ရှောင်းအိမ်တော်၏ ဧည့်ခန်းထဲဝယ် လူသုံးယောက်က
မျက်နှာချင်းဆိုင်အနေအထားနဲ့ ဆိုဖာအသီးသီးပေါ်၌
ထိုင်နေကြသည်။
"ဒါဆို မင်းရဲ့ birthday party ညက ငါ့ကို တမင်
အကွက်ချ စီစဥ်ခဲ့တာပေါ့"
ရှောင်းကျန့်က ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေပြီး သူ့ရှေ့က
ဟေးလျန်ကို အေးစက်စက်မျက်နှာထားဖြင့် မေးလေ၏။
"ဟုတ်ပါတယ် Mr.Sean"
ရိပေါ်ကတော့ မျက်လုံးလေး အဝိုင်းသားနဲ့ ဦးနဲ့ကျဲတို့ပြော
နေတဲ့ စကားများကို အံသြစွာ နားထောင်နေရသည်။
"အကြောင်းအရင်းက"
"မောင်..အဲ Kelvinနဲ့Mr.seanတို့ကြားမှာ ပြဿနာ
တစ်ခုခု ရှိလို့ ခုလို လုပ်ခဲ့တာဖြစ်မယ်"
ရှောင်းကျန့် ရိပေါ်ကို လှမ်းကြည့်မိတယ်။ရိပေါ်က သူ့
ဘေးနားသို့ ပြောင်းထိုင်လာပြီး အနား,နားကို ကပ်ကာ
လေသံတိုးတိုးဖြင့် ပြောလာတာက
"ဦးနဲ့ကျွန်တော့် အကြောင်းကို အကို သိနေပြီ"
babyစကားကြောင့် ရှောင်းကျန့် မျက်ခုံးတန်းတို့ အလိုလို
ပင့်တက်သွားရပြီး ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်မိ
သည်။
"အင်း..ထားပါတော့ သားနဲ့ကိုယ့်ကြားမှာ ပြဿနာလေး
နည်းနည်းရှိတယ်။အဲ့ဒါကို မကျေနပ်လို့ လုပ်တာပေါ့"
ရှောင်းကျန့်ရဲ့အပြောကို ဟေးလျန်က ခေါင်းညိတ်ပြီး
ထောက်ခံတယ်။
"ကိုယ်နဲ့marcus ဘာမှ မဖြစ်ခဲ့ဘူးမလား"
"မဖြစ်ခဲ့ပါဘူး Kelvinက Mr.ရဲ့ဝိုင်ခွက်ထဲ အိပ်ဆေး
တွေ ခတ်ပြီး အိပ်ပျော်အောင် လုပ်ခဲ့တာ။ပြီးသွားမှ သူ့
သူငယ်ချင်းတွေ အကူအညီနဲ့ Hotelက အခန်းတစ်ခန်း
ယူပြီးတော့ Mrနဲ့marcusကိုထည့်ပြီး အထင်မှားစရာ
အခြေအနေဖြစ်အောင် ဖန်တီးခဲ့တာ"
"ငါနဲ့ဟိုကောင်လေးကို Kelvinဓာတ်ပုံရိုက်ခဲ့သေးလား"
"ဟုတ်..ရိုက်တယ်။ဘာဖြစ်လို့ ပုံတွေရိုက်ယူတာလဲလို့ ကျွန်မ မေးကြည့်တော့ သူက အကြောင်းရှိလို့ ဆိုပြီး ပြောတယ်"
ဒါဆို ရိပေါ်ဖုန်းထဲသို့ ပို့ပေးလာတဲ့ ပုံတွေက အကို့ လက်ချက်
ပေါ့။
ရိပေါ်က ဒါတွေကို မသိဘဲ ဦးကို အထင်မှားနေခဲ့မိတာ။
အားနားစွာ ဦး ကိုကြည့်လိုက်တော့ ဦးက ဘာမှမဖြစ်ဘူး
ဆိုတဲ့ သဘောနဲ့ ပြုံးကာ ခေါင်းရမ်းပြတယ်။
