မောင်ဟာခမှာကိုယ်ဝန်စရှိပါပြီဆိုတည်းက ခကိုအနားကနေအပျောက်မခံဘဲအရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်ပါတော့သည်...
အရေးကြီးတဲ့ရှူတင်တွေလောက်ဘဲသွားပြီး ကြော်ညာရိုက်ဖို့တို့လို တိုတိုထွာထွာလောက်တော့သူလက်မခံတော့....အကြောင်းကတော့ ကိုယ်ဝန်သည်ကျွန်တော့်ကိုစိတ်မချလို့ပါတဲ့...ဟူး..တကယ်ဘဲ....ကျွန်တော်ယောက်ျားလေးပါ...ကိုယ့်ဘာသာတော့ဂရုစိုက်တတ်တာကို...
ခပြောပါတယ်..ခကိုစိတ်ချ..ကြီးမေလည်းအိမ်မှာရှိနေတယ်ဆိုတာလဲမရ....ဒါတောင်ပထမကဘာမှရိုက်ကူးရေးမလုပ်တော့ဘူး...ရိုက်လက်စဇာတ်ကားကြီးတွေတောင်မရိုက်ဘဲနှုတ်ထွက်မယ်တကားကားပြောနေခဲ့တာ...ခမှာမနည်းကိုဖျောင်းဖျယူလိုက်ရတယ်....ဒင်းလုပ်ပုံနဲ့တော့ producerတွေနဲ့directorတွေcrew members ရောထမင်းအိုးကွဲမဲ့အပြင်..သူတို့တွေလက်ချက်ကြောင့်ဒင်းပါထမင်းအိုးကွဲ..အဲ့တာမကွဲတောင်ခေါင်းပါပေါက်မဲ့ကိန်း...ဟင်း...ဟုတ်တယ်လေ..သူတို့ထမင်းအိုးလိုက်ခွဲတဲ့ဇာတ်လမ်းတွေလုပ်နေတာကိုး...ဟူး..ဟူး...ဒင်းနဲ့ရိုက်ပြီးသားတန်းလန်းကားကိုအခုချိန်မှတခြားမင်းသားတစ်လက်ရှာပြီးပြောင်းရိုက်ဖို့ဆိုတာလွယ်မလား...
တကယ်ပါ..စိတ်တွေလည်းလေပါတယ်နော်...
အိမ်မှာဒီနေ့တော့သူမရှိဘူး..ခနားကိုအေးနေတာဘဲ...
သူများ အိမ်မှာရှိလို့ကတော့ ဟိုဟာမစားနဲ့နော်ခ...ဒီလိုမလုပ်နဲ့..လမ်းကိုဖြေးဖြေးလျှောက်....လာလာမောင်တွဲကူမယ်ဘာညာနဲ့..အား..နားတွေကိုရှုပ်နေတာဘဲ...မျက်စိတွေလည်းတကယ်နောက်တယ်...
'ကလင်...လင်.....'
အော..ဟော..တွေ့လား..ပြောနေတာနဲ့ဒင်းတော့အသက်ရှည်ဦးမယ်...
ဖုန်းဆက်နေတာ..ဟင်း..
'ဟဲလို.....ကိုသာလိကာ..ပြော...'
'ခကလည်း....မောင်လို့ခေါလေကွာ...'
'မောတယ်..မောတယ်...'
'ဘာ..မောတယ်..ဟုတ်လား..ဒါဆိုမောင်တို့ဆေးခန်းသွားပြရအောင်..မောင်အခုချက်ချင်းရှူတင်breakလိုက်မယ်...'
'ဟာ....မောင်...ခ..ခပြောတာမောင့်ကြောင့်ရင်မောတာကိုပြောတာ...မောင်အိမ်ကထွက်ထဲက ဆက်လိုက်တဲ့ဖုန်း..အခုတစ်ခေါက်နဲ့ဆို ၃၆ခါရှိပြီနော်မောင်...မောင့်ကိုတခြားသူတွေဘာမှမပြောဘူးလား...??ဒါတောင်တော်သေး..မောင့်ရိုက်ကူးရေးကရန်ကုန်မြို့ထဲမှာမို့..မဟုတ်ရင် ဘယ်နှစ်ကြိမ်များဖုန်းဆက်မလဲမသိဘူးနော်..တကယ်ပါ...ဘာတစ်ခုမှခပါးစပ်ကမပြောလိုက်နဲ့..တခါလာ..ဆေးခန်း..နဲ့...မောင်လုပ်စရာရှိတဲ့အလုပ်ကိုသာစိတ်ဖြောင့်ဖြောင့်နဲ့လုပ်စမ်းပါ...ခဘာမှမဖြစ်ဘူး..အားနေဖုန်းခေါမနေနဲ့..operatorရုံးကမောင့်အဖေပိုင်တာမဟုတ်ဘူးနော်...လုပ်ကြွေးမနေနဲ့...'
'ခကလည်း..မောင်ကခကိုစိတ်ပူလို့စိတ်မချလို့ဖုန်းဆက်ပြီးမေးမိတာကိုကွာ..'
အသံလေးတိမ်ဝင်ပြီးခကိုပြောတော့လည်းခမှာစိတ်မကောင်းနိုင်...ဒီလူကြီး...တော်တော်လည်းတတ်နိုင်တယ်..
ကြည့်..ဒီပုံနဲ့ကျွန်တာ်သူ့ကိုဘယ်လိုစိတ်ဆိုးရတော့မလဲ...သူ့တောင်ကိုယ်ကပြန်ချော့ရမဲ့ကိန်းဘဲ...
'မောင်ကလည်း..ခကတခြားသဘောနဲ့ပြောတာမဟုတ်ပါဘူး..မောင်စိတ်ပူတာကိုမသိလို့မဟုတ်ဘူး..မောင်အလုပ်ပျက်မှာစိုးလို့ပါကွာ..နော်..နော်...'
'ဟီး...ခ..အဲ့တာကြောင့်မို့မောင်ကမိန်းမလေးကိုချစ်နေ၇တာ...'
'မောင်နော်....!!!သိပ်ယွထမနေနဲ့...ဘာမိန်းမလဲ..သူများကို...'
'မောင်ယွချင်တောင်ခမှပေးမယွတာ..ဗိုက်ဘဲပြပြပြီးမရဘူးငြင်းနေပြီး..'
'မောင့်...!!'
'ဟိ...ဗျ...'
'ဘာစကားတွေပြောနေတာလဲ...'
'အဟုတ်ပြောနေတာကိုဗျာ...'
'အဲ့တာဆိုဒါဘဲ..ခအိပ်ချင်နေပြီ..ဖုန်းမဆက်နဲ့နော်...ခအိပ်နေတုန်းဖုန်းဆက်လို့ခအိပ်ရေးမဝရင် မောင်ပြန်လာရင် မောင့်ကိုရစ်မှာ...ဟွန့်...ဒါဘဲ...'
'အင်းပါကွာ..အိပ်ပါဗျာ....'
'ချစ်တယ်..ယောက်ျား...'
'အား..ခ...မောင့်ကို....'
'တူ....'
သူဆက်မပြောခင်ကိုယ့်မှာဖုန်းကိုအသဲအသန်ကိုချပစ်လိုက်မိသည်....
ကိုယ့်သဘောနဲ့ကိုယ်ယောက်ျားခေါပြီးကိုယ့်ဘာသာပြန်ရှက်ရတဲ့ကျွန်တော်...
သူ့ကိုအဲ့လိုမခေါချင်ဘူးလို့လဲမဟုတ်ပါဘူး...အဲ့အခေါအဝေါကနည်းနည်းလေးကသိကအောက်ဖြစ်ပြီးရှက်ဖို့ကောင်းနေလို့..သူကသဘောကျလို့ခကိုအမြဲခေါခိုင်းပါတယ်..ခကသာခါးခါးသီးသီးငြင်းပြီးမခေါခဲ့တာ..
ခအကျင့်ယုတ်တာမဟုတ်ပါဘူးနော်...ခအခုလိုလေးတခါတလေတော့ခေါပေးပါတယ်...
'သားငယ်လေး.....'
'ဗျာ..ကြီးမေ....ဟီး..ကြီးမေရောက်နေတာမသိလိုက်ဘူး..??'
'အေးပါ..ရပါတယ်...ဒါနဲ့ဖုန်းကြီးကြည့်ပြီးတစ်ယောက်ထဲဘာတွေပြောနေတာလဲသားလေး..??'
'အာ..ဘာမှမဟုတ်ပါဘူး...ဒီတိုင်းပါးစပ်ထဲရှိတာလျှောက်ပြောနေတာ...'
