"ကိုယ်မင်းကို အရမ်းချစ်တာ..…"
ဒီစကားလေးက သူ့နှလုံးသားထိပါ နွေးထွေးသွားတာ ။ ဒီလူကြောင့် သူအရာရာ စွန့်လွှတ် ဖို့ထိုက်တန်ပါရက်လေ !
"ငါယုံပါတယ် "
ယုံကြည်ခြင်းဆိုတာ ပါးစပ်ဖျားကနေလဲ ပေးလို့ရတဲ့အရာမဟုတ်သလို နားထဲမှာပဲ ကြားကောင်းအောင် နားထောင်ပေးရတာ မဟုတ်ဘူး ။ နှလုံးသားကနေ
ပြောတာကိုနှလုံးသားနဲ့ ခံစားယုံကြည်ပေးတာ ။ ဒါကို သူတို့နှစ်ယောက်လုံးရဲ့ ရင်ထဲနှလုံးသားထဲက လာတဲ့အသံ
သူ့ရင်ခွင်ထဲ တိုး၀င်နေတဲ့ ချစ်ရသူလေးကို ကြည့်ပြီး ဆံပင်လေးကို တိုးတိုက်နမ်းမိသည်။ ဆံပင်တွေက တစ်ဆင့် ခပ်မို့မို့မောက်မောက်နှဖူးပြင်လေးကို သူမြတ်မြတ်နိုးနိုး နမ်းမိတယ်။
တစ်ယောက်သော သူကလဲ မြတ်မြတ်နိုးနိုးနဲ့ နမ်းပေးနေသလို တစ်ယောက်သော သူကလဲ အနမ်းတွေကို နှစ်သက်မြတ်နိုးစွာ ခံယူတယ်။ ဖူးငုံနေတဲ့ နှုတ်ခမ်းလေးကို နူးညံ့ညင်သာစွာ ထိတွေ့တော့လဲ တစ်ဖက်က နူးညံ့စွာ တုန့်ပြန်ပေးတယ်။ ဒီအနမ်း ဒီအထိအတွေ့သည် ရမ္မက်လို့ မဆိုနိုင် အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှပတဲ့ အရာတွေ
/
/
/
သူတို့ ခိုးတွေ့နေတာအခုဆို တစ်ပတ်လောက်ရှိပြီ စာကြည့်တိုက်က အခုတော့ သူတို့နှစ်ယောက်ရဲ့ ခိုးတွေ့စရာ နေရာလေးပေါ့ ချစ်စကားလေးတွေ ပြောမကုန်သလို ထယ်ယောင်းရဲ့ ဟာသတွေက ကြားမှာ ဂျီမင်ရဲ့ ရီသံလွင့်လွင့်လေးနဲ့ တစ်သောသော သဘောကျနေမိတယ်။ တွေ့ရတဲ့ အချိန်ခဏလေးမှာ ဘယ်အရာကမှ သူတို့ ကြား၀င်မခံ
ဒီနေ့လဲ သူစောင့်နေခဲ့တယ် ထယ်ယောင်းမလာပါ။
တစ်ရက်
နစ်ရက်
သုံးရက်
ထယ်ယောင်းပေါ်မလာပါ ။ ပေါ်မလာတဲ့သူအတွက် ရင်ပူရတာလဲ စက္ကန့်နဲ့အမျှပဲ။ ဟူး ဘာတွေ ဖြစ်နေလို့လဲ ထယ်ယောင်းရယ် ငါရင်တွေ ပူလိုက်တာ !
တစ်ယောက်သော သူကို စိတ်ပူနေရတယ်ဆိုကာမှ သူပါးပါးနဲ့လဲ အခုတစ်လော စကားမပြောဖြစ်ချေ။ သူလဲ သွားပြီး စကားမပြောဖြစ်ဘူး ။
"ဂျီမင် "
ကျောင်းခန်းထဲ ၀င်ကာမှ ခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်တော့
"ဂျွန်.... "
" ဂျွန် ကျွန်တော့်ဆီ လာတာလား ?"