"ပြီးတော့ Mr.က အထီးကျန်နေလို့ အဖော်ရှာပေးတဲ့ သဘောမျိုးပါတဲ့။နိုးလာလို့ သူတို့ချင်း အဆင်ပြေသွား
ရင်လည်း ကောင်းတာပဲတဲ့ အဲ့လို ကျွန်မကို ပြောပါတယ်"
ရိပေါ် အကို့ ကို ပိုလို့ စိတ်ပျက်လာမိတယ်။မိန်းမလို၊မိန်းမရ
ဥာဏ်နဲ့ ကိုယ့် ဦးလေး အရင်းကို အကောက်ကြံတာ။
"ဒီအဖြစ်အမှန်ကို ပြောပြပေးလို့ ကျေးဇူးပဲ။ဒါပေမဲ့ အရင်
ရက်တွေတုန်းက မပြောဘဲ ဘာဖြစ်လို့ ခုမှ လာပြောတာလဲ"
ထိုအခါ ဟေးလျန်မျက်နှာက ပျက်သွားပြီး ရှောင်းကျန့်ကို
မျက်ရည်အဝဲသားဖြင့် ကြည့်လာကာ စကားစပြောဖို့ အားယူ
လိုက်သလို လေပူကို တစ်ချက်မှုတ်ထုတ်သည်။
"ရိပေါ်ကို ကျဲ အားနာပါတယ်။ပြီးတော့ တောင်းပန်ပါတယ်"
စကားကို နိဒါန်းမပျိုးခင်မှာ ရိပေါ်ကို တောင်းပန်လာတာဟာ
ဘာအကြောင်းကြောင့်လဲ ဆိုတာ ရိပေါ် သိတယ်။ရိပေါ် သိ
ပြီးသား အကြောင်းအရာဖြစ်တာကြောင့် ပြုံးလိုက်ကာ
"ရတယ် ကျဲ။ကျွန်တော့်ကို ဘာမှ အားနာမနေနဲ့။ပြောစရာရှိတာသာ ဆက်ပြောပါ"
ရိပေါ် ပြောလိုက်တော့ ဟေးလျန်က စိတ်အေးသွားသလို ခေါင်းညိတ်တယ်။
"အရင်က ကျွန်မ အချစ်တစ်ခုတည်းကို ကိုးကွယ်ခဲ့မိလို့
Kelvin ပြောသမျှစကားတိုင်းကို နာခံခဲ့တာ။ခုတော့
ကျွန်မ အနစ်နာခံခဲ့သလောက် ပြန်ရလိုက်တာက စွန့်ပစ်
ခံရမှုသက်သက်ပဲ"
"ဘာဖြစ်ခဲ့တာလဲ"
ရှောင်းကျန့် သူမ ဆက်ပြောရလွယ်အောင် စကားထောက်ပေးလိုက်တယ်။
"sob' ကျွန်မ မှာ Kelvinနဲ့ရတဲ့ ကိုယ်ဝန် ရှိနေပြီ"
ထိုစကား အဆုံးမှာ ဟေးလျန်က ချုံးပွဲချ ငိုကြွေးတော့
သည်။
ရှောင်းကျန့်အနည်းငယ်တော့ အံ့သြ သွားမိ၏။
ရိပေါ်ကတော့ အာစေးမိနေတဲ့ လူတစ်ယောက်လို ဘာမှ
မပြောဘဲ ကြောင်တောင်တောင်လေး။
"ခု သားက မင်းကို တာဝန်မယူဘူးလို့ ပြောခဲ့တာလား"
"sob'ဟုတ်ပါတယ်။ဖျက်ချလိုက်လို့လည်း ပြောတယ်။
ကျွန်မ ဘာလုပ်ရမှန်းမသိလို့ Mrဆီလာပြီး တိုင်ပင်၊အသိ
ပေးတာပါ။"
ဒါကတော့ အကို အရမ်းလွန်သွားပြီ။သူများ သား၊သမီးကို
စိတ်ကြိုက်ခြေတော် တင်ပြီးမှ ခေါင်းရှောင်ပြေးတဲ့ ဆိုတော့
သိပ်ကို လူမဆန်တဲ့ လုပ်ရပ်ပဲ။အကို့ ကို ရိပေါ်ဘက်ကစပြီး
ကွာရှင်းမယ်။
"ကျဲ ဘာမှ စိတ်မပူပါနဲ့။သူ ကျဲကို တာဝန် ယူစေရမယ်လို့
ကျွန်တော် ကတိပေးတယ်"