'အေး...ဒါနဲ့စောနကဘဲသားရှိုင်းဖုန်းဆက်တယ်...'
'အယ်...'
'အင်း..ခုဘဲချလိုက်တာ...'
'ဘယ်လိုကီဲးမေ..သူစောနကဘဲကျွန်တော်နဲ့ဖုန်းပြောပြီးတာကိုကြီဂမေကိုဖုန်းဆက်သေးတယ်..အလုပ်မလုပ်ဘဲတော်တော်အားယားနေတာလားမသိဘူး..ဒီကောင်တော့...'
'ဟား..ဟား..အဲ့လိုတော့လဲဘဘ္ဟုတ်မလဲသားရယ်..သားကမပေါ့မပါးကြီးနဲ့ဆိုတော့ သူနောက်ဆန်လေးတာအစမ်းမှမဟုတ်ဘဲ..သားကိုသူကချစ်ရှာပါတယ်...'
'အကဲပိုလွန်းနေတာပါဗျာ...ဝါး..ကြီးမေ..သားအိပ်ငိုက်လာပြီ...အိပ်တော့မယ်နော်....'
'လာ..သား..ကြီဂမေတွဲကူမယ်လေ..အပေါကို...'
'သူမှာလိုက်တာဘဲမလား...??'
'ဟုတ်တယ်...'
'ကြီးမေကလည်း..သားဗိုက်ကအခုတလတောင်မပြည့်သေးဘူး..အရင်လိုလှုပ်လှုပ်ရှားရှာလုပ်လို့ရပါသေးတယ်...အခုဟာက ဟိုဟာလပ်မယ်ဆိုလည်းမလုပ်နဲ့..ဒီဟာဆိုလဲမကိုင်နဲ့နဲ့..ကြာရင် ကျန်တာ်လည်းအပျင်းရောဂါဆွဲတော့မယ်ထင်တယ်...'
'သားကလည်း...'
'ကြီးမေရယ်..သားကယောက်ျားတစ်ယောက်ပါ..ကိုယ်လွယ်ထားတဲ့ကလေးကိုရောကိုယ့်ဘာသာရောသေချာစောင့်ရှောက်နိုင်ပါတယ်...သူကလည်းပိုလွန်းတယ်..ကြီးမေကလည်း..သတိကပ်လွန်းနေတော့..ဟူး..သားနေရကျပ်လို့ပါ...'
'သားတစ်ခုခုမဖြစ်ရအောင်ပါ...'
'သိပါတယ်ဗျာ..ကဲ..ကြီးမေလည်းနားတော့..သားလည်းအပေါတက်တော့မယ်...'
'ကြီးမေတွဲ..'
'ကြီးမေနော်...'
'အေး..အေးပါကွယ်..ဖြေးဖြေးတက်..ပြုတ်ကျမယ်..လက်တန်းလေးထိန်းတက်..ဟဲ့..ဒီကလေး..ဘယ်လိုခုန်ခွပြီးတက်သွားတာလည်း..အမလေး..ပြုတ်ပျက်ကျမှ..ဟင်း...'
'ဟီး...အိပ်ပြီနော်ကြီးမေ...'
အခန်းတံခါးလေးကနေခေါင်းထွက်ကာကြီးမေကိုဟီးခနဲရယ်ပြတော့မနိုင်ဘူးဆိုတဲ့ပုံစံနဲ့မျက်စောင်းထိုးရင်းနောက်ပြန်လှည့်သွားတဲ့ကြီးမေ...
ကြီးမေလှည့်ထွက်သွားတာနဲ့ ကျွန်တော်လည်းအခန်းတံခါးသာသာလေးဟထားလိုက်ပြီး အိပ်ယာပေါမှာပတ်လက်ကလေးအိပ်လိုက်မိသည်..
ဟိုဒီလှိမ့်ရင်းနဲ့ငါးမိနစ်လောက်ကြာမှအိပ်ပျော်သွားတော့သည်...
'ပြွတ်စ်..ပြွတ်စ်..'
'အွန်း...ဟွန့်......ဘယ်သူ..အွန့်...?'
'မောင်..မောင်လေခ..ပြွတ်စ်..'
မောင်...အော်..မောင်လား...??
မောင့်အနမ်းတွေကကြမ်းလိုက်တာ...
အိမ်မက်မက်နေတာတောင် တကယ်အပြင်မှာနမ်းနေတဲ့အတိုင်းဘဲ..အသက်တောင်ရှူမရဘူး...
သူ့ရင်ဘတ်ကလေးကိုလက်နဲ့သာသာပုတ်ကာလွှတ်ပေးဖို့ပြောမှ ကျွန်တော့်မေ့ဖျားကိုတချက်နမ်းရင်းလွှတ်ပေးတဲ့မောင်...
မောင်ကခကိုကြည့်နေတာကြောင့်ခလည်းမောင့်ကိုပြုံးပြမိသည်...
'မောင့်...အိပ်ချင်သေးလို့..မနှောက်ယှက်နဲ့ဦးနော်...ခအိပ်ဦးမယ်....ဟိုတစ်ယောက်ပြန်လာရင်ခကိုပူညံပူညံလုပ်ဦးမှာ..သူမရှိတုန်းအိပ်ရေးဝအောင်အိပ်မလို့..ရှူးနော်...'
ပြောပြီးပြန်အိပ်ဖို့အလုပ် ကျွန်တော့်ကိုပြုံးပြီးကြည့်နေတဲ့မောင်က ရုတ်တရက်မျက်နှာတည်ကြီးဖြစ်သွားတော့သည်....
နောက်တော့သူကမေးလာတယ်...
'ဘယ်အကောင်လဲ..???မောင့်အပြင်တခြားသူရှိသေးတာလား...!!'
'ဒါပေါ့...အိပ်ဦးမယ်လို့...တိုးတိုးနေနော်...အရမ်းအော်တာဘဲ'
အိပ်ဖို့ပြင်နေတဲ့ကျွန်တော် သူရုတ်တရက်ထအော်လိုက်တာကြောင့်အရမ်းကိုလန့်သွားရတာပေါ့...
'အမောင်ဗိုက်..ထစမ်း..!!!'
'အမလေး...အိမ်မက်ကအိမ်မက်လိုနေစမ်းပါ..ရှူး..ရှူး..ပျောက်သွားစမ်း....'
'ဘာအိမ်မက်လဲ..??ခ..ထစမ်း...ခ....'
'ဘာလဲဗျာ...အ့..နာ..နာတယ်..မောင့်..ခလက်ကိုလွှတ်...အိမ်မက်ကဘာလို့အဲ့လောက်နာရတာလဲ....??ဟင့်...'
'အိုကေလေ..အိမ်မက်လားတကယ်လားဆိုတာသက်သေပြပေးရမှာပေါ့...လာစမ်း....'
ရုတ်တရက် ခကိုကျွန်တော်ပွေ့ကာ ပေါင်ပေါတင်လိုက်ပြီး ခနှုတ်ခမ်းကိုအနမ်းခြွေပစ်လိုက်သည်...နောက်တော့ ခပ်စပ်စပ်လေးနှုတ်ခမ်းကိုကိုက်ပစ်လိုက်သည်..
'အွန့်..အွင်း..လွှတ်.....အ့'
'ယုံပြီလား..အမောင်ဗိုက်....'
နာသွားတဲ့နှုတ်ခမ်းလေးကိုတို့ထိပြီးတအားအားနဲ့အော်နေပြန်တဲ့အမောင်ဗိုက်...ဒါတောင်မျက်လုံးကမပွင့်သေး...
'ခ...မောင်မေးနေတာဖြေဦးလေ..ပြန်မအိပ်နဲ့...မောင်မဟုတ်တဲ့တခြားတစ်ယောက်ကဘယ်သူလဲ..??'
'ဝါး..ဟွန့်..အိပ်ချင်တယ်ဆိုတာကို..လူဆိုးကြီး...အီး..ဟီး..သူများကိုအသေနမ်းပြီးနှိုးရလား...မကောင်းတဲ့ကောင်ကြီးရဲ့...ဒီတိုင်းလေးပုတ်နှိုးရင် ကင်းကိုက်မှာကြနေတာဘဲ..အီး..ဟီး..ဗြဲ...'
မပွင့်သေးတဲ့မျက်လုံးတွေကိုလက်နဲ့အတင်းပွတ်ကာအော်ငိုနေပြန်တဲ့ခ...
ကျွန်တော့်မှာတော့သူ့လက်တွေကိုဆွဲယူပြီးကျွန်တေ့်လက်ထဲချုပ်ပစ်လိုက်ရတော့သည်..
