Final-Part

13.3K 433 50
                                    

"သားလေး Kateရေ သားDaddyကို သွားကြိုကြရ
အောင်"

တစ်နှစ်ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ အသားဖြူဖြူနဲ့လုံးလုံး
ကစ်ကစ် ချစ်စရာ ကလေးလေးကို ရိပေါ် ပွေ့ချီကာ ပါး
ကို ဖိနမ်းလိုက်တယ်။

နို့ဘူးစို့နေတဲ့ ကလေးလေးကို ရိပေါ် ပွေ့ချီရင်း အောက်ထပ်သို့ ဆင်းခဲ့လိုက်ကာ ခြံထဲမှာ လမ်းလျှောက်ပြီး ဦး ပြန်အလာ
ကို စောင့်ကြိုနေမိ၏။

"အိုက်ရား..သားသားလေးက နို့တွေ အရမ်းစို့လှချည်လား။
ကြည့်ပါဦး ဗိုက်ကလေးတောင် ပူတင်းနေပြီ"

ခြံထဲက ဒန်းလေးပေါ်မှာထိုင်ချပြီး ကလေးပေါက်ရဲ့ဗိုက်လေး ကို အသဲယားစွာ လက်နဲ့ခပ်ဖွဖွ ပွတ်နေတဲ့ ရိပေါ်။

"ခ်..ခ်..ခ်"

"အို့..သားသားလေးက ပါးပါး လုပ်ပေးတာကို သဘောကျ
တယ်ပေါ့..ဟုတ်လား။နေဦး..ထပ်လုပ်ဦးမယ်"

သူ့ဗိုက်လေးကို လက်နဲ့ခပ်ဖွဖွပွတ်ကာ စနောက်ပေးတာကို
ပါးအို့ဖြူဖြူလေးတွေ မို့တက်လာတဲ့အထိ ရယ်ပြီး သဘော
ကျနေတဲ့ ကလေးလေးကြောင့် ရိပေါ် ထပ်ခါ.ထပ်ခါ ပြုလုပ်ပြီး ကျီစယ်နေမိသည်။

"ဒီပါးကြီးတွေက ပါးပါးနဲ့တူတယ်။အဲ့တာကြောင့် နမ်းဦးမယ်
မွချ်!"

ရိပေါ်က ကလေးလေးကို ချိုင်းနှစ်ဖက်ကနေ ထိန်းကိုင်ပြီး
သူ့ပေါင်ပေါ်မှာ မတ်တပ်ရပ်စေကာ ကလေးရဲ့ပါးလေးတွေ
ကို တရှုံ့ရှုံ့နမ်းရှိုက်နေတယ်။

"သားသားလေး ပါးပါးကို ချစ်လား"

ရိပေါ်အမေးကို ကလေးပေါက်က နားလည်သလို ခေါင်းလေး
ညိတ်ပြတယ်။

"အမလေး..အတတ်ကလေး။အဲ့ဒါတွေကြောင့် ချစ်နေရတာကွာ..မွချ်!"

တီ...တီ...

ရိပေါ် သားသားလေးကို ချော့မြူနေတုန်း ဟွန်းသံပေး၍
ခြံထဲသို့ ဝင်လာသော ကားတစ်စီး။ဦးရဲ့ကားမှန်း ရိပေါ်
သိတာကြောင့် တကူးတကကြီး လှမ်းမကြည့်တော့ဘဲ
ကလေးနဲ့သာ ဆက်၍ ဆော့ကစားနေမိ၏။

"ကိုယ့်ရဲ့baeလေးနှစ်ယောက် ဘာတွေလုပ်နေကြတာတုန်း"

ကုတ်အကျ..ကို လက်တစ်ဖက်ပေါ်မှာတင်ထားပြီး ရှပ်အကျ..အဖြူလေးကို ကော်ဖီရောင်pantနဲ့တွဲဖက် ဝတ်ဆင်ထားတဲ့ ဦးက ရိပေါ်တို့ ရှိရာကို ခပ်သွက်သွက်လေး လျှောက်
လာနေသည်။

You've reached the end of published parts.

⏰ Last updated: Apr 03, 2022 ⏰

Add this story to your Library to get notified about new parts!

Let F**k Together[Completed]Where stories live. Discover now