"မလွယ်လောက်ပါဘူး.မောင်လေးရယ်။သူက မောင်လေး
ကိုထားပြီး ကျဲဆီကို မလာနိုင်ဘူးလို့ အပြတ်ပြောသွားတာ"
"ဒီလို လုပ်လို့ဘယ်ရမလဲ"
ရိပေါ်က ဒေါသထွက်စွာ ပြော၏။ရှောင်းကျန့် အနေနဲ့ကတော့
အရမ်းကို ခေါင်းခဲနေပြီ။သူ ဘာလုပ်ပေးရမလဲ။
"Mr.ကျွန်မ ဘာဆက်လုပ်ရမလဲ"
ဟေးလျန် မျက်ရိုးကိုဖိနှိပ်နေတဲ့ Mr.seanကို အားကိုး
တကြီးကြည့်၍ မေးလိုက်မိသည်။
"အင်း..ကိုယ်စခဲ့မိတဲ့ ဇာတ်လမ်းဆိုတော့ ကိုယ်ပဲ တာဝန်ယူ
အဆုံးသတ်ပေးရမှာပေါ့"
ထိုအခါ babyက ရှောင်းကျန့်ကို အထိတ်တလန့်နဲ့စိုးရိမ်
စွာ ကြည့်လာတယ်။ရှောင်းကျန့် babyလက်လေးကို ခပ်
တင်းတင်းလေး ဆုပ်ကိုင်လိုက်တယ်။ထို့နောက်တော့
ဟေးလျန်ဘက်ကို ပြန်ကြည့်လိုက်ပြီး
"ကိုယ် သားကို ဖြောင်းဖျ ပေးကြည့်မယ်"
"ဟုတ်..ကျွန်မမှာ အားကိုးစရာဆိူလို့ Mrပဲရှိတာပါ။ခုကိစ္စ
ကို ပါးပါးနဲ့မားမားကိုလည်း မပြောရဲပါဘူး။"
"အင်းပါ။ဒါနဲ့ Kelvin မင်းဆီ မလာတော့ဘူးလား"
"ကိုယ်ဝန် ကိစ္စပြောပြီးကတည်းက မလာတော့တာ။ခုဆို
နှစ်ရက်လောက်ရှိပြီ"
ရှောင်းကျန့်နဲ့ရိပေါ် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်
မိတယ်။
"ဟေ..ဒါဆို Kelvinက မင်းဆီကိုလည်း မလာဘူး။
အိမ်ကိုလည်း ပြန်မလာဘူးဆိုတော့ ဘယ်တွေများသွား
နေပါလိမ့်"
"ဒီအိမ်ကိုလည်း ပြန်မလာဘူးလား"
ဟေးလျန်ကလည်း သူတို့နှစ်ယောက်လိုပဲ အံသြ သွားတယ်
ထင်ပါရဲ့။
"မလာဘူး ကျဲ။ဘယ်တွေ သွားနေတာလဲ မသ်ိဘူး။"
"ဒါဆို Davidတို့ဆီမှာများလား"
"အေး..ဖုန်းဆက်မေးကြည့်ပါဦး။ကိုယ်က မင်းဆီမှာ ရှိမယ်
ထင်နေတာ။မင်းလာပြောမှ မင်းတို့ပြဿနာဖြစ်တာ ကိုယ်တို့
သိရတာ"
ဟေးလျန်က ပါးပေါ်က မျက်ရည်စတွေကို လက်ခုံနဲ့ဆွဲသုတ်
ပြီး လက်ကိုင်အိတ်ထဲက ဖုန်းကို ထုတ်တယ်။
ဟေးလျန်လည်း Davidဆိုတဲ့ contact nameကို
နှိပ်ပြီး ဖုန်းခေါ်လိုက်တယ်။
"ဟဲလို ငါ ဟေးလျန်ပါ"
"....."
"မေးစရာရှိလို။Kelvin နင်တို့နဲ့ရှိနေတာလား"
"........."
"ဟင်..နင်တို့နဲ့ရှိမနေဘူး ဟုတ်လား။သူ ငါ့ဆီကိုလည်း မလာဘူး။နောက်ပြီး သူ့အိမ်ကိုလည်း ပြန်မလာဘူးတဲ့၊ဘယ်သွားနေမှန်းမသိလို့"
"..........."
