Unicode
မနေ့ညကလုပ်ရပ်ကြောင့်အတော်လေးအဆင်ပြေခဲ့သည်ဟုပြောရမည်။သို့ပေမယ့်လည်းယခုတွင်တော့ဘာဆက်လုပ်ရမလည်းမသိတော့။
ရည်းစားစာရေးပေးရမလား။အရမ်းများတောဆန်သွားမလား။
ဘာဆက်လုပ်ရမလည်းဆိုတာတစ်ကယ်မသိတော့ဘူး!
ကိုယ်ချစ်ရတဲ့သူဆီကအချစ်ကိုရယူဖို့ဆိုတာ ဒီလောက်ထိခက်ခဲမှန်း သူမသိခဲ့။
"ဟူး...."
အိပ်ရာပေါ်တွင်ဟိုလှိမ့် ဒီလှိမ့်လုပ်ရင်းသာ ပျင်းတွဲတွဲနှင့် သက်ပြင်းချနေမိသည်။ဖုန်းက dateကို မမျှော်လင့်ဘဲကြည့်လိုက်မိလေတော့ သင်္ကြန်ကျဖို့တောင်ဘယ်လောက်မှမလိုတော့။မနှစ်က သင်္ကြန်ကိုတော့ ရွာမှာပဲဖြတ်သန်းဖြစ်ပေမယ့်ဒီနှစ်ကရန်ကုန်ရောက်နေသည်ဆိုတော့ ကားနဲ့လျှောက်လည်ရင်ကောင်းမလား။
အရက်တွေမူးအောင်တိုက်ပြီး ဆရာလေးကိုအခွင့်အရေးယူရမလား!
အိပ်ရာပေါ်တွင်ပက်လက်လှန်ကာ လက်နှစ်ဖက်ကိုလည်းကားထားပြီး ခြေထောက်နှစ်ဖက်ကိုအနည်းငယ်ကားထားကာ မျက်နှာကျက်ကိုကြည့်ရင်းတွေးနေမိသည်။
သင်္ကြန် ဆိုတာက ပျော်ရွှင်စရာအချိန်အခါသမယ ပေမို့ ဆရာလေး အချစ်ကိုရယူဖို့အတွက်အကောင်းဆုံးပင်။
မတွေးမိခဲ့ပါ!
သူ့ဘဝမှာ ယောင်္ကျားလေးတစ်ယောက်ကို အခုလိုခက်ခက်ခဲခဲလိုက်ရလိမ့်မယ်လို့တစ်ခါမှမတွေးဖူးခဲ့။အချစ်ရေးကို မည်မျှစိတ်မဝင်စားခဲ့ဖူးဆိုပါစေဦးတော့ ယောင်္ကျားလေးတစ်ယောက်ကို ယခုလိုမျိုးလိုက်ရမယ်ဆိုတာကိုတော့ သူအိမ်မက်ပင်မမက်ဖူး ပိုဆိုးသည်က သူလိုက်ရသည့် ယောင်္ကျားလေးက ဆရာလေးဖြစ်နေသည်ကိုပင်။
ဆရာလေးကို ချစ်မိသွားလိမ့်မယ်လို့ သူယောင်လို့ပင်မတွေးမိခဲ့ဖူးပါ။
တောင်!
ဖုန်းမှအသံကြားသောကြောင့် ယူကြည့်လိုက်တော့ group chatက။
"ဘာဆက်လုပ်မှာလည်း" ဆိုတဲ့ ကိုထက်ဆီကစာပင်။Wifiနှင့်မို့အမြဲတစ်စေလိုင်းဖွင့်ထားတတ်သည့်သူ့အကျင့်ကြောင့် တစ် တင် တင်,တစ် တောင် တောင် အသံတွေက သူ့ဖုန်းတွင်အမြဲကြားနေရသည်။
တောင်!
"ဘာဆက်လုပ်မှာလည်း...ဖြေဦး"
ထပ်၍ပို့လာသောစာအားကြည့်ရင်း.
"မသိဘူး"
ပြန်လိုက်သောစာတိုအား ဟိုနှစ်ယောက်က ကြည့်ပြီး Haha reactအားပေးလာသည်။
"အဲ့လိုပြတ်သားရမယ်"
ကိုဖြိုး ပို့လာသောစာကြောင့် မြေ ပြုံးလိုက်သည်။
သူ့ကိုရွဲ့နေတာလေ။
"ငါတစ်ကယ်မသိတာ...မင်းတို့ ရည်းစားမထားဖူးကြဘူးလား..."
"ငါတို့သုံးယောက်ထဲမှာ ပထမဆုံး sold outဖြစ်တဲ့သူက မင်းပဲ"
"စွံလိုက်ကြတယ်ကွာ..."
