[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

548K 75K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။

[၇၆] တုအိမ်တော်။

1.7K 335 9
By Boss_want_to_eat_you

!zawgyi!

အခန်း(၇၆) တုအိမ်တော်

......

သူတို့နှစ်ယောက်သည် အထက်စီးဆန်ကြ၍ ရှေ့တံခါးကြီးမှတစ်ပါး၊ မည်သည့်ဝင်ပေါက်ကမျှဖြတ်ကာ ဘယ်တော့မှမဝင်တတ်ကြပေ။ ဝင်လာပြီးနောက်တွင်၊ သူတို့ဖြစ်ပွားစေခဲ့သည့်ပွဲကြီးပွဲကောင်းနှင့်တောင်မှ ဘာဖြစ်နေလဲဆိုတာကို ထွက်ကြည့်ကြသူသိပ်အများကြီးမရှိကြောင်း သိလိုက်ကြရသည်။

ယွင်ရှဲ့ပြုံးရင်းပြောလိုက်သည်။
"ကြည့်ရတာ တုမိသားစုက ရှုပ်ထွေးနေတဲ့ပုံပဲ။"

ကျန်းရွှင်းယီကပြန်ဖြေသည်။
"တုလီက ငါတို့ကိုလာဖို့ ခေါ်တဲ့သူဆိုပေမဲ့ သူက သူ့ကိုယ်သူမထုတ်ပြလာဘူး။ ငါက တုမိသားစုရဲ့တရားဝင်သားတစ်ယောက်ပါလို့ သူက ငါကိုယ်တိုင်ကြော်ငြာစေချင်နေတာပဲ။ ဒါပေမဲ့ တုဟိန်က ရူးနှမ်းပြီး မျှော်လင့်ချက်မဲ့တယ်လို့ လူတိုင်းတွေးနေမှာကို ငါစိုးရိမ်မိတယ်။ ဒီနေရာက မြို့စွန်အနေနဲ့ တော်တော်လေးဝေးလွန်းတယ်ဆိုတော့ ငါ့ရဲ့မကြာသေးခင်က လုပ်ရပ်တွေအကြောင်းပျံ့လာရင်တောင်မှ သူတို့က ကျန်းဟူကောလဟာလတွေလို့ယူဆပြီး အရေးမကြီးဘူးလို့သတ်မှတ်ကြမှာပဲ။"

ယွင်ရှဲ့သည် သူ့အား နက်နဲသည့်အကြည့်တစ်ချက်ပေးကာ ပြော၏။
"မင်းက တုလီကို အမြဲတမ်းခပ်မြင့်မြင့်တွေးဖို့ ကြိုးစားနေတယ်လို့ ကိုယ်ဘာကြောင့်ခံစားနေမိတာလဲ။"

"မင်းကိုယ်မင်းသာကြည့်စမ်းပါ။ စိုးရိမ်မကင်းဖြစ်မနေပါနဲ့။ ငါမင်းကိုခပ်မြင့်မြင့်တွေးကြည့်ဖို့ ကြိုးစားပါသေးတယ်၊ ဒါပေမဲ့ ငါမလုပ်နိုင်ဘူးလေ။"

ဘာလို့လဲဆိုတော့ မင်းက ငါ့နှလုံးသားထဲမှာ အကောင်းဆုံးဖြစ်နေပြီးသားမို့လို့ ၊ မင်းပိုမကောင်းနိုင်တော့ပါဘူး။

ဤစကားသည် သူ့လည်ချောင်းထဲ၌တစ်ဆို့သွားပေမဲ့ သူသာ ထိုစကားလုံးများကိုပြောလိုက်မည်ဆိုလျှင်၊ သူဘာမှအမှုမထားသယောင်ဆောင်မနေနိုင်ပါပေ။ ထို့ကြောင့် သူ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့ကာ ပြုံးလိုက်ရသည်။

ယွင်ရှဲ့နှင့်ကျန်းရွှင်းယီသည် တစ်ယောက်ချင်းစီ၏စနောက်ခြင်းနှင့် နေသားကျနေပြီဖြစ်ရာ နောက်ဆုံးစကားမှာ သာမန်ထက်မကျော်လွန်သွားသင့်ပေမဲ့ ထိုအစား ယွင်ရှဲ့ကမေးလာလေသည်။
"မင်းမျက်နှာဘာလို့နီနေတာလဲ။ ပူလို့လား။"

ကျန်းရွှင်းယီပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်..."

သူပြော၍မပြီးသေးခင်မှာဘဲ ရုတ်တရက်ပါးစပ်ပိတ်လိုက်သည်။ ယွင်ရှဲ့တစ်ယောက်သူ့အကြည့်အတိုင်းလိုက်ကြည့်မိရာ သူတို့ဆီကို တုလီလျှောက်လာတာကိုမြင်လိုက်ရပြီး လူအနည်းစုလည်းပါလာပေသည်။

"ဒုတိယညီလေး!" တုလီသည် ကျန်းရွှင်းယီဆီကိုလျှောက်လာကာ သူ့အားဖက်ရန် လက်တွေကိုဆန့်တန်းသည်။
"မင်းပြန်လာပြီပေါ့!"

ယွင်ရှဲ့၏လက်သီးကား သူ၏ဝတ်ရုံလက်နောက်ကွယ်တွင် တင်းကြပ်စွာဆုပ်လိုက်မိသည်၊ သို့ပေမဲ့ တုလီနောက်ရှိလူအုပ်ကြီး၏မြင်ကွင်း၌ သူဒေါသတကြီးလှည့်လိုက်ရပေသည်။

ကျန်းရွှင်းယီခေတ္တမျှမိန်းမောသွားရသည်။ ထို့နောက် သူသည် တုလီအားဖြည်းညှင်းစွာပြန်ဖက်လိုက်ပြီး ခါးမတ်ကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။
"..အစ်ကိုကြီး"

"မင်းပြန်လာတာကောင်းတယ်။ အစ်ကိုမင်းအခန်းကိုပြင်ဆင်ထားပြီးပြီ၊ မင်းသွားနား.."

"အစ်ကိုကြီး"

ကျန်းရွှင်းယီက သူ၏ကြိုဆိုမှုကိုနှောင့်ယှက်လိုက်သည်။
"ကျွန်တော်ဒီတစ်ကြိမ်ပြန်လာရတဲ့အကြောင်းရင်းက တုရွေ့နဲ့ ညီလေးငါးပါဝင်တဲ့ကိစ္စကို ကျွန်တော်ကြားခဲ့တာကြောင့်ပါ။ ကျွန်တော်အနားယူဖို့မလိုပါဘူး။ ကျွန်တော်သူတို့ကိုအရင်တွေ့ကြည့်ချင်တယ်။"

သူဖော်ညွှန်းသည့်ညီလေးငါးကား မတိုင်ခင်တုန်းကယွီဟောင်ပြောခဲ့သည့် တုမိသားစုထဲက မဂ်လာဦးည၌သေဆုံးသွားခဲ့သော တစ်ယောက်ဖြစ်သည်။ သတို့သား၏နာမည်အရင်းမှာ တုရှန်ဖြစ်၏။

တုလီသည် ယွင်ရှဲ့အားနှုတ်ဆက်ကာ သူတို့နှစ်ယောက်ကိုအထဲခေါ်သွားသည်။
သူတို့လမ်းလျှောက်နေရင်းဖြင့် သူကပြောလာသည်။
"အားရွေ့က အခုအချိန်မနိုးသေးဘူး။ ဒါပေမဲ့ မင်းရဲ့ညီလေးငါးကိုမြေမမြှုပ်ရသေးဘူး။ မင်းသူ့ကိုသွားကြည့်လို့ရတယ်။"

တုလီက ယွင်ရှဲ့ကိုကြည့်ပြီးနောက်တွင် သူ့အားပြောလာသည်။
"အစ်ကိုမင်းနဲ့ဆွေးနွေးစရာရှိတယ် - မင်းရဲ့ညီလေးငါးနဲ့လက်ထပ်တဲ့အမျိုးသမီးဟာ ကျူးမိသားစုကဖြစ်ပြီး လူမှုရေးနဲ့စီးပွားရေးအဆင့်အတန်းကောင်းကောင်းကိုက်ညီတယ်ဆိုတော့ အစ်ကိုလည်း ရက်ကောင်းရက်မြတ်ရွေးလိုက်မိတယ်။ အစကတော့ အစ်ကိုထင်တာက မကောင်းဆိုးဝါးမိစ္ဆာတွေရှိရင်တောင်မှ ဒီနေရာမှာမသောင်းကျန်းရဲဘူးလို့လေ၊ ဒါပေမဲ့ ကံကြမ္မာကိုရှောင်လွှဲလို့မရမှန်း အစ်ကိုမထင်ထားမိဘူး။
အစ်ကိုတို့ရဲ့မိသားစုအရေးကိုအချိန်ခဏလောက် မပြောဘဲနေကြရအောင်၊ ဒါပေမဲ့ မိန်းကလေးကိုလည်းဆွဲထားတုန်းပဲ။"

ကျန်းရွှင်းယီနှုတ်ခမ်းတွန့်သွားသည်။
"အဲ့ဒီ့တော့? အစ်ကိုက ကျွန်တော့်ကို သူမနဲ့လက်ထပ်စေချင်နေတာလား။"

အရန်လက်ထပ်ပွဲ?*

ယွင်ရှဲ့ပြောမိသည်။
"ဖွီ! ဆုတောင်းလေ!"

