'ခ....ခရေ....အသဲလေး...'
'ဟွန်း....'
'ခ...ခလေးရေ.....'
'အင်း...ဟွန်း...ဘာလဲကွာ...??'
'ထတော့လေကွာ..အသဲလေးရဲ့..နေမြင့်နေပြီကွ...ဆက်အိပ်ရင်အသဲလေးခေါင်းကိုက်လိမ့်မယ်...'
'ဘယ်နှစ်နာရီလဲ...??'
မျက်လုံးကတော့မပွင့်သေးဘဲ အိပ်နေရင်းကနေဘယ်နှစ်နာရီလဲဆူပုတ်ပုတ်နဲ့မေးနေပြန်တဲ့ကျွန်တော့်ချစ်ခင်ပွန်းလေး...
'ကိုးနာရီဗျာ....'
'အဲ့တာစောသေးတယ်....'
'ဟောဗျာ...'
စောသေးတယ်ပြောပြီးစောင်လေးခေါင်းမြှီးခြုံကာအိပ်နေပြန်တဲ့အသဲညှာလေး...
တကယ်ဆိုမနှိုးချင်ပါဘူး...အရမ်းအိပ်နေရင်မကောင်းဘူးလေး..ခေါင်းကိုက်တာတွေဘာတွေဖြစ်မှာစိုးလို့အတင်းနှိုးနေရတာ...
ခြုံထားတဲ့စောင်လေးကိုအတင်းဆွဲဖယ်တော့ အိပ်နေရင်းကနေပြန်ဆွဲပြန်တယ်...
ကိုယ်ကလည်းအားနဲ့ဆွဲပြန်တော့ စောင်အောက်ကမျက်နှာလေးပေါလာပေမယ့်စောင်ကိုတော့ ကိုယ်ပေါကမဖယ်သေး..လက်ကနေအတင်းဆွဲစုပ်ထားကာချမ်းတယ်ကွာလို့အာဗြဲနဲ့ထအော်ပြန်တဲ့ကိုယ်ဝန်သည်လေး..
'ကဲ..မထဘူးလားချစ်လေး...'
'အိပ်ဦးမှာ...ဟွန့်....'
နောက်ဆုံးအခန်းထဲမှာချထားတဲ့လိုက်ကာစလေးကိုဆွဲဖယ်တော့ဝင်ရောက်လာတဲ့နေစူးစူးကြောင့် ထအော်ပြန်တဲ့လိပ်ကလေး...
'မောင့်..အား..ပိတ်ပေးဆိုကွာ..အဲ့တာကြီးကစူးလွန်းတယ်.....ဟင့်....'
ကိုယ့်အရှေ့မှာတဟင့်ဟင့်ငိုကာတမောင်မောင်နဲ့ချွဲပြနေတော့လည်းဒီကောင့်အသည်းနှလုံးကခံနိုင်ပါ့မလားဗျာ...
'ဟုတ်ကဲ့..'ဟုဆိုကာချက်ချင်းဘဲလိုက်ကာဆွဲပိတ်ပေးရတော့တာပေါ့....
အဲ့အခါကျတော့ 'လိမ်မာလိုက်တဲ့မောင်...'ဆိုပြီးကျွန်တော့်ပါးကိုအနမ်းတစ်ချက်ပေးပြီးစောင်ခြုံပြီးပြန်အိပ်နေတဲ့ကလေးအဖေလေး....
'ဟင်း...မင်းလေးနဲ့တော့မောင်ဘယ်လိုလုပ်ရမလဲကွာ...??'
'ဘာလုပ်ရမလဲမသိရင် ခနဲ့လာအိပ်လှည့်....'
'ဟေ....'
'ဒီမှာ...ရိုးရိုးတန်းတန်းကိုပြောတာနော်...စောစောစီးစီးနှာထပြီးမှောင်မိုက်မနေနဲ့...'
'ခကလည်း..'
'အိပ်ချင်လို့ဆို..'
'အိပ်လေကွာ...ဟိုဖက်လှည့်အိပ်...'
'မအိပ်ပါဘူး..'
'ဘာလို့...???'
'မင်းကြောက်လို့....ဟိုတစ်ခေါက်မင်းကိုက်လိုက်တာငါ့မှာထိုင်လို့တောင်မရဘူး...သွား...မအိပ်နဲ့တော့...'
'မရဘူးကွာ..ခဘဲမောင့်ကိုအရင်ခေါပြီး..ပြောပြီးစကားပြန်မရုတ်ရဘူးလေ...'
'ဒါဆိုအပေါတိုးမလာနဲ့...'
'ဟ..မောင်ကအပေါတိုးမလာရင်ခနဲ့ဘယ်လိုဖက်အိပ်ရမလဲ...??'
'မင်းဘာသာမင်းအိပ်ချင်သလိုအိပ်...ဒါဘဲ...အပေါလုံဝတက်မလာနဲ့နော်..တက်လာရင်ကန်ချမှာ...'
'ဟင့်..လူဆိုးလေး..'
'ရုပ်ကြမ်းနဲ့လာနွဲ့မနေနဲ့..မင်းကိုသနားတဲ့ထဲမှာငါမပါဘူး...'
'အံမယ်..မင်းတွေငါတွေနဲ့..ဟွန့်..ခမက်မွန်သီးလေးအကိုက်ခံချင်နေပြီလားပြော...'
'မင်း..မင်းနော်...'
'အော်ဟော..ကြည့်...'
'မောင့်..အိပ်ချင်တယ်လို့..ခဏပေးအိပ်..'
'အဲ့လိုပြောမှပေါ့...'
'ငြိမ်ငြိမ်နေပေး...'
'ဒါကတော့...'
'လက်ကလေးရော..ခြေထောက်နဲ့ပါးစပ်ကောငြိမ်ပေး...'
မပြောလို့မရဘူး..အဲ့ကောင်ကယုံရတာမဟုတ်ဘူး...
တစ်ခေါက်ကလည်းသူများအိပ်နေတာအခွင့်ကောင်းယူပြီဂသူများမက်မွန်သီးလေးကိုအားမနားပါးမနာသူ့သွားကြီးနဲ့ကိုက်ချလိုက်တာများသွားရာအကွင်းလိုက်...ယုတ်မာချက်...ဟင့်...
ကျွန်တော့်မှာလေးရက်လောက်ကောင်းကောင်းတောင်ထိုင်မရဘူး...