ကိုဖြိုးစကားအား ရွဲ့သလိုလိုပြောပေးလိုက်တော့ ရယ်နေတဲ့ emojiလေးအားပြန်ပို့လာသည်။
"ငါပြောပြမယ် မြေ...အခုလာမယ့် သင်္ကြန်ကျ အန်တီမွန်ကိုခွင့်တောင်းပြီး မင်းတို့ခြံရှေ့မှာ အုန်းလပ်မဏ္ဏုပ်ထိုးကြမယ် မင်းရဲ့ဆရာလေးကိုလည်းဖိတ်ပေါ့...ပြီးတော့ အကြောင်းမရှိလို့ ဆရာလေးကို မတွေ့ရဘူးမှတ်လား မုန့်လုံးရေပေါ်ပေးရင်းနဲ့သွားတွေ့လို့လည်းရတယ်...သင်္ကြန်မှာအခွင့်အရေးတွေအများကြီးရတယ်နော် ကောင်းကောင်းအသုံးချ"
"ကိုထက် ပြောမှ ငါစဉ်းစားမိတယ်...အဲ့လိုလုပ်လို့ရသား ရှဲရှဲ ရှဲရှဲ"
"သိပ်တော့မမိုက်ပါဘူးကွာ...သူငယ်ချင်းကိုလင်ကောင်သားကောင်ရစေချင်လို့သာ ပံ့ပိုးပေးနေတာ တစ်ကယ်ဆို ဆရာတိမ်ရောင်လင်းလိုက်တာကို မင်းက အေးဆေးလေးနေရမှာ အခုမင်းကပြန်လိုက်နေရတယ်"
"ဘယ်သူပဲလိုက်လိုက်ပါ ကိုဖြိုးရာ...ငါ့ဘက်က လိုက်ရလို့လည်း ငါကဘာမှမဖြစ်ဘူး ပျော်တောင်ပျော်သေး"
"အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းတယ်ဟေ့...ချ ချ အားပေးတယ်"
ကိုဖြိုး၏စာအား haha reactပေးရင် သူတို့စကားဝိုင်းကိုအဆုံးသတ်လိုက်ကြတော့သည်။
ကိုထက်အကြံအားအကောင်အထည်ဖော်ရန် မေမေရှိသောဧည့်ခန်းဆီအားဒုန်းစိုင်းဆင်းသွားလေတော့ ထုံစံအတိုင်း မေမေကဧည့်ခန်းအလယ်ကခုံပေါ်မှာရှိတဲ့ပန်းအိုးထဲကို ရတနာပန်း တွေထိုးနေသည်။
"မေမေ..."
အသံတိုးတိုးလေးနှင့်ခေါ်လေတော့ မေမေက သူ့အားခေါင်းငဲ့ကြည့်ရင်း "ပြောလေ"ဆိုတဲ့ အပြုံးမျိုးနှင့်ပြုံးပြသည်။
"ဟိုလေ...အခုသင်္ကြန်ကိုလေ ကိုဖြိုးတို့ကိုထက်တို့နဲ့စုပြီး သားတို့ခြံရှေ့မှာအုန်းလပ်မဏ္ဏုပ်လေးထိုးချင်လို့...အဲ့ဒါ မေမေကခွင့်ပြုပေးပါလားလို့..."
မရဲတရဲအသံနှင့်ခွင့်တောင်းလေတော့ မေမေက သူ့အားတအံ့တဩကြည့်နေသည်။
"အလိုတော်!...မေမေ့သားလေးမှဟုတ်ပေရဲ့လား ရေစိုမှာကြောက်လို့ သင်္ကြန်ဆိုအမြဲအိမ်မှာနေတဲ့သူက ဒီနှစ်ရေကစားချင်တယ်တဲ့လား..."
"ဟုတ်..."
"သားဆန္ဒရှိရင် မေမေကခွင့်ပြုပေးပါ့မယ်ရှင်...မေမေကသားလေးကိုအခုလိုဖြစ်စေချင်တာ ဒါပေမယ့် သင်္ကြန်ကျဖို့ကတစ်ပတ်တောင်မလိုတော့ဘူး မဏ္ဏုပ်ကိုအပြီးဆောက်နိုင်ပါ့မလား"
"ဆောက်နိုင်ပါတယ် မေမေရဲ့ မဏ္ဏုပ်ကလည်းအရမ်းမကြီးဘူး အသေးစားပဲ"
"ဟုတ်ပါပြီရှင်...သဘောကျသာလုပ် ကုန်ကျစရိတ်ကို မေမေကရှင်းမယ်"
"ဟီး...မေမေ့ကိုအဲ့ကြောင့်ချစ်တာ"
မေမေ့ခါးလေးအားအပြေးဖက်လေတော့ မေမေကသူ့၏ခေါင်းလေးအားပွတ်သပ်ပေးရင်း အချွဲလေး ဆို၍ပြောလေသည်။
ဒီခန္ဓာကိုယ်ထဲနေနေရသည်မှာ စိတ်လွတ်လက်လွတ်မပျော်ရလည်း ညဘက်တွေကောင်းကောင်းမအိပ်ရလည်း သူဘာမှမဖြစ်တော့ပါ။ဝမ်းလည်းမနည်းတော့ပါ။သူ့ဘေးနားမှာရှိတဲ့ လူတွေရဲ့မေတ္တာကြောင့် သူတစ်ကယ်အေးချမ်းရပါပြီ။
စိမ်းလန်းမြေ ဆိုတဲ့သူ့ရဲ့ပုံစံအစစ်အမှန်ကို ချစ်ပေးနေတာမဟုတ်ပေမယ့်လည်းပေါ့။
.................................
.................................
