Ch-14

6.9K 373 15
                                    

"dad"

ထမင်းစားပွဲဝိုင်းတွင် မိမိကို ခေါ်နေတဲ့ သားဖြစ်သူကို
ရှောင်းကျန့် မျက်လုံးလှန်ကာ ကြည့်လိုက်သည်။ဝက်
သားသုံးထပ်သားကိုလည်း ဓားပါးလေးဖြင့် သေချာ
လှီးနေဆဲ။

"ပြောလေ"

ရှောင်းကျန့် အသားကိုသေချာလှီးဖြတ်ပြီးတဲ့နောက်မှာ ထို
ပန်းကန်ပြားလေးအား babyရှေ့သို့ ချပေးလိုက်တယ်။

"မနက်ဖြန်ဆိုရင် နှစ်သစ်ကူးပြီမလား"

"အင်း..အဲ့ဒါ ဘာဖြစ်လို့လဲ"

ရိပေါ်ကတော့ ဦးတို့သားဖ ပြောနေတာကိုနားထောင်ရင်း ညနေစာကို စားနေလိုက်တယ်။

"ဒီအိမ်မှာ partyပွဲလေး ကျင်းပချင်လို့။အဲ့ဒါ dad
ခွင့်ပြုပေးပါ့လား"

ဇွန်းနဲ့ခက်ရင်းကို လက်တစ်ဖက်စီက ကိုင်ပြီး ညနေစာကို
မစားဘဲ ရှောင်းကျန့် မျက်နှာကို ကြည့်၍ ခွင့်တောင်းနေ
သော Kelvin။

"ရှုပ်ရှုပ်ယှက်ယှက်မျိုးတွေ ပါးမကြိုက်ဘူး သား"

"အာ..ရှုပ်ရှုပ်ယှက်ယှက်မဖြစ်စေရဘူးလို့ သား ကတိပေး
ပါတယ်။နောက်ပြီး ရိုးရာ အတိုင်းပဲ partyကို ကျင်းပမှာ
ပါ"

ရှောင်းကျန့် ရေခွက်ကိုယူကာ မော့သောက်လိုက်တယ်။

"ဘယ်လိုpartyမျိုးကျင်းပမှာလဲ"

"တရုတ်ရိုးရာ နှစ်သစ်ကူးအတိုင်းပဲ မီးပုံးတွေ၊လမုန့်တွေနဲ့
ပဲ ရိုးရိုးလေး ကျင်းပမှာပါ။ကူပြောပေးပါဦး..မားမားလေး
ရယ်"

သူ့အဖေကို ပြောနေရင်းမှ မိမိဘက်လှည့်ကာ အပူကပ်လာ
ပြန်တဲ့ အကို့ကြောင့် ရိပေါ်မှာ စားနေတဲ့ အသားပင်နင်သွား
ရ၏။

"ဟို..အသောက်အစားသိပ်မပါလျှင် ခွင့်ပြုပေးလိုက်ပါ့လား
ဦး"

အသံကို မနည်းလုပ်ယူ၍ ပြောလိုက်ရတဲ့ အခါမှာ ရိပေါ်
ဇောချွေးပင်ပြန်နေရသည်။ဦးက ရိပေါ်ကိုကြည့်၍ ပြုံးနေ
တာကြောင့် ရိပေါ် အနေခက်ရ၏။

အကို့ ကိုကြည့်လိုက်တော့လည်း သူ့အဖေရဲ့ခွင့်ပြုချက်ကို
မျှော်လင့်တကြီး စောင့်စားနေသလို မျက်နှာငယ်လေးနှင့်။

Let F**k Together[Completed]Where stories live. Discover now