My Essential Hoon

By _jaehoonpark_

42K 4.4K 2.5K

젴성 #JakeHoon Romance /Drama Age gap love More

Intro
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
37

36

1.2K 88 21
By _jaehoonpark_

Unicode

"အဖွဲ့မှုး ဒါကို တစ်ချက် ကြည့်ပေးပါ"

ထိုးပြလာသော သွေးသံရဲရဲအမျိူးသမီးတစ်‌ယောက်၏မှုခင်းဓာတ်ပုံတစ်ချိူ့အား အကြီးအကဲဖြစ်ဟန်တူ အမျိူးသားသည် စိတ်၀င်စားပုံမပေါ်၊ အရေးမပါသည့်အလား လျစ်လျူရှုဟန်ပြကာ မျက်နှာရှေ့ကကွန်ပျူတာဆီအကြည့်စိုက်ရင်း အလုပ်များပြနေ၏။

"အဖွဲ့မှူး....."

ခေါ်သံကား စိတ်လက်မကြည်သာစွာထပ်ထွက်လာပြန်၏။ လုပ်စရာမရှိသည်ကို ကြံဖန်၍အလုပ်ရှုပ်ပြနေသောထိုအမျိုးသားအား အသက်၂၀ကျော်ဝန်းကျင်ခန့်ရဲအရာရှိပေါက်စလေးသည် ဒီတိုင်းပဲလက်လျှော့ကာ လှည့်မပြန်လိုက်ချင်သည့်ပုံပင်။

"ဒီကွင်းဆက်မှုတွေဟာ ကျွန်တော် အလုပ််စမဝင်ခင်ထဲကနှစ်တိုင်းလိုလိုဆက်တိုက်ရှိနေခဲ့တာ၊ တစ်ဖြည်းဖြည်းနဲ့ နစ်နာသူတွေလဲ များလာခဲ့သလို ကျွန်တော်တို့မဖမ်းနိုင်ခဲ့တာလဲ နှစ်တော်တော်ပေါက်နေခဲ့ပါပြီအဖွဲ့မှူး"

"အဲ့ကောင်ကို ကျွန်တော်တို့က ဆက်တိုက်ဒီလိုပဲလွှတ်ပေးထားရတော့မှာလား၊ အဲ့ဒီအမှိုက်လိုကောင်တွေကိုဖမ်းရမှာကရဲတွေရဲ့တာဝန်မဟုတ်ရင် တကယ်ပဲကျွန်တော်တို့အလုပ်ကဘာများလဲအဖွဲ့မှူး..."

လျစ်လျူရှုခံရဆဲအခြေနေတစ်ခုသည်ပြောင်းလဲသွားခြင်းမရှိ။ ရဲအရာရှိလေးသည် စိတ်မသက်မသာလေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပုံရ၏။ ထို့နောက် ဓာတ်ပုံများကမ်းပေးထားသောလက်ကိုဆတ်ခနဲပင်ရုတ်ပစ်လိုက်ကာ

"တစ်နိုင်ငံလုံးကဘယ်ရဲမှမဖမ်းရင်တောင် အဲ့ဒီကောင်ကိုကျွန်တော်ကိုယ်တိုင်ဖမ်းမယ် အဲ့လိုပဲသိထားပေးပါ"

"ချောင်းဂျွန်ဟျော့!!"

ဒုန်းခနဲ စားပွဲပေါ်သို့ရိုက်ချလိုက်သောအသံနှင့်အတူ အဖွဲ့မှူး၏အော်သံနက်ကြီးသည် ဌာနတစ်ခုလုံးကိုတိတ်ဆိတ်သွားစေ၏။

လှည့်ထွက်သွားသော ရဲအရာရှိချောင်းဂျွန်ဟျော့သည် ထိုအခါမှ ခပ်သာသာတုန့်ရပ်ကာပြန်လှည့်ကြည့်သည်။

"ဒီဓာတ်ပုံတွေကိုမပြလဲ အဖွဲ့မှူးကိုယ်တိုင်တပ်အပ်မြင်ပြီးခဲ့‌ရောမဟုတ်လား Mrs.Ari သေဆုံးမှုဟာ သာမန်မတော်တဆမဟုတ်ပဲ အဲ့ဒီဆိုက်ကိုပတ်အမှိုက်ကောင်ရဲ့လက်ချက်ဆိုတာ"

"မင်းဒီလောက်ဆိုရင် ကွင်းဆက်မှုတွေကိုစွဲလမ်းနေတာပဲမဟုတ်ဘူးလားချောင်းဂျွန်ဟျော့။"

လူကိုစိတ်မနှံ့သူလိုကြည့်ကာပြောလာတဲ့အဖွဲ့မှူးကို ရဲအရာရှိလေးသည် စူးစူးဝါးဝါးပြန်စိုက်ကြည့်လေ၏။

"Ok Ok..... ငါ မင်းကိုနားရက်ခွင့်ပေးမယ် အဲ့ရက်တွေထဲအပြည့်အဝနားပြီး ကိုယ့်စိတ်ကိုယ်သေချာပြန်ရှင်းလာခဲ့ ဟုတ်ပြီလား"

"အဖွဲ့မှူး......စွဲလမ်းနေတာမဟုတ်ပဲ တကယ်အဲ့ဒီကောင်ပါလို့!! လက်သည်းခွံတွေရှိမနေခဲ့ဘူး အဲ့ဒီကောင်လုပ်နေကျအတိုင်းပဲ အတိအကျလက်သည်းခွံကိုးခုလုံးရှိမနေခဲ့ဘူးလို့!"

"အလောင်းကို အဖွဲ့မှူးကိုယ်တိုင်စစ်လာခဲ့တာပဲ ဒီလောက်ခြေရာလက်ရာတွေထင်ရှားနေတာကို ဘာကြောင့်များမမြင်‌ချင်ယောင်ဆောင်နေကြတာလဲကျွန်တော်တကယ်နားမလည်နိုင်တော့ဘူး!"

အဖွဲ့မှုးဆိုသူထံမှ စားပွဲပေါ်သို့ လက်ဖြင့်ထုရိုက်လိုက်သံကြီးတစ်ချက်ကျယ်လောင်စွာထွက်လာပြန်၏။

"ဘယ်ကိုလာပြီးအော်လားမိုက်လားလာလုပ်နေတာလဲ! ဟေ့ ဒီမယ်ချောင်းဂျွန်ဟျော့ မင်းကတော့ ညွှန်ချုပ်‌ရဲ့သားဆိုပြီးထင်ရာစိုင်းလို့ရချင်ရပေမယ့် ငါတို့ဘဝတွေနဲ့ကမတူဘူးကွ"

"အသက်ရှင်ရဖို့ စားနိုင်သောက်နိုင်ဖို့ အလုပ်လုပ်ရတယ် ကိုယ်ခုံကိုယ်မပျောက်အောင်ထိတရားမျှတလွန်းနေရင်လဲ ငါတို့လိုသာမန်ဝန်ထမ်းတွေထမင်းငတ်ကုန်လိမ့်မယ် ဒါတွေကို မင်းလိုလူမျိုးကဘယ်နားလည်နိုင်မှာလဲ"

"အသက်ရှင်ဖို့်....စားနိုင်သောက်နိုင်ဖို့....ဟဟ ခွေးစကားတွေလာကြားနေရတာပဲ.....ဒါနဲ့ ဒီလာမယ့်အပတ်ထဲ ဆိုးလ်ရုံးချုပ်ကို‌ရာထူးတိုးနဲ့ပြောင်းရမယ်လို့ကြားထားမိတာ... ဂုဏ်ပြုပါတယ်ဗျာ။ ဒီ့ထက်ပိုပြီး ဆိုက်ကိုလူသတ်ကောင်တွေကိုများများမွေးထုတ်နိုင်ပါစေ ဒါမှအဖွဲ့မှူးမိသားစုကိုထိခဲ့တဲ့အချိန််ရောက်ရင် တရားမျှတမှုရဲ့သူရဲကောင်းကြီးလုပ်ဖူးနိုင်အောင်လို့"

"ဘာ..... မင်းအခု ဘာစကားပြောလိုက်တာလဲ ဒါ အထက်လူကြီးကိုပြောသင့်တဲ့စကားလား"

"ကျွန်တော်ကတော့ ဒီ့ထက်ပိုပြီး ငြိမ်နေတော့မဟုတ်လို့ ကျွန်တော့်ခွင့်ပြုချက်နဲ့ကျွန်တော်ပဲစစ်ဆင်ရေးစပါတော့မယ် သွားခွင့်ပြုပါ"







************

'တကယ်လို့လေ ကိုက အချစ်မြင်နေရတဲ့ သာမန်ရှင်းမ်ဟီဆွန်းမဟုတ်ပဲ ထူးဆန်းနေခဲ့ရင်ရော အချစ် ကို့ကိုဆက်သဘောကျပေးနေနိုင်ပါ့မလားဟင်'

'ကို ဘာကိုပြောချင်မှန်း သေချာနားမလည်ပေမယ့် ဒီတိုင်းရှင်းမ်ဟီဆွန်းဆိုတဲ့ဖြစ်တည်မှုကိုပဲချစ်မိသူပါ ဘာတွေပဲပေါ်လာပေါ်လာ အချစ်ဘက်ကတော့ပြောင်းလဲသွားမှာမဟုတ်တာသေချာတာပဲ'

'ကိုတို့ အချိန်တစ်ခုလောက်ထိ အဆက်အသွယ်မလုပ် မတွေ့ပဲနေကြရအောင်နော်......မင်းကို ကိုသိပ်ချစ်တာ ကောင်းကောင်းကြီးသိတယ်မဟုတ်လားအချစ်......ကိုပြန်လာချိန်အထိဘေးကင်းကင်းနဲ့ရှိနေပေးမယ်မဟုတ်လား.....ဟင်....'

'အဲ့တာဘာစကားလဲ ဒီလောက်ပြဿနာတွေအကြာကြီးတက်ပြီး အခုမှပြန်အဆင်ပြေရုံရှိသေး.....ကို ဒါဘာစကားလဲလို့.....ဘာအဆင်မပြေတာတွေရှိနေလို့လဲ ဘာပြဿနာကြောင့် အဆက်အသွယ်မလုပ်ပဲနေရမှာလဲ...'

မျက်ရည်တွေဝိုင်းကာမေးသည်ကို တစ်ခွန်မှပြန်မဖြေသူသည် ဆောနူ၏ငွေမှင်ရောင်ဆံနွယ်တွေကိုတော့ ပွတ်သတ်ကျီစားကာ လာရောက်နှစ်သိမ့်သွား၏။ သူ ကိုယ့်စိတ်တွေကိုရူးအောင်ထပ်လုပ်သွားပြန်ပြီပေါ့၊ အဖြေမရှိသောရူးနှမ်းရခြင်းတွေနဲ့အတူ ညနေစောင်းကသိပ်ခါးသည်။

"ခါးတယ် ဒီနေ့ဆိုဂျူက သိပ်ကိုခါးသက်နေတာပဲ....ပြီးတော့ ရှင်းမ်ဟီဆွန်း....ချိုမလိုလိုနဲ့ သိပ်အခါးဓာတ်များတဲ့လူရော....."

ဆိုင်ထောင့်လေးမှာ တိတ်တိတ်လေးထိုင်ငြီးနေမိတဲ့ကိုယ့်ကို လူတွေအာရုံမစိုက်ကြရင်သိပ်ကောင်းမှာပဲလေ။ ဒီနေ့တော့ ကိုယ်တစ်ယောက်ပဲလွတ်လွတ်လပ်လပ်ရူးပါရစေ။တစ်ဂျိုက်ပြီး တစ်ဂျိုက်မော့နေသော ဆိုဂျူပုလင်းတွေကလဲ လက်ဆယ်ချောင်းကမယ်မထင်တော့ပါ၊ ခေါင်းကိုက်သလိုလိုရှိလာတာကလွဲပြီး ထူးထူးခြားခြားအကူညီမရတဲ့ ဒီဆိုဂျူကိုပဲ ဆောနူ တရစပ်မော့သောက်နေမိရင်း

"ပါမောက္ခ......"

ရင်းနှီသလိုလိုရှိတဲ့အသံတစ်ခုကြောင့် ငိုက်ကျနေသော ခေါင်းကို အားယူကမော့ကြည့်လိုက်၏။ ဝေတေဝါးတားမြင်ကွင်းမို့ မြင်မြင်သမျှက ရှင်းမ်ဟီဆွန်းတွေချည်း။ သေချာစိုက်ကြည့်မှသာ ကိုယ့်အတန်းက အမြဲတမ်းပြုံးနေတတ်တဲ့ပတ်ဂျုံဆောင်းဖြစ်နေသည်။ဆောနူ ဖူးခနဲ လေတွေမှုတ်ထုတ်လိုက်မိသည်၊ ထွေထွေထူးထူးမဟုတ်သလိုပါပဲ။

"တစ်ယောက်ထဲထိုင်သောက်နေတာလား......မျက်နှာတွေတစ်အားရဲနေတယ် ပါမောက္ခအဆင်ပြေရဲ့လား"

"ဂျုံဆောင်းက ဒီကိုဘယ်လိုရောက်လာရတာလဲ"

"ကျွန်တော် ဒီနားကနေဖြတ်သွားရင်း ပါမောက္ခကိုအပြင်ကနေတွေ့လိုက်လို့ဝင်လာခဲ့တာ...."

"အာ အဲ့လိုကိုး....ရပါတယ် ဂျုံဆောင်းသွားစရာရှိရင်နောက်ကျနေမယ် သွားတော့ ကျွန်တော့်အိမ်ကဒီနားတင် နီးနီးလေးမလို့ ဘယ်အချိန်ထပြန်ပြန်အဆင်ပြေတယ်"

အမြဲ လန်းဆန်းတက်ကြွနေတဲ့ပါမောက္ခတစ်ယောက်အနေနှင့် ကိုယ့်ကျောင်းသားရှေ့မှာ ဒီလိုပုံစံတွေဆောနူမပြချင်။ အခုချိန်မှာ ဂျုံဆောင်းတစ်ယောက်ကို ဆိုင်ထဲကနေအမြန်ပြန်ထွက်စေဖို့ကိုသာ ဆုတောင်းနေမိ၏။

"သွားစရာနေရာမရှိပါဘူး တကယ်တော့ ကျွန်တော်လဲဆိုဂျူသောက်ရကောင်းမလားစဉ်းစားနေတုန်း ပါမောက္ခနဲ့အခုလိုဆုံတော့အဖော်ရသွားတာပေါ့ အိမ်ကနီးတယ်ဆိုလဲ ကျွန်တော်ပြန်လိုက်ပို့ပေးပါ့မယ်ဗျ"

သွားပြီ၊ ဒီကျောင်းသားက နဂိုကမှ ကိုယ့်အနားဆိုသိပ်ကပ်တဲ့ကျောင်းသား၊ အခုလို ဒဲ့ကြီးလာဆုံမှတော့ အတင်းပြန်လွှတ်ဖို့ကလဲအားနာစရာတွေ၊ ဒီတိုင်းကြီးလှည့်ထွက်လာဖို့ကျပြန်တော့လဲ ကြိုဆိုသူမရှိတဲ့ မှောင်မှောင်မဲမဲအခန်းထဲကိုဒီစိတ်အခြေနေတွေနဲ့ဆောနူမပြန်ချင်ပြန်ဘူး။

"ကျွန်တော်တစ်ခွက်ထည့်ပေးမယ်လေ...."

ရှေ့ကလွတ်နေတဲ့ ခွက်ထဲသို့ ဆိုဂျူပုလင်းကိုငဲ့စောင်းလာသည်။ တောင်တွေးမြောက်တွေးအကြံဉာဏ်တွေလဲ အသုံးမဝင်လောက်တော့ဘူးထင်ပါ၏။

အခါးဓာတ်တွေ လည်ချောင်းတစ်လျှောက်ကိုဆင်းသွားတဲ့အတိုင်း ခေါင်းက မထောင်ချင်လောက်အောင်ရီဝေလာသည်။ ယမကာရှိန်ကခုမှဆောင့်တက်ပြီထင်၏။ တစ်ယောက်ထဲထိုင်ငြီးနေရာကနေ အဖော်ရလို့ပဲလား အနည်းငယ်လေး နူတ််သွက်ချင်လာသည်။

"ခါးတယ်နော်......"

