကာလိုက္ပါ ကိုထက္ႏွင့္ကိုၿဖိဳးတို႔ေရာက္လာၾကသည္။ေမေမကလည္းအလိုက္တစ္သိေရွာင္ေပးသည္။

"တစ္ခါေလးအသည္းကြဲတာကို ေဆးရံုပါေရာက္တယ္ကြာ...တစ္ကယ္စံခ်ိန္တင္ေလာက္ပါေပတယ္"

"Glucoseေတာင္ ခ်ိတ္ရတဲ့အထိကိုျဖစ္သြားတာ ငၿဖိဳးရ"

"လူနာလာေမးတာလား...လာဖဲ့ၾကတာလား"

"အစကေတာ့လူနာလာေမးတာပဲ...အခုေတာ့ဖဲ့ခ်င္လာတယ္"

"သူငယ္ခ်င္းေတြေကာင္းကိုမေကာင္းဘူး"

"ငထက္...ဆရာတိမ္ေရာင္လင္းကိုျပန္လႊတ္လိုက္ေတာ့"

"ဟမ္..ဟမ္ ဆရာေလးပါလာတာလား...အ့"

"ေဟ့ေရာင္ ေဟ့ေရာင္ ျဖည္းျဖည္း"

ဆရာေလးနာမည္ၾကားသည္ေၾကာင့္ လွဲေနရာမွ ထထိုင္လိုက္မိ၍ ဗိုက္ကေအာင့္လာသည္။

"အသည္းအသန္ကိုျဖစ္ေနတာပါလား ငါ့ေကာင္‌ရာ...ျဖည္းျဖည္းသာသာလုပ္ပါဦးဟ"

ေခါင္းအံုးအား ေျမ့ ေက်ာဘက္တြင္ေထာင္ေပးရင္း ကိုထက္ကဆိုလာသည္။ကိုထက္ေထာင္ေပးထားေသာ ေခါင္းအံုးေပၚတြင္ေက်ာအားမွီလိုက္ကာ အရွက္ေျပသာရယ္ျပလိုက္သည္။

"ဆရာတိမ္ေရာင္လင္းပါလာတယ္..ေအာက္မွာမင္းစားဖို႔အတြက္အသီးေတြဝယ္ေနတယ္"

"ဆရာေလးကိုဘယ္သူေခၚလာတည္းဟင္"

"မင္းအေဖေတြေခၚလာတာေလ...ငါတို႔နဲ႔စကားေျပာတုန္းကအေကာင္း ဘယ္ေလာက္မွေတာင္ မၾကာေသးဘူး ေဆးရံုေရာက္သြားတာသိရေတာ့ လန႔္ၿပီး မင္းရဲ့ဆရာကို ေက်ာင္းအထိသြားပင့္လာရတာ"

"ေက်းဇူးပါကြာ...ငါ့သူငယ္ခ်င္းေတြတစ္ကယ္အားကိုရသား"

"ေသာက္ပိုက..ခုနကက်ေတာ့ သူငယ္ခ်င္းေတြေကာင္းကိုမေကာင္းဘူးဆို"

"ခုနကမေကာင္းတာ အခုေကာင္းသြားၿပီ"

"တတ္ႏိုင္တယ္"

ကြၽီ!...

တံခါးဖြင့္သံၾကား၍သံုးေယာက္သားၾကၫ့္လိုက္ေတာ့ ဝင္လာသူကဆရာေလး။ကိုထက္ႏွင့္ကိုၿဖိဳးတို႔က ေျမ့ အားမ်က္လံုးမိွတ္ျပ၍ အခန္းထဲမွထြက္သြားသည္။

စားပြဲခံုေပၚသို႔ သစ္သီးထုတ္မ်ားအားတင္ကာ ေဘးနားရိွထိုင္ခံုတြင္ဝင္ထိုင္ေသာ ဆရာေလး။

"သက္သာရဲ့လား"

"ဟုတ္"

ထိုမ်ွသာေျပာၿပီးႏွစ္ေယာက္လံုးဘာစကားမွထပ္မဆိုမိေတာ့။အခန္းထဲရိွေလထုကလည္းေအးစက္စက္။

"ေတာင္းပန္ပါတယ္"

အတန္ၾကာမွ ေျမ့ ဘက္မွဆိုမိေသာစကားတစ္ခြန္း။

"အဲ့ေန့က ကြၽန္ေတာ္ အရမ္းလြန္သြားတယ္...စိတ္မထိန္းႏိုင္ခဲ့လို႔"

