Ch-21

7.1K 385 21
                                    

"ဒေါက်တာ ကျွန်တော့် သားအခြေအနေလေး"

ဆေးရုံကြီးတစ်ခုရဲ့ အရေးပေါ်ကုသခန်းတံခါး ပွင့်လာတာ
နဲ့တပြိုင်နက် ထိုအခန်းရှေ့မှာ ခေါက်တုံ့၊ခေါက်ပြန်လျှောက်
ကာ စိတ်ပူနေတဲ့ ရှောင်းကျန့် ဆိုသူက ဆရာဝန်ကြီးတစ်
ယောက်ကို မျှော်လင့်တကြီးကြည့်ကာ အမေးစကားဆို
တယ်။

အသက်ခပ်ကြီးကြီး ဝါရင့်ဆရာဝန်ကြီးက နားကျပ်ကို
လည်တိုင်တွင် ချိတ်လိုက်ပြီး ရှောင်းကျန့်ကို စိတ်မကောင်း
တဲ့ မျက်ဝန်းတွေဖြင့်ကြည့်ကာ

"ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ လူနာကို
မကယ်လိုက်နိုင်ပါဘူး"

"ဗျာ!"

ယိုင်နဲ့သွားတဲ့ ဦးရဲ့ ခန္ဓာကိုယ်ကို ရိပေါ် ပုခုံးလေးကနေဖက်ပြီး ထိန်းထားလိုက်တယ်။

ဟေးလျန်ကတော့ ခုံတန်းလေးတွေပေါ်သို့ ခြေပစ်၊လက်ပစ်ထိုင်ချပြီး ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"စိတ်မကောင်းပါဘူး Mr.။လူနာက မူးယစ်ဆေးအလွန်
အကျွံသုံးစွဲထားတဲ့အပြင် အကြောထဲကိုထိုးသွင်းခဲ့တဲ့ ဆေး
ပမာဏကလည်း အရမ်းများပါတယ်။ပြီးတော့ ဆေးသုံးပြီး
မေ့မြောနေတဲ့ အချိန်ကလည်း တော်တော်ကြာသွားတာဆို
တော့ ကယ်ဖို့ ဘယ်လိုမှ ကြိုးစားလို့ မရခဲ့တာပါ"

"ကျွန်တော် ပေါ့ဆမှုကြောင့် ကျွန်တော့်တူလေး သေရတာ။
ကျွန်တော့် အပြစ်တွေပါ"

ဦးက မျက်ရည်မကျပေမဲ့ အရမ်းခံစားနေရတယ်ဆိုတာ
အက်ကွဲကွဲဖြစ်နေတဲ့ စကားသံကို နားထောင်ကြည့်ခြင်း
အားဖြင့် သိနိုင်သည်။

ရိပေါ်လည်း အကို ခုလို ရုတ်တရက်ဆုံးပါးသွားတော့ အရမ်း
စိတ်မကောင်း ဖြစ်မိပါ၏။ဝမ်းနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့
မျက်ရည်စအချို့ကို ပါးပြင်ပေါ်သို့ ကျမလာစေရန် မျက်
တောင်ကို ပုတ်ခတ်၊ပုတ်ခတ် လုပ်ပြီး ထိန်းထားရသည်။

ဆရာဝန် ထွက်ခွာသွားတာနဲ့ တပြိုင်နက် ဦး က ရိပေါ်ကို
ဖက်ပြီး ပုခုံးပေါ်သို့ ခေါင်းမှောက်ချ လာတယ်။

တသိမ့်သိမ့်တုန်နေတဲ့ ဦးရဲ့ကျောပြင်လေးကို ရိပေါ် လက်
လေးနဲ့ ခပ်ဖွဖွ ပုတ်ပေးရင်း နှစ်သိမ့်ပေးနေမိသည်။သူများ
ကို နှစ်သိမ့်ပေးနေရပေမဲ့ ရိပေါ်ရဲ့ပါးပြင်ထက်မှာလည်း မျက်ရည်စီးကြောင်းလေးနဲ့။

Let F**k Together[Completed]Όπου ζουν οι ιστορίες. Ανακάλυψε τώρα