ဆိုဂျူတစ်ခွက်ကိုမော့လိုက်အပြီး ထွက်သွားတဲ့စကားသံကမပီတပီဆိုတာ ကိုယ့်အသိစိတ်နဲ့ကိုယ်တော့သတိထားမိသေး၏။

"ဗျာ.......ဘယ်ဟာက...အော် ဆိုဂျူလား.....အရက်ကတော့ အရင်ကတည်းက ဒီလိုပဲခါးတာပေါ့ဗျာ"

"မဟုတ်ဘူး ဘဝကြီးကိုပြောတာ.....ကျွန်တော်တို့ဘဝတွေက အချိုဓာတ်ကလေးရနိုင်ဖို့ ဘာကြောင့်များခက်ခဲလွန်းနေရသလဲမသိ...."

"ပါမောက္ခ ဒီနေ့ စိတ်ရှုပ်စရာတစ်ခုခုကြုံလာရတယ်ထင်တယ်"

"ဟက်! ဒီနေ့မှတဲ့လား......နေ့တိုင်းလိုလိုပါပဲ"

အသက်မပါသောရီသံတစ်ချက်၏နောက်မှာ ဆိုဂျုတစ်ခွက်ကလဲ အမှီကပ်လိုက်၏။ မျက်နှာချင်းဆိုင်ကဂျုံဆောင်းကတော့ ကိုယ့်ရဲ့ပုံပျက်ပန်းပျက်ဟန်မဆောင်နိုင်ခြင်းတွေကို ရိပ်မိနေလောက်ပါပြီ။

သနားသလိုလိုစိုက်ကြည့်နေ၏။

'ကင်မ်ဆောနူ မရှက်တတ်တော့ဘူးပဲ ကိုယ့်ကျောင်းသားဆီကနေ သနားသလိုအကြည့်ခံနေရတာကိုတောင် မျက်နှာပြောင်တိုက် အရက်ဆက်သောက်နေနိုင်တုန်း'

ကိုယ့်စိတ်ပျက်ခြင်းတွေနဲ့ ကိုယ့်ကိုယ်ကိုအပြစ်ဖို့ရင်း ဆိုဂျူနောက်တစ်ခွက်ဆီလက်ကမ်းမိသည်။

"ကျွန်တော်နဲ့ တစ်နေရာသွားမလား"

ဒီကျောင်းသား ဘာတွေများထပ်စပ်စုအုံးမလဲ......ဆောနူအရက်ခွက်ကိုချပြီး မျက်မှောင်တစ်ချက်ကြုံ့ကြည့်မိတော့ဒီ‌ကျောင်းသားကရယ်သည်။ နူတ်ခမ်းထောင့်ဘေးက ပန်းသီးကိုက်ရာ‌လို အတွန့်ကွေးလေးမှာထင်းလို့....

'အပြုံးကချစ်စရာကောင်းသား' ဆောနူစိတ်ထဲကောက်ချက်ချမိသည်။ မြင်ကွင်းရှေ့က ရီတီတီနှစ်ထပ်ဖြစ်နေတဲ့ပုံရိပ်တွေဟာဒယီးဒယိုင်နဲ့.....ခနလေး ဆောနူအခုဘာကိုမြင်နေမိပါလိမ့် နှစ်ထပ်ဖြစ်နေတဲ့ပုံရိပ်တွေထဲမှာ ရှင်းမ်ဟီဆွန်းက ပြုံးပြနေပါရောလား

"စိတ်ကုန်လိုက်တာ ငါ့ပြဿနာကအဲ့တာပဲ စိတ်ကုန်စရာပဲကင်မ်ဆောနူ...."

ခေါင်းကိုဘယ်ညာ ခပ်သွက်သွက်ခါယမ်းပြီး ကိုယ်တစ်ယောက်ကြားရုံသာငြီးငြူလိုက်သည်။

"လာပါ ထ ပါမောက္ခလမ်းတော့လျှောက်နိုင်သေးတယ်မလား.....ဒါမှမဟုတ် ကျွန်တော် ကုန်းပိုးခေါ်သွားရမလား"

"Haha ဘယ်ကိုသွားမလို့လဲ.....ကုန်းတော့မပိုးပါနဲ့ လမ်းလျှောက်နိုင်ပါသေးတယ်"

ပြောသာပြောရတာ ခြေထောက်တွေတော့ လေးတေးတေးနဲ့ ဆတ်ခနဲထလိုက်တဲ့အခါ ခွေကျသွားသည်။
'ခစ်!'
ထိုရယ်သံကတော့ သေချာပေါက်ဂျုံဆောင်းဆီကလာတာပဲ။ ရှက်တဲ့အသိစိတ်ကြီးနဲ့ ကုန်းရုန်းထတဲ့အခါ ဂျုံဆောင်းကလာတွဲသည်။

"အဲ့ကြောင့်ကျွန်တော်မေးသားပဲ ကုန်းပိုးရမလားလို့"

"ရတယ် ရတယ် ကျွန်တော် ခြေထောက်ယိုင်သွားလို့ပါ လျှောက်နိုင်တယ် ဂျုံဆောင်းအရှေ့ကသွား....."

ဆောနူမျက်နှာတွေလဲ ဆိုဂျုအရှိန်နဲ့ အရှက်ကွဲတာပါရောပြီး ရဲတွတ်နေလောက်ပြီထင်ပါ၏။ ဒီကျောင်းသားကို ဒီညမှတ်ဉာဏ်တွေအကုန်ပျက်သွားအောင် အိမ်ပြန်ခါနီးလေး ခဲလုံးနဲ့ပဲဖြစ်ဖြစ်ခိုးထုလိုက်သင့်လား.....

~

"ကာရာအိုကေလား.....ဒီမှာဘာလုပ်မလို့လဲ"

"ဟား ဘာလုပ်မလို့လဲတဲ့......ပေါက်ကွဲပစ်ဖို့ခေါ်လာတာလေ မကျေနပ်သမျှတွေရော စိတ်ညစ်စရာတွေရော အကုန်ပေါက်ထွက်ပစ်ရအောင်"

ကိုယ်တိုင်လဲအရင်ကမကြာမကြာလာခဲ့ဖူးသည့်နေရာပါပဲ၊ အသက်ရွယ်မရွေးလာနိုင်တဲ့ ကာရာအိုကေဆိုပေမယ့် အခုလို အသက်၃၀အရွယ်နဲ့ အထက်တန်းအလယ်တန်းကျောင်းသူလေးတွေ၊ တက္ကသိုလ်fresherနှစ်လေးတွေပြည့်နေတဲ့ဒီနေရာမျိုးမှာ နေရခက်နေမိတာတော့ အမှန်ပဲ။ စိတ်ညစ်ညစ်နဲ့လှည့်ပြန်ဖို့မလုပ်ခင် လက်ကောက်ဝတ်ကနေ ဆွေ့ခနဲဆွဲခေါ်ခံသွားရတာကြောင့် ဆောနူတစ်ယောက်ပြန်လမ်းပိတ်ကုန်၏။

"ပါမောက္ခ....‌ရော့ ဒီမိုက်ကိုယူ ဆိုချင်တဲ့သီချင်းဘာပဲဖြစ်ဖြစ် အကျယ်ကြီးဟဲချပစ်လိုက်....."

"ဟင် သီချင်း.....ကျွန်တော် သီချင်းမဆိုတတ်ဘူးဂျုံဆောင်းရဲ့"

"တစ်ယောက်ထဲဆိုရမှာရှက်လို့လား ဒါဆိုကျွန်တော်နဲ့အတူဆိုမယ်လေ"

('Oh I hope you're happy.....But not like how you were with me......I'm selfish I know....I can't let you go......')

ဒီကျောင်းသားဟာဘာလဲ.....အသည်းကွဲနေတဲ့လူရှေ့မှာ သနားစရာကောင်းအောင်လို့ အသည်းကွဲသီချင်းတွေကိုပယ်ပယ်နယ်နယ်အော်ဆိုပြနေသည်။ မသိရင် အသည်းကွဲတာက ကိုယ်မဟုတ်ပဲ သူလို့တောင်ထင်ကုန်ကြတော့မှာပဲ

ပတ်ဂျုံဆောင်းပုံစံက နည်းနည်းတော့အူကြောင်ကြောင်နိုင်ပေမယ့် ပျော်စရာကောင်းသလိုတော့ရှိသား။ မက်ဂျူတစ်ငုံမော့ရင်း ပြုံးမိသည်။

"So find someone great but don't find no one better......အာ ပါမောက္ခနဲ့တော့ခက်ပြီ ကျွန်တော်ပဲဆိုနေရတယ်မလား လာပါဆို ထိုင်ပြီးပဲမူးမနေနဲ့ ခေါင်းတွေပိုကိုက်လာတာပဲရှိမယ် လာ ကျွန်တော်နဲ့အတူပြန်ဆိုရအောင်"

အသက်၂၀ကျော်အရွယ်လေးမို့ နုပျိုသစ်လွင်‌နေလိုက်တာများ ကိုယ့်ကိုပြုံးပျော်ပီး လက်လှမ်းခေါ်နေတဲ့ဂျုံဆောင်းကိုကြည့်ရင်း ဆောနူ အရင်အချိန်တွေကိုတောင် ပြန်သတိရမိသည်။

~

"ကဲ အငိုတိတ်ပါတော့ဆို cry babyလေးပဲကင်မ်ဆောနူရယ် ကာရာအိုကေကိုလာပြီး ရှိုက်ကြီးတငင်ငိုနေတာ မင်းပဲရှိမယ်"

"အဲ့တာကြောင့် ဘယ်သူကရောဒီကိုလာချင်တယ်ပြောလို့လဲ ကို အတင်းခေါ်လာတာလေ"

"အချစ်က စိတ်ညစ်နေလို့ ကိုကစိတ်ပြေလက်ပျောက်ဖြစ်အောင်ခေါ်လာတာလေ ဒီလိုကြီးထိုင်ငိုမနေပဲ သီချင်းလေးဘာလေးအော်ဆိုမှပေါ့"

"သီချင်းမဆိုချင်ဘူး ဆဲပဲဆဲလို့မရဘူးလား"

"ဟင် ဆဲချင်တာလား.....ဟုတ်ပြီဗျား ဒါဆိုလဲ အချစ်လေးမကျေနပ်သမျှတွေအကုန်အော်ထုတ်ပစ်လိုက် ဟောဒီကလူပါလိုက်ဆဲပေးမယ်"

"အင်း ဆဲမှာ အဲ့ဒီအထက်လူကြီးပါဆိုတဲ့ ထိပ်ပြောင်ကြီးကို ဆံပင်တစ်မွေးမှမရှိအောင် ဆွဲနူတ်ပစ်ချင်နေတာ........ဒီခွေးလို&*''&****......လူအမှိုက်ကောင်ကြီး....သုံးစားမရတဲ့*$&*#$&&........ငါလဲ တောက်လျှောက်အကောင်းဆုံးလုပ်ပေးနေခဲ့တာပဲ ဒါကိုအထက်လူကြီးဆိုပြီး ငါ့ကို အာဏာတွေစွတ်ပြတာ ဒီလိုလူချင်းစာနာစိတ်စိတ်မရှိတဲ့**"'&*"$......!!!"

"အချစ်......ခနနား အအေးလေးတစ်ငုံလောက်သောက်ပြီး ထပ်ဆဲ"

"တော်ပြီ မသောက်ဘူး ဒီနေ့တော့ အဲ့လူ့အမှိုက်ကြီးကိုအသံကွဲတဲ့ထိဆဲပစ််မှာ........ပါမောက္ခဂျု ချီးပဲ!!!!!"

"ဟုတ်ပါ့ဗျာ ပါမောက္ခဂျူ ချီးပဲ!!!"

~

ရီမောသံတွေနုပျိုခဲ့တဲ့အတိတ်ကြောင်းဟာ ခေါင်းထဲကိုမဖိတ်ခေါ်ပဲဝင်လာပြန်၏။ မျက်လုံးနှစ်ဖက်ကိုစမ်းကြည့်တော့ စိတ်ပျက်စရာ မျက်ရည်တွေစိုရွှဲနေပြန်ရော.......

စိတ်ညစ်ညစ်နဲ့ မက်ဂျူတွေကိုနင်းကန်သောက်ရင်း မထိန်းနိုင်မသိမ်းနိုင်အော်ငိုမိသည်။

"‌မကောင်းတဲ့‌လူ.....ငါ့ကိုအဖြေမရှိတဲ့အရူးကမ္ဘာထဲမှာထားသွားတယ် မကောင်းတဲ့လူ....."

မျက်ရည်တွေပိုးပိုးပေါက်ပေါက်နဲ့အော်ချင်ရာတွေအော်နေမိချိန် ရုတ်တရက်နားထဲမှာ တောင်စဉ်ရေမရ ကြားလာရတဲ့စကားသံတွေ

"အချစ်.....တော်ပါတော့ကွာ တစ်အားမူးနေပြီ ဆက်မသောက်ပါနဲ့တော့"

အဲ့ဒီမကောင်းတဲ့လူအသံပါပဲ နားထဲမှာထင်းနေအောင်ပေါ်လာပြန်ပြီ။ ကြည့်လိုက်မိတော့လဲ 'ရှင်းမ်ဟီဆွန်း' ထပ်ပြီးအဲ့ဒီလူပဲ။

"မဖြစ်နိုင်တာ....."

ဆောနူ တစ်ဆတ်ဆတ်တုန်အောင်ငိုနေရင်းမှ မျက်စိရှေ့က ရှင်းမ်ဟီဆွန်းမျက်နှာနှင့်တူရာဆီသို့ ဒယီးဒယိုင်ချဉ်းကပ်သွားမိသည်။

"မင်းက ဘာလဲ....."

ပါးနှစ်ဖက်ကိုလက်နှင့်ထပ်အုပ်ကာ နီးနီးကပ်ကပ်ထပ်မော့ကြည့်၏။ သမင်မျက်လုံးတွေဟာ အရည်တွေလဲ့နေသည့်အတိုင်း ဝိုင်းဝိုင်းလေးပြန်ကြည့်နေတာကိုမြင်ရသည်။

"မင်းဘာလဲလို့......ဘာမို့လို့ ဆက်တိုက် ငါ့ကိုအရူးလုပ်နေရတာလဲ"

"အချစ်ရယ် ဘာလို့ ဒီလောက်အများကြီးသောက်ရတာလဲကွာ"

"ငါမူးမူး မမူးမူး မင်းနဲ့ဘာဆိုင်လို့လဲ.....အီဟီ......မကောင်းတဲ့လူ"

ထိုအခိုက်အတန့်မှာ ရှိရှိသမျှသောအသိစိတ်တို့သည်် ယမကာတွေထဲပျော်ဝင်ကုန်သွားခဲ့ပြီထင်၏။ ဟီးတိုက်ကာ ငိုမိသည်တစ်ဆုံး ဆောနူ
မြင်ကွင်းရှေ့က နူတ်ခမ်းပါးပါးဆီကို အထိန်းကွပ်မဲ့စွာတိုးဝင်ပစ်လိုက်မိသည်။ ဖောင်းကြွကြွနူတ်ခမ်းတစ်စုံရဲ့အထိ‌အတွေ့ဟာ ကိုယ့်နူတ်ခမ်းသားတွေထက်မှာ အစိမ်းသက်သက်ရစ်တွယ်လာ‌တော့.....ဒါ ကိုယ်သိကျွမ်းတဲ့နူတ်ခမ်းတွေမှမဟုတ်ပဲ......။

အရက်ဟာသောက်တတ်ရင်ဆေးဖြစ်သလို မသောက်တတ်ရင်ဘေးဆိုတာ တကယ်ဟုတ်ပါရဲ့။မူးမူးရူးရူးတွေနှင့် ဆောနူ တစ်စုံတစ်ယောက်လေးကို အပြစ်ကျူးလွန်မိကုန်ပြီ။ တစ်ဖက်ဆီက ပြန်ပြီးနမ်းရှိုက်ခြင်းတွေ တုံ့ပြန်အစပျိုးလာချိန်မှာ ဦးနှောက်ထဲကကျဉ်ခနဲဖြစ်သွားသည်။

မှားပြီဆိုတဲ့အသိက ခေါင်းထဲကို ချက်ချင်းတိုးဆောင့်ဝင်လာ‌သည်။ ပြာပြာသလဲ သူ့ရင်ဘတ်ဆီကိုတွန်းခွါလိုက်ပြီးချိန်မှာ မြင်ကွင်းရှေ့ကဂျုံဆောင်းဟာ ကိုယ့်ကိုမျက်လုံးလေးဝိုင်းကာကြည့်လာရှာ၏။

ရူးတော့မှာပဲ.......ဆောနူ ဒီည အမှားအကြီးကြီးတွေကိုမှရွေးလုပ်မိသွားပြီ။ မျက်နှာတွေထူပူလာကာ ဆိုဖာထက်မှ လက်ဆွဲအိတ်ကို ကမန်းကတမ်းပြေးယူလိုက်သည်။

"ဟို.....ကျွန်တော် အရင်ပြန်နှင့်တော့မယ်....ဂရုစိုက်ပြန်ပါ ဂျုံဆောင်းလဲ...."