"ဆရာလေး!...ဆရာလေး!"
ဆရာလေးခြံရှေ့တွင်ရပ်ကာ ဆရာလေးအားအော်ခေါ်နေမိသည်။
လာမယ်လို့ပြောထားရက်နဲ့အခုချိန်ထိခြံတံခါးထွက်မဖွင့်ပေးတာကိုတော့ သူတစ်ကယ်စိတ်ဆိုးမိပါသည်။နေ့လည်၁၁ခွဲကျော်လောက်ရှိပြီမို့ အပြင်မှာနေတွေကလည်းပူနေသည်မှာ သူ့အသားဖြူဖြူလေးများပါရဲနေလေပြီ။
"ဆရာလေးရေလို့....ဆရာလေး!"
သုံးခွန်းလေးခွန်းလောက်ထပ်၍ထပ်၍ခေါ်မှသာ အိမ်ထဲမှအပြေးအလွှားထွက်လာသောဆရာလေးအားတွေ့ရတော့သည်။
"တော်ပါသေးရဲ့ လာသေးလို့...အော်ခေါ်နေရတာ ကျွန်တော်အသံတွေပါဝင်ပြီးလိပ်ခေါင်းထွက်တော့မယ်"
မျက်စောင်းလေးခဲကာပြောလိုက်လေတော့ သဘောတကျရယ်လာသည်မှာဆရာလေးပင်။
"Sorryပါကွာ...ကိုယ်မကြားလိုက်မိဘူး sorry sorry"
ခြံတံခါးအားဖွင့်ရင်းဆိုလာတော့လည်း တစ်ခဏချင်း စိတ်ဆိုးပြေရသည့်သူမှာ မိမိပင်။
ချစ်နေရတဲ့သူဆိုတော့လည်း ချစ်ရသူအပေါ်စိတ်မဆိုးရက်ပါ။
"ထမင်းစားပြီးပြီလား စိမ်းလန်းမြေ"
"ဟင့်အင်း"
မေးနေသည်မို့ ပြန်ဖြေရင်းသာအိမ်ထဲသို့ဝင်လာလေသည်။
"ထမင်းစားခန်းထဲမှာစောင့်နေ ကိုယ်ထမင်းခူးလာခဲ့မယ်"
"ကျွန်တော်စားဖို့ ထမင်းတွေချက်နေတာလား...အဲ့ဒါကြောင့် ခုနက ကျွန်တော်ခေါ်နေတုန်းကမကြားတာလား...ဟုတ်လား"
ရယ်မြူးနေသော မျက်ဝန်းနှင့်စိုက်ကြည့်ကာမေးလာသောကြောင့် တိမ်ရောင်လင်းစိတ်မလုံဖြစ်ရပြန်သည်။
"မဟုတ်!...မဟုတ်ပါဘူး...အချိန်ကိုလည်းကြည့်ဦး နေ့လည်စာ စားချိန်ရောက်နေပြီ ကိုယ်စားဖို့ချက်ရင်း မင်းရောက်လာတော့ တစ်ခါတည်းမင်းပါစားမလားလို့ စေတနာနဲ့...."
"ဆရာလေး နားရွက်တွေနီလာပြီပဲ...ဆရာလေးရှက်နေတာမဟုတ်လား...ဝန်ခံလိုက်ပါဆရာလေးရယ် ကျွန်တော့်အတွက်ချက်နေတာပါလို့"
"မဟုတ်ပါဘူးဆိုကွာ..မင်းမစားလည်းနေတော့ ကိုယ့်ဘာသာပဲစားတော့မယ်"
"ဟား..ဟား..စားပါမယ်နော်...ကူပေးရဦးမလား"
"ရတယ်...ထိုင်စောင့်နေ ကိုယ်ခူးလာခဲ့မယ်"
မီးဖိုးခန်းထဲသို့ဝင်သွားသောဆရာလေးအားကြည့်ရင်းသဘောတကျပြုံးမိပြန်သည်။
ရှက်ပြီဆိုရင် နားရွက်တွေနီရဲလာတတ်တာကဆရာလေး၏အကျင့်ပင်။
အခုလည်းရှက်နေတာကိုဝန်မခံဘဲရှောင်ထွက်သွားသေးတာ။
ဆရာလေးကတော်တော်ဆိုးဆိုးလေးပဲ။
ထမင်းစားခန်းထဲထိုင်ရင်း ဟိုကြည့်ဒီကြည့်သာလုပ်နေလိုက်တော့သည်။
သူလုပ်တတ်တာဘာတစ်ခုမှမရှိတော့လည်း ထိုင်ကြည့်နေရုံပေါ့။
ထိုစဉ် ထမင်းပန်းကန်များနှင့်ရောက်လာလေသော ဆရာလေး။
"ရလား...ဆရာလေး ကူသယ်ပေးမယ်"
ခေါင်းငြိမ့်ပြသောကြောင့် ဆရာလေးလက်ထဲမှပန်းကန်များအားကူသယ်လိုက်ရင်း မီးဖိုခန်းထဲရှိ ဟင်းများအားလည်း ကူသယ်ပေးလိုက်တော့သည်။