တစ်ခါကလည်းကွန်တော်အိပ်မောကျနေတုန်း ကျွန်တော့်ရင်ဘတ်တွေကိုလိုက်ဖိကိုင်ပြီးတတိတိလိုက်ကိုက်နေပြန်တယ်...
အဲ့ကောင်ကအခုနေအကောင်း..ခဏနေခွေးစိတ်ကပေါက်ပေါက်လာတာ..
လက်နဲ့ပါးစပ်ငြိမ်နေရင်အကောင်းမမှတ်နဲ့ဦး...ခြေထောက်ကသူများခြေထောက်ကိုလာလာပွတ်ပြီးကလိသေး...
ဒါကြောင့်ကြိုပြောထားရတာ...
ဒါတောင်တော်ကာမကျသေးဘူး..ဟူး...
'ခ...ခ.....'
'မောင်နော်...အိပ်မလို့...ငြိမ်ငြိမ်မအိပ်ရင်အခုအခန်းထဲကထွက်...'
'အိပ်မယ်..အိပ်မယ်...'ဟုဆိုတာဆူပုတ်ပုတ်နဲ့ကုတင်ပေါကန့်လန့်ကြီးလှဲအိပ်နေပြန်တဲ့မောင်...
ခါးတွေတော့နာတော့မှာဘဲ...
သူ့ကိုသတိလှမ်းပေးချင်ပေမယ့်အပေါတိုးပြီအိပ်ခိုင်းရင်လည်းဒီလူ့အန္တရာယ်ကကြောက်ရသေးတော့ ဒီတိုင်းဘဲထားလိုက်ရင်း ကျွန်တော်လည်းခဏတာအိပ်စက်ခြင်းစီသို့...
'ဒေါင်..ဒေါင်...ဒင်း.....'
'အမလေး...ခမောင့်ကိုကလေးများကြီးမွေးပေး..'
'ဟမ်..ဟင်း..မောင့်....'
အိပ်ချင်မူးတူးနဲ့အိပ်ယာကနေထထိုင်မိတဲ့ကျွန်တော်တို့နှစ်ယောက်...
တဖက်မှာတော့ ကြေးစည်ကြီးကိုင်ပြီးကျွန်တော်တို့ကိုကြည့်နေပြန်တဲ့ကြီးမေ...
'အမလေးတော်..တတ်လည်းတတ်နိုင်ကြပါပေတယ်...တယောက်ကလည်းထတာနဲ့မောင်တဲ့...နောက်တစ်ယောက်ကြတော့လည်း ငါကြေးစည်တီးလို့ထအော်တာတောင်သူ့မယားကလေးတွေအများကြီးမွေးပေးဖို့ထယောင်သေး...လိုက်လည်းလိုက်ကြတဲ့အတွဲတွေ...ဟဲ့ရှင်းလျှံ...မင်းကိုမင်းမိန်းမနှိုးဖို့လွှတ်လိုက်တာဘာလို့မင်းကပါအိပ်ယာထဲရောက်သွားတာတုန်း...'
'ဟဲ..ဟဲ..ကြီးမေ..အဲ့တာက...ဟိုလေ..ခအစွယ်ကောင်းတာနဲ့'
'ငါဘာမှမင်းမပြောဘူး..မင်းဘာသာမင်းအိပ်ပြီး..'
'ခဘဲလာအိပ်ဆို...'
'မဟုတ်ပါဘူး...'
'တော်တော့..ဟင်း...ငါ့မှာတော့မနက်စာတူတူစားရအောင်ဆိုပြီးထမင်းစားခန်းထဲမှာငုတ်တုတ်စောင့်နေတာ...ဘယ်အချိန်များဆင်းလာမလဲဆိုပြီး...စောင့်ရင်းနဲ့တရေးတောင်ရတယ်....ဟင်း...ခုတက်ကြည့်မှာဘဲ..ဟင်း..ဟင်း...မပြောချင်ဘူးနော်...'
'ကြီးမေကလည်း..'
'ကြီးမေကမလည်းနဲ့..သားငယ်လေးနော်..ကိုယ်ဝန်သည်ကမနက်အဲ့လောက်ကြီးအိပ်စရာလား...?ပြီးမှခေါင်းကိုက်တယ်ဖင်ကိုက်တယ်နဲ့ လာဦးမယ်..အခုတလောအကျင့်တွေပျက်နေတာနော်...'
'ကြီးမေကလည်းခေါင်းကိုက်တာကထားပါတော့....နောက်ဟာကကြီးမေကိုပြောစရာလား..ဘာတွေပြောမှန်းမသိဘူးလူကြီးဖြစ်ပြီး...'
'ဟုတ်သားဘဲ...အဲ့လိုဖြစ်ရင် ကျွန်တော်ဘဲဒိုင်ခံပြုစုမှာပေါ့..ကြီးမေကိုမခိုင်းပါဘူး....မောင်ကအဲ့ကိစ္စတွေမှာပရိုတွေထက်တောင်ပရိုကျသေး.....နော့..နော့...'
'အင်း...ဟာ..မင်း....ကြီးမေရှေ့မှာဘာမဟုတ်တရုတ်တွေပြောနေတာလဲအကောင်ရဲ့....'
'အမလေး...တော်ပြီး..ကျွန်မသွားတော့မယ်..တက်လာမိတယ်ငါမှားတာ..လျှာရှည်မိတာမှားတာ..အမလေး..ဘုရား..တရား...သံဃာ..နောက်ပြီး...အမလေး...'
'ဟိုကြီးမေ.....အာ..မင်း..မင်းကြောင့်ကြီးမေရှေ့မှာငါမဟုတ်တရုတ်တွေပြောမိတာ..မင်းကြောင့်..'
'ခကလည်းအမှန်တွေဘဲကိုမောင်ကပြုစုပေး...'
'အား..တော်တော့..အင့်ဟာ..သွား..သွားတော့အရှက်မရှိကောင်ရဲ့...အင့်...'
ခေါင်းအုန်းနဲ့တဖုန်းဖုန်းကျွန်တော့်ကိုထုနေတဲ့ခကိုကျွန်တော်ကြိတ်ရယ်မိသည်..
အိပ်ရေးဝလို့မျက်နှာလေးဖောင်းပြီးကျွန်တော်ပြောလိုက်တဲ့စကားလေးကြောင့်ပါးလေးတွေရဲပြီးအရှက်သဲကာကျွန်တော့်ကိုထုရိုက်နေပုံက ကလေးတစ်ယောက်နှယ်...