"အေး..ဒါဆိုလည်း အဲ့ဒီ တိုက်ခန်း လိပ်စာ ပြော"
"......####"
ဟေးလျန် ဖုန်းချလိုက်ပြီး စိုးရိမ်တဲ့မျက်နှာတွေနဲ့သူမရဲ့
စကားကို နားစွင့်နေတဲ့ Mr.seanနဲ့ရိပေါ်ကို ကြည့်ကာ
"Davidတို့နဲ့လည်း ရှိမနေဘူးတဲ့။ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်
လောက်က Davidဆီမှာ ဆေးတွေလာယူပြီး သူတို့သွား
နေကျ တိုက်ခန်းကို သွားမယ်လို့ ပြောသွားတယ်တဲ့"
"ဒါဆို အဲ့ဒီတိုက်ခန်းကို သွားကြမယ်လေ"
ရှောင်းကျန့်က အလောတကြီး ထရပ်ပြီး ပြောတယ်။
ခြေလှမ်းကျယ်ကြီးတွေနဲ့ဧည့်ခန်းထဲမှ အလျင်အမြန် ထွက်
သွားတဲ့ ရှောင်းကျန့် နောက်သို့ ရိပေါ်နဲ့ဟေးလျန်က ခပ်
သွက်သွက် လိုက်သွားကြသည်။
ပေါ်တီအောက်မှာ ရပ်ထားတဲ့ ကားနက်ကြီးထဲသို့ သူ
တို့သုံးယောက် ဝင်ထိုင်လိုက်တယ်။
"ဘယ်ကို မောင်းရမလဲ boss"
ကားရှေ့ခန်းက Ryuက မေးလာသည်။
"လိပ်စာကို ပြောပြလိုက် ဟေးလျန်"
"(*********)အဲ့ဒီလမ်းထဲက တိုက်ခန်း"
ဟေးလျန်ပြောပြီးတော့ ကားလေးက ရှောင်းခြံဝန်းထဲမှ
ထွက်ခွာသွား၏။
~~~~~~~~~~~~~~~~~~~~
"ပြောတဲ့လိပ်စာအတိုင်းဆို ဒီနေရာပဲ Boss"
တိုက်တန်းတစ်ခုရှေ့မှာ ကားလေးကို parkingထိုးလိုက်
တယ်။
သူတို့သုံးယောက် ဓာတ်လှေကားကို သုံးပြီး လေးလွှာမြောက်
အထပ်ကို တက်သွားလိုက်တယ်။
"အခန်းနံပါတ်က(***)တဲ့"
ဟေးလျန်ပြောတဲ့ အခန်းနံပါတ်ကို ရှာကြည့်လိုက်ကာ ထိုအခန်းရှေ့မှာ ရပ်တန့်လိုက်ကြတယ်။
"ဒီအခန်းလား"
"Davidပြောတဲ့အတိုင်းဆို ဒီအခန်း ဖြစ်နိုင်တယ်"
Ti..Tong~~~~~
တံခါးဘဲလ်ကို နှိပ်ပြီး ခေါ်ပေမဲ့ဘာတုံ့ပြန်မှုမှမရ။ရှောင်း
ကျန့်.စိတ်ပူစွာဖြင့် တံခါးဘဲလ်ကို အဆက်မပြတ်ဖိနှိပ်
လိုက်ပေမဲ့ တံခါးကို လာဖွင့်တဲ့ လူမရှိပါ။
ဒုန်း!!!
တံခါးကို တဒုန်းဒုန်းမြည်တဲ့အထိ ထုနေတဲ့ ရှောင်းကျန့်က
Kelvinကို ဘယ်လောက်ထိ စိုးရိမ်နေတယ်ဆိုတာ အရမ်း
သိသာလှတယ်။
"တံခါးမဖွင့်ဘူး ဘယ်လို လုပ်ကြမလဲ"
"နေဦး အခန်းpasswordကို davidကိုမေးကြည့်
လိုက်ဦးမယ်"
ဟေးလျန် Davidထံ ဖုန်းဆက်ပြန်ရပြန်တယ်။
"အခန်းpasswordက (******)"
ရှောင်းကျန့်က လျှင်မြန်စွာနဲ့နံပါတ်တွေကို ရိုက်ထည့်တယ်။
ထို့နောက်မှာတော့ ပွင့်သွားတဲ့ အခန်းတံခါး။
သူတို့သုံးယောက် အခန်းအတွင်းကို အပြေးအလွှား ဝင်မိ
ကြသည်။
"သား!!"