" အင်း ဟုတ်တယ် အချိန်ရတယ် မဟုတ်လား ?"
" ...... "
သူပြန်မဖြေနိုင်ပါ ။ အချိန်ရလာဆိုတော့ ..
"ကိုယ် သိပါတယ် မင်းစောင့်ကြည့်ခံနေရတာ "
"ထယ်ယောင်း ပြောတာလား ?"
"အင်း "
"ထယ်ယောင်းကို အခုတစ်လော တွေ့သေးလားဂျွန် "
သူထယ်ယောင်းကို သူငယ်ချင်းဆီက ဖုန်းနဲ့ ဆက်လဲ ဖုန်းက စက်ပိတ်ထားတယ်။ ဂျွန်က တစ်စုံတစ်ရာကို ပြောသင့်မပြောသင့် စဉ်းစားပြီးတော့မှ
" ကိုယ် ဂျီမင်ကို လာပြောပြတာ ထယ်ယောင်း Car accident ဖြစ်လို့ "
"ဗျာ..."
ဒီဗျာ ရဲ့ နောက်မှာ အံ့ဩမှုတွေ မယုံကြည်နိုင်မှုတွေ စိုးရိမ်မှုတွေက အလုံးအရင်း... ရပ်နေတဲ့ ခြေထောက်တွေတောင်မခိုင်တော့သလိုပဲ ထယ်ယောင်းက ကားမောင်းကြမ်းတဲ့ လူလဲ မဟုတ်ပါ ဘယ်လိုဖြစ်ပြီး!!
" ဘယ်လိုဖြစ်ပြီး..."
ဂျီမင်ရဲ့ မျက်ရည်စတွေက မျက်၀န်းအိမ်ထဲမှာ တွဲခိုသွားမိသည်။
" ထယ်ယောင်း ကားရပ်နေတာကို အနောက်က ကားက ၀င်တိုက်တာ "
"ဟင့် ...."
ဒါကြောင့် ထယ်ယောင်း သူ့ဆီ မလာတာကို သူမှာတော့ အလုပ်ရှုပ်နေလို့ မအားဘူး ထင်နေခဲ့တာ အခုကျ
" သွားတွေ့ချင်လား ?"
ဂျွန်က မေးတော့ သူခေါင်းလဲမညိတ်မိသလိုခေါင်းလဲ မခါမိ။
" ဘယ်သူ ၀င်တိုက်လဲ သိလား ?"
"ဟင့် "
ဂျွန်ရဲ့ မေးခွန်းကြောင့် ဂျီမင် ဂျွန့်မျက်နှာကိုကြည့်လိုက်သည်။ ဂျွန်မျက်လုံးတွေက ဟင့်အင်း မဟုတ်ဘူး မဖြစ်နိုင်ဘူး ...
/
/
အတန်းချိန်တောင်မတက်ပဲ သူဒီနေ့ အိမ်ကို အမြန်ပြန်ခဲ့သည်။ အခန်းထဲမှာပဲ ရှိနေတဲ့ ပါးပါးကို သူသွားတွေ့တော့ စာပွဲပေါ်မှာ laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ သူ့အဖေ
" တံခါးခေါက်ရမယ်ဆိုတာ မင်း နားမလည်တော့ဘူးလား ? ပတ်ဂျီမင် "
သူတကယ် ပါးပါးကို ဒေါသထွက်နေတာမို့ တံခါးမခေါက်ပဲ ၀င်သွားလိုက်မိတယ်။ ဒီလိုအချိန်မှာ သူဘယ်လို ဆင်ခြင်တုံတရားရှိနိုင်မှာလဲ ?
"ဘာကြောင့် အဲလောက်တောင်လုပ်ရက်ရတာလဲ ?"