'ခ..အရမ်းမပွတ်နဲ့လေ..မျက်လုံးတွေနာကုန်တော့မှာဘဲကွာ...'
'နာ...နာပေါ့..မကောင်းတဲ့ကောင်ကြီးရဲ့..ဗြဲ..ဟင့်..'
'မောင်မေးတာကြမဖြေဘဲ ခကငိုနေတာဘဲ..ငိုချင်လည်းနောက်မှငို...မောင်မေးတာဖြေ..မောင့်အပြင်တခြားတစ်ယောက်ခမှရှိနေတာလား..??သူဘယ်သူလဲလို့...??ဖြေလေ..'
'အရူးရဲ့..ငါ့မျာမင်းအပြင်ဘယ်သူရှိမှာလဲဟ..အင့်..ငါလို ယောက်ျားရှိပြီးဗိုက်တဗိုက်ရှိတဲ့လူကိုဘယ်ကောင်ကလာကြိုက်မှာလဲလို့လူဆိုးကောင်ရဲ့..အီး..ဟီး...'
'ဟမ်...ဒါပေမဲ့..စောနကခပြောတာက...'
'ငါကမင်းငါ့ကိုလာနမ်းတာအိမ်မက်ထဲမှာထင်လို့ပေါ့..အပြင်ကမင်းပြန်လာရင် ငါမအိပ်ရမှာစိုးလို့ အိမ်မက်ထဲကမင်းကိုတိုးတိုးနေဖို့ပြောတာကို..အီး..ဟီး..သူများကိုနှိပ်စက်တယ်...ကိုက်လဲကိုက်တယ်..ဟင့်..အင့်...ကြီးမေ..ဗြဲ...'
'ဟဲ့..သားရှိုင်း..သားငယ်လေးကဘာဖြစ်လို့အော်ငိုနေရတာလဲ..အောက်ထပ်ကနေတောင်ဟိန်းလို့ကြားနေရတာ...စောနကအိပ်နေတာအကောင်းပါ..ဘဘ္လိုဖြစ်လို့ထငိုသွားရတာတုန်း..'
'ဟို..အဲ..အဲ့တာက..ဟိုလေ..ဒီလိုရှိတယ်...'
ကျွန်တော်ကြီးမေကိုရှင်းပြမို့ရှိသေး သူလေးကအံမယ်..အချေစိုက်နြ့ ကျွန်တော့်ကိုမျက်လုံးပြူးပြပြီး..ဟွန့်ကနဲနှာမှုတ်ကာကြီးမေစီကိုလှစ်ခနဲနေအောင်ပြေးသွားတော့သည်...
'ခ..အမလေး..ဖြေးဖြေးလေ...မပြေးနဲ့,..'
'မင်းနော်..ငါ့နားမလားနဲ့..ကြီးမေ..သိလား..အဲ့ကောင်မကောင်းဘူး...သူများအိပ်ပျော်နေတာကိုနှေက်ယှက်တယ်...'
'ဟုတ်လား..??'
'ဟင့်..ရွှတ်..ဟုတ်တယ်..သိလား..'
'ကြီးမေသားလေးကိုသူကဘာလုပ်လို့ကြီးမေသားလေးကအော်ငိုရတာလဲ..ပြောပါဦး...'
'ခ..ဟို..မောင်နောက်မှကြီးမေကိုပြောပြလိုက်မယ်လေ..အဲ့အကြောင်း..'
ကျွန်တော်ကတော့မျက်နှာတွေထူပူပြီးပြောလိုက်ပေမဲ့ သူကတော့ မရဘူးဆိုပြီးလက်တခါခါနဲ့သူကိုယ်တိုင်ဘဲအမှန်တရားကိုဖွင့်ချပြပါတော့သည်...
'ကြီးမေ..အဲ့ကောင်က..သားနှုတ်ခမ်းကိုအဲ့လိုကြီးအတင်းဖိကပ်နမ်းတာ..သိလား..သားကိုလည်းဆူတယ်..သူမေးတာမဖြေလို့ဆိုပြီး..သားကိုလေနှုတ်ခမ်းကိုအင့်ကနဲ့မြည်အောင်ကိုကိုက်ပစ်လိုက်တာ...ဟင့်..တွေ့လား...သွေးတွေတောင်ခုထက်ထိထွက်တုန်း...ဟင့်..'
'ဟေ..ဒီကလေး..ဘာတွေကြီးမေကိုလာပြောနေတာလဲ..အို...မင်းတို့ကတော့လေ...ဟင်း..ငါအိုကြီးအိုမကိုဘာမဟုတ်တရုတ်တွေလာပြောနေတာလဲ...သွားတော့မယ်အေ...'
'အဟုတ်ပြောတာ....ကြီးမေ..ကြီးမေ..သူ့ကိုရိုက်လိုက်နော်..သိလား..သားရေချိုးခန်းထဲသွားဦးမယ်...'
ပြောချင်ရာပြောပြီးသူမဟုတ်သလိုဘာမှမဖြစ်သလိုလေးအနားကနေထွက်သွားတဲ့ခ..ကျန်ခဲ့သူကြီးမေနဲ့ကျွန်တော့်မှာတော့ တစ်ယောက်နဲ့တစ်ယောကမျက်နှာချင်းမဆိုင်ရဲသေး...
'ကျွန်တော်ပြောပါတယ်..ကြီးမေကသူပြောတာကိုသွားနာထောင်တာကို...'
'မင်းကလည်း..ဘာတွေသွားလုပ်တာတုန်း..??'
'ဟီး..အသဲယားလို့လေ...'
'ငါကတော့ တကိုယ်လုံးပုရွက်ဆိတ်ကိုက်နေသလိုဘဲအေ..မင်းတို့နှစ်ယောက်နဲ့တော့ ငါလည်းဘယ်လိုဆက်နေရမလဲ..ဟင်....'
'ဟီး...ဘွာတေး..ဘွာတေး..ကြီးမေ...'
'ဟင်း...သားငယ်လေးနဲ့ပြီးရင်အောက်ဆင်းခဲ့..မုန့်စားကြမယ်...'
'Yes sir.....'
'ဘာမှလျှောက်မလုပ်နဲ့နော်သူ့ကို...ငါနာကြားမျှင်းရှက်လို့ပါအေ...'
'ဟီး..ဟုတ်ကဲ့...'
'ဟင်း..ဟင်း...ဘုရား..ဘုရား...'
ဘုရားတပြီးအောက်ဆင်းသွားတဲ့ကြီးမေကိုကြည့်ပြီးကျွန်တော်လည်းအားနာမိပါတဘ်...
ဒါပေမဲ့ အဲ့အကောင်ပေါက်လေးက သူ့ကိုတနေ့တမျိုးမရိုးအောင် အသဲမယားယားအောင်လုပ်နေတာလေ...
ဟူး.....တကယ်ပါဘဲ...ဒါတောင်ဗိုက်ခံနေလို့တော်တေ်ကိုထိန်းထားတာ...ခ...ခ..
ခကကိုယ်ဝန်ရှိလာထဲကစပ်စပ်ထိလည်းမခံတော့..စိတ်ဆိုးလည်းလွယ်တယ်..ဝမ်းနည်းတာလည်းလွယ်တတ်တယ်...သူစိတ်ဆိုးပြေချင်ရင်လည်း ကျွန်တော်တောင်ချော့စရာမလိုဘဲသူ့ဘာသာပြေသွားတတ်တာ..ကလေးလည်းတအားဆန်လာတယ်အခုတလော..သိလား..??
အခုအဖြစ်ဘဲကြည့်ပါလား..အရင်ကဆို ကျွန်တော်နမ်းရင်ရှက်ပြီး ကြီးမေတောင်ပြောမပြတဲ့သူကအခုတော့ လူစားလဲသွားတဲ့အတိုင်းအပ်ကျတာကအစပြောပြနေလိုက်တာများ...ဟက်..
ဒီပုံစံလေးလည်းတမျိုးချစ်ဖို့ကောင်းတာပါဘဲလေ...
'မောင့်....'
သူ့အကြောင်းတွေးနေတုန်းရှိသေး...ကျွန်တော့်ရှေ့လာရပ်ပြီးအလိုမကျတဲ့ပုံစံလေးနဲ့ ကျွန်တော်ကိုတစ်ခုခုပြောတော့မယ်ထင်ပါ့...
'ဗျာ..ခ...'
'ဟိုဟာလေ...ဒီမှာကြည့်...ခအကျီတွေရေစိုကုန်ပြီ..'
