Ch-17

7K 370 30
                                    

"ညနေကျလျှင် ဟေးလျန်ရဲ့မွေးနေ့ပွဲရှိတယ် baby"

ခုရက်ပိုင်းအိမ်မှာ သိပ်မကပ်တဲ့ အကို့ကြောင့် ရိပေါ်နဲ့
ဦး တို့ အရင်လို နီးနီးကပ်ကပ် ပြန်နေဖြစ်ကြတယ်။ခု
လည်း ဦးရဲ့အခန်းထဲသို့ ရိပေါ် ရောက်နေခြင်း။

ရှောင်းကျန့် က ကုတင်ခေါင်းရင်းကို ကျောမှီပြီး ခပ်လျောလျောထိုင်နေကာ ရိပေါ်က ရှောင်းကျန့်၏ ပေါင်ကြားထဲ
တွင် ဝင်ထိုင်ပြီး ရှောင်းကျန့်ကို မှီထားသည်။

"ဦး သွားမလို့လား"

"သွားမှ ဖြစ်မယ်လေ baeရယ်။လုပ်ငန်းပါတနာဖြစ်တဲ့
အပြင် သားနဲ့လည်းပတ်သတ်နေတော့ မသွားရင် မကောင်း
ဘူး"

"ဦးပြောတာမှန်ပါတယ်။သွားလိုက်ပေါ့"

"baeလိုက်ခဲ့မလား"

ထိုအခါ ရှောင်းကျန့်လက်ချောင်းတွေကို ကစားနေတဲ့ babyကငြိမ်သွားပြီး ခဏကြာတော့ ခေါင်းရမ်းတယ်။

"မလိုက်ဘူး။ခဏ ခဏဆိုရင် အကိုရိပ်မိတော့မယ်။
နောက်ပြီး ကျွန်တော်လည်း မိန်းကလေးလို ထပ်မဝတ်
ချင်တော့ဘူး"

"ဟင်း....ကိုယ်က ဘယ်သွားသွား baeကို ခေါ်သွားချင်တာ"

သက်ပြင်းချရင်း ပြောလာတဲ့ ဦး။အမှန်တကယ်တော့ ဦး
သွားရာနောက်ကို ရိပေါ်လည်း အမြဲလိုက်ချင်ပါသည်။ဒါ
ပေမဲ့ အကိုက ခုတလော ရိပေါ်ကို သံသယ အကြည့်တွေ
နဲ့ကြည့်လေ့ရှိတာကြောင့် ခဏ ခဏဆိုရင် ရိပ်မိသွားနိုင်
သည်။ဒီတစ်ခေါက်တော့ ဦး ဆန္ဒကို ရိပေါ် မလိုက်လျော
နိုင်။

"နောက်ကျမှ အခြေအနေပေးရင် အတူတူလျှောက်သွား
ကြမယ်လေ။ခုတစ်ခေါက်ကိုတော့ ကျွန်တော် မလိုက်ပါ
ရစေနဲ့ ဦး ရယ်"

"ကိုယ့်baeလေးက မလိုက်ချင်ဘူးဆိုမှတော့ ကိုယ်အတင်း
မခေါ်တော့ပါဘူး။နောက်ကျရင် ဦး ခေါ်ရာ အမြဲလိုက်ရမယ်
နော်"

"အခြေအနေတွေ ပုံမှန်ဖြစ်ခဲ့ရင် ဦးနဲ့ကျွန်တော် ကမ္ဘာအနှံ့
လျှောက်ပတ် သွားမယ်လေ"

"ချစ်တယ် bae"

"ချစ်တယ် ဦး"

ရိပေါ် ခေါင်းလေးကို လှည့်ပြီး အနမ်းတွေ ခြွေယူနေတဲ့
ရှောင်းကျန့်။

Let F**k Together[Completed]Where stories live. Discover now