အားလဲနာ ရှက်လဲရှက်နှင့် နောက်ကိုပင်လှည့်မကြည့်ရဲ မြင်ရာတက္ကစီတားကာ ဆောနူ ဒီတိုင်းပဲပြေးထွက်လာခဲ့မိသည်။




********

လကုန်ရက်ဖြစ်တဲ့အတွက် သာမန် လုပ်နေကျအတိုင်းပဲ နောက်လအတွက်အချိန်ဇယားနှင့် အလုပ်ကိစ္စများကိုဆွေးနွေးရန် ဟီဆွန်းတစ်ယောက် ဥက္ကဌကြီး၏နေအိမ်သို့စောစီးစွာရောက်ရှိနေလေ၏။

"တစ်လလောက် နားရက်ယူအုံးမှာမလို့ အဲ့လိုပဲသိထား ဒီကြားထဲမှာ ကုမ္ပဏီထဲပြဿနာတွေရောက်လာပြီး ငါ့ကိုအာရုံမနှောက်မိစေနဲ့အုံး"

သို့သော်လည်း ကြားရတဲ့စကားအသွားအလာအရ ဒီမနက်တော့ အလုပ်ကိစ္စဆွေးနွေးဖို့ရန်ရှိမည်မထင်တော့ပါ၊ ဟီဆွန်း မနက်ခင်းမှာတင် စိတ်မသက်မသာ သက်ပြင်းတစ်ချက်ကိုချလိုက်ရသည်။

"ဟုတ်ကဲ့ပါဥက္ကဌကြီး"

"အင်း နောက်ပြီး ဒီရက်ထဲ ဂျယ်ယွန်း ဘယ်သွားတယ် ဘာလုပ်တယ်ကစ နေ့စဉ်သတင်းပို့ပေးဖို့ကိုလဲထပ်အမိန့်ပေးတယ်"

"ဗျာ....ဂျယ်ယွန်းကို.....ဘာဖြစ်လို့......"

"မင်းနဲ့မတူအောင် ဒီနောက်ပိုင်းမေးခွန်းတွေများလာတာပဲ"

ထိုလူကြီး၏ စူးစမ်းသလိုအကြည့်စူးစူးတွေက ထုံးစံအတိုင်းမနှစ်မြို့ဖွယ်ကောင်းနေသည်။ ဟီဆွန်းအတွက်တော့ မျက်နှာချင်းဆိုင်ဖို့ခက်ခဲသွားသည့်အတိုင်း မျက်လွှာကိုအောက်ချပစ်လိုက်သည်။

"တောင်းပန်ပါတယ် ကျွန်တော်အဲ့တာကိုမလုပ်ပေးနိုင်ဘူးထင်တယ်...ပြောထားခဲ့တယ်မလား မိသားစုဝင်အချင်းချင်းကြားထဲမှာ စောင့်ကြည့်တာမျိုးတွေလုံးဝမလုပ်ဘူးလို့"

"ပြောင်းလဲလာတာတွေကိုတော့ ပြောင်းလဲလာတဲ့အတိုင်းလက်ခံရမယ်ဟီဆွန်း ငါသင်ပေးထားတဲ့အထဲမှာ ဒီလိုပျော့ညံ့တဲ့ပုံစံတွေမပါဘူး"

"ကျွန်တော် မကြားလိုက်သလိုပဲ သဘောထားလိုက်ပါ့မယ်ဥက္ကဌကြီး....ခွင့်ပြုပါအုံး"

နောက်ကျောပြင်တွေဟာ စိမ့်စိမ့်တုန်အောင်ချမ်းနေသည်။ ဟီဆွန်းအနေနဲ့ ပထမဆုံးအကြိမ် ဒီအမျိုးသား၏အမိန့်ကိုလွန်ဆန်ခဲ့ခြင်းဖြစ်‌နေတာကြောင့်......စူးစူးရဲရဲစိုက်ကြည့်နေမယ့်သားရဲမျက်လုံးတွေကို ကျောရိုးတွေထဲကထိပင်စိမ့်နေအောင်ခံစားရမိ၏။ သည်လိုဆိုသည့်တိုင်အောင် သူဟာ ညီဖြစ်သူအတွက် ဘယ်လောက်ပဲအားနည်းတဲ့ပြယုဂ်ကိုဆောင်ခဲ့ခြင်းရှိပါအုံးတော့ ဒီအမိန့်ကတော့ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးမဟုတ်လား။

ဟီဆွန်း ဒီအမျိုးသားအကြောင်းကိုကောင်းကောင်းသိသည်။ ကောင်းကောင်းသိတာ‌ကြောင့်ပဲ ဒီအမိန့်ကို ယွံယွံရှာရှာဖယ်သွေခဲ့ခြင်းပင်။

"ကင်မ်ဆောနူ....."

ပြတ်ပြတ်သားလှည့်ထွက်နေတဲ့ခြေလှမ်းတွေဟာ ယတိပြတ်ခလုတ်တိုက်လေတော့၏။ နားစည်ထဲမှာ ပဲ့တင်ထပ်သွားတဲ့ ထိုအမည်နာမလေးဟာ သူ့အတွက် ထိတ်လန့်တကြားတွေဖြစ်ကုန်ပြီ။ ဟီဆွန်းရဲ့ အသက်ရှုနူန်းတွေချက်ချင်းကိုမြန်လာသည်။

နောက်ဆုံးတော့ သူ အမြဲတမ်းကြောက်ရွံလာခဲ့ရတဲ့အိပ်မက်ဆိုးကြီးဟာ သူရှေ့ကိုနဖူးတွေ့ဒူးတွေ့ဆိုက်ဆိုက်‌မြိုက်မြိုက်ကိုပေါ်လာခဲ့ပါရောလား။ တုံ့ပြန်ရာမသိတော့သောလူအတစ်ယောက်လို သူဟာ ရပ်လျက်သားကြီး နူတ်ခမ်းသားတစ်စုံလုံးတုန်တုန်ယင်ယင်နှင့်သာ။ထိုအခိုက်အတန့်အတွင်းမှာ ခြေလှမ်းတို့သည်လဲ ရှေ့ဆက်တိုးဖို့ရန်အေးခဲသွားခဲ့ပြီထင်၏။

"ကင်မ်ဆောနူ.....အဲ့ဒီတစ်ယောက်လေး ကောင်းကောင်းရှိနေရဲ့လား"

ရှိရှိသမျှ‌သောအားနည်းချက်တွေဟာ ကင်မ်ဆောနူဆိုတဲ့ ထိုအမည်နာမထဲမှာပျော်ဝင်နေခဲ့သည်။

ကြောက်ကြောက်ရွံ့ရွံနဲ့ တံတွေးတစ်ချက်ကို
မြိုချမိတဲ့နောက် ဖြည်းဖြည်းချင်းနောက်လှည့်ကြည့်တော့ အဖေဖြစ်သူဆိုတဲ့ထိုအမျိုးသားဟာ ကျေနပ်စွာပြုံးရီနေတာကိုမြင်ရသည်။

"သူ့ကိုတော့မထိနဲ့....."

"စိတ်ဝင်စားဖို့ကောင်းသားပဲ.....ငါ့သားက ငါ့ကို ဒီလောက်အကြာကြီးလျို့ဝှက်ထားနိုင်ခဲ့တာ"

"သူ့ကိုထိရင် ဘယ်သူပဲဖြစ်ဖြစ်သတ်မိလိမ့်မယ်....."

"ဒါဆိုအဖြေကရှင်းပြီပဲ ညီနဲ့ ချစ်သူ နှစ်ယောက်ထဲကတစ်ယောက်ကိုပြတ်ပြတ်သားသားရွေးလိုက်ပြီပေါ့"

ဂျောင်တစ်နေရာရာမှာအပိတ်ခံလိုက်ရသောခံစားချက်နှင့်တူသည်။ အရာအားလုံးဟာမှောင်မဲသွားပြီး အသက်ရှုတွေကြပ်လာသည်။ ဒူးတွေကခွေယိုင်လာ၏ ထိုယိုင်နဲ့နဲ့ခြေထောက်တွေကိုပဲ ကြမ်းပေါ်သို့ပြားပြားဝပ်ချလိုက်မိသည်။ သွေးပျက်လွန်းနေတဲ့သူ့ပုံစံကိုသူပြန်ပုံမဖော်ချင်လောက်သည်ထိယွံမုန်းလွန်းနေပြီ။

"ဥက္ကဌကြီး ကျေးဇူးပြုပြီး.......ကျေးဇူးပြုပြီး ကျွန်တော်ပဲဖြစ်လို့မရဘူးလား အားလုံးအစားကျွန်တော်ပဲဖြစ်လိုက်လို့မရဘူးလား"

ဒူးနှစ်ဖက်မှာတင်ထားတဲ့တုန်တုန်ရီရီလက်သီးဆုပ်တွေပေါ်သို့ မျက်ရည်စတွေဟာတစ်လိမ့်ချင်းစီးကျကုန်သည်။ အခုချိန်မှာ ချစ်သူတစ်ယောက်အနေနှင့်ရော အစ်ကိုတစ်ယောက်အနေနှင့်ပါ စဉ်းစားကြည့်ရရင် သူ့အတွက်သေလိုက်တာကလွဲလို့တစ်ခြားနည်းလမ်းစဉ်းစားမရတော့။

'ဒီတိုင်းသေပစ်လိုက်ရမလား.....'ဒီလိုတွေးမိတော့ တစ်ကိုယ်ရည်စာကိုယ်လွတ်ရုန်းပစ်လိုက်ရာပဲကျမည့်အခြေနေကိုသတိပြုမိပြန်သည်......အဲ့ဒီလိုဆိုရင်တောင်မှ ဟီဆွန်းခေါင်းထဲမှာ ဆက်တိုက်တွေးနေမိသည်က 'သေပစ်လိုက်သင့်လား.....'ဒီတစ်မျိုးသာ။

"ထ ငါ့သား......စိတ်ဓာတ်ကိုမာမာထားပြီးပြန်ထစမ်း....အဖေတို့စကားပြောကြတာပေါ့"

မည်သို့ပင်ဖြစ်စေ အဆုံးမှာတော့ သူဟာ ဒီအဖေဖြစ်သူကိုဘယ်လိုနည်းနဲ့မှ ဖီဆန်ခွင့်မရှိနိုင်ကြောင်း လက်မခံနိုင်စွာသဘောပေါက်ခဲ့ရသည်။ ကော်လံစတွေကနေဆွဲခေါ်သွားတဲ့ထိုလက်တွေနောက်ကို သူအသိစိတ်မဲ့စွာပဲကပ်ပါသွားခဲ့ရပြန်သည်။








********





ဒီကြားရက်တွေမှာကိစ္စတော်တော်များများဖြစ်သွားခဲ့ပြီး ဆောင်ဟွန်းကျောင်းပျက်ရက်တွေလဲအတော်များသွားခဲ့သည်။ စာတွေလဲအတော်ပြန်လိုက်ရတော့မည်၊ ပုံမှန်နေ့စဉ်ဘဝလေးထဲကိုပြန်ဝင်ရတော့မည်လေ၊ သူငယ်ချင်းတွေကလဲစိတ်ပူလွန်းလို့ဖုန်းတွေတကျီကျီဆက်ကြပါ၏။

နေကလဲပြန်ကောင်းစပြုနေပြီမို့ အခန်းပြင်ကိုထွက်ချင်နေပြီ၊ သို့သော်လည်းပြဿနာက ရည်းစားဆိုတဲ့လူ......နေကောင်းပါပြီဆိုတာကို ဇွတ်အတင်းခွင့်ရက်တွေတင်ခိုင်း အနားတွေယူခိုင်းနေပြန်တဲ့ ရှင်းဂျယ်ယွန်းကြောင့်သိပ်ခက်ရ၏။

စိတ်တွေဆိုးပြ ငိုယိုပြတော့မှ သူဟာပြာပြာသလဲနှင့် ပြောစကားနားဝင်တော့သည်။ ဒီနေ့ကတော့ ချော့တစ်လှည့်ခြောက်တစ်လှည့်နှင့်အတင်းနားချအပြီး ကျောင်းသို့လာခဲ့ရသည့်နေ့တစ်နေ့ဖြစ်သည်။ သူလိုက်ပို့မှာကိုသိပေမယ့် အရင်ရက်တွေက လူကိုငိုအောင်လုပ်ထားတဲ့အပေါ်မကျေနပ်ချက်လေးတစ်ချို့တစ်လေနဲ့ပေါင်းပြီး တမင်ခိုးထွက်လာခဲ့မိခြင်းဖြစ်သည်။

ခုအချိန်လောက်ဆိုရင်တော့ အိမ်မှာတစ်ယောက်ထဲမရိုးမယွနဲ့ ပွက်လောရိုက်ကျန်နေခဲ့တော့မည့် ရှင်းဂျယ်ယွန်းကိုတွေးရင်း ဆောင်ဟွန်း တစ်ခစ်ခစ်ရီမောရ၏။ ကိုယ်အတွေးနဲ့ကိုယ်မို့သာ ရီပြုုံးနေမိပေမယ့် မျက်နှာချင်းဆိုင်ထိုင်ခုံမှမိန်းကလေးကတော့ ကိုယ့်အား 'ရူးနေတာလား'ဆိုသောအကြည့်နှင့်ပြူးပြူးကြီးစိုက်ကြည့်နေသည်။

ဆောင်ဟွန်း မျက်နှာပိုးကိုအသာပြန်ချရသည်။ ဖုန်းမြည်သံကြောင့် အိတ်ထဲမှထုတ်ကြည့်လိုက်တော့ ယုမီ...

