Ch-9

8.3K 409 30
                                    

"အကို"

"ပြောလေ ဝမ်"

ရိပေါ် ခေါ်လိုက်တော့ ရေချိုးပြီးလို့ အဝတ်အစားဝတ်နေ
တဲ့ အကိုက လှည့်မကြည့်ဘဲ ပြန်ထူးလာသည်။

"မနက်ဖြန်ကျရင် ကျွန်တော် ပါးပါးတို့ဆီ အလည်ပြန်
ချင်လို့"

ထိုအခါ ရေစိုနေတဲ့ဆံပင်တွေကို တပတ်နဲ့သုတ်နေတဲ့အကို
က ရိပေါ်ကို လှည့်ကြည့်လာတယ်။

Kelvinလည်း.ဝမ် ထိုင်နေတဲ့ ကုတင်ဘေးနားသို့လျှောက်.
သွားလိုက်ပြီး ဝမ့် အနားမှာ ဝင်ထိုင်လိုက်တယ်။

"ဘယ်နှစ်ရက်လောက် သွားမှာလဲ"

"သုံးရက်လောက်တော့ နေမယ်လို့ တွေးထားတယ်"

"ကျစ်..အဲ့တာမှ ပြဿနာပဲကွာ"

"ဘာဖြစ်လို့လဲ အကို"

"ကိုယ် ခုရက်ပိုင်း အလုပ်မှာ အရေးကြီးပရောဂျက်တစ်ခု
လုပ်ဖို့ ရှိတယ်"

ရိပေါ် စိတ်ထဲက ကြိတ်ပြုံးလိုက်တယ်။အပြင်ပိုင်းမှာတော့
အကို့ဘက်ကို လှည့်လိုက်ပြီး နားလည်မှုပေးနိုင်တဲ့ ခင်ပွန်း
တစ်ယောက်ရဲ့ ပုံစံမျိုးလုပ်ယူလိုက်ကာ

"သြော်..ဒါများ အကို ရယ်။ကျွန်တော် နားလည်ပေးနိုင်ပါ
တယ်"

Kelvinလည်းသူ့အပေါ်မှာ အပြည့်အဝနားလည်မှုရှိပေးနိုင်တဲ့ကောင်လေးရဲ့ လက်နှစ်ဖက်ကို ဆွဲယူကာ နှုတ်ခမ်းနဲ့ထိပြီး
နမ်းရှိုက်လိုက်တယ်။

"ဘာလို့ အဲ့လောက် သဘောထားပြည့်ဝရတာလဲ ဝမ်"

ရိပေါ် ဖွဖွလေး ပြုံးလိုက်ပြီး

"အလုပ်ကိစ္စ ဆိုတော့ နားလည်ပေးရမှာပေါ့"

"ချစ်လိုက်တာ ဝမ်ရယ်."

"..........."

ရိပေါ်ကို အသေအချာကြည့်ပြီး ချစ်စကားပြောလာတဲ့
အကို။ရိပေါ်အနေနဲ့ကတော့ ဘာမှပြန်မပြောဖြစ်တော့။
ဘာဖြစ်လို့လဲဆိုလျှင် ရိပေါ်တကယ်ချစ်ရမဲ့သူ ရှိနေပြီ
မလို့။

"သြော်...ဒါနဲ့လေ ဝမ်"

"အင်း..ပြောလေ အကို"

"အကိုနဲ့ဝမ် ခုထိ အိမ်ထောင်သည်အရာမမြောက်သေးတဲ့
ကိစ္စအပေါ် ဝမ့် အနေနဲ့ ဘယ်လိုခံစားနေရလဲဟင်"

Let F**k Together[Completed]Where stories live. Discover now