Ch-23‼

10.4K 345 40
                                    

"bae"

"ဗျာ"

"မျက်လုံးလေး ခဏလောက် မှိတ်လိုက်ပါ့လား"

ရိပေါ်လည်း ဦးပြောတဲ့အတိုင်း မျက်လုံးလေး မှိတ်လိုက်တယ်။

ရှောင်းကျန့်လည်း baeမျက်လုံးမှိတ်လိုက်တာနဲ့ အစီအစဥ် ကိုအကောင်အထည်ဖော်လိုက်၏။ဘောင်းဘီအိတ်ထဲမှာ
ထည့်ပြီး ပြင်ဆင်ထားတဲ့ ကတ္တီပါဗူးအနီလေးကို ထုတ်ယူ
ကာ babyရှေ့မှာ ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်တယ်။

"ကိုယ့်ကို လက်ထပ်နိုင်မလား bae"

ကြားလိုက်ရတဲ့အသံကြောင့် ရိပေါ်မျက်လုံးကိုအလောတကြီး
ဖွင့်ကြည့်မိတော့ ဆီးကြိုနေတဲ့မြင်ကွင်းက ရိပေါ် ကိုအံ့သြ
ပျော်ရွင်စေ၏။

"အင်း..လက်ထပ်မယ်..ကျွန်တော်..ဦးကို လက်ထပ်မယ်"

မျက်ရည်လေးတွေဝဲကာ ခေါင်းတဆတ်ဆတ် ညိတ်ပြီး
အဖြေပေးလာတဲ့ babyလေးက ရှောင်းကျန့်ဘဝရဲ့
မီးပြတိုက်လေး။

ရှောင်းကျန့်က ရိပေါ်ရဲ့ဘယ်ဘက်လေးကို ညင်ညင်သာသာ
လေးဆွဲယူကာ စိန်တစ်လုံးတည်းပါတဲ့white gold
ringလေးအား ဆင်မြန်းပေးသည်။

"လက်ထပ်ပွဲကို တခမ်းတနားကြီး လုပ်မပေးနိုင်တဲ့အတွက်
ခွင့်လွှတ်နော် bae"

"ရတယ် ဦးရဲ့။ကျွန်တော့်အတွက်က အဲ့လို ပကာသန
တွေ မလိုဘူး။အဓိက,က ဦး ကျွန်တော့်ကို တစ်သက်
လုံးသစ္စာရှိရှိနဲ့ ချစ်ပေးရင် ရပြီ"

ရိပေါ်က ရှောင်းကျန့်နည်းတူ ဒူးထောက်ကာ ထိုင်ချလာ
တယ်။

"ဒူးလေးတွေ နာကုန်မယ် baeရယ်။"

"ရပါတယ် ဦးရဲ့။ကျွန်တော် အဲ့လောက် မပျော့ပါဘူး"

"ကဲပါ။ကိုယ့်အသဲလေးကို ကိုယ့်ကြောင့် နာတာကလွဲလို့
တစ်ခြား ဘယ်လိုနာကျင်မှုမျိုးမှ မရှိစေချင်ဘူး။အဲ့တာ
ကြောင့် ထ တော့နော် လိမ္မာတယ်"

"ဒါဆို ဦး လည်း ထတော့"

"ဟုတ်ပြီဗျာ။"

ရိပေါ်က အရင်ထရပ်ပြီး ရှောင်းကျန့်ကို လက်လေးကမ်း
ပေးတယ်။

ရှောင်းကျန့်လည်း ကမ်းပေးလာတဲ့baeရဲ့လက်လေးကို
ဆွဲကိုင်ပြီး မတ်တပ်ရပ်လိုက်တယ်။

Let F**k Together[Completed]Where stories live. Discover now