ရေစိုနေတဲ့အကျီလေးကိုထိုးပြပြီးကျွန်တော့်ကိုနှုတ်ခမ်းလေးတဆူဆူနဲ့ပြောနေပြန်တဲ့ခ...
'ဟုတ်ပါ့..ဘယ်လိုလုပ်ရေစိုကုန်ရတာလဲခရယ်...'
'အဲ့တာအဲ့ရေပိုက်ကြောင့်ပေါ့...မောင့်ကိုတိုင်မလို့..'
အံမယ်...ရေပိုက်ကိုပြန်ပြီးသူကတိုင်တောမလို့တဲ့..ဟက်..အဆန်းဘဲ...ချစ်ဖို့ကောင်းလိုက်တာ...
'ပြောပါဦးခရဲ့..လာ..ရပ်နေရင်ညောင်းမှပေါ့...မောင့်ပေါင်ပေါထိုင်...'
'ဟုတ်...'
'ကဲပြော...'
'အဲ့ရေပိုက်ကအရင်ကဆိုရေဖွင့်ရင်ဝရောဆိုပြီးအရမ်းမကျဘူး...အခုဖွင့်လည်းဖွင့်လိုက်ရောအရမ်းရေတွေကျလာတာမောင်..အဲ့မှာသူလုပ်လိုက်တာခရေစိုသွားပြီ...အဲ့ရေပိုက်ကြီးကြောင့်...'
'ဟက်..ဟုတ်ပါ့..ကြည့်ပါဦး..မောင့်ခကိုလုပ်လိုက်တာ..'
'အွန်း...'
'ခ...ရေပိုက်ကိုခကအရမ်းလှည့်လိုက်တာမလား..??'
'အင်း..'
'အဲ့တာကြောင့်ရေတွေအရမ်းထွက်လာတာပေါ့...ဖြေးဖြေးလေးလှည့်ပေးလေ..နော်...ခမေ့သွားတာလား..အရင်တုန်းကခလုပ်နေကြအတိုင်းဘဲလေ'
'ဟုတ်သား..အခုမှသတိရတယ်...အခုတလောဘာတွေဖြစ်နေတာလဲမသိဘူးမောင်ရယ်..အရမ်းမေ့တတ်လွန်းတယ်..မှတ်ဉာဏ်တွေကလည်းမကောင်းလိုက်တာ..ဟုတ်ပြီ..နောက်တခေါက်ကြအဲ့လိုလှည့်ဖွင့်ကြည့်ရမယ်...'
'အင်း...ရေစိုဝတ်တွေလဲရအောင်နော်ခ...အအေးပတ်မယ်...'
'မောင်လဲပေးနော်...'
'အင်း..ဟုတ်....'
မောင်လဲပေးတဲ့..အကျီကို..ဘယ်လိုလုပ်ရမလဲ../?မျက်လုံးဘဲစည်းပြီးလဲပေးရမလား..ဒုက္ခဘဲ...ငါနဲ့တော့..ဟူး...
'မောင့်..ခအဝတ်ချွတ်ပြီးပြီ..မောင်အဲ့အကျီကိုင်ပြီးဘာရပ်လုပ်နေတာလဲ...ခကိုဝတ်ပေးလေ...'
'အာ..အော်..အင်း...'
ခပြောတဲ့အတိုင်းခကိုကျွန်တော်ထုတ်လာပေးတဲ့နွေးစေမဲ့အဝတ်ကလေးဝတ်ပေးလိုက်သည်..
အဝတ်ဝတ်နေတဲ့အချိန်ကျွန်တော့်အကြည့်တွေကိုတခြားသို့ပို့ထားရသည်...
ကိုယ့်စိတ်မှကိုယ်မနိုင်ဘဲလေ...ဟူး...
'မောင့်..ချွေးပျံနေတာလား...??'
'ဗျာ...အမ်...မ..မဟုတ်ပါဘူး...'
'ဟုတ်ပါတယ်..မောင့်နဖူးပေါမှာချွေးစတွေ..လာ..လာ..အဝတ်ချွတ်..ခသုတ်ပေးမယ်..'
'ရ..ရတယ်..ဟို..မလုပ်...'
ပါးစပ်ကသာမလုပ်နဲ့ပြောနေပေမဲ့ ခလက်ကကျွန်တော့်အဝတ်ပေါလှမ်းလာတာနဲ့အော်တိုလက်မြှောက်ပြီးအဝတ်ချွတ်မိလိုက်သည်...
အခုတော့ ကျွန်တော်မှာစွပ်ကြယ်တထည်နဲ့air con ခန်းထဲ..ချွေးပျံနေရတဲ့အဖြစ်....
ရုတ်တရက် ကျွန်တော့်မျက်နှာပေါဝေ့တဲလာတဲ့ခလက်တွေ...
'မောင်....အဆင်ပြေလား..??'
အင်း..ဖြေရမလား...ဟင့်အင်းဖြေရမလား...
ခနဲအခုလိုနီးကပ်နေမှုက မောင့်အတွက်..ဟင်း...မောင့်တကိုယ်လုံးပူလောင်နေတာဘဲ...
စိတ်ထိန်း..စိတ်ထိန်း..ခကကိုယ်ဝန်နဲ့..
'မောင့်addam appleကခနဲ့တူဘူးနော်...'
'ခ..ဟို...ဆက်..ဆက်မလုပ်ပါတော့နဲ့လား...မောင်..မောင်မရတော့ဘူး..မောင်ကြာရင်မထိန်းနိုင်ဘဲဖြစ်လိမ့်မယ်...'
'ဗျာ..ဘာကိုလဲ..မောင်ရဲ့...'
'သွား..ခ...သွား..မောင်..တကယ်မရတော့ဘူး..'
ကျွန်တော့်ကိုထိတွေ့နေတဲ့ခလက်တွေကိုကျွန်တော်တားလိုက်မိသည်....ခကိုထွက်သွားဖို့လည်းတောင်းဆိုမိသည်...
'မောင့်..ဘာကိုမစောင့်ထိန်းနိုင်တာလဲ..??...'
'မောင်...မောင်.....'
'မောင်..မျက်နှာတွေလည်းနီရဲလာပြီ...'
'အင်း..မရတော့ဘူး...'
'ပြောလေ..ဘာမရတာလဲ...???'
'မောင်အီးပါချင်လို့...'
'ဗျာ...'
'ဟုတ်တယ်..ခ..အောက်ဆင်းနှင့်နော်...မောင်ရေချိုးခန်းထဲဝင်လိုက်ဦးမယ်...'
'အာ..အင်း...ဟီး..'
တဟား..ဟား..ရယ်ရင်းအောက်ဆင်းသွားတဲ့အကောင်ပေါက်...
ကိုယ့်မှာတော့ ကျုယ့်ဒုက္ခနဲ့ကိုယ်သာ...
ရေချိုးခန်းထဲဝင် သူ့ကိုမြင်ယောင်ရင်း..နောက်ဆုံး..ကိုယ့်ဘာသာသာဖြေလျှော့ရတဲ့ကိုယ့်အဖြစ်...
ဟူး..အသားစားကျားကနေ အသီးအရွက်စားနေတဲ့ vegeterian tiger ကြီးတောင်ငါဖြစ်နေပါရောလား..
ကိုယ့်အဖြစ်ကိုသာတွေးပြီး..ရယ်ရခက်ငိုရခက်ပါဗျာ....
---------------------------------------------------------
ကျွန်တော်အောက်လည်းဆင်းရော စားပွဲခုံမှာကျွန်တော့်ကိုထိုင်စောင့်နေတဲ့ခ...
'လာ..လာ..မောင်လာ..'
ခနဘေးမှာဘဲကျွန်တော်ဝင်ထိုင်လိုက်တော့သည်...
'ခ....မစားသေးဘူးလား...??'
'အမလေး..မင်းယောက်ျားပေါ့..သူ့လင်တော်မောင်လာမှစားရမယ်ဆိုပြီး ကျွန်မကိုရာဇသံထုတ်ထားတယ်လေ..ဗိုက်တွေဆာနေတာတောင်သူလည်းမစားသလိုကျွန်မလည်းမစားရဘူး..'
'ဟား..ဟုတ်လားခ...'
'ဟုတ်တယ်လေ..မောင်လာမှတူတူစားမို့ဟာကို..'
'အေးပါ...လာ..မောင်တို့ညစာတူတူစားကြတာပေါ့...'
'ဟုတ်...'
'ကြီးမေရေ..ဘာဟင်းတုန်းဗျ...'