"မွှေးနေတာပဲ....ဆရာလေးလက်ရာမစားရတာတောင်တော်တော်ကြာပြီ...အဝဆွဲပစ်မယ်"
"စားစား...မင်းအတွက်ပဲချက်ထား...အာ"
"အဲ...ဆရာလေး အလိမ်ပေါ်ပြီ ကျွန်တော်သိသားပဲ ကျွန်တော်လာမယ်ဆိုတာသိလို့ ဆရာလေးချက်ထားတာပါလို့"
မျက်နှာလေးအားဝင့်ချီပြီးပြောနေသောထိုကောင်လေးအားကြည့်ရင်း ပြုံးလိုက်သည်။
တစ်ကယ်လည်း ထိုကောင်လေးအတွက်ချက်ထားသည်ပင်။
ထမင်းများစားပြီးလေတော့ ပန်းကန်များအားကူဆေးပေးရင်း ဧည့်ခန်းထဲတွင်ထိုင်နေလိုက်သည်။
မိမိစားဖို့ စတော်ဘယ်ရီသီးများလည်းလာချထားပေးသည်။
ဆရာလေးကတော်တော်လေးကိုအလိုက်သိသည်။
"ဆို...ကိုယ့်ဆီလာရတဲ့အကြောင်းအရင်း"
"အော်...ဆရာလေးကိုလာဖိတ်တာပါ"
"လာဖိတ်တာ...ဘာအတွက်"
"သင်္ကြန်ကျအိမ်ရှေ့မှာ အုန်းလပ်မဏ္ဏုပ်ဆောက်ကြမလို့လေ...အဲ့ဒါဆရာလေးလည်းလာပါလားလို့"
"ကိုယ်ကလာဆောက်ပေးရမှာလား"
"အယ်..မဟုတ်ဘူးလေ..သင်္ကြန်ကျ အဲ့ဒီမဏ္ဏုပ်မှာရေးကစားကြမှာ အဲ့ကြောင့်ဆရာလေးပါလာကစားပါလို့ပြောတာပါ"
"မင်းက ကိုယ့်ကိုကစားစေချင်တာလား"
"ဟုတ်..."
"အဲ့ဒါဆိုလာကစားမယ်"
"တစ်ကယ်လားဟင်"
"တစ်ကယ်"
မျက်ဝန်းလက်လက်ကလေးများနှင့်ကြည့်နေသော အကောင်ပေါက်စလေးအား အသည်းယားလာမိသည်။သူ့အတွက်ကတော့ စိမ်းလန်းမြေက အမြဲစိမ်းလန်းမြေပါပဲ။အသားဖြူတဲ့ဒီကောင်လေးဖြစ်စေ အသားညိုတဲ့ရွာကကောင်လေးဖြစ်စေ အမူအရာတွေ ဟန်ပန်တွေ သူရင်းနှီးနေတဲ့မျက်ဝန်းတွေ အဲ့ဒါတွေအကုန်လုံးက မူပိုင်စိမ်းလန်းမြေရဲ့အရာတွေမို့ သူ့မျက်လုံးထဲမှာတော့ ထိုကောင်လေးဘယ်ခန္ဓာကိုယ်ထဲမှာရှိရှိ စိမ်းလန်းမြေကစိမ်းလန်းမြေပါပဲ။
သူ၏အဖိတ်ကိုလက်ခံသော ဆရာလေးကြောင့်တစ်ကယ်ပျော်ရသည်။သင်္ကြန်မှာ အခွင့်အရေးတွေအများကြီးရှိသည်မို့ သူသေချာအသုံးချရမည်။သို့ပေမယ့်လည်း အခုလိုအိမ်နေရင်းပုံစံနဲ့တောင်ကြည့်လို့ကောင်းနေတဲ့ဆရာလေးက သင်္ကြန်မှာဆိုပိုပြီးကြည့်လို့ကောင်းနေမှာ အဲ့ဒီအခါကျ စည်းမစောင့်တဲ့ မိန်းကလေးတွေနဲ့တွေ့ရင်သူကရင်မောရဦးမယ်။
ဟင်း...ဘယ်ဘဝကဆုတောင်းတွေကြောင့်ဆရာလေးကဒီလောက်ထိကြည့်ကောင်းနေရတာပါလိမ့်!
28.12.2021
။။။။။။။။။။။။။။။။။။။။။။။။။။
Zawgyi
မေန့ညကလုပ္ရပ္ေၾကာင့္အေတာ္ေလးအဆင္ေျပခဲ့သည္ဟုေျပာရမည္။သို႔ေပမယ့္လည္းယခုတြင္ေတာ့ဘာဆက္လုပ္ရမလည္းမသိေတာ့။
ရည္းစားစာေရးေပးရမလား။အရမ္းမ်ားေတာဆန္သြားမလား။
ဘာဆက္လုပ္ရမလည္းဆိုတာတစ္ကယ္မသိေတာ့ဘူး!
ကိုယ္ခ်စ္ရတဲ့သူဆီကအခ်စ္ကိုရယူဖို႔ဆိုတာ ဒီေလာက္ထိခက္ခဲမွန္း သူမသိခဲ့။
"ဟူး...."