"Hello ယုမီ ကျောင်းရောက်ပြီလား ငါစာကြည့်တိုက်ထဲမှာ"

စာကြည့်တိုက်ထဲမှာမို့ ဆောင်ဟွန်းအသံကိုနိမ့်ပြောလိာက်သည်။

("အင်း အဲ့တာဆို စာကြည့်တိုက်အပြင်ကိုခနထွက်လာခဲ့ပါလား ငါအပြင်မှာစောင့်နေတယ် ဒါပဲနော် ")

ယုမီဘက်က ပြောပြီးပြီးချင်းပဲ တန်းဖုန်းချသွားတာကြောင့် ဆောင်ဟွန်းမှာနားမလည်စရာခေါင်းစားရသည်။

စာကြည့်တိုက်အပြင်ကိုရောက်တော့ ယုမီက အရိပ်မကျတကျခုံပြာတန်းလေးမှာကျောခိုင်းထိုင်စောင့်နေသည်။ ဆောင်ဟွန်း သူမအနီးသို့ခပ်သွက်သွက်လျှောက်သွားလိုက်ပြီး သူမခေါင်းပေါ်ကဆံပင်တွေကို လက်ဖြင့်ကျီစယ်စနောက်လိုက်သည်။

"ဟဲ့ မနက်စောစောစီးစီးမှာ နင့်ပုံစံကြီးကမှိုင်းနေတယ်ပေါ့ ဘာလဲ...အိမ်စာမပြီးသေးလို့မဟုတ်လား"

ယုမီကရီသည်၊ ဆောင်ဟွန်းရိပ်မိလိုက်သည်က သူမအပြုံးတွေသည် သဘောတကျပေါ့ပါးခြင်းကင်းမဲ့စွာ ဆွေးဆွေးမြေ့မြေ့လေးဖြစ်နေသည်ကိုပဲ။ ထို့ကြောင့်ပဲ ကိုယ့်ဘက်က စတင်မေးမြန်ဖို့အပြင်

"ဆောင်ဟွန်း ငါkoreaကထွက်ရတော့မယ်....ကျောင်းပြောင်းတော့မလို့စီစဉ်ဖြစ်သွားတယ် "

ယုမီဘက်မှ ဤကဲ့သို့ပင်ဦးအောင်စကားသံထွက်လာ၏။ နှစ်နဲ့ချီကာပေါင်းလာခဲ့သောသူငယ်ချင်းတစ်ယောက်ထံမှ ဒီလိုစကားမျိုးကြားရတာ ဆောင်ဟွန်းအတွက် အတန်ငယ်တော့ဝမ်းနည်းသွား၏။ ယုမီဆိုတာ ဆောင်ဟွန်းငယ်ရွယ်မှုရဲ့တစ်စိတ်တစ်ပိုင်းဆိုလဲမမှားပေ၊ အလယ်တန်းအထက်တန်းထဲက အတူတူပေါင်းသင်းလာခဲ့ကြပြီး ယခုတက္ကသိုလ်အထိဆက်ဆံရေးတွေကအကောင်းတိုင်းတည်မြဲနေဆဲမို့ သူငယ်ချင်းသံယောဇဉ်အားဖြင့်တော့အတော်ကြီးမားရသည်။ သို့သော်လည်း သူငယ်ချင်းကောင်းကျိုးအတွက် ဝမ်းမြောက်ဝမ်းသာဂုဏ်ပြုအားပေးရခြင်းဟာလဲ သူငယ်ချင်းကောင်းတစ်ယောက်တာဝန်ပဲမဟုတ်လား။

"အေး အဲ့တော့ နင်ဘယ်နေ့ထွက်မှာလဲ ဘယ်ကိုသွားမှာလဲ....."

သူမက ထပ်ကာရီပြန်၏။ ထိုအပြုံးတွေကလဲ တကယ်ကိုဆွေးဆွေးမြေ့မြေ့တွေပဲ။

"ဟဟ ဆောင်ဟွန်းရယ်...ငါထွက်သွားရတော့မှာ သူငယ်ချင်းအနေနဲ့တောင် နည်းနည်းလေးဖြစ်ဖြစ်မဝမ်းနည်းဘူးလားဟင်"

"ယုမီ နင်ကလေ အမြဲတမ်းပဲ စိတ်နုနေတာ......နင်ထွက်သွားရလို့ စိတ်မကောင်းတာတော့စိတ်မကောင်းတာပေါ့ဟ အဲ့လိုဆိုတိုင်း အကျယ်ကြီးငိုပြရမှာလား.....ဘာပဲဖြစ်ဖြစ်ဂုဏ်ယူပါတယ် ဟိုမှာ ဒီထပ်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ နောက်ပိုင်ဒီကိုပြန်ရောက်တဲ့အချိန်ကျတော့မှ နင်ကငါတို့ကိုဆရာမကြီးပြန်လုပ်ပေါ့ဟာ"

စိတ်မကောင်းဖြစ်နေတဲ့သူငယ်ချင်းကို နှစ်သိမ့်၍ရလိုရငြား ဟိုဟိုဒီဒီလျှောက်ပြောလျှောက်ရီနေမိပေမယ့် ယုမီကတော့ အဆင်ပြေပုံမပေါ်၊ ပို၍သာ မျက်ရည်တွေလည်လာ၏။

"နင် ဟိုကောင်တွေကိုရောနူတ်ဆက်ပြီးပြီလား.....ငါက ဒီကြားထဲမှာကျောင်းတွေပျက်နေတော့ အဆက်အသွယ်တွေလဲအကုန်ပြတ်နေတာဟာ.....ဟိုမှာ အဆင်ပြေအောင်လဲနေအုံးနော် အဆင်မပြေရင်လဲငါ့ကိုဖုန်းလှမ်းဆက်ပေါ့ဟာ"

စကားပြောနေတုန်းမှာပဲ ယုမီက ကိုယ့်အားပြေးကာပွေ့ဖက်သည်။ ထို့နောက် ကလေးတစ်ယောက်လို ရှိုက်ကာရှိုက်ကာငိုတော့သည်။

"ငါ ငါ ပြောချင်ခဲ့တာတွေရှိခဲ့ပေမယ့်လေ ဘယ်တော့မှမပြောဖြစ်တော့သလိုသိမ်းထားလိုက်ပါ့တော့မယ် နင်ပျော်ရမှာမလို့ငါအကုန်လုံးကိုလက်လွှတ်ပေးခဲ့မယ်နော်.....အဲ့ဒီအတွက် နင်ကတစ်သက်လုံးပျော်ပျော်ရွှင်ရွှင်ရှိပေးရမယ်နော် ဟွန်း....."

သူမပုံစံက သိပ်သနားစရာကောင်းနေသည်။ ငိုငိုယိုယိုနှင့် ပြောချင်ရာတွေပြောပြီး ပြေးထွက်သွားသည့်ယုမီနောက်ကျောကို ကြည့်ရင်း ဆောင်ဟွန်းလဲဝမ်းနည်းရပါသည်။

အငိုသန်မလေးကို နောက်ကနေပြေးလိုက်ချော့ဖို့တော့စိတ်မကူးမိ၊ ယုမီက နဂိုကမှအငိုသိပ်သန်သည်။ ငိုနေတုန်းချော့လျှင် ပို၍ငိုတတ်သည့်အကျင့်ရှိသည်။  နောက်မှပဲ ဖုန်းထဲကနေလှမ်းချော့ရအားပေးရတော့မှဖြစ်မည်ထင်၏။

အင်း........ဒီလိုဆိုမှ အိမ်မှာကျန်ခဲ့တဲ့ဟိုလူကြီးရောကိုချော့ရအုံးမည်လားမသိ၊ ဒီမနက် သူမသိအောင်လစ်ထွက်လာခဲ့တဲ့ကိစ္စမှာ ထုံးစံအတိုင်းဆိုရင်တော့ missed callတွေ messageတွေက ရာနဲ့ချီအောင်ဝင်ထားနေရမှာဖြစ်သော်လည်း အခုချိန်ထိ ဖုန်းလေးတစ်ကြိမ်တောင်ဆက်ထားပုံမရရင် စင်စစ် ဒီလူတော့ တစ်ကယ်ကြီးစိတ်ကောက်နေလောက်ပြီထင်၏။

ရုတ်တရက်ကြီး ယုမီအကြောင်းကနေ ရှင်းဂျယ်ယွန်းဆီ အတွေးကူးမိပြန်သည့်ကိုယ့်ကိုယ်ကိုလဲ ပြုံးမိရင်း ဆောင်ဟွန်း အတန်းဆီသို့ဦးတည်လျှောက်လာမိခဲ့သည်။




"အော....ဟိုမှာဆောင်ဟွန်းလာနေပြီပဲ......ဟိုမှာပါခင်ဗျ ပတ်ဆောင်ဟွန်းဆိုတာ သူပါ"

အတန်းရှိရာအဆောင်သို့မဝင်ခင် အဆောင်အောက်နားမှာရပ်နေတဲ့Ni-Kiက အမျိုးသားတစ်ယောက်အား မိမိရှိရာသိူ့လှမ်းညွှန်ပေးနေတာကိုတွေ့တော့ ဆောင်ဟွန်းခပ်မြန်မြန်လျှောက်သွားလိုက်မိသည်။ ကိုယ့်ကိုရှာနေသူမို့ အနီးကပ်မျက်နှာအားစစ်ဆေးကြည့်မိတော့လဲ ကိုယ်သိတဲ့လူမဟုတ်ပြန်ပေ။

"သေဆုံးသူMrs.Ariရဲ့ ကျန်ရစ်သူမိသားစု Park SungHoonဟုတ်ပါတယ်နော်"

ရုတ်တရက်ကြီး သေသွားတဲ့သူရဲ့နာမည်ကိုကြားလာရတော့စိတ်ထဲကမသက်မသာသလိုခံစားရသည်။

"ဟုတ်ကဲ့....ဘာဖြစ်လို့လဲ မသိဘူး"

"ကျွန်တော်က ရဲအရာရှိချောင်းဂျွန်ဟျော့လို့ခေါ်ပါတယ် ဒီကကျောင်းသားရဲ့အမေဖြစ်သူ သေဆုံးမှုနဲ့ပတ်သက်ပြီး မေးစရာလေးနည်းနည်းရှိလို့ပါ"

မမျှော်လင့်ထားသောကိစ္စတွေက ဤကဲ့သို့ပင်ရောက်လာတတ်သည်လား။ ဆောင်ဟွန်းနည်းနည်းတော့စိတ်တွေရှုပ်ထွေးသွားသည်။ အမေသေဆုံးခြင်းသည် ကားအရှိန်လွန်ကာမတော်တဆသေဆုံးခြင်းဟု ပိတ်သွားခဲ့ပြီဖြစ်သောအမှုအနေနှင့်သိထားသော်လည်း ယခုမျက်စိရှေ့မှာမြင်နေရသော ဤရဲသည် ပိတ်ထားပြီးသောအမှုကိုပြန်လည်တူးဆွနေကြောင်း ဆောင်ဟွန်း သတိပြုမိလာသည်။

မညာတမ်းပြောရပါလျှင် ဆောင်ဟွန်းအမေ့ကိုမုန်းတီးခဲ့သည်၊ သူမ၏သေဆုံးခဲ့ခြင်းအပေါ်လဲ ဝမ်းနည်းမှုတစ်စုံတစ်ရာမရှိသလို သူမအသက်ရှင်စဉ်ကာလအတွင်း ချုပ်ကိုင်ထားခံရသောကိုယ့်ဘဝတစ်ခုလုံးသည်လဲ အခုမှအသက်ရှုချောင်စပြုလာသလိုခံစားရ၏။ ဘဝသစ်စကာ အကောင်းမွန်ဆုံးနေ့ရက်တွေကိုဖြတ်သန်းရမည့်အချိန်တွင် အတိတ်ကအကြောင်းအရာများအား နောက်တစ်ကြိမ်ပြန်လည်တူးဆွလိုသည့်ဆန္ဒတွေရှိနေပေ။

"အမေ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှမသိပါဘူး အဲ့တာကြောင့်ဘာမှလာမမေးပါနဲ့တော့......Ni-Ki သွားရအောင် အတန်းချိန်နီးပြီ"

ဘေးမှာရပ်နေတဲ့ Ni-Kiလက်မောင်းကိုဆွဲကာ နေရာမှထွက်ဖို့ပြင်၏။

"မင်းအမေကဒီတိုင်းသေသွားတာလို့ထင်နေခဲ့တာမဟုတ်လား.....တကယ်တော့ မင်းအမေအသတ်ခံရလို့သေသွားတယ်ဆိုတာကိုရောသိလား"


To be continued........

My Essential Hoon (36)
Feb22/2022
1:44 AM

ဒီတစ်ပိုင်းကတော့ မထည့်တာများနေပြီဖြစ်တဲ့Side coupleအကြောင်းတွေကိုပြန်ဆက်နေတာမို့ ကိုကိုနဲ့ဘေ့ကိုလွမ်းနေတဲ့တဲတဲတွေရှိရင် ခနလေးပဲ သည်းခံပေးကြပါအုံးနော်ㅠ အာချောင်ကောင်းမှု updateလာတောင်းတာတွေတောင်ရှက်လို့ဘာပြန်မပြောနိုင်တဲ့အဖြစ်ရောက်နေပါပြီ နောက်အာမချောင်တော့ပါဘူးနော် တကယ်တင်မှပဲတင်တယ်ပြောပါတော့မယ် ㅜ ㅜ❤️

ဒီနေ့ဒီချိန်ထိ စောင့်ဖတ်ပေးနေတဲ့လူတွေကိုကျေးဇုးအများကြီး အများကြီးတင်ပါတယ်ရှင့် 💝



Zawgyi

"အဖြဲ႕မႈး ဒါကို တစ္ခ်က္ ၾကည့္ေပးပါ"

ထိုးျပလာေသာ ေသြးသံရဲရဲအမ်ိဴးသမီးတစ္‌ေယာက္၏မႈခင္းဓာတ္ပုံတစ္ခ်ိဴ႕အား အႀကီးအကဲျဖစ္ဟန္တူ အမ်ိဴးသားသည္ စိတ္၀င္စားပုံမေပၚ၊ အေရးမပါသည့္အလား လ်စ္လ်ဴရႈဟန္ျပကာ မ်က္ႏွာေရွ႕ကကြန္ပ်ဴတာဆီအၾကည့္စိုက္ရင္း အလုပ္မ်ားျပေန၏။

"အဖြဲ႕မႉး....."

ေခၚသံကား စိတ္လက္မၾကည္သာစြာထပ္ထြက္လာျပန္၏။ လုပ္စရာမရွိသည္ကို ႀကံဖန္၍အလုပ္ရႈပ္ျပေနေသာထိုအမ်ိဳးသားအား အသက္၂၀ေက်ာ္ဝန္းက်င္ခန္႔ရဲအရာရွိေပါက္စေလးသည္ ဒီတိုင္းပဲလက္ေလၽွာ့ကာ လွည့္မျပန္လိုက္ခ်င္သည့္ပုံပင္။

"ဒီကြင္းဆက္မႈေတြဟာ ကၽြန္ေတာ္ အလုပ္္စမဝင္ခင္ထဲကႏွစ္တိုင္းလိုလိုဆက္တိုက္ရွိေနခဲ့တာ၊ တစ္ျဖည္းျဖည္းနဲ႔ နစ္နာသူေတြလဲ မ်ားလာခဲ့သလို ကၽြန္ေတာ္တို႔မဖမ္းနိုင္ခဲ့တာလဲ ႏွစ္ေတာ္ေတာ္ေပါက္ေနခဲ့ပါၿပီအဖြဲ႕မႉး"

"အဲ့ေကာင္ကို ကၽြန္ေတာ္တို႔က ဆက္တိုက္ဒီလိုပဲလႊတ္ေပးထားရေတာ့မွာလား၊ အဲ့ဒီအမွိုက္လိုေကာင္ေတြကိုဖမ္းရမွာကရဲေတြရဲ့တာဝန္မဟုတ္ရင္ တကယ္ပဲကၽြန္ေတာ္တို႔အလုပ္ကဘာမ်ားလဲအဖြဲ႕မႉး..."

လ်စ္လ်ဴရႈခံရဆဲအေျခေနတစ္ခုသည္ေျပာင္းလဲသြားျခင္းမရွိ။ ရဲအရာရွိေလးသည္ စိတ္မသက္မသာေလပူတစ္ခ်က္ကိုမႈတ္ထုတ္လိုက္ပုံရ၏။ ထို႔ေနာက္ ဓာတ္ပုံမ်ားကမ္းေပးထားေသာလက္ကိုဆတ္ခနဲပင္႐ုတ္ပစ္လိုက္ကာ

"တစ္နိုင္ငံလုံးကဘယ္ရဲမွမဖမ္းရင္ေတာင္ အဲ့ဒီေကာင္ကိုကၽြန္ေတာ္ကိုယ္တိုင္ဖမ္းမယ္ အဲ့လိုပဲသိထားေပးပါ"

"ေခ်ာင္းဂၽြန္ေဟ်ာ့!!"