တုလီ: "ဆုတောင်းရမယ်? ကျွန်တော့်ညီလေးက ကျူးမိန်းကလေးနဲ့မထိုက်တန်ဘူးလို့ ယွင်ဂိုဏ်းချုပ်ထင်နေတာလား။ ဒါဖြင့် ယွင်ဂိုဏ်းချုပ်လက်ထပ်ချင်ရင် လက်ထပ်လို့ရပါတယ်လေ။"

ယွင်ရှဲ့သည် ဆိုလိုရင်းအားနားမလည်သွားခင်တွင် တစ်အောင့်မျှကြောင်အသွားရပေသည် - တုလီဟာ သူတို့နှစ်ယောက်ထဲမှတစ်ဦးတစ်ယောက်ကိုမျှ ကျူးမိန်းကလေးကိုလက်ထပ်ရန် မရည်ရွယ်ထားပေ၊ သူသည် သေဆုံးခြင်းများ၏အမှန်တရားကို စုံစမ်းထောက်လှမ်းရန် နောက်ထပ်လက်ထပ်ပွဲလုပ်ချင်တာဖြစ်သည်ပင်။

ကျန်းရွှင်းယီခေါင်းလှည့်ကာ ယွင်ရှဲ့ကိုတယဥ်တကျေးပြောလိုက်သည်။
"ယွင်ဂိုဏ်းချုပ်၊ လက်ထပ်ချင်လို့လား။"

ယွင်ရှဲ့တုန်ယင်သွားကာ နောက်ဆုတ်လိုက်မိပြီး အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ဟင့်အင်း၊ ကိုယ်လက်မထပ်ချင်ပါဘူးကွာ၊ လက်မထပ်ချင်ပါဘူး။"

သူခဏမျှတွေးလိုက်မိကာ အနည်းငယ်တုံ့ဆိုင်းနေမိဆဲပင်။
"ဒါပေမဲ့ ကိုယ်လက်မထပ်ရင် လက်ထပ်ရမယ့်တစ်ယောက်က မင်းဖြစ်သွားမှာပေါ့...အာ! မင်းလက်ထပ်ချင်ရင်တောင်မှ သတို့သမီးကဆန္ဒရှိမှာမဟုတ်ဘူး!"

စကားပြောနေစဥ်မှာပင်၊ တုလီသည် သူခေါ်လာခဲ့သည့်လူအုပ်အား အပြင်ဖက်တွင်ထားခဲ့ကာ ယွင်ရှဲ့နှင့်ကျန်းရွှင်းယီကို အသုဘခန်းမထဲသို့ခေါ်ဆောင်သွားလေသည်။ အမျိုးသမီး၏အသံဟာ ယွင်ရှဲ့၏စကားလုံးများနောက်၌လိုက်ပါလာခဲ့သည်။
"ကျွန်မဆန္ဒမရှိဘူးလို့ဘယ်သူပြောလဲ။ ဒုတိယတုသခင်လေးလိုလူမျိုးကို လက်ထပ်ဖို့ငြင်းဆန်ချင်တဲ့ မိန်းကလေးက ကမ္ဘာပေါ်မှာရှိရောရှိပါ့မလား!"

ယွင်ရှဲ့စကားပြောခြင်းအလျှင်းမရှိပါဘဲ အချိန်အတော်ကြာချောင်းဆိုးသွားရသည်။ သူမျက်ခုံးပင့်ကာ ချက်ချင်းပြောလိုက်သည်။
"ကျူးရို၊ ဘာလို့မင်းပဲဖြစ်နေရပြန်တာလဲ။ မင်းကနေရာတိုင်းမှာရှိနေတာပဲနော်။"

ကြည့်ရသည်ကား ဤကံခေသောသတို့သမီးမှာ မီးတောက်ဂိတ်ဝဂိုဏ်း၌သူတို့ကိုကူညီခဲ့သော သိမ်မွေ့သည့်မိန်းကလေးဖြစ်ပုံပင်။

သူမသည် ခေါင်းတလားရှေ့တွင် ရပ်နေကာ အဖြူရောင်အသုဘဝတ်ရုံကိုဝတ်ဆင်ထားလေသည်။ ယွင်ရှဲ့၏စကားများကိုကြားလိုက်ရပြီးနောက်တွင် သူမဟာ သူမနှုတ်ခမ်းများပေါ်ချက်ချင်းလက်တင်ကာ မျက်ခုံးပင့်သည်။
"ကျွန်မကဒီမှာမုဆိုးမဖြစ်ချင်တယ်လို့ ရှင်ထင်နေတာလား။ ဒီတစ်ယောက်ကံဆိုးတာလုံလောက်နေပါပြီ၊ ရှင်က ကျွန်မကိုပိုပြီးစိတ်ပျက်အောင်လုပ်နေတာပဲ။ ယွင်ရှဲ့၊ ရှင့်စကားတွေကိုမထိန်းချုပ်နိုင်ဘူးလား။"

ကျန်းရွှင်းယီတောင်ပေါ်တက်သွားကာ ရွှမ်လီ့လက်ထဲရောက်နေသည့်နေ့ရက်များ၌၊ ရိုရိုသည် တောင်ခြေတွင် ယွင်ရှဲ့နှင့်အချင်းများကြပြီးဖြစ်၏။ တစ်ဖက်လူသည် ရှက်တက်တက်မိန်းကလေးမဟုတ်သကဲ့သို့ လူကြီးလူကောင်းတစ်ယောက်လည်းမဟုတ်ကာ သူတို့၏အရောင်အစစ်အမှန်ကိုဖုံးကွယ်ထားကြောင်းကို နှစ်ဦးစလုံးသိရှိကြပြီးနောက်တွင်၊ ယွင်ရှဲ့တစ်ယောက် သူ၏စရိုက်သွင်ပြင်ကို ထိန်းသိမ်းဖို့အကြောင်းအရေးစိုက်မနေတော့။ ရိုရိုဟာ အတိတ်တုန်းက သူမ၏မမြင်တတ်ခဲ့မှုကြီးကို ချေဖျက်ချင်နေခဲ့သည်ဖြစ်ရာ ယွင်ရှဲ့အပေါ်သူမ၏သဘောထားမှာ မြတ်နိုးခြင်းမှ စိတ်ပျက်ခြင်းအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားခဲ့တာကြောင့် သူတို့တွေ့တာနှင့် တိုက်ခိုက်ကြလိမ့်မည်ဖြစ်သည်။

ကျန်းရွှင်းယီသည် ရိုရို၏ဤတစ်ဖက်ခြမ်းအား မမြင်ခဲ့ဖူးသည်ဖြစ်ရာ သူစကားမပြောခင်တွင် ခေတ္တမျှလန့်သွားမိသည်။

"ရိုရို?" သူ၏အသံကား သံသယဖြစ်နေသည့်လေသံပင်။
"မင်းယွင်ရှဲ့ကိုမကြိုက်ဘူးလား။"

ယွင်ရှဲ့သည် ကျန်းရွှင်းယီနံဘေး၌ရပ်နေကာ သူနှုတ်ခမ်းတွေကိုကွေးလိုက်သည်။

ရိုရိုကဒေါသထွက်ထွက်ဖြင့်ပြန်ဖြေသည်။
"ကျွန်မသူ့ကိုဆက်မကြိုက်တော့ဘူး။ သူက ချောပေမဲ့လည်း  အရမ်းသရုပ်ဆောင်ကောင်းပြီးတော့ ကျွန်မလိုရိုးသားတဲ့လူနဲ့မကိုက်ဘူး။ အခုကျွန်မရှင့်ကိုကြိုက်တယ်၊ ကျန်းသခင်လေး။ ကျွန်မတို့မနက်ဖြန်လက်ထပ်ကြမယ်လေ။"

ကျန်းရွှင်းယီ: "..."