"ကိုယ္ကသာေတာင္းပန္ရမွာ...တစ္ကယ္ဆို ကိုယ္လမ္းခြဲဖို႔ကိုမေျပာသင့္တာ...တစ္ကယ္ေတာ့ ေခ်ာ လိုက္လာမယ္ဆိုတာ ကိုယ္လံုးဝမသိခဲ့တာပါ...အဲ့ဒါေၾကာင့္လည္း ေျမ့ ကို မေျပာျပခဲ့တာ...ရုတ္တရက္ႀကီးအိမ္ေရာက္ခ်လာတာ...အေမကလည္း သြားမယ္ဆိုၿပီးေလာေလာ ေလာေလာ လုပ္ေနတာ...အဲ့လိုနဲ႔မေျပာျပျဖစ္တာ..ေတာင္းပန္ပါတယ္..."

"မဟုတ္တာ...ဆရာေလးကို ဒီထပ္ပိုၿပီးယံုေပးရမွာကို...ဆရာေလးကိုမယံုသလိုျဖစ္သြားတယ္"

"ကိုယ္သာအစကတည္းကေျပာခဲ့ရင္...ဒီလိုေတျြဖစ္လာမွာမဟုတ္ဘူး..."

"ထားလိုက္ပါေတာ့...ၿပီးတာေတြလည္းၿပီးၿပီပဲကို"

"ဒါနဲ႔ ဘယ္လိုလုပ္ေဆးရံုတတ္လိုက္ရတာလည္း"

"အစားပံုမွန္မစားလို႔ပါ"

"ကိုယ့္အခ်စ္အခုလိုေတျြဖစ္တာ ကိုယ့္ေၾကာင့္ပါ...ကိုယ္ကတစ္ကယ္မေကာင္းတဲ့အေကာင္ပဲ"

"မဟုတ္ပါဘူးေနာ္...ဆရာေလးက တစ္ကယ္ေကာင္းတဲ့သူပါ...အခုက ကြၽန္ေတာ့္ကိုယ္‌ကြၽန္ေတာ္ဂရုမစိုက္မိလို႔ျဖစ္တာပါ"

"ၾကၫ့္ပါဦး...မ်က္ႏွာေတြေခ်ာင္က်သြားလိုက္တာ...ကိုယ္ကေရ႔ွေလ်ွာက္ပိုၿပီးဂရုစိုက္ေပးပါမယ္...ကတိေပးတယ္"

"ကြၽန္ေတာ့္ကိုထားမသြားဘူးဆိုတဲ့ကတိေပးရင္ပဲရပါၿပီ"

"ကိုယ္ကကိုယ့္အခ်စ္ကိုဘာလို႔ထားသြားရမွာလဲ...ကိုယ္ကတိေပးတယ္ေနာ္..."

"ဟုတ္"

ဆရာေလးအားၿပံဳးၿပီးၾကၫ့္ေနမိသည္။
ေဆးရံုတတ္လိုက္ရလည္း ေျမ ဘာမွမျဖစ္ေတာ့ပါ။
ဆရာေလးႏွင့္ျပန္အဆင္ေျပရၿပီပဲ။
ေျမ့ ကိုကိုင္ထားေသာဆရာေလး၏လက္အစံုအား ခပ္ဖြဖျြပန္ကိုင္ထားလိုက္သည္။ဒီလက္က ေျမ့ ကိုေနြးေထြးမႈ႔အစံုအလင္ေပးႏိုင္ပါသည္။

"အေမ့ဆီက ဖုန္းလာလို႔ခဏ"

လက္တစ္ဖက္ႏွင့္ဖုန္းေျပာရင္း လက္တစ္ဖက္က ေျမ့ လက္ကိုကိုင္ထားသည္။မေတြ့ရတာၾကာလို႔ထင္တယ္ ေျမ့ရဲ့ဆရာေလးကပိုေခ်ာလာသည္။

"ဗ်ာ!..."

ဆရာေလး၏ အသံေၾကာင့္ ဆရာေလး၏မ်က္ႏွာအား အလန႔္တၾကားၾကၫ့္မိေတာ့သည္။ဖုန္းအားခ်လိုက္သၫ့္အခ်ိန္တြင္ေတာ့....