အိပ္ရာေပၚတြင္ဟိုလိွမ့္ ဒီလိွမ့္လုပ္ရင္းသာ ပ်င္းတြဲတြဲႏွင့္ သက္ျပင္းခ်ေနမိသည္။ဖုန္းက dateကို မေမ်ွာ္လင့္ဘဲၾကၫ့္လိုက္မိေလေတာ့ သႂကၤန္က်ဖို႔ေတာင္ဘယ္ေလာက္မွမလိုေတာ့။မႏွစ္က သႂကၤန္ကိုေတာ့ ရြာမွာပဲျဖတ္သန္းျဖစ္ေပမယ့္ဒီႏွစ္ကရန္ကုန္ေရာက္ေနသည္ဆိုေတာ့ ကားနဲ႔ေလ်ွာက္လည္ရင္ေကာင္းမလား။
အရက္ေတြမူးေအာင္တိုက္ၿပီး ဆရာေလးကိုအခြင့္အေရးယူရမလား!
အိပ္ရာေပၚတြင္ပက္လက္လွန္ကာ လက္ႏွစ္ဖက္ကိုလည္းကားထားၿပီး ေျခေထာက္ႏွစ္ဖက္ကိုအနည္းငယ္ကားထားကာ မ်က္ႏွာက်က္ကိုၾကၫ့္ရင္းေတြးေနမိသည္။
သႂကၤန္ ဆိုတာက ေပ်ာ္ရႊင္စရာအခ်ိန္အခါသမယ ေပမို႔ ဆရာေလး အခ်စ္ကိုရယူဖို႔အတြက္အေကာင္းဆံုးပင္။
မေတြးမိခဲ့ပါ!
သူ႔ဘဝမွာ ေယာက်ၤားေလးတစ္ေယာက္ကို အခုလိုခက္ခက္ခဲခဲလိုက္ရလိမ့္မယ္လို႔တစ္ခါမွမေတြးဖူးခဲ့။အခ်စ္ေရးကို မည္မ်ွစိတ္မဝင္စားခဲ့ဖူးဆိုပါေစဦးေတာ့ ေယာက်ၤားေလးတစ္ေယာက္ကို ယခုလိုမ်ိဳးလိုက္ရမယ္ဆိုတာကိုေတာ့ သူအိမ္မက္ပင္မမက္ဖူး ပိုဆိုးသည္က သူလိုက္ရသၫ့္ ေယာက်ၤားေလးက ဆရာေလးျဖစ္ေနသည္ကိုပင္။
ဆရာေလးကို ခ်စ္မိသြားလိမ့္မယ္လို႔ သူေယာင္လို႔ပင္မေတြးမိခဲ့ဖူးပါ။
ေတာင္!
ဖုန္းမွအသံၾကားေသာေၾကာင့္ ယူၾကၫ့္လိုက္ေတာ့ group chatက။
"ဘာဆက္လုပ္မွာလည္း" ဆိုတဲ့ ကိုထက္ဆီကစာပင္။Wifiႏွင့္မို႔အၿမဲတစ္ေစလိုင္းဖြင့္ထားတတ္သၫ့္သူ႔အက်င့္ေၾကာင့္ တစ္ တင္ တင္,တစ္ ေတာင္ ေတာင္ အသံေတြက သူ႔ဖုန္းတြင္အၿမဲၾကားေနရသည္။
ေတာင္!
"ဘာဆက္လုပ္မွာလည္း...ေျဖဦး"
ထပ္၍ပို႔လာေသာစာအားၾကၫ့္ရင္း.
"မသိဘူး"
ျပန္လိုက္ေသာစာတိုအား ဟိုႏွစ္ေယာက္က ၾကၫ့္ၿပီး Haha reactအားေပးလာသည္။
"အဲ့လိုျပတ္သားရမယ္"
ကိုၿဖိဳး ပို႔လာေသာစာေၾကာင့္ ေျမ ၿပံဳးလိုက္သည္။
သူ႔ကိုရြဲ႔ေနတာေလ။
"ငါတစ္ကယ္မသိတာ...မင္းတို႔ ရည္းစားမထားဖူးၾကဘူးလား..."
"ငါတို႔သံုးေယာက္ထဲမွာ ပထမဆံုး sold outျဖစ္တဲ့သူက မင္းပဲ"
"စြံလိုက္ၾကတယ္ကြာ..."