သူသိနေတယ် ဂျွန်ပါးစပ်က သူပါးပါး တိုက်လိုက်ပါတယ်လို့ မပြောပေမဲ့ မျက်၀န်းတွေကတော့ မင်းအဖေတိုက်လိုက်တာလို့ ပြောချင်နေတာ
"ဘာကြောင့်လဲ လုပ်ချင်ရင် ကျွန်တော်ကို လုပ်လို့ရတယ် သတ်ပဲ သတ်သတ် ရိုက်ပဲရိုက်ရိုက် "
ဂျွန်အရှေ့မှာ မကျဆင်းသေးတဲ့ မျက်ရည်တွေက သူ့အဖေရှေ့မှာတော့အလုံးအရင်းနဲ့ ကျဆင်းနေမိတယ်။
" ငါမင်းကိုဘာပြောခဲ့လဲ ပတ်ဂျီမင် "
Laptop ပေါ်မှာ လက်ချောင်းလေးတွေ ပြေးလွှားနေတာကို ရပ်ရင်း သူ့ဘက်ကို လှည့်ကြည့်သည်။
" ဘာလို့လဲ မင်းငါပြောတာကို ဂရုစိုက်ခဲ့လို့လား ?"
ခိုးတွေ့နေတာကို သူမသိဘူးများ ထင်နေကြတာလား ? ဟွန်း .... သူ့သားကို အဲဒီကောင်နဲ့ တွေ့ရမြင်ရတာ ရှက်လွန်းလို့ ကိုယ်မျက်နှာကိုယ် ဓားနဲ့ လှီးပစ်ချင်ခဲ့တာ
" ဒါပေမဲ့ သားက တွေ့ချင်တာမို့ သားကိုပဲ ပါးပါးလုပ်သင့်တယ် မဟုတ်လား ?"
သေချာနေပြီပဲ သူ့ပါးပါးက ထယ်ယောင်းကို ကားနဲ့ တိုက်ခဲ့တာ ဘယ်လ်ိုစိတ်နဲ့များလဲ ပါးပါးရယ် သူများအသားနာမှာတောင် ကြောက်ခဲ့တဲ့ သူက ကားနဲ့ တိုက်ပစ်ရအောင်ထိ
" ငါ မင်းကို ပြောသားပဲ ငါဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာ ပတ်ဂျီမင် မင်းကို ငါပြောခဲ့သားပဲ "
သူ့သားဆီကို လာလာတွေ့နေတာမို့ တိုက်ပစ်ခဲ့တာ ကျန်တာ မစဉ်းစားပဲ သူအတ္တကြီးမှန်း သူသိတယ် ။ ဒါပေမဲ့ အဲ့အတ္တတွေကလဲ သူ့သားကို ချစ်တဲ့ အတ္တတွေပဲ သူ့သား လမ်းမှားထဲကို မရောက်သွားဖို့ပဲ ။
" သား သူမရှိရင် မနေနိုင်ဘူး "
"ဘာ..."
အဖေရှေ့မှာ သားတစ်ယောက်က သူစိမ်းတစ်ယောက်မရှိရင် မနေနိုင်ဘူးဆိုတာ ဘယ်လောက်ရင်နာစရာကောင်းလဲ ?
" မင်းကောင်က ဘာတွေ အဲ့လောက်ကောင်းနေလို့ အဲလောက်တန်းတန်းဆွဲဖြစ်နေတာလဲ အဲ့ကောင်ကို ဟမ်....
"အဲကောင်နဲ့ လမ်းခွဲဖို့ပဲ မင်းလုပ်မဟုတ်ရင် မင်းကောင်အသက်တောင် ရှင်ခွင့်ပေးမှာ မဟုတ်တော့ဘူး "
"ပါးပါး..."