'အ့..အမလေး..ခါး...'
'ဟမ်..ခ..ခါးဘာဖြစ်လို့လဲ...??'
'မင်းကိုလိုက်ထုနေရလို့နာသွားတာ...'
'ပြပါဦး..မောင့်ကို..မောင်ဖူးဖူးမှုတ်ပြီးပျောက်အောင်လုပ်ပေးမယ်..'
'ဟင့်.....မောင်စုတ်...ခခါးမကျိုးသေးပါဘူး...'
'ဒါဆိုမောင်တက်လုပ်လို့ရသေးတယ်ပေါ့...'
'မင်း...မောင်နော်...'
'ဟား..ဟား..အဟား...စတာ..စတာ..'
မနက်ခင်းပိုင်းမှာတော့ ကျွန်တော်တို့အိမ်လေးထဲမှာ ခရဲ့ဆဲဆိုသံသဲ့သဲ့နဲ့ ကျွန်တော့်ရဲ့တဟားဟားအော်ရယ်သံတို့နဲ့ပြည့်နေတော့သည်...
---------------
-------------------------
'ခ..ခ...ခလို့...'
'ဘာလဲကွာ...??ဘာလို့အနောက်ကနေတကောက်ကောက်လျှောက်လိုက်နေရတာလဲ..??'
'ခတစ်ခုခုဖြစ်သွားမှာစိုးလို့...ခလိုအပ်နေချိန်မောင်အနားမှာအဆင်သင့်ရှိနေအောင်...'
'ဒါပေမဲ့အခုလိုတပူးပူးတတွဲတွဲဖြစ်စရာမလိုဘူးလေမောင်ရာ..မောင့်ကြောင့်ကြီးမေတောင်ခတို့ကိုအမြင်ကပ်နေပြီ..ရွာပြန်မယ်ဘဲပြောနေလို့ခမှာမနည်းတားထားရတာ....'
'အဲ့တော့လည်း...'
'ဘာအဲ့တော့လည်းလဲ..မောင်နော်...မောင်တကယ်လွန်နေပြီ...'
'မောင်မလွန်ပါဘူးကွာ...ခကိုချစ်လွန်းလို့စိတ်မချနိုင်ဖြစ်နေရတာကို....'
'မောင့်ဟာကခအိမ်သာသွားလည်းတံခါးအပြင်ဘက်မှာမတ်တပ်ရပ်စောင့်..ဘယ်မှလည်းမသွားခိုင်းသလို...သွားလိုက်ရင်လည်း..နောက်တောင်လှည့်ကြည့်စရာမလို..မောင်ကခနောက်မှာပါပြီးသား.....အခုလည်းရေသောက်မယ်ဆိုတာလည်းခနောက်ကတကောက်ကောက်လိုက်နေပြန်တယ်...မောင်မမောဘူးလား..'
'မောင်မမောပါဘူးကွာ...မောင့်သွေးသားကိုလွယ်ထားတဲ့မောင့်ရဲ့မိန်းမလေးခလောက်မောင်ကပင်ပန်းပါ့မလားကွာ...'
အဲ့လိုလေးပြောတော့ကျွန်တော့်မှာကြည့်နူးရပြန်သည်....
စောနက သူ့ကိုစူငေါက်ဖို့ရာအခုတော့ စကားလုံးတွေပင်ဘယ်စီရောက်သွားမှန်းမသိ...
ဟင်း...
'လိုက်ချင်တယ်ဆိုတော့လည်းလိုက်ပေါ့ဗျာ...'
'ဟီး..လိုက်မှာ..လိုက်မှာ...'
'တကယ်..မောင့်ကိုတော့မနိုင်ဘူး..ပိုရန်ကော...'
'ချစ်လွန်းလို့အထိခိုက်မခံနိုင်တာပါဗျာ...'
'ဟွန်း...'
အခုကျွန်တော်အပေါမှာရေသောက်နေတာလည်းအာက်မှာငုတ်တုတ်ထိုင်ပြီးအငြိမ်မနေ..ကျွန်တော့်အကျီအောက်ကိုလက်ဝင်ပြီးဟိုထိဒီထိလုပ်နေသေး...
'ဒီထဲမှာကလေးလေးရှိနေတာလား..??'
'မောင့်...ယားတယ်ကွာ..ခရေသောက်နေတယ်လေ...ဘယ်လိုဖြစ်နေတာလဲ..??'
'အသဲယားလို့ပါကွာ..နောက်ပြီးမောင်အခုထိမယုံနိုင်သေးလို့...'
'ဟင်း.....'
'ခ..ဘာ..ဘာတွေသောက်နေတာလဲ...ပေးပေး..မောင့်ကို..ကျစ်..ကိုလာတွေကမတည့်ဘူးလေကွာ...'
'ဟမ်...ခကိုလာသောက်မိတာလား..??'
'ခ....ကိုယ်သောက်နေတာရေလား..ကိုလာလားတောင်မသိတော့ဘူးလားကွာ...??ကျစ်..မောင်သာသတိမပေးရင်ခဆက်သောက်ဦးမှာဘဲမလား..ဒါတွေကို..ဟင်း..ဒါတောင်မောင်ခအနားမှာရှိနေလို့..မောင်များမရှိရင်..ဟူး..ခကိုမောင်ဘယ်လိုစိတ်ချရမှာလဲကွာ...'
'မောင်ရယ်..မောင်ကခဗိုက်ကိုဟိုထိဒီထိလိုက်လုပ်နေတာလေ..ခလည်းယားတာကတမျိုး..ရေဆာတာကတမျိုးနဲ့..ဟို..ဆွဲမိဆွဲရာဆွဲသောက်မိတာ...အဲ့တာ...'
'အဲ့လိုအမြဲနမော်နမဲ့နိုင်လွန်းတာကြောင့်မောင်စိတ်မချနိုင်တာပေါကွာ...'
'ဟင်း..အင်းပါ...မောင်မှန်တယ်....'
'ခ....'
'အင်း..'
'မောင်ရေခပ်တိုက်မယ်..ဟိုမှာထိုင်စောင့်ပေး..'
'ဟုတ်...'
ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ မောင့်ကိုပြန်ပြောမနေတော့ဘဲမောင်ပြောတဲ့နေရာလေးမှာရပ်စောင့်နေလိုက်တော့သည်...
နောက်တော့ ကျွန်တော့်အနားကိုပြာပြာပြာပြာနဲ့ရောက်လာတဲ့မောင်...