သူရုတ်တရက်နည်းနည်းကြောက်မိပြီး လက်မထပ်ချင်တော့ပါပေ။

တုလီကဝင်ပြောသည်။
"ကြည့်ရတာ ခယ်မလေးငါးက ယွင်ဂိုဏ်းချုပ်နဲ့...ညီလေး၂ကိုသိနေတာလား။"

"ကျွန်မသူတို့ကို အကြိမ်တော်တော်များများမတော်တဆတွေ့ဖူးတယ်လေ။"

ကျန်းရွှင်းယီသည် ခေါင်းတလားဆီလျှောက်သွားကာ ၎င်းအားအုပ်ထားသောအဝတ်ဖြူကို မ,လိုက်သည်။
"ကျူးမိန်းကလေး၊ မင်းဘေးဖယ်ပေးပါလား။ ကျွန်တော်အလောင်းကိုကြည့်မလို့။"

ရိုရိုတစ်ယောက်အခုလေးတင်အရှက်မဲ့စွာပြောနေခဲ့သော်လည်း၊ တကယ်တမ်း၌မူ သူမသည် ကျန်းရွှင်းယီဝင်လာကတည်းက သူ့အားကြည့်ဖို့ရန်ပင် အလွန်ရှက်နေမိသည်။ ဤတဒဂ်တွင် သူသည် စကားပြောရင်းဖြင့် အနားတိုးလာသည်ကို သူမမြင်လိုက်ရကာ သူ၏မျက်နှာလှလှလေးကား ထိတွေ့ဖို့လက်လှမ်းမှီပြီး အေးစိမ့်စိမ့်ကိုယ်သင်းနံ့ဖျော့ဖျော့မှာ လေထုထဲသို့သင်းပျံ့လာခဲ့သည်။ သူမမျက်နှာနီမြန်းသွားရကာ စကားတစ်ခွန်းမျှမဆိုဘဲ လှည့်ထွက်သွားလိုက်သည်။

ကျန်းရွှင်းယီသည် သူမ၏တုံ့ပြန်မှုကို သတိမထားမိဘဲ သူ၏လက်တွေဟာ တုရှန်၏အဝတ်တွေကိုတစ်ဝက်စုတ်ဖြဲရန် အားအပြည့်ဖြင့်ရိုက်ခတ်သွားခဲ့ပြီး တစ်ခဏအတွင်းတွင် အဝတ်မဲ့သွားစေသည်။

တုလီ၌ သူ့အားတားဖို့ရန်အချိန်မရှိလိုက်ဘဲ ထိုအစား သူပြုံးပြီးစကားပြောနေသည်ကို မရပ်လိုက်ခင်တွင် မိန်းမောသွားရချေသည်။

ကျန်းရွှင်းယီက အဝတ်မဲ့ယောက်ျားအား အာရုံစူးစိုက်မှုအပြည့်ဖြင့် စူးစမ်းနေသည်ကို ယွင်ရှဲ့မြင်လိုက်ရသော်၊ သူ့ဆီကိုသူလျှောက်သွားကာ တိုးတိုးပြောလိုက်သည်။
"သူ့ခန္ဓာကိုယ်ကဘယ်လိုနေလဲ။"

ကျန်းရွှင်းယီသည် အလောင်း၏ဝမ်းဗိုက်အစာအိမ်ကိုထိကာ ၎င်းပေါ်တွင်အကြည့်မြဲထားရင်းဖြင့် သာမန်ကာလျှံကာပြောသည်။
"ဝမ်းဗိုက်ကြွက်သား၈ခု။ သူ့ခန္ဓာကိုယ်ကိုကောင်းကောင်းထိန်းသိမ်းတဲ့ပုံပဲ။"

ယွင်ရှဲ့ခါးကိုင်းကာ သူ့နားထဲသို့လေမှုတ်ထုတ်လိုက်သည်။
"ကိုယ့်မှာလဲရှိတယ်လေ၊ မင်းမထိခဲ့ဘူးလားကွာ။"

ကျန်းရွှင်းယီမှာ တစ်စုံတစ်ခုအကြောင်းတွေးနေကာ သူ့အားလျစ်လျူရှုထားသည်။ ယွင်ရှဲ့ကဆက်ပြောသည်။
"အခုမင်းကသူ့ကိုအဝတ်တွေရှောရှောရှုရှုချွတ်ပေးလိုက်တယ်နော်။ ဒီတော့ မင်းအလှည့်ကျရင်ဘယ်လိုဖြစ်နေမလဲ။ မင်းကရှက်သွေးဖြာနေပြီးတော့ ကိုယ့်ကိုမေးဖို့လို...အိုး!'

ကျန်းရွှင်းယီသည် ယွင်ရှဲ့၏ဝမ်းဗိုက်ကိုထိုးနှက်လိုက်သော သူ့လက်သီးကိုပြန်ရုတ်ကာ ခေါင်းပြန်လှည့်ရင်းဖြင့် ပြက်ရယ်ပြုလိုက်သည်။
"အမ်း၊ မင်းမှာလဲရှိတာပဲ၊ ငါခံစားမိတယ်။"

ကျန်းရွှင်းယီဟာ အလောင်းထံမှ သူ့လက်ကိုပြန်သိမ်းကာ ၎င်းအား အဝတ်ဖြူနှင့်အုပ်လိုက်သည်။ တုလီက ကျန်းရွှင်းယီဆီကို ရေသန့်တစ်ခွက်ယူလာပေးပြီးသားဖြစ်ကာ သူလက်ဆေးရင်းဖြင့်ပြောလိုက်သည်။
"ကျူးမိန်းကလေး၊ တုရှန်သေသွားခဲ့တဲ့အချိန်တုန်းက မင်းတို့မဂ်လာ...မဦးခဲ့ဘူးလား။"

သူသည် ဤမေးခွန်းကိုမေးရာ၌ သိသိသာသာကို အနည်းငယ်ရှက်ရွံ့နေမိသည်ဖြစ်ရာ ခေါင်းတစ်ဝက်ငုံ့ထားရင်း လက်ဆေးသည့်လှုပ်ရှားမှုကိုပဲ ထပ်ခါတလဲလဲလုပ်နေမိသည်မှာ ရေထဲတွင်ပန်းစိုက်ဖို့ကြိုးစားနေသည့်နှယ်။

ရိုရိုတစ်ယောက် သူမ၏မျက်ခုံးများကိုပင့်ကာ တန့်သွားပြီး ကျန်းရွှင်းယီကိုစိုက်ကြည့်လိုက်မိသည်။ သူမသည် သူမ၏စိတ်ကိုထိန်းပြီး လေးနက်စွာပြောလိုက်သည်။
"ဟင့်အင်း။ ကျွန်မက အစကနေအဆုံးထိ အိမ်အသစ်ထဲမှာပဲထိုင်နေခဲ့တာ၊ အပြင်ကအခြေအနေတွေကိုကျွန်မမမြင်ရဘူးလေ။ ကျွန်မနေ့တစ်ဝက်စောင့်နေခဲ့ပေမဲ့ ဘယ်သူကမှကျွန်မမျက်နှာဖုံးပုဝါကို လာမဖယ်ပေးကြဘူး၊ ကျွန်မတကယ်စိတ်မရှည်တော့တာမို့လို့ ကျွန်မဘာသာကျွန်မဖယ်ပစ်လိုက်တော့တယ်။ အခြေအနေတွေကိုသေချာမမြင်ရသေးခင်မှာ အကုန်လုံးဗလာသက်သက်ဖြစ်သွားတော့တာပဲ။"

တုလီ၏မျက်နှာရှုံ့တွသွားကာ ပြောမိသည်။
"ခယ်မလေးငါး၊ အခန်းထဲကိုညီလေးငါးဝင်လာတာကို မင်းမတွေ့ခဲ့ဘူးလို့ မင်းပြောချင်တာလား။ ဒါပေမဲ့ သူဝင်သွားတာကို အစ်ကိုတို့ကြည့်နေခဲ့ကြတာလေ။"

ရိုရိုကလက်ခံသည့်အနေဖြင့်ခေါင်းငြိမ့်သည်။
"သေချာပေါက်မမှားပါဘူး။ မဂ်လာခန်းမထဲကိုလာပြီးတဲ့နောက်မှာ ကျွန်မသူ့ကိုမတွေ့ရတော့တာ။"

ကိစ္စတွေကားထူးဆန်းလှ၏၊ ယွင်ရှဲ့သည် သူ၏ဆော့ကစားချင်သည့်အကြည့်ကို ရုပ်သိမ်းလိုက်သည်။
"မင်းနိုးလာတော့ မင်းရဲ့ပတ်ဝန်းကျင်ကဘယ်လိုမျိုးလဲ။"

"ကျွန်မနိုးလာတော့ မှောင်မည်းနေပြီး မြေကြီးနံ့ရတယ်။ ကျွန်မခန္ဓာကိုယ်ကတောင့်တင်းနေပြီး နေရာအနှံ့နာကျင်နေတာ။"

"...မင်းနိုးလာတော့ မင်းကအခေါင်းထဲမှာရှိနေတာပေါ့လေ?"
ယွင်ရှဲ့ကမေးသည်။

"မဟုတ်ပါဘူး" ရိုရို၏အသံမှာအေးစက်လှသည်။
"ကျွန်မကအိပ်ရာအောက်မှာပါ။"

ယွင်ရှဲ့: "...."