ဒုန္းခနဲ စားပြဲေပၚသို႔ရိုက္ခ်လိုက္ေသာအသံႏွင့္အတူ အဖြဲ႕မႉး၏ေအာ္သံနက္ႀကီးသည္ ဌာနတစ္ခုလုံးကိုတိတ္ဆိတ္သြားေစ၏။

လွည့္ထြက္သြားေသာ ရဲအရာရွိေခ်ာင္းဂၽြန္ေဟ်ာ့သည္ ထိုအခါမွ ခပ္သာသာတုန႔္ရပ္ကာျပန္လွည့္ၾကည့္သည္။

"ဒီဓာတ္ပုံေတြကိုမျပလဲ အဖြဲ႕မႉးကိုယ္တိုင္တပ္အပ္ျမင္ၿပီးခဲ့‌ေရာမဟုတ္လား Mrs.Ari ေသဆုံးမႈဟာ သာမန္မေတာ္တဆမဟုတ္ပဲ အဲ့ဒီဆိုက္ကိုပတ္အမွိုက္ေကာင္ရဲ့လက္ခ်က္ဆိုတာ"

"မင္းဒီေလာက္ဆိုရင္ ကြင္းဆက္မႈေတြကိုစြဲလမ္းေနတာပဲမဟုတ္ဘူးလားေခ်ာင္းဂၽြန္ေဟ်ာ့။"

လူကိုစိတ္မႏွံ့သူလိုၾကည့္ကာေျပာလာတဲ့အဖြဲ႕မႉးကို ရဲအရာရွိေလးသည္ စူးစူးဝါးဝါးျပန္စိုက္ၾကည့္ေလ၏။

"Ok Ok..... ငါ မင္းကိုနားရက္ခြင့္ေပးမယ္ အဲ့ရက္ေတြထဲအျပည့္အဝနားၿပီး ကိုယ့္စိတ္ကိုယ္ေသခ်ာျပန္ရွင္းလာခဲ့ ဟုတ္ၿပီလား"

"အဖြဲ႕မႉး......စြဲလမ္းေနတာမဟုတ္ပဲ တကယ္အဲ့ဒီေကာင္ပါလို႔!! လက္သည္းခြံေတြရွိမေနခဲ့ဘူး အဲ့ဒီေကာင္လုပ္ေနက်အတိုင္းပဲ အတိအက်လက္သည္းခြံကိုးခုလုံးရွိမေနခဲ့ဘူးလို႔!"

"အေလာင္းကို အဖြဲ႕မႉးကိုယ္တိုင္စစ္လာခဲ့တာပဲ ဒီေလာက္ေျခရာလက္ရာေတြထင္ရွားေနတာကို ဘာေၾကာင့္မ်ားမျမင္‌ခ်င္ေယာင္ေဆာင္ေနၾကတာလဲကၽြန္ေတာ္တကယ္နားမလည္နိုင္ေတာ့ဘူး!"

အဖြဲ႕မႈးဆိုသူထံမွ စားပြဲေပၚသို႔ လက္ျဖင့္ထုရိုက္လိုက္သံႀကီးတစ္ခ်က္က်ယ္ေလာင္စြာထြက္လာျပန္၏။

"ဘယ္ကိုလာၿပီးေအာ္လားမိုက္လားလာလုပ္ေနတာလဲ! ေဟ့ ဒီမယ္ေခ်ာင္းဂၽြန္ေဟ်ာ့ မင္းကေတာ့ ညႊန္ခ်ဳပ္‌ရဲ့သားဆိုၿပီးထင္ရာစိုင္းလို႔ရခ်င္ရေပမယ့္ ငါတို႔ဘဝေတြနဲ႔ကမတူဘူးကြ"

"အသက္ရွင္ရဖို႔ စားနိုင္ေသာက္နိုင္ဖို႔ အလုပ္လုပ္ရတယ္ ကိုယ္ခုံကိုယ္မေပ်ာက္ေအာင္ထိတရားမၽွတလြန္းေနရင္လဲ ငါတို႔လိုသာမန္ဝန္ထမ္းေတြထမင္းငတ္ကုန္လိမ့္မယ္ ဒါေတြကို မင္းလိုလူမ်ိဳးကဘယ္နားလည္နိုင္မွာလဲ"

"အသက္ရွင္ဖို႔္....စားနိုင္ေသာက္နိုင္ဖို႔....ဟဟ ေခြးစကားေတြလာၾကားေနရတာပဲ.....ဒါနဲ႔ ဒီလာမယ့္အပတ္ထဲ ဆိုးလ္႐ုံးခ်ဳပ္ကို‌ရာထူးတိုးနဲ႔ေျပာင္းရမယ္လို႔ၾကားထားမိတာ... ဂုဏ္ျပဳပါတယ္ဗ်ာ။ ဒီ့ထက္ပိုၿပီး ဆိုက္ကိုလူသတ္ေကာင္ေတြကိုမ်ားမ်ားေမြးထုတ္နိုင္ပါေစ ဒါမွအဖြဲ႕မႉးမိသားစုကိုထိခဲ့တဲ့အခ်ိန္္ေရာက္ရင္ တရားမၽွတမႈရဲ့သူရဲေကာင္းႀကီးလုပ္ဖူးနိုင္ေအာင္လို႔"

"ဘာ..... မင္းအခု ဘာစကားေျပာလိုက္တာလဲ ဒါ အထက္လူႀကီးကိုေျပာသင့္တဲ့စကားလား"

"ကၽြန္ေတာ္ကေတာ့ ဒီ့ထက္ပိုၿပီး ၿငိမ္ေနေတာ့မဟုတ္လို႔ ကၽြန္ေတာ့္ခြင့္ျပဳခ်က္နဲ႔ကၽြန္ေတာ္ပဲစစ္ဆင္ေရးစပါေတာ့မယ္ သြားခြင့္ျပဳပါ"







************

'တကယ္လို႔ေလ ကိုက အခ်စ္ျမင္ေနရတဲ့ သာမန္ရွင္းမ္ဟီဆြန္းမဟုတ္ပဲ ထူးဆန္းေနခဲ့ရင္ေရာ အခ်စ္ ကို႔ကိုဆက္သေဘာက်ေပးေနနိုင္ပါ့မလားဟင္'

'ကို ဘာကိုေျပာခ်င္မွန္း ေသခ်ာနားမလည္ေပမယ့္ ဒီတိုင္းရွင္းမ္ဟီဆြန္းဆိုတဲ့ျဖစ္တည္မႈကိုပဲခ်စ္မိသူပါ ဘာေတြပဲေပၚလာေပၚလာ အခ်စ္ဘက္ကေတာ့ေျပာင္းလဲသြားမွာမဟုတ္တာေသခ်ာတာပဲ'

'ကိုတို႔ အခ်ိန္တစ္ခုေလာက္ထိ အဆက္အသြယ္မလုပ္ မေတြ႕ပဲေနၾကရေအာင္ေနာ္......မင္းကို ကိုသိပ္ခ်စ္တာ ေကာင္းေကာင္းႀကီးသိတယ္မဟုတ္လားအခ်စ္......ကိုျပန္လာခ်ိန္အထိေဘးကင္းကင္းနဲ႔ရွိေနေပးမယ္မဟုတ္လား.....ဟင္....'

'အဲ့တာဘာစကားလဲ ဒီေလာက္ျပႆနာေတြအၾကာႀကီးတက္ၿပီး အခုမွျပန္အဆင္ေျပ႐ုံရွိေသး.....ကို ဒါဘာစကားလဲလို႔.....ဘာအဆင္မေျပတာေတြရွိေနလို႔လဲ ဘာျပႆနာေၾကာင့္ အဆက္အသြယ္မလုပ္ပဲေနရမွာလဲ...'

မ်က္ရည္ေတြဝိုင္းကာေမးသည္ကို တစ္ခြန္မွျပန္မေျဖသူသည္ ေဆာႏူ၏ေငြမွင္ေရာင္ဆံႏြယ္ေတြကိုေတာ့ ပြတ္သတ္က်ီစားကာ လာေရာက္ႏွစ္သိမ့္သြား၏။ သူ ကိုယ့္စိတ္ေတြကို႐ူးေအာင္ထပ္လုပ္သြားျပန္ၿပီေပါ့၊ အေျဖမရွိေသာ႐ူးႏွမ္းရျခင္းေတြနဲ႔အတူ ညေနေစာင္းကသိပ္ခါးသည္။

"ခါးတယ္ ဒီေန႔ဆိုဂ်ဴက သိပ္ကိုခါးသက္ေနတာပဲ....ၿပီးေတာ့ ရွင္းမ္ဟီဆြန္း....ခ်ိဳမလိုလိုနဲ႔ သိပ္အခါးဓာတ္မ်ားတဲ့လူေရာ....."

ဆိုင္ေထာင့္ေလးမွာ တိတ္တိတ္ေလးထိုင္ၿငီးေနမိတဲ့ကိုယ့္ကို လူေတြအာ႐ုံမစိုက္ၾကရင္သိပ္ေကာင္းမွာပဲေလ။ ဒီေန႔ေတာ့ ကိုယ္တစ္ေယာက္ပဲလြတ္လြတ္လပ္လပ္႐ူးပါရေစ။တစ္ဂ်ိဳက္ၿပီး တစ္ဂ်ိဳက္ေမာ့ေနေသာ ဆိုဂ်ဴပုလင္းေတြကလဲ လက္ဆယ္ေခ်ာင္းကမယ္မထင္ေတာ့ပါ၊ ေခါင္းကိုက္သလိုလိုရွိလာတာကလြဲၿပီး ထူးထူးျခားျခားအကူညီမရတဲ့ ဒီဆိုဂ်ဴကိုပဲ ေဆာႏူ တရစပ္ေမာ့ေသာက္ေနမိရင္း

"ပါေမာကၡ......"

ရင္းႏွီသလိုလိုရွိတဲ့အသံတစ္ခုေၾကာင့္ ငိုက္က်ေနေသာ ေခါင္းကို အားယူကေမာ့ၾကည့္လိုက္၏။ ေဝေတဝါးတားျမင္ကြင္းမို႔ ျမင္ျမင္သမၽွက ရွင္းမ္ဟီဆြန္းေတြခ်ည္း။ ေသခ်ာစိုက္ၾကည့္မွသာ ကိုယ့္အတန္းက အျမဲတမ္းျပဳံးေနတတ္တဲ့ပတ္ဂ်ဳံေဆာင္းျဖစ္ေနသည္။ေဆာႏူ ဖူးခနဲ ေလေတြမႈတ္ထုတ္လိုက္မိသည္၊ ေထြေထြထူးထူးမဟုတ္သလိုပါပဲ။

"တစ္ေယာက္ထဲထိုင္ေသာက္ေနတာလား......မ်က္ႏွာေတြတစ္အားရဲေနတယ္ ပါေမာကၡအဆင္ေျပရဲ့လား"

"ဂ်ဳံေဆာင္းက ဒီကိုဘယ္လိုေရာက္လာရတာလဲ"

"ကၽြန္ေတာ္ ဒီနားကေနျဖတ္သြားရင္း ပါေမာကၡကိုအျပင္ကေနေတြ႕လိုက္လို႔ဝင္လာခဲ့တာ...."

"အာ အဲ့လိုကိုး....ရပါတယ္ ဂ်ဳံေဆာင္းသြားစရာရွိရင္ေနာက္က်ေနမယ္ သြားေတာ့ ကၽြန္ေတာ့္အိမ္ကဒီနားတင္ နီးနီးေလးမလို႔ ဘယ္အခ်ိန္ထျပန္ျပန္အဆင္ေျပတယ္"

အျမဲ လန္းဆန္းတက္ႂကြေနတဲ့ပါေမာကၡတစ္ေယာက္အေနႏွင့္ ကိုယ့္ေက်ာင္းသားေရွ႕မွာ ဒီလိုပုံစံေတြေဆာႏူမျပခ်င္။ အခုခ်ိန္မွာ ဂ်ဳံေဆာင္းတစ္ေယာက္ကို ဆိုင္ထဲကေနအျမန္ျပန္ထြက္ေစဖို႔ကိုသာ ဆုေတာင္းေနမိ၏။

"သြားစရာေနရာမရွိပါဘူး တကယ္ေတာ့ ကၽြန္ေတာ္လဲဆိုဂ်ဴေသာက္ရေကာင္းမလားစဥ္းစားေနတုန္း ပါေမာကၡနဲ႔အခုလိုဆုံေတာ့အေဖာ္ရသြားတာေပါ့ အိမ္ကနီးတယ္ဆိုလဲ ကၽြန္ေတာ္ျပန္လိုက္ပို႔ေပးပါ့မယ္ဗ်"

သြားၿပီ၊ ဒီေက်ာင္းသားက နဂိုကမွ ကိုယ့္အနားဆိုသိပ္ကပ္တဲ့ေက်ာင္းသား၊ အခုလို ဒဲ့ႀကီးလာဆုံမွေတာ့ အတင္းျပန္လႊတ္ဖို႔ကလဲအားနာစရာေတြ၊ ဒီတိုင္းႀကီးလွည့္ထြက္လာဖို႔က်ျပန္ေတာ့လဲ ႀကိဳဆိုသူမရွိတဲ့ ေမွာင္ေမွာင္မဲမဲအခန္းထဲကိုဒီစိတ္အေျခေနေတြနဲ႔ေဆာႏူမျပန္ခ်င္ျပန္ဘူး။

"ကၽြန္ေတာ္တစ္ခြက္ထည့္ေပးမယ္ေလ...."

ေရွ႕ကလြတ္ေနတဲ့ ခြက္ထဲသို႔ ဆိုဂ်ဴပုလင္းကိုငဲ့ေစာင္းလာသည္။ ေတာင္ေတြးေျမာက္ေတြးအႀကံဉာဏ္ေတြလဲ အသုံးမဝင္ေလာက္ေတာ့ဘူးထင္ပါ၏။

အခါးဓာတ္ေတြ လည္ေခ်ာင္းတစ္ေလၽွာက္ကိုဆင္းသြားတဲ့အတိုင္း ေခါင္းက မေထာင္ခ်င္ေလာက္ေအာင္ရီေဝလာသည္။ ယမကာရွိန္ကခုမွေဆာင့္တက္ၿပီထင္၏။ တစ္ေယာက္ထဲထိုင္ၿငီးေနရာကေန အေဖာ္ရလို႔ပဲလား အနည္းငယ္ေလး ႏူတ္္သြက္ခ်င္လာသည္။

"ခါးတယ္ေနာ္......"

ဆိုဂ်ဴတစ္ခြက္ကိုေမာ့လိုက္အၿပီး ထြက္သြားတဲ့စကားသံကမပီတပီဆိုတာ ကိုယ့္အသိစိတ္နဲ႔ကိုယ္ေတာ့သတိထားမိေသး၏။

"ဗ်ာ.......ဘယ္ဟာက...ေအာ္ ဆိုဂ်ဴလား.....အရက္ကေတာ့ အရင္ကတည္းက ဒီလိုပဲခါးတာေပါ့ဗ်ာ"

"မဟုတ္ဘူး ဘဝႀကီးကိုေျပာတာ.....ကၽြန္ေတာ္တို႔ဘဝေတြက အခ်ိဳဓာတ္ကေလးရနိုင္ဖို႔ ဘာေၾကာင့္မ်ားခက္ခဲလြန္းေနရသလဲမသိ...."