'ခဏလေး..နောက်ဖေးကနေသွားယူဦးမယ်...'
ကြီးမေဟင်းတွေသွားယူနေတုန်းကျွန်တော်ကတော့ ထမင်းသုံးပန်းကန်ခူးပြီးထိုင်စောင့်နေလိုက်သည်...
'ဒီနေ့ဟင်းကတော့ ကျွန်မရဲ့သားငယ်လေးအကြိုက် အမဲသားစွတ်ပြုတ်နဲ့ အရွက်သုတ်ရယ်..ကြက်ကြော်ရယ်ပါရှင့်..'
'ဝါး...ရှယ်ဘဲကြီးမေရေ...ကျွန်တော်ကတော့ အနံ့ရရုံနဲ့တင်တော်တော်ကိုဗိုက်ဆာနေပြီဗျာ..'
'အေး...လာ..ပူတုန်းလေးငါ့သားတွေနဲ့တူတူစားရအောင်ဟေ့...'
ကျွန်တော်နဲ့ကြီးမေနဲ့ကသာစကားတွေပြောနေပေမဲ့ ခကတော့ ထိုင်နေရာမှာငြိမ်ငြိမ်လေး..မလှုပ်မယှက်...
ခပန်းကန်ထဲကိုခကြိုက်တဲ့အရွက်သုတ်လေးထည့်ပေးတော့ပြုံးပြလာသည်...
နောက်တော့သူကပြန်ပြီးကျွန်တော့်ပန်းကန်ထဲနဲ့ကြီးမေပန်းကန်ထဲကိုကြက်ကြော်လေးထည့်ပေးပြန်သည်...
'ဟီး..မောင်နဲ့ကြီးမေကိုဦးချတာ...'
'လိမ်မာလိုက်တဲ့မောင့်မယားလေး..'
'ဟီး..ဟီး...'
'ကဲ..ဟီးတာနောက်မှဟီးကြ...ရော့..စွပ်ပြုတ်လေးသောက်စားဦး...'
'ဟုတ်ကဲ့..ကြီးမေ...ခ..ဘာလို့ပန်းကန်ကိုတွန်းထုတ်လိုက်တာလဲ...'
'အနံ့ကနံတယ်...'
'မနံပါဘူးခရဲ့..'
'ဟုတ်ပါတယ်သားရဲ့..သားကြိုက်တယ်လေ..'
'အဲ့တာအရင်က..အခု..ဝေါ့..မောင့်..အန်..အန်ချင်တယ်...'
'ဟင်...'
အန်ချင်တယ်ပြောပြီးပါးစပ်ကလေးလက်နဲ့အုပ်ပြီးဘေစင်စီပြေးသွားပြန်တဲ့ခ...
'သား..သားငယ်လေး..'
'ရတယ်ကြီးမေ..ကြီးမေစားနှင့်..ကျွန်တော်လိုက်သွားလိုက်မယ်...'
'အေး...'
ကျွန်တော်လည်းနောက်ကနေပြေးလိုက်ရပြန်တာပေါ့..
ကျွန်တော်ရောက်တော့ သူကရင်ဘတ်ကလေးဖိပြီးတဝေါ့ဝေါ့နဲ့အန်နေလေရဲ့...
နောက်ကျောလေးကိုနောက်ကနေဖိပေးတော့ကျွန်တော့်ကိုလှည့်ကြည့်လာပြီးပြုံးပြသေးသည်...
မျက်ဝန်းမှာလည်းမျက်ရည်စလေးတွေဝေ့သီလို့...
နျစ်ခေါက်လောက်အန်ပြီးသွားတော့ ပါးစပ်ကိုကျွန်တော်ဘြသေချာဆေးပေးလိုက်ပြီး မောနေပုံရတဲ့သူ့ကိုလမ်းပေးမလျှောက်တော့ဘဲ ပွေ့ခေါလာတော့လဲမငြင်းရှာတော့ဘဲ ရင်ခွင်ထဲမှိန်းပြီးလိုက်လာလေရဲ့
ချစ်ရသူကိုပွေ့ပြီးအိမ်ရှေ့ခန်းကိုခေါလာလိုက်တော့သည်...
ဆိုဖာပေါမှာသူလေးကိုပွေ့ရက်နဲ့ဘဲ ထိုင်ချလိုက်တော့သည်...
နဖူးစပ်မှာအနည်းငယ်ဝေ့ဝဲနေတဲ့ချွေးစတွေကိုလက်နဲ့သုတ်လိုက်ပြီးဆံပင်လေးတွေကိုသာသာသပ်တင်ပေးတော့လည်းငြိမ်ခံနေလေရဲ့...
'ခ....မောသွားလား..အန်ရတာ...??အစာမကြေဘူးလားဟင်...??'
'ဟင့်အင်း..မောင်..မသိဘူး..ခုတလောဘာစားစားအဲ့လိုဘဲ..'
'ထမင်းမစားချင်ဘူးလားခ..မောင်တစ်ခုခုဝယ်ပေးမယ်လေ..ခစားချင်တာ..အပြင်ကနေတစ်ခုခုပေါ့...'
'စားရင်လည်းပြန်အန်မှာ....အဲ့လိုအန်မှာကြီးကိုကြောက်တယ်...'
ရင်ခင်ထဲကနေမထွက်ဘဲကျွန်တော်မေးတာကိုတစ်လုံးချင်းပြန်ဖြေနေတဲ့ခကိုကြည့်ပီဲးစိတ်ထဲမှာသာသက်ပြင်းတွေချမိသည်...
အဲ့လိုဖြစ်နေတာသူမသိလို့မဟုတ်...
ဆေးခန်းပြပြီးနှစ်ရက်လောက်နေကတည်းကခအခုလိုဖြစ်နေတာ..
ကြီးမေကိုမေးကြည့်တော့ ကိုယ်ဝန်ဆောင်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့လက္ခဏာတွေတဲ့..ဘာမှလုပ်လို့မရဘူးဆိုဘဲ...
ကိုယ်ဝန်ဆောင်ရတာအစကတည်းကအဲ့လောက်ခက်ခဲပင်ပန်းမှန်းသိရင် ကျွန်တော်ခကိုကိုယ်ဝန်ဆောင်ခိုင်းလိမ့်မှာမဟုတ်ဘူး...
'မောင်...'
'အင်း...ခ..ပြောပါဦးမောင့်အသဲလေးရဲ့..ခလေးဘာစားချင်လို့လဲ..??'
'ဟင့်အင်း..မစားတော့ဘူး..မောင့်ရင်ခွင်ထဲမှာဘဲအိပ်ချင်လို့..၇လားဟင်...'
'ရတာပေါ့ခရဲ့..ဒီကောင့်ရင်ခွင်ကမင်းလေးအပိုင်ဘဲကို...'
'အင်း...'
'အ့..ခ...မောင့်ကိုကလိထိုးနေတာလား...??'
'ဟုတ်ဘူး..မောင့်ကြွက်သားတွေသဘောကျလို့...အဲ့တာကိုင်ကြည့်တာ...အဲ့တာကိုင်ပီဲးအိပ်လို့ရသလား..ဟင်..ဟင်...'
'အင်း..ဒါပေမဲ့ယားလို့လေခရဲ့..မောင့်ရဲ့တခြားဟာကိုင်အိပ်ပါလား...'
ဖြန်းခနဲပန်းရောင်သန်းသွားတဲ့ခမျက်နှာလေး..
ဟမ်..ငါစကားများမှားသွားလို့လား..??
'ဟာ..မောင့်..ဘာတွေပြောနေတာလဲ..စည်းဝါးမလွတ်...'
'အယ်..မောင်ပြောတာက လက်ကိုပြောတာပါ..ခရဲ့...တခြားမထင်နဲ့လေကွာ..'
'အာ....မောင့်ပေါင်မုန့်၆လုံးဘဲကိုင်ချင်တာ....ခုတော့ခကိုငြိုငြင်ပြီပေါ့လေ..ဟင့်'
'အင်း..မငိုနဲ့နော်...အကိုင်ခံမယ်....အကိုင်ခံမယ်...'
'ဟီး..ဒါမှခယောက်ျားကွ....'
'အံမယ်...အပြောင်းလဲမြန်တယ်နော်မောင့်အသဲက...'
'ဟီး..အိပ်တော့မယ်ကွာ..'
'အိပ်စေဗျာ...အင့်..ခ..ဖြေးဖြေးကိုင်လေဗျာ...'
'ကိုင်လို့ကောင်းလို့ပါ...မောင်ကလည်း...'
'အေးပါ..အေးပါ..ခသဘောပါ..'
