Ch-18

6.8K 401 49
                                    

"ကျွန်တော့်ကို ပေးထားတဲ့ ကတိကို ခင်ဗျား မတည်ဘူး"

"မ..မဟုတ်ဘူး bae"

"အနားကို မလာခဲ့နဲ့"

ကုတင်အနားသို့ သွားဖို့ပြင်လိုက်တဲ့ ခြေလှမ်းတွေဟာ
baeစကားကြောင့် ဆက်မလှမ်းဖြစ်။ရှောင်းကျန့်ဟာ
ခုထိ အခန်းဝမှာသာ.တောင့်တောင့်ကြီးရပ်နေရသည်။

"ကိုယ့်ကို.ခွင့်လွှတ်ပေးပါ baeရယ်။ကိုယ့်ဘဝမှာ bae
မရှိရင် မဖြစ်လို့ပါ"

"အဟင်း..ခင်ဗျားပြောတဲ့ ဟာသက သိပ်ရီစရာ မကောင်း
ဘူးနော်"

ခြောက်ကပ်ကပ်ရယ်ပြီး ပြောလာတဲ့ baeစကားတွေဟာ
ရှောင်းကျန့် ရင်ကို အစိတ်စိတ် ကွဲကြေစေပါသည်။

"ကိုယ့်စကားတွေကို ပြက်ရယ်မပြုပါနဲ့ baeရယ်။ကိုယ်
တောင်းပန်ပါတယ်။"

"ကတိမတည်တဲ့ လူတစ်ယောက်ကို ကျွန်တော် ဆက်ပြီး
မပတ်သတ်ချင်ဘူး"

"မဟုတ်ဘူး။အဲ့လို မလုပ်ရဘူးနော်။baeက ကိုယ့်ရဲ့အပိုင်။
ကိုယ့်ကို ပစ်ပယ်သွားခွင့် မရှိဘူး"

မျက်ရည်တွေ စီးကျကာ သွေးရူးသွေးတန်းဖြစ်နေတဲ့လူ
တစ်ယောက်လို အော်ဟစ်လာတဲ့ ဦး။

"ကျွန်တော်နဲ့ခင်ဗျားက ဘာသက်ဆိုင်မှုမှ မရှိဘူး။လူသိမခံ
ခဲ့တဲ့ ဆက်ဆံရေးကလည်း ဒီနေ့၊ဒီအချိန်မှာပဲ အပြီးသတ်သွားပြီလို့ မှတ်ထားလိုက်။"

"အဲ့လိုမလုပ်ပါနဲ့ bae။ကိုယ် baeအပေါ်မှာ တစ်ခါမှ
သစ္စာ မဖောက်ခဲ့ပါဘူးလို့ ကျိန်ဆိုရဲပါတယ်"

ရိပေါ် မတ်တပ်ရပ်ကာ ရှေ့က လူကြီးဆီသို့ တလှမ်းချင်း
လျှောက်သွားလိုက်၍ တစ်ပေလောက်အကွာမှာ ရပ်တန့်
လိုက်တယ်။

"သစ္စာမဖောက်ခဲ့ဘူးဆိုရင် ခင်ဗျားနဲ့ဟိုကောင့်ရဲ့ ပုံတွေက
ဘယ်ကထွက်လာတာလဲ။editလို့ ပြောဦးမလို့လား။
ကျွန်တော် အဲ့လောက်မတုံးသေးဘူး"

"ကျစ်..သေချာမသိပေမဲ့ ကိုယ်လုပ်ကြံခံလိုက်ရတာပါ"

"အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းပါနဲ့။ခင်ဗျားကို ဘယ်သူက
လုပ်ကြံရဲမှာလဲ။အင်းပေါ့လေ ခင်ဗျားလို အရင်ကတည်းက
ပွေရှုပ်နေတဲ့လူက ခုလိုဖြစ်တာ ဆန်းတော့မဆန်းပါဘူး"

Let F**k Together[Completed]Where stories live. Discover now