'ခ..ဟာ..မထိုင်ဘဲနဲ့ဘာလို့မတ်တပ်ကြီးရပ်နေတာလဲ..ညောင်းမှာပေါ့ကွာ...'
'မညောင်းပါဘူး...'
'ဟင်း..ကဲ..လာ..မောင့်ပေါင်ပေါလာထိုင်...'
'ဟို..မောင်...'
'လာ..လာထိုင်လာခ....'
'အင်း...'
'ရော့..ရေသောက်လိုက်...ဖြည်းဖြည်းသောက်နော်...'
'ဟုတ်...'
ကျွန်တော်ရေသောက်ပြီးတော့ ကျွန်တော့်ပါးစပ်ကိုသူ့လက်နဲ့သုတ်ပေးနေပြန်တဲ့မောင်...
'မောင်....'
'ခ...'
'ဗျာ...'
'မောင်ခဗိုက်ကလေးခဏကိုင်ကြည့်ချင်တယ်....'
'အင်း....ရ..ရပါတယ်...'
ကျွန်တော်ပြောလိုက်တော့ မောင်ကချက်ချင်းဘဲ ကျွန်တော့်အကျီအောက်လက်ဝင်ရင်း ဗိုက်ကိုခပ်ဖွဖွထိကိုင်ကာ
'ဖေဖေ့ကလေးလေး......ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာနော်...'
'ပါပါးကိုအရမ်းဒုက္ခမပေးရဘူးနော်..ဗိုက်ထဲမှာလိမ်လိမ်မာမာနေ...ကြားလား...ကလေးလေး..ပါပါးကကလေးလေးကိုလွယ်ထားရတော့အရမ်းပင်ပန်းနေတာ.....'
မောင်ကဗိုက်ထဲကကလေးလေးနဲ့စကားပြောနေတာလား..??
မောင့်ကိုအခုမှသေချာကြည့်မိတယ်....
အရင်တုန်းကကလေးတစ်ယောက်လိုနွဲ့ဆိုးဆိုးတတ်တဲ့မောင်ကအခုတော့ဖခင်စိတ်အပြည့်အဝရှိတဲ့လူကြီးတစ်ယောက်တောင်ဖြစ်လာပြီလား....
အချိန်တွေကအကုန်မြန်လိုက်တာ...
မောင့်အကြောင်းတွေးနေတုန်းရှိသေး....နွေးခနဲဖြစ်သွားတဲ့ကျွန်တော့်ဗိုက်ကလေး..
မောင်ကကျွန်တော့်ရဲ့ပြားကပ်ကပ်ဗိုက်ကလေးကိုနမ်းနေတာလား...
အလန့်တကြားနဲ့မောင်လို့ဟန့်တားမိတော့ ကျွန်တော့်ကိုပြုံးပြလာသည်..
နောက်တော့ကျွန်တော့်ကိုမောင်က'ကျေးဇူးတင်ပါတယ်..'တဲ့
'ဟင့်.....'
'ခ..မငိုပါနဲ့...ဒီကောင်ကြီးရင်တွေကွဲလွန်းလို့ပါကွာ...'
'ပျော်လို့ပါ...ခကမောင့်အချစ်ကိုရလို့ပျော်လို့ပါမောင်ရယ်....ဟင့်...'
'ဟာ..ခ..မောင့်ဘေဘီရာ..'
'မောင်...'
'ဗျာ...'
'မောင့်ကလေးလေးကမောင့်ကိုသီချင်းဆိုပြတဲ့...'
'ဟက်...ဟုတ်လား...'
တချက်ရယ်ကာကျွန်တော်သူ့ကိုပြုံးကြည့်မိတော့ သူလေးကစူပုတ်ပုတ်လေးနဲ့
'ဘာလဲ..??ခပြောတာမယုံဘူးလား...??'တဲ့...
အဲ့လိုဘဲခုတလောခကသူလုပ်ချင်တာတွေကိုဗိုက်ထဲကကလေးလေးကိုလွှဲချပြီးကျွန်တော့်ကိုညာခိုင်းတတ်တာလေ...
ကျွန်တော်ကသိတော့ရယ်မိတော့ သူလေးကမကျေနပ်ပုံ...
'ဟား..မဟုတ်ပါဘူးကွာ...ဆိုပြရမှာပေါ့..မောင့်အသဲနဲ့မောင့်ဘေဘီလေးအတွက်..'
'ဆိုပြ...'
'ကောင်းပြီဗျာ...ခလည်းတူတူဆိုနော်...'
'အင်း...'
🎶ကိုယ်လိုချင်တာ....တကယ်ဆိုမာယာတွေမပါ
ဖြူစင်ရိုးသားတဲ့အချစ်လိုတယ်...
ရှာဖွေတွေ့ရှိခဲ့... မင်းကိုတန်ဖိုးထားရတာ..
ဘာနဲ့မှမလဲနိုင်ခဲ့...
ကိုယ့်ဘဝမှာ ဒါဟာထာဝရ...
ယုံမှာလား..သူစွန့်စားဖို့အတွက် အမြဲတမ်းယုံကြည်ထား...
ဘယ်သူမင်းလေးကိုကွာတကယ်မချစ်လဲ...
ကိုယ်ဟာစကားများစွာမပြောခဲ့...
ရင်ထဲကအချစ်တွေ စာဖွဲ့စရာ...
ရှာမတွေ့ခဲ့မိသူပါ...
မမျှော်လင့်ခဲ့ပါကွာ အကြင်နာများဟာ....
ကိုယ်ဟာပေးဆပ်သူ သက်သက်ပါ...
နောက်ဆုံးထွက်သက်အထိ ချစ်နေခွင့်သာ...
ကြင်နာသူရေ ယုံကြည်ပေးလိုက်ပါလား...
အမှန်ဆိုမင်းသိသင့်ပါတယ်...
အကုန်အစင်ဖွင့်ဟမပြောပေမဲ့...
မင်းတစ်ယောက်ကိုချစ်တာ..
မင်းအတွက်ဆိုထာဝရ.....
တကယ်ဆိုမင်းသိသင့်ပါတယ်...
အကုန်အစင်ဖွင့်ဟမပြောရဲလည်း....
မင်းတစ်ယောက်ကို...
အရာရာထက်ပိုပြီးချစ်ခဲ့တယ်...🎶
'ချစ်တယ်မောင်..အရာရာထက်ပိုပြီးမောင့်ကိုချစ်တယ်...'