ဤကား ယွင်ရှဲ့တစ်ယောက်ထိုကဲ့သို့ကစားခံလိုက်ရသည်ကို သူပထမဆုံးအကြိမ်မြင်ရခြင်းဖြစ်ကာ ကျန်းရွှင်းယီသည် ယွင်ရှဲ့၏မျက်နှာအား အဖက်ဆယ်ကယ်တင်ရန်အတွက် သူ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားမိသည်။ သူသည် သူ့နှုတ်ခမ်းထောင့်အား တွန့်ကွေးသွားခြင်းမှအတတ်နိုင်ဆုံးထိန်းချုပ်ထားကာ မရယ်မိအောင်နှင့် လေးနက်ချင်ယောင်ဆောင်နေရသည်။ သူအကြောင်းအရာပြောင်းလိုက်သည်။
"ဒါဆိုရင် မင်းကအိပ်ယာအောက်မှာ တစ်ညလုံးကိုမာဝင်နေခဲ့တာပေါ့။ နောက်တစ်နေ့မင်းကိုလဲရှာတွေ့ရော၊ တုရှန်ကသေနေပြီပေါ့လေ။"

ရိုရိုကခေါင်းငြိမ့်သည်။ တုလီသည် ကျန်းရွှင်းယီသိချင်တာကိုနားလည်သွားကာ ထပ်ဖြည့်ပြောလာသည်။
"အစ်ကိုတို့တွေအိပ်ရာနဲ့ ညီလေးငါးရဲ့အဝတ်တွေကိုစစ်ဆေးကြည့်ခဲ့တယ်။ အကုန်လုံးသန့်ရှင်းသပ်ရပ်နေပြီးတော့ အစွန်းအထင်းတစ်ခုမှမရှိဘူး။"

ကျန်းရွှင်းယီကပြောသည်။
"ထူးဆန်းတယ်။ သူ့ကိုယ်ပေါ်မှာဒဏ်ရာမရှိဘူးဆိုပေမဲ့ သူ့ရဲ့ယင်ဓာတ်က အရမ်းလေးလံနေတယ်။ ကြည့်ကြည့်လိုက်။ သူ့မျက်ခုံးနှစ်ဖက်ကြား၊ သူ့မျက်နှာနဲ့ ဝမ်းဗိုက်အောက်ပိုင်းမှာ သူ့အသားအရည်က စိမ်းဖျော့ဖျော့သမ်းနေတာကိုတောင် မြင်ရလိမ့်မယ်။ လူရွယ်တွေမှာ ယန်ဓာတ်အများကြီးရှိပေမဲ့ ဒီလိုမျိုးတော့မဟုတ်ဘူးလေ။ ယွင်ရှဲ့၊ ဝိညာဥ်ကိုခေါ်လို့ရလား။"

ယွင်ရှဲ့ခေါင်းငြိမ့်ပြလိုက်သည်။ သူလက်ဝါးကိုဖွင့်ပြလိုက်ရာ အဆောင်ဝါတစ်ရွက်ပေါ်လာခဲ့သည်။ စာရွက်ပေါ်တွင် ဟသ်ပဒါးရောင်လက်ရေးတစ်ခုပေါ်နေကာ "ထိုကဲ့သို့သူမျိုးကိုရှာမတွေ့ပါ"ဟု ပြောနေပေသည်။ - အခြားသူတွေသတိမပြုမိချိန်တွင် သူသည် ဝိညာဥ်အားလျို့ဝှက်စွာခေါ်ရန်ကြိုးစားပြီးသားဖြစ်ချေ၏။

သူကထပ်ပေါင်းပြောသည်။
"ဝိညာဥ်ကပျံ့ကြဲသွားပြီ၊ ခေါ်လို့မရတော့ဘူး။"

ဒါဟာ အရေးကြီးသည့်ကိစ္စတစ်ခုဖြစ်သည်၊ သို့ပေမဲ့ ယွင်ရှဲ့သည် ကျန်းရွှင်းယီအား မဖော်ပြနိုင်စွာမျက်စိတစ်ဖက်မှိတ်ပြလာလေသည်။

သူ၏အမူအရာကိုကြည့်နေရင်းဖြင့် ကျန်းရွှင်းယီအနည်းငယ်တောင့်တင်းသွားရကာ ထိုတဒဂ်၌ သူ၏စိတ်ထဲတွင် ယွင်ရှဲ့၏အတွေးယာဥ်သည် ဘယ်လိုပါလိမ့်ဟူ၍ဖြင့်သာ ပြည့်နှက်နေချေသည်။ သူ၏လိင်တိမ်းညွှတ်မှုနှင့် သူကျိန်ဆိုရဲပေသည်၊ ဤအရှက်သိက္ခာမရှိသောယောက်ျားပြောချင်နေသည်ကား --

"အားရွှင်း၊ ကြည့်ပါအုံး၊ ကိုယ်နဲ့အတူရှိတာအရမ်းကောင်းတယ်နော်။ ကိုယ့်ရဲ့ယန်ဓာတ်နည်းသွားမှာကို မင်းဘယ်တော့မှစိုးရိမ်စရာမလိုဘူးလေ။"

ကျန်းရွှင်းယီ: "..."

သူအရမ်းကိုလျင်လျင်မြန်မြန်ကြီးနားလည်သွားတာကို တကယ်ရှက်မိပါသည်။

ယွင်ရှဲ့ကဆက်ပြောသည်။
"အားရွှင်း.."

"ရပြီ။ မင်းဘာမှပြောဖို့မလိုတော့ဘူး။"
ကျန်းရွှင်းယီသည် လျင်မြန်စွာနှင့်ရိုင်းစိုင်းစွာ ဆုံးဖြတ်ချက်ချလိုက်သည်။
"ကျူးမိန်းကလေး၊ ကျွန်တော့်ကိုလက်ထပ်ချင်ယောင်ဆောင်တာက မင်းကိုနစ်နာစေမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့အခုဘာမှမမြင်နိုင်ဘူးဆိုမှတော့ ဘာလို့မကြိုးစားကြည့်ရမှာလဲ။"

_____________________________________________

*အရန်လက်ထပ်ပွဲ = အခြားလူစွန့်ပစ်လိုက်တဲ့မိန်းကလေးကို ယူတဲ့ယောက်ျားကိုဆိုလိုပါတယ်။

____________________________________________

!zawgyi!

အခန္း(၇၆) တုအိမ္ေတာ္

......

သူတို႔ႏွစ္ေယာက္သည္ အထက္စီးဆန္ၾက၍ ေရွ႕တံခါးႀကီးမွတစ္ပါး၊ မည္သည့္ဝင္ေပါက္ကမွ်ျဖတ္ကာ ဘယ္ေတာ့မွမဝင္တတ္ၾကေပ။ ဝင္လာၿပီးေနာက္တြင္၊ သူတို႔ျဖစ္ပြားေစခဲ့သည့္ပြဲႀကီးပြဲေကာင္းႏွင့္ေတာင္မွ ဘာျဖစ္ေနလဲဆိုတာကို ထြက္ၾကည့္ၾကသူသိပ္အမ်ားႀကီးမရွိေၾကာင္း သိလိုက္ၾကရသည္။

ယြင္ရွဲ႕ၿပဳံးရင္းေျပာလိုက္သည္။
"ၾကည့္ရတာ တုမိသားစုက ရႈပ္ေထြးေနတဲ့ပုံပဲ။"

က်န္း႐ႊင္းယီကျပန္ေျဖသည္။
"တုလီက ငါတို႔ကိုလာဖို႔ ေခၚတဲ့သူဆိုေပမဲ့ သူက သူ႕ကိုယ္သူမထုတ္ျပလာဘူး။ ငါက တုမိသားစုရဲ႕တရားဝင္သားတစ္ေယာက္ပါလို႔ သူက ငါကိုယ္တိုင္ေၾကာ္ျငာေစခ်င္ေနတာပဲ။ ဒါေပမဲ့ တုဟိန္က ႐ူးႏွမ္းၿပီး ေမွ်ာ္လင့္ခ်က္မဲ့တယ္လို႔ လူတိုင္းေတြးေနမွာကို ငါစိုးရိမ္မိတယ္။ ဒီေနရာက ၿမိဳ႕စြန္အေနနဲ႕ ေတာ္ေတာ္ေလးေဝးလြန္းတယ္ဆိုေတာ့ ငါ့ရဲ႕မၾကာေသးခင္က လုပ္ရပ္ေတြအေၾကာင္းပ်ံ့လာရင္ေတာင္မွ သူတို႔က က်န္းဟူေကာလဟာလေတြလို႔ယူဆၿပီး အေရးမႀကီးဘူးလို႔သတ္မွတ္ၾကမွာပဲ။"