ကျွန်တော့်မှာတော့ယားလည်းအံကြိတ်ပြီးနေရတော့တာပေါ့ဗျာ....ဘဘ်တတ်နိုင်မလဲ...
'ခ..လှုပ်စိလှုပ်စိနဲ့..မအိပ်သေးဘူးလား../?'
'အင်းစောနကနိုးလာလို့ထင်တယ်..မျက်လုံးကမှေးနေပေမဲ့အိပ်မရလို့..စကားပြောပေးနော်...မောင်..'
'အင်းပါ...'
'မောင်..ခကိုအရမ်းချစ်လားဟင်...'
'ကဲအချွဲလေး..ဒီမေးခွန်းကိုမောင်ခကိုနေ့တိုင်းဖြေပေးနေတာဘဲလေ..မေးစရာလိုလို့လား..?အဖြေလည်းခသိပြီးပြီကိုကွာ...'
'သိလည်းထပ်ကြားချင်လို့ခုပြော..'
'အင်း..မောင်ခကိုအရမ်းချစ်တယ်..မောင့်အသက်ထက်မကကိုချစ်တယ်ဗျာ...'
'ဟီး..မောင့်..'
'ဗျာ..'
'ခကလေးမွေးပြီးလို့မလှတော့ရင်ရောချစ်မှာလား....??မဟုတ်သေးဘူး..အသက်၄၀..၅၀လောက်ကြရင်ရော..ပရေတွေတွန့်ပြီးအိုသွားရင်ရောမောင်ကချစ်မှာလားဟင်...?'
'ခကဘယ်အချိန်ကြည့်ကြည့်လှနေတာဘဲကို..ဘာတွေတွေးပူနေတာလဲအချစ်ရာ...'
'ပူရတယ်မောင်ရဲ့..ခကမောင့်ထက်ကီဲးတော့ ခကအရင်အသက်ပိုကြီးပြီးအရင်အိုမှာ..မောင်ကဖလန်းဖလန်းဖြစ်တဲ့အချိန်ခကခါးကုန်းနေရင်ကုန်းမှာ...ဟင်း..စိတ်ညစ်လိုက်တာမောင်ရာ...'
'ခကလည်း..မောင်နဲ့ခကြားမှာအဲ့အသက်ဆိုတာကြီးကိုဘာလို့ထည့်ထည့်ပြောနေတာလဲကွာ...ကိန်းဂဏန်းလေးတစ်ခုကမောင်နဲ့ခကြားမှာကြားဝင်နှောက်ယှက်မှာကိုတော့မောင်မလိုလားဘူးကွာ..အဲ့တာတွေမတွေးနဲ့နော်ခ...ခဘာတွေဘဲဖြစ်နေပါစေမောင်ကခတစ်ယောက်တည်းကိုဘဲမြတ်မြတ်နိုးနိုးနဲ့ချစ်မှာကိုဘဲခယုံထား..'
'မောင့်ကိုယုံပေမယ့်ကံတရားဆိုတာကြီးကိုတော့ကြောက်တယ်..'
'တွေးမပူပါနဲ့ခရယ်...အနားမှာမောင်ရှိတာမို့ခစိတ်ချနေနော်..မောင်ကမောင့်မိသားစုလေးကိုမပြိုကွဲသွားအောင်စောင့်ရှောက်မှာပေါ့...'
'အင်း...မောင်..ခကိုချစ်ပေးလို့ကျေးဇူးနော်...'
'မောင်ကသာခကိုကျေးဇူးတင်ရမှာပေါခရယ်..ခမောင့်ဘဝလေးထဲကိုဝင်လာခဲ့လို့မောင့်ဘဝလေးကစိုပြေလာခဲ့တာ....'
'အင်း...'
'မောင်ခကိုအရမ်းချစ်တယ်..အချစ်ရဲ့ကျေးကျွန်လေးတွေဖြစ်တဲ့မောင်နဲ့ခထာဝရအသက်ထက်ဆုံးမခွဲမခွာဘဲချစ်ကြရအောင်နော်......ဒီဘဝမှမဟုတ်ဘူး..နောင်ဘဝ..နောက်ဘဝတွေထိဆက်ချစ်ကြမယ်...'
'..............'
'ခ...ခ.....'
'ခူး..ခလူး...ရှူး....'
ရင်ခွင်ထဲမှာတရှူးရှူးအိပ်မောကျနေတဲ့ကောင်လေးကိုကြည့်ပြီးကျွန်တော်သဘောတကျရယ်မိပြန်သည်...
'အိပ်တာလဲအသဲလေးကမြန်လိုက်တာ...ဟောက်သ့လေးတွေတောင်ထွက်လို့..မောင့်ကြောင့်အမောင်ဗိုက်လေးပင်ပန်းနေရပြီကွာ...မောင်တောင်းပန်ပါတယ်အသဲလေးရယ်...'
ထိုသို့ပြောပြီးနဖူးနဲ့ပါးလေးပေါအနမ်းလေးတွေချွေမိတော့ သူလေးရဲ့လက်နှစ်ဖက်က ကျွန်တော့်ခါးကိုသွယ်ဖက်လာသည်...
ကျွန်တော်နမ်းလိုက်တိုင်းတအွန်းအွန်းတအင်းအင်းအသံလေးတွေထွက်လာပေမဲ့မျက်လုံးတော့ပွင့်မလာ...
ရင်ခွင်ထဲမှာခအိပ်နေတဲ့ပုံလေးကအသဲယားစရာ....
သူလေးကိုကြည့်မိရင်းနှုတ်ခမ်းစီအကြည့်ရောက်မိတော့ ကျွန်တော့်မှာစိတ်မကောင်နိုင်...
မောင်လုပ်လိုက်တာနှုတ်ခမ်းလေးပေါက်သွားတာဘဲ...
သွေးစလေးတွေစို့နေတဲ့နှုတ်ခမ်းလေးကိုလက်နဲ့သာသာတို့ထိမိတော့...အင့်ကနဲအော်ပြန်သည်...
'အွန်း..ကျွတ်.ကျွတ်...အိပ်နော်ခ..ဘာမှမဖြစ်ဘူး..'
တင်ပါးလေးကိုပုတ်သိပ်ရင်းဆံပင်လေးပါဆွဲဖွပေးတော့သူလေးက ပြန်ငြိမ်သွားပြန်ရော...
အံမယ်...အကောင်ပေါက်လေးကလူကိုဖက်လုံးလိုဘဲဖက်ထားခွထားလိုက်တာများ..ဟား..ဟား..
မောင့်အသဲအသက်လေး...
ကျွန်တော့်ခါးကိုဖက်ထားတဲ့အပြင်မျက်နှာလေးလည်းရင်ခွင်ထဲထိုးအိပ်နေပြန်သေးသည်...
'ချစ်ဖို့ကောင်းလိုက်တာကွာ....'
'အဟင်း....'
'အယ်..ကြီးမေ....ဘယ်..ဟဲ...ဘယ်တုန်းကရောက်နေတာလဲဟင်..'
'မပြောချင်တော့ပါဘူး...ဟင်း..ကဲ..ကိုယ်တော်..ထမင်းစားမှာမလား...အဲ့လူကြီးပေါက်ကိုတချိန်လုံးပွေ့ထားမလို့လား...??'
'ကျွန်တော်ထလိုက်ရင်ခနိုးသွားမှာစိုးလို့...စောနကမှပင်ပန်းပြီးအိပ်သွားတာ...ဒီနေ့နှစ်ခေါက်တောင်အန်တာ....'
'အေး...ကိုကဲနဲ့ကိုသဲပိုနဲ့တော့တွေ့ကြပြီပေါ့..မင်းထမင်းမစားတော့ဘူးပြောမှသိလို့ကီဲးမေနယ်လာတယ်...လာ..ကြီးမေခွံ့ကြွေးမယ်...'
'ဟုတ်..ကြီးမေ..ရှဲ...ရှဲ..ဒါနဲ့.အမဲစွပ်ပြုတ်..'
'ပါလာတယ်လေ...'
'အဲ့တာကျွန်တော်မသောက်တော့ဘူး..အဲ့အနံ့ရရင်ခထအန်နေလိမ့်မယ်...'
'ဟင်း...အေး..အေး...ဟိုးဖက်မှာထားလိုက်ပီဲ..ကျေနပ်လား..??'
'ဟုတ်...'
'မပြောချင်တော့ပါဘူး..ဒီနှစ်ယောက်နဲ့...ငါမုဆိုးမလေးကိုလည်းအားနာကြပါဦးနှော့..ချစ်လိုက်ကြတာများ..မိုးမမြင်လေမမြင်နဲ့..ချစ်ချင်လည်းနည်းနည်းလေးတော့အရိပ်အကဲကြည့်သိလားကောင်စုတ်လေး...'
