Ch-7

10.5K 451 26
                                    

"relax bae"

Partyပွဲသို့ သွားသည့် လမ်းတစ်လျှောက်လုံး သက်ပြင်း
တချချ ဖြစ်နေတဲ့ ကလေးကို ရှောင်းကျန့် စိတ်အေးအေး
ထားဖို့ ပြောလိုက်တယ်။

"ကျွန်တော် ကြောက်တယ်"

လက်ဖဝါးလေးကို ဆုပ်လိုက်၊ဖြန့်လိုက်လုပ်နေတဲ့ ကလေးက
စိတ်လှုပ်ရှားနေတယ်ဆိုတာ အသိသာကြီး။

ရှောင်းကျန့်လည်း.ကလေး လက်ကလေးကို အပေါ်က ထပ်၍
အုပ်ကိုင်လိုက်တယ်။

"ဦး ရှိတယ်နော်။baeဘာမှ ကြောက်စရာမလိုဘူး"

"ရောက်ပါပြီ boss"

babyမျက်နှာကို တစ်ကမ္ဘာထင်ကာ ကြည့်နေမိတဲ့သူက
Ryuပြောမှ Hotelရှေ့ကို ရောက်မှန်းသိသည်။

"ဆင်းရအောင် bae"

ရှောင်းကျန့် ကားပေါ်ကဆင်းပြီး babyရှိရာဘက်ခြမ်း
သို့ပတ်သွားကာ ကားတံခါးကို ဆွဲဖွင့်ပေးလိုက်တယ်။

"ဦး လက်ကို ကိုင်ပြီး ဖြေးဖြေးလေး ဆင်းနော်.."

ရိပေါ်လည်း ကမ်းပေးထားတဲ့ ဦးရဲ့လက်ကိုကိုင်ပြီး ကားပေါ်က ဆင်းလိုက်သည်။

"အာ့!..ဦး"

High Wheelကြောင့် ခြေချော်သွားတဲ့ ရိပေါ်က ရှောင်းကျန့် ရင်ခွင်ထဲ ပစ်ကျသည်။

ရှောင်းကျန့်လည်း သူ့ရင်ခွင်ထဲ ပစ်ကျလာတဲ့ ကလေးကိုယ်
လေးကို ခါးကနေ ဖက်ကာ ထိန်းထားလိုက်တယ်။

"ကျွန်တော် မရလောက်ဘူး..ဦး"

ရင်ခွင်ထဲကနေ မော့ကြည့်ကာ ပြောလာတဲ့ အကောင်ပေါက်
က သိပ်ကို လှနေသည်။

"ဒီလိုသွားရင်..မရစရာ အကြောင်းမရှိပါဘူး baeရယ်"

"ဦး..."

ရိပေါ်ခါးကို လက်တစ်ဖက်နဲ့သိမ်းဖက်ကာ ပုခုံးချင်းယှဥ်
လျှောက်လိုက်တဲ့ ဦး။

ရှောင်းကျန့်လည်း babyခါးလေးကို လက်တစ်ဖက်နဲ့သိုင်းဖက်ကာ မလဲအောင်ထိန်းပေးရင်း Hotelထဲသို့ ဝင်လိုက်တယ်။

"လာဗျာ...Mr.Sean"

သူ့ကို ဆီးကြိုဧည့်ခံနေတဲ့ လုပ်ငန်းရှင်တစ်ချို့ကို ရှောင်းကျန့်
ပြန်ပြုံးပြလိုက်တယ်။

Let F**k Together[Completed]Dove le storie prendono vita. Scoprilo ora