မဖြစ်တော့ဘူး ။ သူ့သားက ကြာရင် ကင်ထယ်ယောင်းနဲ့ တန်းတန်းဆွဲ ဖြစ်သွားနိုင်တာ
သူခွင့်မပြုနိုင်ဘူး
" ဒီနှစ်လအတွင်း မင်းသူ့ကို အဆက်ဖြတ် "
"ဟင့်အင်း သားသူနဲ့ လမ်းခွဲမပေးနိုင်ဘူး သားကို သတ်ချင်လား သတ်လိုက်ရတယ် ထယ်ယောင်းကိုတော့ ထပ်မထိပါနဲ့ "
သူ့အဖေရှေ့မှာ ဒူးထောက်ပြီး တောင်းပန်လိုက်တယ်။ သူ့အဖေ ဘယ်လောက်ထိ လုပ်နိုင်လဲ ဆိုတာ သူသိတယ်။ သူ့အဖေက သွေးအေးသွားရင် ဘာလုပ်တက်လဲ ဆိုတာလဲ သူသိတယ်။
"ပတ်ဂျီမင်.. ဟာကွာ.. "
အဖေတစ်ယောက်ရှေ့မှာ ပထမဆုံး ဒူးထောက်မှုက သူစိမ်းတစ်ယောက်အတွက်တဲ့ ဟာ..
ဘေးနားမှာရှိတဲ့ ပစ္စည်းတွေကိုပစ်ထုတ်လိုက်မိတယ်။ သူ့သားအပေါ် ဒေါသတွေ ပုံချလိုက်မိရင် သူ့သားအတွက် မကောင်းချေ။
သူ့သား ဒီလိုပုံစံမျိုး ဖြစ်နေတာ ပျော့ညံ့တာ သူ
မကြိုက်ပေ...
" နောက်ဆုံးအခွင့်အရေးပေးမယ် မင်းသူနဲ့ လမ်းခွဲ
ထပ်တွေ့ကြည့် အဲ့ချိန်ကျရင် မင်းကောင်အလောင်းပဲ တွေ့ရမယ် "
ခွင့်မပြုနိုင်ပါ ဘယ်လို အကြောင်းတရားမျိုးနဲ့မှ ဟုတ်တယ် သူအချစ်အကြောင်းကို အဲ့လောက် နားမလည်ဘူး ယောကျာ်းနှစ်ယောက်ရဲ့ အချစ်ကိုဆို ပိုနားမလည်ဘူး ။ သူ့အသိုင်းအဝိုင်း အမျိုးဂုဏ် မျက်နှာ မဖော်ဝံ့မယ့်ကိစ္စ သူဘယ်လို ခွင့်ပြုနိုင်မှာလဲ ?
သူ့အရှေ့ကနေ ထွက်သွားတဲ့ ပါးပါးကို သူလှည့်မကြည့်ပေ ။ သူ့ပါးပါး ထယ်ယောင်းကို ထပ်ထိမှာလဲ သူမလိုချင်ပေ ။ လမ်းလဲ မခွဲပေးနိုင်ဘူး သူဘယ်လို လုပ်ရမလဲ မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားလိုက်တာ မယုံနိုင်စရာပဲ
" တွေ့ခွင့်ပေးပါ တစ်ခါလောက် "
တံခါးနားရောက်နေတဲ့ မင်ယွန်ဂီကို ပတ်ဂျီမင် လှည့်မကြည့်ပဲ ပြောလိုက်တယ် မင်ယွန်ဂီ ပြန်မဖြေပါ ။
" ကျွန်တော် ပါးပါးပြောတဲ့အတိုင်းလုပ်ပေးမယ် ဒါကြောင့် သူ့ကို ထပ်မထိပါနဲ့ "
အရာရာ အားလုံးထက် မင်းနာကျင်မှာကို ငါက ပိုကြောက်တဲ့ သူပါ ငါ့ကိုမုန်းရင်းနဲ့ပဲ ရှင်သန်ပါ ထယ်ယောင်းရယ် !