'မောင်ရောပါဘဲကွာ...'
-----------------------------------
အခုဆိုခဗိုက်ထဲကမောင့်ရင်သွေးလေးကနှစ်လတောင်ကျော်လာပြီ...
မောင်ကလည်းကျွန်တော့်ကိုသဲသဲလှုပ်ချစ်သလို ကျွန်တော့်ကိုလည်းတချက်လေးမှတောင်အထိခိုက်မခံ...
ရုပ်ရှင်မင်းသားဖြစ်တဲ့မောင်က အခုတလောခအနားမှာကပ်ပြီးအချိန်ပြည့်အားယားနေလို့အလုပ်မရှိဘူးလားမေးတော့ သူဖြေလိုက်တာက အကုန်ပိတ်ထားတယ်တဲ့..မွေးပြီးဖွားပြီးမှပြန်လုပ်ငန်းစမှာတဲ့လေ..
အော်..မသိရင် သူကကိုယ်ဝန်နေ့စေ့လစေ့နဲ့မွေးရမယ့်သူလိုလို...
တကယ်....
မနေ့ကလည်းမောင့်အတွင်းရေးမှူးကောင်လေးကတဟီးဟီးနဲ့ငိုပြီးကျွန်တော့်စီရောက်လာပြီး
'ဆရာကတော်ရယ်..ကျွန်တော့်ကိုကယ်ပါဦးလား...'တဲ့..
ကျွန်တော့်မှာလန့်ဖြန့်သွားရတာပေါ့...ဘာဖြစ်တာလဲဆိုပြီး
သူကိုသေချာထိုင်ခိုင်းပြီးအကြောင်းစုံကိုမေးကြည့်တော့ မောင့်စနက်တွေပေါလာတော့တာပေါ့...
ကျွန်တော့်ကိုအကြောင်းပြပြီးရီုက်ကူးရေးတွေအကုန်နားထားတဲ့ဒင်းကအဲ့တာတွေဒင်းသဘောနဲ့လုပ်နေတာတဲ့...
မင်းသားဖြစ်တဲ့သူ့ကိုကြောက်လို့အကုန်လုံးကမပြောရဲကြတော့ ဒီကောင်လေး..မောင့်အတွင်းရေးမှူးလေးကိုအကုန်ဝိုင်းဟောက်ကြတာပေါ့...
'ဆရာကတော်..ကျွန်တော်အလုပ်မပြုတ်ချင်ဘူး...အီး..ဟီး....'
'ဟူး..မငိုပါနဲ့ကွာ..မင်းကလည်းယောက်ျားမဟုတ်တဲ့အတိုင်းဘဲ..'
'အီး..ဟီး...ကျွန်တော်ဝမ်းနည်းလွန်းလို့ပါဗျာ..'
'မင်းရဲ့ဆရာကိုမပြောကြည့်ဘူးလား..??'
'မင်းသားကဆရာကတော်ကလွဲပြီးတခြားသူတွေကိုလူလို့မထင်ဘူး..အင့်..ဟင့်...တစ်ရှူးလေး....'
'အေး..ရော့...'
'နှာချေးညှစ်ချင်လို့...'
'အေးပါကွာ.....'
'ဟုတ်..ကျေးဇူး..ဆရာကတော်..မင်းသားကအသဲအရမ်းမာတာ...ဟင့်..မင်းသားလုပ်ပုံနဲ့ကျွန်တော်တော့..အီး..ဟီး..မင်းသားကိုရီုက်ကူးရေးပြန်ဆင်းအောင်ပြောပေးပါဦးလားဗျာ...ကျွန်တော်လမ်းဘေးမှာခွက်ဆွဲမတောင်းစားချင်ဘူး...ဟင့်..'
'အေးပါ..ပြောပေးပါ့မယ်...'
'ဆရာကတော့်စီလာရတာလည်းအားနာပါတယ်..ဒါပေမဲ့...'
'ငြိမ်း...သော်...........!!!'
'မင်း...မင်းသား..ဟဲ...ဘယ်ကနေ...??'
'မင်းငါ့မယားကိုကြူစီလာဖွင့်နေတာလား..??'
'မောင့်..မဟုတ်ဘူး...'
'ဟိုး...ဆရာ..အထင်လွဲနေပြီ...'
'မရဘူးနော်...ငါ့မယားကငါ့အပိုင်..ငါတောင်ချစ်မဝတာ...'
'တော်တော့မောင်...မင်းလည်းတော်တော့ငြိမ်းသော်...'
'မဟုတ်ဘူးခ..မောင်သူနဲ့ရှင်းကိုရှင်းရမှာ...'
'မင်းသား..ကျွန်တော်လာတာက...'
ကျစ်..တစ်ယောက်ကလည်းတော်ဆိုတာကိုအတင်းရှင်းနေပြန်သေး...နောက်တစ်ယောက်..လင်တော်မောင်တစ်ကောင်ကြတော့လည်းတမယားတည်းမယားနေတာ..ငါစိတ်တော်တော်ရှည်တယ်နော်...
'နှစ်ယောက်လုံးတော်ကြတော့....!!!!'
'ဟုတ်..ခ' 'ဟုတ်..ဆရာကတော်...'
'မင်းပြန်လိုက်တော့...မင်းပြောထားတဲ့ကိစ္စအကိုတာဝန်ယူတယ်...အားလုံးအဆင်ပြေစေရမယ်...'
'ဟီး..ဟုတ်ကဲ့..ကျေးကျေးအကို..မွ..မွ...'
'ဟမ်..'
'ဟာ..ဟိတ်ကောင်မင်း..ငါ့မိန်းမကိုသွားခါနီး fly kissကိုလက်ကလုပ်ပြသွားသေး..ဒီလဒကတော့....မင်းပြန်လာခဲ့စမ်းဒီကို...'
'ဟီး..ဆရာကတော်..သွားပြီဗျို့...'
'ဟိတ်ကောင်..ငြိမ်းသော်..ပြန်လာစမ်း...ငါ့မိန်းမကိုများမင်းကရာရာစစ....'
'ရှိုင်းရှင်လျှံ.....!!!'
'ဂျာ....အဲ..ယောင်လို့..ဗျာ..အသဲလေး...'
'အဲ့ခြေလှမ်းကဘယ်လဲ...???'
'ဟိုကောင့်ကိုသွားသတ်မို့...'