"ပါေမာကၡ ဒီေန႔ စိတ္ရႈပ္စရာတစ္ခုခုၾကဳံလာရတယ္ထင္တယ္"

"ဟက္! ဒီေန႔မွတဲ့လား......ေန႔တိုင္းလိုလိုပါပဲ"

အသက္မပါေသာရီသံတစ္ခ်က္၏ေနာက္မွာ ဆိုဂ်ဳတစ္ခြက္ကလဲ အမွီကပ္လိုက္၏။ မ်က္ႏွာခ်င္းဆိုင္ကဂ်ဳံေဆာင္းကေတာ့ ကိုယ့္ရဲ့ပုံပ်က္ပန္းပ်က္ဟန္မေဆာင္နိုင္ျခင္းေတြကို ရိပ္မိေနေလာက္ပါၿပီ။

သနားသလိုလိုစိုက္ၾကည့္ေန၏။

'ကင္မ္ေဆာႏူ မရွက္တတ္ေတာ့ဘူးပဲ ကိုယ့္ေက်ာင္းသားဆီကေန သနားသလိုအၾကည့္ခံေနရတာကိုေတာင္ မ်က္ႏွာေျပာင္တိုက္ အရက္ဆက္ေသာက္ေနနိုင္တုန္း'

ကိုယ့္စိတ္ပ်က္ျခင္းေတြနဲ႔ ကိုယ့္ကိုယ္ကိုအျပစ္ဖို႔ရင္း ဆိုဂ်ဴေနာက္တစ္ခြက္ဆီလက္ကမ္းမိသည္။

"ကၽြန္ေတာ္နဲ႔ တစ္ေနရာသြားမလား"

ဒီေက်ာင္းသား ဘာေတြမ်ားထပ္စပ္စုအုံးမလဲ......ေဆာႏူအရက္ခြက္ကိုခ်ၿပီး မ်က္ေမွာင္တစ္ခ်က္ၾကဳံ႕ၾကည့္မိေတာ့ဒီ‌ေက်ာင္းသားကရယ္သည္။ ႏူတ္ခမ္းေထာင့္ေဘးက ပန္းသီးကိုက္ရာ‌လို အတြန႔္ေကြးေလးမွာထင္းလို႔....

'အျပဳံးကခ်စ္စရာေကာင္းသား' ေဆာႏူစိတ္ထဲေကာက္ခ်က္ခ်မိသည္။ ျမင္ကြင္းေရွ႕က ရီတီတီႏွစ္ထပ္ျဖစ္ေနတဲ့ပုံရိပ္ေတြဟာဒယီးဒယိုင္နဲ႔.....ခနေလး ေဆာႏူအခုဘာကိုျမင္ေနမိပါလိမ့္ ႏွစ္ထပ္ျဖစ္ေနတဲ့ပုံရိပ္ေတြထဲမွာ ရွင္းမ္ဟီဆြန္းက ျပဳံးျပေနပါေရာလား

"စိတ္ကုန္လိုက္တာ ငါ့ျပႆနာကအဲ့တာပဲ စိတ္ကုန္စရာပဲကင္မ္ေဆာႏူ...."

ေခါင္းကိုဘယ္ညာ ခပ္သြက္သြက္ခါယမ္းၿပီး ကိုယ္တစ္ေယာက္ၾကား႐ုံသာၿငီးျငဴလိုက္သည္။

"လာပါ ထ ပါေမာကၡလမ္းေတာ့ေလၽွာက္နိုင္ေသးတယ္မလား.....ဒါမွမဟုတ္ ကၽြန္ေတာ္ ကုန္းပိုးေခၚသြားရမလား"

"Haha ဘယ္ကိုသြားမလို႔လဲ.....ကုန္းေတာ့မပိုးပါနဲ႔ လမ္းေလၽွာက္နိုင္ပါေသးတယ္"

ေျပာသာေျပာရတာ ေျခေထာက္ေတြေတာ့ ေလးေတးေတးနဲ႔ ဆတ္ခနဲထလိုက္တဲ့အခါ ေခြက်သြားသည္။
'ခစ္!'
ထိုရယ္သံကေတာ့ ေသခ်ာေပါက္ဂ်ဳံေဆာင္းဆီကလာတာပဲ။ ရွက္တဲ့အသိစိတ္ႀကီးနဲ႔ ကုန္း႐ုန္းထတဲ့အခါ ဂ်ဳံေဆာင္းကလာတြဲသည္။

"အဲ့ေၾကာင့္ကၽြန္ေတာ္ေမးသားပဲ ကုန္းပိုးရမလားလို႔"

"ရတယ္ ရတယ္ ကၽြန္ေတာ္ ေျခေထာက္ယိုင္သြားလို႔ပါ ေလၽွာက္နိုင္တယ္ ဂ်ဳံေဆာင္းအေရွ႕ကသြား....."

ေဆာႏူမ်က္ႏွာေတြလဲ ဆိုဂ်ဳအရွိန္နဲ႔ အရွက္ကြဲတာပါေရာၿပီး ရဲတြတ္ေနေလာက္ၿပီထင္ပါ၏။ ဒီေက်ာင္းသားကို ဒီညမွတ္ဉာဏ္ေတြအကုန္ပ်က္သြားေအာင္ အိမ္ျပန္ခါနီးေလး ခဲလုံးနဲ႔ပဲျဖစ္ျဖစ္ခိုးထုလိုက္သင့္လား.....

~

"ကာရာအိုေကလား.....ဒီမွာဘာလုပ္မလို႔လဲ"

"ဟား ဘာလုပ္မလို႔လဲတဲ့......ေပါက္ကြဲပစ္ဖို႔ေခၚလာတာေလ မေက်နပ္သမၽွေတြေရာ စိတ္ညစ္စရာေတြေရာ အကုန္ေပါက္ထြက္ပစ္ရေအာင္"

ကိုယ္တိုင္လဲအရင္ကမၾကာမၾကာလာခဲ့ဖူးသည့္ေနရာပါပဲ၊ အသက္ရြယ္မေရြးလာနိုင္တဲ့ ကာရာအိုေကဆိုေပမယ့္ အခုလို အသက္၃၀အရြယ္နဲ႔ အထက္တန္းအလယ္တန္းေက်ာင္းသူေလးေတြ၊ တကၠသိုလ္fresherႏွစ္ေလးေတြျပည့္ေနတဲ့ဒီေနရာမ်ိဳးမွာ ေနရခက္ေနမိတာေတာ့ အမွန္ပဲ။ စိတ္ညစ္ညစ္နဲ႔လွည့္ျပန္ဖို႔မလုပ္ခင္ လက္ေကာက္ဝတ္ကေန ေဆြ႕ခနဲဆြဲေခၚခံသြားရတာေၾကာင့္ ေဆာႏူတစ္ေယာက္ျပန္လမ္းပိတ္ကုန္၏။

"ပါေမာကၡ....‌ေရာ့ ဒီမိုက္ကိုယူ ဆိုခ်င္တဲ့သီခ်င္းဘာပဲျဖစ္ျဖစ္ အက်ယ္ႀကီးဟဲခ်ပစ္လိုက္....."

"ဟင္ သီခ်င္း.....ကၽြန္ေတာ္ သီခ်င္းမဆိုတတ္ဘူးဂ်ဳံေဆာင္းရဲ့"

"တစ္ေယာက္ထဲဆိုရမွာရွက္လို႔လား ဒါဆိုကၽြန္ေတာ္နဲ႔အတူဆိုမယ္ေလ"

('Oh I hope you're happy.....But not like how you were with me......I'm selfish I know....I can't let you go......')

ဒီေက်ာင္းသားဟာဘာလဲ.....အသည္းကြဲေနတဲ့လူေရွ႕မွာ သနားစရာေကာင္းေအာင္လို႔ အသည္းကြဲသီခ်င္းေတြကိုပယ္ပယ္နယ္နယ္ေအာ္ဆိုျပေနသည္။ မသိရင္ အသည္းကြဲတာက ကိုယ္မဟုတ္ပဲ သူလို႔ေတာင္ထင္ကုန္ၾကေတာ့မွာပဲ

ပတ္ဂ်ဳံေဆာင္းပုံစံက နည္းနည္းေတာ့အူေၾကာင္ေၾကာင္နိုင္ေပမယ့္ ေပ်ာ္စရာေကာင္းသလိုေတာ့ရွိသား။ မက္ဂ်ဴတစ္ငုံေမာ့ရင္း ျပဳံးမိသည္။

"So find someone great but don't find no one better......အာ ပါေမာကၡနဲ႔ေတာ့ခက္ၿပီ ကၽြန္ေတာ္ပဲဆိုေနရတယ္မလား လာပါဆို ထိုင္ၿပီးပဲမူးမေနနဲ႔ ေခါင္းေတြပိုကိုက္လာတာပဲရွိမယ္ လာ ကၽြန္ေတာ္နဲ႔အတူျပန္ဆိုရေအာင္"

အသက္၂၀ေက်ာ္အရြယ္ေလးမို႔ ႏုပ်ိဳသစ္လြင္‌ေနလိုက္တာမ်ား ကိုယ့္ကိုျပဳံးေပ်ာ္ပီး လက္လွမ္းေခၚေနတဲ့ဂ်ဳံေဆာင္းကိုၾကည့္ရင္း ေဆာႏူ အရင္အခ်ိန္ေတြကိုေတာင္ ျပန္သတိရမိသည္။

~

"ကဲ အငိုတိတ္ပါေတာ့ဆို cry babyေလးပဲကင္မ္ေဆာႏူရယ္ ကာရာအိုေကကိုလာၿပီး ရွိုက္ႀကီးတငင္ငိုေနတာ မင္းပဲရွိမယ္"

"အဲ့တာေၾကာင့္ ဘယ္သူကေရာဒီကိုလာခ်င္တယ္ေျပာလို႔လဲ ကို အတင္းေခၚလာတာေလ"

"အခ်စ္က စိတ္ညစ္ေနလို႔ ကိုကစိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ေခၚလာတာေလ ဒီလိုႀကီးထိုင္ငိုမေနပဲ သီခ်င္းေလးဘာေလးေအာ္ဆိုမွေပါ့"

"သီခ်င္းမဆိုခ်င္ဘူး ဆဲပဲဆဲလို႔မရဘူးလား"

"ဟင္ ဆဲခ်င္တာလား.....ဟုတ္ၿပီဗ်ား ဒါဆိုလဲ အခ်စ္ေလးမေက်နပ္သမၽွေတြအကုန္ေအာ္ထုတ္ပစ္လိုက္ ေဟာဒီကလူပါလိုက္ဆဲေပးမယ္"

"အင္း ဆဲမွာ အဲ့ဒီအထက္လူႀကီးပါဆိုတဲ့ ထိပ္ေျပာင္ႀကီးကို ဆံပင္တစ္ေမြးမွမရွိေအာင္ ဆြဲႏူတ္ပစ္ခ်င္ေနတာ........ဒီေခြးလို&*''&****......လူအမွိုက္ေကာင္ႀကီး....သုံးစားမရတဲ့*$&*#$&&........ငါလဲ ေတာက္ေလၽွာက္အေကာင္းဆုံးလုပ္ေပးေနခဲ့တာပဲ ဒါကိုအထက္လူႀကီးဆိုၿပီး ငါ့ကို အာဏာေတြစြတ္ျပတာ ဒီလိုလူခ်င္းစာနာစိတ္စိတ္မရွိတဲ့**"'&*"$......!!!"

"အခ်စ္......ခနနား အေအးေလးတစ္ငုံေလာက္ေသာက္ၿပီး ထပ္ဆဲ"

"ေတာ္ၿပီ မေသာက္ဘူး ဒီေန႔ေတာ့ အဲ့လူ႔အမွိုက္ႀကီးကိုအသံကြဲတဲ့ထိဆဲပစ္္မွာ........ပါေမာကၡဂ်ဳ ခ်ီးပဲ!!!!!"

"ဟုတ္ပါ့ဗ်ာ ပါေမာကၡဂ်ဴ ခ်ီးပဲ!!!"

~

ရီေမာသံေတြႏုပ်ိဳခဲ့တဲ့အတိတ္ေၾကာင္းဟာ ေခါင္းထဲကိုမဖိတ္ေခၚပဲဝင္လာျပန္၏။ မ်က္လုံးႏွစ္ဖက္ကိုစမ္းၾကည့္ေတာ့ စိတ္ပ်က္စရာ မ်က္ရည္ေတြစိုရႊဲေနျပန္ေရာ.......

စိတ္ညစ္ညစ္နဲ႔ မက္ဂ်ဴေတြကိုနင္းကန္ေသာက္ရင္း မထိန္းနိုင္မသိမ္းနိုင္ေအာ္ငိုမိသည္။

"‌မေကာင္းတဲ့‌လူ.....ငါ့ကိုအေျဖမရွိတဲ့အ႐ူးကမၻာထဲမွာထားသြားတယ္ မေကာင္းတဲ့လူ....."

မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္နဲ႔ေအာ္ခ်င္ရာေတြေအာ္ေနမိခ်ိန္ ႐ုတ္တရက္နားထဲမွာ ေတာင္စဥ္ေရမရ ၾကားလာရတဲ့စကားသံေတြ

"အခ်စ္.....ေတာ္ပါေတာ့ကြာ တစ္အားမူးေနၿပီ ဆက္မေသာက္ပါနဲ႔ေတာ့"

အဲ့ဒီမေကာင္းတဲ့လူအသံပါပဲ နားထဲမွာထင္းေနေအာင္ေပၚလာျပန္ၿပီ။ ၾကည့္လိုက္မိေတာ့လဲ 'ရွင္းမ္ဟီဆြန္း' ထပ္ၿပီးအဲ့ဒီလူပဲ။

"မျဖစ္နိုင္တာ....."

ေဆာႏူ တစ္ဆတ္ဆတ္တုန္ေအာင္ငိုေနရင္းမွ မ်က္စိေရွ႕က ရွင္းမ္ဟီဆြန္းမ်က္ႏွာႏွင့္တူရာဆီသို႔ ဒယီးဒယိုင္ခ်ဥ္းကပ္သြားမိသည္။

"မင္းက ဘာလဲ....."

ပါးႏွစ္ဖက္ကိုလက္ႏွင့္ထပ္အုပ္ကာ နီးနီးကပ္ကပ္ထပ္ေမာ့ၾကည့္၏။ သမင္မ်က္လုံးေတြဟာ အရည္ေတြလဲ့ေနသည့္အတိုင္း ဝိုင္းဝိုင္းေလးျပန္ၾကည့္ေနတာကိုျမင္ရသည္။

"မင္းဘာလဲလို႔......ဘာမို႔လို႔ ဆက္တိုက္ ငါ့ကိုအ႐ူးလုပ္ေနရတာလဲ"

"အခ်စ္ရယ္ ဘာလို႔ ဒီေလာက္အမ်ားႀကီးေသာက္ရတာလဲကြာ"

"ငါမူးမူး မမူးမူး မင္းနဲ႔ဘာဆိုင္လို႔လဲ.....အီဟီ......မေကာင္းတဲ့လူ"

ထိုအခိုက္အတန႔္မွာ ရွိရွိသမၽွေသာအသိစိတ္တို႔သည္္ ယမကာေတြထဲေပ်ာ္ဝင္ကုန္သြားခဲ့ၿပီထင္၏။ ဟီးတိုက္ကာ ငိုမိသည္တစ္ဆုံး ေဆာႏူ
ျမင္ကြင္းေရွ႕က ႏူတ္ခမ္းပါးပါးဆီကို အထိန္းကြပ္မဲ့စြာတိုးဝင္ပစ္လိုက္မိသည္။ ေဖာင္းႂကြႂကြႏူတ္ခမ္းတစ္စုံရဲ့အထိ‌အေတြ႕ဟာ ကိုယ့္ႏူတ္ခမ္းသားေတြထက္မွာ အစိမ္းသက္သက္ရစ္တြယ္လာ‌ေတာ့.....ဒါ ကိုယ္သိကၽြမ္းတဲ့ႏူတ္ခမ္းေတြမွမဟုတ္ပဲ......။

အရက္ဟာေသာက္တတ္ရင္ေဆးျဖစ္သလို မေသာက္တတ္ရင္ေဘးဆိုတာ တကယ္ဟုတ္ပါရဲ့။မူးမူး႐ူး႐ူးေတြႏွင့္ ေဆာႏူ တစ္စုံတစ္ေယာက္ေလးကို အျပစ္က်ဴးလြန္မိကုန္ၿပီ။ တစ္ဖက္ဆီက ျပန္ၿပီးနမ္းရွိုက္ျခင္းေတြ တုံ႔ျပန္အစပ်ိဳးလာခ်ိန္မွာ ဦးေႏွာက္ထဲကက်ဥ္ခနဲျဖစ္သြားသည္။

မွားၿပီဆိုတဲ့အသိက ေခါင္းထဲကို ခ်က္ခ်င္းတိုးေဆာင့္ဝင္လာ‌သည္။ ျပာျပာသလဲ သူ႔ရင္ဘတ္ဆီကိုတြန္းခြါလိုက္ၿပီးခ်ိန္မွာ ျမင္ကြင္းေရွ႕ကဂ်ဳံေဆာင္းဟာ ကိုယ့္ကိုမ်က္လုံးေလးဝိုင္းကာၾကည့္လာရွာ၏။

႐ူးေတာ့မွာပဲ.......ေဆာႏူ ဒီည အမွားအႀကီးႀကီးေတြကိုမွေရြးလုပ္မိသြားၿပီ။ မ်က္ႏွာေတြထူပူလာကာ ဆိုဖာထက္မွ လက္ဆြဲအိတ္ကို ကမန္းကတမ္းေျပးယူလိုက္သည္။

"ဟို.....ကၽြန္ေတာ္ အရင္ျပန္ႏွင့္ေတာ့မယ္....ဂ႐ုစိုက္ျပန္ပါ ဂ်ဳံေဆာင္းလဲ...."

