Ch-19❕

11.1K 407 51
                                    

ရောက်တည်းက စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်
နေတဲ့ မောင် က တစ်ခုခုကို စိတ်တိုလာဟန်ရှိသည်။

ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခပ်လျောလျောထိုင်နေတဲ့ မောင့်
ကို သူမ ဖြစ်နေတဲ့ ကိစ္စအား ပြောသင့်၊မပြောသင့် ဟေးလျန်
ဆုံးဖြတ်ရခက်နေ၏။

ဒါပေမဲ့လည်း မပြောမပြီး၊မတီး မမြည်ဆို သလို ပြောမှ
ဖြစ်မည်။ထို့ကြောင့် လေပူတွေကို မှုတ်ထုတ်လိုက်ကာ
မောင့်ဘေးနားသို့ သွား၍ ​ခြေစုံရပ်လိုက်တယ်။

"မောင်"

မောင်က သူမကို မျက်လုံးလှန်ကာ ကြည့်ပြီး မေးဆတ်ပြ
တယ်။ဘာလဲ ဆိုတဲ့သဘော။

"မ မှာ ကိုယ်ဝန်ရှိနေပြီ"

"ဘာ!!"

အံ့သြသွားတာလား၊ဒေါသထွက်တာလား ဝေခွဲမရတဲ့
မျက်နှာနဲ့ Kelvinက အလောတကြီး မတ်တပ်ထ
ရပ်ပြီး ဟေးလျန် ကို စူးစူးရဲရဲကြည့်သည်။

"ဟုတ်တယ် မောင်။မ မှာ မောင့်ရဲ့ရင်သွေးလေးရှိနေတာ
ခုဆို တစ်လ ကျော်ပြီ"

"ဟာ..ခင်ဗျားဗျာ။ကျွန်တော် အဲ့လို မဖြစ်ပါစေနဲ့လို့
အကြိမ်ကြိမ်မှာထားတယ် မဟုတ်ဘူးလား"

ဟေးလျန် ကျချင်နေတဲ့ မျက်ရည်တွေကို မျက်တောင်
တဖျက်ဖျက် ခတ်ကာ ထိန်းထားလိုက်တယ်။

"မ လည်း ဂရုစိုက်တာပဲ။ခုဟာက မထင်မှတ်ဘဲ ရှိသွားတာ
လေ"

"ကျွန်တော် တာဝန်မယူနိုင်ဘူး။ဖျက်ချလိုက်"

"မောင့်!!"

အသံစူးစူးနဲ့အော်လာတဲ့ ဟေးလျန်ကို Kelvinကစိတ်ရှုပ်
သလို ကြည့်တယ်။

"ဟုတ်တယ်။ကျွန်တော် ရိပေါ်ကို ထားပြီး ခင်ဗျားဆီ
အပြီး မလာချင်ဘူး"

"မောင် မင်းတော်တော် တာဝန်ယူစိတ်နည်းပါးတဲ့ လူပါ့လား"

"ထင်ချင်သလို ထင်ဗျာ။ကျွန်တော် ပြောသလို မလုပ်ရင်။
ခင်ဗျားနဲ့ကျွန်တော် ထပ်ပြီး ပတ်သတ်စရာ အကြောင်း
မရှိတော့ဘူး"

ဟေးလျန် အောက်နှုတ်ခမ်းကို ဖိကိုက်ကာ Kelvinကို
စိမ်းစိမ်းဝါးဝါးကြည့်လိုက်တယ်။

Let F**k Together[Completed]Where stories live. Discover now