/
/
ဆေးရုံတက်နေတာ ဒီနေ့နဲ့ဆိုငါးရက်ရှိပြီ ကားတိုက်မှုကြောင့် ရဲတွေ လာစစ်ဆေးပေမဲ့ သူအမှုပိတ်လိုက်တယ်။ အကြောင်းအရင်းက သူချစ်ရတဲ့ သူရဲ့ အဖေဖြစ်နေတာကြောင့်ပဲ ဂျီမင်အဖေသာ မဟုတ်ရင် သူကိုယ်တိုင် ကားနဲ့ပြန်တိုက်မိမလားပဲ !
မတွေ့ရတဲ့ ရက်တွေမှာ သူအဆင်ပြောပါ့မလား ဆိုတာပဲ တွေးနေမိတယ်။ ဂျွန်ကိုမေးလိုက် ဂျတ်စတင်ကို မေးလိုက်နဲ့ ဒီလူသားအပေါ် သူ့အချစ်တွေ အကုန်ပေးမိသွားတယ် ထင်ပါရက်
အခန်းတံခါးဖွင့်သံကြားလို့ ကြည့်လိုက်တော့
"ဂျီမင် ..."
ခပ်နွမ်းနွမ်းမျက်နှာလေးနဲ့ အခန်းထဲ ၀င်လာတာ သူချစ်ရတဲ့သူ
ထယ်ယောင်း လက်တစ်ဖက်က ပတ်တီးစီးထားပေးမဲ့လဲ ဂျီမင်ဆီကို သွားပြီးပွေ့ဖတ်လိုက်မိတယ်။ သူတွေ့ချင်နေတဲ့ မျက်နှာလေး
" လွမ်းလိုက်တာကွာ... "
ဒီငါးရက် သူ့ဒဏ်ရာထက် ဂျီမင် ဘယ်လို နေနေလဲပဲ စိတ်ပူနေမိတာ အခုလဲကြည့် လူနာဖြစ်တဲ့ကိုယ်ထက် သူက ပိန်သွားနေတာ ဘယ်လို စိတ်အေးနိုင်မှာတဲ့လဲ... ?
လည်တိုင်နားမှာ မျက်နှာကို တိုးတိုက်အပ်ရင်း လွမ်းကြောင်းတွေ ပြောနေမိတော့သည်။ တစ်ဖတ်က သူ့ကိုနည်းနည်းလေးမှ မတုန်ပြန်
" လမ်းခွဲရအောင်.. "
"ဟင့် ...."
ငြိမ်နေပြီးမှ စပြီး စကားပြောတာက လမ်းခွဲရအောင်တဲ့
ထယ်ယောင်းဖက်ထားရာကနေ ဖယ်ပေးလိုက်ရင်း
" ဘာပြောတယ်.. ?"
" ငါတို့လမ်းခွဲရအောင်.. "
မျက်နှာ ငုံ့ထားတာမို့ ထယ်ယောင်း လက်တစ်ဖက်နဲ့ ပင့်မလိုက်ရင်း
"ဘာပြောလိုက်တယ် ...."
"ဟုတ်တယ် ငါမင်းကို မချစ်ဘူး ငါသာယာမိယုံလေးပဲ ပြီးတော့ ငါလက်ထပ်ရမယ့် မိန်းခလေး ရှိတယ် "။
အဖြေတွေက အစီအစဉ်မကျ ဟိုရောက်ဒီရောက်နဲ့ သူ ထယ်ယောင်းမျက်နှာ ကြည့်ပြီးလဲ မပြောနိုင်ဘူး။
" ငါ့မျက်လုံးကို သေချာကြည့် ဂျီမင် ..."
"......"
