Ch-6

10.6K 458 26
                                    

"ညကျရင် ကိုယ်နဲ့partyပွဲတစ်ခု လိုက်ခဲ့ပေးပါ့လား
bae"

"ကျွန်တော် လူများတဲ့ပွဲတွေ သွားရတာမျိုး မကြိုက်ဘူး"

"Ryu "

"ဟုတ်ကဲ့ boss"

"ကားကို အနီးဆုံး restaurantတစ်ခုကို မောင်းပေး"

Ryuလည်း bossအမိန့်အတိုင်း ဝမ်ရိပေါ်ရဲ့ကျောင်းသို့
ဦးတည်ပြီး မောင်းနေရာမှ လမ်းဘေးမှာရှိနေတဲ့ restaurant တစ်ခုမှာ ကားကို parkingထိုး
ကာ ရပ်လိုက်တယ်။

"bae ဆင်း"

"ကျောင်းသွားရဦးမှာလေ"

ကျောင်းလိုက်ပို့ပေးမယ်လို့ ပြောခဲ့တဲ့ ဦးက ခုကျတော့
စားသောက်ဆိုင် တစ်ခုမှာ ဆင်းဖို့ ပြောလာလေတယ်။

"baeနဲ့ဦး ဆွေးနွေးစရာရှိတယ်။ဒါပြီးမှ ကျောင်းကိုလိုက်ပို့ပေးမယ်"

ရိပေါ်လည်း ဦးအလိုကျ ကားပေါ်ကဆင်းပြီး ဦး ဆွဲခေါ်
ရာ နောက်သို့ လိုက်သွားလိုက်တယ်။

"ဘာ.စားမလဲ.bae"

"ဖက်ထုပ် ပဲစားတော့မယ်"

"ဖက်ထုပ်တစ်ပွဲနဲ့ black coffeeတစ်ခွက်
လာပို့ပေး"

​ရှောင်းကျန့်လည်း ဘေးက ရပ်ပြီးစောင့်နေတဲ့ waiter လေးကို မှာစရာရှိတာမှာလိုက်တော့ ထိုကောင်လေးက
ခေါင်းငုံ့၍ အရိုအသေပေးကာ ထွက်သွားတယ်။

"ခုနက စကားကိုပြန်ဆက်မယ်။ညကျရင် ဦးနဲ့party
ပွဲတစ်ခုကို အတူတူတွဲတက်ရအောင်"

"လူများတဲ့နေရာတွေကို သွားရတာမကြိုက်ဘူး။အဲ့လိုပွဲ
တွေဆို ပိုဆိုးတယ်။အနေအထိုင် ကျဥ်းကြပ်လို့"

"အဲ့ပွဲက ကိုယ်တို့လုပ်ငန်းရှင်တွေ သီးသန့်တက်ရမဲ့ party
ပွဲ"

"နေပါဦး။ကျွန်တော်နဲ့ဦးရဲ့သား လက်ထပ်ထားတယ်ဆိုတာ
ဦးရဲ့ မိတ်ဆွေတွေ သိတယ်မလား"

"အင်း..အနည်းအပါးလောက်ကတော့ သိကြမယ်ထင်တယ်"

"ဒါနဲ့များဗျာ...အကယ်၍ ကျွန်တော်နဲ့ဦးအတူ တွဲတက်ကြပြီဆိုပါတော့။တခြား လူတွေဘာပြောကြမယ်ထင်လဲ"

"တကယ်တော့ ကိုယ်က သူများအမြင်တွေကို လိုက်ပြီးဂရုစိုက်တတ်တဲ့ လူမျိုးထဲမှာ မပါဘူး"

Let F**k Together[Completed]Where stories live. Discover now