"ဆရာေလး ဘာျဖစ္တာလည္းဟင္"

"ေခ်ာ!...ေခ်ာ ေက်ာင္းေလွကားေပၚကျပဳတ္က်လို႔ ကိုယ္အခုသြားရမယ္ ေျမ...ညေနက်ေျမ့ကိုလာေတြ့မယ္ေနာ္"

ေျမ့ ၏နဖူးေလးအားတစ္ခ်က္နမ္းအားဆရာေလးကထြက္သြားသည္။လစ္ဟာသြားေသာ လက္ကေလးအားၾကၫ့္ရင္း မ်က္ရည္မ်ားက ရုတ္ခ်ည္ဆိုသလိုရစ္ဝိုင္းလာရျပန္ပါသည္။

"ထားမသြားပါဘူးလို႔ ကတိေပးခဲ့တာေတာင္.."

အသံခပ္တိုးတိုးႏွင့္သာဆိုမိေတာ့သည္။
ခဏအၾကာေတာ့ အခန္းထဲျပန္လည္ေရာက္ရိွလာတဲ့ သူငယ္ခ်င္းႏွစ္ေယာက္။

"ဆရာတိမ္ေရာင္လင္း အေလာတႀကီးနဲ႔ဘယ္ထြက္သြားတာလည္းေျမ"

"တီခ်ယ္လကၤာေခ်ာ ေလွကားေပၚကျပဳတ္က်လို႔တဲ့"

"ေအာ္"

"ျပန္အဆင္ေျပသြားၿပီလား ေျမ"

"အင္း"

ကိုၿဖိဳးအေမးကို အသံတိုးတိုးႏွင့္ေခါင္းၿငိမ္ရံုသာေျဖလိုက္သည္။

ကြၽီ!...

ထပ္မံပြင့္လာေသာ တံခါးေၾကာင့္ ဆရာေလးမ်ားျပန္လာတာလား ဆိုသၫ့္ေမ်ွာ္လင့္ခ်က္ႏွင့္ၾကၫ့္လိုက္မိေသာ္လည္းမဟုတ္။အကိုရဲေသြးသစ္ပင္။

"သူငယ္ခ်င္းေတြေရာက္ေနၾကတာပဲ...အန္တီမြန္ေရာ"

"ေမေမက ျပန္သြားၿပီ "

"ေအာ္...ဒါနဲ႔ ဒီအသီးေတြကဘယ္သူေပးထားတာလည္း...အကပ္စားလို႔မရဘူးေလ"

"ဆရာေလးလာသြားတာပါ"

"ေအာ္"

ထိုေကာင္ေလး ၏စကားေၾကာင့္ အသီးထုတ္အားဖယ္မၫ့္ ရဲေသြးသစ္လက္က ေရ႔ွဆက္မတိုးမိေတာ့။

"ေျမ...ငါဆို႔လည္းျပန္ေတာ့မယ္..ေအးေဆးအနားယူ စိတ္ညစ္စရာေတြသိပ္မေတြးနဲ႔"

"ေအးပါ..bye"

ေျမ့ အားႏႈတ္ဆက္ၿပီး အခန္းထဲမွထြက္သြားၾကသည္။အခုေတာ့လည္း အခန္းႀကီးကတိတ္ဆိတ္ေနလိုက္တာ။

"ပ်င္းေနလား အကပ္.."

"နည္းနည္း"

"ဆန္ျပဳတ္ေလးနည္းနည္းေသာက္လိုက္...ၿပီးရင္ ကိုယ္က ပံုျပင္ေျပာျပမယ္"

"အကိုရဲေသြးသစ္ကေျပာတတ္လို႔လား"

"အထင္ေသးလို႔ကြာ"

"ဒါဆိုေျပာတတ္တယ္ေပါ့"

"ေျပာတတ္တာေပါ့ကြ"

"ဒါ‌ဆို ဆန္ျပဳတ္ေသာက္ရင္းေျပာျပ"

"ဟုတ္ပါၿပီဗ်ာ"

ဆန္ျပဳတ္ပန္းကန္ေလးအားကမ္းေပးရင္း ခံုတြင္ဝင္ထိုင္ကာ အကိုရဲေသြးသစ္ကစကားဆက္လာသည္။

"နက္ရိႈင္းတဲ့ပင္လယ္သမုဒၵရာႀကီးရဲ့ေအာက္မွာ ေနထိုင္တဲ့ မ်ိဳးႏြယ္စုတစ္စုရိွတယ္။သူတို႔ကလူသားေတြကိုမယံုၾကည္ၾကဘူး သူတို႔ေျမေအာက္ကမ႓ာကို ညစ္ေထြးေအာင္လုပ္ၾကလို႔ဆိုၿပီး ဘုရင္ႀကီးမွာသားသမီးေတြရိွတယ္ သမီးေလးအငယ္ဆံုးရဲ့နာမည္က ေအရီရယ္တဲ့...ေအရီရယ္ကလူျပည္ကိုအရမ္းသြားခ်င္တယ္ ဒါေပမယ့္ ဘုရင္ႀကီးကခြင့္မျပဳခဲ့ဘူး..ေအရီရယ္အသက္ျပၫ့္တဲ့ေန့မွာ ေရမ်က္ႏွာျပင္ကိုသြားဖို႔ဘုရင္ႀကီးကခြင့္ျပဳခဲ့တယ္ ေအရီရယ္လည္းသြားခဲ့တာေပါ့...အဲ့ဒီမွာ သေဘၤာအႀကီးႀကီးတစ္စင္းကို သူေတြ့ခဲ့တယ္...သေဘၤာေပၚမွာေတာ့ ‌ကၾကခုန္ၾကနဲ႔ေပါ့"