အားလဲနာ ရွက္လဲရွက္ႏွင့္ ေနာက္ကိုပင္လွည့္မၾကည့္ရဲ ျမင္ရာတကၠစီတားကာ ေဆာႏူ ဒီတိုင္းပဲေျပးထြက္လာခဲ့မိသည္။




********

လကုန္ရက္ျဖစ္တဲ့အတြက္ သာမန္ လုပ္ေနက်အတိုင္းပဲ ေနာက္လအတြက္အခ်ိန္ဇယားႏွင့္ အလုပ္ကိစၥမ်ားကိုေဆြးေႏြးရန္ ဟီဆြန္းတစ္ေယာက္ ဥကၠဌႀကီး၏ေနအိမ္သို႔ေစာစီးစြာေရာက္ရွိေနေလ၏။

"တစ္လေလာက္ နားရက္ယူအုံးမွာမလို႔ အဲ့လိုပဲသိထား ဒီၾကားထဲမွာ ကုမၸဏီထဲျပႆနာေတြေရာက္လာၿပီး ငါ့ကိုအာ႐ုံမေႏွာက္မိေစနဲ႔အုံး"

သို႔ေသာ္လည္း ၾကားရတဲ့စကားအသြားအလာအရ ဒီမနက္ေတာ့ အလုပ္ကိစၥေဆြးေႏြးဖို႔ရန္ရွိမည္မထင္ေတာ့ပါ၊ ဟီဆြန္း မနက္ခင္းမွာတင္ စိတ္မသက္မသာ သက္ျပင္းတစ္ခ်က္ကိုခ်လိုက္ရသည္။

"ဟုတ္ကဲ့ပါဥကၠဌႀကီး"

"အင္း ေနာက္ၿပီး ဒီရက္ထဲ ဂ်ယ္ယြန္း ဘယ္သြားတယ္ ဘာလုပ္တယ္ကစ ေန႔စဥ္သတင္းပို႔ေပးဖို႔ကိုလဲထပ္အမိန္႔ေပးတယ္"

"ဗ်ာ....ဂ်ယ္ယြန္းကို.....ဘာျဖစ္လို႔......"

"မင္းနဲ႔မတူေအာင္ ဒီေနာက္ပိုင္းေမးခြန္းေတြမ်ားလာတာပဲ"

ထိုလူႀကီး၏ စူးစမ္းသလိုအၾကည့္စူးစူးေတြက ထုံးစံအတိုင္းမႏွစ္ၿမိဳ႕ဖြယ္ေကာင္းေနသည္။ ဟီဆြန္းအတြက္ေတာ့ မ်က္ႏွာခ်င္းဆိုင္ဖို႔ခက္ခဲသြားသည့္အတိုင္း မ်က္လႊာကိုေအာက္ခ်ပစ္လိုက္သည္။

"ေတာင္းပန္ပါတယ္ ကၽြန္ေတာ္အဲ့တာကိုမလုပ္ေပးနိုင္ဘူးထင္တယ္...ေျပာထားခဲ့တယ္မလား မိသားစုဝင္အခ်င္းခ်င္းၾကားထဲမွာ ေစာင့္ၾကည့္တာမ်ိဳးေတြလုံးဝမလုပ္ဘူးလို႔"

"ေျပာင္းလဲလာတာေတြကိုေတာ့ ေျပာင္းလဲလာတဲ့အတိုင္းလက္ခံရမယ္ဟီဆြန္း ငါသင္ေပးထားတဲ့အထဲမွာ ဒီလိုေပ်ာ့ညံ့တဲ့ပုံစံေတြမပါဘူး"

"ကၽြန္ေတာ္ မၾကားလိုက္သလိုပဲ သေဘာထားလိုက္ပါ့မယ္ဥကၠဌႀကီး....ခြင့္ျပဳပါအုံး"

ေနာက္ေက်ာျပင္ေတြ ေက်ာေတြစိမ့္စိမ့္တုန္ေအာင္ခ်မ္းေနသည္။ ဟီဆြန္းအေနနဲ႔ ပထမဆုံးအႀကိမ္ ဒီအမ်ိဳးသား၏အမိန႔္ကိုလြန္ဆန္ခဲ့ျခင္းျဖစ္‌ေနတာေၾကာင့္......စူးစူးရဲရဲစိုက္ၾကည့္ေနမယ့္သားရဲမ်က္လုံးေတြကို ေက်ာရိုးေတြထဲကထိပင္စိမ့္ေနေအာင္ခံစားရမိ၏။သူဟာ ညီျဖစ္သူအတြက္ ဘယ္ေလာက္ပဲအားနည္းတဲ့ျပယုဂ္ကိုေဆာင္ခဲ့ျခင္းရွိပါအုံးေတာ့ ဒီအမိန႔္ကေတာ့အဓိပၸာယ္မရွိဘူးမဟုတ္လား။

ဟီဆြန္း ဒီအမ်ိဳးသားအေၾကာင္းကိုေကာင္းေကာင္းသိသည္။ ေကာင္းေကာင္းသိတာ‌ေၾကာင့္ပဲ ဒီအမိန႔္ကို ယြံယြံရွာရွာဖယ္ေသြခဲ့ျခင္းပင္။

"ကင္မ္ေဆာႏူ....."

ျပတ္ျပတ္သားလွည့္ထြက္ေနတဲ့ေျခလွမ္းေတြဟာ ယတိျပတ္ခလုတ္တိုက္ေလေတာ့၏။ နားစည္ထဲမွာ ပဲ့တင္ထပ္သြားတဲ့ ထိုအမည္နာမေလးဟာ သူ႔အတြက္ ထိတ္လန႔္တၾကားေတြျဖစ္ကုန္ၿပီ။ ဟီဆြန္းရဲ့ အသက္ရႈႏူန္းေတြခ်က္ခ်င္းကိုျမန္လာသည္။

ေနာက္ဆုံးေတာ့ သူ အျမဲတမ္းေၾကာက္ရြံလာခဲ့ရတဲ့အိပ္မက္ဆိုးႀကီးဟာ သူေရွ႕ကိုနဖူးေတြ႕ဒူးေတြ႕ဆိုက္ဆိုက္‌ၿမိဳက္ၿမိဳက္ကိုေပၚလာခဲ့ပါေရာလား။ တုံ႔ျပန္ရာမသိေတာ့ေသာလူအတစ္ေယာက္လို သူဟာ ရပ္လ်က္သားႀကီး ႏူတ္ခမ္းသားတစ္စုံလုံးတုန္တုန္ယင္ယင္ႏွင့္သာ။ထိုအခိုက္အတန႔္အတြင္းမွာ ေျခလွမ္းတို႔သည္လဲ ေရွ႕ဆက္တိုးဖို႔ရန္ေအးခဲသြားခဲ့ၿပီထင္၏။

"ကင္မ္ေဆာႏူ.....အဲ့ဒီတစ္ေယာက္ေလး ေကာင္းေကာင္းရွိေနရဲ့လား"

ရွိရွိသမၽွ‌ေသာအားနည္းခ်က္ေတြဟာ ကင္မ္ေဆာႏူဆိုတဲ့ ထိုအမည္နာမထဲမွာေပ်ာ္ဝင္ေနခဲ့သည္။

ေၾကာက္ေၾကာက္ရြံ့ရြံနဲ႔ တံေတြးတစ္ခ်က္ကို
ၿမိဳခ်မိတဲ့ေနာက္ ျဖည္းျဖည္းခ်င္းေနာက္လွည့္ၾကည့္ေတာ့ အေဖျဖစ္သူဆိုတဲ့ထိုအမ်ိဳးသားဟာ ေက်နပ္စြာျပဳံးရီေနတာကိုျမင္ရသည္။

"သူ႔ကိုေတာ့မထိနဲ႔....."

"စိတ္ဝင္စားဖို႔ေကာင္းသားပဲ.....ငါ့သားက ငါ့ကို ဒီေလာက္အၾကာႀကီးလ်ိဳ႕ဝွက္ထားနိုင္ခဲ့တာ"

"သူ႔ကိုထိရင္ ဘယ္သူပဲျဖစ္ျဖစ္သတ္မိလိမ့္မယ္....."

"ဒါဆိုအေျဖကရွင္းၿပီပဲ ညီနဲ႔ ခ်စ္သူ ႏွစ္ေယာက္ထဲကတစ္ေယာက္ကိုျပတ္ျပတ္သားသားေရြးလိုက္ၿပီေပါ့"

ေဂ်ာင္တစ္ေနရာရာမွာအပိတ္ခံလိုက္ရေသာခံစားခ်က္ႏွင့္တူသည္။ အရာအားလုံးဟာေမွာင္မဲသြားၿပီး အသက္ရႈေတြၾကပ္လာသည္။ ဒူးေတြကေခြယိုင္လာ၏ ထိုယိုင္နဲ႔နဲ႔ေျခေထာက္ေတြကိုပဲ ၾကမ္းေပၚသို႔ျပားျပားဝပ္ခ်လိုက္မိသည္။ ေသြးပ်က္လြန္းေနတဲ့သူ႔ပုံစံကိုသူျပန္ပုံမေဖာ္ခ်င္ေလာက္သည္ထိယြံမုန္းလြန္းေနၿပီ။

"ဥကၠဌႀကီး ေက်းဇူးျပဳၿပီး.......ေက်းဇူးျပဳၿပီး ကၽြန္ေတာ္ပဲျဖစ္လို႔မရဘူးလား အားလုံးအစားကၽြန္ေတာ္ပဲျဖစ္လိုက္လို႔မရဘူးလား"

ဒူးႏွစ္ဖက္မွာတင္ထားတဲ့တုန္တုန္ရီရီလက္သီးဆုပ္ေတြေပၚသို႔ မ်က္ရည္စေတြဟာတစ္လိမ့္ခ်င္းစီးက်ကုန္သည္။ အခုခ်ိန္မွာ ခ်စ္သူတစ္ေယာက္အေနႏွင့္ေရာ အစ္ကိုတစ္ေယာက္အေနႏွင့္ပါ စဥ္းစားၾကည့္ရရင္ သူ႔အတြက္ေသလိုက္တာကလြဲလို႔တစ္ျခားနည္းလမ္းစဥ္းစားမရေတာ့။

'ဒီတိုင္းေသပစ္လိုက္ရမလား.....'ဒီလိုေတြးမိေတာ့ တစ္ကိုယ္ရည္စာကိုယ္လြတ္႐ုန္းပစ္လိုက္ရာပဲက်မည့္အေျခေနကိုသတိျပဳမိျပန္သည္......အဲ့ဒီလိုဆိုရင္ေတာင္မွ ဟီဆြန္းေခါင္းထဲမွာ ဆက္တိုက္ေတြးေနမိသည္က 'ေသပစ္လိုက္သင့္လား.....'ဒီတစ္မ်ိဳးသာ။

"ထ ငါ့သား......စိတ္ဓာတ္ကိုမာမာထားၿပီးျပန္ထစမ္း....အေဖတို႔စကားေျပာၾကတာေပါ့"

မည္သို႔ပင္ျဖစ္ေစ အဆုံးမွာေတာ့ သူဟာ ဒီအေဖျဖစ္သူကိုဘယ္လိုနည္းနဲ႔မွ ဖီဆန္ခြင့္မရွိနိုင္ေၾကာင္း လက္မခံနိုင္စြာသေဘာေပါက္ခဲ့ရသည္။ ေကာ္လံစေတြကေနဆြဲေခၚသြားတဲ့ထိုလက္ေတြေနာက္ကို သူအသိစိတ္မဲ့စြာပဲကပ္ပါသြားခဲ့ရျပန္သည္။








********





ဒီၾကားရက္ေတြမွာကိစၥေတာ္ေတာ္မ်ားမ်ားျဖစ္သြားခဲ့ၿပီး ေဆာင္ဟြန္းေက်ာင္းပ်က္ရက္ေတြလဲအေတာ္မ်ားသြားခဲ့သည္။ စာေတြလဲအေတာ္ျပန္လိုက္ရေတာ့မည္၊ ပုံမွန္ေန႔စဥ္ဘဝေလးထဲကိုျပန္ဝင္ရေတာ့မည္ေလ၊ သူငယ္ခ်င္းေတြကလဲစိတ္ပူလြန္းလို႔ဖုန္းေတြတက်ီက်ီဆက္ၾကပါ၏။

ေနကလဲျပန္ေကာင္းစျပဳေနၿပီမို႔ အခန္းျပင္ကိုထြက္ခ်င္ေနၿပီ၊ သို႔ေသာ္လည္းျပႆနာက ရည္းစားဆိုတဲ့လူ......ေနေကာင္းပါၿပီဆိုတာကို ဇြတ္အတင္းခြင့္ရက္ေတြတင္ခိုင္း အနားေတြယူခိုင္းေနျပန္တဲ့ ရွင္းဂ်ယ္ယြန္းေၾကာင့္သိပ္ခက္ရ၏။

စိတ္ေတြဆိုးၿပ ငိုယိုျပေတာ့မွ သူဟာျပာျပာသလဲႏွင့္ ေျပာစကားနားဝင္ေတာ့သည္။ ဒီေန႔ကေတာ့ ေခ်ာ့တစ္လွည့္ေျခာက္တစ္လွည့္ႏွင့္အတင္းနားခ်အၿပီး ေက်ာင္းသို႔လာခဲ့ရသည့္ေန႔တစ္ေန႔ျဖစ္သည္။ သူလိုက္ပို႔မွာကိုသိေပမယ့္ အရင္ရက္ေတြက လူကိုငိုေအာင္လုပ္ထားတဲ့အေပၚမေက်နပ္ခ်က္ေလးတစ္ခ်ိဳ႕တစ္ေလနဲ႔ေပါင္းၿပီး တမင္ခိုးထြက္လာခဲ့မိျခင္းျဖစ္သည္။

ခုအခ်ိန္ေလာက္ဆိုရင္ေတာ့ အိမ္မွာတစ္ေယာက္ထဲမရိုးမယြနဲ႔ ပြက္ေလာရိုက္က်န္ေနခဲ့ေတာ့မည့္ ရွင္းဂ်ယ္ယြန္းကိုေတြးရင္း ေဆာင္ဟြန္း တစ္ခစ္ခစ္ရီေမာရ၏။ ကိုယ္အေတြးနဲ႔ကိုယ္မို႔သာ ရီျပဳုံးေနမိေပမယ့္ မ်က္ႏွာခ်င္းဆိုင္ထိုင္ခုံမွမိန္းကေလးကေတာ့ ကိုယ့္အား '႐ူးေနတာလား'ဆိုေသာအၾကည့္ႏွင့္ျပဴးျပဴးႀကီးစိုက္ၾကည့္ေနသည္။

ေဆာင္ဟြန္း မ်က္ႏွာပိုးကိုအသာျပန္ခ်ရသည္။ ဖုန္းျမည္သံေၾကာင့္ အိတ္ထဲမွထုတ္ၾကည့္လိုက္ေတာ့ ယုမီ...