ကိုၿဖိဳးစကားအား ရြဲ႔သလိုလိုေျပာေပးလိုက္ေတာ့ ရယ္ေနတဲ့ emojiေလးလားအားျပန္ပို႔လာသည္။
"ငါေျပာျပမယ္ ေျမ...အခုလာမယ့္ သႂကၤန္က် အန္တီမြန္ကိုခြင့္ေတာင္းၿပီး မင္းတို႔ၿခံေရ႔ွမွာ အုန္းလပ္မဏၰုပ္ထိုးၾကမယ္ မင္းရဲ့ဆရာေလးကိုလည္းဖိတ္ေပါ့...ၿပီးေတာ့ အေၾကာင္းမရိွလို႔ ဆရာေလးကို မေတြ့ရဘူးမွတ္လား မုန႔္လံုးေရေပၚေပးရင္းနဲ႔သြားေတြ့လို႔လည္းရတယ္...သႂကၤန္မွာအခြင့္အေရးေတြအမ်ားႀကီးရတယ္ေနာ္ ေကာင္းေကာင္းအသံုးခ်"
"ကိုထက္ ေျပာမွ ငါစဉ္းစားမိတယ္...အဲ့လိုလုပ္လို႔ရသား ရွဲရွဲ ရွဲရွဲ"
"သိပ္ေတာ့မမိုက္ပါဘူးကြာ...သူငယ္ခ်င္းကိုလင္ေကာင္သားေကာင္ရေစခ်င္လို႔သာ ပံ့ပိုးေပးေနတာ တစ္ကယ္ဆို ဆရာတိမ္ေရာင္လင္းလိုက္တာကို မင္းက ေအးေဆးေလးေနရမွာ အခုမင္းကျပန္လိုက္ေနရတယ္"
"ဘယ္သူပဲလိုက္လိုက္ပါ ကိုၿဖိဳးရာ...ငါ့ဘက္က လိုက္ရလို႔လည္း ငါကဘာမွမျဖစ္ဘူး ေပ်ာ္ေတာင္ေပ်ာ္ေသး"
"အရူးစိတ္ခ်မ္းသာရင္ ကမ႓ာႀကီးေအးခ်မ္းတယ္ေဟ့...ခ် ခ် အားေပးတယ္"
ကိုၿဖိဳး၏စာအား haha reactေပးရင္ သူတို႔စကားဝိုင္းကိုအဆံုးသတ္လိုက္ၾကေတာ့သည္။
ကိုထက္အႀကံအားအေကာင္အထည္ေဖာ္ရန္ ေမေမရိွေသာဧၫ့္ခန္းဆီအားဒုန္းစိုင္းဆင္းသြားေလေတာ့ ထံုစံအတိုင္း ေမေမကဧၫ့္ခန္းအလယ္ကခံုေပၚမွာရိွတဲ့ပန္းအိုးထဲကို ရတနာပန္း ေတြထိုးေနသည္။
"ေမေမ..."
အသံတိုးတိုးေလးႏွင့္ေခၚေလေတာ့ ေမေမက သူ႔အားေခါင္းငဲ့ၾကၫ့္ရင္း "ေျပာေလ"ဆိုတဲ့ အၿပံဳးမ်ိဳးႏွင့္ၿပံဳးျပသည္။
"ဟိုေလ...အခုသႂကၤန္ကိုေလ ကိုၿဖိဳးတို႔ကိုထက္တို႔နဲ႔စုၿပီး သားတို႔ၿခံေရ႔ွမွာအုန္းလပ္မဏၰုပ္ေလးထိုးခ်င္လို႔...အဲ့ဒါ ေမေမကခြင့္ျပဳေပးပါလားလို႔..."
မရဲတရဲအသံႏွင့္ခြင့္ေတာင္းေလေတာ့ ေမေမက သူ႔အားတအံ့တဩၾကၫ့္ေနသည္။
"အလိုေတာ္!...ေမေမ့သားေလးမွဟုတ္ေပရဲ့လား ေရစိုမွာေၾကာက္လို႔ သႂကၤန္ဆိုအၿမဲအိမ္မွာေနတဲ့သူက ဒီႏွစ္ေရကစားခ်င္တယ္တဲ့လား..."
"ဟုတ္..."
"သားဆႏၵရိွရင္ ေမေမကခြင့္ျပဳေပးပါ့မယ္ရွင္...ေမေမကသားေလးကိုအခုလိုျဖစ္ေစခ်င္တာ ဒါေပမယ့္ သႂကၤန္က်ဖို႔ကတစ္ပတ္ေတာင္မလိုေတာ့ဘူး မဏၰုပ္ကိုအၿပီးေဆာက္ႏိုင္ပါ့မလား"
"ေဆာက္ႏိုင္ပါတယ္ ေမေမရဲ့ မဏၰုပ္ကလည္းအရမ္းမႀကီးဘူး အေသးစားပဲ"
"ဟုတ္ပါၿပီရွင္...သေဘာက်သာလုပ္ ကုန္က်စရိတ္ကို ေမေမကရွင္းမယ္"
"ဟီး...ေမေမ့ကိုအဲ့ေၾကာင့္ခ်စ္တာ"
ေမေမ့ခါးေလးအားအေျပးဖက္ေလေတာ့ ေမေမကသူ႔၏ေခါင္းေလးအားပြတ္သပ္ေပးရင္း အခြၽဲေလး ဆို၍ေျပာေလသည္။
ဒီခႏၶာကိုယ္ထဲေနေနရသည္မွာ စိတ္လြတ္လက္လြတ္မေပ်ာ္ရလည္း ညဘက္ေတြေကာင္းေကာင္းမအိပ္ရလည္း သူဘာမွမျဖစ္ေတာ့ပါ။ဝမ္းလည္းမနည္းေတာ့ပါ။သူ႔ေဘးနားမွာရိွတဲ့ လူေတြရဲ့ေမတၲာေၾကာင့္ သူတစ္ကယ္ေအးခ်မ္းရပါၿပီ။
စိမ္းလန္းေျမ ဆိုတဲ့သူ႔ရဲ့ပံုစံအစစ္အမွန္ကို ခ်စ္ေပးေနတာမဟုတ္ေပမယ့္လည္းေပါ့။
.................................