ယြင္ရွဲ႕သည္ သူ႕အား နက္နဲသည့္အၾကည့္တစ္ခ်က္ေပးကာ ေျပာ၏။
"မင္းက တုလီကို အၿမဲတမ္းခပ္ျမင့္ျမင့္ေတြးဖို႔ ႀကိဳးစားေနတယ္လို႔ ကိုယ္ဘာေၾကာင့္ခံစားေနမိတာလဲ။"

"မင္းကိုယ္မင္းသာၾကည့္စမ္းပါ။ စိုးရိမ္မကင္းျဖစ္မေနပါနဲ႕။ ငါမင္းကိုခပ္ျမင့္ျမင့္ေတြးၾကည့္ဖို႔ ႀကိဳးစားပါေသးတယ္၊ ဒါေပမဲ့ ငါမလုပ္နိုင္ဘူးေလ။"

ဘာလို႔လဲဆိုေတာ့ မင္းက ငါ့ႏွလုံးသားထဲမွာ အေကာင္းဆုံးျဖစ္ေနၿပီးသားမို႔လို႔ ၊ မင္းပိုမေကာင္းနိုင္ေတာ့ပါဘူး။

ဤစကားသည္ သူ႕လည္ေခ်ာင္းထဲ၌တစ္ဆို႔သြားေပမဲ့ သူသာ ထိုစကားလုံးမ်ားကိုေျပာလိုက္မည္ဆိုလွ်င္၊ သူဘာမွအမႈမထားသေယာင္ေဆာင္မေနနိုင္ပါေပ။ ထို႔ေၾကာင့္ သူ႕ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့ကာ ၿပဳံးလိုက္ရသည္။

ယြင္ရွဲ႕ႏွင့္က်န္း႐ႊင္းယီသည္ တစ္ေယာက္ခ်င္းစီ၏စေနာက္ျခင္းႏွင့္ ေနသားက်ေနၿပီျဖစ္ရာ ေနာက္ဆုံးစကားမွာ သာမန္ထက္မေက်ာ္လြန္သြားသင့္ေပမဲ့ ထိုအစား ယြင္ရွဲ႕ကေမးလာေလသည္။
"မင္းမ်က္ႏွာဘာလို႔နီေနတာလဲ။ ပူလို႔လား။"

က်န္း႐ႊင္းယီျပန္ေျဖလိုက္သည္။
"ဘာမွမျဖစ္..."

သူေျပာ၍မၿပီးေသးခင္မွာဘဲ ႐ုတ္တရက္ပါးစပ္ပိတ္လိုက္သည္။ ယြင္ရွဲ႕တစ္ေယာက္သူ႕အၾကည့္အတိုင္းလိုက္ၾကည့္မိရာ သူတို႔ဆီကို တုလီေလွ်ာက္လာတာကိုျမင္လိုက္ရၿပီး လူအနည္းစုလည္းပါလာေပသည္။

"ဒုတိယညီေလး!" တုလီသည္ က်န္း႐ႊင္းယီဆီကိုေလွ်ာက္လာကာ သူ႕အားဖက္ရန္ လက္ေတြကိုဆန့္တန္းသည္။
"မင္းျပန္လာၿပီေပါ့!"

ယြင္ရွဲ႕၏လက္သီးကား သူ၏ဝတ္႐ုံလက္ေနာက္ကြယ္တြင္ တင္းၾကပ္စြာဆုပ္လိုက္မိသည္၊ သို႔ေပမဲ့ တုလီေနာက္ရွိလူအုပ္ႀကီး၏ျမင္ကြင္း၌ သူေဒါသတႀကီးလွည့္လိုက္ရေပသည္။

က်န္း႐ႊင္းယီေခတၱမွ်မိန္းေမာသြားရသည္။ ထို႔ေနာက္ သူသည္ တုလီအားျဖည္းညွင္းစြာျပန္ဖက္လိုက္ၿပီး ခါးမတ္ကာ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္သည္။
"..အစ္ကိုႀကီး"

"မင္းျပန္လာတာေကာင္းတယ္။ အစ္ကိုမင္းအခန္းကိုျပင္ဆင္ထားၿပီးၿပီ၊ မင္းသြားနား.."

"အစ္ကိုႀကီး"

က်န္း႐ႊင္းယီက သူ၏ႀကိဳဆိုမႈကိုႏွောင့္ယွက္လိုက္သည္။
"ကြၽန္ေတာ္ဒီတစ္ႀကိမ္ျပန္လာရတဲ့အေၾကာင္းရင္းက တုေ႐ြ႕နဲ႕ ညီေလးငါးပါဝင္တဲ့ကိစၥကို ကြၽန္ေတာ္ၾကားခဲ့တာေၾကာင့္ပါ။ ကြၽန္ေတာ္အနားယူဖို႔မလိုပါဘူး။ ကြၽန္ေတာ္သူတို႔ကိုအရင္ေတြ႕ၾကည့္ခ်င္တယ္။"

သူေဖာ္ၫႊန္းသည့္ညီေလးငါးကား မတိုင္ခင္တုန္းကယြီေဟာင္ေျပာခဲ့သည့္ တုမိသားစုထဲက မဂ္လာဦးည၌ေသဆုံးသြားခဲ့ေသာ တစ္ေယာက္ျဖစ္သည္။ သတို႔သား၏နာမည္အရင္းမွာ တုရွန္ျဖစ္၏။

တုလီသည္ ယြင္ရွဲ႕အားႏႈတ္ဆက္ကာ သူတို႔ႏွစ္ေယာက္ကိုအထဲေခၚသြားသည္။
သူတို႔လမ္းေလွ်ာက္ေနရင္းျဖင့္ သူကေျပာလာသည္။
"အားေ႐ြ႕က အခုအခ်ိန္မနိုးေသးဘူး။ ဒါေပမဲ့ မင္းရဲ႕ညီေလးငါးကိုေျမမျမႇုပ္ရေသးဘူး။ မင္းသူ႕ကိုသြားၾကည့္လို႔ရတယ္။"

တုလီက ယြင္ရွဲ႕ကိုၾကည့္ၿပီးေနာက္တြင္ သူ႕အားေျပာလာသည္။
"အစ္ကိုမင္းနဲ႕ေဆြးႏြေးစရာရွိတယ္ - မင္းရဲ႕ညီေလးငါးနဲ႕လက္ထပ္တဲ့အမ်ိဳးသမီးဟာ က်ဴးမိသားစုကျဖစ္ၿပီး လူမႈေရးနဲ႕စီးပြားေရးအဆင့္အတန္းေကာင္းေကာင္းကိုက္ညီတယ္ဆိုေတာ့ အစ္ကိုလည္း ရက္ေကာင္းရက္ျမတ္ေ႐ြးလိုက္မိတယ္။ အစကေတာ့ အစ္ကိုထင္တာက မေကာင္းဆိုးဝါးမိစ္ဆာေတြရွိရင္ေတာင္မွ ဒီေနရာမွာမေသာင္းက်န္းရဲဘူးလို႔ေလ၊ ဒါေပမဲ့ ကံၾကမၼာကိုေရွာင္လႊဲလို႔မရမွန္း အစ္ကိုမထင္ထားမိဘူး။
အစ္ကိုတို႔ရဲ႕မိသားစုအေရးကိုအခ်ိန္ခဏေလာက္ မေျပာဘဲေနၾကရေအာင္၊ ဒါေပမဲ့ မိန္းကေလးကိုလည္းဆြဲထားတုန္းပဲ။"

က်န္း႐ႊင္းယီႏႈတ္ခမ္းတြန့္သြားသည္။
"အဲ့ဒီ့ေတာ့? အစ္ကိုက ကြၽန္ေတာ့္ကို သူမနဲ႕လက္ထပ္ေစခ်င္ေနတာလား။"

အရန္လက္ထပ္ပြဲ?*

ယြင္ရွဲ႕ေျပာမိသည္။
"ဖြီ! ဆုေတာင္းေလ!"