"Hello ယုမီ ေက်ာင္းေရာက္ၿပီလား ငါစာၾကည့္တိုက္ထဲမွာ"

စာၾကည့္တိုက္ထဲမွာမို႔ ေဆာင္ဟြန္းအသံကိုနိမ့္ေျပာလိာက္သည္။

("အင္း အဲ့တာဆို စာၾကည့္တိုက္အျပင္ကိုခနထြက္လာခဲ့ပါလား ငါအျပင္မွာေစာင့္ေနတယ္ ဒါပဲေနာ္ ")

ယုမီဘက္က ေျပာၿပီးၿပီးခ်င္းပဲ တန္းဖုန္းခ်သြားတာေၾကာင့္ ေဆာင္ဟြန္းမွာနားမလည္စရာေခါင္းစားရသည္။

စာၾကည့္တိုက္အျပင္ကိုေရာက္ေတာ့ ယုမီက အရိပ္မက်တက်ခုံျပာတန္းေလးမွာေက်ာခိုင္းထိုင္ေစာင့္ေနသည္။ ေဆာင္ဟြန္း သူမအနီးသို႔ခပ္သြက္သြက္ေလၽွာက္သြားလိုက္ၿပီး သူမေခါင္းေပၚကဆံပင္ေတြကို လက္ျဖင့္က်ီစယ္စေနာက္လိုက္သည္။

"ဟဲ့ မနက္ေစာေစာစီးစီးမွာ နင့္ပုံစံႀကီးကမွိုင္းေနတယ္ေပါ့ ဘာလဲ...အိမ္စာမၿပီးေသးလို႔မဟုတ္လား"

ယုမီကရီသည္၊ ေဆာင္ဟြန္းရိပ္မိလိုက္သည္က သူမအျပဳံးေတြသည္ သေဘာတက်ေပါ့ပါးျခင္းကင္းမဲ့စြာ ေဆြးေဆြးေျမ့ေျမ့ေလးျဖစ္ေနသည္ကိုပဲ။ ထို႔ေၾကာင့္ပဲ ကိုယ့္ဘက္က စတင္ေမးျမန္ဖို႔အျပင္

"ေဆာင္ဟြန္း ငါkoreaကထြက္ရေတာ့မယ္....ေက်ာင္းေျပာင္းေတာ့မလို႔စီစဥ္ျဖစ္သြားတယ္ "

ယုမီဘက္မွ ဤကဲ့သို႔ပင္ဦးေအာင္စကားသံထြက္လာ၏။ ႏွစ္နဲ႔ခ်ီကာေပါင္းလာခဲ့ေသာသူငယ္ခ်င္းတစ္ေယာက္ထံမွ ဒီလိုစကားမ်ိဳးၾကားရတာ ေဆာင္ဟြန္းအတြက္ အတန္ငယ္ေတာ့ဝမ္းနည္းသြား၏။ ယုမီဆိုတာ ေဆာင္ဟြန္းငယ္ရြယ္မႈရဲ့တစ္စိတ္တစ္ပိုင္းဆိုလဲမမွားေပ၊ အလယ္တန္းအထက္တန္းထဲက အတူတူေပါင္းသင္းလာခဲ့ၾကၿပီး ယခုတကၠသိုလ္အထိဆက္ဆံေရးေတြကအေကာင္းတိုင္းတည္ျမဲေနဆဲမို႔ သူငယ္ခ်င္းသံေယာဇဥ္အားျဖင့္ေတာ့အေတာ္ႀကီးမားရသည္။ သို႔ေသာ္လည္း သူငယ္ခ်င္းေကာင္းက်ိဳးအတြက္ ဝမ္းေျမာက္ဝမ္းသာဂုဏ္ျပဳအားေပးရျခင္းဟာလဲ သူငယ္ခ်င္းေကာင္းတစ္ေယာက္တာဝန္ပဲမဟုတ္လား။

"ေအး အဲ့ေတာ့ နင္ဘယ္ေန႔ထြက္မွာလဲ ဘယ္ကိုသြားမွာလဲ....."

သူမက ထပ္ကာရီျပန္၏။ ထိုအျပဳံးေတြကလဲ တကယ္ကိုေဆြးေဆြးေျမ့ေျမ့ေတြပဲ။

"ဟဟ ေဆာင္ဟြန္းရယ္...ငါထြက္သြားရေတာ့မွာ သူငယ္ခ်င္းအေနနဲ႔ေတာင္ နည္းနည္းေလးျဖစ္ျဖစ္မဝမ္းနည္းဘူးလားဟင္"

"ယုမီ နင္ကေလ အျမဲတမ္းပဲ စိတ္ႏုေနတာ......နင္ထြက္သြားရလို႔ စိတ္မေကာင္းတာေတာ့စိတ္မေကာင္းတာေပါ့ဟ အဲ့လိုဆိုတိုင္း အက်ယ္ႀကီးငိုျပရမွာလား.....ဘာပဲျဖစ္ျဖစ္ဂုဏ္ယူပါတယ္ ဟိုမွာ ဒီထပ္ပိုၿပီးက်ယ္က်ယ္ျပန္႔ျပန္႔ေလ့လာခဲ့ ေနာက္ပိုင္ဒီကိုျပန္ေရာက္တဲ့အခ်ိန္က်ေတာ့မွ နင္ကငါတို႔ကိုဆရာမႀကီးျပန္လုပ္ေပါ့ဟာ"

စိတ္မေကာင္းျဖစ္ေနတဲ့သူငယ္ခ်င္းကို ႏွစ္သိမ့္၍ရလိုရျငား ဟိုဟိုဒီဒီေလၽွာက္ေျပာေလၽွာက္ရီေနမိေပမယ့္ ယုမီကေတာ့ အဆင္ေျပပုံမေပၚ၊ ပို၍သာ မ်က္ရည္ေတြလည္လာ၏။

"နင္ ဟိုေကာင္ေတြကိုေရာႏူတ္ဆက္ၿပီးၿပီလား.....ငါက ဒီၾကားထဲမွာေက်ာင္းေတြပ်က္ေနေတာ့ အဆက္အသြယ္ေတြလဲအကုန္ျပတ္ေနတာဟာ.....ဟိုမွာ အဆင္ေျပေအာင္လဲေနအုံးေနာ္ အဆင္မေျပရင္လဲငါ့ကိုဖုန္းလွမ္းဆက္ေပါ့ဟာ"

စကားေျပာေနတုန္းမွာပဲ ယုမီက ကိုယ့္အားေျပးကာေပြ႕ဖက္သည္။ ထို႔ေနာက္ ကေလးတစ္ေယာက္လို ရွိုက္ကာရွိုက္ကာငိုေတာ့သည္။

"ငါ ငါ ေျပာခ်င္ခဲ့တာေတြရွိခဲ့ေပမယ့္ေလ ဘယ္ေတာ့မွမေျပာျဖစ္ေတာ့သလိုသိမ္းထားလိုက္ပါ့ေတာ့မယ္ နင္ေပ်ာ္ရမွာမလို႔ငါအကုန္လုံးကိုလက္လႊတ္ေပးခဲ့မယ္ေနာ္.....အဲ့ဒီအတြက္ နင္ကတစ္သက္လုံးေပ်ာ္ေပ်ာ္ရႊင္ရႊင္ရွိေပးရမယ္ေနာ္ ဟြန္း....."

သူမပုံစံက သိပ္သနားစရာေကာင္းေနသည္။ ငိုငိုယိုယိုႏွင့္ ေျပာခ်င္ရာေတြေျပာၿပီး ေျပးထြက္သြားသည့္ယုမီေနာက္ေက်ာကို ၾကည့္ရင္း ေဆာင္ဟြန္းလဲဝမ္းနည္းရပါသည္။

အငိုသန္မေလးကို ေနာက္ကေနေျပးလိုက္ေခ်ာ့ဖို႔ေတာ့စိတ္မကူးမိ၊ ယုမီက နဂိုကမွအငိုသိပ္သန္သည္။ ငိုေနတုန္းေခ်ာ့လၽွင္ ပို၍ငိုတတ္သည့္အက်င့္ရွိသည္။ ေနာက္မွပဲ ဖုန္းထဲကေနလွမ္းေခ်ာ့ရအားေပးရေတာ့မွျဖစ္မည္ထင္၏။

အင္း........ဒီလိုဆိုမွ အိမ္မွာက်န္ခဲ့တဲ့ဟိုလူႀကီးေရာကိုေခ်ာ့ရအုံးမည္လားမသိ၊ ဒီမနက္ သူမသိေအာင္လစ္ထြက္လာခဲ့တဲ့ကိစၥမွာ ထုံးစံအတိုင္းဆိုရင္ေတာ့ missed callေတြ messageေတြက ရာနဲ႔ခ်ီေအာင္ဝင္ထားေနရမွာျဖစ္ေသာ္လည္း အခုခ်ိန္ထိ ဖုန္းေလးတစ္ႀကိမ္ေတာင္ဆက္ထားပုံမရရင္ စင္စစ္ ဒီလူေတာ့ တစ္ကယ္ႀကီးစိတ္ေကာက္ေနေလာက္ၿပီထင္၏။

႐ုတ္တရက္ႀကီး ယုမီအေၾကာင္းကေန ရွင္းဂ်ယ္ယြန္းဆီ အေတြးကူးမိျပန္သည့္ကိုယ့္ကိုယ္ကိုလဲ ျပဳံးမိရင္း ေဆာင္ဟြန္း အတန္းဆီသို႔ဦးတည္ေလၽွာက္လာမိခဲ့သည္။




"ေအာ....ဟိုမွာေဆာင္ဟြန္းလာေနၿပီပဲ......ဟိုမွာပါခင္ဗ် ပတ္ေဆာင္ဟြန္းဆိုတာ သူပါ"

အတန္းရွိရာအေဆာင္သို႔မဝင္ခင္ အေဆာင္ေအာက္နားမွာရပ္ေနတဲ့Ni-Kiက အမ်ိဳးသားတစ္ေယာက္အား မိမိရွိရာသိူ႔လွမ္းညႊန္ေပးေနတာကိုေတြ႕ေတာ့ ေဆာင္ဟြန္းခပ္ျမန္ျမန္ေလၽွာက္သြားလိုက္မိသည္။ ကိုယ့္ကိုရွာေနသူမို႔ အနီးကပ္မ်က္ႏွာအားစစ္ေဆးၾကည့္မိေတာ့လဲ ကိုယ္သိတဲ့လူမဟုတ္ျပန္ေပ။

"ေသဆုံးသူMrs.Ariရဲ့ က်န္ရစ္သူမိသားစု Park SungHoonဟုတ္ပါတယ္ေနာ္"

႐ုတ္တရက္ႀကီး ေသသြားတဲ့သူရဲ့နာမည္ကိုၾကားလာရေတာ့စိတ္ထဲကမသက္မသာသလိုခံစားရသည္။

"ဟုတ္ကဲ့....ဘာျဖစ္လို႔လဲ မသိဘူး"

"ကၽြန္ေတာ္က ရဲအရာရွိေခ်ာင္းဂၽြန္ေဟ်ာ့လို႔ေခၚပါတယ္ ဒီကေက်ာင္းသားရဲ့အေမျဖစ္သူ ေသဆုံးမႈနဲ႔ပတ္သက္ၿပီး ေမးစရာေလးနည္းနည္းရွိလို႔ပါ"

မေမၽွာ္လင့္ထားေသာကိစၥေတြက ဤကဲ့သို႔ပင္ေရာက္လာတတ္သည္လား။ ေဆာင္ဟြန္းနည္းနည္းေတာ့စိတ္ေတြရႈပ္ေထြးသြားသည္။ အေမေသဆုံးျခင္းသည္ ကားအရွိန္လြန္ကာမေတာ္တဆေသဆုံးျခင္းဟု ပိတ္သြားခဲ့ၿပီျဖစ္ေသာအမႈအေနႏွင့္သိထားေသာ္လည္း ယခုမ်က္စိေရွ႕မွာျမင္ေနရေသာ ဤရဲသည္ ပိတ္ထားၿပီးေသာအမႈကိုျပန္လည္တူးဆြေနေၾကာင္း ေဆာင္ဟြန္း သတိျပဳမိလာသည္။

မညာတမ္းေျပာရပါလၽွင္ ေဆာင္ဟြန္းအေမ့ကိုမုန္းတီးခဲ့သည္၊ သူမ၏ေသဆုံးခဲ့ျခင္းအေပၚလဲ ဝမ္းနည္းမႈတစ္စုံတစ္ရာမရွိသလို သူမအသက္ရွင္စဥ္ကာလအတြင္း ခ်ဳပ္ကိုင္ထားခံရေသာကိုယ့္ဘဝတစ္ခုလုံးသည္လဲ အခုမွအသက္ရႈေခ်ာင္စျပဳလာသလိုခံစားရ၏။ ဘဝသစ္စကာ အေကာင္းမြန္ဆုံးေန႔ရက္ေတြကိုျဖတ္သန္းရမည့္အခ်ိန္တြင္ အတိတ္ကအေၾကာင္းအရာမ်ားအား ေနာက္တစ္ႀကိမ္ျပန္လည္တူးဆြလိုသည့္ဆႏၵေတြရွိေနေပ။

"အေမ့ကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ဘာမွမသိပါဘူး အဲ့တာေၾကာင့္ဘာမွလာမေမးပါနဲ႔ေတာ့......Ni-Ki သြားရေအာင္ အတန္းခ်ိန္နီးၿပီ"

ေဘးမွာရပ္ေနတဲ့ Ni-Kiလက္ေမာင္းကိုဆြဲကာ ေနရာမွထြက္ဖို႔ျပင္၏။

"မင္းအေမကဒီတိုင္းေသသြားတာလို႔ထင္ေနခဲ့တာမဟုတ္လား.....တကယ္ေတာ့ မင္းအေမအသတ္ခံရလို႔ေသသြားတယ္ဆိုတာကိုေရာသိလား"


To be continued........

My Essential Hoon (36)
Feb22/2022
1:44 AM

ဒီတစ္ပိုင္းကေတာ့ မထည့္တာမ်ားေနၿပီျဖစ္တဲ့Side coupleအေၾကာင္းေတြကိုျပန္ဆက္ေနတာမို႔ ကိုကိုနဲ႔ေဘ့ကိုလြမ္းေနတဲ့တဲတဲေတြရွိရင္ ခနေလးပဲ သည္းခံေပးၾကပါအုံးေနာ္ㅠ အာေခ်ာင္ေကာင္းမႈ updateလာေတာင္းတာေတြေတာင္ရွက္လို႔ဘာျပန္မေျပာနိုင္တဲ့အျဖစ္ေရာက္ေနပါၿပီ ေနာက္အာမေခ်ာင္ေတာ့ပါဘူးေနာ္ တကယ္တင္မွပဲတင္တယ္ေျပာပါေတာ့မယ္ ㅜ ㅜ❤️

ဒီေန႔ဒီခ်ိန္ထိ ေစာင့္ဖတ္ေပးေနတဲ့လူေတြကိုေက်းဇုးအမ်ားႀကီး အမ်ားႀကီးတင္ပါတယ္ရွင့္ 💝

Continue Reading

You'll Also Like

311K 9.3K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
249K 18.1K 90
as usual many dramas, emotions, fluffy , angst, and most importantly soo much love. top tae bot kook no cheating no threesom No skin ship with others
235K 10.9K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
78K 1.8K 33
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...