'လာစမ်းပါဦး..ဒီနားလေး...'
'ဟုတ်...'
'လက်ပိုက်လာ..'
'ဗျာ...'
'လာဆိုလာ..'
'ဟုတ်...'
'မင်းသဝန်တိုဖို့ဘဲတတ်လား..??'
'သူကခကိုfly kissလုပ်သွားတာကို..မောင့်မိန်းမကိုထိတော့ မောင်က....'
'အာ..တော်တော့...အေး..အဲ့လိုသဝန်လိုက်တိုနေမယ့်အစားမင်းအလုပ်လုပ်ပါလား..??'
'မောင်အခုလည်းလုပ်နေတာဘဲလေကွာ...'
'ဘာအလုပ်..??'
'ခအနားကပ်နေတာလေကွာ..ခအနားမှာနေပြီးခကိုဂရုစိုက်ပေးနေတာကမောင့်အတွက်အလုပ်တစ်ခုဘဲကို...'
'အဲ့တာလုပ်ကူတာမဟုတ်ဘူး..မင်းငါ့ကိုရှုပ်ကူတာကွ...'
'ခကလည်း..'
'ငြိမ်းသော်သာမပြောရင် မင်းချီးထုပ်တွေငါသိမှာမဟုတ်ဘူးကလိမ်ကကျစ်ကောင်ရဲ့...မင်းပြောောတ့ အလုပ်ကခွင့်နားရက်ရှည်ပေးတာဆို...'
'ဟုတ်တယ်လေ...'
'အဲ့နားရက်က မင်းသူတို့စီကအတင်းခြိမ်းခြောက်ဓားမြတိုက်ယူထားတာမလား...??'
'အဲ..အဲ့တာကတော့...'
'မင်းငါ့ကိုညာတယ်နော်မောင်...'
'ခ..မောင်တောင်းပန်ပါတယ်..မောင်လေခကို...'
'မင်းညာလားမညာဘူးလားဖြေ..'
'ညာ..ညာခဲ့ပါတယ်...'
'အင်း....ဒီနေ့ကစပြီးနှစ်ပတ်တိတိအခန်းခွဲအိပ်ရမယ်....ဖျက်ထားတဲ့အလုပ်တွေရောနက်ဖြန်ခါကစပြီးလုပ်ရမယ်မှတ်..ဒါဘဲ...'
'ခ..အလုပ်လုပ်တာကတော့ထားပါ..ဟိုခွဲအိပ်တာနှစ်ပတ်ဆိုတာကြီးက..မောင်ကခနဲ့..'
'မနေနိုင်ဘူးလား...'
'ဟင့်အင်း...'
'မနေနိုင်ရင် ငါ့ကွာပေး...'
'အာ..ခ...'
'ငါ့အကြောင်းသိတယ်နော်...'
'ဟင့်..ဟုတ်....'
'အထွန့်မတက်နဲ့...'
'ဟုတ်ကဲ့ခ....'
အဲ့တာကမနေ့ကမောင်နဲ့ခဖြစ်ခဲ့တဲ့ပြဿနာပါဘဲ..
မနေ့ကမောင့်မျက်မနှာကြီးငြိုးကျသွားလိုက်တာများ..ဟား..ဟား.....
နှစ်ပတ်လေးခွဲအိပ်ရတာကိုဖြစ်ပျက်နေလိုက်တာလို့ရယ်ချင်သေး...
သို့ပေမဲ့....အဲ့တာကပထမကကျွန်တော့်အတွေး..
သူမရှိတဲ့ကုတင်ဘေးအေးစက်စက်နေရာလွတ်ကိုကျွန်တော်ကြည့်ပြီးဒီနေ့ညတော့ဆက်မအိပ်နိုင်တော့ပါ..
မောင်အကျင့်လုပ်ပေးထားတာလည်းပါမယ်...
ညတိုင်းမောင့်ရင်ခွင်ထဲတိုးဝင်ပြီးအိပ်နေကြဆိုတော့ ..
လူဆိုးမောင်..ခုတော့သူ့ကြောင့်..သူ့ကိုသတိရလွန်း..လွမ်းလွန်းလို့အိပ်မရတော့ဘူး..အကောင်စုတ်ရဲ့...
မောင့်ရဲ့ယောက်ျားဆန်တဲ့ကိုယ်သင်းနံ့နဲ့ပေါင်မုန့်ခြောက်လုံးကိုလည်းလွမ်းတယ်...
မသိတော့ဘူး...မအိပ်ရတာလေးညရှိပြီ...အခုသူရောငါမရှိဘဲအိပ်ပျော်ပါ့မလား...သွားကြည့်ဦးမှ...
ဒါနဲ့ဘဲ...ညဘက်အချိန်မတော် အိပ်ယာကနေထကာ ခြေသံလုံလုံနဲ့ လျှောက်လိုက်ပြီးအခန်းတံခါးအဖွင့်..
'အမလေး....သ..သရဲ..'
'သရဲမဟုတ်ပါဘူး..မောင်..မောင်ပါ...'
'ဟမ်..မင်း..မင်းကအခန်းတံခါးဝမှာဘာလုပ်နေတာလဲ..??'
'မောင်..မောင်အိပ်မပျော်လို့....'
'အော်....'
'ခကရော..ဒီအချိန်ကြီးဘာထလုပ်တာတုန်း..မှောင်မှောင်မဲမဲ...'
'ရေ..ရေသောက်ချင်လို့...'
'အခန်းထဲမှာကရားရှိတယ်လေ...'
'မအေးလို့..'
'ဟမ်..ခကအအေးမှသိပ်မသောက်တာ..'
'အခုသောက်ချင်လို့ကွာ..'
'အော်..အော်..'
'ဘာလဲ..ငါတကယ်ပြောတာ..??မင်းနဲ့အိပ်ချင်လို့မင်းကိုလာချောင်းတာမဟုတ်ဘူး..'
'အယ်..စစ်မေးစရာတောင်မလိုဘူးနော်..အသဲလေး...'
'အာ....အဲ့တာ..'
'ကဲ..မင်းလေးလဲအိပ်မပျော်ဘူး..မောင်လည်းအိပ်မရမဲ့တူတူမောင်တို့ဖက်အိပ်ကြတာပေါ့...လာ....'
'မောင့်....ခ..ခပြောတာက....'
'မူမနေပါနဲ့ခရာ....လာ...မောင်ခကိုလွမ်းနေတာ...'