ဆန္ျပဳတ္ေသာက္ရင္း စိတ္ဝင္တစ္စားနားေထာင္ေနေသာေကာင္ေလးက ကေလးတစ္ေယာက္ႏွယ္။အေလးအနက္ထားၿပီးနားေထာင္ေနေသာေကာင္ေလးေၾကာင့္ ပံုျပင္ကိုျပန္ဆက္လိုက္သည္။

"အဲ့ဒီမွာ မင္းသားေလးတစ္ပါးလည္းပါလာတယ္...ေအရီရယ္က မင္းသားေလးကို ျမင္ျမင္ခ်င္း ခ်စ္မိသြားတယ္...မထင္မွတ္ဘဲ မုန္တိုင္းေတြတိုက္တယ္ သေဘၤာလည္းေမွာက္တယ္...ေရသူမေလး ေအရီရယ္က မင္းသားေလးကို ကယ္လိုက္တာေပါ့...အဲ့ဒီလိုနဲ႔ ေန့ေန့ညည ေအရီရယ္စိတ္ထဲမွာ မင္းသားေလးကပဲစိုးမိုးေနတယ္..လူ႔ျပည္ကိုသူသြားခ်င္ေပမယ့္ သူ႔အေဖကခြင့္မျပဳခဲ့ဘူး..အဲ့လိုနဲ႔သူ႔အေဖမသိေအာင္ သူ႔အေဒၚဆီကိုသြားခဲ့တယ္...ထီးနန္းမရလို႔ အကိုျဖစ္သူကို မနာလိုျဖစ္ေနတဲ့ သူ႔အေဒၚက ေအရီရယ္ကိုခုတံုးလုပ္ခဲ့တယ္...ေအရီရယ္ ရဲ့ခ်ိဳသာတဲ့အသံကိုယူၿပီး ေျခေထာက္ေတြကိုျပန္ေပးခဲ့တယ္...ၿပီးေတာ့ တစ္ခုလည္းထပ္ေျပာခဲ့တယ္..အဲ့ဒါက ‌မင္းသားေလးသာေအရီရယ္ကိုမခ်စ္ခဲ့ရင္ ေရျမႇဳပ္ဘဝနဲ႔တစ္သက္လံုးေနသြားရမယ္ဆိုတာကိုပဲ...ရူးမိုက္လြန္းတဲ့ေအရီရယ္ကဘာမွမေတြးဘဲ သူ႔အေဒၚစုန္းမႀကီးေျပာတာကိုလက္ခံခဲ့တယ္...မင္းသားေလးဆီသြားခဲ့တယ္...စကားမေျပာႏိုင္တဲ့ ေအရီရယ္ကိုမင္းသားေလးကသနားခဲ့ေပမယ့္...မင္းသားေလးခ်စ္တာကေတာ့တစ္ျခားမိန္းကေလးတစ္ေယာက္ျဖစ္ေနခဲ့တယ္...မင္းသားေလးျပန္မခ်စ္တဲ့အတြက္ ေအရီရယ္ကေသဆံုးရေတာ့မယ္ေလ အဲ့ဒီအခ်ိန္မွာ ေအရီရယ္ကိုအခြင့္အေရးတစ္ခုေပးခဲ့တယ္ မင္းသားေလးကိုသတ္ရမယ္ေပါ့...မင္းသားေလးသာေသရင္ ေအရီရယ္ကအသက္ရွင္ႏိုင္ၿပီေလ ဒါေပမယ့္ ေအရီရယ္ကေတာ့ ေနာက္ဆံုးအခ်ိန္ထိ မင္းသား‌ေလးအေပၚခ်စ္ျမတ္ႏိုးခဲ့တယ္..သူ႔ကိုယ္သူသာအေသခံခဲ့တယ္"

"ေအရီရယ္ သနားပါတယ္ေနာ္"