.................................
"ဆရာေလး!...ဆရာေလး!"
ဆရာေလးၿခံေရ႔ွတြင္ရပ္ကာ ဆရာေလးအားေအာ္ေခၚေနမိသည္။
လာမယ္လို႔ေျပာထားရက္နဲ႔အခုခ်ိန္ထိၿခံတံခါးထြက္မဖြင့္ေပးတာကိုေတာ့ သူတစ္ကယ္စိတ္ဆိုးမိပါသည္။ေန့လည္၁၁ခြဲေက်ာ္ေလာက္ရိွၿပီမို႔ အျပင္မွာေနေတြကလည္းပူေနသည္မွာ သူ႔အသားျဖဴျဖဴေလးမ်ားပါရဲေနေလၿပီ။
"ဆရာေလးေရလို႔....ဆရာေလး!"
သံုးခြန္းေလးခြန္းေလာက္ထပ္၍ထပ္၍ေခၚမွသာ အိမ္ထဲမွအေျပးအလႊားထြက္လာေသာဆရာေလးအားေတြ့ရေတာ့သည္။
"ေတာ္ပါေသးရဲ့ လာေသးလို႔...ေအာ္ေခၚေနရတာ ကြၽန္ေတာ္အသံေတြပါဝင္ၿပီးလိပ္ေခါင္းထြက္ေတာ့မယ္"
မ်က္ေစာင္းေလးခဲကာေျပာလိုက္ေလေတာ့ သေဘာတက်ရယ္လာသည္မွာဆရာေလးပင္။
"Sorryပါကြာ...ကိုယ္မၾကားလိုက္မိဘူး sorry sorry"
ၿခံတံခါးအားဖြင့္ရင္းဆိုလာေတာ့လည္း တစ္ခဏခ်င္း စိတ္ဆိုးေျပရသၫ့္သူမွာ မိမိပင္။
ခ်စ္ေနရတဲ့သူဆိုေတာ့လည္း ခ်စ္ရသူအေပၚစိတ္မဆိုးရက္ပါ။
"ထမင္းစားၿပီးၿပီလား စိမ္းလန္းေျမ"
"ဟင့္အင္း"
ေမးေနသည္မို႔ ျပန္ေျဖရင္းသာအိမ္ထဲသို႔ဝင္လာေလသည္။
"ထမင္းစားခန္းထဲမွာေစာင့္ေန ကိုယ္ထမင္းခူးလာခဲ့မယ္"
"ကြၽန္ေတာ္စားဖို႔ ထမင္းေတြခ်က္ေနတာလား...အဲ့ဒါေၾကာင့္ ခုနက ကြၽန္ေတာ္ေခၚေနတုန္းကမၾကားတာလား...ဟုတ္လား"
ရယ္ျမဴးေနေသာ မ်က္ဝန္းႏွင့္စိုက္ၾကၫ့္ကာေမးလာေသာေၾကာင့္ တိမ္ေရာင္လင္းစိတ္မလံုျဖစ္ရျပန္သည္။
"မဟုတ္!...မဟုတ္ပါဘူး...အခ်ိန္ကိုလည္းၾကၫ့္ဦး ေန့လည္စာ စားခ်ိန္ေရာက္ေနၿပီ ကိုယ္စားဖို႔ခ်က္ရင္း မင္းေရာက္လာေတာ့ တစ္ခါတည္းမင္းပါစားမလားလို႔ ေစတနာနဲ႔...."
"ဆရာေလး နားရြက္ေတြနီလာၿပီပဲ...ဆရာေလးရွက္ေနတာမဟုတ္လား...ဝန္ခံလိုက္ပါဆရာေလးရယ္ ကြၽန္ေတာ့္အတြက္ခ်က္ေနတာပါလို႔"
"မဟုတ္ပါဘူးဆိုကြာ..မင္းမစားလည္းေနေတာ့ ကိုယ့္ဘာသာပဲစားေတာ့မယ္"
"ဟား..ဟား..စားပါမယ္ေနာ္...ကူေပးရဦးမလား"
"ရတယ္...ထိုင္ေစာင့္ေန ကိုယ္ခူးလာခဲ့မယ္"
မီးဖိုးခန္းထဲသို႔ဝင္သြားေသာဆရာေလးအားၾကၫ့္ရင္းသေဘာတက်ၿပံဳးမိျပန္သည္။
ရွက္ၿပီဆိုရင္ နားရြက္ေတြနီရဲလာတတ္တာကဆရာေလး၏အက်င့္ပင္။
အခုလည္းရွက္ေနတာကိုဝန္မခံဘဲေရွာင္ထြက္သြားေသးတာ။
ဆရာေလးကေတာ္ေတာ္ဆိုးဆိုးေလးပဲ။
ထမင္းစားခန္းထဲထိုင္ရင္း ဟိုၾကၫ့္ဒီၾကၫ့္သာလုပ္ေနလိုက္ေတာ့သည္။
သူလုပ္တတ္တာဘာတစ္ခုမွမရိွေတာ့လည္း ထိုင္ၾကၫ့္ေနရံုေပါ့။