'ဟီး...ဟီး...'
'တကယ်ဘဲ...'
'ကြီးမေကလည်း.....'
'ဘာကြီးမေကလည်းလေ...စားစရာရှိစား...အာ..'
'အာ....'
ကီဲးမေကပြောသာပြောတာပါ..တကယ်ကိုသဘောထားမြင့်မြတ်တဲ့မိန်းမကောင်းပါ..ကျွန်တော့်ကိုလည်းဂရုစိုက်ပေးသလိုခကိုလည်းလိုလေသေးမရှိအောင်စောင့်ရှောက်ပေးတယ်...
အဖေအမေမရှိတော့တဲ့ကျွန်တော်နဲ့ခအတွက်တော့ကြီးမေက အမေတစ်ယောက်လိုပါဘဲ...
ကျေးဇူးတင်ပါတယ်ကြီးမေ...အစစအရာရာအတွက်...
-----------------------------------------
'ဟီး....'
'ခ...နာတယ်ကွာ..ပြီးတော့မှာလား..??'
'အင်း..အဟင်း..ခ..ခဏ..ဟီး...'
တခစ်ခစ်နဲ့သဘောကျနေတဲ့ချစ်ရသူ..
သူလုပ်ချင်တာလေးလုပ်နေရလို့စိတ်ချမ်းသာနေတဲ့ခ...
တခြားမဟုတ်ဘူး..youtubeကနေ မိန်းကလေးဆံပင်စည်းနည်းဆိုလား..အဲ့တာတွေရှာပြီးသူများမိန်းကလေးမွေးလာရင် သမီးလေးကိုစည်းပေးဖို့ ကြိုတင်practiceလုပ်တာဆိုပြီးကျွန်တော့်ခေါင့်ကိုစမ်းသပ်ရေးဆင်းနေခြင်းပင်...
ဆံပင်ကိုဆွဲဆွဲပြီးစည်းနေတာများ ကျွန်တော့်ဆံပင်တွေကိုဆွဲဆွဲနှုတ်နေသလားမှတ်ရတယ်...
'အား..အမလေး..မိန်းမရယ်..အ့..မောင့်ဆံပင်တွေတော့ကုန်ပါပြီကွာ...'
'မောင်ကလည်း..ခဏလေးသီးခံနေဦး..ရတော့မယ်..မောင့်သမီးလေးရှေ့ရေးအတွက်လို့တွေးပြီးနာလည်းသီးခံ..ဟုတ်ပြီလား..'
'ဟုတ်ကဲ့...အ့....ခ...'
'ကဲ..ရပြီ..ရပြီ...'
'ဟူး..တော်သေးတာပေါ့..ခလုပ်ပုံနဲ့မောင်ကတုံးများဖြစ်ပြီလားအောင့်မေ့ရတယ်..'
'မောင်နော်...'
'ဟီး...စတာ...အချစ်လေးကို...'
'မောင့်ကိုမှန်ပြမယ်..ခစည်းထားတာလှမလှအကဲဖြတ်ပေး..'
'အိုကေဗျာ...'
'အရုပ်လေးကိုင်လိုက်ဦးမောင်..ပိုချစ်ဖို့ကောင်းအောင်...'
'ဟ..ဟ...အိုကေပါဗျာ...'
'ကဲကြည့်ပါဦး...ခရဲ့နာမည်ကျော်မင်းသားစတိုင်လေးကို...'
'လှလားမောင်....'
'ချစ်ဖို့ကောင်းတယ်...'
'ကိုယ့်ဘာသာကိုယ်မြှောက်နေပြန်ပြီကွာ..'
'မောင့်ကိုယ်မောင်ပြောတာမဟုတ်ဘူး..ခကိုပြောတာ....'
'ဟမ်....'
ဒိတ်..ဒိတ်..ဒိတ်..ဒိတ်...
မောင့်စကားတွေကြောင့်ရင်ကခုန်လာပြန်ပြီကွာ....တကယ်ဘဲ..မောင်စတာခံရတော့မှာဘဲ...
တော်သေးတယ်..မောင့်စီဖုန်းဝင်လာတော့မောင်ဖုန်းပြောနေလို့ခသက်သာသွားတာ...
'ဟူး...'
'ဘာတွေတဟူးဟူးနဲ့သက်ပြင်းတွေချနေတာလဲအသက်ကလေးခ...'
'မောင့်အကြောင်းတွေးမိလို့...'
'ချစ်တတ်လိုက်တာကွာ...'
'မောင်သင်ပေးလို့လေ....'
(အဟွတ်...အဟွတ်..ကျွန်မFAကိုသနားကြပါဦး...အဟွတ်...ချွဲတောင်ကြပ်တယ်သိလား....)
'အင်းပါ..အင်းပါကွာ...ခပြောတော့လည်းခစကားပေါ့လေ...'
'မောင်..စောနကဘယ်သူဖုန်းဆက်တာလဲ..??'
'မောင့်ဂျာကြီး...'
'ဘာတဲ့လဲမောင်....??'
'မောင်အလုပ်ကိစ္စနဲ့အပြင်ခဏသွားစရာရှိတယ်...'
'ဘယ်လောက်ကြာမှာလဲဟင်...??'
'၁နာရီ၂နာရီလောက်ပေါ့..'
'ခလည်းလိုက်ချင်တယ်မောင်...ခလည်းအိမ်ထဲနေရတာမွန်းကြပ်တယ်..'
'အင်း..အဲ...အဲ့တာက...'
'မောင့်..လိုက်ချင်တယ်..နော်..နော်လို့..ခဘယ်မှလျှောက်မသွားဘူး..မောင့်နေခိုင်းတဲ့နေရာမှာဘဲငြိမ်ငြိမ်လေးထိုင်နေမယ်နော်...နော်လို့'
'အင်း..ဒါဆိုမောင့်ပြောစကားနားထောင်ရမယ်နော်...'
'ဟုတ်.....'
ဒီလိုနဲ့မောင့်စီကခွင့်ပြုချက်နဲ့ ကျွန်တော်အိမ်ပြင်ထွက်ခွင့်ရခဲ့တော့သည်...
မောင်က နောက်ရိုက်မဲ့ဒါရိုက်တာတွေနဲ့အခြားဝန်ထမ်းတွေကို ခလက်ကိုတွဲပြီး သူကကျွန်တော့်ခင်ပွန်း..ကျွန်တော်တို့ကတရားဝင်လက်ထပ်ထားတာလေ..အခုကျွန်တော့်ခင်ပွန်းက ကျွန်တော့်ကိုယ်ဝန်လွယ်ထား၇တာဆိုပြီးအရှက်မရှိပတ်ကြွားသေးတယ်...
အစကတော့ ကျွန်တော်လည်းရှက်တာပေါ့..
ဒါပေမဲ့ ဒီလိုမိတ်ဆက်ပေးနေတာတောင် ပိုင်ရှင်ရှိယောက်ျားမောင့်ကိုငန်းနေတဲ့အစစ်မတသိုက်ကရှိသေးတော့ ကျွန်တော်လည်းမောင့်လက်မောင်းကိုတွဲခိုပီဲးပိုင်ကြောင်းဆိုင်ကြောင်းကြွားဝါပြရသေးသည်...
အများကတော့ထင်မှာပေါ့..အရှက်မရှိတဲ့လင်လင်တွေလို့...
ထင်လည်းမတတ်နိုင်ဘူး..ဟွန့်...
သတင်းစာသမားအချို့နဲ့စုံလို့သူတို့က ကျွန်တော်နဲ့မောင့်အကြောင်းကိုသတင်းရေးမို့ဆိုပြီးဓာတ်ပုံရိုက်ခံပေးရသေးသည်...
ဒီနေ့တော့တော်တော်ကိုပင်ပန်းခဲ့တာဘဲလေ..ဒါပေမဲ့မောင်လက်ကိုတွဲပြီးအပြင်မှာလွတ်လွတ်လပ်လပ်လျှောက်သွားရတော့ ပျော်ခဲ့ရပါတယ်.........
-------------------------------------------------------
Caption:အများရဲ့အချစ်တော် ရုပ်ရှင်မင်းသား ရှိုင်းရှင်းလျှံနှင့်သူ့ရဲ့ချစ်ဇနီးချောလေး ခက်ခွန်းခတို့ရဲ့သာယာချမ်းမြေ့ဖွယ်အိမ်ထောင်ရေးအကြောင်း...
