Ch-8

8.9K 429 44
                                    

"ဟင်..ဝမ် ဒီနေ့ ကျောင်းမသွားဘူးလား"

Kelvinညက မ နဲ့အတူရှိနေတာမလို့ ခုမနက်မှ အိမ်ကို ပြန်လာနိုင်သည်။အိမ်ကို ပြန်ရောက်တော့ ဝမ်က ခါတိုင်း
နေ့တွေလို ကျောင်းသွားဖို့ ပြင်ဆင်ခြင်းမရှိဘဲ အိပ်ရာ
ပေါ်မှာသာ ကွေးကွေးလေး လှဲနေတယ်။

"အင်း..ကျွန်တော် ဒီနေ့နေမကောင်းလို့ ကျောင်းမသွား
ဘူး..အကို"

"မနေ့က အကောင်းကြီးပါ။ဒီနေ့မှ ဘယ်လိုဖြစ်ရတာလဲ
ဝမ်"

*ခင်ဗျား အဖေ f**kသွားလို့*ဆိုပြီး ပြောလိုက်ချင်
ပေမဲ့ တကယ်တမ်းတော့...

"ရေချိုးများသွားလို့ထင်တယ်"

အကိုက ကုတင်ပေါ်သို့ တင်ပလွှဲဝင်ထိုင်ပြီး ရိပေါ်နဖူးကို
သူ့လက်ဖဝါးနဲ့စမ်းကြည့်တယ်။

"ကိုယ်နည်းနည်းတော့ ပူနေတာပဲ"

"ဒါနဲ့..ညက အကိုဘာဖြစ်လို့ အိမ်ပြန်မလာတာလဲ"

ဝမ့် အမေးကြောင့် Kelvinဘာပြန်ဖြေလို့ ဖြေရမှန်းမသိ။

လည်ပင်းကို လက်နဲ့ပွတ်ပြီး မျက်လုံးတွေဂနာမငြိမ် ဖြစ်နေတဲ့
အကို။

"ဖြေဖို့ ခက်နေတာလား အကို"

"မ..မဟုတ်ပါဘူး..ဝမ်။ဟို..ညက ကိုယ်partyမှာသောက်
တာအရမ်းများသွားပြီး ကားမမောင်းနိုင်တော့လို့ အသိတစ်
ယောက်ဆီမှာ လိုက်အိပ် လိုက်တာပါ။"

"သြော်..."

ဝမ်က ယုံသွားသလို ခေါင်းလေးတဆတ်ဆတ်ညိတ်နေတယ်။
ထိုအခါမှ Kelvin သက်ပြင်းချနိုင်၏။

"ဝမ် နေမကောင်းရင် ကိုယ်ဒီနေ့တစ်နေ့လုံး ဝမ့် ဘေးမှာ
နေပေးမယ်လေ"

"မဟုတ်တာဗျာ...အကို့ ပါး က အလုပ်မသွားရင် ဆူနေ
လိမ့်မယ်။အဲ့ဒီတော့ အလုပ်ကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့
သွားလိုက်ပါ"

"ဝမ် မှ နေမကောင်းတာ။ကိုယ် တစ်နေ့လောက် အလုပ်
မသွားရုံနဲ့ Dadက ဘာမှမပြောလောက်ပါဘူး"

"ကျွန်တော်က အရမ်းနေမကောင်းဖြစ်နေတာမှမဟုတ်တာ။
ခိုင်းချင်တာ ရှိရင် အိမ်ကကောင်မလေးတွေ ခေါ်ခိုင်းလို့ရ
နေတာပဲလေ"

Let F**k Together[Completed]Where stories live. Discover now