ထိုစဉ္ ထမင္းပန္းကန္မ်ားႏွင့္ေရာက္လာေလေသာ ဆရာေလး။
"ရလား...ဆရာေလး ကူသယ္ေပးမယ္"
ေခါင္းၿငိမ့္ျပေသာေၾကာင့္ ဆရာေလးလက္ထဲမွပန္းကန္မ်ားအားကူသယ္လိုက္ရင္း မီးဖိုခန္းထဲရိွ ဟင္းမ်ားအားလည္း ကူသယ္ေပးလိုက္ေတာ့သည္။
"ေမႊးေနတာပဲ....ဆရာေလးလက္ရာမစားရတာေတာင္ေတာ္ေတာ္ၾကာၿပီ...အဝဆြဲပစ္မယ္"
"စားစား...မင္းအတြက္ပဲခ်က္ထား...အာ"
"အဲ...ဆရာေလး အလိမ္ေပၚၿပီ ကြၽန္ေတာ္သိသားပဲ ကြၽန္ေတာ္လာမယ္ဆိုတာသိလို႔ ဆရာေလးခ်က္ထားတာပါလို႔"
မ်က္ႏွာေလးအားဝင့္ခ်ီၿပီးေျပာေနေသာထိုေကာင္ေလးအားၾကၫ့္ရင္း ၿပံဳးလိုက္သည္။
တစ္ကယ္လည္း ထိုေကာင္ေလးအတြက္ခ်က္ထားသည္ပင္။
ထမင္းမ်ားစားၿပီးေလေတာ့ ပန္းကန္မ်ားအားကူေဆးေပးရင္း ဧၫ့္ခန္းထဲတြင္ထိုင္ေနလိုက္သည္။
မိမိစားဖို႔ စေတာ္ဘယ္ရီသီးမ်ားလည္းလာခ်ထားေပးသည္။
ဆရာေလးကေတာ္ေတာ္ေလးကိုအလိုက္သိသည္။
"ဆို...ကိုယ့္ဆီလာရတဲ့အေၾကာင္းအရင္း"
"ေအာ္...ဆရာေလးကိုလာဖိတ္တာပါ"
"လာဖိတ္တာ...ဘာအတြက္"
"သႂကၤန္က်အိမ္ေရ႔ွမွာ အုန္းလပ္မဏၰုပ္ေဆာက္ၾကမလို႔ေလ...အဲ့ဒါဆရာေလးလည္းလာပါလားလို႔"
"ကိုယ္ကလာေဆာက္ေပးရမွာလား"
"အယ္..မဟုတ္ဘူးေလ..သႂကၤန္က် အဲ့ဒီမဏၰုပ္မွာေရးကစားၾကမွာ အဲ့ေၾကာင့္ဆရာေလးပါလာကစားပါလို႔ေျပာတာပါ"
"မင္းက ကိုယ့္ကိုကစားေစခ်င္တာလား"
"ဟုတ္..."
"အဲ့ဒါဆိုလာကစားမယ္"
"တစ္ကယ္လားဟင္"
"တစ္ကယ္"
မ်က္ဝန္းလက္လက္ကေလးမ်ားႏွင့္ၾကၫ့္ေနေသာ အေကာင္ေပါက္စေလးအား အသည္းယားလာမိသည္။သူ႔အတြက္ကေတာ့ စိမ္းလန္းေျမက အၿမဲစိမ္းလန္းေျမပါပဲ။အသားျဖဴတဲ့ဒီေကာင္ေလးျဖစ္ေစ အသားညိုတဲ့ရြာကေကာင္ေလးျဖစ္ေစ အမူအရာေတြ ဟန္ပန္ေတြ သူရင္းႏွီးေနတဲ့မ်က္ဝန္းေတြ အဲ့ဒါေတြအကုန္လံုးက မူပိုင္စိမ္းလန္းေျမရဲ့အရာေတြမို႔ သူ႔မ်က္လံုးထဲမွာေတာ့ ထိုေကာင္ေလးဘယ္ခႏၶာကိုယ္ထဲမွာရိွရိွ စိမ္းလန္းေျမကစိမ္းလန္းေျမပါပဲ။
သူ၏အဖိတ္ကိုလက္ခံေသာ ဆရာေလးေၾကာင့္တစ္ကယ္ေပ်ာ္ရသည္။သႂကၤန္မွာ အခြင့္အေရးေတြအမ်ားႀကီးရိွသည္မို႔ သူေသခ်ာအသံုးခ်ရမည္။သို႔ေပမယ့္လည္း အခုလိုအိမ္ေနရင္းပံုစံနဲ႔ေတာင္ၾကၫ့္လို႔ေကာင္းေနတဲ့ဆရာေလးက သႂကၤန္မွာဆိုပိုၿပီးၾကၫ့္လို႔ေကာင္းေနမွာ အဲ့ဒီအခါက် စည္းမေစာင့္တဲ့ မိန္းကေလးေတြနဲ႔ေတြ့ရင္သူကရင္ေမာရဦးမယ္။
ဟင္း...ဘယ္ဘဝကဆုေတာင္းေတြေၾကာင့္ဆရာေလးကဒီေလာက္ထိၾကၫ့္ေကာင္းေနရတာပါလိမ့္!
28.12.2021