"လိမ်နေတာ "
နှုတ်ခမ်းဖျားက လိမ်ချင်လိမ်လို့ရမယ် မင်းမျက်လုံးတွေက အခုထိ အချစ်ရိပ်တွေ တွေ့နေဆဲပဲ
"မင်းမျက်လုံးကို ငါမဖတ်တက်လောက်အောင်ထိ ငါ့ကိုတုံးတယ် ထင်နေလား ဂျီမင်.. "
ပုခုံးလေးကို ဆုပ်ကိုင်ရင်း အတင်းမေးနေမိတော့သည်။ သူတစ်ခုခုဖြစ်နေတာ
"ငါတို့ ထွက်ပြေးကြမလား ?"
ထွက်ပြေးမယ်တဲ့ ဘယ်နေရာက လုံခြုံနိုင်လို့လဲ ဘယ်လောက်ပုန်းပုန်း တစ်ချိန်ကျရင် သိမှာပဲ အဲ့ကျရင် သူထယ်ယောင်းကို ဆုံးရှုံးရလိမ့်မယ်။ ဟင့်အင်း မဖြစ်ဘူး သူ့ကိုမုန်းပြီး ရှင်သန်နေတာမှ ကောင်းအုံးမယ်
"ငါမင်းကိုမှ မချစ်တော့တာ ငါက ဘာလို့ မင်းနဲ့ လိုက်ပြေးရမှာလဲ ?"
"ဂျီမင် ....."
" ဟင့်အင်း ငါစိတ်ကစားမိယုံပဲ ငါအဲ့ထက်မပိုဘူး ပြီးတော့ ငါလက်ထပ်ရမယ့်သူက ငါချစ်ရတဲ့သူပဲ "
"မပြောနဲ့ ...အဲ့လိုလိမ်ညာပြီး အခြားသူကို ချစ်တယ်လို့ မပြောပါနဲ့ ဘယ်အရာက မင်းကို အဆင်မပြေအောင်လုပ်တာလဲ မင်း အဖေလား အခြားတစ်ယောက်လား ?"
နှလုံးသားကပါ နာကျင်စပြုလာပြီ
ဒီလိုပုံစံနဲ့ ငါ့ကို သတ်ကို ကြံရွယ်နေတာလား ဂျီမင်ရယ်!!
" အကြောင်းပြချက်က မလုံလောက်နေဘူး ဂျီမင် ၊ ငါလမ်းမခွဲပေးနိုင်ဘူး "
ဒါက ဂျီမင်အဖေ ပရောဂကြောင့်ဆိုတာ သူသိတယ်။ ဒါပေမဲ့ဂျီမင်က လမ်းခွဲမယ်ကြီးပြောနေတာ ဒီပြသာနာကို အတူဖြေရှင်းကြရမယ်မဟုတ်လား ?
" ကိုယ်တော့ မင်းကို ဘာအကြောင်းကြောင့်နဲ့မှ လမ်းခွဲမပေးနိုင်ဘူး "
ဖြေလျော့ထားတဲ့ ပုခုံးလေးကို ဆုပ်ကိုင်ထားရာကနေ သူရင်ခွင်ထဲကိုဂျီမင်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ် ။
"မင်းမရှိဘဲ ငါနေနိုင်မယ်လို့ ထင်နေတာလား ချစ်ရယ် "
အတူဖန်တီးခဲ့ကြတဲ့ အမှတ်တရတွေက ဘယ်လောက်တောင် များလိုက်သလဲ ? ဒီလို လွယ်လွယ်နဲ့ ပြတ်လို့ရမယ်တဲ့လား ?