တုလီ: "ဆုေတာင္းရမယ္? ကြၽန္ေတာ့္ညီေလးက က်ဴးမိန္းကေလးနဲ႕မထိုက္တန္ဘူးလို႔ ယြင္ဂိုဏ္းခ်ဳပ္ကထင္ေနတာလား။ ဒါျဖင့္ ယြင္ဂိုဏ္းခ်ဳပ္လက္ထပ္ခ်င္ရင္လည္း လက္ထပ္လို႔ရပါတယ္ေလ။"

ယြင္ရွဲ႕သည္ ဆိုလိုရင္းအားနားမလည္သြားခင္တြင္ တစ္ေအာင့္မွ်ေၾကာင္အသြားရေပသည္ - တုလီဟာ သူတို႔ႏွစ္ေယာက္ထဲမွတစ္ဦးတစ္ေယာက္ကိုမွ် က်ဴးမိန္းကေလးကိုလက္ထပ္ရန္ မရည္႐ြယ္ထားေပ၊ သူသည္ ေသဆုံးျခင္းမ်ား၏အမွန္တရားကို စုံစမ္းေထာက္လွမ္းရန္ ေနာက္ထပ္လက္ထပ္ပြဲလုပ္ခ်င္တာျဖစ္သည္ပင္။

က်န္း႐ႊင္းယီေခါင္းလွည့္ကာ ယြင္ရွဲ႕ကိုတယဥ္တေက်းေျပာလိုက္သည္။
"ယြင္ဂိုဏ္းခ်ဳပ္၊ လက္ထပ္ခ်င္လို႔လား။"

ယြင္ရွဲ႕တုန္ယင္သြားကာ ေနာက္ဆုတ္လိုက္မိၿပီး အၿပဳံးတစ္ပြင့္ျဖင့္ေျပာလိုက္သည္။
"ဟင့္အင္း၊ ကိုယ္လက္မထပ္ခ်င္ပါဘူးကြာ၊ လက္မထပ္ခ်င္ပါဘူး။"

သူခဏမွ်ေတြးလိုက္မိကာ အနည္းငယ္တုံ႕ဆိုင္းေနမိဆဲပင္။
"ဒါေပမဲ့ ကိုယ္လက္မထပ္ရင္ လက္ထပ္ရမယ့္တစ္ေယာက္က မင္းျဖစ္သြားမွာေပါ့...အာ! မင္းလက္ထပ္ခ်င္ရင္ေတာင္မွ သတို႔သမီးကဆႏၵရွိမွာမဟုတ္ဘူး!"

စကားေျပာေနစဥ္မွာပင္၊ တုလီသည္ သူေခၚလာခဲ့သည့္လူအုပ္အား အျပင္ဖက္တြင္ထားခဲ့ကာ ယြင္ရွဲ႕ႏွင့္က်န္း႐ႊင္းယီကို အသုဘခန္းမထဲသို႔ေခၚေဆာင္သြားေလသည္။ အမ်ိဳးသမီး၏အသံဟာ ယြင္ရွဲ႕၏စကားလုံးမ်ားေနာက္၌လိုက္ပါလာခဲ့သည္။
"ကြၽန္မဆႏၵမရွိဘူးလို႔ဘယ္သူေျပာလဲ။ ဒုတိယတုသခင္ေလးလိုလူမ်ိဳးကို လက္ထပ္ဖို႔ျငင္းဆန္ခ်င္တဲ့ မိန္းကေလးက ကမၻာေပၚမွာရွိေရာရွိပါ့မလား!"

ယြင္ရွဲ႕စကားေျပာျခင္းအလွ်င္းမရွိပါဘဲ အခ်ိန္အေတာ္ၾကာေခ်ာင္းဆိုးသြားရသည္။ သူမ်က္ခုံးပင့္ကာ ခ်က္ခ်င္းေျပာလိုက္သည္။
"က်ဴးရို၊ ဘာလို႔မင္းပဲျဖစ္ေနရျပန္တာလဲ။ မင္းကေနရာတိုင္းမွာရွိေနတာပဲေနာ္။"

ၾကည့္ရသည္ကား ဤကံေခေသာသတို႔သမီးမွာ မီးေတာက္ဂိတ္ဝဂိုဏ္း၌သူတို႔ကိုကူညီခဲ့ေသာ သိမ္ေမြ႕သည့္မိန္းကေလးျဖစ္ပုံပင္။

သူမသည္ ေခါင္းတလားေရွ႕တြင္ ရပ္ေနကာ အျဖဴေရာင္အသုဘဝတ္႐ုံကိုဝတ္ဆင္ထားေလသည္။ ယြင္ရွဲ႕၏စကားမ်ားကိုၾကားလိုက္ရၿပီးေနာက္တြင္ သူမဟာ သူမႏႈတ္ခမ္းမ်ားေပၚခ်က္ခ်င္းလက္တင္ကာ မ်က္ခုံးပင့္သည္။
"ကြၽန္မကဒီမွာမုဆိုးမျဖစ္ခ်င္တယ္လို႔ ရွင္ထင္ေနတာလား။ ဒီတစ္ေယာက္ကံဆိုးတာလုံေလာက္ေနပါၿပီ၊ ရွင္က ကြၽန္မကိုပိုၿပီးစိတ္ပ်က္ေအာင္လုပ္ေနတာပဲ။ ယြင္ရွဲ႕၊ ရွင့္စကားေတြကိုမထိန္းခ်ဳပ္နိုင္ဘူးလား။"

က်န္း႐ႊင္းယီေတာင္ေပၚတက္သြားကာ ႐ႊမ္လီ့လက္ထဲေရာက္ေနသည့္ေန႕ရက္မ်ား၌၊ ရိုရိုသည္ ေတာင္ေျခတြင္ ယြင္ရွဲ႕ႏွင့္အခ်င္းမ်ားၾကၿပီးျဖစ္၏။ တစ္ဖက္လူသည္ ရွက္တက္တက္မိန္းကေလးမဟုတ္သကဲ့သို႔ လူႀကီးလူေကာင္းတစ္ေယာက္လည္းမဟုတ္ကာ သူတို႔၏အေရာင္အစစ္အမွန္ကိုဖုံးကြယ္ထားေၾကာင္းကို ႏွစ္ဦးစလုံးသိရွိၾကၿပီးေနာက္တြင္၊ ယြင္ရွဲ႕တစ္ေယာက္ သူ၏စရိုက္သြင္ျပင္ကို ထိန္းသိမ္းဖို႔အေၾကာင္းအေရးစိုက္မေနေတာ့။ ရိုရိုဟာ အတိတ္တုန္းက သူမ၏မျမင္တတ္ခဲ့မႈႀကီးကို ေခ်ဖ်က္ခ်င္ေနခဲ့သည္ျဖစ္ရာ ယြင္ရွဲ႕အေပၚသူမ၏သေဘာထားမွာ ျမတ္နိုးျခင္းမွ စိတ္ပ်က္ျခင္းအျဖစ္သို႔ လ်င္ျမန္စြာေျပာင္းလဲသြားခဲ့တာေၾကာင့္ သူတို႔ေတြ႕တာႏွင့္ တိုက္ခိုက္ၾကလိမ့္မည္ျဖစ္သည္။

က်န္း႐ႊင္းယီသည္ ရိုရို၏ဤတစ္ဖက္ျခမ္းအား မျမင္ခဲ့ဖူးသည္ျဖစ္ရာ သူစကားမေျပာခင္တြင္ ေခတၱမွ်လန့္သြားမိသည္။

"ရိုရို?" သူ၏အသံကား သံသယျဖစ္ေနသည့္ေလသံပင္။
"မင္းယြင္ရွဲ႕ကိုမႀကိဳက္ဘူးလား။"

ယြင္ရွဲ႕သည္ က်န္း႐ႊင္းယီနံေဘး၌ရပ္ေနကာ သူႏႈတ္ခမ္းေတြကိုေကြးလိုက္သည္။

ရိုရိုကေဒါသထြက္ထြက္ျဖင့္ျပန္ေျဖသည္။
"ကြၽန္မသူ႕ကိုဆက္မႀကိဳက္ေတာ့ဘူး။ သူက ေခ်ာေပမဲ့လည္း  အရမ္းသ႐ုပ္ေဆာင္ေကာင္းၿပီးေတာ့ ကြၽန္မလိုရိုးသားတဲ့လူနဲ႕မကိုက္ဘူး။ အခုကြၽန္မရွင့္ကိုႀကိဳက္တယ္၊ က်န္းသခင္ေလး။ ကြၽန္မတို႔မနက္ျဖန္လက္ထပ္ၾကမယ္ေလ။"

က်န္း႐ႊင္းယီ: "..."