'နေ့တိုင်းတွေ့နေရတာများ...အပိုတွေ...'
'ညတိုင်းမတွေ့ရဘူးလေကွာ...'
'ဟွန့်...'
'ကဲလာ..မောင့်လက်မောင်းပေါခေါင်းလေးတင်...လာမောင့်ရင်ခွင်ထဲ...'
'ဟင့်အင်း...'
'ဘာလို့လဲ..အဲ့လိုမအိပ်ချင်ဘူးလား..??'
'မောင်ပက်လက်လှန်....ခမောင့်ကိုဖက်အိပ်ချင်လို့...'
'သဘောပါဗျာ....'
...................................
............................................
ထိုနေ့ညတော့ ကောင်လေးနှစ်ယောက်ဟာတစ်ယောက်နဲ့တစ်ယောက်ဖက်ပြီးအိပ်ပျော်သွားခဲ့ကြတယ်...
သူတို့အိမ်မက်လေးတွေလည်းလှခဲ့ကြပါတယ်....
ဒါပေမဲ့..မနက်ဖြန်ဆိုတာသာရောက်ခဲ့ရင်ရော.....သူတို့ဘဝလေးတွေအေးချမ်းနိုင်ပါဦးမလား...??
-------------------------------
'မောင်ကလာခေါမယ်ပြောပြီးကြာလိုက်တာ.....ကြီးမေကအိမ်မှာစိတ်ပူနေလောက်ပြီ...'
အခုကျွန်တော်ဟာဆေးရုံရှေ့မောင့်ကားအလာကိုစောင့်နေခြင်း...
မောင်နဲ့တူတူဆေးရုံလာပေမဲ့ ကျွန်တော့်ဗိုက်အကြောင်းအကိုရာပြည့်နဲ့ဆွေးနွေးနေချိန်အရေးကြီးဖုန်းတစ်ခုမောင့်စီဝင်လာတာကြောင့်မောင်ကခကိုခွင့်တောင်းပြီးအပြင်ကိုထွက်သွားရတာလေ...
ဟင်း...ညောင်းလိုက်တာ..
အရင်ကထက်အနည်းငယ်လောက်စူလာပြီဖြစ်တဲ့ကျွန်တော့်ဗိုက်လေးကအခုဆိုသုံးလထဲမှာပေါ့....
မောင့်ကိုမျှော်နေချိန်မှာဘဲပြောပြောဆိုဆိုနဲ့ကျွန်တော့်ရှေ့ရပ်ချလာတဲ့ကားတစ်စီး...
'အယ်...မောင်..နေဦး..ဒါမောင့်ကားမှမဟုတ်ဘဲ...'
ထိုကားနားကနေရှောင်ထွက်သွားဖို့အလုပ် ကားမှန်ပွင့်လာပြီးကျွန်တော့်နာမည်ခေါလိုက်တဲ့မိန်းကလေး...
'ခက်ခွန်းခ....'
'မင်း..မထိပ်ထား..ဘာလာလုပ်တာလဲ...??'
'တို့မင်းနဲ့ပြောစရာရှိတယ်...'
'ကျွန်တော်ကတော့အမနဲ့ပြောစရာမရှိလို့ခွင့်ပြုပါဦး...'
'တို့စကားမှားသွားလို့..ပြောစရာမဟုတ်ဘူး..တို့မင်းကိုအသိပေးစရာရှိတာ...မင်းရဲ့အတိတ်ကမောင့်အကြောင်းပေါ့..မင်းကိုမပြောပြထားတဲ့မောင့်ရဲ့တစ်ခုတည်းသောလျှို့ဝှက်ချက်..'
'ခင်ဗျားဘာမဟုတ်တာတွေမောင့်ကိုလျှောက်ပြောဦးမလို့လဲ...??'
'တို့ကမင်းသိသင့်တယ်ထင်လို့နောက်မကျခင်အသိလာပေးတာပါ...'
'ခင်ဗျားကကျွန်တော့်စီကမောင့်ကိုဆွဲထုတ်ဖို့ကြိုးစားနေတာမဟုတ်ဘူးလား..'
'ဟုတ်တယ်..ဒါပေမဲ့အဲ့တာအရင်က..တို့အခုသူ့ကိုမချစ်ချင်တော့ဘူး..တို့နက်ဖြန်နိုင်ငံခြားထွက်သွားတော့မှာ..ပြန်လာဖြစ်မှာမဟုတ်လောက်ဘူး....ဒီမှာလေယာဉ်လက်မှတ်...'
'အဲ့တာခင်ဗျားအပိုင်းပါ...'
'တို့ကွေ့ဝိုက်ပြောမနေတော့ဘူး...မင်းရဲ့ပထမဆုံးကလေးလေးအကြောင်းမသိချင်ဘူးလား...??'
'ခင်ဗျားဘာတွေလာပြောနေတာလဲ...ကျွန်တော့်ကလေးကဒီမှာ..သူကကျွန်တော့်...ကျွန်တော့်ရဲ့....'
'ဒုတိယမြောက်ရင်သွေး...'
'ဘာ.....မဟုတ်ဘူး...'
'မင်းအခုတုန်နေပြီမလား...??တို့ပြောပါတယ်....ဟက်..တို့ပြောတာအမှန်တရား...မင်းယုံပေး...'
'...............'
'မင်းရဲ့ပထမမြောက်ရင်သွေးကအသတ်ခံလိုက်ရတာ....'
'ဟမ်...'
'တရားခံဘဘ်သူလဲမင်းသိလား...???'
'.......မ..မပြောနဲ့...'
'မောင်..မင်းသိပ်ချစ်ရတဲ့မောင်ဆိုတဲ့လူဘဲ.....သူကိုယ်တိုင်ငါ့ကိုမင်းကလေးကိုသတ်ဖို့ဆေးဝယ်ခိုင်းတာ...မင်းကတော့အဲ့တုန်းကသူတိုက်တာတွေအားဆေးဆိုပြီးသောက်ခဲ့တာ....နောက်တော့...'
'မပြောပါနဲ့တော့....ခင်....ခင်ဗျားမှာသက်သေရှိလား...'
'ရှိတယ်ဆိုရင်ရော....မင်းယုံမလား...ကောင်လေး...??လူတွေကသိပ်ကြောက်ဖို့ကောင်းတယ်.....မင်းကဖြူစင်လွန်းတော့ ခက်ကုန်တာပေါ့ကွာ.....'