"အကို!"
"မောင်!"
မြင်လိုက်ရတဲ့ မြင်ကွင်းက သူတို့သုံးယောက်ကို လုံးဝရှော့ခ်
ရစေသည်။
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေတဲ့
Kelvin။ရှောင်းကျန့်တို့အနားကို သွားကြည့်လိုက်တော့
Kelvinနှုတ်ခမ်းတွေက ပြာပြီး မျက်နှာတစ်ခုလုံးကလည်း
သွေးမရှိလို ဖြူဖျော့နေတယ်။
သူလှဲနေတဲ့ဘေးက စားပွဲပေါ်မှာ အသုံးပြုပြီးသားဆေးထိုးအပ်တွေကသုံး၊လေးခုလောက် ရှိနေသလို၊ဆေး
ပြားတစ်ချို့လည်း ကျန်ရှိနေ၏။အဖြူရောင် ဆေးအမှုန့်
တွေကလည်း အိတ်သေးသေးလေးထဲမှာ အနည်းငယ်ကျန်
နေတယ်။
"သား.."
ရှောင်းကျန့် Kelvinပါးလေးကို လက်နဲ့ဖွဖွလေးပုတ်ကာ
ခေါ်ကြည့်ပေမဲ့ ဘာတုံ့ပြန်မှုမရှိ။လက်ဖျားတွေကို ကိုင်ကြည့်
လိုက်တော့လည်း အေးစက်နေ၏။
"သွားမယ် သားကို ဆေးရုံပို့ရမယ်"
အေးစက်နေတဲ့ Kelvinကိုယ်ကို ရှောင်းကျန့်က ပွေ့ချီ
ပြီး အခန်းထဲ ကတိုက်ကရိုက်ထွက်ခွာသွားတယ်။
ဘာလုပ်လို့၊လုပ်ရမှန်းမသိတဲ့တော့ ရိပေါ်နဲ့ဟေးလျန်က
ရှောင်းကျန့်နောက်သို့ ကပြာကယာလိုက်သွားသည်။
ရိပေါ်မျက်နှာက စိုးရိမ်မှုတွေ ထင်ဟပ်နေပေမဲ့ အရမ်းတော့
လှုပ်လှုပ်ရှားရှားမဖြစ်။ဟေးလျန်ကတော့ မျက်ရည်လေး
တစမ်းစမ်းဖြင့် တရှုံ့ရှုံ့ငိုကြွေးနေသည်။
Tbc#upကြာသွားတာ sorryနော်။😔
ခုရက်ပိုင်း အလုပ်လေးတွေ များနေလို့။
for zawgyi
ထိုင်နေကြသည်။
"ဟုတ်ပါတယ် Mr.Sean"
"အကြောင်းအရင်းက"
သည်။
ထောက်ခံတယ်။
ပေါ့။
ဉာဏ်နဲ့ ကိုယ့် ဦးလေး အရင်းကို အကောက်ကြံတာ။
ခံရမှုသက်သက်ပဲ"
"ဘာဖြစ်ခဲ့တာလဲ"
သည်။
ပေးတာပါ။"
ကွာရှင်းမယ်။
ကျွန်တော် ကတိပေးတယ်"
အဆုံးသတ်ပေးရမှာပေါ့"
"ဟုတ်..ကျွန်မမှာ အားကိုးစရာဆိုလို့ Mrပဲရှိတာပါ။ခုကိစ္စ
နှစ်ရက်လောက်ရှိပြီ"
မိတယ်။
နေပါလိမ့်"
ထင်ပါရဲ့။
"မလာဘူး ကျဲ။ဘယ်တွေ သွားနေတာလဲ မသိဘူး။"
သိရတာ"
"ဟဲလို ငါ ဟေးလျန်ပါ"
"....."
"........."
"..........."
"......####"
ထွက်ခွာသွား၏။
~~~~~~~~~~~~~~~~~~~~
တယ်။
"အခန်းနံပါတ်က(***)တဲ့"
"ဒီအခန်းလား"
Ti..Tong~~~~~
ဒုန်း!!!
သိသာလှတယ်။
လိုက်ဦးမယ်"
"အခန်းpasswordက (******)"
ကြသည်။
"သား!!"
"အကို!"
"မောင်!"
ရစေသည်။
နေတယ်။
"သား.."