သူ႐ုတ္တရက္နည္းနည္းေၾကာက္မိၿပီး လက္မထပ္ခ်င္ေတာ့ပါေပ။

တုလီကဝင္ေျပာသည္။
"ၾကည့္ရတာ ခယ္မေလးငါးက ယြင္ဂိုဏ္းခ်ဳပ္နဲ့...ညီေလး၂ကိုသိေနတာလား။"

"ကြၽန္မသူတို႔ကို အႀကိမ္ေတာ္ေတာ္မ်ားမ်ားမေတာ္တဆေတြ႕ဖူးတယ္ေလ။"

က်န္း႐ႊင္းယီသည္ ေခါင္းတလားဆီေလွ်ာက္သြားကာ ၎အားအုပ္ထားေသာအဝတ္ျဖဴကို မ,လိုက္သည္။
"က်ဴးမိန္းကေလး၊ မင္းေဘးဖယ္ေပးပါလား။ ကြၽန္ေတာ္အေလာင္းကိုၾကည့္မလို႔။"

ရိုရိုတစ္ေယာက္အခုေလးတင္အရွက္မဲ့စြာေျပာေနခဲ့ေသာ္လည္း၊ တကယ္တမ္း၌မူ သူမသည္ က်န္း႐ႊင္းယီဝင္လာကတည္းက သူ႕အားၾကည့္ဖို႔ရန္ပင္ အလြန္ရွက္ေနမိသည္။ ဤတဒဂ္တြင္ သူသည္ စကားေျပာရင္းျဖင့္ အနားတိုးလာသည္ကို သူမျမင္လိုက္ရကာ သူ၏မ်က္ႏွာလွလွေလးကား ထိေတြ႕ဖို႔လက္လွမ္းမွီၿပီး ေအးစိမ့္စိမ့္ကိုယ္သင္းနံ႕ေဖ်ာ့ေဖ်ာ့မွာ ေလထုထဲသို႔သင္းပ်ံ့လာခဲ့သည္။ သူမမ်က္ႏွာနီျမန္းသြားရကာ စကားတစ္ခြန္းမွ်မဆိုဘဲ လွည့္ထြက္သြားလိုက္သည္။

က်န္း႐ႊင္းယီသည္ သူမ၏တုံ႕ျပန္မႈကို သတိမထားမိဘဲ သူ၏လက္ေတြဟာ တုရွန္၏အဝတ္ေတြကိုတစ္ဝက္စုတ္ၿဖဲရန္ အားအျပည့္ျဖင့္ရိုက္ခတ္သြားခဲ့ၿပီး တစ္ခဏအတြင္းတြင္ အဝတ္မဲ့သြားေစသည္။

တုလီ၌ သူ႕အားတားဖို႔ရန္အခ်ိန္မရွိလိုက္ဘဲ ထိုအစား သူၿပဳံးၿပီးစကားေျပာေနသည္ကို မရပ္လိုက္ခင္တြင္ မိန္းေမာသြားရေခ်သည္။

က်န္း႐ႊင္းယီက အဝတ္မဲ့ေယာက္်ားအား အာ႐ုံစူးစိုက္မႈအျပည့္ျဖင့္ စူးစမ္းေနသည္ကို ယြင္ရွဲ႕ျမင္လိုက္ရေသာ္၊ သူ႕ဆီကိုသူေလွ်ာက္သြားကာ တိုးတိုးေျပာလိုက္သည္။
"သူ႕ခႏၶာကိုယ္ကဘယ္လိုေနလဲ။"

က်န္း႐ႊင္းယီသည္ အေလာင္း၏ဝမ္းဗိုက္အစာအိမ္ကိုထိကာ ၎ေပၚတြင္အၾကည့္ၿမဲထားရင္းျဖင့္ သာမန္ကာလွ်ံကာေျပာသည္။
"ဝမ္းဗိုက္ႂကြက္သား၈ခု။ သူ႕ခႏၶာကိုယ္ကိုေကာင္းေကာင္းထိန္းသိမ္းတဲ့ပုံပဲ။"

ယြင္ရွဲ႕ခါးကိုင္းကာ သူ႕နားထဲသို႔ေလမႈတ္ထုတ္လိုက္သည္။
"ကိုယ့္မွာလဲရွိတယ္ေလ၊ မင္းမထိခဲ့ဘူးလားကြာ။"

က်န္း႐ႊင္းယီမွာ တစ္စုံတစ္ခုအေၾကာင္းေတြးေနကာ သူ႕အားလ်စ္လ်ဴရႈထားသည္။ ယြင္ရွဲ႕ကဆက္ေျပာသည္။
"အခုမင္းကသူ႕ကိုအဝတ္ေတြေရွာေရွာရႈရႈခြၽတ္ေပးလိုက္တယ္ေနာ္။ ဒီေတာ့ မင္းအလွည့္က်ရင္ဘယ္လိုျဖစ္ေနမလဲ။ မင္းကရွက္ေသြးျဖာေနၿပီးေတာ့ ကိုယ့္ကိုေမးဖို႔လို...အိုး!'

က်န္း႐ႊင္းယီသည္ ယြင္ရွဲ႕၏ဝမ္းဗိုက္ကိုထိုးႏွက္လိုက္ေသာ သူ႕လက္သီးကိုျပန္႐ုတ္ကာ ေခါင္းျပန္လွည့္ရင္းျဖင့္ ျပက္ရယ္ျပဳလိုက္သည္။
"အမ္း၊ မင္းမွာလဲရွိတာပဲ၊ ငါခံစားမိတယ္။"

က်န္း႐ႊင္းယီဟာ အေလာင္းထံမွ သူ႕လက္ကိုျပန္သိမ္းကာ ၎အား အဝတ္ျဖဴႏွင့္အုပ္လိုက္သည္။ တုလီက က်န္း႐ႊင္းယီဆီကို ေရသန့္တစ္ခြက္ယူလာေပးၿပီးသားျဖစ္ကာ သူလက္ေဆးရင္းျဖင့္ေျပာလိုက္သည္။
"က်ဴးမိန္းကေလး၊ တုရွန္ေသသြားခဲ့တဲ့အခ်ိန္တုန္းက မင္းတို႔မဂ္လာ...မဦးခဲ့ဘူးလား။"

သူသည္ ဤေမးခြန္းကိုေမးရာ၌ သိသိသာသာကို အနည္းငယ္ရွက္႐ြံ႕ေနမိသည္ျဖစ္ရာ ေခါင္းတစ္ဝက္ငုံ႕ထားရင္း လက္ေဆးသည့္လႈပ္ရွားမႈကိုပဲ ထပ္ခါတလဲလဲလုပ္ေနမိသည္မွာ ေရထဲတြင္ပန္းစိုက္ဖို႔ႀကိဳးစားေနသည့္ႏွယ္။

ရိုရိုတစ္ေယာက္ သူမ၏မ်က္ခုံးမ်ားကိုပင့္ကာ တန့္သြားၿပီး က်န္း႐ႊင္းယီကိုစိုက္ၾကည့္လိုက္မိသည္။ သူမသည္ သူမ၏စိတ္ကိုထိန္းၿပီး ေလးနက္စြာေျပာလိုက္သည္။
"ဟင့္အင္း။ ကြၽန္မက အစကေနအဆုံးထိ အိမ္အသစ္ထဲမွာပဲထိုင္ေနခဲ့တာ၊ အျပင္ကအေျခအေနေတြကိုကြၽန္မမျမင္ရဘူးေလ။ ကြၽန္မေန႕တစ္ဝက္ေစာင့္ေနခဲ့ေပမဲ့ ဘယ္သူကမွကြၽန္မမ်က္ႏွာဖုံးပုဝါကို လာမဖယ္ေပးၾကဘူး၊ ကြၽန္မတကယ္စိတ္မရွည္ေတာ့တာမို႔လို႔ ကြၽန္မဘာသာကြၽန္မဖယ္ပစ္လိုက္ေတာ့တယ္။ အေျခအေနေတြကိုေသခ်ာမျမင္ရေသးခင္မွာ အကုန္လုံးဗလာသက္သက္ျဖစ္သြားေတာ့တာပဲ။"

တုလီ၏မ်က္ႏွာရႈံ႕တြသြားကာ ေျပာမိသည္။
"ခယ္မေလးငါး၊ အခန္းထဲကိုညီေလးငါးဝင္လာတာကို မင္းမေတြ႕ခဲ့ဘူးလို႔ မင္းေျပာခ်င္တာလား။ ဒါေပမဲ့ သူဝင္သြားတာကို အစ္ကိုတို႔ၾကည့္ေနခဲ့ၾကတာေလ။"

