Ch-10

8.2K 402 20
                                    

"Mr,xiao ဒါလေးက ကျွန်မတို့ ခြံထွက်သီးနှံတွေပါ
သုံးဆောင်ပါဦး"

ညစာ စားပြီးနောက် ဧည့်ခန်းထဲမှာ ဝမ်ပါးနဲ့စကားပြောနေ
စဥ် ပန်းကန်ပြားလေး တစ်ချပ်ကိုင်ပြီး ရောက်လာတဲ့ ဝမ်မား။ရှောင်းကျန့် ပြုံးပြီး ခေါင်းညိတ်ကာ အသိမှတ်ပြုလိုက်
တယ်။

ဝမ်မားလည်း အသီးအနှံတွေကို သေချာလှီးပြီး ထည့်ထား
တဲ့ ပန်းကန်ပြားလေးကို Mr.xiaoရဲ့ရှေ့ကစားပွဲမှာ ချ
ပေးလိုက်ကာ အမျိုးသားဖြစ်သူရဲ့ဘေးမှာ ဝင်ထိုင်လိုက်
တယ်။

"ဝမ်လေး မလိမ္မာတာရှိလျှင်လည်း Mr.xiaoက ဆုံးမပေး
ပါနော်"

အားကိုးတကြီးနဲ့အပ်လာတဲ့ မတော်ရသေးတဲ့ ယောက္ခမကြီး။
ရှောင်းကျန့် မျက်ခုံးကို လက်ညှိုးလေးနဲ့ ခြစ်လိုက်ပြီး ခပ်ဖွ
ဖွလေးပြုံးလိုက်မိတယ်။

"အာ..ရိပေါ်လေးက လိမ္မာပါတယ်"

"သားက ငယ်သေးတော့ အိမ်ထောင်မှုတာဝန်တွေကို နိုင်နင်း
မှာ မဟုတ်သေးဘူး"

".........."

"သားလေးကို သမက်လေးနဲ့တန်းတူ ချစ်ပေးပါနော်"

"ဟုတ်..ကျွန်တော် ချစ်ပါတယ်"

"ဟေ"

"ရှင်"

ပြိုင်တူထွက်လာတဲ့ အံ့သြသံနှစ်သံ။စကားမှားသွားပြီမှန်း
ရှောင်းကျန့် သိလိုက်တယ်။ရှေ့ကိုကြည့်လိုက်တော့ ကလေး
မိဘနှစ်ပါးက သူ့ကို ပြူးတူးပြဲတဲနဲ့ ကြည့်နေ၏။

"ဟို..ကျွန်တော်ပြောတာက ရိပေါ်လေးကို သားနဲ့တန်းတူ
ချစ်ပါတယ်လို့ ပြောတာပါ။စကားပြောလောသွားလို့
အဟင်း..."

"သြော်...."

ခေါင်းတညိတ်ညိတ်နဲ့ ငြိမ်ကျသွားတဲ့ ကလေး၏မိဘနှစ်ပါး။

"ဦးရှောင်း အိပ်တော့လေ"

ရေချိုးပြန်လာပြီးကတည်းက အခန်းထဲဝင်အောင်းနေတဲ့
ကလေး။ညစာလေးတောင် ရှောင်းကျန့် အတင်းချော့မော့
ပြောလို့ နည်းနည်းလေး ထွက်စားတာ။

ခုထွက်လာပုံထောက်ရင် ကလေးလေး အိပ်ချင်နေပြီထင်ရဲ့။

"သားလေးကလည်း Mr.xiaoအိပ်ချင်တဲ့ အချိန်မှ
အိပ်ပါလေ့စေ"

Let F**k Together[Completed]Where stories live. Discover now