ကိုယ်ဝန်တလကျော်ရှိနေတဲ့ဇနီးသည်လင်ယောက်ျားကို ကျွန်တော်တို့ရဲ့ပြည်သူချစ်မင်းသားလေးက သဲသဲလှုပ်ပုံတွေကိုသိချင်ရင်တော့ ဝင်ဖတ်ကြည့်ပါဦး...
Caption:မကြာခင်ဇနီးချောလေးကိုပြည်သူရှေ့ချပြတော့ပါ့မယ်..သူ့ကိုလည်းကျွန်တော့်လိုဘဲအားလုံးကစောင့်ရှောက်ပြီးချစ်ပေးပါဦးဆိုတဲ့ သရုပ်ဆောင်မင်းသားချောရှိုင်းရှင်းလျှံ....
---------
တက်လာတဲ့ဖုန်းထဲကသတင်းတွေကိုကြည့်ပြီး မကျေနပ်တာနဲ့ သူမဟာဖုန်းကိုနံရံထက်ပစ်ပေါက်ခွဲမိသည်..
တောက်....ငါ့မှာတော့ သူ့ကိုချစ်လိုက်ရတာ....
ငါ့ကိုတော့ ချောင်ထိုးပြီးသူတို့ကတော့သာယာနေကြတယ်....
ထိပ်ထားဆိုတာဘယ်လိုလူလဲဆိုတာပြရသေးတာပေါ့...
ငါမပျော်ရမှတော့ နင်တို့ကိုလည်းပျော်ခွင့်မပေးဘူး..
နင်တို့တွဲလက်တွေဘယ်လောက်မြဲမလဲကြည့်ရသေးတာပေါ့....
ခက်ခွန်းခ....နင့်ရဲ့ပထမကလေးက နင်သိပ်ချစ်လှပါချည်ရဲ့ဆိုတဲ့ မောင်အဆိပ်ကျွေးရင်းသတ်တာသိလို့ကတော့ နင်ဆက်ချင်နိုင်ပါ့မလား...နင်မေ့နေတဲ့မှတ်ဉာဏ်တွေကိုငါစေတနာနဲ့ပြန်တူးဖော်ပေးရမှာပေါ့..
တချို့အမှန်တရားတွေကခါးလွန်းတယ်...
ဟက်....
နင်လက်ခံနိုင်ဖို့ကြိုးစားထားစမ်းပါခက်ခွန်းခ...
See u soon...ဟက်...
---------------------------------------
TO BE CONTINUED
-----------------------------------------------------
Zawgyi
'ကလင်...လင်.....'
ဖုန်းဆက်နေတာ..ဟင်း..
'ဟဲလို.....ကိုသာလိကာ..ပြော...'
'မောတယ်..မောတယ်...'
ကြည့်..ဒီပုံနဲ့ကျွန်တ်ာသူ့ကိုဘယ်လိုစိတ်ဆိုးရတော့မလဲ...သူ့တောင်ကိုယ်ကပြန်ချော့ရမဲ့ကိန်းဘဲ...
'မောင့်...!!'
'ဟိ...ဗျ...'
'ဘာစကားတွေပြောနေတာလဲ...'
'အဟုတ်ပြောနေတာကိုဗျာ...'
'အင်းပါကွာ..အိပ်ပါဗျာ....'
'ချစ်တယ်..ယောက်ျား...'
'အား..ခ...မောင့်ကို....'
'တူ....'
'သားငယ်လေး.....'
'အယ်...'
'အင်း..ခုဘဲချလိုက်တာ...'
'ဟား..ဟား..အဲ့လိုတော့လဲဘဘ်ဟုတ်မလဲသားရယ်..သားကမပေါ့မပါးကြီးနဲ့ဆိုတော့ သူနောက်ဆန်လေးတာအစမ်းမှမဟုတ်ဘဲ..သားကိုသူကချစ်ရှာပါတယ်...'
'သူမှာလိုက်တာဘဲမလား...??'
'ဟုတ်တယ်...'
'ကြီးမေကလည်း..သားဗိုက်ကအခုတလတောင်မပြည့်သေးဘူး..အရင်လိုလှုပ်လှုပ်ရှားရှာလုပ်လို့ရပါသေးတယ်...အခုဟာက ဟိုဟာလပ်မယ်ဆိုလည်းမလုပ်နဲ့..ဒီဟာဆိုလဲမကိုင်နဲ့နဲ့..ကြာရင် ကျန်တ်ာလည်းအပျင်းရောဂါဆွဲတော့မယ်ထင်တယ်...'
'သားကလည်း...'
'ကြီးမေတွဲ..'
'ကြီးမေနော်...'
'ပြွတ်စ်..ပြွတ်စ်..'
မောင်...အော်..မောင်လား...??
'အမောင်ဗိုက်..ထစမ်း..!!!'
'ဘာအိမ်မက်လဲ..??ခ..ထစမ်း...ခ....'
'အွန့်..အွင်း..လွှတ်.....အ့'
'ဟုတ်လား..??'
'ဟီး..အသဲယားလို့လေ...'
'Yes sir.....'
'ဟီး..ဟုတ်ကဲ့...'
'ဟင်း..ဟင်း...ဘုရား..ဘုရား...'
ဟူး.....တကယ်ပါဘဲ...ဒါတောင်ဗိုက်ခံနေလို့တော်တ်ေကိုထိန်းထားတာ...ခ...ခ..
'မောင့်....'
'ဗျာ..ခ...'
'ဟုတ်...'
'ကဲပြော...'
'အွန်း...'
'အင်း..'
'မောင်လဲပေးနော်...'
'အင်း..ဟုတ်....'
'အာ..အော်..အင်း...'
'ဗျာ...အမ်...မ..မဟုတ်ပါဘူး...'
'ရ..ရတယ်..ဟို..မလုပ်...'
'မောင်....အဆင်ပြေလား..??'
'ဗျာ..ဘာကိုလဲ..မောင်ရဲ့...'
'မောင်...မောင်.....'
'အင်း..မရတော့ဘူး...'
'ပြောလေ..ဘာမရတာလဲ...???'
'မောင်အီးပါချင်လို့...'
'ဗျာ...'
'အာ..အင်း...ဟီး..'
---------------------------------------------------------
'လာ..လာ..မောင်လာ..'
'ခ....မစားသေးဘူးလား...??'
'ဟား..ဟုတ်လားခ...'
'ဟုတ်...'
'ဟီး..ဟီး...'
'အနံ့ကနံတယ်...'
'မနံပါဘူးခရဲ့..'
'ဟင်...'
'သား..သားငယ်လေး..'
'အေး...'
'မောင်...'
'အင်း...'
'ဟီး..ဒါမှခယောက်ျားကွ....'
'ဟီး..အိပ်တော့မယ်ကွာ..'
'အေးပါ..အေးပါ..ခသဘောပါ..'
'အင်းပါ...'
'ဟီး..မောင့်..'
'ဗျာ..'
'အင်း...'
'..............'
'ခ...ခ.....'
'ခူး..ခလူး...ရှူး....'
မောင့်အသဲအသက်လေး...
'အဟင်း....'
'ပါလာတယ်လေ...'
'ဟုတ်...'
'ဟီး...ဟီး...'
'တကယ်ဘဲ...'
'ကြီးမေကလည်း.....'
'အာ....'
-----------------------------------------
'ဟီး....'
'အင်း..အဟင်း..ခ..ခဏ..ဟီး...'
'ဟုတ်ကဲ့...အ့....ခ...'
'ကဲ..ရပြီ..ရပြီ...'
'မောင်နော်...'
'ဟီး...စတာ...အချစ်လေးကို...'
'အိုကေဗျာ...'
'ဟ..ဟ...အိုကေပါဗျာ...'
'လှလားမောင်....'
'ချစ်ဖို့ကောင်းတယ်...'
'ဟမ်....'
ဒိတ်..ဒိတ်..ဒိတ်..ဒိတ်...
'ဟူး...'
'ချစ်တတ်လိုက်တာကွာ...'
'မောင်သင်ပေးလို့လေ....'
'မောင့်ဂျာကြီး...'
'ဘာတဲ့လဲမောင်....??'
'ဘယ်လောက်ကြာမှာလဲဟင်...??'
'၁နာရီ၂နာရီလောက်ပေါ့..'
'အင်း..အဲ...အဲ့တာက...'
'ဟုတ်.....'
-------------------------------------------------------
---------
ဟက်....
See u soon...ဟက်...
---------------------------------------
TO BE CONTINUED
-----------------------------------------------------