ရိုရိုကလက္ခံသည့္အေနျဖင့္ေခါင္းၿငိမ့္သည္။
"ေသခ်ာေပါက္မမွားပါဘူး။ မဂ္လာခန္းမထဲကိုလာၿပီးတဲ့ေနာက္မွာ ကြၽန္မသူ႕ကိုမေတြ႕ရေတာ့တာ။"

ကိစၥေတြကားထူးဆန္းလွ၏၊ ယြင္ရွဲ႕သည္ သူ၏ေဆာ့ကစားခ်င္သည့္အၾကည့္ကို ႐ုပ္သိမ္းလိုက္သည္။
"မင္းနိုးလာေတာ့ မင္းရဲ႕ပတ္ဝန္းက်င္ကဘယ္လိုမ်ိဳးလဲ။"

"ကြၽန္မနိုးလာေတာ့ ေမွာင္မည္းေနၿပီး ေျမႀကီးနံ႕ရတယ္။ ကြၽန္မခႏၶာကိုယ္ကေတာင့္တင္းေနၿပီး ေနရာအႏွံ႕နာက်င္ေနတာ။"

"...မင္းနိုးလာေတာ့ မင္းကအေခါင္းထဲမွာရွိေနတာေပါ့ေလ?"
ယြင္ရွဲ႕ကေမးသည္။

"မဟုတ္ပါဘူး" ရိုရို၏အသံမွာေအးစက္လွသည္။
"ကြၽန္မကအိပ္ရာေအာက္မွာပါ။"

ယြင္ရွဲ႕: "...."

ဤကား ယြင္ရွဲ႕တစ္ေယာက္ထိုကဲ့သို႔ကစားခံလိုက္ရသည္ကို သူပထမဆုံးအႀကိမ္ျမင္ရျခင္းျဖစ္ကာ က်န္း႐ႊင္းယီသည္ ယြင္ရွဲ႕၏မ်က္ႏွာအား အဖက္ဆယ္ကယ္တင္ရန္အတြက္ သူ႕ႏႈတ္ခမ္းေတြကိုတင္းတင္းေစ့ထားမိသည္။ သူသည္ သူ႕ႏႈတ္ခမ္းေထာင့္အား တြန့္ေကြးသြားျခင္းမွအတတ္နိုင္ဆုံးထိန္းခ်ဳပ္ထားကာ မရယ္မိေအာင္ႏွင့္ ေလးနက္ခ်င္ေယာင္ေဆာင္ေနရသည္။ သူအေၾကာင္းအရာေျပာင္းလိုက္သည္။
"ဒါဆိုရင္ မင္းကအိပ္ယာေအာက္မွာ တစ္ညလုံးကိုမာဝင္ေနခဲ့တာေပါ့။ ေနာက္တစ္ေန႕မင္းကိုလဲရွာေတြ႕ေရာ၊ တုရွန္ကေသေနၿပီေပါ့ေလ။"

ရိုရိုကေခါင္းၿငိမ့္သည္။ တုလီသည္ က်န္း႐ႊင္းယီသိခ်င္တာကိုနားလည္သြားကာ ထပ္ျဖည့္ေျပာလာသည္။
"အစ္ကိုတို႔ေတြအိပ္ရာနဲ႕ ညီေလးငါးရဲ႕အဝတ္ေတြကိုစစ္ေဆးၾကည့္ခဲ့တယ္။ အကုန္လုံးသန့္ရွင္းသပ္ရပ္ေနၿပီးေတာ့ အစြန္းအထင္းတစ္ခုမွမရွိဘူး။"

က်န္း႐ႊင္းယီကေျပာသည္။
"ထူးဆန္းတယ္။ သူ႕ကိုယ္ေပၚမွာဒဏ္ရာမရွိဘူးဆိုေပမဲ့ သူ႕ရဲ႕ယင္ဓာတ္က အရမ္းေလးလံေနတယ္။ ၾကည့္ၾကည့္လိုက္။ သူ႕မ်က္ခုံးႏွစ္ဖက္ၾကား၊ သူ႕မ်က္ႏွာနဲ႕ ဝမ္းဗိုက္ေအာက္ပိုင္းမွာ သူ႕အသားအရည္က စိမ္းေဖ်ာ့ေဖ်ာ့သမ္းေနတာကိုေတာင္ ျမင္ရလိမ့္မယ္။ လူ႐ြယ္ေတြမွာ ယန္ဓာတ္အမ်ားႀကီးရွိေပမဲ့ ဒီလိုမ်ိဳးေတာ့မဟုတ္ဘူးေလ။ ယြင္ရွဲ႕၊ ဝိညာဥ္ကိုေခၚလို႔ရလား။"

ယြင္ရွဲ႕ေခါင္းၿငိမ့္ျပလိုက္သည္။ သူလက္ဝါးကိုဖြင့္ျပလိုက္ရာ အေဆာင္ဝါတစ္႐ြက္ေပၚလာခဲ့သည္။ စာ႐ြက္ေပၚတြင္ ဟသ္ပဒါးေရာင္လက္ေရးတစ္ခုေပၚေနကာ "ထိုကဲ့သို႔သူမ်ိဳးကိုရွာမေတြ႕ပါ"ဟု ေျပာေနေပသည္။ - အျခားသူေတြသတိမျပဳမိခ်ိန္တြင္ သူသည္ ဝိညာဥ္အားလ်ိဳ႕ဝွက္စြာေခၚရန္ႀကိဳးစားၿပီးသားျဖစ္ေခ်၏။

သူကထပ္ေပါင္းေျပာသည္။
"ဝိညာဥ္ကပ်ံ့ႀကဲသြားၿပီ၊ ေခၚလို႔မရေတာ့ဘူး။"

ဒါဟာ အေရးႀကီးသည့္ကိစၥတစ္ခုျဖစ္သည္၊ သို႔ေပမဲ့ ယြင္ရွဲ႕သည္ က်န္း႐ႊင္းယီအား မေဖာ္ျပနိုင္စြာမ်က္စိတစ္ဖက္မွိတ္ျပလာေလသည္။

သူ၏အမူအရာကိုၾကည့္ေနရင္းျဖင့္ က်န္း႐ႊင္းယီအနည္းငယ္ေတာင့္တင္းသြားရကာ ထိုတဒဂ္၌ သူ၏စိတ္ထဲတြင္ ယြင္ရွဲ႕၏အေတြးယာဥ္သည္ ဘယ္လိုပါလိမ့္ဟူ၍ျဖင့္သာ ျပည့္ႏွက္ေနေခ်သည္။ သူ၏လိင္တိမ္းၫႊတ္မႈႏွင့္ သူက်ိန္ဆိုရဲေပသည္၊ ဤအရွက္သိကၡာမရွိေသာေယာက္်ားေျပာခ်င္ေနသည္ကား --

"အား႐ႊင္း၊ ၾကည့္ပါအုံး၊ ကိုယ္နဲ႕အတူရွိတာအရမ္းေကာင္းတယ္ေနာ္။ ကိုယ့္ရဲ႕ယန္ဓာတ္နည္းသြားမွာကို မင္းဘယ္ေတာ့မွစိုးရိမ္စရာမလိုဘူးေလ။"

က်န္း႐ႊင္းယီ: "..."

သူအရမ္းကိုလ်င္လ်င္ျမန္ျမန္ႀကီးနားလည္သြားတာကို တကယ္ရွက္မိပါသည္။

ယြင္ရွဲ႕ကဆက္ေျပာသည္။
"အား႐ႊင္း.."

"ရၿပီ။ မင္းဘာမွေျပာဖို႔မလိုေတာ့ဘူး။"
က်န္း႐ႊင္းယီသည္ လ်င္ျမန္စြာႏွင့္ရိုင္းစိုင္းစြာ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။
"က်ဴးမိန္းကေလး၊ ကြၽန္ေတာ့္ကိုလက္ထပ္ခ်င္ေယာင္ေဆာင္တာက မင္းကိုနစ္နာေစမွာပဲ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အခုဘာမွမျမင္နိုင္ဘူးဆိုမွေတာ့ ဘာလို႔မႀကိဳးစားၾကည့္ရမွာလဲ။"

_____________________________________________

*အရန္လက္ထပ္ပြဲ = အျခားလူစြန့္ပစ္လိုက္တဲ့မိန္းကေလးကို ယူတဲ့ေယာက္်ားကိုဆိုလိုပါတယ္။

____________________________________________

Continue Reading

You'll Also Like

136K 14.8K 49
This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့ အသစ်တဖန်မွေးဖွားခြင်း(Rebirth)ပါ...
112K 20.4K 31
Title Gossip! The Prince and the Dragon, That Shameless Couple အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ အတင္းအဖ်င္း! အရွက္မရွိတဲ့ မင္းသားန...
101K 9.8K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
53.8K 4.1K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...