"ငါတော့ မင်းမရှိဘဲနေနိုင်တယ် "
အပြတ်ဖျက်မှ ဖြစ်မှာပါ မဟုတ်ရင် ငါ့ကြောင့် မင်းနာကျင်ရမယ်။
" ငါတော့ မင်းမရှိပဲ နေနိုင်တယ် ပျော်လဲ ပျော်နိုင်တယ် "
မကျအောင် ထိန်းထားတဲ့ မျက်ရည်တွေကလဲမလွယ်လှဘူး
ထယ်ယောင်းဂျီမင် ဖက်ထားတာကနေ ဖယ်ခွာပြီး ဂျီမင်ရှေ့မှာဒူးထောက်လိုက်တယ်။
"ငါတောင်းပန်ပါတယ် ငါအရှုံးပေးတယ် င့ါဆီက ထွက်သွားဖို့က လွဲရင် ငါလိုက်လျောပေးပါ့မယ် "
" မချစ်တာက မချစ်တော့တာပဲ ထယ်ယောင်း မင်းကို ဂရုစိုက်ပေးမဲ့သူ မရှိလို့ ငါသနားမိယုံလေးပဲ အဲ့တာကို ငါအချစ်လို့ထင်တာ ဟင့်အင်းမဟုတ်ဘူး "
"ဂျီမင် ....."
"ငါ့ကို မုန်းပါလိုက်တော့ ထယ်ယောင်းရယ်
ငါကမကောင်းတဲ့ကောင်မို့ပါ.... "
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ရင်းနဲ့ပဲ ဒီအတိုင်းဆို ထယ်ယောင်း သူ့ကိုစွန့်လွှတ်မှာ မဟုတ်သလို သူလဲ ထားခဲ့နိုင်မှမဟုတ်ဘူး
" ငါအသက်မရှိတော့တာကို လိုချင်တာလား ထယ်ယောင်း မင်းက ငါအခုပင်ပန်းတယ် ငါကို လွှတ်ပေးပါတော့ "
ဟန်ဆောင်တာကို သူမကျွမ်းကျင်ပါ ။
"ဟင့်အင်း..."
တကယ်ဆို သူဆက်ပြီးဆွဲထားချင်တယ် အတူရင်ဆိုင်ချင်တယ် ဘာလို့များ ငါရှေ့မှာ အသက်မရှိတော့တာကို လိုချင်နေလားတဲ့ ငါက မင်းကို သေးသေးလေးတောင် အထိမခံနိုင်တဲ့ သူပါ ဂျီမင်ရယ်
အဲ့နေ့က ငါနှလုံးသားတွေ သေဆုံးသွားခဲ့တယ် မင်းထားရစ်ခဲ့တော့ ဘယ်အရာကမှ မင်းလောက်မမက်မောက်မောခဲ့မိတော့ ငါ့အတွက် အရာတိုင်းက အဆင်မပြေဘူးချစ်ရယ် !!
တစ်ယောက်က ချစ်ရသူ နာကျင်မှာ ဆိုးလို့ စွန့်လွှတ်ပေးတယ်။ တစ်ယောက်ကလဲ ချစ်ရသူကို မထိခိုက်စေချင်လို့ စွန့်လွှတ်ပေးတယ် အချစ်ကတော့အချစ်ပဲ မင်းတစ်ယောက်တည်းကို ချစ်တာပါလို့ မပြောရင်တောင် လက်တွေ့မှာ မင်းတစ်ယောက်ကိုပဲ ရူးရူးမိုက်မိုက်ချစ်ခဲ့တယ်။
အစထဲက ငါက စွန့်ပစ်ခံပဲ မင်းဆီက ရတဲ့ ကြင်နာမှုကိုပဲ ငါမြတ်နိုးတယ် ငါသာယာတယ် ဒါပေမဲ့ မင်းမရှိတော့ရင် ဆိုတဲ့ အတွေး တွေးရမှာထက် ငါတို့တစ်မိုးအောက်မှာ ကောင်းကင်ကြီး တစ်ခုအောက်မှာပဲ ရှိနေကြသေးတယ် မဟုတ်လား ?
/
/
မင်းကို လွမ်းတယ် ဂျီမင်ရယ် ငါတို့ မတွေ့တာတောင် 2နှစ်ကျော်ပြီး မင်းကို လွမ်းလွန်းလို့ မင်းမကြိုက်တဲ့ အရက်တွေ ဆေးလိပ်တွေကိုပဲ အဖော်ပြုနေမိတယ် ပြန်လာပါ ချစ်သူရယ် ငါ့ကို လာပြီး ဆူပါအုံး ငါမကြိုက်ဖူး မလုပ်နဲ့ ဆိုပြီး!