ကျွန်မရှေ့မှာတုန်တုန်ရီရီနဲ့ဗိုက်ကလေးပေါလက်တင်ပြီးကြောင်ရပ်နေတဲ့ ခက်ခွန်းခဆိုတဲ့သူ့ကိုကျွန်မသနားစိတ်ဝင်မိပေမဲ့ မသနားနိုင်ဘူး...
နင်တို့ကငါ့အသဲကိုခွဲခဲ့တာဘဲ....
ငါခံစားခဲ့ရသလောက်နင်နည်းနည်းလေးတော့ခံစားပေးခက်ခွန်းခ...
မောင်ကတော့..အများကြီးခံစားရတော့မှာပေါ့လေ...
စောရီးမောင်..
ငါဒီမြေကနေထွက်မသွားခင် မင်းကိုနည်းနည်းလေးလက်စားချေချင်လို့..
အခုတော့ ခံစားလိုက်စမ်းရှိုင်းရှင်းလျှံ...
နင်မိန်းမတွေရဲ့အချစ်ကိုလာမစမ်းနဲ့..
မီးကပူတတ်မှန်းသိရင်အစထဲကမီးနဲ့မကစားသင့်ဘူး...
ဘဝကပေးတဲ့သင်ခန်းစာတစ်ခုလို့မှတ်ယူပေါ့...
------------------------------------------------------------
TO BE CONTINUED
Zawgyi
'ခ....ခရေ....အသဲလေး...'
'ဟွန်း....'
'ခ...ခလေးရေ.....'
'အင်း...ဟွန်း...ဘာလဲကွာ...??'
'ဘယ်နှစ်နာရီလဲ...??'
'ကိုးနာရီဗျာ....'
'အဲ့တာစောသေးတယ်....'
'ဟောဗျာ...'
'ကဲ..မထဘူးလားချစ်လေး...'
'အိပ်ဦးမှာ...ဟွန့်....'
'ဟေ....'
'ခကလည်း..'
'အိပ်ချင်လို့ဆို..'
'မအိပ်ပါဘူး..'
'ဘာလို့...???'
'ဒါဆိုအပေါတိုးမလာနဲ့...'
'ဟင့်..လူဆိုးလေး..'
'မင်း..မင်းနော်...'
'အော်ဟော..ကြည့်...'
'အဲ့လိုပြောမှပေါ့...'
'ငြိမ်ငြိမ်နေပေး...'
'ဒါကတော့...'
'ခ...ခ.....'
'ဒေါင်..ဒေါင်...ဒင်း.....'
'ဟမ်..ဟင်း..မောင့်....'
'ခဘဲလာအိပ်ဆို...'
'မဟုတ်ပါဘူး...'
'ကြီးမေကလည်း..'
'အ့..အမလေး..ခါး...'
'ဟမ်..ခ..ခါးဘာဖြစ်လို့လဲ...??'
'မင်း...မောင်နော်...'
'ဟား..ဟား..အဟား...စတာ..စတာ..'
---------------
-------------------------
'ခ..ခ...ခလို့...'
'အဲ့တော့လည်း...'
ဟင်း...
'ဟီး..လိုက်မှာ..လိုက်မှာ...'
'ဟွန်း...'
'ဟင်း.....'
'ခ....'
'အင်း..'
'ဟုတ်...'
'မညောင်းပါဘူး...'
'ဟို..မောင်...'
'လာ..လာထိုင်လာခ....'
'အင်း...'
'ဟုတ်...'
'မောင်....'
'ခ...'
'ဗျာ...'
'အင်း....ရ..ရပါတယ်...'
'ဟင့်.....'
'ဟာ..ခ..မောင့်ဘေဘီရာ..'
'မောင်...'
'ဗျာ...'
'ဟက်...ဟုတ်လား...'
'ဆိုပြ...'
'အင်း...'
ဘာနဲ့မှမလဲနိုင်ခဲ့...
ကိုယ့်ဘဝမှာ ဒါဟာထာဝရ...
ရှာမတွေ့ခဲ့မိသူပါ...
မင်းအတွက်ဆိုထာဝရ.....
မင်းတစ်ယောက်ကို...
'မောင်ရောပါဘဲကွာ...'
-----------------------------------
တကယ်....
'အေး..ရော့...'
'နှာချေးညှစ်ချင်လို့...'
'အေးပါကွာ.....'
'အေးပါ..ပြောပေးပါ့မယ်...'
'ငြိမ်း...သော်...........!!!'
'မင်း...မင်းသား..ဟဲ...ဘယ်ကနေ...??'
'မောင့်..မဟုတ်ဘူး...'
'ဟိုး...ဆရာ..အထင်လွဲနေပြီ...'
'ဟုတ်..ခ' 'ဟုတ်..ဆရာကတော်...'
'ဟမ်..'
'ရှိုင်းရှင်လျှံ.....!!!'
'အဲ့ခြေလှမ်းကဘယ်လဲ...???'
'လာစမ်းပါဦး..ဒီနားလေး...'
'ဟုတ်...'
'လက်ပိုက်လာ..'
'ဗျာ...'
'လာဆိုလာ..'
'ဟုတ်...'
'ဘာအလုပ်..??'
'ခကလည်း..'
'ဟုတ်တယ်လေ...'
'အဲ..အဲ့တာကတော့...'
'ညာ..ညာခဲ့ပါတယ်...'
'မနေနိုင်ဘူးလား...'
'ဟင့်အင်း...'
'အာ..ခ...'
'ဟင့်..ဟုတ်....'
'အထွန့်မတက်နဲ့...'
'ဟုတ်ကဲ့ခ....'
'အမလေး....သ..သရဲ..'
'အော်....'
'ရေ..ရေသောက်ချင်လို့...'
'မအေးလို့..'
'အခုသောက်ချင်လို့ကွာ..'
'အော်..အော်..'
'အာ....အဲ့တာ..'
'မောင့်....ခ..ခပြောတာက....'
'ဟွန့်...'
'ဟင့်အင်း...'
'သဘောပါဗျာ....'
...................................
............................................
??
-------------------------------
ဟင်း...ညောင်းလိုက်တာ..
'ခက်ခွန်းခ....'
'ဒုတိယမြောက်ရင်သွေး...'
'ဘာ.....မဟုတ်ဘူး...'
'...............'
'ဟမ်...'
'.......မ..မပြောနဲ့...'
စောရီးမောင်..
------------------------------------------------------------