"အင္း...ေအရီရယ္ေနရာမွာ အကပ္ဆိုရင္ေရာ မင္းသားေလးကိုသတ္မွာလား"

"ဟင့္အင္း... ကြၽန္ေတာ္လည္း ေအရီရယ္ လိုပဲေရြးခ်ယ္မိမယ္ထင္တယ္...အကိုရဲေသြးသစ္ကေရာဟင္"

"ကိုယ္ကေတာ့ ကိုယ္ခ်စ္ရတဲ့သူကိုလည္းသတ္မယ္..ကိုယ္လည္းလိုက္ေသမယ္"

"ဟင္...အကိုရဲ‌ေသြးသစ္ကေၾကာက္စရာႀကီး"

အကပ္စကားေၾကာင့္ တစ္ခ်က္ရယ္လိုက္ကာ ေသာက္ၿပီးသြားေသာ ဆန္ျပဳတ္ပန္းကန္ကိုယူလိုက္သည္။ထို႔ေနာက္ မတ္တပ္ထရပ္လိုက္ကာ ခ်ိဳင့္အားျပန္ဆင့္ရင္း..

"ေအရီရယ္ကိုအကပ္သနားတယ္မဟုတ္လား"

"ဟုတ္..အခ်စ္စစ္နဲ႔ခ်စ္တာေတာင္ ျပန္ၿပီးအခ်စ္မခံရဘူးေလ"

"အဟြန္း!...မင္းသမီးက ခ်စ္ရင္ အခ်စ္စစ္ျဖစ္ၿပီး ဗီလိန္ကခ်စ္ရင္က်ေတာ့ ပိုင္ဆိုင္လိုစိတ္ရိွတယ္ဆိုၿပီး ေခါင္းစဉ္တတ္ၾကတာ သဘာဝပါပဲ...စဉ္းစားၾကၫ့္...ဗီလိန္ခ်စ္တဲ့အခ်စ္ကေရာ အခ်စ္စစ္မျဖစ္ႏိုင္ဘူးလား"

"အင္းေနာ္...အကိုရဲေသြးသစ္ေျပာတာလည္းဟုတ္ေတာ့ဟုတ္တယ္"

"က်ိန္းေသကိုဟုတ္ေနတာ... villainလို႔ေခါင္းစဉ္တပ္ခံလိုက္ရတာနဲ႔ သူလုပ္သမ်ွအရာအားလံုးကမေကာင္းဘူးဆိုၿပီးသတ္မွတ္ခံရေတာ့တာပဲ..အဲ့ဒီထဲမွာ သူရဲ့ျဖဴစင္တဲ့ေမတၲာေတြပါ ပါသြားတယ္ေလ"

"ဟုတ္တယ္ေနာ္"

"ကိုယ္ကေတာ့ ရွင္းပါတယ္... အခ်စ္စစ္နဲ႔ခ်စ္တတ္တဲ့အထဲမွာ villainေတြလည္းပါတယ္ ဆိုတာယံုတယ္"

"ဟုတ္တယ္.. villainေတြမွာလည္း အခြင့္အေရးရိွသင့္တယ္"

"အကပ္အဲ့လိုေတြးလို႔ ကိုယ္ဝမ္းသာပါတယ္"

ခ်ိဳင့္အားေနရာတက်ျပန္ထားရင္း စားပြဲေပၚတြင္ရႈပ္ေနေသာအရာမ်ားအားရွင္းလိုက္သည္။ထို႔ေနာက္ လက္ကိုင္ပုဝါအားထိုေကာင္ေလးကိုေပးလိုက္သည္။သစ္ ေပးလိုက္ေသာလက္ကိုင္ပုဝါကို ပါးစပ္တြင္သုတ္ရင္း ခပ္တိုးတိုး ေရရြတ္ေနရသည္က"villainေတြလည္းအခြင့္အေရးရိွသင့္ပါတယ္တဲ့"ေလ

21.1.2022

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Continue Reading

You'll Also Like

72.1K 9.4K 12
Two teenager boys. A sweet love story with no drama. A fresh love story.
293K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
380K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
662K 57.5K 40
အကယ္၍ ကၽြန္ေတာ္တို႔ ေနာက္တစ္ႀကိမ္ျပန္ဆုံေတြ႕ျဖစ္ၾကရင္ကၽြန္ေတာ့္နားကေန ထြက္မေျပးနိုင္ေတာ့ေအာင္ ခင္ဗ်ားကို တင္းတင္းက်ပ္က်ပ္ဖက္တြယ္ထားမိလိမ့္မယ္။ အကယ်၍...