ထားသွားခဲ့သူထက် ကျန်ခဲ့ရတဲ့ သူက ပိုပြီး နာကျင်ရပါတယ် မင်းသိလား ?
ထပ်မသောက်နိုင်လို့ အခန်းထဲ ၀င်လိုက်တော့ အခန်းထဲမှ ပြည့်နှက်နေတာ သူအပုံလေးများစွာသာ ကျွန်တော့်မွေးနေ့မှာ သူပေးခဲ့တဲ့ ကြက်ပေါက်ရုပ်လေး သေးသေးလေးကို ကျွန်တော် ရင်ခွင်ထဲ ထည့်ပြီး သူရဲ့ အငွေ့အသက်တွေကို တမ်းတနေမိတယ် အမှတ်တရတွေ ရှိလွန်းတဲ့ ဒီအခန်းလေးမှာ ငါသေမယ် ဆိုရင်တောင် ဒီထဲမှာပဲ သေပါရစေ မင်းနဲ့ ရှိနေတယ်လို့ ခံစားရတဲ့ ခံစားချက်။ မျက်ရည်တွေ အလိုလို ကျမိတယ် ငါမငိုဘူး ငါမငိုချင်ဘူး ဒါပေမယ် မင်းနဲ့ ပတ်သက်ရင် ငါက အရူးတစ်ယောက်လိုပဲ ငါ့နှလုံးသား တစ်ခုလုံး ဆုတ်ပြတ်သတ်သွားသလို ခံစားရတယ်
ငါ့ကို မချစ်ဖူးဆိုတဲ့ စကားတစ်ခွန်းနဲ့ ထားသွားတဲ့သူရယ် မင်းပျော်နေရဲ့လား..... ?
(နောက်အပိုင်းက စပြီး အရှေ့ဆုံးအပိုင်းတွေဆီ ပြန်သွားပါပြီနော် သူတို့ဆေးရုံမှာ ပြန်တွေ့တဲ့ အပိုင်း ရောက်ပါပြီ လွတ်နေမှာဆိုးလို့)
Zawgyi
"ငါယုံပါတယ် "
/
/
/
တစ်ရက်
နစ်ရက်
သုံးရက်
"ဂျီမင် "
"ဂျွန်.... "
" ...... "
သူပြန်မဖြေနိုင်ပါ ။ အချိန်ရလာဆိုတော့ ..
"ထယ်ယောင်း ပြောတာလား ?"
"အင်း "
"ဗျာ..."
" ဘယ်လိုဖြစ်ပြီး..."
"ဟင့် ...."
" သွားတွေ့ချင်လား ?"
"ဟင့် "
/
/
သေချာနေပြီပဲ သူ့ပါးပါးက ထယ်ယောင်းကို ကားနဲ့ တိုက်ခဲ့တာ ဘယ်လိုစိတ်နဲ့များလဲ ပါးပါးရယ် သူများအသားနာမှာတောင် ကြောက်ခဲ့တဲ့ သူက ကားနဲ့ တိုက်ပစ်ရအောင်ထိ
"ဘာ..."
"ပါးပါး..."
သူခွင့်မပြုနိုင်ဘူး
"ပတ်ဂျီမင်.. ဟာကွာ.. "
မကြိုက်ပေ...
/
/
"ဂျီမင် ..."
" လွမ်းလိုက်တာကွာ... "
" လမ်းခွဲရအောင်.. "
"ဟင့် ...."
" ဘာပြောတယ်.. ?"
" ငါတို့လမ်းခွဲရအောင်.. "
"ဘာပြောလိုက်တယ် ...."
"......"
"လိမ်နေတာ "
"ဂျီမင် ....."
"ဂျီမင် ....."
"ဟင့်အင်း..."
/
/