Ch-16❗

11.7K 367 13
                                    

"မိဘတွေဆီမှာ တော်တော်ပျော်ခဲ့ရဲ့လား ရိပေါ်"

အကို့မျက်နှာကို အကဲခတ်ကြည့်မိတော့ ပုံမှန်အတိုင်းသာ
ဖြစ်နေတာကြောင့် ရိပေါ် စိတ်အေးနိုင်၏။

"ကိုယ့်မိဘဆီပြန်ရတော့ ပျော်ပါတယ်"

ခရီးဆောင်အိတ် အသေးလေးထဲက အဝတ်အစားတွေကို
ဗီရိုထဲပြန်ထည့်ရင်း ပြန်ဖြေလာတဲ့ ရိပေါ်က အမှားလုပ်ထား
တဲ့လူ ဟုထင်ရက်စရာ မရှိ။Kelvinသက်ပြင်း အခါခါချ
နေမိသည်။

"လာပါဦး ကိုယ့်ဆီကို"

ရိပေါ် ကုတင်ဘေးနားလျှောက်သွားလိုက်တော့ အကိုက
ရိပေါ်လက်ကို ဆွဲချကာ သူ့ဘေးနားမှာ ထိုင်ခိုင်းတယ်။

"ကိုယ်မင်းကို အရမ်းလွမ်းနေခဲ့တာ"

Kelvinလည်း ရိပေါ်ရဲ့ပုခုံးလေးကို ဆွဲဖက်ရင်း ခေါင်း
လုံးလုံးလေးကို နှုတ်ခမ်းနဲ့ဖိကပ်နမ်းနေမိသည်။သူ့ကျော
ပြင်ကို လက်လေးနဲ့ပုတ်ပေးနေတဲ့ ရိပေါ်။ခုလိုကျတော့
သံသယ ထားလိုက်မိတာ မှားပြီလားလို့တောင် Kelvin
စဥ်းစားမိတယ်။Dadနဲ့ရိပေါ်က ဘာမှပတ်သတ်စရာအ
ကြောင်းမရှိပါဘူး။ဟုတ်တယ် Davidအမြင်မှားတာဖြစ်
မှာပါ။

"အကို ဘာဖြစ်နေတာလဲဟင်"

ရိပေါ်ကို ခပ်တင်းတင်းဆွဲဖက်ကာ ငြိမ်နေသက်နေတဲ့ အကို့
ကို ရိပေါ် အသံပေးလိုက်တယ်။

"ဟမ်...သြော်..ကိုယ်ဘာမှ မဖြစ်ပါဘူး.ဒီတိုင်းအလုပ်ကိစ္စ
အကြောင်း တွေးမိသွားလို့"

"ဟုတ်..ဒါဆိုလည်း ကျွန်တော့်ကို ဖက်ထားတာ လွှတ်ပေး
ပါဦး။ရေလေး ချိုးချင်လို့"

"အာ..ဟုတ်သားပဲ။ခရီးက ပြန်ရောက်တာဆိုတော့
နားချင်မှာပေါ့"

Kelvinလည်း လက်တွေကို ပြန်ရုတ်ပေးလိုက်တယ်။

ရိပေါ်လည်း bathropeကို ယူပြီး ရေချိုးထဲဝင်လိုက်
တယ်။ရေချိုးခန်းထဲရောက်မှ အဝတ်အစားတွေကို ချွတ်
ပြီး ရေချိုးသန့်စင်လိုက်၏။

ရေချိုးခန်းထဲက ထွက်လာတော့ အကို က အခန်းထဲမှာ
မရှိတော့။ဘယ်သွားတာပါလိမ့်။ရိပေါ် စဥ်းစားရင်း အဝတ်
အစား ဝတ်လိုက်တယ်။

Let F**k Together[Completed]Where stories live. Discover now